← Chapters

အခန်း (၆၉၂-၆၉၃)

Vol. 41 Ch. 692-693

အခန်း (၆၉၂-၆၉၃)

Vol. 41 Ch. 692-693

Chapter 692

အစီအစဉ်သစ် ၃

ရူဂျိကတော့ ဘာမှမပြောဘဲ သူ၏ သဘောထားကို ဖော်ပြနေသည်၊၊ နန်ကျင်းနှင့် အခြားသူများကို ကုသပေးနေသော ရှီဇီသည် ထိုစကားကို ကြားသောအခါ ရွှန်း၏ ဘေးတွင် ချက်ချင်း သွားရပ်လိုက်သည်၊၊ စွမ်းအားဝတ်စုံ မျက်နှာဖုံးအောက်ရှိ သူမ၏ မျက်နှာလေးမှာ တင်းမာနေသော်လည်း ပြတ်သားလှသည်၊၊

ထိုစကားများကြောင့် အခန်းထဲတွင် လေးလံပြီး သူရဲကောင်းဆန်သော အငွေ့အသက်များ ချက်ချင်း ပြည့်နှက်သွားသည်၊၊ နန်ကျင်း၊ ချန်ဆီရွှမ်၊ ချီလီနှင့် အခြားသူများက ရွှန်းကို မယုံနိုင်သလို ကြည့်လိုက်ကြသည်၊၊

ရုတ်တရက် ဆုတ်ခွာရေးအစီအစဉ်ကနေ ယခုလိုပြောင်းလဲသွားလိမ့်မည်ဟု မည်သူမျှ မထင်ထားပေ၊၊

လင်းရှန်ကို ရှင်းဂျီသည် လူတိုင်း ဘေးကင်းစွာ ဆုတ်ခွာနိုင်မည့် အစီအစဉ်ကို ပေးထားသည်၊၊ လွင့်မျောမြို့တော်တစ်ခုသည် ပေါင်းစည်းယာဉ်တန်းအဖွဲ့ဝင်အားလုံး အသက်ရှင်သန်နိုင်မည့် အခွင့်အရေးပင်ဖြစ်သည်၊၊

ရွှန်းနှင့် အခြားသူများ၏ ဆုံးဖြတ်ချက်ကို မြင်သောအခါ သေခြင်းတရားကို လိုလိုလားလား ရွေးချယ်စေလောက်အောင် ရှင်းဂျီက သူတို့အပေါ် ဘယ်လောက်အထိ လွှမ်းမိုးမှုရှိနေသည်ဆိုတာကို သိသာစေသည်၊၊ ဤသို့သော အခြေအနေမျိုးတွင် လင်းရှန်အတွက် ရှင်းဂျီ၏ အစီအစဉ်မှာ အလွန်ပင် စိတ်လှုပ်ရှားဖွယ် ကောင်းလှသည်၊၊

၂၂:၀၀ နာရီ၊၊

ဒီရေတက်ရန် ၅ မိနစ်သာ လိုတော့သည်၊၊

“လင်းရှန်...”

ချန်ဆီရွှမ်၏ အသံထွက်ပေါ်လာသည်၊၊ သူမသည် လင်းရှန်ကို ကြည့်ကာ တစ်စုံတစ်ခုကို ပြောချင်သော်လည်း ပြန်မျိုချလိုက်သည်၊၊

သူမသည် ရှင်းဂျီ၏ အစီအစဉ်အကြောင်း မေးချင်နေခြင်းဖြစ်သည်၊၊ ရထားအားလုံးကို စွန့်ခွာပြီး လွင့်မျောမြို့တော်ငယ်လေးထဲကို ဝင်လိုက်ခြင်းက အသက်ရှင်ဖို့အတွက် ကောင်းမွန်တဲ့ အစီအစဉ်တစ်ခုဖြစ်သည်၊၊ တိတ်ဆိတ်မြို့တော်ရဲ့ ဆွဲဆောင်မှုအစီအစဉ်အတွင်းမှာဆိုရင် သူတို့ ထောင်နဲ့ချီတဲ့ လူတွေနဲ့ ဟူလုရှို့ရဲ့ လူရာနဲ့ချီတဲ့ လူတွေ ထွက်ခွာသွားနိုင်ဖို့ အခွင့်အလမ်းအများကြီးရှိပေသည်၊၊

“လင်း”

ထိုအချိန်တွင် ရွှန်းက လင်းရှန်ကို အလေးအနက်ကြည့်ကာ ပြောလိုက်သည်၊၊

“ဒီအစီအစဉ်အတိုင်းပဲ သွားကြရအောင်… ဒီတစ်ခါ ဒီရေတက်တာပြီးသွားရင် ဒါက နောက်ဆုံးအခွင့်အရေးပဲ၊၊ ခဗျားက တစ်နာရီအတွင်း ရထားကို ခုန်ကူးပြီး လူတွေကို လွင့်မျောမြို့တော်ဆီ ပြောင်းရွှေ့ဖို့ လုပ်ရမယ်၊၊ ကျနော်တို့လည်း ရန်သူကို ရင်ဆိုင်ဖို့ တိတ်ဆိတ်မြို့တော်ကို အသက်သွင်းရမယ်”

