← Chapters

အခန်း (၅၀၀၆-၅၀၁၀)

Vol. 254 Ch. 5006-5010

အခန်း (၅၀၀၆-၅၀၁၀)

Vol. 254 Ch. 5006-5010

Chapter 5006

လုယွီသည် သစ်သားသေတ္တာအတွင်းမှ ကျိုးထျန်းယင်၏ အကြွင်းအကျန်စိတ်ဝိညာဉ်ကို ကြေမွှပျက်စီးသွားစေသည့်အချိန်မှစ၍ သူသည် ဤလူများ၏ ထိန်းချုပ်မှုအောက်တွင် မရှိတော့ချေ။

လုယွီ ပြောခဲ့သည့်အတိုင်း ယခုမှစ၍ ဤလောကကြီးအတွင်းတွင် ကျိုးထျန်းယင် မရှိတော့ဘဲ သူ လုယွီသာ ရှိတော့သည်။

ကျိုးထျန်းယင်သည် တခြားနည်းလမ်းများကို အသုံးပြုထားလျှင်ပင် သူ၏အကြွင်းအကျန်စိတ်ဝိညာဉ်သည် အရိပ်အယောင်ပင် မကျန် ပျောက်ကွယ်သွားလေပြီ။ ထိုကြောင့် သူသည် အဆုံးသတ်တွင် စွမ်းအားများ ကုန်ခမ်းသွားပြီဖြစ်သောကြောင့် ပြန်လည်အသက်ရှင်လာနိုင်ခြေ မရှိတော့ပေ။

"အရာအားလုံး ပြီးဆုံးသွားပြီ..."

အတွေးတစ်ချက်ဖြင့် လုယွီသည် သူ၏စိတ်အတွင်းမှ အာရုံပျံ့လွင့်စေသော အတွေးများကို ဖယ်ရှားလိုက်သည်။

လုယွီသည် သူ့ကိုယ်သူ စိတ်ငြိမ်သက်စေပြီးနောက် မကျင့်ကြံဘဲ ခြံဝန်း၏ ထောင့်တစ်နေရာကို ကြည့်လိုက်သည်။

"မင်း ငါ့နောက်ကို တစ်လမ်းလုံး လိုက်လာခဲ့တာပဲ.... မင်းအခု ထွက်လာလို့ရပြီ"

လုယွီက တည်ငြိမ်စွာ ပြောဆိုသည်။

ခြံဝန်းသည် အမှောင်ကျနေပေ၏။ မှိန်ဖျော့သော လရောင်အောက်တွင် လှပသော ပုံရိပ်တစ်ခု ထွက်ပေါ်လာပြီး ဖြည်းညှင်းစွာ လျှောက်လှမ်းလာသည်။

ဤသည်မှာ ပါးလွှာသော ဝတ်စုံတစ်ထည်ကို ဝတ်ဆင်ထားသည့် လှပချောမောသော အမျိုးသမီးတစ်ဦးပင်။ သူမ၏ ဖွံ့ထွားသောကိုယ်လုံးကိုယ်ပေါက်သည် သူမ၏တင်းကြပ်သောဝတ်စုံအောက်မှ ပွင့်အံ့ထွက်မတတ်ဖြစ်နေပြီး သူမ၏ ဖြူဖွေးချောမွတ်သောလက်ကို အနည်းငယ် မြှောက်လိုက်သည်။ သူမ၏သွယ်လျသောလက်ဖြင့် သူမ၏နဖူးပေါ်မှ ဆံပင်များကို ဖယ်ရှားလိုက်ရာ တောက်ပရွှန်းစိုပြီး လှပသောမျက်လုံးများ ပေါ်လွင်လာပေ၏။

ဤသည်မှာ မီဖေးပင်။

မီဖေးသည် သူမ၏ နူးညံချောမွတ်သော ခြေထောက်များကို မြှောက်ပြီး လုယွီ၏ရှေ့သို့ ဖြည်းညှင်းစွာ လျှောက်လှမ်းလာသည်။ သူမ၏ လှပသော မျက်လုံးတစ်စုံအတွင်း၌ အလင်းတန်းများဖြင့် လင်းလက်နေသည်။

သူမသည် ခြေလှမ်းလှမ်းလိုက်ချိန်တွင် သူမ၏ ခြေအိတ်များ၌ ဖုန်များဖြင့် ဖုံးလွှမ်းသွားသည်။

မရေမတွက်နိုင်သော ဘုရားကျောင်းများတွင် ကိုးကွယ်ခဲ့ရသော နတ်ဘုရားမသည် နံရံဆေးရေးပန်းချီမှ ထွက်လာသကဲ့သို့ ဖြစ်နေပြီး လူအများကို ယစ်မူးစေနိုင်သည်။

"နင် ငါရှိတာကို ထွင်းဖောက်မြင်ရဲ့သားနဲ့ ဘာလို့ ငါ့ကို လမ်းခုလတ်မှာ မတားဆီးခဲ့တာလဲ"

မီဖေးက အေးစက်စက်လေသံဖြင့် ပြောဆိုသည်။

"ငါ မင်းကို တားဆီးရင် မင်း ဘာလုပ်နိုင်မှာလဲ...ငါ မင်းကို မတားဆီးရင် မင်း ဘာလုပ်နိုင်မှာလဲ"

လုယွီသည် လက်တင်ကုလားထိုင်ပေါ်တွင် ထိုင်ပြီး မီဖေးကို ကြည့်လိုက်၏။

မီဖေးသည် လုယွီကို စူးစိုက်ကြည့်ပြီး အလေးအနက်ထားသောအသံဖြင့် ပြောဆိုသည်။ "ကွယ်လွန်သူဧကရာဇ်ရဲ့အရှိန်အဝါ... ဒီအရှင်မက မှားယွင်းပြီး ခံစားမိတာမဟုတ်ဘူး"

"ငါ အရင်က ပြောခဲ့ပြီးပြီ...ကျိုးထျန်းယင်က သေသွားပြီ"

လုယွီက တုံ့ပြန်သည်။

"မဟုတ်ဘူး.."

မီဖေး၏မျက်လုံးအကြည့်သည် လုယွီအပေါ်သို့ စူးစိုက်၍ ကျရောက်နေသည်။

"နင် လိမ်နေတာ..."

"ငါ မလိမ်တတ်ဘူး... ငါ့ရဲ့စကားလုံးတွေက ရွှေနဲ့ ကျောက်စိမ်းလို တည်ကြည်လေးနက်တယ်"

လုယွီ၏ အသံသည် ညကောင်းကင်ယံတွင် ပဲ့တင်ထပ်နေပြီး ပတ်ဝန်းကျင်ရှိ သစ်ကိုင်းသစ်ရွက်များကို တုန်ခါစေကာ တရှဲရှဲအသံများ ထွက်ပေါ်စေသည်။

"ငါ ပြောတာက မင်းက ဒီကိစ္စနဲ့ပတ်သက်ပြီး လိမ်နေတာ မဟုတ်ဘူး.. မင်းက အကြောင်းအရာတချို့ကို ဖုံးကွယ်ထားတာပဲ"

မီဖေးက လုယွီကို ကြည့်ပြီး အလေးအနက်ထားသောအသံဖြင့် ပြောဆိုလိုက်သည်။

"လုယွီ...နင်က ကွယ်လွန်သူဧကရာဇ်ပဲ... ဟုတ်တယ်မလား....."

...

"ကွယ်လွန်သူဧကရာဇ်က ငယ်ငယ်ရွယ်ရွယ်နဲ့ နာမည်ကျော်ကြားခဲ့ပြီးတော့ အသက်သုံးဆယ်မတိုင်ခင်မှာ သူ့ရဲ့ ထီးနန်းကို လုံခြုံအောင် လုပ်နိုင်ခဲ့တယ်....သူက အုပ်စိုးသူအရှင်နယ်ပယ်ကိုတောင် ဖောက်ထွက်ခဲ့ပြီး မိုးကောင်းကင်အောက်မှာ ရှုံးပွဲမရှိ ဖြစ်လာခဲ့တယ်..."

