← Chapters

ရန်သူနှင့် မျက်နှာချင်းဆိုင်

Vol. 14 Ch. 208

ရန်သူနှင့် မျက်နှာချင်းဆိုင်

Vol. 14 Ch. 208

ဟန်ကျိုးမြို့လမ်းမများပေါ်တွင် off-road ကားများသည် ပြန့်ပြူးပြီး ကျယ်ဝန်းသောလမ်းများပေါ်၌အရှိန်ဖြင့် မောင်းနှင်နေသည်။

ကားပြတင်းပေါက်မှ လေများတိုးဝင်လာပြီး အရေပြားပေါ်ရှိ စေးကပ်နေသည့် ချွေးများကို မှုတ်ထုတ်ပေးသောကြောင့် အေးမြလန်းဆန်းမှုကို ခံစားရသည်။

ပိုင်ယို့ဝေက ရှေ့ခုံတွင် ထိုင်ပြီး သီချင်းတစ်ပုဒ်ကို ပျော်ရွှင်စွာ ညည်းနေ၏။ သူမ ညည်းနေသည်မှာ "ယုန်ဖြူလေး၊ အဖြူရောင်လေး၊ နားနှစ်ဖက် ထောင်ထား။ မုန်လာဥနဲ့ ဟင်းသီးဟင်းရွက် စားရတာ ကြိုက်တယ်။ ခုန်ပေါက်နေတာ အရမ်းချစ်ဖို့ကောင်းတယ်~" ဟူ၍ ဖြစ်သည်။

တန်ရှောင်က နောက်ခုံမှနေ၍ ဝင်ဆိုသည်။ "ဟားဟား ကျွန်တော်လည်း လုပ်တတ်တယ်။ ကျွန်တော်ဆိုပြမယ်နားထောင်။"

သူသည် လည်ချောင်းရှင်းပြီး စည်းချက်ကျကျ ရွတ်ဆိုသည်။ "ယုန်ဖြူလေး၊ အဖြူရောင်လေး၊ နားနှစ်ဖက် ထောင်ထား။ အသားကို ခွာ၊ အပိုင်းပိုင်းလှီး၊ အိုးထဲထည့်ပြီး မွှေကြော်။ ရေထည့်၊ အဖုံးအုပ်၊ ပန်းကန်ပေါ်မတင်ခင် နံနံပင်ဖြူးလိုက်။"

အခြားသူများ မတုံ့ပြန်နိုင်ခင် သူက သူ့ကိုယ်သူ အရင်ရယ်သည်။ "ဟားဟားဟား" ဟု မရပ်မနား ရယ်နေသည်။

"ဘယ်လိုလဲ ဘယ်လိုလဲ ကျွန်တော့်ကို လက်မထောင်ပေးချင်လား" တန်ရှောင်က သူ့တံတောင်ဆစ်ကို မြှောက်ပြီး ဆရာချန်းကို တွန်းသည်။ "ဆရာချန်း ဆရာလည်း တစ်ချက်လောက်ပေးဦး။ တစ်ချက်လောက်ပေးပါ ~တရုတ်စာဆရာ၊ တစ်ချက်လောက်ပေးပါ~"

ဆရာချန်းက ငြင်းမရ၍ သူ့မေးစေ့ကို ပွတ်ပြီး ပြောသည်။ "ကောင်းပြီ ခဏစဉ်းစားကြည့်ဦးမယ်... အာ ရပြီ။ မင်းကို တစ်ခါသောက်ဖို့ တိုက်တွန်းတယ်။ မင်းငြင်းမှာမဟုတ်။ မင်းကို နှစ်ခါသောက်ဖို့ တိုက်တွန်းတယ်။ မင်းသံသယမဝင်တော့။ မင်းကို သုံးခါသောက်ဖို့ တိုက်တွန်းတယ်။ မင်းနားလည်လိမ့်မယ်..."

"ဆရာချန်း ဒါ အလုပ်မဖြစ်ဘူး။" တန်ရှောင်က သူ့စကားကို ဖြတ်ပြောသည်။ "ယုန်ဖြူလေးမပါရင် အလုပ်မဖြစ်ဘူး။"

ဆရာချန်းက စိုးရိမ်တကြီး ပြောသည်။ "ငါ မပြီးသေးဘူး။ ငါ့ကို ဆက်ဖတ်ခွင့်ပြုပါဦး။ မကြာခင် ရောက်လာတော့မှာ။ ယုန်လေး မကြာခင် ရောက်လာတော့မယ်။ ...ကောင်းကင်နဲ့ မြေကြီးကကျယ်ပြန့်ပြီး ထာဝရ။ ယုန်ဖြူနဲ့ ကျီးနီအတူပြေးနေ။ သူတို့နောက်မှာ ရွှေပုံကြီးနဲ့ ကြယ်ကြီးခုနစ်လုံးက အားပေးနေ။ သို့သော်လည်း ဘဝမှာ ဝိုင်တစ်ပုလင်းနဲ့ မတူနိုင်... ကြည့် လာပြီလား ယုန်ဖြူနဲ့ ကျီးနီ အတူပြေးနေ၊ ယုန်ဖြူ လာပြီလား။"

တန်ရှောင်: "ဟားဟားဟားဟားဟား ဆရာ နားမလည်ရင် ထားလိုက်တော့။ ဆရာ အောင်မြင်သွားပြီ~"

ပန်းရှောင်ရှင်းက သူ၏ဘေးတွင် တိတ်ဆိတ်စွာ ထိုင်နေသည်။ "..."

