← Chapters

အခန်း (၅၀၁၁-၅၀၁၅)

Vol. 254 Ch. 5011-5015

အခန်း (၅၀၁၁-၅၀၁၅)

Vol. 254 Ch. 5011-5015

Chapter 5011

သောင်းနှင့်ချီသောတပည့်များရှေ့တွင် ထိုင်နေကြသူများသည် လုယွီနှင့် ရင်းနှီးကျွမ်းဝင်သော မုချင်းရှန် မုလင်နှင့် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်၏ လက်ထောက်ကျောင်းအုပ်ပေမင်ဟန်တို့ ဖြစ်ကြသည်။

ယခင်က လုယွီ၏ ဖိနှိပ်ခြင်းကို ခံခဲ့ရပြီး ယခုအချိန်၌ ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်၏ တပည့်ခေါင်းဆောင်ဖြစ်သော တုကျန့်ထျန်းလည်း ရှိနေပေ၏။

အတိတ်တွင် သူတို့အားလုံးသည် လုယွီနှင့် တူညီသော အဆင့်အတန်းရှိခဲ့ကြသည်။

သို့ရာတွင် ယခုချိန်၌မူ သူတို့သည် လုယွီကို မော့ကြည့်နေရုံသာ တတ်နိုင်တော့သည်။

လုယွီသည် သုံးပေရှည်သော စားပွဲခုံ၏နောက်တွင် မတ်တတ်ရပ်နေပြီး သူ၏မျက်နှာပေါ်တွင် အပြုံးတစ်ခုရှိနေကာ လူများအားလုံးကို ကြည့်လိုက်၏။

"ဒီပထမဆုံးနေ့မှာ ငါက မဟာတာအိုကျင့်ကြံခြင်းအကြောင်း ပြောပြမယ်"

လုယွီက ပြောဆိုသည်။

ဤအချိန်တွင် လုယွီ၏ အသံသည် အရပ်မျက်နှာအဘက်ဘက်သို့ ပဲ့တင်ထပ်နေပြီး လူများအားလုံး၏နားများအတွင်းသို့ ရောက်ရှိနိုင်သော စွမ်းအားတစ်မျိုးမျိုး ရှိပုံရသည်။

သူတို့၏စိတ်နှလုံးသား နက်ရှိုင်းသောနေရာမှ အာရုံပျံ့လွင့်စေသော အတွေးများသည် ဤအချိန်တွင် ရှင်းလင်းသွားပုံရပြီး သူတို့၏စိတ်နှလုံးသားများသည် နှိုင်းယှဉ်ပြစရာမရှိသည်အထိ တည်ငြိမ်သွားသည်။

သူတို့၏စိတ်နှလုံးသားများကို တည်ငြိမ်စေမှသာ သူတို့၏အတွေးများကို သင်ယူရာ၌ အာရုံစိုက်နိုင်ပေမည်။။

ဤသည်မှာ စာဖတ်ခြင်းနှင့်ကျင့်ကြံခြင်း၏ အခြေခံသဘောထရားဖြစ်ပြီး လူများအားလုံး လက်ခံထားကြသည်။

ထို့နောက် လုယွီသည် ကျင့်ကြံဆင့်နယ်ပယ်နှင့် မဟာတာအိုအပေါ် နားလည်သဘောပေါက်ခြင်းတို့အရ ကျယ်ပြန့်ပြီး အသေးစိတ်ကျသော ရှင်းလင်းချက်တစ်ခုကို စတင်သင်ကြားပေးခဲ့သည်။

အစပိုင်းတွင် လူတိုင်း စိတ်ရှုပ်ထွေးနေကြသော်လည်း သူတို့သည် ပို၍ပို၍နားလည်လာသည်နှင့်အမျှ လုယွီ ပြောဆိုသောအရာများသည် သူတို့အတွက် ပို၍ပို၍နိုးကြားတက်ကြွလာစေသည်။

အဝေးမှ နားထောင်နေသော မဟာကွန်ဖြူးရှပ်ပညာရှင်များပင်လျှင် ဤအချိန်တွင် ထိတ်လန့်တုန်လှုပ်သောအမူအရာများကို ထုတ်ဖော်ပြသပြီး လုယွီကို မယုံကြည်နိုင်စွာဖြင့် ကြည့်လိုက်ကြသည်။

