← Chapters

အခန်း (၆၈၄-၆၈၅)

Vol. 41 Ch. 684-685

အခန်း (၆၈၄-၆၈၅)

Vol. 41 Ch. 684-685

Chapter 684

ယန္တရားအဖွဲ့ ၄

“ကျေးဇူးပဲ အစ်ကိုချီ”

လုရှင်းချန်က သက်ပြင်းရှည်တစ်ချက်ချလိုက်သည်၊၊ သူက ထိုစက်ရုပ်ထဲတွင် ပိတ်မိမနေချင်တော့ပေ၊၊ သို့သော် သူ့အဝတ်အစားများမှာ လောင်ကျွမ်းပျက်စီးနေသဖြင့် လူများအလယ် ထွက်လာရန်မှာ သူ၏ မီးနတ်ဘုရားပုံရိပ်ကို ထိခိုက်စေနိုင်သည်၊၊ သူက အရေးကြီးသော တာဝန်ကို ငြင်းမည့်သူ မဟုတ်သဖြင့် အကျပ်ရိုက်နေစဉ် ချီလီက သူ့ကို ကယ်တင်လိုက်ခြင်း ဖြစ်သည်၊၊

အစီအစဉ်မှာ လျင်မြန်စွာ ပုံပေါ်လာသည်၊၊

ဂရေ့စ်က ကချေသည် နံပါတ် ၁ နှင့် ကြီးမားသော စက်ရုပ်အချို့ကို ဦးဆောင်ကာ မိလ္လာသန့်စင်စက်ရုံသုတေသနဌာနကို တိုက်ခိုက်ပြီး EMP နှင့် ကာကွယ်ရေး စနစ်များကို ဖျက်ဆီးမည်၊၊ ထို့နောက် လင်းရှန်၊ ကီကီ၊ လုရှင်းချန်နှင့် တိတ်ဆိတ်မြို့တော်မှ ရွှန်းနှင့် ရှီဇီတို့က ရုပ်ထုကြီး၏ တစ်ဖက်လှည့်နေချိန်ကို သုံးပြီး အထဲကို ဝင်ကြမည်၊၊

အပြင်ဘက်တွင်မူ နန်ကျင်း၊ ရှောင်ချင်း၊ အားဖေး၊ ချီလီ၊ မိုနီကာ၊ ရူဂျိနှင့် တိုင်ရီလန်တို့က ထူးဆန်းသည့် သတ္တဝါများကို တားဆီးပြီး လွတ်မြောက်ရေးလမ်းကြောင်းကို ကာကွယ်ပေးထားမည်၊၊

ည ၉ နာရီ၊၊

အဖြူရောင်မြို့ အနောက်ဘက်တောင်ကုန်းများအောက်ရှိ မြေအောက် နူကလီးယားဘန်ကာတွင် တိတ်ဆိတ်မြို့တော်မှ ဝန်ထမ်းများ၊ ဟူလုရှို့၊ လုကျောက်နှင့် အခြားလူများသည် လွတ်မြောက်ရေးအစီစဥ်အတွက် အပြင်းအထန် လှုပ်ရှားနေကြသည်၊၊ ဒရုန်းအုပ်စုများသည် ရိက္ခာများကို တိတ်ဆိတ်မြို့တော်၏ ကြီးမားသော ယာဉ်များပေါ်သို့ တင်ဆောင်နေကြသည်၊၊ တိုက်ခိုက်ရေး ဒရုန်းများမှာလည်း တိတ်ဆိတ်စွာ အားသွင်းနေကြပြီး မီးရောင်များ တစ်ပြိုင်နက် လင်းလက်နေသည်၊၊ ဘန်ကာတစ်ခုလုံးသည် မုန်တိုင်းမတိုက်ခတ်မီ တိတ်ဆိတ်မှုမျိုးကဲ့သို့ပင်၊၊

တစ်ချိန်တည်းမှာပင် ရှင်းဂျီသည် ထိန်းချုပ်ခန်းထဲတွင် တိတ်ဆိတ်စွာ ရပ်နေသည်၊၊ သူသည် ထိုအတိုင်း တစ်နေ့လုံး ရပ်နေနိုင်သည်၊၊ သူ၏ စွမ်းအားကြီးသော ကွမ်တမ်အမြုတေဖြစ်သည့် တိတ်ဆိတ်နှလုံးသား နံပါတ် ၁၈ သည် အဆက်မပြတ် တွက်ချက်နေသည်၊၊ သို့သော် ၎င်းသည် လွတ်မြောက်ရေးလမ်းကြောင်း သို့မဟုတ် လင်းရှန်တို့ အဖွဲ့နှင့် ညှိနှိုင်းရန်အတွက် အာရုံစိုက်နေခြင်း မဟုတ်ပေ၊၊ ထိုအရာများမှာ သေးငယ်သော ကိစ္စများသာ ဖြစ်သည်၊၊