"နင်ကတော့....နင်လည်း အတူတူပဲ...ဒီလောက်ထိ ထူးချွန်တဲ့ အောင်မြင်မှုတွေကို ဘယ်လို ရခဲ့တာလဲ..."

"အဲ့ဒီလူအိုကြီး မိန်းမစိုးကျိုးကောင်းအကြောင်းကို ငါ ကောင်းကောင်းသိတယ်...ကွယ်လွန်သူဧကရာဇ်ကလွဲရင် တခြားဘယ်သူမှ သူ့ကို အညံ့ခံစေနိုင်မှာ မဟုတ်ဘူး... ဒါပေမယ့် နင် ထီးနန်းတက်တဲ့အချိန်မှာ သူက နင်ရှေ့မှာ ဒူးထောက်ခဲ့တယ်...ဒါက သာမာန်ကိစ္စမျိုး မဖြစ်နိုင်ဘူး...."

"ဒါ့ပြင် ကျိုးမိသားစုရဲ့မင်းသားနှစ်ပါးက နင့်ရဲ့ရှေ့မှာ ဦးညွှတ်အရိုအသေပြုဖို့ တကယ့်ကို ဆန္ဒရှိကြတယ်... ရှန်လင်းလုံ ထီးနန်းတက်တုန်းကတောင် သူ ဒီလိုမျိုး မလုပ်နိုင်ခဲ့ဘူး..."

"ကံကြမ္မာရွှေရောင်နဂါးက ထိုက်ချမ်ဧကရာဇ်နဲ့ အမြဲတမ်း နီးစပ်ခဲ့တယ်.... နင်လို အပြင်လူတစ်ယောက်က ကံကြမ္မာရွှေရောင်နဂါးကို ဒီလောက်ထိနီးစပ်အောင် ဘယ်လို လုပ်နိုင်မှာလဲ"

မီဖေး၏စကားလုံးများသည် ထက်ရှပြီး အဆုံးသတ်တွင် သူမက အော်ဟစ်လိုက်သည်။

သူမသည် မူလက လုယွီကို ပါရမီရှင်တစ်ဦးဟုသာ တွေးထင်ခဲ့သည်။ သို့ရာတွင် လုယွီ နဂါးပလ္လင်ပေါ်တွင် ထိုင်လိုက်သည့်အခိုက်အတန့်မှာပင် မီဖေးက ဤလူသည် အတိတ်က သူမ၏ခင်ပွန်းနှင့် အလွန်ဆင်တူသည်ကို နားလည်သဘောပေါက်မိသည်။

"နင်က သူပဲ...ဟုတ်တယ်မလား..."

မီဖေးသည် ခြေလှမ်းတစ်လှမ်းချင်း လျှောက်လာပြီး မွှေးပျံ့သောရနံ့များက ပတ်ဝန်းကျင်၌ ပျံ့နှံ့နေပေ၏။

သူမ၏ စွဲမက်ဖွယ်ကောင်းသော ခန္ဓာကိုယ်သည် တဖြည်းဖြည်း လုယွီ၏အနီးသို့ ချဉ်းကပ်လာသည်။

"မင်း လွန်သွားပြီ....."

လုယွီ၏မျက်လုံးများအတွင်းတွင် တောက်ပသော ရွှေရောင်အလင်းတန်းတစ်တန်း ရုတ်တရက် ဖြတ်ပြေးသွားသည်။ ကြီးမားကျယ်ပြန့်သော နတ်ဘုရားအလင်းတန်းတစ်တန်း ပျံ့လွင့်လာပြီး မီဖေးကို ခြေလှမ်းအနည်းငယ် နောက်ဆုတ်သွားစေသည်။

"ဒါက..."

မီဖေး၏မျက်လုံးများအတွင်း၌ ထိတ်လန့်ကြောက်ရွံမှု အရိပ်အယောင်တစ်ရပ် ထင်ဟပ်လာပေ၏။

ဤသည်မှာ နတ်ဘုရားဘုရင်တစ်ပါး၏ အရှိန်အဝါပင်။

နတ်ဘုရားအားလုံး၏ဘုရင်...လောကကြီး၏ အုပ်စိုးသူအရှင်...

"ငါ နောက်ဆုံးတစ်ကြိမ် ပြောမယ်...ကျိုးထျန်းယင်က သေသွားပြီ..."

"ငါက ကျိုးထျန်းယင် ဟုတ်မဟုတ်ဆိုတာကိုတော့ ငါ မင်းကို ရှင်းပြဖို့ လိုလို့လား..."

လုယွီသည် နတ်ဘုရားအလင်းတန်းများအကြားတွင် နစ်မြုပ်နေသည်။ သူသည် နတ်ဘုရားနန်းတော်တွင် အမြင့်ဆုံးအဆင့်အတန်းရှိကာ နတ်ဘုရားများအားလုံး၏အထွတ်အထိပ်တွင် ရပ်တည်နေသော ရှေးဟောင်းနတ်ဘုရားတစ်ပါးအလားပင်။

မီဖေးသည် ဤပုံရိပ်ကို ကြည့်လိုက်ပြီးနောက် သူမ၏နှလုံးသား နက်ရှိုင်းသောနေရာတွင် ကျန်းယုချင်ကို မနာလိုအားကျသော အရိပ်အယောင်တစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။

Chapter 5007

ဘုန်း....

လုယွီထံမှ ပြင်းထန်သော ဖိအားတစ်ရပ်သည် ရုတ်တရက် မီဖေး၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာပေ၏။

မီဖေး၏မျက်နှာသည် စက္ကူတစ်ရွက်ကဲ့သို့ ချက်ချင်းဖြူဖျော့သွားသည်။ သူမ၏ခန္ဓာကိုယ်သည် အနည်းငယ်တုန်ရီနေပြီး သူမ၏ရှေ့မှ ကောင်းကင်ယံတွင် ပူလောင်သော နေတစ်စင်း ရပ်တန့်နေသကဲ့သို့ ခံစားလိုက်ရသည်။ ကြီးမားကျယ်ပြန့်ပြီး မြင့်မြတ်သော ဧကရာဇ်အရှိန်အဝါ ကျရောက်လာသဖြင့် လူအများကို ထိတ်လန့်တုန်လှုပ်စေနိုင်စွမ်းရှိသည်။

သူမ၏နောက်ရှိ အရပ်မျက်နှာအဘက်ဘက်မှ အမှောင်ထုသည် ပြန့်ကျဲသွားပုံရသည်။ တစ်ခုတည်းသော မြင်နိုင်သည့်အရာမှာ ဧရာမနတ်ဘုရားဘုရင်ယဇ်ပလ္လင်ပင်။

ကောင်းကင်နှင့်မြေပြင်၏ နတ်ဘုရားများသည် လုယွီကို သူတို့၏ဘုရင်အဖြစ် ရိုသေလေးစားကြရသည်။

ဤသည်မှာ နတ်ဘုရားအဆင့်အတန်းအရ ဖိနှိပ်မှုပင်။ ဤသည်မှာ သာမန်ပြည်သူတစ်ဦးမှ ဧကရာဇ်တစ်ပါးကို မြင်ရသကဲ့သို့ဖြစ်ပြီး သူမ၏နှလုံးသားနက်ရှိုင်းသောနေရာတွင် ကြီးမားသော ထိတ်လန့်ကြောက်ရွံ့မှုကို ပေါက်ဖွားစေသည်။

"လုယွီ...နင် စောင့်နေစမ်း...နင် ဒီနေ့ ငါ့ကို မပြောရင်တောင် ငါက ဒီကိစ္စကို အနှေးနဲ့အမြန်သိအောင် လုပ်မယ်"

မီဖေးသည် ပြင်းထန်သော သတိပေးစကားတစ်ခုကို ချန်ထားခဲ့လေ၏။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူမသည် နတ်ဘုရားအလင်းတန်းတစ်တန်းအဖြစ်သို့ ပြောင်းလဲသွားပြီး အမှောင်ထုအတွင်းသို့ ပျံ့လွင့်သွားသည်။

အစောပိုင်းက ရောက်ရှိလာသည်မှာ မီဖေး၏ နတ်ဘုရားစိတ်အာရုံပင်။

လုယွီက မျက်မှောင်ကြုတ်လိုက်ကာ သူ၏စိတ်နှလုံးသားအတွင်းတွင် ဝန်လေးမှုအရိပ်အယောင်တစ်ရပ် ဖြတ်ပြေးသွားသည်။

ဤခံစားချက်သည် အတိတ်က ကျိုးထျန်းယင်၏စိတ်အခြေအနေမှ လာကြောင်း သူအလွန်ရှင်းလင်းစွာ သိရှိထားသည်။

သို့ရာတွင် အတိတ်မှ ဖြစ်ရပ်များသည် လွင့်ပြယ်သွားသော မီးခိုးငွေ့များအလားပင်။ သူသည် ကျိုးထျန်းယင်၏အတွေးများမှ လွှမ်းမိုးခြင်းကို ခံရရန် မဖြစ်နိုင်သောကြောင့် လုယွီသည် ဤခံစားချက်ကို လျင်မြန်စွာ ဖြတ်တောက်လိုက်၏။

...

