သွားပြီးကြည့်လိုက်ဦးမယ်
Vol. 15 Ch. 211
ရှန်မိုနှင့် ဆရာချန်းတို့ ပြန်လာသောအခါ လီလီနှင့်ကျူရှူးတို့က အိပ်ရာခင်းနှင့်ခေါင်းအုံးများ ယူလာသည်ကို တွေ့လိုက်ရ၏။
သူတို့ လေးယောက်သည် အတွဲလိုက် ဖြတ်သွားကြသည်။ ဆရာချန်းက မနေနိုင်ဘဲ ဒုတိယအကြိမ်ထပ်ကြည့်လိုက်သည်။ “အဲဒီကောင်မလေးက နာမည်ကြီးတစ်ယောက်နဲ့ နည်းနည်းဆင်တယ်…”
ရှန်မို: “…”
ဒီအသက်အရွယ်ရောက်သည်အထိ နာမည်ကြီးများနောက်ကို လိုက်နေဆဲလား။
ဆရာချန်းက ဖြည်းဖြည်းချင်းဆက်ပြောသည်။ “အရင်တုန်းက ကျောင်းသားတွေက စာသင်ချိန်မှာ နားမထောင်ဘဲ နာမည်ကြီးတွေရဲ့ ဓာတ်ပုံနဲ့ အင်တာဗျူးတွေကို ခိုးကြည့်ကြတာ။ ငါ အဲ့တာတွေကို ခနခန သိမ်းခဲ့ရတာကြောင့် သိတယ်။ဓာတ်ပုံထဲက နာမည်ကြီးအမျိုးသမီးက သူနဲ့ တော်တော်လေးဆင်တယ်။”
သိပြီ။
“အစ်ကိုမို၊ လောင်ချန်း။” တန်ရှောင်က လျှောက်လာသည်။ “ရှေ့ကလမ်းဆုံက ဘယ်လိုလဲ။ ကျွန်တော်တို့သွားလို့ရလား။”
ချန်းဝေခိုင်က သက်ပြင်းချသည်။ “ယာဉ်ကြောပိတ်ဆို့မှုက သိပ်မဆိုးပါဘူး။ ဒါပေမယ့် အရုပ်တွေ အများကြီးရှိတယ်။ ငါတို့ ပတ်သွားရလိမ့်မယ်ထင်တယ်။”
ပိုင်ယို့ဝေသည် တဲထဲမှသူမ၏ခေါင်းကိုထုတ်လိုက်ကာ ကြည်လင်သောမျက်လုံးများဖြင့်ပြောသည်။ “ဘာလို့ လမ်းပတ်သွားရမှာလဲ။ နေရာတိုင်းမှာ အရုပ်တွေရှိတယ်။ ဒီတစ်ခုကို ရှောင်နိုင်ရင်တောင် နောက်တစ်ခုကို ရှောင်လို့မရနိုင်ဘူး။ ကျွန်မ ဒီလမ်းကိုပဲသွားသင့်တယ်လို့ ထင်တယ်။”
ရှန်မိုက ရယ်ပြီး သူမကိုကြည့်ကာ “မင်းက မကြောက်ဘူးပေါ့။”
ပိုင်ယို့ဝေသည် သူမ၏ဘေးပတ်လည်ကို လျှို့ဝှက်သော အကြည့်ဖြင့် လှည့်ပတ်ကြည့်သည်။ “ရှင်တို့ လမ်းကိုစူးစမ်းနေတုန်း ဘာမှမဖြစ်ခဲ့ဘူးဆိုတာက ဂိမ်းမှာပါဝင်တဲ့သူ အရေအတွက်က အနည်းဆုံး နှစ်ယောက်ဖြစ်ရမယ်ဆိုတာကို ဆိုလိုတာဖြစ်မယ်။ ရှင် မဝင်ချင်ရင် ကျွန်မတို့ အဖွဲ့သုံးဖွဲ့ခွဲပြီး သွားလို့ရတယ်။”
နှစ်စက္ကန့်ခန့်ရပ်နားပြီးနောက် သူမသည် ရှန်မိုကို နူးညံ့စွာပြန်ကြည့်သည်။ “ဒါပေမယ့်… ဂိမ်းထဲမှာ အရမ်းအသုံးဝင်တဲ့ပစ္စည်းတွေရှိရင် လက်လွှတ်ခံရတာက နှမြောစရာကောင်းတယ်မို့လား။”
ရှန်မိုက ပြုံးပြီး သူမ၏ခေါင်းကို ညင်သာစွာပွတ်သပ်သည်။ “နောက်ဘယ်ကိုသွားရမလဲဆိုတာ စဉ်းစားကြရအောင်။”
လမ်းများစွာရှိပြီး မတူညီသောဦးတည်ရာများနှင့် ခရီးစဉ်များစွာရှိသည်။ ဤလမ်းကို သွား၊မသွားသည် သူတို့၏ဦးတည်ရာပေါ်မှာ မူတည်လေ၏။
သူတို့၏ရည်မှန်းချက်သည် ပဟေဠိအပိုင်းအစများ စုဆောင်းရန်ဖြစ်ပါက သူတို့ ဆုံးဖြတ်ရန်လိုအပ်သည်မှာ မည်သည့်မြို့များ၌ ဝင်္ကပါများရှိနေပါသနည်း။
…
ညစာအတွက် ဆရာချန်းသည် ကြက်သွန်မြိတ်ပန်ကိတ်နှင့် ရေညှိကြက်ဥ ခေါက်ဆွဲဟင်းချိုကို ပြုလုပ်သည်။
