← Chapters

အခန်း (၆၈၂-၆၈၃)

Vol. 41 Ch. 682-683

အခန်း (၆၈၂-၆၈၃)

Vol. 41 Ch. 682-683

Chapter 682

ယန္တရားအဖွဲ့ ၂

လင်းရှန်က ခါးသီးစွာ ပြုံးရင်း ခေါင်းခါလိုက်သည်၊၊

“ကျုပ်သိပါတယ်၊၊ အားလုံးကို တစ်ခါတည်းနဲ့ ဖြေရှင်းနိုင်လိမ့်မယ်လို့ ကျုပ်မမျှော်လင့်ထားပါဘူး၊၊ ဒါပေမဲ့ စက်ရုံထဲ ရောက်သွားရင်တောင် သန့်စင်ခြင်းစနစ်က ဘာလဲဆိုတာ ကျုပ်တို့ မသိသေးဘူး၊၊ ပိတ်နိုင်မလား ဆိုတာက တစ်ပိုင်းပေါ့၊၊ အကယ်၍ ပိတ်နိုင်ခဲ့ရင်တောင် အဲ့ဒီသားရဲကြီးနိုးနေပြီဆိုရင် ခဗျားရဲ့ ဟိုက်ဒရိုဂျင်ဗုံးနဲ့ လှည့်စားမယ့် အစီအစဉ်ကို အချိန်စောပြီး စတင်ရလိမ့်မယ်၊၊ အမှန်တိုင်းပြောရရင် အနီရောင်ကမ္ဘာက ကျုပ်တို့ကို တွင်းနက်ထဲမှာ မြှုပ်ပစ်ချင်နေတယ်၊၊ သူတို့မှာ ဘာတွေကျန်သေးလဲ ဘယ်သူသိမှာလဲ၊၊ ကျုပ်တို့မှာ အခွင့်အရေးတစ်ခုပဲ ရှိတယ်၊၊ အဲ့ဒါက အခု ရတဲ့ အချိန်အပိုင်းအခြားပဲ၊၊ ခဗျားရဲ့ တွက်ချက်နိုင်စွမ်းနဲ့ဆိုရင် အချိန်ဆွဲလေလေ… အခြေအနေဆိုးလေလေဆိုတာ ခဗျားသိပြီးသား မဟုတ်လား”

တိတ်ဆိတ်သွားသည်၊၊ တိတ်ဆိတ်မြို့တော်မှ လူများ အားလုံး ငြိမ်ကျသွားကြသည်၊၊ ဘန်ကာ၏ ထိန်းချုပ်ခန်းထဲတွင် ရှင်းဂျီသည် စွမ်းအားဝတ်စုံနှင့် လင်းရှန်၏ လက်ချောင်းများ စည်းချက်ကျကျလှုပ်နေသည်ကို စောင့်ကြည့်မျက်နှာပြင်မှတစ်ဆင့် ကြည့်ရင်း ဘာမှမပြောဘဲ နေနေသည်၊၊

စက္ကန့်အနည်းငယ် ကြာပြီးနောက် သူက အသာအယာပြုံးလိုက်ပြီး သက်ပြင်းချလိုက်သည်၊၊

“မင်းပြောတာ မှန်ပါတယ်၊၊ ဖြစ်နိုင်ခြေအရဆိုရင် အရာအားလုံးက ငါတို့ဘက်မှာ မရှိဘူး၊၊ ဆုတ်ခွာဖို့ ပြင်ကြစို့၊၊ အချိန်တွက်ကြည့်ရအောင်… ည ၈ နာရီ ၄၀၊၊ နောက်ထပ် ဒီရေစက်ဝန်းက ည ၉ နာရီ ၅ မိနစ်မှာ ပြီးမယ်၊၊ ဆိုတော့ ငါတို့မှာ ၈၅ မိနစ် ရှိတယ်၊၊ နောက်ထပ် မိနစ် ၄၀ ကို ဘန်ကာထဲက ဟူလုရှို့အပါအဝင် အားလုံးကို ပြင်ဆင်ခိုင်းဖို့ ငါ သုံးလိုက်မယ်”

လင်းရှန်လည်း သူ့လက်ပတ်နာရီကို ကြည့်လိုက်သည်၊၊

“ကျုပ်က ပေါင်းစည်းယာဉ်တန်းကို ပြင်ဆင်ခိုင်းလိုက်မယ်၊၊ ဒီရေကျတာနဲ့ ကျုပ်က ရွှန်းနဲ့တခြားလူတွေ ခေါ်ပြီး မိလ္လာသန့်စင်စက်ရုံကို သွားမယ်၊၊ ပြီးရင် ရထားလမ်းပိုင်းကို ပြန်လာပြီး ခဗျားရဲ့ သံလိုက်ချိတ်ဆက်မှုစနစ်ကို စောင့်နေမယ်”

“ဒါဆို ငါတို့ တကယ်ပဲ… နောက်တစ်ခါ ဒီရေတက်နေတုန်း ထွက်ခွာကြမှာလား”

တိုင်ရီလန်က အံ့အားသင့်စွာ မေးလိုက်သည်၊၊

“ဒါက...”