လုယွီ ပြောဆိုနေသည်မှာ အစစ်အမှန်အင်မော်တယ်လမ်းကြောင်းပင်။

ဤသည်မှာ ယခုခေတ်ကာလရှိ အတုအယောင်အင်မော်တယ်များ၏ ကျင့်ကြံမှုမဟုတ်ဘဲ ရှေးဟောင်းအင်မော်တယ်များ၏ အစစ်အမှန်ကျင့်ကြံခြင်းလမ်းကြောင်းဖြစ်သည်။

ဤကျင့်ကြံမှုနည်းလမ်းသည် ကောင်းကင်ဘုံနယ်မြေတစ်ခုလုံးတွင် ဗလာနတ္တိအဖြစ် သတ်မှတ်ခြင်းခံရသည်။ အမှန်အားဖြင့် အတိတ်တွင် မည်သူကမျှ ဤကိစ္စကို အောင်မြင်ပြီးမြောက်အောင် မလုပ်ဆောင်နိုင်ခဲ့ချေ။

အစစ်အမှန်အင်မော်တယ်များနှင့် နှောင်းပိုင်းမျိုးဆက်များမှ အတုအယောင်အင်မော်တယ်များကြားတွင် ကြီးမားသော ကွာခြားချက်တစ်ခု ရှိနေသည်။

ဥပမာအားဖြင့် လောကီအင်မော်တယ်တစ်ယောက်သည် ကောင်းကင်ဘုံနယ်မြေတွင် တော်ဝင်နန်းတွင်း၏ စစ်ဗိုလ်ချုပ်တစ်ဦး သို့မဟုတ် ထင်ရှားပေါ်လွင်မှုမရှိသော ကြယ်နယ်မြေတစ်ခု၏ ကြယ်နယ်မြေအရှင်တစ်ဦးသာ ဖြစ်နိုင်ခြေအများဆုံးပင်။

ထိုကဲ့သို့သော လူတစ်ယောက်ထံတွင် စွမ်းအားအကန့်အသတ်ရှိသည်။ သူသည် စစ်မြေပြင်ပေါ်တွင်ပင် အချိန်တခဏမျှ ပေါ့ဆမိရုံဖြင့် သေဆုံးခြင်းကို ဖြစ်စေနိုင်သည်။

သို့ရာတွင် ရှေးဟောင်းခေတ်မှ လောကီအင်မော်တယ်တစ်ယောက်သည် အစစ်အမှန်အင်မော်တယ်ဖြစ်ပြီး သူ့ထံတွင် မယုံနိုင်လောက်သော ကျင့်ကြံမှုဆင့်စွမ်းအားနှင့် နည်းစနစ်များစွာ ရှိခဲ့လေ၏။

အရေးအကြီးဆုံးမှာ ရှေးဟောင်းခေတ်၏ လောကီအင်မော်တယ်များသည် အဆုံးအစမရှိသော သက်တမ်းရှိပြီး ကောင်းကင်ဘုံနှင့်နီးပါး တည်ရှိနိုင်သည်။

ယခုခေတ်ကာလမှ အတုအယောင်အင်မော်တယ်များကမူ သူတို့သည် တာအိုသခင်နယ်ပယ်သို့ ကျင့်ကြံခဲ့လျှင်ပင် သူတို့၏သက်တမ်းသည် အဆုံးသို့ နီးကပ်နေပြီး သူတို့သည် သေလုမျောပါးဖြစ်နေလေပြီ။

ရှေးဟောင်းတာအိုအင်မော်တယ်များသည် နတ်ဘုရားတစ်ပါးနှင့် တူညီသောစွမ်းအားရှိသည်။

နှောင်းပိုင်းမျိုးဆက်မှ အင်မော်တယ်များကိုမူ အနည်းငယ် ပို၍အားကောင်းသော ကျင့်ကြံသူများအဖြစ်သာ သတ်မှတ်နိုင်သည်။