၎င်း၏ စွမ်းဆောင်ရည် အများစုကို တွင်းနက်များမှ ရရှိထားသော အချက်အလက်များကို အသုံးပြု၍ အမှောင်ကျူးကျော်မှု ညီမျှခြင်းများကို အဖြေရှာရန် အသုံးပြုနေခြင်း ဖြစ်သည်၊၊ စက္ကန့်တိုင်းတွင် မရေမတွက်နိုင်သော ယူဆချက်များ၊ တူညီအောင် ဖန်တီးမှုများနှင့် ပြန်လည်စတင်မှုများကို လုပ်ဆောင်နေသည်၊၊ တစ်ချိန်တည်းမှာပင် ဘန်ကာ၏ အလိုအလျောက် ဓာတ်ခွဲခန်းများရှိ စက်ရုပ်ထောင်ပေါင်းများစွာက ထိုစမ်းသပ်မှုများကို လက်တွေ့ လုပ်ဆောင်နေကြသည်၊၊

ဘန်ကာသည် အခြေခံအားဖြင့် ကြီးမားသော AI စမ်းသပ်မှု ဗဟိုချက်တစ်ခုဖြစ်ပြီး တိတ်ဆိတ်မြို့တော်နှင့် ဟုလုရှို့တို့အဖွဲ့မှာ ၎င်း၏ အစိတ်အပိုင်း အသေးစားလေးသာဖြစ်သ ည်၊၊

ထို့ကြောင့်လည်း ရှင်းဂျီသည် လွန်ခဲ့သော နှစ်လက သူ၏ အဓိကအဖွဲ့ကို တွင်းနက်ထဲသို့ ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်သည်၊၊ ထွက်ပြေးရန်သက်သက်မဟုတ်ပေ၊၊ သူသာ အလိုရှိပါက တိတ်ဆိတ်မြို့တော် တွင်းနက်ထဲ မပါသွားမီကတည်းက မြို့တော် နံပါတ် ၂ တစ်ခုလုံးကို ရွှေ့ပြောင်းနိုင်ခဲ့သည်၊၊ ရွှန်းနှင့် အခြားအမာခံအဖွဲ့ဝင်များလည်း သိကြသည်မှာ… ရှင်းဂျီက အမှောင်ထုနှင့် အနီရောင်ကမ္ဘာကို ရင်ဆိုင်ရန် စစ်တုရင်ကစားနေခြင်းပင် ဖြစ်သည်၊၊

အဖြူရောင်မြို့ဆေးရုံ ရင်ခွဲရုံထဲတွင် လင်းရှန်က အချိန်ကို စစ်ဆေးလိုက်သည်၊၊ ဒီရေကျရန် ၅ မိနစ်သာ လိုတော့သည်၊၊ ဒုံးပျံများ၏ အရှိန်အရဆိုလျှင် ကိုယ်ပွားများပါသည့် ဒုံးကျည်များသည် ပျက်စီးသွားပြီ ဖြစ်စေ သို့မဟုတ် တွင်းနက်ထဲမှ ထွက်ခွာသွားပြီ ဖြစ်စေ တစ်ခုခုဖြစ်နေလောက်ပြီ၊၊ အနီရောင်ကမ္ဘာ၏ အဖွဲ့များသည် သတ်မှတ်ထားသော နေရာများတွင် ပြန်လည်ဆယ်ယူရေးလုပ်ငန်းများကို လုပ်ဆောင်နေလောက်ပြီ ဖြစ်သည်၊၊

မိနစ်အနည်းငယ်အတွင်းမှာပင် သန့်စင်ခြင်းအမိန့်ကို အဖြူရောင်မြို့သုတေသနဌာနသို့ လျှို့ဝှက်အချက်ပြစနစ်များမှတစ်ဆင့် ပေးပို့နိုင်သည်၊၊ ထိုအချိန်တွင် သန့်စင်ခြင်းကြောင့် တွင်းနက်အုပ်စိုးသူနိုးလာသည်ဖြစ်စေ…မနိုးလာသည်ဖြစ်စေ အဖြူရောင်မြို့တွင် ထူးဆန်းသည့် သတ္တဝါများ အစုလိုက်အပြုံလိုက် ပေါ်လာမည်မှာ ရှောင်လွှဲ၍ မရပေ၊၊

ပြင်ပရှိ အနီရောင်ကမ္ဘာအတွက် သန့်စင်ခြင်းအစီစဥ်က တစ်ကြိမ်လျှင် ၁၂ နာရီမှ ၂၄ နာရီအထိသာ ကြာနိုင်သည်၊၊

သို့သော် တွင်းနက်ထဲတွင် ပိတ်မိနေသော လင်းရှန်နှင့် တိတ်ဆိတ်မြို့တော် အဖွဲ့သားများ အတွက်မူ ၎င်းမှာ ၆ ရက် သို့မဟုတ် ၁၂ ရက်အထိ ကြာနိုင်သည်၊၊ အမှောင်တောအုပ်ရှိ ပေါင်းစည်းယာဉ်တန်းအတွက်မူ ထိုထက်ပင် ပိုကြာနိုင်သည်၊၊

“လင်းရှန်”

ချန်ဆီရွှမ် သူ့အနားသို့ ချဉ်းကပ်လာသည်၊၊

“ကျွန်မတို့ ရထားက ဒီနေရာနဲ့ တော်တော် ဝေးတယ်၊၊ အကယ်၍ တွင်းနက်က ထိန်းချုပ်လို့ မရတော့ဘူးဆိုရင် သံလိုက်စက်ကွင်းစနစ်က အနည်းဆုံး မိနစ် ၂၀ ကနေ ၃၀ အထိ ကြာလိမ့်မယ်၊၊ ကျွန်မတို့ မှီပါ့မလား”