“တခြားပိုကောင်းတဲ့ နည်းလမ်းမရှိတော့ဘူး လန်”

ရွှန်းက ကူကယ်ရာမဲ့စွာ ပြုံးပြသည်၊၊

“တိတ်ဆိတ်မြို့တော် စတင်လိုက်တာနဲ့ အဆင့် S ထူးဆန်းတဲ့ သတ္တဝါ ဒါမှမဟုတ် တွင်းနက်အုပ်စိုးသူကိုယ်တိုင် ပေါ်လာလိမ့်မယ်၊၊ ဒါပေမဲ့ မစတင်ဘူးဆိုရင်လည်း ပေါင်းစည်းယာဉ်တန်းက ဖြတ်သွားလို့ မရဘူး၊၊ အဲ့ဒီ တွင်းနက်မိစ္ဆာကလည်း နီးလာပြီဆိုတော့ ငါတို့ ဒီအတိုင်း ထိုင်စောင့်နေလို့ မရဘူး၊၊ အဲ့ဒီအကောင်နဲ့ ယှဉ်ရင်တော့ အတွင်းပိုင်းဒီရေက ပိုပြီး အန္တရာယ်နည်းပါတယ်”

ထိုစကားကို ကြားသောအခါ တိုင်ရီလန်က ခေါင်းညိတ်လိုက်ပြီး သက်ပြင်းချလိုက်သည်၊၊

“နင်ပြောတာ မှန်ပါတယ်”

လင်းရှန်က နန်ကျင်းဘက်သို့ လှည့်ကြည့်လိုက်သည်၊၊ သူတို့နှစ်ဦး မျက်လုံးချင်းဆုံကာ သဘောတူကြောင်း ခေါင်းညိတ်ပြကြသည်၊၊ ထို့နောက် သူက အမှောင်တောအုပ်ထဲရှိ ပေါင်းစည်းယာဉ်တန်းအဖွဲ့ထံသို့ နောက်ဆုံးအစီအစဉ်ကို ပေးပို့လိုက်သည်၊၊

သတင်းရောက်သွားသည်နှင့် ရှီတိယွမ်နှင့် အခြားလူများသည် အခြေအနေ မည်မျှ စိုးရိမ်ရကြောင်း ချက်ချင်း နားလည်သွားကြသည်၊၊ အေးဆေးတည်ငြိမ်နေသော စခန်းတစ်ခုလုံး ရုတ်တရက် တင်းမာသွားသည်၊၊ ယာဉ်တန်းခေါင်းဆောင်များသည် ညွှန်ကြားချက်များကို အမြန်ဆုံး ဖြန့်ဝေလိုက်ပြီး ဂရေ့စ်နှင့် လင်းရှန်တို့ ရေးဆွဲထားသော အရေးပေါ် အစီအစဉ်အတိုင်း နေရာအသီးသီးတွင် ပြင်ဆင်မှုများ စတင်လိုက်ကြသည်၊၊

အနန္တရထားပေါ်ရှိ အမိုးပေါ်မှလက်နက်စနစ်အားလုံးကို အောက်သို့နှိမ့်ချလိုက်သည်၊၊ ရထားတွဲများအတွင်း၌လည်း အခြေအနေမှာ တင်းမာနေ၏၊၊ အရှေ့ဆုံးမှ ဦးဆောင်သည့်ယာဥ်တန်းဖြစ်သည်နှင့်အညီ အနန္တရထားသည် ပျံဝဲစနစ်အတွင်းသို့ ပထမဆုံးတိုးဝင်ရမည် ဖြစ်သည်၊၊ လော့ယန်နှင့် လူအိုကြီးမိုတို့သည် အင်ဂျင်နီယာအဖွဲ့ဝင်တစ်စုကို ဦးဆောင်ကာ နောက်ဆုံးပြင်ဆင်မှုများ ပြုလုပ်နေကြသည်၊၊

“ဟုတ်ကဲ့… ကပ္ပတိန်လင်း ကျွန်တော်တို့ အခုချက်ချင်း ပြင်ဆင်လိုက်ပါ့မယ်”

“အခုရှိနေတဲ့နေရာမှာ တခြားထူးခြားမှု မရှိပါဘူး”

“ရေဒါမှာလည်း အဲဒီမြွေကြီးကို မတွေ့သေးဘူး...”