ထောင့်တွင် ချည်နှောင်ခံထားရသော ကျိုးလီသည် ဤလူများ၏ စကားကို နားထောင်ရင်း သူ၏ မျက်လုံးများ သိသိသာသာပြောင်းလဲသွားသည်၊၊ သူ၏ ထက်မြက်သောဗီဇအရ တွင်းနက် အမှတ် ၅ တွင် ကြီးမားသော တစ်စုံတစ်ခုဖြစ်တော့မည်ကို သူ ချက်ချင်း သဘောပေါက်လိုက်သည်၊၊ သူ့အတွက် အသက်ရှင်ဖို့ဆိုတာ မလွယ်ကူလှပေ၊၊ ထိန်းချုပ်ခန်းကလည်း ကျသွားပြီဖြစ်ရာ သူသည် အနီရောင်ကမ္ဘာအတွက် ဘာမှတန်ဖိုးမရှိတော့ပေ၊ သူတို့က သူ့အသက်ကို နှုတ်ပစ်ပေလိမ့်မည်၊၊ သူ ဘယ်လို အသက်ရှင်ရမလဲဆိုတာကို စဉ်းစားနေသည်...

လူတိုင်း၏ အကြည့်များက လင်းရှန်အပေါ်သို့ ရောက်ရှိနေကြသည်၊၊ ထိန်းချုပ်ခန်းအတွင်းရှိ လေထုမှာ လေးလံနေသည်၊၊

လင်းရှန် ခေါင်းငုံ့ထားသည်၊၊ သူ၏ စိတ်ထဲတွင် အတွေးများစွာ ရှုပ်ထွေးနေသည်၊၊

အာခီစိုင်း၊ တွင်းနက်၊ အချိန်နှေးကွေးမှု၊ သန့်စင်ရေးအစီအစဉ်၊ ခြင်္သေ့ငါးရုပ်တု၊ သန္ဓေပြောင်းချဲ့ထွင်မှု၊ တွင်းနက်သားရဲကြီး...

မရေမတွက်နိုင်သော ကြီးမားသည့် ပြဿနာများက ဤအချိန်တိုအတွင်း သူ့ကို ဖိစီးထားသဖြင့် အသက်ရှူရန်ပင် ခက်ခဲနေသည်၊၊

ထိုအချိန်တွင် လင်းရှန်သည် ဂရေ့စ်ကို ဖြည်းညှင်းစွာ မော့ကြည့်လိုက်သည်၊၊ သူ၏ မျက်လုံးများက အာရုံစိုက်လာပြီး သူ၏ အတွေးအားလုံးကို စုစည်းကာ မျက်ခုံးများ ဖြည်းဖြည်းချင်း ပြေလျော့လာသည်၊၊

ရုတ်တရက် သူသည် တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်ပြီး ရှင်းဂျီကို ပြောလိုက်သည်၊၊

“ရှင်းဂျီ… ခဗျားရဲ့ စေတနာကို ကျုပ်နားလည်ပါတယ်၊၊ ဒါပေမဲ့ ခဗျားပိုစိတ်ဝင်စားမယ့် အစီအစဉ်တစ်ခုကို ရုတ်တရက် ကျုပ်တွေးမိသွားတယ်… နားထောင်ချင်လား”

“အိုး”

ရှင်းဂျီ၏ မျက်နှာပေါ်က အပြုံးမှာ အနည်းငယ် အေးခဲသွားပြီး တည်ကြည်သွားကာ ပြောလိုက်သည်၊၊

“ဒါက နောက်ထပ်မိုက်ရူးရဲဆန်ပြီး စွန့်စားရတဲ့ အစီအစဉ်မျိုးလား”

“ဟုတ်တယ်၊၊ ခဗျားရဲ့ ခုန်ကူးမယ့် အစီအစဉ်ထက် အဆပေါင်းရာနဲ့ချီ ပိုပြီး မိုက်ရူးရဲဆန်တယ်၊၊ တိတ်ဆိတ်မြို့တော် အမှတ် ၂ က လူပေါင်း ၁ သိန်းလုံးကို ကယ်တင်ဖို့ လုံလောက်လိမ့်မယ်”

ရှင်းဂျီ၏ မျက်နှာမှ အပြုံးမှာ အနည်းငယ် တောင့်တင်းသွားသည်၊၊

“ဒီအစီအစဉ်သစ်ကို အကောင်အထည်ဖော်ဖို့ ငါ့ရဲ့ အကူအညီက ဘယ်နေရာမှာလိုတာလဲ… လင်း”

