← Chapters

မောက်မာရိုင်းစိုင်းသည့် အစေခံ

Vol. 5 Ch. 44

မောက်မာရိုင်းစိုင်းသည့် အစေခံ

Vol. 5 Ch. 44

မီးငှက်လမ်းမ၌။

မင်းသားတင်းအိမ်တော်ကို မီးပုံးများ၊ တံခွန်တိုင်များဖြင့် အလှဆင်ထားပြီး သက်ဝင်လှုပ်ရှား စည်ကားသိုက်မြိုက်နေသည်။

ရှောင်ချန်းနှင့် လွီယွဲ့အာတို့သည် ကောင်းကင်ကနေ ပျံသန်းလာပြီး မင်းသားတင်းအိမ်တော်နှင့် မနီးမဝေးတွင် ဆင်းသက်လိုက်ကြသည်။

လွီယွဲ့အာသည် အောင်ပွဲခံနေသည့် မြင်ကွင်းကို တစ်ချက်ကြည့်လိုက်ပြီး ရှောင်ချန်းဘက်သို့ လှည့်ကာ ပြောသည်။”စီနီယာအစ်ကို မင်းသားတင်းအိမ်တော်ကလူတွေက အစ်ကို ပြန်လာမယ်ဆိုတာ သိလို့ အထူးတလည် ပြင်ဆင်ထားပုံရတယ်”

ရှောင်ချန်းက ခေါင်းအသာ ယမ်းလိုက်သည်။ “မဖြစ်နိုင်ဘူး”

လွီယွဲ့အာသည် စိတ်ရှုပ်ထွေးသွားသည်။ စီနီယာအစ်ကိုသည် မိသားစုအကြောင်းကို တစ်ခါမှ သေချာ မပြောဖူးခဲ့ပေ။

သူမ သိထားသည်မှာ သူသည် တာ့လိန်ရှိ မင်းသားတင်းအိမ်တော်မှ လာသည်ဟူ၍သာ ဖြစ်သည်။

“စီနီယာအစ်ကို အစ်ကိုက ဝမ်တောက်ကျောင်းတော်ရဲ့ နံပါတ်တစ် ပါရမီရှင်၊ မျိုးဆက်သစ်တွေရဲ့ ခေါင်းဆောင်ပဲ။ မင်းသားတင်းအိမ်တော်လောက်ကို မေ့ထားလိုက်။ တာ့လိန်နိုင်ငံတစ်ခုလုံးတောင် အစ်ကို့ရဲ့ အပြန်ခရီးအတွက် ကြီးကျယ်ခမ်းနားတဲ့ ပွဲကို ကျင်းပပေးရမှာ”

ရှောင်ချန်းက ပြောသည်။ “ အစ်ကိုပြန်လာမယ်လို့ပဲ အမေ့ဆီ သတင်းပို့ထားတာ။ ဘယ်တော့ ပြန်ရောက်မယ်ဆိုတာ မပြောထားဘူး။ အဲဒါကြောင့် အစ်ကို့အတွက် မဟုတ်လောက်ဘူး”

“ပြီးတော့ ဝမ်တောက်ကျောင်းတော်မှာ အစ်ကိုရထားတဲ့ အဆင့်အတန်းကိုတောင် သူတို့ သိချင်မှ သိမှာ”

“စီနီယာအစ်ကို အဒေါ့်ကို မရှင်းပြထားဘူးလား”

လွီယွဲ့အာက အနည်းငယ် ရှုပ်ထွေးနေဆဲပင်။

“ပြောတာပေါ့။ ဒါပေမဲ့ အနောက်ဆောင်ဆိုတာက အမြဲတမ်း ပူးပေါင်းကြံစည်မှုတွေ ပြိုင်ဆိုင်မှုတွေနဲ့ ပြည့်နှက်နေတာ။ အစ်ကို့အမေက အိမ်တော်ထဲက ကိုယ်လုပ်တော်သာသာပဲ။ ပြီးတော့ မျက်နှာသာပေးမခံရတာ ကြာပြီ”

“လူတိုင်းကလည်း အစ်ကိုရဲ့ကျင့်ကြံခြင်း ပျက်စီးသွားပြီဆိုတာ သိကြတယ်။ ဒါပေမဲ့ တစ်နှစ်တောင်မကြာသေးဘဲနဲ့ အပြင်စည်းဂိုဏ်း ပြိုင်ပွဲမှာ ပထမရမယ်လို့ ဘယ်သူက ယုံမှာလဲ”