“နားလည်ပြီ”

နောက်ဘက်ခန်းတွင် ရှားရှားသည် ဆယ်လီကို သံလိုက်စက်ကွင်းကြောင့် ပြုတ်မထွက်သွားစေရန် ဝင်ရိုးခြောက်ခု စက်ရုပ်လက်တံဖြင့် ပြင်ဆင်နေသည်၊၊ တစ်ချိန်တည်းမှာပင် လီယီသည် စွန်းယုကျန်းနှင့် အခြားသူများနှင့်အတူ အနန္တပေါ်ရှိ ထောက်ပံ့ရေးပစ္စည်းအားလုံးကို တင်းကျပ်စွာ ချည်နှောင်နေကြသည်၊၊ ရှုချင်း၊ လျန်လေးတို့သည် ခဲယမ်းမီးကျောက်များ ဖြည့်တင်းခြင်းကို လုပ်ဆောင်နေကြသည်၊၊ တွဲအမှတ် ၃ တွင် တင်းကျန်းရီသည် လင်းရှန်၏ သတင်းစကားကိုကြားသောအခါ ချက်ချင်းပင် ပြောလိုက်သည်၊၊

“သိပြီ… ဂရေ့စ်ကို အရေးကြီးတဲ့ အချက်အလက်တချို့ကို ကျွန်မဆီ ပို့ခိုင်းလိုက်ပါ”

တင်းကျန်းရီသည် လင်းရှန်တွင် အချိန်မရှိမှန်း သိသော်လည်း ကံကောင်းထောက်မစွာပင် ဂရေ့စ်သည် အလုပ်များစွာကို တစ်ပြိုင်နက် လုပ်ဆောင်နိုင်သည်၊၊ အချက်အလက် ပေးပို့ရာတွင် ကြန့်ကြာမှုများ ရှိသော်လည်း သူမ ဂရုမစိုက်ပေ၊၊ အချက်အလက် ပိုရရှိခြင်းက သူမကိုပါ ကူညီနိုင်ခွင့် ရစေမည် ဖြစ်သည်၊၊

အဖြူရောင်မြို့ဆေးရုံ၏ ရင်ခွဲရုံတွင် ရွှေ့ပြောင်းမည့် အစီအစဉ်ကို အတည်ပြုပြီးနောက် သက်ဆိုင်ရာနှစ်ဖက်စလုံးက စတင်ပြင်ဆင်ကြသည်၊၊ တစ်ချိန်တည်းမှာပင် လင်းရှန်သည် မိလ္လာသန့်စင်စက်ရုံ ပြဿနာကို စတင်ဆွေးနွေးလိုက်သည်၊၊ အကြောင်းမှာ လတ်တလောတွင် အရေးကြီးဆုံး ပြဿနာဖြစ်နေသောကြောင့် ဖြစ်သည်၊၊

“၁၅ မိနစ်ပဲ ကျန်တော့တယ်”

ရွှန်းက ACS စက်ရုပ်ကို ရှေ့သို့ မောင်းနှင်လာပြီး မိလ္လာသန့်စင်စက်ရုံ၏ မြင်ကွင်းကျယ် ဟိုလိုဂရမ်မြေပုံကို ပြသလိုက်သည်၊၊ လင်းရှန် ကြည့်လိုက်ရုံဖြင့် သူတို့ ကြိုတင်၍ အသေအချာစူးစမ်းပြင်ဆင်ထားကြောင်း သိနိုင်သည်၊၊

“ကျနော်တို့ စောင့်ကြည့်ချက်အရ စက်ရုံရဲ့ မီတာ ၅၀၀ ပတ်လည်မှာ ထူးဆန်းတဲ့ သတ္တဝါတွေ မရှိသလောက်ပဲ၊၊ ဒါကြောင့် ခြင်္သေ့ငါးရုပ်တုကြီးကို အဲ့ဒီနေရာမှာ တမင်ထားထားတာလို့ ကျနော်တို့ သံသယရှိတယ်၊၊ သူက အဲ့ဒီနေရာမှာ မလှုပ်ရှားပဲရှိနေတာ ကြာပြီ၊၊ ဒါပေမဲ့ ဘာကြောင့်လဲတော့ မသိဘူး၊၊ သူက အမြဲတမ်း လည်နေတယ်၊၊ ၂ မိနစ်ကနေ ၃ မိနစ်ကြားမှာ တစ်ပတ်လည်နေတာ”

“နေပါဦး၊၊ အဲ့ဒါက မီးမောင်းကြီးတစ်ခုနဲ့ တူနေတာပဲ” ကီကီက နားမလည်နိုင်စွာ ပြောလိုက်သည်၊၊