လင်းရှန်က အသေအချာ စိုက်ကြည့်လိုက်ရင်း ပြောလိုက်သည်၊၊

“ကျုပ်ကို လမ်းညွှန်ခွင့်ပေးပါ”

…

ညဥ့်အချိန် ၂၂:၀၅ နာရီတွင် မြေပြင်ပေါ်သို့ အေးစက်လှသော ရိုက်ခတ်မှုတစ်ခုနှင့်အတူ အတွင်းပိုင်းဒီရေများ စတင်လာခဲ့သည်။ အဖြူရောင်မြို့တော်သည် ဆူပွက်လာပြီး မြို့လယ်ရှိ ဧရာမအသိုက်ကြီးမှာလည်း မှောင်မိုက်သောညထဲတွင် တဖြည်းဖြည်းပေါ်ထွက်လာသည်။ ပျက်စီးနေသော ပရိုဂရမ်တစ်ခုကဲ့သို့ပင် ၎င်းသည် ရူးသွပ်စွာဖြင့် စတင်ထုတ်လုပ်ကာ အစိတ်အပိုင်းများကို ပေါင်းစပ်နေပြီး ထူးဆန်းသည့် သတ္တဝါများသည်လည်း အမှောင်ထုထဲသို့ အဆက်မပြတ် တိုးဝင်လာကြသည်။

အဖြူရောင်မြို့တော်၏ မိလ္လာသန့်စင်စက်ရုံအောက်ရှိ လျှို့ဝှက်အခန်း၏ ပင်မထိန်းချုပ်ခန်းထဲတွင် စင်များစွာ စနစ်တကျ စီတန်းထားသည်။ ဤနေရာမှာ အဖြူရောင်မြို့တော်ရှိ အနီရောင်ကမ္ဘာ၏ ကမ္ဘာလုံးဆိုင်ရာ မြေအောက်သုတေသနလုပ်ငန်းတစ်ခုလုံးအတွက် အဓိကဗဟိုချက်ပင်ဖြစ်သည်။

ထိုအချိန်တွင် လေထုက တိတ်ဆိတ်ငြိမ်သက်နေသည်။ ရွှန်းအပါအဝင် လူတိုင်းသည် လင်းရှန်ကို ခံစားချက်အမျိုးမျိုးဖြင့် ကြည့်နေကြသည်။ ဆက်သွယ်ရေးလှိုင်းများသည်လည်း တိတ်ဆိတ်နေပြီး တိတ်ဆိတ်မြို့တော်၏ ခေါင်းဆောင်ဖြစ်သူ ရှင်းဂျီပင်လျှင် စက္ကန့်အနည်းငယ်မျှ နှုတ်ဆိတ်သွားသည်။ ထိုစက္ကန့်ပိုင်းအတွင်း သူ၏ ဂဏန်းငါးလုံးပါ ကွမ်တမ်တွက်ချက်မှုနန်းတော်သည် သက်ဆိုင်ရာအချက်အလက်အားလုံးကို ထည့်သွင်းကာ တွက်ချက်မှုပေါင်း သန်းချီ၍ ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။ သူရရှိခဲ့သော ကောက်ချက်မှာ လင်းရှန်၌ မသိရသေးသော အခြားစွမ်းအားများသာ မရှိပါက လက်ရှိအကျပ်အတည်းအတွက် သူပြောတာထက်ကောင်းသော မဟာဗျူဟာမရှိနိုင်တော့ခြင်းပင်။

တိတ်ဆိတ်မြို့တော်ကဲ့သို့သော ဧရာမအဆောက်အအုံကြီးကို လှုပ်ရှားစေပြီး တွင်းနက်ထဲသို့ ဖြတ်သန်းသွားလာခြင်းမှာ သူတို့ကဲ့သို့ အဖွဲ့ငယ်လေးတစ်ခု လှုပ်ရှားခြင်းထက် ပို၍အန္တရာယ်များလှသည်။ ယခု နောက်ဆံတင်းစရာများ မရှိတော့သောကြောင့်သာ ရှင်းဂျီသည် ဤကဲ့သို့ ရဲတင်းလှသော လောင်းကြေးကို ထပ်ရဲခြင်း ဖြစ်သည်။

“အဖြူရောင်မြို့တော် ရထားဘူတာရုံ၊ အနောက်ဘက်က ဘန်ကာနဲ့ တိတ်ဆိတ်မြို့တော်တို့ကြားက ဗဟိုချက်အကွာအဝေးကို တွက်ချက်ဖို့ ကူညီပေးပါ’’

“အစားထိုးရထားလမ်း အမြန်နှုန်း၊ ခံတပ်အခြေစိုက်ယာဥ်၊ တိတ်ဆိတ်မြို့တော် ပျံတက်ချိန်...’’