လူများအားလုံးသည် လုယွီမှ သူတို့ကို ကျင့်ကြံခြင်းနှင့်ပတ်သက်သည့် ထိုးထွင်းဉာဏ်အချို့ သင်ကြားပေးမည်ဟု တွေးထင်ခဲ့ကြသည်။ သို့ရာတွင် လုယွီသည် အစစ်အမှန်အင်မော်တယ်များ၏ တာအိုကျင့်ကြံခြင်းအကြောင်း အမှန်တကယ် ပြောဆိုလိမ့်မည်ဟု သူတို့ မျှော်လင့်မထားခဲ့ကြချေ။

ဤသည်မှာ တန်ဖိုးမဖြတ်နိုင်သော ရတနာတစ်ခုပင်။ အကယ်၍ ဤကျင့်ကြံနည်းစနစ်ကို ရှေးဟောင်းအလယ်ခေတ်တွင် ထားရှိပါက လူအများ ရုတ်ရုတ်သဲသဲဖြစ်ကာ သွေးထွက်သံယိုမုန်တိုင်းတစ်ခုကို သေချာပေါက် ဖြစ်ပွားစေပေလိမ့်မည်။

လုယွီသည် သူ၏ဟောပြောပွဲကို ဆက်လက်၍လုပ်ဆောင်နေစဉ်တွင် လူအများစုသည် ယစ်မူးသောအခြေအနေသို့ ကျရောက်သွားပြီး ထိုမှတဆင့် ဉာဏ်အလင်းပွင့်သောအခြေအနေသို့ ဝင်ရောက်သွားကြသည်။

ဤသည်မှာ လုယွီသည် သူတို့၏စိတ်နှလုံးသားများအတွင်းမှ အာရုံပျံ့လွင့်စေသော အတွေးအားလုံးကို ရှင်းလင်းရန်နှင့် အတွင်းနတ်ဆိုးများကို နှိမ်နင်းရန် တာအိုအသံများကို အသုံးပြုခဲ့သောကြောင့်ပင်။ ထို့နောက်တွင် သူတို့သည် မည်သည့်ကျင့်ကြံမှုနည်းလမ်းကို ကျင့်ကြံသည်ဖြစ်စေ နှိုင်းယှဉ်ပြစရာမရှိသည်အထိ အဆင်ပြေချောမွေ့နေပေမည်။

ခရက်...

ရုတ်တရက် တပည့်ခေါင်းဆောင် တုကျန့်ထျန်း၏ခန္ဓာကိုယ်အတွင်းမှ အက်ကွဲသံတစ်သံ ထွက်ပေါ်လာသည်။

လူများအားလုံး လှည့်ကြည့်လိုက်ရာ တုကျန့်ထျန်းသည် သူ၏ကျင့်ကြံမှုကို အမှန်တကယ် ဖျက်ဆီးလိုက်ပြီး သူ၏ခန္ဓာကိုယ်အတွင်းတွင် စုစည်းထားခဲ့သော အင်မော်တယ်အမြူတေကို ကြေမွပျက်စီးသွားစေသည်အား မြင်တွေ့လိုက်ရသည်။

လူတိုင်းသည် ဤမြင်ကွင်းကြောင့် မှင်သက်သွားကြသည်။ တုကျန့်ထျန်းသည် ကျင့်ကြံဆင့်ကို အမှန်တကယ် စွန့်လွှတ်ခဲ့ပြီး သူသည် တာအိုဒုတိယအဆင့်၏ တာအိုလေ့လာခြင်းနယ်ပယ်သို့ တိုက်ရိုက်ကျဆင်းသွားသည်။

တုကျန့်ထျန်းသည် မြေကမ္ဘာအင်မော်တယ်နယ်ပယ် ကျင့်ကြံသူတစ်ဦးဖြစ်ပြီး လူငယ်မျိုးဆက်သစ်များအနက် အထူးချွန်ဆုံးပင်။ သို့ရာတွင် သူသည် ဤအချိန်အခိုက်အတန့်တွင်အနည်းငယ်မျှ တွေဝေခြင်းမရှိဘဲ သူ၏ကျင့်ကြံမှုကို ဖျက်ဆီးရန် ရွေးချယ်ခဲ့သည်။

"ငါ လမ်းမှားကို ရွေးချယ်ခဲ့တယ်...ဒီလမ်းကြောင်းအတိုင်း ငါ ဆက်သွားရင် အနာဂတ်မှာ အရာအားလုံး မှားသွားလိမ့်မယ်"

တုကျန့်ထျန်း၏မျက်နှာပေါ်တွင် အေးစက်စက်အမူအယာတစ်ရပ် ဖြတ်ပြေးသွားသည်။

"ငါက အစစ်အမှန်အင်မော်တယ် ဖြစ်ချင်တယ်... ငါ့ကျင့်ကြံဆင့် နိမ့်ကျသွားရင်တောင် ဘာဖြစ်လဲ..."