“သူတို့ရဲ့ ဓာတ်ခွဲခန်းကို ကာကွယ်ဖို့ ဒီအကောင်ကြီးကို သုံးနေတာလား၊၊ တကယ့်ကို အရူးတွေပဲ”

“တကယ်ပဲ”

လင်းရှန်က ရွှန်းဘက်လှည့်ကာ မေးလိုက်သည်၊၊

“အဲ့ဒီ ရုပ်ထုကြီးရဲ့ မြင်ကွင်းက ဘယ်လောက်အထိရှိလဲ”

ရွှန်းက လက်လျှော့လိုက်သလို ပြုံးလိုက်သည်၊၊

“ဒါကတော့ ကျနော်လည်း မသိဘူး၊၊ ခုနက ပြောသလိုပဲ… အနီရောင်ကမ္ဘာက ဒီအချက်အလက်တွေကို ရဖို့ လူသားတွေရဲ့ အသက်နဲ့ ရင်းခဲ့တယ်၊၊ ကျနော်တို့ တကယ်ပဲ အကုန်မသိသေးဘူး”

“ပြီးတော့ အဲ့ဒီနေရာက ကာကွယ်ရေးလက်နက်တွေ အများကြီးပဲ၊၊ ဒရုန်းတွေ ဒါမှမဟုတ် စက်ရုပ်တွေနဲ့တင် မလုံလောက်ဘူး”

တိုင်ရီလန်က သူမ လက်ကောက်ဝတ်ရှိ ကိရိယာတစ်ခုကို လှည့်ရင်း စိတ်ပျက်လက်ပျက် ပြောလိုက်သည်၊၊

“အရင်က ဒရုန်းနဲ့ စူးစမ်းဖို့ ကြိုးစားခဲ့ဖူးတယ်၊၊ ဒါပေမဲ့ EMP ကာကွယ်ရေးစနစ်ကြောင့် အကုန်ဖျက်ခံလိုက်ရတယ်”

လင်းရှန်၏ မျက်နှာတင်းမာသွားသည်၊၊ တိတ်ဆိတ်မြို့တော်၏ အထူးအဖွဲ့များတောင်မှ ကိုယ်ပွားတစ်ယောက် စောင့်ကြပ်ထားသည့်နေရာကို ဘာကြောင့် မဖောက်ထွင်းနိုင်ရသလဲဆိုသည်ကို သူ ယခုမှ နားလည်သွားသည်၊၊

တွင်းနက်ထဲတွင် ပိတ်မိနေခြင်း၊၊

အတွင်းဒီရေစက်ဝန်းများ၊၊

ကြောက်မက်ဖွယ်ကောင်းသော ခြင်္သေ့ငါးရုပ်ထုကြီးနှင့် ပြင်းထန်သော လက်နက်များ၊၊

၎င်းမှာ ငရဲတံခါးကို သွားတိုက်ခိုက်နေရသလိုပင် ဖြစ်သည်၊၊ သူ၏ စွမ်းအားဝတ်စုံနှင့်တောင်မှ ထိုအရာကို တစ်ချက်ကြည့်လိုက်ရုံဖြင့် စနစ်တစ်ခုလုံး ပြန်စတင်သွားရသည်ကို သူကိုယ်တိုင်ကြုံခဲ့ရသည်၊၊ အခြားသော စွမ်းအားရှင်များ ဆိုလျှင်လည်း ထိုအတိုင်းပင် ဖြစ်မည်မှာ သေချာသည်၊၊

“နေပါဦး၊၊ ရှင်တို့ရဲ့ ACS နဲ့ စက်ရုပ်တွေမှာ မိုက်ခရိုဝေ့ဖ် ပလက်စမာ ဒိုင်းကာတွေ ပါတယ် မဟုတ်လား၊၊ EMP ကို ခံနိုင်ရည် ရှိသင့်တယ်လေ”

ကီကီက ရွှန်းကို လှည့်မေးလိုက်သည်၊၊

သူက ခေါင်းညိတ်ပြသည်၊၊

“နည်းပညာအရဆိုရင်တော့ ဟုတ်ပါတယ်၊၊ ဒါပေမဲ့ စက်ရုပ်က EMP ဇုန်ထဲ ရောက်သွားတာနဲ့ စက်ရုပ်က မပျက်စီးရင်တောင် ငါထိန်းချုပ်လို့ မရတော့ဘူး၊၊ ဘာအချက်အလက်မှလည်း ပြန်မရတော့ဘူး၊၊ အဓိက ပြဿနာက အထဲမှာ ဘာရှိလဲဆိုတာ ငါတို့ လုံးဝ မသိတာပဲ၊၊ ဓာတ်ခွဲခန်းကို တိုက်ခိုက်တာထက်စာရင် သယ်ယူပို့ဆောင်ရေးသင်္ဘောတွေကို ကြားဖြတ်တာက ပိုပြီး အန္တရာယ်နည်းပြီး ထိရောက်တယ်၊၊ ဒါကြောင့်ပဲ သူတို့က ဒီတစ်ခါ သယ်ယူပို့ဆောင်ရေးသင်္ဘောနဲ့ လှည့်စားခဲ့တာပဲ”

