← Chapters

အခန်း (၆၇၈-၆၇၉)

Vol. 41 Ch. 678-679

အခန်း (၆၇၈-၆၇၉)

Vol. 41 Ch. 678-679

Chapter 678

မီးဥက္ကာပျံ ၂

စွမ်းအားဝတ်စုံအစိတ်ပိုင်းများပင် အရည်ပျော်နေသော လုရှင်းချန်ကို ကြည့်ရင်း နန်ကျင်းလည်း ထိုသူသည် စွမ်းအားတိုးတက်လာသည်လား သို့မဟုတ် ဒေါသထွက်နေသည်လားဟု တွေးမိသွားသည်၊၊ ထိုသူ၏ တိုက်ခိုက်မှုမှာ အလွန်ပင် ပြင်းထန်လွန်းသည်၊၊

လုရှင်းချန်သည် မီးလောင်နေသော မြေပြင်ထက်တွင် ပျံသန်းရင်း သူ၏လက်များကို ကြည့်ကာ ရေရွတ်လိုက်သည်၊၊

“ငါထိန်းချုပ်နိုင်တဲ့ မီးတောက်က မြို့တွေနဲ့ လောင်ကျွမ်းနိုင်ပြီး ကျောက်တုံးတွေကို ခွဲနိုင်ပေမယ့်… ပင်လယ်တွေကို အငွေ့ပျံစေပြီး ကောင်းကင်ကို လောင်ကျွမ်းနိုင်တဲ့ ထာဝရလောင်ကျွမ်းခြင်းနယ်ပယ်ကို မရောက်သေးဘူး”

“ဟူး… ငါ့ရဲ့ ကျင့်ကြံခြင်းလမ်းကြောင်းကို ဆက်လျှောက်ဖို့ အများကြီးကြိုးစားရဦးမယ်”

အနီရောင်သတ္တဝါ ပျက်စီးသွားသဖြင့် နန်ကျင်းတို့အဖွဲ့အတွက် ဖိအားအတော်လျော့နည်းသွားသည်၊၊ သို့သော် သယ်ယူပို့ဆောင်ရေးသင်္ဘောနှင့် ၎င်း၏ လက်နက်ကြီးများက ပို၍ပြင်းပြင်းထန်ထန် တိုက်ခိုက်လာသည်၊၊

ထိုအချိန်တွင် ချန်ဆီရွှမ်၊ ရှီဇီနှင့် မိုနီကာတို့သည် စောင့်ကြည့်သူကို စတင်ရှာဖွေနေကြသည်၊၊

“စကင်ဖတ်လို့ရတဲ့ အကွာအဝေးထဲမှာ ရှိနေပြီ၊၊ ကျွန်မတို့ သူ့ကို မဖြစ်မနေသတ်ရမယ်၊၊ ဒါမှ ကျွန်မတို့အပေါ်မှာ ရှိနေတဲ့ အမှတ်အသားတွေကို ဖျက်နိုင်မယ်’’

ရှီဇီက ပြောသည်၊၊

အဖွဲ့သုံးဖွဲ့ ပေါင်းစည်းမိသွားသဖြင့် သယ်ယူပို့ဆောင်ရေးသင်္ဘောသည် အခြေမဟန်ကြောင်း ရိပ်မိကာ ထွက်ပြေးရန် ကြိုးစားလိုက်သည်၊၊ သို့သော် တိုင်ရီလန်သည် သင်္ဘောကုန်းပတ်ပေါ်တွင် လူသားပုံစံစက်ရုပ်တစ်ရုပ်နှင့် တိုက်ခိုက်နေဆဲဖြစ်သည်၊၊ ထိုအချိန်တွင် လင်းရှန်နှင့် ကီကီတို့က ဘေးဘက်မှ ချဉ်းကပ်လာကြသည်၊၊

သူတို့ အံ့အားသင့်သွားသည်၊၊ တိုင်ရီလန်နှင့် တိုက်ခိုက်နေသော ရန်သူစက်ရုပ်သည် ဂရေ့စ်နှင့် ဆင်တူနေခြင်းပင် ဖြစ်သည်၊၊ ကွမ်တမ် AI မပါဝင်သဖြင့် အနည်းငယ်နိမ့်ကျသော်လည်း သံချပ်ကာအဆင့်တူနေသောကြောင့် ကာကွယ်ရေးက အားကောင်းပေသည်၊၊