တော်ဝင်မြို့တော်တွင် လုယွီထုတ်ပြန်သော အမိန့်များကို တစ်ခုပြီးတစ်ခု လိုက်နာကာ ရုံးတော်အသီးသီးသည် လုံ့လဝီရိယဖြင့် စတင်၍အလုပ်လုပ်ကိုင်နေကြသည်။ ထို့ကြောင့် အရာအားလုံး ကောင်းမွန်သော ဦးတည်ရာသို့ ဖွံ့ဖြိုးတိုးတက်နေသည်။

ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်သို့ ရောကိရှိသွားပြီးနောက် ဒုတိယနေ့တွင် လုယွီသည် မဟာကွန်ဖြူးရှပ်ပညာရှင် ချန်ကျင်းကို သွားရောက်တွေ့ဆုံပြီး သူနှင့် အသေးစိတ်ဆွေးနွေးခဲ့သည်။

ချန်ကျင်းသည် တစ်ချိန်က ထိုက်ချမ်ဧကရာဇ်၏လက်ထက်တွင် ယဥ်ကျေးမှုရေးရာအမတ်ကြီး ဖြစ်ခဲ့ဖူးသည်။ သူသည် အတွေ့အကြုံကြွယ်ဝသည့် အရာရှိဟောင်းတစ်ဦး ဖြစ်ပေ၏။

ချန်ကျင်းသည် လုယွီကို မြင်တွေ့ချိန်၌ အလွန်အံ့အားသင့်သွားသည်။

"အရှင်ဧကရာဇ်...အရှင်က ထီးနန်းတက်ဖို့ ကြံစည်နေတာလား..."

ချန်ကျင်းက တိုက်ရိုက် မေးမြန်းလိုက်သည်။

ဤကိစ္စကို ချန်ကျင်းကဲ့သို့သော မဟာကွန်ဖြူးရှပ်ပညာရှင်တစ်ဦးကသာ မေးနိုင်သည်။ အမတ်ကြီးများသည် ဤကိစ္စကို မေးလိုသော်လည်း လုယွီက သူတို့ကို သံသယဝင်မည်အား စိုးရိမ်သောကြောင့် ထိုအကြောင်းကို ပြောဆိုခြင်းမှ ရှောင်ရှားခဲ့ကြသည်။

စကြဝဠာခန်းမဆောင်သို့ ဝင်ရောက်ခြင်းကို ထီးနန်းတက်ခြင်းဟု မသတ်မှတ်နိုင်ချေ။

စစ်မှန်သော ထီးနန်းတက်ခြင်းတွင် ကောင်းကင် မြေပြင် နေနှင့် လကို ပူဇော်ပသခြင်း တော်ဝင်ဘုရားကျောင်း၌ ဆုတောင်းခြင်းစသည့် လုပ်ထုံးလုပ်နည်းမျာ လိုအပ်သည်။ ဧကရာဇ်အဖြစ် တရားဝင် ခံယူခြင်းမပြုမီ တရားဝင် ထီးနန်းတက်ခြင်းအခမ်းအနားကို ဖြတ်သန်းရမည်။

ထိုအရာရှိများသည် လုယွီကို "အရှင်ဧကရာဇ်" ဟု ခေါ်သော်လည်း သူသည် အစစ်အမှန်ဧကရာဇ်တစ်ပါး မဟုတ်သေးချေ။

ထို့ကြောင့် လုယွီသည် သူ့ကိုယ်သူ 'ငါ'ဟု သုံးနှုန်းပြီး "ငါအရှင်" ဟု မသုံးနှုန်းချေ။ အကြောင်းအရင်းမှာ သူသည် ဧကရာဇ်တစ်ပါး မဟုတ်သေးဘဲ သူ့ကို ဧကရာဇ်လောင်းတစ်ဦးအဖြစ်သာ သတ်မှတ်နိုင်သောကြောင့်ပင်။

လုယွီက ပြောဆိုသည်။

"အချိန်မတန်သေးဘူး...အနည်းဆုံးတော့ တာယွီရဲ့ လက်ရှိကံကြမ္မာစွမ်းအားနဲ့ဆိုရင် ငါ ထီးနန်းတက်ပြီး ဧကရာဇ်ဖြစ်သွားရင်တောင်မှ အင်ပါယာကို အားကောင်းစေမှာ မဟုတ်ဘူး"

"တာယွီရဲ့ လက်ရှိကံကြမ္မာစွမ်းအားက မလုံလောက်ဘူးလား.."

ချန်ကျင်း၏မျက်လုံးများအတွင်းတွင် ထိတ်လန့်တုန်လှုပ်မှုအရိပ်အယောင်များ ထင်ဟပ်လာသည်။

"မဟုတ်ဘူး...."

လုယွီ၏အမူအယာသည် တည်ငြိမ်သော်လည်း သူထံမှ လွှမ်းမိုးချုပ်ကိုင်နိုင်သော အရှိန်အဝါတစ်ရပ် ထွက်ပေါ်နေသည်။

"တာယွီတော်ဝင်နန်းတော်ရဲ့ ကံကြမ္မာစွမ်းအားကို ရှန်လင်းလုံနဲ့ ကျိုးယွမ်ယန်တို့က ခွဲဝေယူခဲ့ကြတာကြောင့် ဆိုးဆိုးရွားရွား ပျက်စီးနေတယ်"

"ငါ တည်ဆောက်ချင်တာက လောကကြီးထဲမှာ အစွမ်းထက်ဆုံး အင်ပါယာပဲ..."

"ကျိုးအင်ပါယာ...ထန်အင်ပါယာ ဒါမှမဟုတ် ရှန်လင်းလုံတို့အပြင် ကောင်းကင်ဘုံနယ်မြေက မြင်နိုင်တဲ့ မမြင်နိုင်တဲ့ နေရာတွေအားလုံးမှာ တခြားအင်ပါယာတွေ ထွက်ပေါ်လာခဲ့ပြီ"

"ငါက တူညီတဲ့ ဘာသာစကား တူညီတဲ့ ငွေကြေးနဲ့ တူညီတဲ့ အတိုင်းအတာတွေကို အသုံးပြုတဲ့ အင်ပါယာကို တည်ထောင်ချင်တယ်....သူတို့က တူညီတဲ့ ဘာသာစကားကို ပြောကြပြီးတော့ သူတို့အားလုံးက အင်ပါယာရဲ့ပြည်သူတွေပဲ"

"တာယွီရဲ့ လက်ရှိကံကြမ္မာစွမ်းအားနဲ့ဆိုရင် ဒီလို အင်ပါယာတစ်ခုကို တည်ထောင်နိုင်ဖို့အတွက် မလုံလောက်ဘူး..."