လင်းရှန်က လှည့်ကြည့်လိုက်သည်၊၊

“ရှင်းဂျီက မြို့တော်ခွဲကို လှည့်စားတဲ့ အကွက်အဖြစ် သုံးပြီး ငါတို့ကို ထားခဲ့မှာ စိုးရိမ်နေတာလား”

ချန်ဆီရွှမ်၏ မျက်နှာမှာ အနည်းငယ် ပျက်သွားသည်၊၊ သူမက အသက်ပြင်းပြင်းရှူပြီး စိုးရိမ်မှုကို ပြောပြသည်၊၊ “ကျွန်မ ထင်တာကတော့... အဲ့ဒီ သတ္တဝါတွေထဲက တစ်ကောင်က ကျွန်မတို့ကို ဖမ်းမိသွားရင် လွတ်မြောက်ဖို့အတွက် အခွင့်ကောင်းဆိုတာရှိလာမှာမဟုတ်ဘူး...”

“စိတ်မပူပါနဲ့” လင်းရှန်က သူမကို နှစ်သိမ့်လိုက်သည်၊၊

“တိတ်ဆိတ်မြို့တော်က သံလိုက်ချိတ်ဆက်မှု စနစ်ကို စတင်လိုက်တာနဲ့ ငါတို့ ရထားက လွတ်မြောက်နိုင်ပြီ၊၊ အဲ့ဒီနောက်ပိုင်း ဘယ်လိုပြေးမလဲဆိုတာကတော့ ငါတို့အပေါ်မှာပဲ မူတည်တယ်၊၊ တိတ်ဆိတ်မြို့တော်က ကူညီနိုင်မှာ မဟုတ်တော့ဘူး”

ချန်ဆီရွှမ် ခဏမျှ တုံ့ဆိုင်းသွားပြီးမှ နားလည်သွားသည်၊၊ တိတ်ဆိတ်မြို့တော် ပျံတက်သွားပြီဆိုလျှင် ရထားနှင့်အတူ ထွက်ခွာရန် စောင့်နေမည် မဟုတ်ပေ၊၊ ရှင်းဂျီနှင့် လင်းရှန်တို့၏ အစီအစဉ်အရ ပေါင်းစည်းယာဉ်တန်း အဖြူရောင်မြို့ထဲ ဆင်းသက်ပြီးသည်နှင့် တိတ်ဆိတ်မြို့တော်က ဟိုက်ဒရိုဂျင်ဗုံးအစီအစဉ်ဖြင့် ရန်သူများကို ဆွဲဆောင်မည် ဖြစ်သည်၊၊ သို့သော် အဆင့် S သတ္တဝါများ သို့မဟုတ် တွင်းနက်အုပ်စိုးသူပေါ်လာပါက တိတ်ဆိတ်မြို့တော်သည် အသက်ရှင်ရန်အတွက် ထွက်ခွာသွားမည်သာ ဖြစ်သည်၊၊

ထို့ကြောင့် ဤအခွင့်အရေးကို ဖမ်းဆုပ်နိုင်ခြင်း ရှိမရှိမှာ လင်းရှန်တို့ အဖွဲ့အပေါ်တွင်သာ လုံးလုံးလျားလျားမူတည်နေသည်၊၊

“အဆိုးဆုံးဖြစ်လာခဲ့ရင်လည်း ငါ့မှာ တခြား နည်းလမ်းအချို့ရှိပါသေးတယ်”

သူမ၏ စိုးရိမ်မှုကို မြင်သဖြင့် လင်းရှန်က ပြောလိုက်သည်၊၊

“ဘာနည်းလမ်းလဲ” ချန်ဆီရွှမ်က အံ့သြစွာ မေးသည်၊၊

“အချိန်ကျရင် ငါပြောပြပါ့မယ်”

လင်းရှန်က သူ၏ ပုခုံးပေါ်ရှိ အသေးစားလျှပ်စစ်သံလိုက်အမြောက်ကို တစ်ချက်စောင်းကြည့်လိုက်သည်၊၊ Flash No.1 ဟု အမည်ပေးထားသော ဤလက်နက်မှာ ရှန်းဂျီက ငွေကျည်ဆန်နှင့် အသုံးပြုရန် အထူးဒီဇိုင်းထုတ်ပေးထားခြင်းဖြစ်သည်၊၊ အကယ်၍ အခြေအနေ တကယ်ဆိုးလာပါက ဤအရာက သူ့ကို ရထားလမ်းဆီသို့ ပြန်ရောက်အောင်နှင့် အနန္တရထားကို နှိုးနိုင်အောင် ကူညီပေးနိုင်လိမ့်မည်ဟု လင်းရှန် တွက်ဆထားသည်၊၊