ကီကီသည် ချက်ချင်းပင် စိတ်စွမ်းအားကို အသုံးပြုကာ သင်္ဘောကို တားဆီးလိုက်သည်၊၊

ဗရူး ဝူး ဝူး

အင်ဂျင်များ ရုန်းကန်နေကြသည်၊၊ ရူဂျိလည်း ရောက်ရှိလာပြီး သူ၏ စွမ်းအားကို ပေါင်းစပ်လိုက်ရာ သင်္ဘောသည် လေထဲတွင် ရပ်တန့်သွားသည်၊၊

လင်းရှန်နှင့် ဂရေ့စ်တို့ သင်္ဘောပေါ်သို့ ဆင်းသက်လိုက်ကြသည်၊၊ ထိုစဥ် တိုင်ရီလန်နှင့် တိုက်ခိုက်နေသော စက်ရုပ်သည် ဂရေ့စ်ကို လှည့်ကြည့်ကာ ခေါင်းကို စောင်းပြီး ကြည့်နေသည်၊၊

ထိုအချိန်တွင် တိုင်ရီလန်က စွမ်းအားအပြည့်လက်သီးဖြင့် ထိုးချလိုက်ရာ အလင်းတန်းတစ်ခုဖြစ်လာသော်လည်း ထိုစက်ရုပ်သည် အနည်းငယ်သာ ချိုင့်ဝင်သွားသည်၊၊

၎င်းက ပြန်ထရန် ပြင်လိုက်စဉ်မှာပင် ၎င်း၏ ခြေလက်များသည် ရုတ်တရက် တစ်ဆတ်ဆတ်တုန်ကာ တွန့်လိမ်သွားသည်၊၊ လင်းရှန်က ၎င်းကို အဝေးမှ ထိန်းချုပ်လိုက်ခြင်းဖြစ်သည်၊၊

တိုင်ရီလန် အံ့အားသင့်ကာ ကြည့်နေမိသည်၊၊ သူမ၏ မျက်လုံးထဲတွင် အံ့ဩမှုများ ပြည့်နှက်နေသည်၊၊

“ဒါကို မဖျက်ဆီးနဲ့ဦး… ငါ အဲ့ဒါကို လိုချင်တယ်’’

လင်းရှန်သည် သင်္ဘောကို ရပ်တန့်ရန် EMP ဗုံး အသုံးပြုရန် ဂရေ့စ်အား အမိန့်ပေးလိုက်သည်၊၊

သို့သော် ရွှန်းက ကြားဖြတ်ပြောလိုက်သည်၊၊

“ငါတို့ ကြိုးစားပြီးပြီ၊၊ အဲ့ဒီမှာ ပလာစမာလျှပ်စစ် အကာအကွယ်ရှိတယ်၊၊ ပြီးတော့ အတွင်းထဲက လူတွေကလည်း ခုခံနေတယ်၊၊ အရေးကြီးတာတစ်ခုခု အထဲမှာ ရှိနေတယ်’’

လင်းရှန်သည် ချက်ချင်းပင် နားလည်သွားပြီး ထိန်းချုပ်ခန်းဆီသို့ ပြေးသွားကာ ယန္တရားစွမ်းရည်ကို အသုံးပြု၍ ပတ်လမ်းများနှင့် စနစ်များကို ဝါးမြိုလိုက်သည်၊၊

သူ၏ အဝေးထိန်းစနစ်နှင့်ဆိုလျှင် လူသားတို့၏ နည်းပညာသည် သူဝါးမျိုရန် အစာသာသာပင် ဖြစ်သည်၊၊

မကြာမီ ယာဉ်၏ ပျံသန်းမှုစနစ်များ ရပ်ဆိုင်းသွားသည်၊၊ အချက်ပေးသံများ ဆူညံလာသည်၊၊ ကီကီနှင့် ရူဂျိတို့ ထိန်းထားသဖြင့် သင်္ဘောသည် တဖြည်းဖြည်းနိမ့်ဆင်းလာသည်၊၊ ထို့နောက် အဆောက်အအုံများကို တိုက်မိကာ မီးခိုးများကြားတွင် ပျက်ကျသွားလေသည်၊၊

ပတ်ဝန်းကျင်မှ ထူးဆန်းသည့် သတ္တဝါများသည် သူတို့အပေါ်ရှိ အမှတ်အသားများကြောင့် စုပြုံလာကြသည်၊၊