ချန်ကျင်းက အသက်ပြင်းပြင်းရှိုက်ပြီး ပြောဆိုလိုက်သည်။

"မင်းရဲ့ ရည်မှန်းချက်က အရမ်းကြီးမားတယ်... ဒါပေမယ့် တာယွီရဲ့ကံကြမ္မာစွမ်းအား ပြန်ပြီးကောင်းမွန်လာဖို့က အချိန်အကြာကြီး ယူရလိမ့်မယ်...မင်း စောင့်နိုင်မှာလား...."

လုယွီသည် ခေါင်းခါပြီး ပြောဆိုလိုက်သည်။

"ငါ့မှာ အစီအစဉ်တစ်ခု ရှိတယ်...အချိန်တစ်လဆိုရင် တာယွီရဲ့ကံကြမ္မာစွမ်းအားကို အထွတ်အထိပ်ကို ပြန်ရောက်ဖို့ လုံလောက်တယ်"

တစ်လအတွင်းမှာပင် တာယွီ၏ကံကြမ္မာစွမ်းအားသည် အထွတ်အထိပ်သို့ ပြန်လည်ရောက်ရှိပေလိမ့်မည်။

ဤကိစ္စ၏ခက်ခဲမှုသည် အားနည်းသော အင်ပါယာတစ်ခုကို အားကောင်းသော အင်ပါယာတစ်ခုအဖြစ်သို့ ပြောင်းလဲခြင်းထက် လျော့နည်းခြင်းမရှိချေ။

ချန်ကျင်း၏မျက်နှာပေါ်တွင် ထိတ်လန့်တုန်လှုပ်မှုများဖြင့် ပြည့်နှက်နေသည်။ အချိန်တခဏအကြာတွင် သူသည် သက်ပြင်းတစ်ချက်ရှိုက်ပြီး ပြောဆိုလိုက်၏။

"အရှင်ဧကရာဇ်မှာ အစီအစဉ်တစ်ခု ရှိပြီးသားနဲ့တူတယ်.... မင်းက ငါ့ကို ဘာအတွက် လိုအပ်တာလဲ..."

လုယွီက မတ်တတ်ရပ်ပြီး ဦးညွှတ်အရိုအသေပြုလိုက်သည်။

"အကြီးအကဲချန်....ကျေးဇူးပြုပြီးတော့ ငါ့အတွက် အခြေအနေတွေကို တည်ငြိမ်အောင် ထိန်းသိမ်းပေးပါ....အနည်းဆုံးတော့ တော်ဝင်နန်းတွင်းရဲ့ လက်ရှိအခြေအနေက ရှုပ်ထွေးသွားလို့ မဖြစ်ဘူး"

ချန်ကျင်းက ပြောဆိုသည်။

"အရာရှိခန့်အပ်ရေးဌာနက ဌာနကြီးခြောက်ခုရဲ့ အကြီးအမှူးဖြစ်ပြီးတော့ အင်ပါယာထဲက အရာရှိနေရာအားလုံးအတွက် ခန့်အပ်မှုကို တာဝန်ယူတယ်....အရှင်ဧကရာဇ်က ဒီကြီးလေးတဲ့တာဝန်တစ်ခုကို ဘယ်သူကို ပေးအပ်မှာလဲဆိုတာ ငါ သိချင်တယ်..လုအဖွဲ့အစည်းက အရှင်ဧကရာဇ်ရဲ့ဦးဆောင်မှုကို လိုက်နာခဲ့ကြတယ်..... ဒီလူတွေက ငယ်ရွယ်ပြီး စိတ်အားထက်သန်ကြတယ်....သူတို့အားလုံးကို အရေးကြီးတဲ့ နေရာတစ်ခုမှာ ထားသင့်တယ်"

"အကြီးအကဲချန်...မင်း ငါ့ကို နားလည်မှုလွဲနေတယ်..."

လုယွီသည် ခေါင်းခါလိုက်၏။ သူ၏မျက်လုံးများအတွင်းတွင် အလင်းတန်းတစ်တန်း ဖြတ်ပြေးသွားသည်။

"လီစစ်နဲ့ တခြားလူတချို့တွေကလွဲရင် ကျန်တဲ့ လုအဖွဲ့အစည်းဝင်တွေကို အရေးကြီးတဲ့ နေရာတွေမှာ ထားမှာမဟုတ်ဘူး..."

Chapter 5008

လုယွီ ထိုသို့ ပြောဆိုလိုက်သည်နှင့် ချန်ကျင်း၏ မျက်နှာပေါ်တွင် ထိတ်လန့်တုန်လှုပ်မှု အရိပ်အယောင်တစ်ရပ် ထင်ဟပ်လာသည်။

"ဒါက ဘာလို့လဲ....နန်းတွင်းနဲ့ ပြင်ပဂိုဏ်းအင်အားစုမှာရှိတဲ့ လူတိုင်းက လုအဖွဲ့အစည်းက အမြင့်ကို တက်တော့မယ်လို့ ထင်နေကြတာ... မင်း ဒီလို ဆုံးဖြတ်ချက်ချလိုက်ရင် ဝေဖန်မှုတွေ ဖြစ်စေမှာကို ငါ စိုးရိမ်တယ်"

ချန်ကျင်းက အံ့အားတသင့် ပြောဆိုသည်။

လုယွီက ခေါင်းခါလိုက်သည်။

"လုအဖွဲ့အစည်းမှာ ထူးချွန်တဲ့ လူငယ်တွေ အများကြီး ရှိတယ်ဆိုတာ ငါ ဝန်ခံတယ်...ဒီလူတွေက အရည်အချင်းရှိတယ် စိတ်အားထက်သန်တယ် တာဝန်ယူရဲတယ်... သူတို့က တကယ်ကို ထူးချွန်တဲ့ ပါရမီရှင်တွေပဲ...."

"ဒါပေမယ့် လုအဖွဲ့အစည်းမှာရှိတဲ့ လူတော်တော်များများက စိတ်အားထက်သန်ကြပေမယ့် လက်တွေ့ကျွမ်းကျင်မှု ဒါမှမဟုတ် အတွေ့အကြုံ မရှိကြဘူး....ငါက ဒီလူတွေကို အရေးကြီးတဲ့နေရာတွေမှာ ထားလိုက်ရင် နန်းတွင်းကို ပိုပြီးပရမ်းပတာဖြစ်စေလိမ့်မယ်"

ချန်ကျင်း၏အမူအယာသည် ရုတ်တရက် တည်ကြည်လေးနက်သွားပေ၏။

"အနည်းဆုံးတော့ သူတို့က မင်းကို သစ္စာစောင့်သိတယ်ဆိုတာ အာမခံနိုင်တယ်... မင်းက ထီးနန်းကိုရတာ မကြာသေးဘူး...ဒါကြောင့် မင်းကို ကူညီဖို့အတွက် သစ္စာစောင့်သိတဲ့ အရာရှိတစ်စု လိုအပ်တယ်"

"မဟုတ်ဘူး..."

လုယွီက ခေါင်းခါလိုက်သည်။

"အကြီးအကဲချန်.....သစ္စာစောင့်သိပြီး အရည်အချင်းမရှိတဲ့ အရာရှိတစ်ယောက်နဲ့ သစ္စာမဲ့ပြီး အရည်အချင်းရှိတဲ့ အရာရှိတစ်ယောက်....ဘယ်သူက ပြည်သူလူထုအတွက် ပိုအကျိုးရှိလဲ"

ချန်ကျင်းသည် အချိန်တခဏကြာမျှ စဉ်းစားပြီးနောက် တုံ့ပြန်အဖြေပေးသည်။

"ဧကရာဇ်အတွက်တော့ သစ္စာစောင့်သိမှုက အရေးကြီးဆုံးပဲ...ပြည်သူလူထုအတွက်တော့ သူတို့နဲ့ပတ်သက်တဲ့အရာတွေကို ကိုင်တွယ်ဖြေရှင်းပေးနိုင်ဖို့က ပိုအရေးကြီးတယ်"

"အမှန်ပဲ"

လုယွီက တည်ကြည်လေးနက်သောအသံဖြင့် ပြောဆိုသည်။

"ရှေးဟောင်းအလယ်ခေတ်မှာ နာမည်ကြီး အရာရှိတွေ အများကြီးရှိခဲ့တယ်...သူတို့ထဲက တချို့က ဂိုဏ်းတွေတိုက်ခိုက်တာကို ရင်ဆိုင်ခဲ့ရတယ်....သူတို့က မြို့တစ်မြို့လုံးကို ခုခံကာကွယ်ဖို့ အမိန့်ပေးခဲ့ပြီး အဆုံးမှာတော့ မြို့တစ်မြို့လုံး သတ်ဖြတ်ခြင်းခံခဲ့ရတယ်...တချို့က ကြီးမားတဲ့ ဘေးအန္တရာယ်ကို မြင်တဲ့အချိန်မှာ ကောင်းကင်ဘုံကို နှစ်သိမ့်ဖို့အတွက် ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ ရွေးချယ်ခဲ့ကြတယ်..."