Chapter 683

ယန္တရားအဖွဲ့ ၃

ထိုစကားကို ကြားသောအခါ လင်းရှန်လည်း တိတ်ဆိတ်မြို့တော်၏ တွန့်ဆုတ်မှုကို နားလည်သွားသည်၊၊ သူတို့၏ တိုက်ခိုက်ရေးစက်ရုပ်များသည် သာမန်စက်များ မဟုတ်ဘဲ ACS ဖြင့် အဝေးမှ ထိန်းချုပ်ရသော အဆင့်မြင့်ပစ္စည်းများ ဖြစ်သည်၊၊ Ai အစစ်အမှန် မဟုတ်ပေ၊၊ ဘာမှမသိဘဲ လွှတ်လိုက်ခြင်းမှာ ကြီးမားသော စွန့်စားမှု ဖြစ်သည်၊၊

ထိုစဉ် သူတစ်ခုခုကို သတိရသွားသည်၊၊ သူက ဂရေ့စ်ကို ကြည့်လိုက်ပြီးနောက် အနီရောင်ကမ္ဘာ၏ သယ်ယူပို့ဆောင်ရေးသင်္ဘောပေါ်မှ သိမ်းဆည်းလာသော စက်ရုပ်ကို ကြည့်လိုက်သည်၊၊ ၎င်းမှာ ဂရေ့စ်နှင့် တည်ဆောက်ပုံအတူတူပင် ဖြစ်ပြီး ဂရေ့စ်၏ စနစ်ဖြင့် အစားထိုးလိုက်ပါက ချက်ချင်း အသုံးပြုနိုင်မည် ဖြစ်သည်၊၊

“သူမကော” သူက လက်ညှိုးထိုးပြလိုက်သည်၊၊

“ခဗျား ဆိုလိုတာက...”

ရွှန်း မျက်မှောင်ကြုတ်လိုက်သည်၊၊

“ခဗျားရဲ့ AI ကို အထဲလွှတ်ပြီး ကာကွယ်ရေးစနစ်တွေကို ပိတ်ခိုင်းမလို့လား”

လင်းရှန်က အသက်ကို ပြင်းပြင်းရှူလိုက်သည်၊၊

“ငါတို့ စွမ်းအားရှင်တွေထဲက ဘယ်သူမှ လျှပ်စစ်သံလိုက်အမြောက်တွေ ဒါမှမဟုတ် အလိုအလျောက် သေနတ်တွေကို ခံနိုင်လိမ့်မယ်လို့ ငါမယုံဘူး”

ထိုလက်နက်များ မည်မျှ ပြင်းထန်သည်ကို သူ အသိဆုံးဖြစ်သည်၊၊ သူကိုယ်တိုင်လည်း G3 လျှပ်စစ်သံလိုက်အမြောက်များကို တည်ဆောက်ခဲ့ဖူးသည်၊၊ သားရဲအုပ်စုများကို တိုက်ခိုက်ရာတွင် ထိုလက်နက်များက မလုံလောက်သော်လည်း လူသားများ သို့မဟုတ် စွမ်းအားရှင်များအတွက်မူ ၎င်းတို့မှာ သေမင်းတမန်လက်နက်များဖြစ်သည်၊၊ အာခီစိုင်းတွင် ထိုကဲ့သို့သော လက်နက်ကြီးများကို သုံးပြီး ကန္တာရဓားပြအထူးအဖွဲ့ကို အပြတ်အသတ် ရှင်းလင်းခဲ့ဖူးသည်၊၊ သူတို့ထဲမှ ဘယ်သူက ဂတ်တလင်သေနတ်ကျည်ဆန်တွေကို အံတုပြီး အသက်ရှင်နိုင်မှာလဲ၊၊

စွမ်းအားဝတ်စုံ ဝတ်ထားလျှင်ပင် တိုက်ရိုက်ဝင်တိုးခြင်းက ကိုယ့်ကိုယ်ကိုယ် သတ်သေခြင်းပင် ဖြစ်သည်၊၊

“အဲ့ဒီအစီအစဉ်က ဖြစ်နိုင်ပါတယ်”