ချန်ဆီရွှမ်သည် စောင့်ကြည့်သူကို ရေဆိုးမြောင်းဝတစ်ခုတွင် နောက်ဆုံး၌ ရှာတွေ့သွားသည်၊၊ မိုနီကာက အသံလှိုင်းဖြင့် ၎င်းကို အပိုင်းပိုင်းဖြတ်ပစ်လိုက်သည်၊၊

အမှတ်သားလုပ်သူပျက်စီးသွားသဖြင့် အဖွဲ့များသည် ပတ်ဝန်းကျင်ရှိ အဆင့်နိမ့်သတ္တဝါများကို အမြန်ဆုံး ချေမှုန်းလိုက်ကြသည်၊၊

မှတ်ဉာဏ်အမြုတေကို ရရှိပြီးနောက် လင်းရှန်နှင့် ရွှန်းတို့သည် သူတို့၏အဖွဲ့များကို အဆောက်အအုံများအတွင်း၌ ဖုံးကွယ်ထားပြီး သယ်ယူပို့ဆောင်ရေးသင်္ဘော၏ တုံ့ပြန်မှုကို စောင့်ကြည့်နေကြသည်၊၊

ရှဲ ရှဲ

အဝေးတွင် ရူဂျိသည် သင်္ဘောအစိတ်အပိုင်းများကို ဆွဲဖြတ်ကာ ၎င်းကို အသုံးမရအောင် လုပ်နေသည်၊၊

ရွှန်းက သတိထားကာ မီကာတစ်ခုကို စေလွှတ်လိုက်ပြီး လင်းရှန်နှင့် ကီကီတို့က အောက်မှ စောင့်ကြည့်နေကြသည်၊၊

ထို့နောက် သင်္ဘောတံခါးပွင့်လာသည်၊၊ မီးခိုးများကြားမှ အထူးဝတ်စုံနှင့် အသက်ရှူမျက်နှာဖုံး ဝတ်ဆင်ထားသော လူလတ်ပိုင်း အမျိုးသားတစ်ဦးထွက်လာသည်၊၊

ထိုသူသည် အခြားကိုယ်ပွားများနှင့် မတူဘဲ အဖြူရောင်မှိုမျှင်များမရှိသော်လည်း သူ၏ ဦးခေါင်းနောက်တွင် ရှုပ်ထွေးသော ဦးနှောက်-ယန္တရားဆက်သွယ်မှုစနစ်များပါရှိကာ အာကာသပိုင်းလော့တစ်ဦးနှင့်ပင် တူနေသည်၊၊

သူ၏ ဖြူဖျော့ပြီး ထူးဆန်းသော မျက်နှာကို မျက်နှာဖုံးမှတစ်ဆင့် မြင်နေရသည်၊၊ သူသည် လက်များကို မြှောက်ကာ ထွက်လာပြီး စက်ရုပ်နှစ်ရုပ်၏ ပစ်မှတ်ထားခြင်းကို ခံလိုက်ရသည်၊၊

သူသည် စိုးရိမ်ပုံမရဘဲ ပြောလိုက်သည်၊၊

“လူစုံလှချည်လား… ဒီအထိ ရောက်အောင် မင်းတို့ အတော်လေးရုန်းကန်ခဲ့ရမှာပဲ’’

သူသည် မီကာကို ကြည့်ကာ ၎င်းကို ထိန်းချုပ်နေသော လူကို မြင်နေရသည့်အလား ပြောလိုက်သည်၊၊

သူ၏ အက်ရှရှအသံက မျက်နှာဖုံးမှ ထွက်ပေါ်လာသည်၊၊

“ရှင်းဂျီမာဆာရှီ… မင်းက ယွမ်လန်စင်တာနဲ့ ဝေမြစ် သုတေသနဌာနတွေကို ဖျက်ဆီးခဲ့တယ်၊၊ ငါတို့ရဲ့ အနီရောင်ကမ္ဘာက ဒါကို နားမလည်နိုင်ဘူး၊၊ ဒစ်ဂျစ်တယ်ရှင်သန်ခြင်း… ဉာဏ်ရည်မြင့်တိုးတက်မှု… ဒါက လူသားမျိုးနွယ်လိုချင်တဲ့ လမ်းစဉ် မဟုတ်ဘူးလား၊၊ မင်းက ဘာလို့ဆန့်ကျင်နေတာလဲ’’

ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားသည်၊၊ ဤလူသည် ရှင်းဂျီနှင့် တိုက်ရိုက်စကားပြောနေခြင်း ဖြစ်သည်၊၊

ထိုအချိန်တွင် မြေအောက်ဘန်ကာ၌ ရှင်းဂျီသည် ဖန်သားပြင်ကို ကြည့်ရင်း တည်ငြိမ်စွာ ရပ်နေသည်၊၊

“အသံက ရင်းနှီးနေတယ်၊၊ ငါ ခန့်မှန်းကြည့်ရမလား… မင်းက ဂျူးလိယပ်စ် မဟုတ်လား’’

ဂျူးလိယပ်စ်…

လင်းရှန်သည် ထိုအမည်ကို ကြားလိုက်ရသောအခါ မျက်မှောင်ကြုတ်လိုက်မိသည်၊၊

ထိုသူမှာ ဇီးရိုးဒြစင်ဗဟိုဌာန၏ အကြီးအကဲဖြစ်ပြီး အနီရောင်ကမ္ဘာ၏ အဆင့်မြင့်အဖွဲ့ဝင်တစ်ဦးဖြစ်သည်၊၊

သူ အံ့အားသင့်သွားသည်၊၊ ဤလူသည် နေရာတိုင်းတွင် ရှိနေသကဲ့သို့ပင်၊၊ ဖြစ်နိုင်တာက အနီရောင်ကမ္ဘာသည် တွင်းနက်များကို စူးစမ်းရန် မှတ်ဉာဏ်အမြုတေထည့်သွင်းထားသော ကိုယ်ပွားများစွာကို ဖန်တီးထားခြင်းပင်ဖြစ်သည်၊၊ ဤသူမှာလည်း ဂျူးလိယပ်စ်၏ ကိုယ်ပွားတစ်ခုသာဖြစ်ပေလိမ့်မည်၊၊

“ဒစ်ဂျစ်တယ်ရှင်သန်ခြင်းဆိုတာကို မင်းတို့က စော်ကားနေတာပဲ’’

ရှင်းဂျီက သက်ပြင်းချရင်း ပြောသည်၊၊

“မင်းပြောချင်တာ ယဉ်ကျေးမှုလား… ကမ္ဘာပျက်ပြီး ရက်ပေါင်း ၁၀၀ အတွင်းမှာ ငါတို့က ဆင့်ကဲဖြစ်စဉ်ကို နှစ်သန်းပေါင်းများစွာ စောအောင် လုပ်နိုင်ခဲ့တယ်၊၊ ဒါဟာ ဖျက်ဆီးခြင်း မဟုတ်ဘူး၊၊ လူသားတွေ လိုအပ်နေတဲ့ တိုးတက်မှုပဲ’’

ဂျူးလိယပ်စ်က အပေါ်တွင် ပျံသန်းနေသော ကီကီနှင့် ရူဂျိတို့ကို ကြည့်ရင်း ပြောသည်၊၊

“ပျံသန်းနိုင်ဖို့ လူသားတွေ ဘယ်လောက်ကြိုးစားခဲ့ရလဲ… မင်းတို့ကျတော့ ဘယ်လောက်ကြာလဲ…ရက်ပိုင်းပဲ မဟုတ်လား’’

“စိတ်ဝင်စားစရာပဲ… တကယ်ပဲ မင်းက တွင်းနက်ရဲ့ စွမ်းအားနောက်ကွယ်က အမှန်တရားကို ပြောပြနိုင်ရင် ငါ မင်းကို ယုံကြည်ကောင်း ယုံကြည်နိုင်လိမ့်မယ်’’

ထိုစကားကြောင့် ဂျူးလိယပ်စ် ခဏတာတိတ်ဆိတ်သွားသည်၊၊

ရှင်းဂျီက သူ့ကိုကြည့်ရင်း ပြုံးလိုက်ပြီး ရွှန်းအား အမိန့်ပေးလိုက်သည်၊၊

“ရွှန်း...’’