ချန်ကျင်းက ခေါင်းညိတ်လိုက်သည်။

"ဒါတွေအားလုံးကို အရာရှိမှတ်တမ်းစာအုပ်တွေမှာ မှတ်တမ်းတင်ထားတယ်"

လုယွီက ပြောဆိုလိုက်၏။

"ပြဿနာက အဲ့ဒီနေရာမှာ ရှိနေတာပဲ.. တော်ဝင်နန်းတွင်းက အရာရှိတွေ ရွေးချယ်တဲ့နေရာမှာ ပြည်သူလူထုအတွက် အကျိုးပြုဖို့ပဲ..သူတို့ကို တာဝန်ယူတတ်စေဖို့ ဖြစ်ပြီးတော့ သူတို့ရဲ့ ကိုယ်ပိုင်ဂုဏ်သတင်းကို ရရှိစေဖို့ မဟုတ်ဘူး..."

"ဒီလူတွေမှာ မြင့်မားတဲ့ ကိုယ်ကျင့်တရားနဲ့ ဖြောင့်မတ်တည်ကြည်မှုတွေ ရှိခဲ့ကြပေမယ့် ဒေသခံနယ်မြေတွေကို ဘာအကူအညီမှ မပေးနိုင်ခဲ့ဘူး....ဒါကြောင့် သူတို့ကို ကောင်းမွန်တဲ့ အရာရှိတွေလို့ ခေါ်နိုင်မယ်လို့ ငါ မထင်ဘူး...."

ချန်ကျင်းသည် မျက်လုံးစုံမှိတ်ပြီး အချိန်ကြာမြင့်စွာ စဉ်းစားပြီးနောက် ပြောဆိုလိုက်သည်။

"မင်း ဘာကို ဆိုလိုလဲဆိုတာ ငါ နားလည်ပါတယ်.... လူအဖွဲ့ဝင်တွေက အရမ်းငယ်ပြီးတော့ ကိစ္စတွေအများကြီးကို နားမလည်ကြဘူး... တချို့အရာတွေက သူတို့ရဲ့ စိတ်အားထက်သန်မှုကို အားကိုးရုံနဲ့ မလုံလောက်ဘူး...."

"ဒါကြောင့် လုအဖွဲ့ဝင်တွေကို အခု အသုံးမပြုနိုင်ဘူး...ငါက ဒီလူတွေကို စစ်ထုတ်ဖို့ လိုအပ်တယ်.... အရည်အချင်းရှိတဲ့လူတွေကို ကြီးလေးတဲ့ တာဝန်တွေ အပ်နှင်းမယ်... အရည်အချင်းမရှိတဲ့လူတွေက ဆက်ပြီးလေ့ကျင့်ရမယ်....အခုက သူတို့ကို ရာထူးတွေ ချက်ချင်းခန့်အပ်ရမယ့် အချိန်မဟုတ်ဘူး"

လုယွီက ချန်ကျင်းကိုကြည့်ပြီး ပြောဆိုသည်။

"ငါက အကြီးအကဲချန်ကို ရှေ့ထွက်လာဖို့ ဖိတ်ခေါ်တာက မင်းက သူတို့ကို ထွင်းဖောက်မြင်နိုင်လိမ့်မယ်လို့ ငါ မျှော်လင့်လို့ပဲ....အရည်အချင်းရှိတဲ့ အရာရှိတွေကို တတ်နိုင်သလောက် ရွေးချယ်ဖို့ ကြိုးစားပါ....အင်ပါယာရဲ့ကံကြမ္မာစွမ်းအားကို တိုတောင်းတဲ့ အချိန်ကာလအတွင်းမှာ ပြန်ပြီးကောင်းမွန်လာစေဖို့အတွက် ရုံးတော်တစ်ခုစီမှာ လုံလောက်တဲ့ ယုံကြည်စိတ်ချရတဲ့ လူအင်အား ရှိရမယ်.... ငါက အကြီးအကဲချန်ကို ဒီကိစ္စတွေ အားလုံးအတွက် အားကိုးရတော့မယ်"

ချန်ကျင်းသည် အသက်ပြင်းပြင်းရှိုက်ပြီး အလေးအနက် စဥ်းစားတွေးတောနေသည်။

"လွန်ခဲ့တဲ့နှစ်ပေါင်းများစွာအကြာက ငါ အရာရှိနယ်ပယ်ကနေ ထွက်ခွာခဲ့ရတဲ့ ငါရဲ့ မူလရည်ရွယ်ချက်က...ငါ့ရဲ့စိတ်နှလုံးသားကို ငြိမ်သက်စေပြီးတော့ ကွန်ဖြူးရှပ်တာအိုရဲ့ ကြီးမား

ကျယ်ပြန့်ပြီး နက်ရှိုင်းတဲ့ အဓိပ္ပာယ်ကို လူငယ်တွေ နားလည်လာအောင် သင်ကြားပေးဖို့ပဲ...."

ချန်ကျင်းသည် ရှည်လျားသော သက်ပြင်းတစ်ချက် ရှိုက်လိုက်သည်။

"ဟူး...ထားလိုက်ပါတော့....လူကြီးလူကောင်းတစ်ယောက်က အခြေအနေကို လိုက်လျောညီထွေ နေတတ်ရတယ်....ငါ့ရဲ့အတွေးတွေကို အမြဲတမ်း ခေါင်းမာနေလို့မဖြစ်ဘူး....အရှင်ဧကရာဇ်က ငါ့ကို လိုအပ်ကတည်းက ဒီလူအိုကြီးရဲ့ အရိုးတွေက တစ်ခုခုအတွက်တော့ အသုံးဝင်မှာပဲ...ဒီလူအိုကြီးက အရှင်ဧကရာဇ် ထာဝရအသက်ရရှိအောင် ကူညီဖို့ အစွမ်းကုန် ကြိုးစားလုပ်ဆောင်ပါ့မယ်"

"ကျေးဇူးတင်ပါတယ် အကြီးအကဲချန်.."

လုယွီက တည်ကြည်လေးနက်သော အမူအယာဖြင့် ချန်ကျင်းကို ဦးညွှတ်လိုက်သည်။

ဤသည်မှာ လုယွီ၏အစီအစဉ်မှ အလွန်အရေးကြီးသော အစိတ်အပိုင်းတစ်ခုပင်။

နောက်တွင် လုယွီသည် သူ၏နည်းလမ်းများကို ဆက်တိုက်အသုံးပြုမည်ဖြစ်သောကြောင့် တော်ဝင်နန်းတွင်းတွင် သူ့ကို ထောက်ပံ့ကူညီနိုင်သော ဝါရင့်အရာရှိတစ်ဦး ရှိနေရပေမည်။

ဤသည်မှာလည်း လုယွီ ချန်ကျင်းကို ရွေးချယ်ရခြင်း၏ အကြောင်းအရင်းဖြစ်သည်။

ချန်ကျင်းသည် အတွေ့အကြုံရှိရုံသာမက ကွန်ဖြူးရှပ်ဂိုဏ်းတွင် မြင့်မားသော အဆင့်အတန်းလည်း ရှိသည်။ အထူးသဖြင့် ရှေးရိုးစွဲအရာရှိများသည် သူ့ကို ရိုသေလေးစားကြပေ၏။