ထိုအချိန်တွင် လင်းရှန်သည် ဂရေ့စ်ကို အဖြူရောင်မြို့တော်နှင့် ပတ်ဝန်းကျင်မြေမျက်နှာသွင်ပြင်၏ ဟိုလိုဂရမ်မြေပုံကို ထုတ်ခိုင်းထားပြီး ဂရေ့စ်နှင့် အချက်အလက်များကို ရိုက်ထည့်နေသည်။

[တည်နေရာအမှတ်မှာ တောင်ကြားလမ်းရဲ့ အနောက်ဘက် ၁၂ ကီလိုမီတာ၊ လမ်းကြောင်းသွေဖည်မှု ၁၂ ဒီဂရီ၊ အချိန်ကွာခြားချက် ၄ မိနစ်၊ ဆင်းသက်မယ့် ဧရိယာက အချင်း ၅.၁ ကီလိုမီတာလောက် ရှိတယ်]

ဂရေ့စ်သည် လင်းရှန်အတွက် တွက်ချက်မှုရလဒ်များကို တိကျစွာ ထုတ်ပေးနေသည်။ သူ့ဘေးတွင်ရှိသော ကီကီသည် မျက်မှောင်ကြုတ်ကာ တစ်ခုခုမေးချင်သော်လည်း သူ့ကို အနှောင့်အယှက်မပေးသင့်မှန်း သိနေသဖြင့် ငြိမ်၍စောင့်နေလေသည်။ သူမသည် ထောင့်တစ်နေရာတွင် ငိုနေသော ကျိုးလီ၏ ပါးစပ်ကိုလည်း ပိတ်ထားရန် စိတ်စွမ်းအင်သုံးလိုက်သည်။

“ခဗျားက ခဗျားရဲ့ ရထား၊ ခံတပ်အခြေစိုက်ယာဥ်နဲ့ တိတ်ဆိတ်မြို့တော်တို့ကို လမ်းကြောင်းတစ်ခုတည်းမှာ ဆုံဖို့ စီစဥ်နေတာလား...’’

လင်းရှန် တွက်ချက်နေသော ဟိုလိုဂရမ်မြင်ကွင်းကို ကြည့်ရင်း ရွှန်းက လက်ပိုက်ကာ မေးလိုက်သည်။

“ရန်သူကို တွန်းလှန်ဖို့ အင်အားစုတွေအကုန် ပေါင်းစည်းမလို့လား’’

“မဟုတ်ဘူး၊၊ အဲဒီအစား ဗျာဒိတ်တော်ဂိုဏ်းရဲ့ ကတ်တလောက်ထဲမှာ ဖော်ပြထားတဲ့ ခြင်္သေ့ငါးရုပ်တုရဲ့ ထူးခြားချက်တွေကနေ ငါစိတ်ကူးတစ်ခုရလိုက်တာ’’

လင်းရှန်သည် ရွှန်း၏မေးခွန်းကို တိုက်ရိုက်မဖြေဘဲ နန်ကျင်းဘက်သို့ လှည့်ကြည့်လိုက်သည်။

“အစ်မနန်ကျင်း… အာခီစိုင်းသဲကန္တာရထဲမှာ ကျုပ်တို့ ခြင်္သေ့ငါးရုပ်တုကို တွေ့ခဲ့တာ မှတ်မိလား။ အဲဒါက တွင်းနက်ရဲ့ ဒီရေလှိုင်းကို ဖြစ်စေခဲ့တယ်၊၊ အနက်ရောင်အနားသတ် အကျိုးသက်ရောက်မှုလို့ ခေါ်ပြီး အဲဒါက ငါတို့ကို ဝါးမျိုသွားခဲ့တယ်’’

နန်ကျင်းက ခေါင်းညိတ်လိုက်သည်။

“ကျွန်မနဲ့ လူအိုကြီးရှီကတော့ သေသေချာချာမမြင်လိုက်ရပေမဲ့ သတိတော့ထားမိလိုက်တယ်’’

“အဲဒီနောက် ကျုပ်တို့က ဘူတော့ရေကန်စပ်မှာ ပေါ်လာပြီး ထူးဆန်းတဲ့ သတ္တဝါတွေရဲ့ အုံကြွမှုကို ကြုံခဲ့ရတယ်”

လင်းရှန်က မြေပုံပေါ်သို့ ညွှန်ပြလိုက်သည်။

“တိုက်ဆိုင်နေတဲ့အချက်တစ်ခုကို သတိထားမိလား။ ကျုပ်တို့ရောက်နေတဲ့ နေရာက အဖြူရောင်မြို့တော်မှာရှိတဲ့ ခြင်္သေ့ငါးရုပ်တုရဲ့ ကီလိုမီတာ ၁၀၀ အကွာအဝေးအတွင်းမှာ ရှိနေတယ်။ ဆွဲငင်ခံလိုက်ရတဲ့ တိတ်ဆိတ်မြို့တော်တောင် ၇၀ ကီလိုမီတာလောက်ပဲ ဝေးတယ်။ သူဌေးဟူတို့ဆိုရင် အဖြူရောင်မြို့တော်ထဲမှာ တိုက်ရိုက်ပေါ်လာတယ်’’

