← Chapters

လိုင်းနှစ်လိုင်း

Vol. 15 Ch. 215

လိုင်းနှစ်လိုင်း

Vol. 15 Ch. 215

ညဘက်တွင် တန်ရှောင်၊ ပန်းရှောင်ရှင်း နှင့် ဆရာချန်းတို့သည် မွေ့ရာပေါ်တွင် ဖဲကစားနေကြသည်။

ပန်းရှောင်ရှင်းသည် အစတွင် သိပ်မကျွမ်းကျင်သော်လည်း နောက်ပိုင်းတွင် သူနှင့် ဆရာချန်းတို့ အလှည့်ကျနိုင်ကြသည်။

တန်ရှောင်သည် အခါတိုင်း ရှုံးနေ၏။

ပိုင်ယို့ဝေသည် ဖဲကတ်ရွှေ့သံများ၊ စကားပြောသံများနှင့် တိုင်တန်းသံများ၊ မီးပုံ၏ တဖြောက်ဖြောက် မြည်သံများကို နားထောင်နေရင်း… ဖြည်းဖြည်းချင်း အိပ်ပျော်သွားတော့သည်။

ရှန်မိုသည် သူမ၏ တည်ငြိမ်ပြီး ပေါ့ပေါ့ပါးပါးအိပ်နေသော မျက်နှာကိုကြည့်ပြီး သူ၏မျက်လုံးများကို မှိတ်လိုက်သည်။

…

ညအချိန်၌ ဘာမှမဖြစ်ခဲ့ပေ။

နောက်တစ်နေ့တွင် ဆရာချန်းသည် အစောကြီးထကာ မနက်စာပြင်ဆင်ရန် အလုပ်များနေသည်။

သူသည် နို့ဘူးနှစ်ဘူးကို အရင်ဖွင့်ပြီး နို့ဆန်ပြုတ်တစ်အိုး ချက်သည်။

ဆန်ပြုတ်ချည်းပဲဆိုလျှင် တန်ရှောင်နှင့် ရှန်မိုတို့ ဗိုက်မပြည့်မှာကို စိုးရိမ်သောကြောင့် ဂျုံမှုန့်ကို အရည်ကျဲကျဲဖြစ်အောင် ရောမွှေပြီး ဆားနှင့် အချိုမှုန့်တို့ကို ထည့်သည်။ ကြက်ဥနှစ်လုံးကို ခေါက်ပြီး ဒယ်အိုးထဲတွင် ဆီအနည်းငယ်ထည့်ကာ အရည်ကိုလောင်းချသည်။ လက်ကိုင်ကိုလှည့်ပြီး သိပ်မထူသည့် ကြက်ဥပန်ကိတ်တစ်ခုကို ပြုလုပ်သည်။

၎င်းကို အလွတ်စားနိုင်သည်။ ဆော့စ်နှင့်တို့စားနိုင်သည်။ ထို့နောက် ကြက်သွန်မြိတ် သို့မဟုတ် သခွားသီးများနှင့် လိပ်စားနိုင်သည်။

မနက်စာလုပ်နေရင်းနှင့် ဆရာချန်းက ရေရွတ်နေသည်။ “နို့က ရက်အနည်းငယ်ကြာရင် သက်တမ်းကုန်တော့မယ်။ သက်တမ်းကုန်လည်း ဘာမှမဖြစ်ဘူး။ မပစ်လိုက်နဲ့။ ပေါင်မုန့်ပေါင်းဖို့ အကောင်းဆုံးပဲ။အဲ့လိုဆို မွှေးပြီး ပေါင်မုန့်သားက ပွနေလိမ့်မယ်။”

ထိုအရာအားလုံးသည် ဆယ်စုနှစ်များစွာ ကြာခဲ့သော ဘဝ၏အတွေ့အကြုံများဖြစ်သည်။

တန်ရှောင်နှင့် ပန်းရှောင်ရှင်း တို့သည် ဖရိုဖရဲဆံပင်များဖြင့် လမ်းဘေးတွင် ထိုင်ပြီး သွားတိုက်နေကြ၏။