Chapter 5012

လူများအားလုံးသည် ဤမြင်ကွင်းကို မြင်တွေ့ချိန်တွင် ထိတ်လန့်သွားကာ သူတို့၏မျက်လုံးများ ပြူးကျယ်သွားသည်။

သူတို့သည်လည်း ရှေးဟောင်းအစစ်အမှန်အင်မော်တယ်များ မည်မျှထိ သန်မာအားကောင်းသည်ကို သိရှိပေ၏။

အတိတ်တွင် သူတို့သည် နောက်ပိုင်းမျိုးဆက်များမှ အတုအယောင်အင်မော်တယ်များ၏ ကျင့်ကြံမှုနည်းလမ်းများအတိုင်း အတိုင်းအတာတစ်ခုအထိ ကျင့်ကြံခဲ့ပြီးဖြစ်သည်။

သို့ရာတွင် အကယ်၍ သူတို့သည် ရှေးဟောင်းအစစ်အမှန် အင်မော်တယ်တစ်ယောက်ဖြစ်လိုလျှင် သူတို့သည် ကျင့်ကြံဆင့်ကို စွန့်လွှတ်ရပေမည်။ သူတို့အတွက် ဤသည်မှာ စွန့်စားရမည့် ရွေးချယ်မှုတစ်ခုပင်။

သူတို့သည် လမ်းကြောင်းနှစ်ခုကြားတွင် တစ်ခုကို ရွေးချယ်ရပေမည်။

လူအများစု၏မျက်နှာများပေါ်တွင် ရုန်းကန်နေသောအမူအယာမျိုး ထင်ဟပ်လာသည်။

သူတို့အားလုံးသည် လူငယ်မျိုးဆက်၏ ထူးချွန်သောပါရမီရှင်များ ဖြစ်ကြသည်။ ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်တွင် ကျင့်ကြံနိုင်သူများသည် သာမန်မဟုတ်သောပါရမီအရည်အချင်းများရှိသည့် လူများနှင့် လူငယ်များကြားတွင် အလွန်သန်မာအားကောင်းသော စွမ်းအားရှိသည့် လူတစ်စုဖြစ်သည်။

သို့ရာတွင် သူတို့သည် ဤကဲ့သို့ ရွေးချယ်မှုမျိုးနှင့် ရင်ဆိုင်ရချိန်၌ အနည်းငယ် တွေဝေနေကြ၏။

ချန်ကျင်းသည် နံဘေးပတ်ဝန်းကျင်ကို ကြည့်ပြီးနောက် လူများအားလုံး၏အမူအယာများကို မြင်တွေ့လိုက်ရသည်။

"ငါ အခု အသက်ကြီးပြီ...ငါ နောက်တစ်ခါ ကျင့်ကြံဆင့်ချိုးဖျက်ချင်ရင်တောင် ငါ ဘာမှလုပ်နိုင်မှာ မဟုတ်ဘူး...အစစ်အမှန်အင်မော်တယ်လမ်းကြောင်းကတော့ ငါ စာအုပ်တွေထဲမှာပဲ မြင်ဖူးခဲ့တယ်...ဒါပေမယ့် ဒီလူအိုကြီးက အဲ့ဒီလျှို့ဝှက်ချက်တွေကို စူးစမ်းလေ့လာဖို့ တစ်ခါမှ မကြိုးစားခဲ့ဖူးဘူး... ဒီလို အခွင့်အရေးမျိုး... ငါလက်လွှတ်ဖို့ ဆန္ဒမရှိဘူး"

ချန်ကျင်း၏မျက်နှာပေါ်တွင် အပြုံးတစ်ခု ထွက်ပေါ်လာသည်။ မည်သည့်တွေဝေတုံ့ဆိုင်းခြင်းမျှမရှိဘဲ သူသည် သူ၏ကျင့်ကြံဆင့်ကို ဖျက်ဆီးလိုက်၏။