လုယွီသည် ချန်ကျင်းကို တိတ်ဆိတ်အေးချမ်းသော ကျောင်းတော်မှ ပူပြင်းသော နိုင်ငံရေးနယ်ပယ်သို့ ပြောင်းလဲခေါ်ဆောင်ခဲ့သည်။

လုယွီ၏ စိတ်နှလုံးသားအတွင်းတွင် သူသည် ချန်ကျင်းအတွက် အစီအစဉ်များ ပြုလုပ်ပြီးဖြစ်သည်။ သူသည် နောင်အနာဂတ်တွင် ချန်ကျင်းကို ကောင်းမွန်စွာ ဆက်ဆံရပေမည်။

Chapter 5009

လုယွီနှင့်ချန်ကျင်းတို့သည် အရေးကြီးသော အရာရှိခန့်အပ်ရေးအစီအစဉ်အကြောင်း ပြောဆိုခဲ့ကြသည်။

ထို့နောက် သူတို့သည် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်၏ လမင်းခန်းမဆောင်တွင် နေထိုင်သော မဟာကွန်ဖြူးရှပ်ပညာရှင်များကို ဆင့်ခေါ်ခဲ့ကြသည်။

ဤမဟာကွန်ဖြူးရှပ်ပညာရှင်များသည် တိတ်ဆိတ်ငြိမ်သက်သည့်ဘဝဖြင့် နေထိုင်ခဲ့ကြသော်လည်း သူတို့သည် ပြင်ပလောကတွင် ဖြစ်ပျက်နေသည့် ကိစ္စများကို မမြင်မကြားဟု မဆိုလိုချေ။

အမှန်အားဖြင့် လုယွီသည် စစ်တပ်ကိုဦးဆောင်ကာ တော်ဝင်မြို့တော်သို့ ရောက်ရှိလာချိန်မှစ၍ သူတို့သည် သူ့အကြောင်းကို သိရှိပြီးဖြစ်သည်။

လုယွီသည် ထန်စစ်တပ်ကို အနိုင်ယူခဲ့သည့်အချိန်မှစ၍ တော်ဝင်မြို့တော်ကို သိမ်းပိုက်သည့်အချိန်အထိ ဤမဟာကွန်ဖြူးရှပ်ပညာရှင်များသည် သူ တစ်လှမ်းချင်း လျှောက်လှမ်းလာသည်ကို ကြည့်ရှုခဲ့ကြသည်။ ဤအချိန်တွင် သူတို့သည် လုယွီကို နောက်တစ်ကြိမ် မြင်တွေ့ရချိန်၌ မဟာကွန်ဖြူးရှပ်ပညာရှင်များသည် အမှန်တကယ်ကို အနည်းငယ် စိတ်လှုပ်ရှားနေကြ၏။

လုယွီသည် အလွန်နှိမ့်ချရို့ကျိုးစွာ ထွက်ပေါ်လာသည်။ သူ၏အဆင့်အတန်းသည် ယခင်ကနှင့် မတူတော့သော်လည်း သူသည် လက်ရှိနေရာတွင်နေသော မဟာကွန်ဖြူးရှပ်ပညာရှင်များကို လေးလေးစားစား ဆက်ဆံနေဆဲပင်။

အသေးစိတ်ဆွေးနွေးပြီးနောက် လုယွီသည် သုံးရက်အကြာတွင် ကျောင်းတော်၏မဟာခန်းမ၌ ဟောပြောပွဲတစ်ခုကို ကျင်းပပေးရန် ပြင်ဆင်ခိုင်းခဲ့သည်။

ဤစကားလုံးများကို ကြားလိုက်ချိန်တွင် မဟာကွန်ဖြူးရှပ်ပညာရှင်အများစု၏ မျက်နှာများပေါ်တွင် စိတ်လှုပ်ရှားသောအမူအယာများ ထင်ဟပ်လာသည်။

အတိတ်တွင် တပည့်တစ်ယောက်အနေဖြင့် လုယွီသည် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်၌ ဟောပြောပွဲတစ်ခုကို ကျင်းပခဲ့သည်။

ထိုဟောပြောပွဲသည် မရေမတွက်နိုင်သောလူများကို အကျိုးပြုခဲ့ပြီး မဟာကွန်ဖြူးရှပ်ပညာရှင်များပင်လျှင် အသိပညာများရရှိခဲ့ကြသည်။ ထိုဟောပြောပွဲအပြီးတွင် သူတို့၏ကျင့်ကြံဆင့်သည် ခုန်ပျံကျော်လွှား၍ မြင့်တက်ခဲ့ပြီး တချို့လူများသည် သူတို့ ပိတ်ဆို့နေခဲ့သည်မှာ အချိန်အတော်ကြာပြီဖြစ်သော အတားအဆီးများကိုပင် ချိုးဖျက်နိုင်ခဲ့ကြသည်။

ဟောပြောပွဲအပြီးတွင် လူတိုင်းသည် လုယွီကို "လုရှီ" ဟု ခေါ်ကြပြီး သူသည် သူတို့အားလုံး၏ ဆရာဖြစ်သည်ဟု အဓိပ္ပာယ်ရပေ၏။

ယခုချိန်၌ လုယွီ၏စွမ်းအားသည် ယခင်ကနှင့် မတူတော့ဘဲ တာအိုသခင်တစ်ယောက်ပင်လျှင် သူ၏ပြိုင်ဘက် မဟုတ်တော့ချေ။

ဤအချိန်တွင် လုယွီ၏ဟောပြောပွဲသည် မည်သည့်အဆင့်တွင် ရှိနေမည်နည်း...

"ကောင်းပြီလေ...ငါတို့တွေ သွားပြီး ပြင်ဆင်ကြရအောင်..."

"တခြားတပည့်တွေကို ချက်ချင်းအကြောင်းကြားလိုက်စမ်း... အရှင်ဧကရာဇ်က တာအိုဟောပြောပွဲ ကျင်းပပေးဖို့ ကျောင်းတော်ကို ရောက်နေပြီ"

လူများအားလုံး အလွန်စိတ်လှုပ်ရှားနေကြသည်။ အဆောင်လက်ဖွဲ့အလင်းတန်းများ တစ်ခုပြီးတစ်ခု ပျံ့လွင့်သွားပြီး အရပ်မျက်နှာအဘက်ဘက်သို့ ပျံသန်းသွားကြသည်။ အချိန်တခဏအတွင်းမှာပင် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်တစ်ခုလုံးသာမက တော်ဝင်မြို့တော်တစ်ခုလုံးပင်လျှင် ရုတ်ရုတ်သဲသဲဖြစ်သွားသည်။

ယခုချိန်၌ လုယွီသည် တော်ဝင်မြို့တော်တစ်ခုလုံး၏ အာရုံစူးစိုက်ရာဗဟိုချက်ပင်။

သူ မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ သူ့ကို စောင့်ကြည့်နေသော မျက်လုံးများ မရေမတွက်နိုင်အောင် ရှိနေပေလိမ့်မည်။

ဤအချိန်တွင် လူများအားလုံးသည် လုယွီ ထီးနန်းကို ရရှိပြီးနောက် ပထမဆုံးလုပ်ဆောင်ခဲ့သောအရာမှာ ကျောင်းတော်တွင် ဟောပြောခြင်းဖြစ်သည်ကို သိရှိသွားချိန်၌ ကြက်သေသေသွားကြသည်။

"လုယွီက ဘာလုပ်ချင်နေတာလဲ....."

"သူက ကျိုးယွမ်ယန်ကို အပြစ်မပေးခဲ့ဘူး..... ထီးနန်းကိုတောင် မယူခဲ့ဘူး... အခုလက်ရှိမှာ သဘောတရားအရဆိုရင် ကျိုးယွမ်ယန်က တာယွီရဲ့ ဧကရာဇ်ပဲ...လုယွီက နည်းနည်းလေးတောင် မစိုးရိမ်ဘူးလား..."

"ငါတို့ သူ့ကို တိုက်တွန်းဖို့ တစ်ယောက်ယောက်ကို စေလွှတ်သင့်လား..."