Chapter 693

ပေါင်းစည်းခြင်း ၁

လင်းရှန်၏ စကားကို ကြားသောအခါ ချန်ဆီရွှမ်က မနေနိုင်ဘဲ ပြောလိုက်သည်။

“ဆိုလိုတာက တစ်နေရာကနေ တစ်နေရာကို ကူးပြောင်းတာက ခြင်္သေ့ငါးရုပ်တုသုံးခုကြားမှာပဲ ဖြစ်နေတာပေါ့၊ အမှတ် ၅ တွင်းနက်ကြီးတစ်ခုလုံးမှာ ကြုံသလိုဖြစ်နေတာ မဟုတ်ဘူးပေါ့’’

“နောက်ဆုံးအကြိမ်က သူဌေးဟူနဲ့ လူအိုကြီးမိုတို့ ဆွဲငင်ခံရတာကို မှတ်မိလား’’

လင်းရှန်က ဆက်ပြောသည်။

“သူတို့က မူလက တိတ်ဆိတ်မြို့တော်နဲ့အတူ ပါလာတာ… ဒါပေမဲ့ သူတို့ယာဥ်တန်းက ကွဲထွက်သွားတဲ့အတွက် တည်နေရာက ပြောင်းသွားတာပဲ။ ဘယ်လောက်ပဲ ပြောင်းပြောင်း ခြင်္သေ့ငါးရုပ်တုရဲ့ အနီးအနားမှာပဲ အမြဲဖြစ်ပေါ်နေတယ်။ ဒါဆိုရင် သူတို့က ဘာလို့ အဖြူရောင်မြို့တော်မှာ မပေါ်ဘဲ အာခီစိုင်းမှာ သွားပေါ်ရတာလဲ’’

ထိုစကားကို ကြားလျှင် ကီကီ၏ မျက်လုံးများ ဝိုင်းစက်သွားသည်။

“အိုး...’’

“မင်း ခန့်မှန်းမိပြီပဲ’’

လင်းရှန် အချိန်မဆွဲဘဲ တိုက်ရိုက်ပြောလိုက်သည်။

“မှန်တယ်၊၊ အဲဒီအချိန်မှာ အနီရောင်ကမ္ဘာက တတိယမြောက် ခြင်္သေ့ငါးရုပ်တုကို နက္ခတာယာကြည့်စခန်းဆီ သယ်ဆောင်နေတာ သေချာတယ်။ သူဌေးဟူတို့ ယာဥ်တန်းက တိတ်ဆိတ်မြို့တော်နဲ့ ကွဲသွားပြီးနောက် လမ်းကြောင်းလွဲသွားတာပဲ။ တိတ်ဆိတ်မြို့တော်က အဖြူရောင်မြို့တော်က ရုပ်တုနားမှာ ပေါ်လာပြီး သူဌေးဟူတို့ကတော့ အာခီစိုင်းနားမှာ ပေါ်လာတာပဲ။ အဲဒါကြောင့်လည်း သူတို့က ဝေမြစ်ကနေ တစ်ညတည်းနဲ့ ကီလိုမီတာထောင်ပေါင်းများစွာကို ဖြတ်ကျော်ပြီး အနောက်ဘက်သဲကန္တာရထဲက တွင်းနက်ရဲ့ မြောက်ဘက်မှာ ပေါ်လာနိုင်တာပေါ့’’

မိုနီကာက ခေါင်းညိတ်ပြီး ပြောသည်။

“နောက်တော့ အာခီစိုင်းသဲကန္တာရထဲက တားမြစ်ပစ္စည်းအကြောင်း သတင်းတွေ ထွက်လာတာပဲ... သူတို့ တကယ်ကံကောင်းခဲ့တာပဲ’’

“ဒါဆိုရင်...’’ ရွှန်း သဘောပေါက်သွားပြီး ပြောလိုက်သည်။

“ခဗျားပြောချင်တာက ဒုတိယမြို့တော်သာ တွင်းနက်ထဲ ဆွဲသွင်းခံရရင် အဲဒါကလည်း အဖြူရောင်မြို့တော်နားမှာပဲ ပေါ်လာနိုင်တယ်လို့ ပြောချင်တာလား’’

“ဟုတ်တယ်’’

“ပြီးတော့ ခဗျားရဲ့ အစီအစဥ်က ကျနော်တို့အားလုံးကို တစ်နေရာတည်းမှာ စုစည်းဖို့လား...’’