“လင်းရှန်” ရွှန်း ခေါ်လိုက်သည်၊၊

ည ၉ နာရီ ၄ မိနစ်၊၊

ရင်ခွဲရုံထဲတွင် အဖွဲ့သားများသည် အချိန်ကို စိုက်ကြည့်နေကြသည်၊၊

သန့်စင်ခြင်းအစီစဥ်စတင်တော့မည်၊၊

လူတိုင်း၏ ခေါင်းပေါ်တွင် ချိန်ကိုက်ဗုံး တပ်ထားသလို ခံစားရသည်၊၊

တင်းမာမှုများ မြင့်တက်နေသည်၊၊

ပုံမှန်အားဖြင့် တည်ငြိမ်သော မိုနီကာပင်လျှင် သိသိသာသာစိုးရိမ်နေသည်၊၊ ကိုယ့်အသက်ကို ကိုယ်မပိုင်တော့သလို ခံစားရသည့် ဤအခြေအနေမှာ အလွန်ပင် မွန်းကျပ်စရာကောင်းသည်၊၊

၂၁:၀၄:၅၉၊၊

၅၉ စက္ကန့်တွင် အချိန်မှာ ရပ်တန့်သွားသလိုပင်၊၊

၅၉... ၅၉...

ည ၉ နာရီ ၅ မိနစ်၊၊ ဒီရေကျပြီ၊၊

လူတိုင်း၏ နားထဲတွင် လေဟာနယ်ထဲ ရောက်သွားသလိုမျိုး စူးရှသော အသံတစ်ခု ဟိန်းထွက်လာသည်၊၊ ဆေးရုံအပျက်အစီးများနှင့် ပတ်ဝန်းကျင် လမ်းမများမှာ ရုတ်တရက် တိတ်ဆိတ်သွားသည်၊၊

ထိုခဏတွင် လူတိုင်း၏ အာရုံမှာ လင်းရှန်ထံသို့ ရောက်သွားသည်၊၊

သူက ရှေ့သို့ တစ်လှမ်း တိုးလိုက်သည်၊၊

“ဂရေ့စ်၊၊ လှုပ်ရှားတော့”

【နားလည်ပါပြီ】

ဝုန်း

လုံခြုံရေးတံခါးများ တစ်လွှာပြီးတစ်လွှာ ပွင့်သွားသည်၊၊

ဂရေ့စ်၊၊

ကချေသည် နံပါတ် ၁၊၊

ACS စက်ရုပ်နှင့် ကြီးမားသော စက်ရုပ် ၃ ရုပ်သည် အပြင်သို့ ပြေးထွက်သွားကြသည်၊၊ စက္ကန့်ပိုင်းအတွင်းမှာပင် အပြင်ဘက်မှ ယန္တရားထိခိုက်သံနှင့် စူးရှသောအော်ဟစ်သံများ ထွက်ပေါ်လာသည်၊၊

“ဧရိယာရှင်းသွားပြီ၊၊ ခွဲထွက်ကြမယ်”

လင်းရှန်က နန်ကျင်းနှင့် အခြားလူများကို ပြောလိုက်သည်၊၊

ချက်ချင်းပင် အဖွဲ့က နှစ်ဖွဲ့ကွဲသွားသည်၊၊ နန်ကျင်း၊ တိုင်ရီလန်၊ ရူဂျိနှင့် အခြားလူများသည် မိလ္လာသန့်စင်စက်ရုံရှိ အဓိကနေရာများဆီသို့ ဦးတည်ကာ လမ်းရှင်းရင်း ပုန်းကွယ်နေကြသည်၊၊ တစ်ချိန်တည်းမှာပင် လင်းရှန်က ကီကီနှင့်အတူ သိမ်းဆည်းထားသော သယ်ယူပို့ဆောင်ရေးသင်္ဘောမှ ကားနှစ်စီးကို သွားယူရန် ထွက်ခွာသွားသည်၊၊

ထိုကားများမှာ လက်နက်အများကြီးမပါသော်လည်း အရေးမကြီးပေ၊၊ သူတို့အတွက် သုတေသနဌာန၏ တံခါးကို ဖောက်ထွင်းနိုင်ရန်သာ လိုသည်၊၊

Chapter 685

ယန္တရားအဖွဲ့ ၅

【ပစ်မှတ်အကွာအဝေး: ၃ ကီလိုမီတာ】

လင်းရှန်နှင့် ရွန်းတို့ အဖွဲ့သည် ကားတစ်စီးစီ တတ်လိုက်ကြသည်၊၊ ဂရေ့စ်က အခြေအနေများကို ဆက်တိုက်အစီရင်ခံနေသည်၊၊

သူတို့သည် မိလ္လာသန့်စင်စက်ရုံဆီသို့ ဦးတည် မောင်းနှင်နေကြသည်၊၊

မီးတောက်သည် နောက်ခန်းတွင် မျက်စိမှိတ်ကာ အသက်ရှူခြင်းကို ထိန်းညှိနေသည်၊၊ သူသည် တိုက်ပွဲအတွက် အဆင်သင့်ဖြစ်နေလေပြီ၊၊ ကီကီက တိတ်ဆိတ်မြို့တော်၏ ကွန်ရက်မှတစ်ဆင့် ရရှိသော မြို့အနှံ့ စောင့်ကြည့်ရေးအချက်အလက်များကို သုံးပြီး လင်းရှန်ကို လမ်းပြနေသည်၊၊