“ဒီနေ့ စီနီယာအစ်ကိုရောက်နေတဲ့ နေရာကို စိတ်ကူး တောင်ယဉ်ကြည့်မှာ မဟုတ်ဘူး”

အကြီးအကဲဟွမ်နှင့် အခြားသူများသည် သူတို့၏နောက်သို့ ချက်ချင်း မလိုက်လာကြပေ။ ထိုအစား သူတို့သည် အဝေးမှ စောင့်ကြည့်နေကြလေသည်။

“ဒါဆို မင်းသားတင်းအိမ်တော်က တခြားတစ်ယောက်ယောက်ကို ကြိုဆိုနေတာပေါ့”

လွီယွဲ့အာသည် ရှောင်ချန်းအတွက် မကျေမနပ်ဖြစ်ကာ မသိစိတ်ဖြင့် မျက်မှောင်ကြုတ်လိုက်လေသည်။

ရှောင်ချန်းက ပြုံးလိုက်သည်။ “သူတို့ ဘယ်သူ့ကို ကြိုဆိုကြိုဆို ဂရုစိုက်စရာမလိုပါဘူးကွာ။ အစ်ကိုက အမေ့ကို တွေ့ချင်ရုံပဲ။ မင်းသားတင်းအိမ်တော်ထဲက တစ်ယောက်ယောက်က အစ်ကို့ကို တားနိုင်မယ်လို့ သူတို့ တကယ် ထင်နေကြတာလား”

ထိုစကားသည် မောက်မာခြင်း မဟုတ်ပေ။ အမှန်တရားသာ ဖြစ်သည်။ မင်းသားတင်းအိမ်တော်တွင် အသန်မာဆုံးမှာ သူ၏ ဖခင်ဖြစ်ပြီး ထိုသူကလည်း ကောင်းကင်ဇာစ်မြစ်အဆင့်သာ ရှိသေးသည်။ အခြားသူများမှာ စစ်မှန်ကံကြမ္မာ သို့မဟုတ် တာအိုတည်ဆောက်ခြင်းအဆင့်၌သာ ရှိကြသေး၏။

“သွားကြစို့”

“ကောင်းပြီ”

လွီယွဲ့အာလည်း အများကြီး မစဉ်းစားတော့ပေ။ ယခုလို သေမျိုးနိုင်ငံတစ်ခုတွင် သူတို့ကို ခြိမ်းခြောက်နိုင်သည့် ကျင့်ကြံသူဟူ၍ မရှိသလောက် ရှားပါးလှသည်။ မင်းသားတင်းအိမ်တော်ကဲ့သို့ သာမန် အိမ်တော်ငယ်လေးကို ဆိုဖွယ်ရာ မရှိပေ။

သူတို့နှစ်ဦးသည် ခြေလှမ်းများကို မသိစိတ်ဖြင့် မြန်လိုက်ကြသည်။ မကြာမီ အိမ်တော်တံခါးဝသို့ ရောက်ရှိလာကြသည်။ ရှောင်ချန်း စကားမဆိုနိုင်ခင်မှာပင် အဆင့်နိမ့်အစေခံတစ်ဦးက သူတို့ကို တားဆီးရန် ရှေ့သို့ တိုးလာလေသည်။

“ဒီနေ့ မင်းသားအိမ်တော်က အရေးကြီး ဧည့်သည်တွေကို ဧည့်ခံနေတယ်။ ဘယ်ဧည့်သည်မှ ဝင်ခွင့်မပြုဘူး။ မင်းတို့ လာရာလမ်းအတိုင်း ပြန်ကြ”

မင်းသားတင်းအိမ်တော်သည် နေရာအနှံ့မှ သူရဲကောင်းများကို မကြာခဏ ကြိုဆိုလေ့ရှိသောကြောင့် ကျင့်ကြံသူ အများအပြား လာရောက် လည်ပတ်လေ့ရှိသည်။ ထိုအစေခံသည် ရှောင်ချန်းကို မမှတ်မိဘဲ သူတို့နှစ်ဦးအား လှည့်လည်သွားလာနေသော သိုင်းသမားများဟု အထင်မှားသွားခြင်း ဖြစ်သည်။

“ငါ ဘယ်သူလဲဆိုတာ သေချာကြည့်စမ်း”