သူပြောလိုက်သည်နှင့် ရွှန်းက ပစ်မှတ်ကို ချေမှုန်းရန် ပြင်လိုက်သည်၊၊

“နေဦး’’

ရုတ်တရက် ဂျူးလိယပ်စ်က လင်းရှန်ဘက်သို့ လှည့်ကြည့်လိုက်သည်၊၊ သူသည် ဂရေ့စ်နှင့် လင်းရှန်ကို တွေ့သွားခြင်း ဖြစ်သည်၊၊

“မင်းက လင်းရှန် ထင်တယ်၊၊ ယန္တရားစွမ်းအား... တကယ့်ကို အဖိုးတန်တဲ့ နမူနာပဲ’’

“နှမြောစရာပဲ… မင်းလို လူမျိုးက ဒီတွင်းနက်ထဲမှာ မြှုပ်နှံခံရတော့မယ်၊၊ မဟုတ်ရင် မင်းရဲ့ စွမ်းအားက ငါတို့အတွက် အများကြီး အထောက်အကူဖြစ်မှာပဲ’’

“ငါတစ်ခုလောက် မေးပါရစေ’’

လင်းရှန်က ပြောလိုက်သည်၊၊ အချိန်မရှိသော်လည်း အနီရောင်ကမ္ဘာ၏ အဆင့်မြင့်ပုဂ္ဂိုလ်တစ်ဦးနှင့် မျက်နှာချင်းဆိုင်ရခြင်းမှာ ပထမဆုံးဖြစ်သည်၊၊

ရွှန်းက တိုက်ခိုက်ရန်ပြင်ေနရာမှ ရပ်လိုက်ပြီး သတိပေးလိုက်သည်၊၊

“လင်း… အများကြီး မပြောနဲ့… မင်းပြောသမျှက အနီရောင်ကမ္ဘာကို ရောက်သွားနိုင်တယ်’’

လင်းရှန်က ခေါင်းညိတ်လိုက်ပြီး ဂျူးလိယပ်စ်ကို ကြည့်လိုက်သည်၊၊

“ရိုးရိုးလေးပါပဲ… အာခီစိုင်းနဲ့ ဝေမြစ်က စခန်းတွေက တိတ်ဆိတ်မြို့တော်နဲ့ ငါ့ကို ပစ်မှတ်ထားတာလား’’

Chapter 679

မီးဥက္ကာပျံ ၃

လင်းရှန် ထိုသို့မေးလိမ့်မည်ဟု မည်သူမှ မထင်ထားကြချေ၊၊

ဂျူးလိယပ်စ်က ရယ်မောလိုက်သည်၊၊

“မင်းတို့က တကယ်ပဲ ငါတို့ရဲ့ သုတေသနတွေကို ခိုးယူပြီး လွတ်မြောက်နိုင်မယ် ထင်နေတာလား၊၊ ကဲ... ငါ မင်းတို့ကို လက်ဆောင်တစ်ခုပေးမယ်’’

ထိုသို့ပြောပြီး သူ၏ ဘယ်ဘက်လက်ကို မြှောက်လိုက်သည်၊၊ သူ၏ လက်ဖဝါး ပွင့်ထွက်သွားပြီး အတွင်းထဲတွင် ထိန်းချုပ်ကိရိယာတစ်ခုပေါ်လာသည်၊၊

ရွှန်းလည်း အန္တရာယ်ကို ခံစားမိလိုက်ပြီး ပစ်ခတ်ရန် ပြင်လိုက်သည်၊၊

သို့သော် ဂျူးလိယပ်စ်က ပိုမြန်သည်၊၊ သူသည် ခလုတ်ကို နှိပ်လိုက်ပြီး ပြောလိုက်သည်၊၊

“နှုတ်ဆက်ခဲ့ပါတယ်… အသုံးမကျတဲ့ အမှိုက်တွေ’’

သို့သော်... ဘာမှ ဖြစ်မလာခဲ့ပေ၊၊

လေထုတစ်ခုလုံး တိတ်ဆိတ်သွားသည်၊၊ ဂျူးလိယပ်စ်၏ မျက်နှာပေါ်ရှိ အပြုံးက အေးခဲသွားသည်၊၊

သူ ကြည့်လိုက်သောအခါ သူ၏ ဘယ်ဘက်လက် တစ်ခုလုံးမှာ ပျောက်ကွယ်နေသည်ကို တွေ့လိုက်ရသည်၊၊

“ဝက်ဦးနှောက်နဲ့ လူဆီမှာ ဒီလို ယန္တရားလက်မောင်းမျိုးရှိနေတာ နှမြောစရာပဲ’’ အဝေးမှ လင်းရှန်က အေးစက်စွာ ပြောလိုက်သည်၊၊

သူ့ရှေ့တွင် ယန္တရားလှည့်ကွက်များ လာသုံးခြင်းမှာ သေမင်းကို စိန်ခေါ်နေသကဲ့သို့ပင် ဖြစ်သည်၊၊

“ဒါ ဘယ်လိုဖြစ်...”