“လင်းရှန်…. ရှေ့ရောက်ရင် ဘယ်ဘက်ကွေ့၊၊ ရူဂျိတို့ အဲ့လမ်းကို ရှင်းထားပြီးပြီ၊၊ အဲ့ဒီဆောက်လက်စတိုက်ကြီးကို ဖြတ်သွားပြီး ဂရေ့စ် အချက်ပြတာကို စောင့်လို့ရတယ်”

“လင်းရှန်…သိပ်မဝေးနဲ့ဦး၊၊ ဒါမှ ရှီဇီက ကားနှစ်စီးလုံးကို ကာကွယ်ပေးနိုင်မှာ”

ရွှန်း၏ အသံက ထွက်ပေါ်လာသည်၊၊

“ကောင်းပြီ”

လင်းရှန်က ပြန်ပြောပြီး အရိပ်များထဲသို့ ဆက်လက်မောင်းဝင်သွားသည်၊၊

“လင်းရှန်၊၊ မိလ္လာသန့်စင်စက်ရုံရဲ့ အရှေ့တောင်ဘက်က စက်ရုံအဟောင်းနားမှာ အမှောင်သတ္တဝါကြီးတစ်ကောင် တွေ့တယ်၊၊ ငြိမ်းချမ်းရေးလမ်းကနေ ပတ်မောင်းပါ”

ခေါင်မိုးပေါ်တွင် နန်ကျင်းနှင့်အတူ ရပ်နေသော ချန်ဆီရွှမ်က အစီရင်ခံသည်၊၊ သူမသည် အမှောင်ထဲတွင် လှုပ်ရှားမှုမရှိဘဲ ထိုင်နေသော ကြီးမားသော အနက်ရောင်ပုံရိပ်ကြီးကို စောင့်ကြည့်နေခြင်း ဖြစ်သည်၊၊

“ယူ‌လောင်လမ်းက ရုံးအဆောက်အဦးပေါ်မှာ ပျံသန်းတဲ့ သတ္တဝါတွေ ရှိနေတယ်၊၊ အဆင့် B တွေ အုပ်စုလိုက်ပဲ၊၊ ငါနဲ့ ရူဂျိက မတိုက်ခိုက်ခဲ့ဘူး၊၊ တခြားဧရိယာတွေ ရှင်းပါတယ်”

ဓာတ်တိုင်မြင့်ကြီးပေါ်တွင် ရူဂျိနှင့်အတူရှိနေသော တိုင်ရီလန်က အစီရင်ခံနေသည်၊၊

“စက်ရုပ်အဖွဲ့ ဖောက်ထွင်းဝင်တော့မယ်”

မိလ္လာသန့်စင်စက်ရုံ၏ ပင်မတံခါးအနီးရှိ ကုန်တိုက်ခေါင်မိုးပေါ်တွင် မိုနီကာသည် သူမ၏ စွမ်းအားဝတ်စုံမှ ရေဒါနှင့် စွမ်းရည်များကို သုံး၍ ဂရေ့စ်၏ လှုပ်ရှားမှုကို ခြေရာခံနေသည်၊၊ သူမ၏ မျက်လုံးများက စက်ရုံကို စိုက်ကြည့်နေသည်၊၊ ထိုနေရာတွင် ရုပ်ထုကြီးက တစ်ဖြည်းဖြည်း လည်ပတ်ရင်း ကြီးမားသော အရိပ်ကြီးတစ်ခုအဖြစ် ရှိနေသည်၊၊ သူမသည် ပြင်းထန်သော အမှောင်ကျူးကျော်မှု စွမ်းအင်လှိုင်းများကို ခံစားနေရသဖြင့် ချက်ချင်း ဝပ်လိုက်ကာ ပြောလိုက်သည်၊၊

“ဦးတည်ချက်ကို ညှိလိုက်ပါ၊၊ တောင်ဘက်တည့်တည့်ကနေ ချဉ်းကပ်ပါ”

လင်းရှန်သည် အဖွဲ့သားများ၏ တည်နေရာနှင့် ဂရေ့စ်၏ သတင်းများကို စောင့်ကြည့်ရင်း စက်ရုံဟောင်းတစ်ခုထဲသို့ မောင်းဝင်ကာ ဆောက်လက်စ အဆောက်အဦးအောက်တွင် ကားရပ်လိုက်သည်၊၊ ရှေ့က တံတိုင်းအနိမ့်လေးက သူတို့နှင့် မိလ္လာ သန့်စင်စက်ရုံကြားတွင် ကာထားသလို ဖြစ်နေသည်၊၊

အမှန်စင်စစ် ဤအမှောင်ထုထဲတွင် “မြင်ကွင်း” ဆိုသည်မှာ သိပ်အဓိပ္ပာယ် မရှိပေ၊၊ လင်းရှန်က ထိုခြင်္သေ့ငါးရုပ်ထုကြီးကို မမြင်ရသော်လည်း ထိုအကောင်က သူတို့အား မမြင်နိုင်ဟု မဆိုလိုပေ၊၊