ဤလူအုပ်စုသည် ဖေးကော်ကို ရှာတွေ့ပြီး ဖေးကော်၏အိမ်ကို လုယက်၊ ဖေးကော်၏ ဓာတ်ဆီကို ကုန်အောင်ယူကာ ဖေးကော်၏ဂိုဏ်းကို ရိုက်နှက်ပြီးနောက် သီချင်းဆိုကာ ကခုန်နေကြသည်။

...လူကြီးအကုန်လုံးက ဒီလောက်မေ့တတ်ကြသလား။

"ကလေး မင်းက အမြင်ရှိတယ်။" တန်ရှောင်က ရုတ်တရက် သူ့လက်ကို ပန်းရှောင်ရှင်း၏ ပခုံးပေါ်တင်လိုက်သည်။ "မင်းလမ်းမှန်ကို ဘယ်အချိန်မှာ ပြောင်းရမလဲကို သိပြီး မှန်ကန်တဲ့လမ်းကို ရွေးချယ်ခဲ့တယ်။ မင်း အနာဂတ်မှာ ကိုယ်ခံပညာလောကက နေရာတစ်ခု ရလိမ့်မယ်။”

ဆရာချန်းက ထပ်ပြောသည်။ "ဒီလိုအန္တရာယ်ကနေ ရုန်းထွက်နိုင်ဖို့ အချိန်တန်ပြီ..."

"အဲ့လိုပါပဲ" တန်ရှောင်က ပန်းရှောင်ရှင်းကို လှုပ်ခါလိုက်သည်။ "လာပါ မင်း ဘာတွေးထားလဲဆိုတာကို အစ်ကိုရှောင့်ကို ပြောပါဦး သူတို့ရဲ့ အစီအစဉ်ကို ပြောပြပါဦး။ လက်စားချေတာကို မကြောက်ဘူးလား"

ပန်းရှောင်ရှင်းက လှုပ်ခါမှုကြောင့် ခေါင်းမူးသွားသည်။

ဆရာချန်းက ပြောသည်။ "ကလေးတွေက ငယ်ပေမဲ့ အမှားအမှန်ကို ခွဲခြားနိုင်ကြတယ်။ ရှောင်ရှင်းက ကောင်းတဲ့ကလေးတစ်ယောက်ပဲ ဒါကြောင့် သူက မကောင်းမှုကိုအားပေးကူညီမှာမဟုတ်ဘူး။ ဟုတ်တယ်မလား ရှောင်ရှင်း"

ပန်းရှောင်ရှင်း "..."

တကယ်တော့ ကိစ္စမရှိပေ...

သူက ရှန်မိုနှင့် ပိုင်ယို့ဝေတို့သည် ဖေးကော်၏အဖွဲ့ထက် ပိုအစွမ်းထက်သည်ဟု ခံစားရသည်။

အကျိုးအမြတ်ကို ရှာပြီး အန္တရာယ်ကို ရှောင်ရှားခြင်းသည် လူသားတို့၏ သဘာဝဖြစ်ပြီး ကလေးများပင်လျှင် နားလည်သည်။

"အစ်ကိုရှန် နောက် ဘယ်ကိုသွားကြမလဲ" တန်ရှောင်က မေးသည်။

"တစ်ညအိပ်ဖို့ နေရာရှာကြစို့" ရှန်မိုသည် စတီယာရင်ကိုကိုင်ပြီး ရှေ့တည့်တည့်ကို စိုက်ကြည့်သည်။ "မြောက်ဘက်မှာ ကျားရှင်းရှိပြီး တောင်ဘက်မှာ ရှောက်ရှင်းရှိတယ်။ နှစ်ခုလုံးက ဝင်္ကပါတွေ ပေါ်လာနိုင်တဲ့နေရာတွေပဲ..."

သူသည် စကားရပ်ပြီး အရှိန်ကို ဖြည်းဖြည်းချင်း လျှော့ချလိုက်သည်။

လူတိုင်း ပြတင်းပေါက်အပြင်ဘက်ကို ကြည့်လိုက်လျှင် ရှေ့၌ ကားလမ်းပိတ်ဆို့နေတာကို မြင်လိုက်ရသည်။ လမ်းဘေးတွင် လူငါးယောက် တဲထိုးထားသည်။ ထိုသူတို့ထဲမှ သုံးဦးသည် လွန်ခဲ့သည့်တစ်ခါက သူတို့နှင့် ရန်ဖြစ်လုနီးပါးဖြစ်ခဲ့သောသူများ ဖြစ်သည်။

တန်ရှောင်က မသိစိတ်ဖြင့် လေချွန်လိုက်ပြီး ပြောသည်။ "ရန်သူတွေဟာ လမ်းကျဉ်းပေါ်မှာ တွေ့ဆုံတတ်တယ်..."

ပိုင်ယို့ဝေက မထီမဲ့မြင်ပြုစွာ နှာခေါင်းရှုံ့လိုက်၏။

All Chapters