ရှောင်ချန်းသည် အိမ်ပြန်တာတောင် အစေခံတစ်ဦး၏ တားဆီးခြင်းကို ခံနေရ၍ စိတ်တိုသွားသည်။

အစေခံသည် ခဏမျှ ကြောင်သွားပြီးနောက် သူ့ကို သေသေချာချာ ကြည့်လာသည်။ ခမ်းနားသည့် အဝတ်အစားများက ထိုလူငယ်လေးကို အဆင့်အတန်းရှိသူ ဖြစ်ကြောင်း ထင်ရှားစေသည်။

သို့သော် မင်းသားတင်းအိမ်တော်သည် လျန်မြို့တော် တွင် အင်အားအကြီးဆုံး အဖွဲ့အစည်းများထဲမှ တစ်ခုဖြစ်သည်။ လူငယ်လေးတွင် နောက်ခံအချို့ ရှိနေလျှင်ပင် သူတို့ကို ကျော်လွန်နိုင်မည်မဟုတ်ပေ။

“ဟန့် ငါ မင်း ဘယ်သူလဲဆိုတာ ဂရုမစိုက်ဘူး။ မင်းသားတင်းအိမ်တော်က မင်းတို့‌တွေ ရမ်းကားလို့ရတဲ့ နေရာ မဟုတ်ဘူး။ စကားအကောင်းပြောနေတုန်း ထွက်သွားလိုက်။ ပြီးမှ ငါ့ကို ရိုင်းတယ်ဆိုပြီး အပြစ်မတင်နဲ့”

ဖြောင်း။

ရှောင်ချန်းက ပါးဖြတ်ရိုက်လိုက်သည်။

ဤနှစ်များတစ်လျှောက် မင်းသားတင်းအိမ်တော်၏ အစေခံအားလုံးသည် တရားဝင်ဇနီးသည်ဘက်က လူများသာဖြစ်သည်။ ထိုသူတို့က သူနှင့် အမေ့ကို ဒုက္ခပေးနေတာ ကြာလှပေပြီ။ ဤပါးရိုက်ချက်က ယခင်က အပြစ်အကြွေးများအတွက် အတိုးပင်မကြေပေ။

သို့သော် ထိုရိုက်ချက်က လူတိုင်း၏ အာရုံကို ရှောင်ချန်းနှင့် လွီယွဲ့အာထံသို့ ရောက်ရှိသွားစေသည်။ အစေခံသည် သူ၏မျက်နှာကို ကိုင်ပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ “ကယ်ကြပါဦး။ မင်းသားအိမ်တော်ကို တိုက်ခိုက်နေပါတယ်”

ရုတ်တရက် အတွင်းဘက်မှ လူအများအပြား ပြေးထွက်လာကြပြီး ရှောင်ချန်းနှင့် လွီယွဲ့အာတို့ကို ဝိုင်းထားလိုက်ကြသည်။

သိပ်မဝေးသည့်နေရာတွင် ဝမ်တောက်ကျောင်းတော်မှ ကျောင်းသားများသည် ထိုမြင်ကွင်းကို မြင်လိုက်ရပြီး တစ်ယောက်ပြီး တစ်ယောက် လက်နက်များကို ထုတ်လိုက်ကြသည်။

အကြီးအကဲဟွမ်သည် ထိုမြင်ကွင်းကို ကြည့်ပြီး ရယ်မောလိုက်သည်။ “မင်းတို့ ဘာလုပ်နေကြတာလဲ။ ရပ်လိုက်ကြစမ်း။ ရှောင်ချန်းက ငါတို့ ဝမ်တောက်ကျောင်းတော်ရဲ့ မျိုးဆက်သစ်တွေထဲမှာ နံပါတ်တစ် ပါရမီရှင်ကွ။ တာ့လိန်နိုင်ငံက စိတ်ဝိညာဉ်ပြည့်အင့်ခြင်းအဆင့် ကျင့်ကြံသူကို မလွှတ်သရွေ့ သူ့ကို တားနိုင်တဲ့သူ တစ်ယောက်မှ မရှိဘူး”

“ဒီအခွင့်အရေးကို ယူပြီး ရှောင်ချန်း ဘယ်လောက် သန်မာလဲဆိုတာ ကြည့်ကြတာပေါ့”

ကျောင်းသားတစ်ယောက်က မေးသည်။ “အကြီးအကဲ ဂျူနီယာညီလေးရှောင်က တကယ် အဲဒီလောက် သန်မာလို့လား”