【ပစ်မှတ်အကွာအဝေး: ၁၀၀၀ မီတာ၊၊ တိုက်ခိုက်ရေးအခြေနေသို့ ပြောင်းလဲနေသည်၊၊】

ဂရေ့စ်၏ အသံက လင်းရှန်၏ နားကြပ်ထဲတွင် မြည်လာသည်၊၊

ဒက် ဒက် ဒက် ဘွန်း ဘွန်း

လင်းရှန် ကားရပ်လိုက်သည်နှင့် အဝေးမှ စူးရှသော အချက်ပေးသံတစ်ခု ဟိန်းထွက်လာသည်၊၊ တစ်ချိန်တည်းမှာပင် အမြောက်သံများလည်း ထွက်ပေါ်လာသည်၊၊

ဂရေ့စ်၏ တိုက်ခိုက်မှု စတင်လေပြီ၊၊

ည၏ အမှောင်ထုအောက်တွင် အဖြူရောင်မြို့မိလ္လာသန့်စင်စက်ရုံသည် စွန့်ပစ်ထားသော ဂူသင်္ချိုင်းတစ်ခုကဲ့သို့ တိတ်ဆိတ်နေသည်၊၊ သံချေးတက်နေသော ပိုက်လိုင်းများသည် လရောင်အောက်တွင် ဖျော့တော့သော အနီရောင်ဖြင့် တောက်ပနေသည်၊၊

ဝုန်း... ဝုန်း... ဝုန်း...

ရုတ်တရက် ပြင်းထန်သော တုန်ခါသံများက တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်သည်၊၊ ကြီးမားသော တိုက်ခိုက်ရေး စက်ရုပ် ၃ ရုပ်သည် အမှောင်ည၏ မြူများကို ဖြတ်ကျော်ကာ စက်ရုံတံခါးဆီသို့ ဦးတည်တိုက်ခိုက်လာသည်၊၊

ဟောင်းနွမ်းနေသော စက်ရုံခေါင်မိုးများပေါ်တွင် ဝှက်ထားသော အလိုအလျောက် ကင်းစောင့်စနစ်များက ရန်သူကို ရှာဖွေတွေ့ရှိသွားသည်၊၊ တုံ့ပြန်မှုအနေဖြင့် စက်ရုံတစ်ခုလုံး နိုးထလာသလို ညည်းတွားသံများ ထွက်ပေါ်လာသည်၊၊

ဘွန်း ဘွန်း

ရွှံ့နွံကန်များအဖြစ် အသွင်ယူထားသော အဖုံးများက ပြင်းထန်စွာ ပွင့်သွားသည်၊၊ ၎င်းတို့ထဲမှ လျှပ်စစ်သံလိုက်အမြောက်နှစ်လက်သည် ငရဲမှ ထွက်လာသော သံမဏိလက်သည်းများကဲ့သို့ ထွက်ပေါ်လာသည်၊၊ စူးရှသော အပြာရောင် အလင်းတန်းများမှာ အမြောက်ထိပ်ဖျားတွင် လင်းလက်လာပြီးနောက် ဒရုန်းများ၏ မြင်ကွင်းတွင် အလင်းမုန်တိုင်းတစ်ခုအဖြစ် ပေါက်ကွဲသွားသည်၊၊

တံခါးများနှင့် ခေါင်မိုးများပေါ်ရှိ အလိုအလျောက် သေနတ်စင်များသည်လည်း ဖုံးကွယ်ထားရာမှ ထွက်လာပြီး ကျည်ဆန်မိုးများကို ရွာချလိုက်သည်၊၊

ဝီး ဒက် ဒက် ဒက်

ကျည်ဆန်များက ရှေ့သို့ တိုးလာသော စက်ရုပ်များကို ထိမှန်သွားပြီး နီရဲနေသော ဒရုန်းအုပ်စုများမှာလည်း လေဝင်ပေါက်များမှ ထွက်လာကာ ကျိုင်းကောင်များကဲ့သို့ ကျူးကျော်သူများကို ဝိုင်းအုံတိုက်ခိုက်ကြသည်၊၊

ဘစ်ဇ်

လေထုထဲတွင် လျှပ်စစ်သံလိုက်လှိုင်းများ ဖြာထွက်သွားသည်၊၊ EMP ကာကွယ်ရေးစနစ် အလုပ်လုပ်သွားပြီ ဖြစ်သည်၊၊ လင်းရှန်တို့ အဖွဲ့များကြားရှိ ဆက်သွယ်ရေးများ ချက်ချင်း ပြတ်တောက်သွားသည်၊၊ သူတို့၏ ကားအင်ဂျင်များပင် တုန်ခါသွားပြီး ရပ်သွားသည်၊၊

သို့သော် ရှေ့တန်းရှိ ကြီးမားသော စက်ရုပ် ၃ ရုပ်က လျင်မြန်စွာ တုံ့ပြန်နိုင်သည်၊၊ သူတို့က မိုက်ခရိုဝေ့ဖ် ပလက်စမာ ဒိုင်းကာများကို ဖွင့်လိုက်ပြီး စက်ရုပ်လက်မောင်းများကို ခိုင်ခံ့သော ဒိုင်းများအဖြစ် ပြောင်းလဲလိုက်သည်၊၊