“မဟုတ်ဘူး’’

လင်းရှန်က သူ့စကားကို ဖြတ်ပြောလိုက်ပြီး ခိုင်မာစွာ ဆိုသည်။

“သူတို့ကို အထဲဝင်လာအောင် လုပ်ဖို့ မရည်ရွယ်ဘူး၊၊ ငါတို့အားလုံး အပြင်ထွက်ဖို့ပဲ’’

“ရွှန်း”

ထိုအချိန်တွင် ဘန်ကာထိန်းချုပ်ခန်းထဲရှိ ရှင်းဂျီသည် ဟိုလိုဂရမ်မျက်နှာပြင်ကို ကြည့်ရင်း အဓိပ္ပာယ်အပြည့်ဖြင့် ပြောလိုက်သည်။

“လင်းရှန်က ပေါင်းစည်းယာဥ်တန်း၊ ဘန်ကာနဲ့ တိတ်ဆိတ်မြို့တော်တို့ကို တောင်ကြားလမ်းနားက လွင်ပြင်မှာ ဆုံဖို့ တွက်ချက်နေတာပဲ။ ပြီးတော့ ခြင်္သေ့ငါးရုပ်တုရဲ့ ထူးခြားချက်ကို သုံးပြီး...’’

“တည်နေရာကူးပြောင်းဖို့ပဲ’’

“ဘာ’’

ထိုစကားကို ကြားသောအခါ တိုင်ရီလန်သည် အံ့အားသင့်သွားပြီး ပိုက်ထားသောလက်ပင် ပြုတ်ကျသွားသည်။

ချီလီနှင့် မိုနီကာတို့သည်လည်း မနေနိုင်ဘဲ အနားသို့တိုးလာကြသည်။ အမြဲအေးစက်နေတတ်သော ရှောင်ချင်းပင်လျှင် အသက်အောင့်ကာ လင်းရှန်ကို စိုက်ကြည့်နေမိသည်။

ကီကီသည် ပါးစပ်အဟောင်းသားဖြစ်သွားပြီး လင်းရှန်ကို ကြည့်ရင်း သဘောပေါက်သွားသည်။

“လင်းရှန်... ရှင်... ရှင် တကယ်ကြီး အဲဒီလိုလုပ်ဖို့ စဥ်းစားနေတာလား’’

“ဟုတ်တယ်’’

လင်းရှန်က အချက်အလက်များကို ဆက်လက်တွက်ချက်ရင်း လေးနက်စွာ ပြန်ဖြေသည်။

“ငါက အာခီစိုင်းသဲကန္တာရက တည်နေရာကူးပြောင်းမှုဖြစ်စဥ်ကို ပြန်လုပ်ကြည့်ချင်တာ’’

“ဟင်’’ ချန်ဆီရွှမ်က အတော်လေး ဇဝေဇဝါ ဖြစ်နေသည်။

“ကျွန်မတို့အပေါ်မှာရှိတဲ့ အဲဒီ ခြင်္သေ့ငါးရုပ်တုကို သုံးမလို့လား’’

“လင်းရှန်… အဲဒါက ဖြစ်နိုင်ပုံမရဘူး’’

ရွှန်းက မျက်မှောင်ကြုတ်ကာ ပြောသည်။

“ပြဿနာက...’’

“ခြင်္သေ့ငါးရုပ်တုက တွင်းနက်ရဲ့ အကွာအဝေးကနေ ထွက်သွားမှသာ အနက်ရောင်အနားသတ်အကျိုးသက်ရောက်မှုကို ဖြစ်စေမှာ မဟုတ်လား’’

လင်းရှန်က တွက်ချက်မှုများကို အဆုံးသတ်ကာ အသက်ပြင်းပြင်းရှူပြီး ရွှန်းနှင့် ရှင်းဂျီကို ကြည့်ကာ ပြောလိုက်သည်။

“အဲဒီပြဿနာကို ငါ ဖြေရှင်းနိုင်တယ်’’

သူက ကီကီနှင့် အခြားလူများကို ကြည့်ကာ ပြောသည်။

“ဒါရိုက်တာတင်းရဲ့ အချက်အလက်တွေအရ ငွေနဂါးဆယ်ဆပန်းက ဒုတိယမြောက်ပန်းပွင့်လာပြီ”

ထိုအချိန်တွင် ကီကီ၊ ချန်ဆီရွှမ်နှင့် မိုနီကာ၊ နန်ကျင်း၊ ရွှန်းတို့ အားလုံး ရုတ်တရက် သဘောပေါက်သွားကြသည်။

နန်ကျင်းက အံ့သြတကြီး ရေရွတ်သည်။

“ကပ္ပတိန်လင်း... ရှင်ဆိုလိုတာက...’’