"သူတို့ကို အရင်ဆုံး ဘာမှမလှုပ်ရှားဖို့ ပြောလိုက်စမ်း...လုယွီမှာ တခြားအစီအစဉ်တွေ ရှိနေတယ်လို့ ငါ ခံစားမိတယ်..."

ထိပ်သီးမိသားစုများ ဂိုဏ်းများ တာယွီ၏အရာရှိဟောင်းများနှင့် အင်အားစုများသည်လည်း ပြင်းထန်သော ဆွေးနွေးမှုတစ်ခုကို ပြုလုပ်နေကြသည်။

လုယွီသည် ထီးနန်းကို ရရှိပြီးဖြစ်သဖြင့် သူ ဆက်လက်လုပ်ဆောင်ရမည်မှာ အလွန်ရိုးရှင်းသည်။ သူသည် အခမ်းအနားများကို လုပ်ဆောင်ပြီး ထုံးတန်းစဥ်လာအတိုင်း ထီးနန်းကို သိမ်းပိုက်ရပေမည်။

သို့ရာတွင် ယခုအချိန်အထိ လုယွီထံ၌ ထီးနန်းကို သိမ်းပိုက်ရန် မည်သည့်ရည်ရွယ်ချက်မျှ ရှိပုံမရချေ။ ထိုအစား သူသည် ဟောပြောပွဲကျင်းပရန် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်သို့ သွားခဲ့သည်။

ဤအချက်သည် လူအများကို အလွန်အမင်းစိတ်ရှုပ်ထွေးစေပြီး သူတို့ နားမလည်နိုင်တော့ချေ။

တော်ဝင်မြို့တော်၌ ဆွေးနွေးမှုများ ဆက်လက်၍ဖြစ်ပွားနေသော်လည်း လုယွီသည် ဤကိစ္စကို ဂရုမစိုက်ခဲ့ပေ။

သူသည် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်၏ ကောင်းကင်ဘုံစာကြည့်ခန်းမတွင် နေထိုင်ပြီး နေ့စဉ်နေ့တိုင်း အာရုံစူးစိုက်၍ စာဖတ်ခဲ့သည်။ သူသည် မည်သည့်ကျမ်းစာကိုမျှ အလွတ်ပေးခြင်းမရှိချေ။ သူ၏လက်ရှိအဆင့်နှင့် အသက်ရှူချိန် အနည်းငယ်အတွင်းမှာပင် သူသည် စာအုပ်တစ်အုပ်ကို အကြွင်းမဲ့နားလည်နိုင်ပြီး အတွင်းမှ သဘောတရားများအားလုံးကိုပင် နားလည်သဘောပေါက်နိုင်သည်။

လုယွီ ပို၍လေ့လာလေလေ သူ ရရှိသော အသိပညာဗဟုသုတများ ပို၍များလာလေလေပင်။ တစ်ချိန်တည်းမှာပင် သူ၏စိတ်အတွင်းတွင် အံ့အားသင့်ဖွယ်ကောင်းသော အတွေးအခေါ်များစွာ ပေါက်ဖွားလာသည်။

ဤသို့သော စွမ်းဆောင်ရည်ကို လူအများ သိရှိသွားပါက သူတို့၏အောက်မေးရိုးများ ပြုတ်ကျသွားလုမတတ် အံ့အားသင့်သွားကြမည်မှာ သေချာပေါက်ပင်။

သုံးရက်အတွင်းတွင် လုယွီသည် စာအုပ်သုံးသန်းကို ဖတ်ရှုခဲ့ပြီးဖြစ်သည်။

အဆုံးသတ်တွင် စာအုပ်သန်းပေါင်းများစွာသည် စာအုပ်ပင်လယ်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး လုယွီ၏ရှေ့တွင် ပျံဝဲနေသည်။ သူ၏နတ်ဘုရားအာရုံဖြင့် တစ်ချက်ဝေ့ကြည့်ရုံမျှဖြင့် သူသည် ထိုစာအုပ်များအတွင်းရှိ အကြောင်းအရာများအားလုံးကို အလွတ်ကျက်မှတ်ခဲ့သည်။

Chapter 5010

လုယွီ၏နဖူးမှ ခရမ်းရောင်အလင်းတန်းများ ဖြာထွက်နေသည်။

ထိုအလင်းတန်းများသည် ဉာဏ်ပညာဖြင့် ထွန်းလင်းနေပြီး လောကကြီးရှိ ပြဿနာအားလုံးကို ဖြေရှင်းနိုင်သော အဆုံးအစမရှိသော ဉာဏ်ပညာ ပါဝင်ပုံရသည်။

လုယွီ ယခင်က ကောင်းကင်ဘုံစာကြည့်ဆောင်သို့ ရောက်ရှိခဲ့ချိန်၌ သူ၏အဓိကဖတ်ရှုမှုမှာ ကျင့်ကြံနည်းစနစ်များပင်။

ထိုအချိန်တုန်းက ကောင်းကင်ဘုံခန်းမဆောင်တွင် ကွယ်ဝှက်ထားခဲ့သော ကျင့်ကြံနည်းစနစ်များကို သူ ဖတ်ရှုနိုင်ခဲ့သည်။။ သူသည် လမ်းတစ်လျှောက်ရှိ အတားအဆီးအားလုံးကို ကျော်လွှားခဲ့ပြီး နောက်ဆုံးတွင် ထိပ်ဆုံးထပ်သို့ ရောက်ရှိသွားကာ 'ထိုက်ဟွာကျမ်းစာ' ကို မြင်တွေ့ခဲ့သည်။

ယခုချိန်၌ လုယွီသည် ကျင့်ကြံနည်းစနစ်များကိုသာ ဖတ်ရှုခြင်းမဟုတ်ဘဲ သမိုင်း ပထဝီဝင် ယဉ်ကျေးမှု နက္ခတ္တဗေဒနှင့် ဗုဒ္ဓကျမ်းစာများကိုလည်း လေ့လာခဲ့သည်။

လုယွီ၏ ထက်မြက်သောဉာဏ်ရည်ဥာဏ်သွေးသည် တဖြည်းဖြည်း သူ၏ယွမ်စိတ်ဝိညာဉ်ကို ခိုင်မာစေခဲ့လေ၏။ အချိန်တခဏအတွင်းမှာပင် ထိုအရာ၏စွမ်းအားသည် နှစ်ဆတိုးမြင့်သွားပြီး သူ့ကို နှစ်သုံးဆယ်ကြာ ပင်ပန်းကြီးစွာ ကျင့်ကြံခြင်းကို ချွေတာနိုင်ခဲ့သည်။

"ကွန်ဖြူးရှပ်ဂိုဏ်းရဲ့ ကျင့်ကြံမှုနည်းလမ်းတွေက တကယ်ကို လျှို့ဝှက်ဆန်းကြယ်တယ်... ငါ စာဖတ်လေလေ ကျင့်ကြံမှုအဆင့်က ပိုပြီးနက်နဲသိမ်မွေ့လာလေလေပဲ....အဲ့ဒီမဟာကွန်ဖြူးရှပ်ပညာရှင်တွေက တမင်သက်သက် မကျင့်ကြံရင်တောင် သူတို့ရဲ့ကျင့်ကြံဆင့်က နားလည်ရခက်နေတာ အံ့အားသင့်စရာမရှိတော့ဘူး"

လုယွီက စိတ်လှုပ်ရှားစွာဖြင့် သက်ပြင်းရှိုက်လိုက်သည်။

သို့ရာတွင် သူသည် ကွန်ဖြူးရှပ်ဂိုဏ်း၏

ကျင့်ကြံမှုနည်းလမ်းကို အသုံးပြုနိုင်မည်မဟုတ်ချေ။ ဤသို့သော ကျင့်ကြံမှုသည် တစ်စုံတစ်ယောက်၏ ကျင့်ကြံဆင့်နယ်ပယ်ကို မြှင့်တင်နိုင်သော်လည်း သတ်ဖြတ်ရာတွင် အားမကောင်းပေ။