သူသည် ရွှယ်အင်မော်တယ်နယ်ပယ် ကျင့်ကြံသူတစ်ယောက်ပင်။

ရွှယ်အင်မော်တယ် ကျင့်ကြံသူတစ်ယောက်သည် သူ၏ကောင်းကင်လှိုဏ်ဂူကို ကျင့်ကြံခဲ့ပြီးဖြစ်သည်။ ယခုချိန်၌ သူ၏ကျင့်ကြံဆင့်ကို ဖျက်ဆီးလိုက်ချိန်၌ ချက်ချင်းဆိုသလိုပင် သိုင်းသူတော်စင်နယ်ပယ်သို့ ကျဆင်းသွားသည်။

တခြားမဟာကွန်ဖြူးရှပ်ပညာရှင်များသည်လည်း နားလည်သဘောပေါက်သွားပြီး ချန်ကျင်း မည်သည့်အရာအား ဆိုလိုသည်ကို ချက်ချင်း သိရှိသွားကြသည်။

သူတို့၏တပည့်များသည် စိတ်ရှုပ်ထွေးနေပြီဖြစ်သောကြောင့် ဆရာများအနေဖြင့် သူတို့သည် စံနမူနာတစ်ခုကို လုပ်ဆောင်ရပေမည်။

"ထားလိုက်တော့....ဒီလူအိုကြီးမှာ ကျင့်ကြံဆင့် စွမ်းအား မရှိတော့ရင်တောင် အဆင်ပြေပါတယ်...."

"ငါ အစစ်အမှန်အင်မော်တယ်တစ်ယောက် ဖြစ်ခွင့်ရရင် ငါ သေသွားရင်တောင် ဘာဖြစ်လဲ..."

မဟာကွန်ဖြူးရှပ်ပညာရှင်များသည် သူတို့၏ကျင့်ကြံဆင့်စွမ်းအားကို စတင်၍လှည့်ပတ်လိုက်ကြပြီး သူတို့ ခက်ခက်ခဲခဲ ရရှိခဲ့သော ကျင့်ကြံဆင့်နယ်ပယ်ကို ရဲရင့်စွာ ဖျက်ဆီးလိုက်သည်။

ဤမြင်ကွင်းသည် လက်ရှိနေရာတွင်ရှိနေသော တပည့်များကို အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားစေခဲ့သည်။

ထိုတပည့်များသည် အံ့တင်းတင်းကြိတ်ပြီး သူတို့၏မျက်နှာများပေါ်တွင် ခိုင်မာပြတ်သားသော အမူအယာများ ထင်ဟပ်လာသည်။

"ငါတို့က ငယ်သေးတယ်... အများဆုံးအနေနဲ့ ငါတို့က အစကနေ ပြန်စရုံပဲ...ဘာကြောက်စရာ ရှိလို့လဲ..."

ဘုန်း...ဘုန်း..ဘုန်း....

အချိန်တခဏအတွင်းမှာပင် တပည့်အားလုံးသည် မည်သည့်တွေဝေခြင်းမျှမရှိဘဲ သူတို့၏ကျင့်ကြံဆင့်များကို အမှန်တကယ် ဖျက်ဆီးလိုက်ကြသည်။

ဤမြင်ကွင်းသည် အလွန်ထိတ်လန့်တုန်လှုပ်ဖွယ် ကောင်းပေ၏။ အထက်မှ အောက်ခြေအထိ ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်မှ လူများအားလုံးသည် သူတို့၏ကျင့်ကြံဆင့်နယ်ပယ်ကို ဆန္ဒအလျောက် ဖျက်ဆီးခဲ့ကြပြီး သိုင်းသူတော်စင်နယ်ပယ်သို့ ကျဆင်းသွားကြသည်။

ကျင့်ကြံဆင့် ပျောက်ကွယ်သွားသော်လည်း သူတို့အနက်မှ အများစုသည် အားနည်းသည်ဟု လုံးလုံးလျားလျား မခံစားရချေ။ ထိုအစား သူတို့သည် လုယွီ၏အသံကို ပို၍ပို၍ပီပြင်ရှင်းလင်းစွာ ကြားနိုင်ပေ၏။