ရှင်းဂျီ၏ အသံ ထွက်ပေါ်လာသည်၊၊

“ဒီအနီရောင်ကမ္ဘာ ကချေသည်ယူနစ်ရဲ့ အသိဉာဏ်အဆင့်အတန်းနဲ့ဆိုရင် သူမ ဒီတာဝန်ကို ထမ်းဆောင်နိုင်တယ်”

လင်းရှန်က ပြုံးကာ မေးလိုက်သည်၊၊

“ဒါဆို ခဗျားက ဒါကို ကြိုစဉ်းစားထားပြီး ကျုပ်ပြောမယ့်အချိန်ကို စောင့်နေတာပေါ့ ဟုတ်လား”

ဘန်ကာ ထိန်းချုပ်ခန်းမှ ရှင်းဂျီက လက်ပိုက်ရပ်နေသည်၊၊

“အင်း… အဲ့ဒါက မင်းရဲ့ ပိုင်ဆိုင်မှုလေ၊၊ ပြီးတော့ ကွမ်တမ်ပမာဏ ၈၁၉၂ ရှိတဲ့ AI တစ်ခုရဲ့ တန်ဖိုးကို မင်းသိမှာ မဟုတ်ဘူး၊၊ ဂျူးလိယပ်စ်က အဲ့ဒီစက်ရုပ်ကို မြင်သွားပြီဆိုတော့ အနီရောင်ကမ္ဘာက အဲ့ဒါကို ပြန်ရဖို့ ဘယ်တော့မှ လက်လျှော့မှာ မဟုတ်ဘူး”

“ဒါဆိုရင်လည်း ကြိုးစားကြည့်ခိုင်းလိုက်တာပေါ့”

လင်းရှန်က အေးစက်စွာ ပြောပြီးနောက် ဂရေ့စ်ဘက် လှည့်လိုက်သည်၊၊

“ဂရေ့စ်”

ဂရေ့စ်က လက်နှစ်ဖက်ကို နောက်ပစ်ကာ တည်ငြိမ်စွာဖြင့် ရှေ့သို့ တိုးလာသည်၊၊

[နားလည်ပါပြီ၊၊ ကျွန်မကို အဆောက်အဦးထဲ ခိုးဝင်ခိုင်းပြီး EMP ကာကွယ်ရေး စနစ်နဲ့ လက်နက်စနစ်တွေကို ပိတ်ခိုင်းချင်တယ်၊၊ ပြီးတော့ အတွင်းပိုင်းစူးစမ်းမှုတွေ လုပ်ရမယ်၊၊ ဒါက ခက်ခဲတဲ့ တာဝန်တစ်ခုဖြစ်ပေမဲ့ ကျွန်မ လက်ခံပါတယ်]

သူမက ကြမ်းပြင်ပေါ်တွင် ပုံကျနေသော သူမနှင့်ပုံစံတူစက်ရုပ်ဘက်သို့ လှည့်လိုက်သည်၊၊

[ထပ်ပေါင်းအကြံပြုလိုတာကတော့ ဒီအနီရောင်ကမ္ဘာ ကချေသည်အတန်းအစား တိုက်ခိုက်ရေးစက်ရုပ်ကို ကျွန်မရဲ့ အကူအညီပေးရေး ယူနစ်အဖြစ် အသုံးပြုဖို့ပါ၊၊ အဖွဲ့လိုက်လှုပ်ရှားတာက တာဝန် အောင်မြင်နိုင်ခြေကို ပိုမြင့်မားစေပါလိမ့်မယ်]

“ပြဿနာမရှိဘူး”

လင်းရှန်က လက်မြှောက်လိုက်သည်နှင့် ဂရေ့စ်နှင့်ပုံစံတူစက်ရုပ်၏ ပါဝါစနစ်ပြန်တက်လာသည်၊၊ ဂရေ့စ်က ၎င်း၏ စနစ်ကို အစားထိုးပြီးဖြစ်သည်၊၊ စွမ်းအင်ဗဟိုချက်မှ အသံထွက်ပေါ်လာသည်နှင့်အမျှ ၎င်း၏ ဆက်သွယ်ရေးများ ပြန်လည်တည့်မတ်လာပြီး စက်ရုပ်က မတ်တပ်ရပ်လိုက်သည်၊၊

[ပရိုဂရမ် စတင်နေပါပြီ...]