တီ

ဂျူးလိယပ်စ် နားလည်ရန် ကြိုးစားနေသော်လည်း သူ၏ ဦးနှောက်စနစ်က ချက်ချင်းပင် ရပ်ဆိုင်းသွားသည်၊၊

သူ အသက်သွင်းရန် ကြိုးစားခဲ့သော ကိရိယာသည် သင်္ဘောကို ဖျက်ဆီးပြီး အမှောင်ညစ်ညမ်းမှုများကို ပျံ့နှံ့စေမည့်အရာဖြစ်သည်၊၊ ၎င်းက လင်းရှန်တို့အတွက် အလွန်အန္တရာယ်များပေလိမ့်မည်၊၊

အခြားတစ်ဖက်တွင် ဂျူးလိယပ်စ်အစစ်သည် ဖန်သားပြင်ကို ကြည့်ရင်း ဖျက်ဆီးခြင်းအမိန့် အောင်မြင်မှုကို စောင့်နေသော်လည်း ဘာမှဖြစ်မလာပေ၊၊

“ဖျက်ဆီးခြင်း အစီအစဉ် ကျရှုံးသွားပြီ၊၊ ယန္တရားစွမ်းအားက တကယ်ပဲ အဝေးကနေ နှောင့်ယှက်နိုင်တာပဲ’’

ဂျူးလိယပ်စ်နောက်မှ အသံတစ်ခုထွက်ပေါ်လာသည်၊၊ သူလှည့်ကြည့်လိုက်ရာ အထူးပြုလုပ်ထားသည့် မျက်နှာအများပြားကို ပြသထားသည့် အလင်းမျက်နှာပြင်တစ်ခုရှိနေသည်၊၊ ထိုအထဲမှ မျက်နှာတစ်ခုစီတိုင်းတွင် code များ ရှိနေသည်၊၊

“ငါတို့ရဲ့ သုတေသနဌာနတွေ ပျက်စီးသွားပြီ… လင်းရှန်နဲ့ ရှင်းဂျီမာဆာရှီရဲ့ ပူးပေါင်းမှုက သိသာတဲ့ အန္တရာယ်တစ်ခုပဲ”

“ဂျူးလိယပ်စ်… အာရုဏ်ဦးမြို့က စစ်ဆင်ရေးတွေ စတော့မယ်၊၊ တွင်းနက်အမှတ် ၅ က အလုပ်တွေကို အရှိန်မြှင့်လိုက်တော့’’

“နားလည်ပါပြီ’’

ဂျူးလိယပ်စ်က နာရီကို ကြည့်လိုက်သည်၊၊

“အချိန်ကျပြီ… အဖြူရောင်မြို့သန့်စင်ခြင်းအစီအစဉ်ကို အခုပဲ စတင်လိုက်တော့ ၂၄ နာရီအတွင်း အပြီးသတ်လိုက်’’

…

အဖြူရောင်မြို့ဆေးရုံရှေ့တွင် ပျက်ကျနေသော သယ်ယူပို့ဆောင်ရေးသင်္ဘောသည် မီးများလင်းနေဆဲဖြစ်သည်၊၊

ဝုန်း

ယခုလေးတင် စကားပြောနေသောဂျူးလိယပ်စ်၏ ကိုယ်ပွားသည် မြေပြင်ပေါ်သို့ အသက်မဲ့စွာ လဲကျသွားသည်၊၊

“ငါ့ကို ယုံပေးလို့ ကျေးဇူးပဲ’’

လင်းရှန်က ရွှန်းကို ပြောလိုက်သည်၊၊

ရွှန်း သက်ပြင်းချလိုက်သည်၊၊ လင်းရှန်က သူ့ကို ခနစောင့်ရန် လျှို့ဝှက်အချက်ပြခဲ့သဖြင့် သူတုံ့ဆိုင်းခဲ့ခြင်းဖြစ်သည်၊၊ သူ၏ ပုံမှန်ဗီဇအရ လင်းရှန်၏ အမိန့်ကို ဦးစားပေးရန် ရှင်းဂျီသာ မပြောထားပါက သူနားထောင်မည်မဟုတ်ပေ၊၊ ယခု ကြည့်ရတာ လင်းရှန်၏ ရည်မှန်းချက်အောင်မြင်သွားပုံရလေသည်၊၊