ရှန်မိုသည် ပိုင်ယို့ဝေနှင့်အတူ ဟိုတယ်သို့ သွားပြီး ရေချိုးကြသည်။

တစ်ဖက်ခြမ်းရှိ လူငါးဦးစခန်းသည် ထိုအရာများကို အလျင်စလို လုပ်ချင်ပုံတော့မပေါ်ပေ။ သို့သော် သူတို့သည် မီးပုံကိုထွန်းညှိကာ အိုးကိုတည်ထားပြီး မနက်စာကိုတော့ အချိန်မှီ စားချင်ကြသည်။

ပါဝင်ပစ္စည်းများက လုံလောက်သော်လည်း အရည်အချင်းက‌တော့ ထိုသို့မဟုတ် ကန့်သတ်ထားသည်။

လုအန်းသည် ဆန်ပြုတ်တစ်အိုး ချက်ချင်သော‌ကြောင့် ဆန်တစ်အိုးကို ချက်လိုက်သည်။ ၎င်းက တစ်ဝက်တစ်ပျက်နှင့် အရည်ပျော်နေသည်။

နောက်ဆုံးတွင် ကျူရှူးက ထိုတာဝန်ကိုယူလိုက်သည်။ သူမသည် မကျက်သေးသောဆန်များကို ဖယ်ပြီး ဘေးတွင်ထားလိုက်သည်။ ထို့နောက် အာလူးနှစ်လုံးကို ပြုတ်ကာ အနှစ်ဖြစ်အောင် ချေပြီး ဆား၊ငရုတ်ကောင်းမှုန့်တို့နှင့် ရောလိုက်သည်။ အတုံးလေးများလှီးထားသော ဝက်ပေါင်ခြောက်ကို ထည့်ပြီး နောက်ဆုံးတွင် ဆန်နှင့်အတူ အလုံးများဖြစ်အောင် နယ်ကာ အကြော်ဒယ်အိုးထဲတွင် ထည့်ကြော်သည်။

ကြော်သည်။ ဖိသည်။ လှန်သည်။ ထို့နောက်တွင်တော့ မွှေးကြိုင်ပြီး အပေါ်ယံအနည်းငယ်မာသောဆန်ကို ရရှိပြီဖြစ်သည်။

၎င်းသည် ရွှေဝါရောင်ရှိပြီး အပြင်ဘက်တွင် ကြွပ်ကြွပ်နှင့် အတွင်းဘက်တွင် ပျော့ပျောင်း စေးကပ်နေကာ အရသာကလည်း ငန်သည်။

လီလီသည် ၎င်းကိုစားပြီးချီးကျူးသည်။။ “ကျူရှူး! မင်း ချက်ပြုတ်တတ်တယ်လို့ ငါ မထင်ထားခဲ့ဘူး!”

ရန်ချင်၀မ်သည် နှစ်လုပ်စားပြီး အနည်းငယ် အံ့အားသင့်သွားသည်။ သူသည် ကျူရှူးကို ကြည့်ပြီးပြောသည်။ “နာမည်ကြီးတွေရဲ့အချိန်ဇယားက အရမ်းတင်းကျပ်မှာပဲ။ သူတို့ ချက်ပြုတ်ဖို့ အချိန်ရှိရဲ့လား။”

ကျူရှူးက ပြုံးပြီးပြောသည်။ “ကျွန်မက အစကတည်းက နာမည်ကြီးမဟုတ်ပါဘူး။ ဇာတ်ပို့ဇာတ်ရံတွေ လုပ်ခဲ့တုန်းက ကိုယ့်အတွက်ကိုယ် ချက်ပြုတ်လေ့ရှိပါတယ်။”

ဆူးမန်သည် တိတ်ဆိတ်စွာစားနေလေသည်။

သူမသည် ဒီတစ်ခါ ဘယ်သူ့ကိုမှ စကားမပြောခဲ့ပေ။သူမ၏ စိတ်ရင်းက နူးညံ့တာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါသည်။

ခဏတာစားပြီးနောက် ရန်ချင်၀မ်သည် ထရပ်ပြီး လုအန်းကို ရှန်မိုနှင့် စကားပြောရန် ခေါ်သည်။