ခဏအကြာတွင် ထောင်ပေါင်းများစွာသော ကျည်ဆန်များက ဒိုင်းများကို ထိမှန်ပြီး ပေါက်ကွဲသွားသည်၊၊ သံမဏိမုန်တိုင်းကြီးသည် စက်ရုပ်များအပေါ်သို့ ပြင်းထန်စွာ ကျရောက်နေသည်၊၊

ထိုသို့ ခုခံကာကွယ်နေသော်လည်း အလိုအလျောက် အမြောက်များနှင့် EMP တိုက်ခိုက်မှုများကြောင့် စက်ရုပ်နှစ်ရုပ်သည် စက္ကန့်ပိုင်းအတွင်းမှာပင် ကြေမွပျက်စီးသွားသည်၊၊

သို့သော် ထိုစတေးမှုက သူတို့အတွက် အခွင့်အရေးကို ဖော်ဆောင်ပေးလိုက်သည်၊၊

ဂရေ့စ်၊ ကချေသည် နံပါတ် ၁ နှင့် ACS စက်ရုပ်က ချက်ချင်းပင် တန်ပြန် တိုက်ခိုက်လိုက်သည်၊၊ လေဆာတန်းများက အလိုအလျောက် သေနတ်စင်များကို ပစ်မှတ်ထားပြီး တစ်ခုပြီးတစ်ခု ဖျက်ဆီးပစ်လိုက်သည်၊၊

အဝေးရှိ ခေါင်မိုးပေါ်မှ ချန်ဆီရွှမ်သည်လည်း စနိုက်ပါရိုင်ဖယ်ကို သုံး၍ ကူညီပေးနေသည်၊၊ မိုနီကာ၊ အားဖေးနှင့် အခြားသော အဝေးပစ်စွမ်းအားရှင်အဖွဲ့ဝင်များလည်း တိုက်ပွဲထဲ ပါဝင်လာကြသည်၊၊

မကြာမီမှာပင် ဒရုန်းအုပ်စုများ၊ EMPများ၊ သေနတ်စင်များနှင့် လျှပ်စစ်သံလိုက်အမြောက်များသည် တစ်ခုပြီးတစ်ခု ပျက်စီးသွားသည်၊၊ အချက်ပေးစနစ်ပင်လျှင် ချန်ဆီရွှမ်၏ တိကျသော ပစ်ခတ်မှုကြောင့် ပြတ်တောက်သွားသည်၊၊

တိုက်ပွဲအခြေအနေက လျင်မြန်စွာ ပြောင်းလဲသွားသည်၊၊

ဂရေ့စ်နှင့် ကချေသည် နံပါတ် ၁ တို့သည် လှပစွာ လှုပ်ရှားနေကြသည်၊၊ သူတို့၏ သံမဏိကိုယ်ထည်မှာ ရွှန်း၏ စက်ရုပ်များထက်ပင် ပို၍ ခိုင်ခံ့ပုံရသည်၊၊ ကျည်ဆန်မိုးများကြားတွင် သူတို့က အရှိန်မလျော့ပဲ စက်ရုံထဲသို့ ပြေးဝင်သွားကြသည်၊၊

လရောင်အောက်မှ မြူထုထဲတွင် အမွှာကချေသည် နှစ်ဦးမှာ မုန်တိုင်းထဲမှ ဘဲလေးကချေသည်များကဲ့သို့ ရန်သူများကို ပိုင်းဖြတ်နေသည်၊၊

EMP အမြောက်မှ ပထမဆုံး ကျည်ဆန်က လေထုကို ခွဲထွက်လာချိန်တွင် ဂရေ့စ်၏ ကာဗွန်ကိုယ်ထည်မှာ မြေပြင်မှ မြောက်တက်သွားသည်၊၊ သူမ၏ ခြေလက်များက တိကျစွာ ဆန့်ထွက်သွားသည်၊၊

ဒုံးကျည်များက သူမ၏ ကိုယ်ထည်ပေါ်တွင် သရဲတစ္ဆေ အပြာရောင် အလင်းတန်းများအဖြစ် တောက်ပနေသည်၊၊

“ပစ်ခတ်မှုလမ်းကြောင်း တွက်ချက်ခြင်း ပြီးဆုံးပါပြီ”

သူမ၏ ကွမ်တမ် ပရိုဆက်ဆာက ကျရောက်လာသော ကျည်ဆန်များ၏ လမ်းကြောင်းကို ၀.၀၀၀၃ စက္ကန့်အတွင်း တွက်ချက်လိုက်သည်၊၊

လက်ကို တစ်ချက် ဝှေ့ယမ်းလိုက်ရုံဖြင့် စူးရှသော ဓားသွားက လေထဲတွင် ဝှေ့ယမ်းသွားပြီး သူမထံ ဦးတည်လာသော ဒုံးကျည်ငယ် သုံးခုမှာ တိတ်ဆိတ်စွာ ပိုင်းဖြတ်ခံလိုက်ရကာ သူမ၏ နောက်ဘက်တွင် မီးခိုးရောင် ပေါက်ကွဲမှုများအဖြစ် ကျန်ရစ်ခဲ့သည်၊၊