“ရပါတယ်… ခဗျားက သူ့ရဲ့ မှတ်ဉာဏ်အမြုတေကို လိုချင်လို့ မဟုတ်လား… အခု ရသွားပြီပဲ’’

လင်းရှန်က ခေါင်းညိတ်လိုက်သည်၊၊

“သူ့ကွန်ပြူတာဦးနှောက်က အခြားသူတွေနဲ့ မတူတာအမှန်ပဲ”

တိုင်ရီလန်သည် ဂျူးလိယပ်စ်၏ ဦးခေါင်းနောက်မှ အမြုတေကို ဆွဲထုတ်ကာ ရွှန်းကို ပေးလိုက်သည်၊၊

“ဒီကနေ ထွက်ကြစို့’’

ချီလီက စိတ်သက်သာရာရစွာ ပြောသည်၊၊ သူတို့၏ တာဝန်မှာ အောင်မြင်ခဲ့ပြီ ဖြစ်သည်၊၊

သို့သော် ကီကီက စိတ်မအေးနိုင်သေးပေ၊၊

“အဲ့ဒီလူက... ဖောက်ခွဲရေးကိရိယာကို သုံးဖို့ ကြိုးစားတာက လှည့်ကွက်တစ်ခုလိုပဲ’’

ထိုစကားကို ကြားသောအခါ လင်းရှန်က ရွှန်းကို လှမ်းပြောလိုက်သည်၊၊

“တစ်ခုခုထူးဆန်းနေတယ်လို့ မထင်ဘူးလား၊၊ သူက ဘာလို့ အချိန်ဆွဲပြီး စကားပြောနေတာလဲ၊၊ ပြီးတော့ ငါ့ကို ထိန်းချုပ်ဖို့ အခွင့်အရေးပေးထားသလိုပဲ”

တိုင်ရီလန်က အမြုတေကို ရခဲ့သော်လည်း လင်းရှန်၏ မျက်နှာက ပို၍လေးနက်လာသည်၊၊ အနီရောင်ကမ္ဘာက သူ၏ စွမ်းအားကို မသိဘဲ နေမည် မဟုတ်ပေ၊၊

ရှင်းဂျီလည်း ချက်ချင်း သတိပြုမိသွားပြီး ရွှန်းကို အမိန့်ပေးလိုက်သည်၊၊

“ရွှန်း…မီကာတွေ သုံးပြီး ယာဉ်ပေါ်က ကိုယ်ပွားအလောင်းတွေကို ချက်ချင်းစစ်ဆေးပါ’’

ခဏအကြာတွင် ရွှန်းက ပြန်သတင်းပို့သည်၊၊

“ကိုယ်ပွား ၆၅ လောင်းပဲရှိတယ်၊၊ အားလုံးက ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးထားကြတယ်’’

“ရွှန်း.. လင်း ဒါက ထောင်ချောက်ပဲ’’

“ဘာ…”

ရှင်းဂျီက အချက်အလက်များကို ခွဲခြမ်းစိတ်ဖြာပြီးနောက် ပြောလိုက်သည်၊၊

“သင်္ဘောနှစ်စီးလုံးမှာ အလောင်း ၈၆ လောင်းပဲ ရှိတယ်၊၊ အရင်အသုတ်မှာ အနည်းဆုံး လူ ၁၆၀၀ စေလွှတ်ခဲ့တယ်။ ပြီးခဲ့တဲ့ နှစ်လအတွင်း ငါတို့ လေ့လာခဲ့တဲ့ အချက်အလက်တွေအရ ကိုယ်ပွားတွေရဲ့ သက်တမ်းနဲ့ ရှင်သန်နှုန်း လျော့နည်းသွားမှုနှုန်း…ငါတို့ရဲ့ ဝင်ရောက်စွက်ဖက်မှုမပါရင် ကိုယ်ပွား ၈၇% လောက်ကျန်တယ်။ ဒါကြောင့် သယ်ယူပို့ဆောင်ရေးသင်္ဘောတွေပေါ် တက်ပြီး ပြန်နိုင်တဲ့ ကိုယ်ပွားခန့်မှန်းချေက ၃၆၈ လောက်ရှိတယ်။ မူလ ၁၆၀၀ ကနေ အခုချိန်ထိ ဒီအတက်အကျက တဖြည်းဖြည်းမြင့်တက်လာနေပြီး… အနီရောင်ကမ္ဘာရဲ့ တွင်းနက်သုတေသနတိုးတက်လာမှုတွေနဲ့ ကိုက်ညီနေတယ်။ ဒါပေမယ့် ဒီတစ်ခါမှာတော့ ကိုယ်ပွားတွေကို ၇၀% ကျော် လျှော့ချလိုက်တာကြောင့် သူတို့မှာ တခြား ရွှေ့ပြောင်းရေးအစီအစဉ်တစ်ခု ရှိနိုင်တယ်ဆိုတာ သိသာနေတယ်”