“ဟင်းလင်းပြင်အလွှာလိုက်ဖြစ်ပေါ်မှုကို ဖန်တီးမလို့လား’’ မိုနီကာက ပြောသည်။

“မဖြစ်နိုင်တာ...’’ ချီလီ၏ မျက်ခုံးများ လှုပ်နေသည်။

“အဲဒါက... သိပ်ပြီး စိတ်ကူးယဥ်ဆန်လွန်းတယ်’’

အချက်အလက်များ တပြိုင်တည်းသိရှိစေရန်အတွက် လင်းရှန်သည် ငွေနဂါးဆယ်ပန်း၏ ဟင်းလင်းပြင်အလွှာလိုက်ထပ်ဆင့်နိုင်သော ထူးခြားချက်များကို ရွှန်းနှင့် ရှင်းဂျီတို့အား လျင်မြန်စွာ ပြောပြလိုက်သည်။

ထိုစကားကို ကြားသောအခါ ရွှန်း၏ မျက်နှာမှာ သိသိသာသာ ပြောင်းလဲသွားသည်။

“ဒါဆို... ခဗျားက လူတိုင်းကို စုစည်းမယ်၊၊ ပြီးတော့ အဲဒီကပ်ဘေးအပင်ကို သုံးပြီး ဟင်းလင်းပြင်အလွှာတွေ ဖန်တီးမယ်၊၊ အဲဒီနောက် တွင်းနက်ဒီရေကိုဖြစ်စေတဲ့ တားမြစ်ပစ္စည်းကို ကြည့်ပြီး အားလုံးကို အပြင်ကို ကူးပြောင်းပေးမယ်ပေါ့’’

“ခဗျားက ဘာလို့ အဖွဲ့သုံးဖွဲ့လုံးကို တောင်ကြားလမ်းနားက လွင်ပြင်မှာ စုခိုင်းရသလဲဆိုတာ အခုမှနားလည်တော့တယ်။ အဖြူရောင်မြို့တော်က သန္ဓေပြောင်းသတ္တဝါတွေ ရုန်းရင်းဆန်ခတ်ဖြစ်တာက အမှောင်အမှတ်အသားတွေ အများကြီးဖြစ်စေမှာကို စိုးရိမ်လို့ပဲ။ ဒါပေမဲ့... ခဗျားက အဲဒီ ခြင်္သေ့ငါးရုပ်တုကို ဒီမြို့ထဲကနေ မြို့အပြင်ကို ဘယ်လို သယ်မှာလဲ’’

“ရွှန်း… သူက ယဲ့ရိရဲ့ အစီအစဥ်ကို သုံးဖို့ ရည်ရွယ်ထားတယ်…”

ထိုအချိန်တွင် ရွှန်းသည် လင်းရှန်၏ ရည်ရွယ်ချက်ကို နားလည်သွားပြီး ဆက်သွယ်ရေးစက်မှတစ်ဆင့် ပြောလိုက်သည်။

ရွှန်း၏ မျက်လုံးများ ပြူးသွားကာ လင်းရှန်ကို ရှုပ်ထွေးသော အမူအရာဖြင့် ကြည့်လိုက်သည်။

“အခုမှပဲ တကယ်နားလည်တော့တယ်...’’

“တကယ်ကို ရူးသွပ်တဲ့ အစီအစဥ်ပဲ...’’

လင်းရှန်သည် သူ၏ ရှေ့မှ ဟိုလိုဂရမ်မြေပုံကို ချဲ့လိုက်ပြီး အမှတ် ၅ တွင်းနက်ကြီးတစ်ခုလုံး ပေါ်လာစေကာ အဖြူရောင်မြို့တော်နှင့် အာခီစိုင်းတည်နေရာများကို မှတ်သားလိုက်သည်။

“ခြင်္သေ့ငါးရုပ်တုသုံးခုက အဓိကချိတ်ဆက်ထားတဲ့ အမှတ်တွေပဲ။ ဒီသုတေသနစခန်းအပေါ်က တစ်ခုအပြင် အနီရောင်ကမ္ဘာက ကျန်တဲ့ နှစ်ခုကို သုံးပြီး အပြင်ဘက်ကို တိုးချဲ့ဖို့ ကြိုးစားနေတာပဲ။ အဲဒီရုပ်တုက တွင်းနက်မဟုတ်တဲ့ နေရာမှာ ပေါ်လာပြီး တစ်ယောက်ယောက်က ကြည့်လိုက်တာနဲ့ တွင်းနက်ကို ပုံမှန်မဟုတ်ဘဲ တိုးချဲ့စေတဲ့ ဒီရေစွမ်းအားကို ဖြစ်စေလိမ့်မယ်။ အစက်လေးတစ်ခုကို အစက်ကြီးတစ်ခုက ဝါးမျိုလိုက်သလိုမျိုးပေါ့။ ဒါကြောင့် သီအိုရီအရ ငါတို့သာ ခြင်္သေ့ငါးရုပ်တုကို တွင်းနက်အပြင်ဘက်မှာ ထားနိုင်ရင် ဒီအစီအစဥ်ကို အကောင်အထည်ဖော်လို့ရပြီ’’