ယာဉ်ကြောပိတ်ဆို့နေသည့် ကားများကို ခဏအတွင်း ဖယ်ရှားတော့မည်။ ဂိမ်းစတင်သည်ကို ရှောင်ရှားဖို့ရန်အတွက် အများဆုံး လူနှစ်ဦးသာလျှင် လုပ်ဆောင်နိုင်သည်မို့ ရှန်မိုကို နှုတ်ဆက်ရန် လိုအပ်သည်။ မဟုတ်ပါက အဖွဲ့နှစ်ဖွဲ့ ထိပ်တိုက်တွေ့ပြီး ဂိမ်းထဲ ပါသွားနိုင်သည်။

ကျူရှူးသည် သူမ၏အဝတ်များပေါ်ရှိ အစအနများကို ဖယ်ရှားလိုက်ပြီး မတ်တပ်ရပ်ကာပြုံးပြီး ပြောသည်။ “ကျွန်မ ရှင်တို့နဲ့အတူ လိုက်မယ်။ ကျွန်မက မနက်တိုင်း လက်ဖက်ရည် တစ်ခွက်သောက်လေ့ရှိတယ်။ ဟိုတယ်မှာ လက်ဖက်ခြောက်အိတ်တွေ ရှိလောက်တယ်။”

ဆူးမန်သည် သူမကို အေးစက်စွာကြည့်လိုက်ပြီး သူမက ဟန်ဆောင်နေကြောင်း ပြောချင်သည်။

ထိုစကားများက သူမ၏ပါးစပ်ဖျားတွင်ရှိနေစဉ် လီလီက သူမကို စိုက်ကြည့်နေသည်ကို မြင်သောကြောင့် သူမသည် နှုတ်ခမ်းများကို ဖိကာ ပြန်ထိန်းလိုက်သည်။

မနက်စောစောဖြစ်၍ သူမသည် မည်သူ့ကိုမှ စိတ်မဆိုးစေချင်ပေ။

…

ရန်ချင်၀မ်သည် သူ၏အဖွဲ့သားများကို ဟိုတယ်ဂိတ်သို့ ခေါ်ဆောင်သွားသည်။

အိုးထဲတွင် နို့ဆန်ပြုတ်ကျန်သေးသည်။ ကစားစရာဖဲချပ်ပုံတစ်ခုသည် မွေ့ရာပေါ်တွင် ပျံ့ကျဲနေသည်။ တန်ရှောင်သည် ပန်းရှောင်ရှင်းကို သစ်ပင်ပေါ်မှ သစ်သီးကိုခူးရန် ပွေ့ချီထားသည်။ ပိုင်ယို့ဝေသည် အမိန့်ပေးရန် သစ်ပင်အောက်တွင် ထိုင်နေသည်။ ဆရာချန်းက အိုးထဲရှိ ကြက်သွန်မြိတ်နှင့် နံနံပင်များကို ရေလောင်းနေသည်။

သူ့ရှေ့ကမြင်ကွင်းကို မြင်သောအခါ ရန်ချင်၀မ်သည် အခြားတစ်ဖက်၏ ကောင်းမွန်သောစိတ်နေသဘောထားကို အသိအမှတ်ပြုမိသည်။

၎င်းသည် တီဗီပေါ်ရှိ လိုင်းနှစ်လိုင်းနှင့်တူသည်။ တစ်ခုက ကပ်ဘေးတွင် အသက်ရှင်သန်မှု အကြောင်းဖြစ်ပြီး နောက်တစ်ခုက အနားယူအပန်းဖြေခရီးအကြောင်းဖြစ်သည်။

ရှန်မိုသည် သူ၏ကားကို စစ်ဆေးနေသည်။ သူတို့ ရောက်လာသည်ကို မြင်သောအခါ သူသည် ကား၏ရှေ့ဖုံးကို ပိတ်လိုက်ပြီးမေးသည်။ “ဘာဖြစ်လို့လဲ။”

ရန်ချင်၀မ်သည် အေးဆေးတည်ငြိမ်စွာ ပြုံးပြီး ပိတ်ဆို့နေသောလမ်းဘက်သို့ သူ၏မေးစေ့ကို အနည်းငယ်မြှောက်ကာညွှန်ပြသည်။ “အဲဒီလမ်းက သွားလာရခက်တာကြောင့် ကျွန်တော် ခင်ဗျားတို့ရဲ့ထွက်ခွာချိန်အကြောင်း မေးဖို့လာတာပါ။ ဒါမှ ခင်ဗျားတို့ကို ရှောင်ရှားနိုင်မယ်‌လေ။ ”

All Chapters