“မင်းတို့ မကြာခင် သိရမှာပဲ။ တာ့လိန်ရဲ့ ကျွမ်းကျင်သူတွေ ပေါ်လာမှ ငါတို့ဝင်ပါမယ်။ ဒါက ရှောင်ချန်းအတွက် ကိုယ့်ကိုယ်ကိုယ် သက်သေပြဖို့ အခွင့်အရေးတစ်ခုပဲ”

အကြီးအကဲဟွမ်သည် တောက်ပစွာ ပြုံးလိုက်သည်။ သူ၏ကိုယ်ပိုင် ရည်ရွယ်ချက်များလည်း သေချာပေါက် ရှိပါ၏။ သူက ပါရမီရှင် ရှောင်ချန်းထံမှ ကျေးဇူးကြွေးတစ်ခု တင်ခံချင်သည်။

ထိုစကားကို ကြားလိုက်ရသည့်အခါ သူတို့က သဘောတူသည့်အနေဖြင့် ခေါင်းညိတ်လိုက်ကြသည်။ သူတို့လည်း နတ်ဘုရားခန္ဓာ၏ စွမ်းအားကို မြင်ဖူးချင်သည်။

“မင်းသားတင်းအိမ်တော်မှာ ပြဿနာ ရှာရဲတယ်‌ပေါ့။ မင်းတို့တွေ သိပ်ကို သတ္တိကောင်းလှချည်လား”

“သူတို့ကို ဖမ်းလိုက်ကြစမ်း”

ခေါင်းဆောင်လုပ်သူက အမိန့်ပေးလိုက်ပြီး လက်နက်ကို ဆွဲထုတ်ကာ ရှောင်ချန်းနှင့် လွီယွဲ့အာတို့ကို ချိန်လိုက်သည်။

“ရပ်လိုက်ကြ”

အိမ်တော်အတွင်းမှ အေးစက်သည့် အသံတစ်သံ ထွက်ပေါ်လာသည်။

လူအိုကြီးတစ်ဦးသည် အထဲက ထွက်လာသည်။ သူ့ကို မြင်လိုက်ရသည့်အခါ နယ်စားအိမ်တော်မှ လူများသည် ချက်ချင်း အရိုအသေ ပြုလိုက်ကြသည်။

“အထိန်း‌တော်ချွီ”

“အင်း”

အထိန်းတော်ချွီက ခေါင်းညိတ်လိုက်ပြီးနောက် ရှောင်ချန်းဘက်သို့ လှည့်ကာ ဦးညွှတ်လိုက်သည်။ “မင်းသားခြောက် ပြန်ရောက်လာပြီကိုး။ အစေခံတွေက မင်းသားကို စော်ကားမိသွားတယ်။ ခွင့်လွှတ်ပေးဖို့ တောင်းပန်ပါတယ်”

သူ၏စကားများက တောင်းပန်သည့်သဘော သက်ရောက်သော်လည်း လေသံကတော့ ရှောင်ချန်းကို အိမ်‌တော်သခင်တစ်ပါးပမာ ဆက်ဆံခြင်း မရှိပေ။

မင်းသားခြောက်ဟူသည့် ဂုဏ်ပုဒ်ကို ကြားလိုက်ရသည့်အခါ အစေခံများသည် အစပိုင်းတွင် ကြောင်သွားကြသော်လည်း နောက်ပိုင်းတွင် သူတို့၏ မျက်နှာများမှာ အထင်အမြင်သေးသည့် ပုံစံသို့ ပြောင်းလဲသွားသည်။ အကယ်၍ ရှောင်ချန်းသာ တင်းမင်းသား၏ သားတော်မဟုတ်ခဲ့လျှင် သူတို့သည် သူ့မျက်နှာကို တည့်တည့်ကြည့်ပြီး လှောင်ပြောင်မိကြပေလိမ့်မည်။

‘ဝမ်တောက်ကျောင်းတော်ကို ဝင်ခွင့်ရသွားတဲ့ မသန်မစွမ်းကောင် မဟုတ်လား။ မင်းသားတစ်ပါးလို မာန်တက်နေတာက ရယ်စရာကောင်းလိုက်တာ’

ရှောင်ချန်းကို အထင်သေးရဲသည့် အချက်က ဝမ်ဖေးသည် ကိုယ်လုပ်တော်များကို အမြဲတမ်း ဖိနှိပ်ထားပြီး မင်းသားကိုယ်တိုင်ကလည်း အတွင်းရေးကိစ္စများကို လျစ်လျူရှုထား၍ပင်။ အိမ်တော်တစ်ခုလုံးတွင် ဝမ်ဖေး၏ စကားကသာ အရာရောက်ပေသည်။