စက်ရုပ်က လျှောက်လာပြီး ယန္တရားသံဖြင့် ပြောလိုက်သည်၊၊

[လုပ်ထုံးလုပ်နည်းကို လက်ခံသည်၊၊ ထိန်းချုပ်မှု မက်ထရစ်ကို ထည့်သွင်းနေသည်]

ယခုအခါ ကချေသည်အတန်းအစား စက်ရုပ်နှစ်ရုပ်သည် ဘေးချင်းယှဉ်ရပ်နေကြပြီ ဖြစ်သည်၊၊ လှပခြင်းနှင့် သေမင်းတမန်… ၎င်းတို့သည် ယန္တရားတိကျမှုနှင့် ထူးဆန်းသော အလှတရားတို့ ရောယှက်နေသည်၊၊

[ရှင်နာမည်ပေးချင် ပေးလို့ရပါတယ်၊၊ ဒါမှမဟုတ် ကချေသည်ယူနစ်-၀၁ လို့ ခေါ်လို့ရပါတယ်၊၊ သူက ကျွန်မနဲ့ အခြေခံစည်းမျဉ်းတွေ အတူတူပါပဲ]

ဂရေ့စ်က ထပ်ပြောသည်၊၊

“အဲ့ဒီအတိုင်းပဲ ခေါ်ကြတာပေါ့”

လင်းရှန်က ပြန်ပြောသည်၊၊ သူ့မှာ နာမည်ပေးဖို့ အချိန်မရှိပေ၊၊

“လင်းရှန်”

ခြေသံများ ထွက်ပေါ်လာသည်၊၊

ထိုစဉ် နောက်ဘက်တွင် ရပ်နေသော ကြီးမားသည့် စက်ရုပ်အချို့ ရှေ့သို့ တိုးလာသည်၊၊ ရွှန်းက ACS စက်ရုပ်ကို လက်ညှိုးထိုးပြကာ ရိုးသားစွာဖြင့် ပြောလိုက်သည်၊၊

“ဒါဆိုရင် ငါ့ရဲ့ စက်ရုပ်တွေကိုလည်း တစ်ခါတည်း ခေါ်သွားပေးပါ၊၊ အနီရောင်ကမ္ဘာ AI ကိုပဲ အဲ့ဒီစက်ရုပ်တွေကို ထိန်းချုပ်ခိုင်းလိုက်ပါ၊၊ သူတို့က တစ်ခုခုတော့ အသုံးဝင်လိမ့်မယ်လို့ ငါယုံကြည်တယ်”

လင်းရှန်က သူ့ကို တစ်ချက်ကြည့်လိုက်ပြီး တွန့်ဆုတ်မနေဘဲ ခေါင်းညိတ်လိုက်သည်၊၊

“ကောင်းပြီ၊၊ အဲ့ဒီအတိုင်းလုပ်ကြတာပေါ့”

ရွှန်း၏ စက်ရုပ်များ အကူအညီပါလျှင် အောင်မြင်နိုင်ခြေ သေချာပေါက် ပိုမြင့်လာမည် ဖြစ်သည်၊၊ လင်းရှန်အနေဖြင့်လည်း တန်ဖိုးရှိသော အနီရောင်ကမ္ဘာ AI ကို အပျက်စီးမခံချင်သော်လည်း ပိုကောင်းသော ရွေးချယ်စရာ မရှိပေ၊၊ ရွှန်းက အတူတကွ တိုက်ပွဲဝင်လိုသည့် ဆန္ဒကို ပြသနေခြင်းဖြစ်သည်ကို သူ နားလည်သည်၊၊

ချန်ဆီရွှမ်က ဝင်ပြောသည်၊၊

“လင်းရှန်၊၊ ကာကွယ်ရေး စနစ်ကို ဖျက်ဆီးပြီးရင် အဲ့ဒီရုပ်ထုကြီးကို ဘယ်လိုလုပ်မလဲ”

ကီကီက အကြံပြုသည်၊၊

“စောင့်ကြည့်တာတွေကို ကျော်ပြီး ကားတစ်စီးနဲ့ တန်းဝင်သွားရင်ကော”

နန်ကျင်းက ဝင်ပြောသည်၊၊

“အနီရောင်ကမ္ဘာ သုံးတဲ့ သင်္ဘောတွေက လုံးဝ ပိတ်ထားတဲ့ အခန်းတွေနဲ့၊၊ အဲ့ဒါက တမင်လုပ်ထားတာ ဖြစ်နိုင်တယ်”

ရွှန်းက ခေါင်းညိတ်သည်၊၊

“သူတို့ရဲ့ သယ်ယူပို့ဆောင်ရေးသင်္ဘောတွေ ပျံတက်တာကို ကျနော်တို့ စောင့်ကြည့်ခဲ့ဖူးတယ်၊၊ အဲ့ဒီရုပ်ထုကြီး တခြားဘက်ကို လှည့်နေတဲ့ အချိန်မှာ သူတို့ ပျံတက်ကြတယ်၊၊ ကျနော်တို့လည်း အဲ့ဒီအချိန်ကို သုံးလို့ရတယ်၊၊ ဒါပေမဲ့ အချိန်ကတော့ တိကျဖို့ လိုလိမ့်မယ်”