လုယွီသည် ဤအနေအထားသို့ ရောက်ရှိနေပြီဖြစ်ကာ သူသည် လူတိုင်း၏ ပစ်မှတ်ဖြစ်လာရန် ကံကြမ္မာပါလာသည်။ သူသည် သူ၏ကျင့်ကြံဆင့်နယ်ပယ်ကို တိုးတက်စေရန်သာမက သူ၏စွမ်းအားကိုလည်း မြှင့်တင်ရန် လိုအပ်သည်။

"ငါ ရွှယ်အင်မော်တယ်နယ်ပယ် နှောင်းပိုင်းအဆင့်ကို ချိုးဖျက်ဝင်ရောက်ချင်တယ်ဆိုရင် အခွင့်အရေးတစ်ခု လိုအပ်တယ်"

အတွေးတစ်ခုသည် လုယွီ၏စိတ်အတွင်း၌ ဖြတ်ပြေးသွားပေ၏။

သူ၏အတိတ်ဘဝတွင် ကျိုးထျန်းယင်သည် ထိုက်ကျိအမှတ်အသားကို အားကိုး၍ အုပ်စိုးသူအရှင်နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်နိုင်ခဲ့သည်။

ယခုချိန်တွင်လည်း လုယွီသည် ထိုက်ကျိအမှတ်အသားကြောင့် ဤမျှထိလျင်မြန်စွာ ကျင့်ကြံဆင့်များ ချိုးဖျက်နိုင်ခဲ့သည်။

အထူးသဖြင့် သူသည် လီမီ၏ ပါရမီကို ဝါးမြိုပြီးနောက် သဘာဝသူတော်စင်တစ်ပါး ဖြစ်လာစဥ်တွင် ကျင့်ကြံဆင့်စွမ်းအား တိုးတက်လာမှု ပို၍ပင်သိသာထင်ရှားလာသည်။

"ဒါပေမယ့် အဲ့ဒီကိစ္စမတိုင်ခင် ငါ့ရဲ့ကျင့်ကြံဆင့်နယ်ပယ်ကို ခိုင်မာအောင် အရင်လုပ်သင့်တယ်"

လုယွီ၏စိတ်နှလုံးသားသည် အလွန်တည်ငြိမ်နေပေ၏။ သူသည် ဖြစ်ပေါ်လာသော ကိစ္စများ သူ့အတွက် ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ ဂရုမစိုက်ခဲ့ချေ။ သူ မည်သို့သော မမျှော်လင့်သည့် အခွင့်အလမ်းမျိုးကို ကြုံတွေ့ခဲ့ရပါစေ သူ၏ကျင့်ကြံဆင့်နယ်ပယ်တွင် အတွေ့အကြုံများ စုဆောင်းခြင်းဖြင့် အမြဲတစေ တိုးတက်မှုရအောင် ပြုလုပ်ပေလိမ့်မည်။

သုံးရက်ကြာပြီးနောက်...

ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်၏ ပင်မခန်းမတွင် လူများဖြင့် ပြည့်နှက်နေလေပြီ။

လူအလွန်များသောကြောင့် ဟောပြောပွဲ၏ နောက်ဆုံးတည်နေရာကို အပြင်ဘက်မှ မြေကွက်လပ်တစ်ခုတွင် ထားရှိခဲ့သည်။

ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်မှ တပည့်အမြောက်အများသည် အလျင်အမြန်ရောက်ရှိလာနိုင်ရန်အတွက် သူတို့ လုပ်ဆောင်နေဆဲဖြစ်သော တာဝန်များကိုပင် စွန့်လွှတ်ခဲ့ကြသည်။ သူတို့သည် ကြီးမားသောအရှိန်ဖြင့် ပြေးလာကြသည်။ တချို့သည် တံခါးပိတ်ကျင့်ကြံနေကြသော်လည်း လုယွီ ဟောပြောပွဲတစ်ခု ပို့ချပေးမည်ဟူသော သတင်းကို ကြားပြီးနောက် သူတို့၏တံခါးပိတ်ကျင့်ကြံနေရာမှ ချက်ချင်းထွက်လာခဲ့ကြ၏။

လုယွီသည် တာအိုသင်ကြားရေးပလ္လင်သို့ ရောက်ရှိလာသည်။ ဤနေရာတွင် လူတစ်သောင်းကျော် စုဝေးနေလေပြီ။

"အရှင်ဧကရာဇ်ကို အရိုအသေပြုပါတယ်..."

ကျောင်းတော်သားများအားလုံးသည် လုယွီကို မြင်တွေ့ချိန်၌ ကျယ်လောင်စွာအော်ဟစ်၍ အားပေးကြွေးကြော်လိုက်ကြသည်။

သူတို့သည် လုယွီ၏အကြောင်း ဒဏ္ဍာရီများကို ယခင်ကတည်းက ကြားဖူးကြပေ၏။

သူသည် သာမာန်တပည့်တစ်ဦးအဖြစ်မှ ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်၏ တပည့်ခေါင်းဆောင် ဖြစ်လာခဲ့သည်။ နောက်ဆုံးတွင် သူသည် တော်ဝင်စာမေးပွဲတွင် နာမည်ကျော်ကြားခဲ့ပြီး စစ်ဆေးမှုသုံးခုလုံးတွင် ပထမရရှိကာ ထိပ်သီးကျောင်းတော်သားဘွဲ့ကို ပိုင်ဆိုင်ခဲ့သည်။

အရေးကြီးဆုံးမှာ လုယွီ၏အသက်ပင်။

လုယွီ၏အသက်သည် အလွန်မကြီးသေးသောကြောင့် ကျောင်းတော်မှ လူငယ်အမြောက်အများသည် သူ့ကို သူတို့၏ရည်မှန်းချက်ပန်းတိုင်အဖြစ် ထားရှိပြီး လုံ့လဝီရိယဖြင့် ကျင့်ကြံကြသည်။

ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်ရှိ ကျင့်ကြံခြင်းမြေများသည် နေ့ရောညပါ အားလပ်ခြင်းမရှိခဲ့ချေ။ လူငယ်တပည့်အများစု အရူးအမူး ကျင့်ကြံနေကြသည့် အကြောင်းအရင်း၏ ကြီးမားသောအစိတ်အပိုင်းမှာ လုယွီကြောင့်ပင်။

လုယွီ၏အကြည့်သည် လူငယ်မျက်နှာများပေါ်သို့ ကျရောက်သွားပြီးနောက် အပြုံးနှင့် ပြောဆိုလိုက်သည်။

"မင်းတို့အားလုံး ကျေးဇူးပြုပြီး ထိုင်ကြပါ...ဒီနေ့ ငါက ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်မှာ ဒုတိယအကြိမ် ဟောပြောပွဲ ကျင်းပပေးမှာပါ...ဒီဟောပြောပွဲကို သုံးရက်ကြာ ကျင်းပမှာဖြစ်ပြီးတော့ မတူညီတဲ့ ဦးတည်ရာသုံးခုကနေ ရှင်းပြပါ့မယ်.... မင်းတို့အားလုံးအတွက် အကျိုးကျေးဇူးတချို့ ရရှိမယ်လို့ ငါ မျှော်လင့်တယ်"

လူအများသည် လုယွီ၏စကားကို ကြားချိန်တွင် သူတို့သည် ချက်ချင်းဆိုသလိုပင် ရင်းနှီးကျွမ်းဝင်မှုတစ်ခုကို ခံစားလိုက်ရသည်။

လုယွီတွင် အလွန်မြင့်မြတ်သော အဆင့်အတန်း ရှိနေပြီဖြစ်သော်လည်း သူသည် သူတို့အပေါ်တွင် မည်သည့်မောက်မာထောင်လွှားမှုကိုမျှ မပြသခဲ့ပေ။ သူသည် သူ၏တပည့်များကို အာရုံစိုက်၍သင်ကြားပေးနေသော အလွန်လေးစားခံရသည့် ဆရာတစ်ဦးကဲ့သို့ ဖြစ်နေသည်။

All Chapters