ထိုစကားကြောင့် လင်းရှန်နှင့် အခြားသူများ မျက်နှာပျက်သွားကြသည်၊၊

ရုတ်တရက် ကောင်းကင်တွင် အသံတစ်ခုထွက်ပေါ်လာသည်၊၊ ဒုံးပျံငယ်ဒါဇင်ပေါင်းများစွာသည် မိလ္လာသန့်စင်စက်ရုံမှ အရပ်မျက်နှာအနှံ့သို့ ပျံတက်သွားခြင်းဖြစ်သည်၊၊

“မကောင်းတော့ဘူး”

ရွှန်းက အပေါ့စားမီကာတစ်ခုကို အသက်သွင်းကာ ချက်ချင်း လိုက်လံဖျက်ဆီးရန် ပြင်လိုက်သည်၊၊ ကီကီနှင့် ရူဂျိတို့လည်း လိုက်သွားကြသည်၊၊

“ဒါက အာရုံလွှဲတာလား’’ ချီလီက အော်လိုက်သည်၊၊

“အနီရောင်ကမ္ဘာက ကျွန်မတို့အစီစဥ်ကို ကြိုသိနေတာလား”

မိုနီကာက စိတ်ရှုပ်ထွေးစွာ မေးလိုက်သည်၊၊

“ငါတို့ တစ်ချိန်လုံး နှောင့်ယှက်နေတာ သိပေမယ့်… အခုလို အများကြီးစတေးပြီး မထွက်ပြေးဖူးဘူး”

တိုင်ရီလန်က မြင်ကွင်းကို ကြည့်ရင်းပြောသည်၊၊

“အဲ့ဒီဒုံးပျံတွေပေါ်မှာ အရေးကြီးတာ တစ်ခုခုပါသွားပြီ’’

ချန်ဆီရွှမ်က မှတ်ချက်ချသည်၊၊

လင်းရှန်၏ စိတ်ထဲတွင် ထင့်သွားသည်၊၊ သူတို့ရခဲ့သော အမြုတေနှစ်ခုသည် အရေးမပါသောအရာများဖြစ်နိုင်သည်၊၊

ကြည့်ရတာ… ဒုံးပျံတွေအကုန်လုံးထဲမှာ တစ်ခုပဲ အစစ်ရှိနေမှာသေချာတယ်…

“ကျနော်တို့ သူတို့ကို မမီတော့ဘူး…. လင်း သူတို့ကို ပြန်ခေါ်လိုက်တော့…. အဖြူရောင်မြို့ သန့်စင်ခြင်း အစီအစဉ် စတော့မယ်၊၊ အခုချက်ချင်း ဆုတ်ခွာရမယ်’’

ရွှန်း၏ အသံက အလွန်တည်ကြည်နေသည်၊၊

သို့သော် ထိုအချိန်တွင် အသံတစ်ခု ထွက်ပေါ်လာသည်၊၊

“အစ်ကိုလင်း… ငါ့ကို ခနစောင့်ဦး’’

ဝုန်း

ကီကီနှင့် ရူဂျိတို့သည် အစွမ်းကုန်မြှင့်တင်၍ လိုက်ပါသော်လည်း အရာမထင်ဖြစ်နေချိန်တွင် မီးတောက်တစ်ခုသည် ကောင်းကင်သို့ ထိုးတက်သွားပြီး အနီးဆုံးဒုံးပျံဆီသို့ ဦးတည်သွားကာ ညအမှောင်အတွင်း၌ တစ်ခဏချင်း ပျောက်ကွယ်သွားသည်၊၊

All Chapters