မဟာတာအို၏အမှန်တရားများသည် လုယွီ၏ ပါးစပ်မှ ပွင့်အံ့ထွက်လာပြီး လူများအားလုံး ထိုအရာ၏ဆွဲဆောင်ခြင်းကို ခံလိုက်ရသည်။

နံနက်ခင်းမှ နေ့လည်ကိုကျော်လွန်ပြီး နေဝင်ဆည်းဆာချိန်သို့ ရောက်ရှိလာလေပြီ။

မဟာကွန်ဖြူးရှပ်ပညာရှင်များနှင့် သောင်းနှင့်ချီသောတပည့်များအနက် မည်သူတစ်ဦးတစ်ယောက်မျှ ထွက်ခွာသွားခဲ့ခြင်းမရှိချေ။ သူတို့အားလုံးသည် လုယွီ၏ဟောပြောမှုကို အာရုံစိုက်၍ နားထောင်နေကြသည်။

ဤသည်မှာ အစစ်အမှန်အင်မော်တယ် ဖြစ်လာရန်အတွက် လမ်းစဉ်ပင်။ ထိုအရာကို ခေတ်အဆက်ဆက်တွင် ရှာဖွေရန် အလွန်ခက်ခဲခဲ့ပေ၏။ ဤအကြောင်းအရင်းကြောင့် သူတို့သည် စစ်မှန်သောကျင့်ကြံမှုလမ်းစဉ်ကို ရရှိရန် သူတို့၏ကျင့်ကြံဆင့်များကိုပင် စွန့်လွှတ်ခဲ့ကြသည်။

နေသည် အနောက်ဘက်တွင် ဝင်နေပြီး မိုးကောင်းကင်ယံသည် မှောင်စပျိုးနေလေပြီ။

သို့ရာတွင် မိုးကောင်းကင်ယံတွင် ကြမ်းတမ်းသော လေပြင်းတစ်ရပ် ရုတ်တရက် တိုက်ခတ်လာပြီး မိုးကြိုးလျှပ်စီးလှိုင်းများသည် အခါအားလျော်စွာ ကောင်းကင်ယံ၌ ဖြတ်သန်းသွားသည်။

ပေါက်ကွဲသံများသည် အရပ်မျက်နှာအဘက်ဘက်တွင် ပဲ့တင်ထပ်နေပြီး လူအများကို ထိတ်လန့်တုန်လှုပ်စေခဲ့သည်။

လူများအားလုံးသည် သူတို့၏ခန္ဓာကိုယ်များ လေထုအလယ်တွင် ပျံဝဲနေပြီး ထိခိုက်ခြင်းမရှိပုံရသည်ကို ရုတ်တရက် ခံစားလိုက်ရသည်။

အမှောင်ထုအတွင်းတွင် ကောင်းကင်ဘုံ၏စိတ်ဆန္ဒမှတဆင့် သူတို့ကို ဆင့်ခေါ်နေသော လျှို့ဝှက်ဆန်းကြယ်စွမ်းအားတစ်ရပ် ရှိနေသည်။

လူသားများ၏ခန္ဓာကိုယ်အတွင်းတွင် အချုပ်အနှောင်များ ရှိနေသည်။ ဤအချိန်အခိုက်အတန့်တွင် သူတို့သည် သူတို့၏ခန္ဓာကိုယ်များမှ အချုပ်အနှောင်များကို ချိုးဖျက်ပြီး ပို၍မြင့်မားသော နယ်ပယ်တစ်ခုကို ရှာဖွေနေပုံရသည်။

လူများအားလုံး မိုးကောင်းကင်ယံကို မော့ကြည့်လိုက်ရာ တောက်ပသော မိုးကြိုးလျှပ်စီးများ လင်းလက်နေကို မြင်တွေ့မိလေ၏။

ဝှစ်...

ဘုန်း....ဘုန်း...ဘုန်း...