(ဝမ်ဖေး=မင်းသား၏ တရားဝင်ဇနီးမယား)

ရှောင်ချန်းက တည်ငြိမ်စွာ ပြောသည်။ “မင်းတို့အားလုံး နောက်ဆုတ်လိုက်။ ငါက မင်းတို့အဆင့်နဲ့ ဖက်ပြီး စကားမများချင်ဘူး”

သို့သော် လူအုပ်ကြီးမှာ မလှုပ်ရှားပေ။ ထိုအစား သူတို့၏ အကြည့်များသည် အထိန်းတော်ချွီထံသို့ ရောက်ရှိသွားသည်။ ရှောင်ချန်းနှင့် လွီယွဲ့အာတို့သည် ၎င်းကို ရှင်းလင်းစွာ မြင်လိုက်ရ၏။ လွီယွဲ့အာသည် ဒေါသကို မထိန်းနိုင်တော့ချေ။

အထိန်းတော်ချွီက လက်ဝေ့ယမ်းလိုက်သည်။ “မင်းတို့ ဘာလို့ ရပ်နေကြသေးတာလဲ။ မင်းသားခြောက်ကို လမ်းပိတ်ထားတာ ဘာသဘောလဲ”

“ဟုတ်ကဲ့ပါ”

လူအုပ်ကြီးက ပြန်ဖြေပြီး လူစုခွဲလိုက်ကြသည်။

အထိန်းတော်ချွီသည် ထိုမြင်ကွင်းကို အလွန် ကျေနပ်နေသည်။ ၎င်းက မင်းသားခြောက်၏မျက်နှာကို ဖြတ်ရိုက်လိုက်ခြင်းပင်။ ဝမ်ဖေးသာ ၎င်းကို သိလျှင် သူ့ကို သေချာပေါက် ချီးကျူးတော့ပေမည်။

ရှောင်ချန်းသည် လူအုပ်ကို လျစ်လျူရှုကာ ပင်မတံခါးမကြီးဆီသို့ တန်းတန်းမတ်မတ် ဦးတည်သွားသည်။ သို့သော် ခြေတစ်လှမ်း လှမ်းလိုက်သည်နှင့် အထိန်း‌တော်ချွီက ထပ်မံ ပြောဆိုလိုက်သည်။

“ခဏလောက် နေပါဦး မင်းသားခြောက်”

“ဘာဖြစ်ပြန်ပြီလဲ” ရှောင်ချန်းက ခေါင်းလှည့်ပြီး မေးလိုက်သည်။

အထိန်းတော်ချွီက အတည်ပေါက်ဟန်ဖြင့်ပြောသည်။ “မင်းသားခြောက် မင်းသား သွားနေတဲ့လမ်းက မှားနေပြီ။ ပင်မတံခါးမကြီးက မင်းသားအတွက် မဟုတ်ဘူး”

အရှက်ခွဲခြင်း။ ၎င်းက တမင်တကာ အရှက်ခွဲခြင်းပင်။

အထိန်းတော်ချွီသည် ရှောင်ချန်းကို ပေါ်တင်ကြီး စော်ကားနေသည်ကို မျက်လုံးပါသူတိုင်း မြင်နိုင်၏။ သို့သော် တံခါးဝရှိ မည်သူမျှ သူ့ဘက်က ဝင်မပြောကြပေ။ ထိုအစား သူတို့အားလုံးသည် ပွဲကြည့်ချင်နေသော အမူအရာများဖြင့်သာ ကြည့်နေကြလေသည်။

ရှောင်ချန်းကဲ့သို့ သည်းခံတတ်သူပင်လျှင် ဘေးတံခါးမှ ဝင်ခိုင်းခြင်းကို သည်းမခံနိုင်တော့ပေ။ ထို့အပြင် သူက ယခင်ရှောင်ချန်း မဟုတ်တော့ပေ။ သူ ယခုတစ်ခေါက် ပြန်လာခြင်းက ကမ္ဘာကြီးကို ပါရမီရှင် ရှောင်ချန်း ပြန် ရောက်လာပြီဖြစ်ကြောင်း ကြေညာဖို့ပင်။

သူသည် နှာခေါင်းကို အသာအယာ ပွတ်ပြီး ပြောလိုက်သည်။ “ဒီနေ့ ငါ ဒီတံခါးကနေပဲ ဝင်မှာ။ မင်း ဘာလုပ်ချင်လဲ”

All Chapters