“ငါစဉ်းစားနေတာလည်း အဲ့ဒါပဲ”

လင်းရှန်က အချိန်ကို ကြည့်လိုက်ပြီး ပြောသည်၊၊

“ဒီရေကျတာနဲ့ ဂရေ့စ်က စက်ရုပ်အဖွဲ့ကို ဦးဆောင်ပြီး သွားလိမ့်မယ်၊၊ ငါနဲ့ ကီကီက အဲ့ဒီယာဉ်ပေါ်က သယ်ယူပို့ဆောင်ရေး ကားနှစ်စီးကို သွားယူမယ်၊၊ ကာကွယ်ရေး စနစ် ပျက်သွားတာနဲ့ အထဲကို အတင်းဝင်ဖို့ အခွင့်အရေး ရှာကြမယ်”

“အဖွဲ့တွေ ခွဲမှာလား”

“လူနည်းလေ ပိုကောင်းလေပဲ”

လင်းရှန်က ပြတ်သားစွာ ပြန်ပြောသည်၊၊

“အဲ့ဒီရုပ်ထုကြီးက ပြင်းထန်တဲ့ အမှောင်စွမ်းအင်တွေကို ထုတ်လွှတ်နေတယ်… လူကိုယ်တိုင် ထိန်းချုပ်နေတာမဟုတ်တော့ အထဲမှာ လူအများကြီးမလိုဘူး၊၊ ငါ၊ ကီကီနဲ့ မီးတောက်ပဲ သွားမယ်၊၊ ကျန်တဲ့လူတွေက အပြင်မှာ နေပြီး အမှောင်သတ္တဝါတွေကို တားထားပေးပါ၊၊ သုတေသနဌာနကို ဖောက်ထွင်းတာကတော့ ဆူညံသွားမှာ သေချာတယ်”

ရွှန်းက ခေါင်းညိတ်လိုက်သည်၊၊

“ဒါဆိုရင် ရှီဇီနဲ့ ကျနော်လည်း ခဗျားတို့နဲ့ လိုက်ခဲ့မယ်၊၊ လင်းရှန်… ခဗျားတစ်ယောက်တည်း သွားလို့ မဖြစ်ဘူး၊၊ ရှီဇီက အမှောင်စွမ်းအင်ကို ခုခံဖို့ ကူညီပေးနိုင်တယ်၊၊ ပြီးတော့ ရှင်းဂျီနဲ့ ကျနော်က အနီရောင်ကမ္ဘာနဲ့ အဖြူရောင်မြို့အကြောင်းကို အသိဆုံးပဲ၊၊ နောက်ပြီး ကျနော့်စက်ရုပ်တွေ မရှိရင် ကျနော်က အပြင်မှာလည်း သိပ်အသုံးမဝင်ပါဘူး”

ရွှန်းက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်၊၊

“အစ်ကိုလင်း.. ဒီစက်ရုပ်ကြီးကို ကိုယ်တိုင်မောင်းရတာက နည်းနည်း... ခက်တယ်”

လုရှင်းချန်၏ အသံက စက်ရုပ်ထဲမှ ထွက်ပေါ်လာသည်၊၊

“အော်…ဟုတ်သားပဲ၊၊ ကျနော် မေ့တော့မလို့”

ရွှန်းက စက်ရုပ်ကို တစ်ချက်ကြည့်ပြီး လင်းရှန်ကို ကြည့်လိုက်သည်၊၊

မီးတောက်သည် အစောပိုင်းက သူ၏ စွမ်းအားဝတ်စုံ လောင်ကျွမ်းသွားခဲ့သဖြင့် ယခုအခါ ရွှန်း၏ တိုက်ခိုက်ရေး စက်ရုပ်တစ်ခုထဲတွင် ကျပ်တည်းစွာ ရောက်နေခြင်း ဖြစ်သည်၊၊ သူက အထဲမှာ ဆက်နေ၍ မဖြစ်ပေ၊၊

ထိုစဉ် ချီလီက လျှောက်လာပြီး သူ၏ စွမ်းအားဝတ်စုံကို ဖွင့်ကာ အညောင်းဆန့်ရင်း ပြောလိုက်သည်၊၊

“မင်း ဒါကိုပဲ ယူလိုက်တော့၊၊ ငါ့အတွက်တော့ ဒါကြီးက အရမ်းပူအိုက်လွန်းတယ်”

သူ့လေသံမှာ တစ်ဝက်က စေတနာဖြစ်ပြီး တစ်ဝက်ကတော့ အမှန်အတိုင်း ပြောခြင်းဖြစ်သည်၊၊ သူ ထိုဝတ်စုံကြီးကို တကယ်မကြိုက်ပေ၊၊

All Chapters