ဤအချိန်တွင် တချို့လူများသည် သူတို့၏နောက်သို့ မှော်စွမ်းအားများ တိုးဝင်လာသည်ကို ရုတ်တရက် ခံစားလိုက်ရသည်။ မှော်စွမ်းအားအတောင်ပံများသည် သူတို့၏နောက်တွင် တစ်ခုပြီးတစ်ခု ထွက်ပေါ်လာပေ၏။

မဟာကွန်ဖြူးရှပ်ပညာရှင်များသည် သူတို့ရှေ့မှမြင်ကွင်းကို ကြည့်ပြီးနောက် သူတို့၏မျက်နှာများပေါ်တွင် ထိတ်လန့်တုန်လှုပ်သောအမူအယာများကို ထင်ဟပ်လာသည်။ သူတို့သည် သူတို့ရှေ့မှမြင်ကွင်းကို စူးစိုက်ကြည့်နေကြပြီး သူတို့၏စိတ်အတွင်းတွင် ထိုအရာကို မှတ်သားထားသကဲ့သို့ ဖြစ်နေသည်။

ဤနေ့တွင်...

ဟောပြောပွဲသို့ ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်မှ လူတစ်သောင်းကျော် တက်ရောက်ခဲ့ကြသည်။

Chapter 5013

တော်ဝင်မြို့တော်...တော်ဝင်ကျောင်းတော်၌...

တော်ဝင်နန်းတွင်းမှ တည်ထောင်ခဲ့သော အကြီးဆုံး ပညာရေးအဖွဲ့အစည်းတစ်ခုအနေဖြင့် တော်ဝင်ကျောင်းတော်သည် တခြားကျောင်းတော်များအားလုံး၏အထက်တွင် အမြဲတစေ အဆင့်သတ်မှတ်ခြင်းခံခဲ့ရပြီး တာယွီ၏ နံပါတ်တစ်ကျောင်းတော်ဟု ခေါ်ဆိုနိုင်သည်။

အတိတ်က ချီဘုရင်ကျိုးထုံသည် ပုန်ကန်မှုတစ်ခုကို ပြုလုပ်စဉ်၌ သူသည်လည်း ဝေ့ယန်မြို့တွင် 'ကြီးကြပ်ရေးကျောင်းတော်' တစ်ခုကို တည်ထောင်ခဲ့သည်။ သို့ရာတွင် ထိုကျောင်းတော်သည် ဤဧရာမလူဘီလူးကြီးကဲ့သို့ဖြစ်နေသော တော်ဝင်ကျောင်းတော်နှင့် နှိုင်းယှဉ်၍မရနိုင်ချေ။

တော်ဝင်ကျောင်းတော်သည် ဧကတစ်သိန်းခန့် ကျယ်ပြန့်သောမြေနေရာကို သိမ်းပိုက်ထားပြီး တပည့်ငါးသောင်းခန့် ရှိနေသည်။ သူတို့အားလုံးသည် ကောင်းကင်ဘုံနယ်မြေရှိ နေရာဒေသအသီးသီးမှ ရွေးချယ်ထားသော ထိပ်သီးပါရမီရှင်များ ဖြစ်ကြသည်။ ထို့ကြောင့် တော်ဝင်ကျောင်းတော်သည် တော်ဝင်စာမေးပွဲများ၏ ထိပ်သီးလူနည်းစုအတွင်းတွင် အမြဲတစေ အဆင့်သတ်မှတ်ခြင်း ခံခဲ့ရသည်။

တော်ဝင်ကျောင်းတော်တွင် သင်ကြားရေးကို တာဝန်ယူသော ဆရာများ၏အရည်အချင်းသည်လည်း အလွန်မြင့်မားသည်။ ဤကျောင်းတော်တွင် တော်ဝင်နန်းတွင်းမှ အငြိမ်းစားယူခဲ့သော အရာရှိဟောင်းများ ရှိနေသည့်အပြင် ကောင်းကင်ဘုံနယ်မြေတွင် နာမည်ကျော်ကြားသော ဝါရင့်ပညာရှင်တချို့လည်း ရှိနေပေ၏။

အသိပညာ ကျင့်ကြံမှုဆင့် တိုက်ခိုက်မှုနှင့် ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်းများအားလုံးကို တော်ဝင်ကျောင်းတော်တွင် သင်ယူနိုင်သည်။ ထို့ပြင် အဆိပ်များ အဆောင်လက်ဖွဲ့များနှင့် ဝင်္ကပါများအကြောင်းကို သင်ကြားပေးသော ပညာရှင်များလည်း ရှိနေသည်။