ကြက်သွန်မြိတ်များကို ဖေးကော်အဖွဲ့၏အိမ်မှ ယူခဲ့ပြီး အိုးထဲတွင် အပြည့်စိုက်ပျိုးထားသည်။ နံနံပင်နှင့် ကြက်သွန်ဖြူအချို့လည်းရှိသည်။ ဟင်းသီးဟင်းရွက်များက ကောင်းစွာမကြီးသေးသော်လည်း ဘာမှမရှိတာထက်တော့ ပိုကောင်းပါသည်။
ပုံမှန်အတိုင်းပင် တန်ရှောင်သည် မီးဖိုပေါ်တွင် ဝက်သားနှင့် ဘဲသားခြောက်တို့ကို ကင်သည်။
သက်ကြီးရွယ်အိုများသည် ကျန်းမာရေးထိန်းသိမ်းမှုတွင် ဂရုစိုက်ကြ၏။ အခြေအနေက ယခုလိုကန့်သတ်ထားခြင်းမရှိပါက အာဟာရပြည့်ဝစေရန် အစားအသောက်၊ ဟင်းချို၊ ဟင်းသီးဟင်းရွက်နှင့် အသားများ ပါဝင်ရမည်ဖြစ်သည်။
အသား၊ ဟင်းချိုနှင့် ကြက်သွန်နံ့များက ပတ်ဝန်းကျင်တွင် ပျံ့နှံ့နေပြီး စားချင်စိတ်ဖြစ်စေသော အနံ့ကို သယ်ဆောင်လာ၏။
သူတို့သည် မီးပုံပတ်လည်တွင် ထိုင်နေကြပြီး သူတို့၏နောက်လာမည့်အစီအစဉ်များအကြောင်း စားရင်းသောက်ရင်း ပြောနေကြလေသည်။
မလှမ်းမကမ်း၌ လူငါးဦးရှိသော စခန်းသည် အလွန်တိတ်ဆိတ်နေ၏။
လုအန်းသည် မီးရောင်ကိုကြည့်ကာ ဘီစကွတ်တစ်ကိုက်စားရင်း စိတ်ခံစားမှုများ ရောထွေးနေသည်။ “ဒါက ကြက်သွန်မြိတ် ပန်ကိတ်နံ့ပဲ… သူတို့က တကယ်ပဲ အပန်းဖြေနေတာပဲ။”
သူသည် လေထဲရှိ မွှေးရနံ့ကို နက်ရှိုင်းစွာရှူရှိုက်လိုက်ပြီး ဝမ်းနည်းစွာသက်ပြင်းချသည်။
ကျူရှူးသည် လီလီကိုမှီထားကာ ပြုံးသည်။ “ကျွန်မတို့က နှေးခဲ့တာကြောင့်ဖြစ်နိုင်တယ်။”
လီလီသည် အစားအသောက်ကို စိတ်မပါသောကြောင့် ဘီစကွတ်အနည်းငယ်ပဲစားသည်။ “ဟိုတယ်မီးဖိုချောင်မှာ ဟင်းချက်တဲ့ အသုံးအဆောင်တွေ အကုန်ရှိတယ်။ သူတို့က ကိုယ်ပိုင်ဂျုံမှုန့်နဲ့ ကြက်သွန်မြိတ်တွေကို ယူလာတာဆိုတော့ လုပ်ရတာသိပ်မခက်ပါဘူး။ ငါတို့လည်း လုပ်နိုင်တယ်။”
ကျူရှူးက မျက်တောင်ခတ်ပြီး သူ့ကိုမေးသည်။ “ရှင် ကြက်သွန်မြိတ်ပန်ကိတ် လုပ်တတ်လား။”
“…”
လီလီသည် တိတ်ဆိတ်နေပြီး မသိစိတ်ဖြင့် အခြားသူများကို ကြည့်လိုက်သည်။ “ဆူးမန်၊ လုအန်း၊ မင်းတို့ ချက်ပြုတ်တတ်လား။”
ဆူးမန်က သူ၏မျက်နှာကို စိတ်မရှည်စွာလှည့်ကြည့်သည်။ “မလုပ်တတ်ဘူး။”
လုအန်းသည် သူ၏မုတ်ဆိတ်ကို ပွတ်သပ်ပြီး “ကျွန်တော်က အသားကင်တာ တော်တယ်။ ဒါပေမယ့် ချက်ပြုတ်တာကတော့…”
“ညီလေးရန် ဘယ်လိုလဲ။” လီလီသည် ရန်ချင်၀မ်ကိုကြည့်သည်။
ရန်ချင်၀မ်က သူ၏ဘီစကွတ်များကို ပေါ့ပေါ့ပါးပါးစားပြီး ပြန်ဖြေသည်။ “ဟုတ်ကဲ့။ လုပ်တတ်ပါတယ်။ ဒါပေမယ့်…”
သူက ရပ်လိုက်ပြီး မလှမ်းမကမ်းရှိ မီးကို လှမ်းကြည့်သည်။ “ချက်ပြုတ်တာက ကျွန်တော့်စိတ်ခံစားချက်ပေါ်မှာ မူတည်ပါတယ်။”
“ဒါက မှန်တယ်။” ကျူရှူးက ပြုံးပြီးပြောသည်။ “ဒါပေမယ့် အရသာရှိတဲ့အစားအစာကို စားတာကလည်း စိတ်ခံစားချက်ကို ပိုကောင်းစေတယ်မလား။”
ရန်ချင်၀မ်က အေးအေးဆေးဆေးပြုံးသည်။ “ဒါလည်း မှန်တယ်။”
ကျူရှူးသည် မတ်တပ်ရပ်ပြီးပြောသည်။ “ဟိုဘက်ကလေထုကပိုကောင်းနေပုံရတယ်။ ကျွန်မ သွားကြည့်လိုက်ဦးမယ်။”