အဖွဲ့သားများ၏ ကူညီပစ်ခတ်မှုအောက်တွင် အမွှာကချေသည်စက်ရုပ်နှစ်ရုပ်သည် စက်ရုံထဲသို့ ဖောက်ထွင်းဝင်ရောက်နိုင်ခဲ့သည်၊၊

နောက်ဘက်ရှိ ရွှန်း၏ နောက်ဆုံးစက်ရုပ် ပျက်စီးသွားပြီးနောက် သုတေသနဌာနသည် ခေတ္တမျှ ပြန်လည် တိတ်ဆိတ်သွားသည်၊၊

သို့သော် ထိုဆူညံမှုက မြို့ကို နိုးထသွားစေသည်၊၊ ထူးဆန်းသည့် သတ္တဝါများ ဝိုင်းအုံလာကြသည်၊၊ ချန်ဆီရွှမ်နှင့် နန်ကျင်းတို့ ရှိနေသော အဆောက်အဦးအောက်မှ ကြီးမားသော အနက်ရောင်ပုံရိပ်ကြီးက ရုတ်တရက် လှုပ်ရှားလာသည်၊၊

အခြားတစ်နေရာတွင်မူ တိုင်ရီလန်နှင့် ရူဂျိတို့သည် ပျံသန်းနိုင်သော အမှောင်သတ္တဝါအုပ်စုကြီး၏ ဝိုင်းရံခြင်းကို ခံလိုက်ရသည်၊၊ မိုနီကာနှင့် ချီလီတို့ ရှိနေသော ကုန်တိုက်အရိပ်ထဲတွင်လည်း လှေကားအတိုင်း လျင်မြန်စွာ တက်လာနေသော အရာတစ်ခုခုကို သူတို့ ခံစားနေရသည်၊၊

ထူးဆန်းတဲ့ သတ္တဝါများ ပေါ်လာလေပြီ၊၊

ည ၉ နာရီ ၂၂ မိနစ်၊၊

ဆက်သွယ်ရေးစနစ်က ပြတ်တောက်နေဆဲဖြစ်သော်လည်း နေရာအနှံ့တွင် တိုက်ပွဲများ ဖြစ်ပွားနေကြောင်း လင်းရှန် ခံစားနေရသည်၊၊

ရူဂျိ၏ အရာဝတ္ထုများကို ထိန်းချုပ်နိုင်သည့် စွမ်းအားက လမ်းမတစ်ဝက်စာ အပျက်အစီးများကို ကောင်းကင်ပေါ်သို့ မြှောက်တင်လိုက်သည်၊၊ အားဖေး၏ လေဆာတန်းများက အမှောင်ထုထဲတွင် အလင်းတန်းများ ပိုင်းဖြတ်နေသည်၊၊

“သူတို့ တိုက်ပွဲ စနေပြီ”

ဝှမ်း

အစိမ်းဖျော့ရောင် အလင်းအကာအကွယ်တစ်ခုက သယ်ယူပို့ဆောင်ရေးကားနှစ်စီး ဘေးတွင် ပေါ်လာပြီး နီးကပ်လာသော အမှောင်စွမ်းအင်များကို ဖယ်ရှားလိုက်သည်၊၊

လင်းရှန် အသက်ရှူနိုင်ရုံ ာရှိသေးသည်၊၊ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်လှိုင်းကြီးတစ်ခုက သူတို့ဆီသို့ ရိုက်ခတ်လာသည်၊၊ ခြင်္သေ့ငါးရုပ်ထုကြီးက လည်ပတ်နေပြီ ဖြစ်သည်၊၊

လင်းရှန် အချိန်ကို ကြည့်ပြီး ဂရေ့စ်ထံမှ သတင်းကို စောင့်ရင်း စိတ်ကို တည်ငြိမ်အောင် ထားလိုက်သည်၊၊

တစ်မိနစ်... နှစ်မိနစ်... သုံးမိနစ်...

ည ၉ နာရီ ၂၇ မိနစ်၊၊ ရုတ်တရက် ဂရေ့စ်၏ အသံနှင့် အဖွဲ့သားများ၏ ဆက်သွယ်ရေးစနစ် ပြန်တက်လာသည်၊၊

[စနစ် အစားထိုးမှု အောင်မြင်ပါပြီ၊၊ စခန်းရဲ့ လက်နက်စနစ် အားလုံးကို ကျွန်မ ထိန်းချုပ်ထားပါပြီ၊၊ ကပ္ပတိန်လင်း၊၊ သုတေသနဌာနထဲကို ဝင်လို့ရပါပြီ】

“ကောင်းတယ် ဂရေ့စ်”

လင်းရှန်က အသက်ကို ပြင်းပြင်းရှူထုတ်လိုက်ပြီးနောက် ရွှန်းနှင့် ညှိနှိုင်းကာ ရုပ်ထုကြီး၏ မြင်ကွင်းလွတ်ချိန်ကို စောင့်လိုက်သည်၊၊

【ရပါတယ်】

ဂရေ့စ်၏ တည်ငြိမ်သောအသံက နားကြပ်ထဲတွင် ထွက်ပေါ်လာသည်၊၊

【ဂရေ့စ်ကို အမြဲတမ်း ယုံကြည်လို့ ရပါတယ်】

All Chapters