“အိုးးး...’’ ကီကီက ရေရွတ်လိုက်သည်။

“ဒါဆိုရင် တည်နေရာကူးပြောင်းမှုသာ ထပ်ဖြစ်ရင် ကျွန်မတို့က အာခီစိုင်း ဒါမှမဟုတ် ဝေမြစ်မှာ သွားပေါ်မှာပေါ့’’

“ဝေမြစ်ကတော့ မဖြစ်နိုင်ဘူ’’

လင်းရှန်က ထပ်ပြောသည်။

“ဒုတိယမြောက် ခြင်္သေ့ငါးရုပ်တုကို အနီရောင်ကမ္ဘာက လုလင်တောအုပ်ဆီ ရွှေ့လိုက်ပြီဆိုတာ မေ့နေပြီလား’’

သူ၏ မျက်လုံးများ မှေးကျဥ်းသွားသည်။

“ငါမမှားရှိဘူးဆိုရင် ဒီကူးပြောင်းမှုက အခုထိ ဖြစ်နေတုန်းပဲ။ သူတို့ရဲ့ ဒုံးပျံအမြန်နှုန်းကို မမီပေမဲ့ အချိန်ကွာခြားချက်က သိပ်မရှိနိုင်ဘူး’’

“ဒါပေမဲ့... တကယ်သာ ကူးပြောင်းသွားခဲ့ရင်တောင် ငါတို့က တွင်းနက်ထဲမှာပဲ ရှိနေဦးမှာ မဟုတ်လား’’

တိတ်ဆိတ်မြို့တော်မှ တိုင်ရီလန်က အံ့အားသင့်နေရာမှ သတိဝင်လာပြီး မေးလိုက်သည်။

“ဘယ်လိုလုပ် အတူတူဖြစ်မှာလဲ။ အာခီစိုင်းပဲဖြစ်ဖြစ် လုလင်တောအုပ်ပဲဖြစ်ဖြစ်… အဲဒါတွေက တွင်းနက်ရဲ့ အစွန်းမှာ ရှိနေတာလေ။ အပြင်ထွက်ရတာ ပိုလွယ်သွားမှာပေါ့ မဟုတ်ဘူးလား’’

ကီကီက စိတ်အားထက်သန်စွာဖြင့် ပြန်ပြောသည်။

“အင်း... ဒါက... ကျွန်မတို့ရဲ့ နံပါတ် ၂ မြို့တော် တွင်းနက်ထဲ ပါသွားတာကိုတော့ တားနိုင်မှာ မဟုတ်ဘူး ထင်တယ်’’ ရှီဇီက အရေးကြီးသော မေးခွန်းတစ်ခုကို အားတုံ့အားနာဖြင့် မေးလိုက်သည်။

လင်းရှန်က ရှီဇီကို ပြုံးပြီး ကြည့်လိုက်သည်။

“မင်းတို့ အရေးကြီးတဲ့ အချက်တစ်ခုကို မေ့နေကြတယ်’’

“ဗျာဒိတ်တော်ဂိုဏ်းရဲ့ ခွဲခြမ်းစိတ်ဖြာမှုအရ အနက်ရောင်အနားသတ်အကျိုးသက်ရောက်မှုက တွင်းနက်ကြီး တည်ငြိမ်သွားပြီးမှ ဖြစ်တာပဲ’’

ရှင်းဂျီ၏ အသံထွက်ပေါ်လာပြီး ဝင်ဖြေပေးသည်။

“ဆိုလိုတာက ငါတို့သာ အနီရောင်ကမ္ဘာထက် အရင်ဦးအောင် တွင်းနက် ဟင်းလင်းပြင်မတည်ငြိမ်မှုကို ဖြစ်စေနိုင်ရင် လုလင်တောအုပ်က ရုပ်တုက တွင်းနက်မတည်ငြိမ်ခင်အထိ ဘာစွမ်းရည်မှရှိမှာ မဟုတ်ဘူး’’

လင်းရှန်က ခေါင်းညိတ်လိုက်သည်။

“စွမ်းရည်ရှိမရှိကတော့ စောင့်ကြည့်ရဦးမှာပဲ၊၊ ဘာလို့လဲဆိုတော့ ဒါက သိပ်ပြီး ထူးဆန်းလွန်းလို့ပဲ။ ဒါပေမဲ့ ကျုပ်တို့ရဲ့ လက်ရှိအခြေနေနဲ့ စတေးပြီး တွင်းနက်ထဲကနေ ထွက်ဖို့ ကြိုးစားတာထက် ပိုမြန်တာတော့ သေချာတယ်’’

All Chapters