တော်ဝင်ကျောင်းတော်၏ ပညာသင်ကာလသည် လေးနှစ်ဖြစ်ပြီး အများဆုံး ခြောက်နှစ်ထက် မကျော်လွန်ချေ။ တော်ဝင်ကျောင်းတော်သို့ ကျင့်ကြံရန် ဝင်ရောက်သော လူငယ်များသည် ပြန်လည်မွေးဖွားလာသကဲ့သို့ အစွမ်းထက်လာကြသည်။ ထိုအချိန်မှစ၍ သူတို့သည် အောင်မြင်မှုများရရှိကာ လောကကြီးတခွင်လုံးကို အံ့အားသင့်တုန်လှုပ်စေခဲ့သည်။

တော်ဝင်ကျောင်းတော်... ထိုက်ချန်ခန်းမဆောင်...

ဤနေရာသည် တော်ဝင်ကျောင်းတော်အတွင်းရှိ အလွန်တိတ်ဆိတ်ပြီး နက်ရှိုင်းသော နေရာတစ်နေရာတွင် တည်ရှိသည်။ ဤနေရာ၏မြေမျက်နှာသွင်ပြင်သည် အလွန်ကောင်းမွန်ပြီး စိတ်ဝိညာဉ်စွမ်းအားများ စုဝေးနေသော နေရာပင်။ ထိုက်ချန်ခန်းမဆောင်၏နံဘေးပတ်လည်တွင် ဝါးတောများ ဝန်းရံထားပြီး ပတ်ဝန်းကျင်ရှိ ရှုခင်းများသည် သာယာလှပပေ၏။

ယနေ့တွင် ထိုက်ချန်ခန်းမဆောင်အတွင်း၌ ကွန်ဖြူးရှပ်ပညာရှင်တစ်စု စုဝေးနေကြပြီး သူတို့အားလုံး အပြင်းအထန် ဆွေးနွေးနေကြသည်။

အကြီးအကဲဖန်းမင်ကျီးသည် ခေါင်းဆောင်ထိုင်ခုံပေါ်တွင် ထိုင်နေသည်။ သူသည် ရိုးရှင်းသော ဝတ်ရုံကို ဝတ်ဆင်ထားပြီး သူ၏လက်အတွင်းတွင် ပူနွေးသောလက်ဖက်ရည်ခွက်ကို ကိုင်ဆောင်ထားသည်။ သူ၏မျက်နှာသည် ပိန်လှီပြီး တည်ကြည်ပြတ်သားကာ သူ၏မျက်လုံးများအတွင်းတွင် စူးရှသော အလင်းတန်းတစ်တန်း ထင်ဟပ်နေပေ၏။

သူသည် တာယွီအင်ပါယာ၏ မဟာအတွင်းဝန်အဖွဲ့ရှိ အတွင်းဝန်များအနက်မှ တစ်ဦးဖြစ်ပြီး ကွန်ဖြူးရှပ်ဂိုဏ်းမှ မဟာကွန်ဖြူးရှပ်ပညာရှင်တစ်ဦးလည်း ဖြစ်သည်။ သူသည် အသိပညာဗဟုသုတ ကြွယ်ဝရုံသာမက သူ၏တပည့်များသည်လည်း လောကကြီးအတွင်းရှိ နေရာအနှံ့အပြားတွင် ရှိနေသည်။

ဤအချိန်တွင် ဖန်းမင်ကျီးသည် ပူနွေးသော လက်ဖက်ရည်ကို သောက်သုံးနေပြီး အောက်မှလူများ၏ ပြင်းထန်သော ငြင်းခုံမှုကို နားထောင်နေသည်။

"အရှင်ဧကရာဇ်က လီစစ်ကို အရေးကြီးတဲ့ နေရာတစ်ခုမှာ ထားချင်နေတာပဲ... သူက ငါတို့ကို လုံးဝအလေးမထားဘူး...."

"လီစစ်က တရားစီရင်ရေးရုံးတော်ရဲ့ အမတ်ကြီးတစ်ယောက်ပဲ...သူက တရားစီရင်ရေးရုံးတော်ရဲ့ အမှုအခင်းတွေကိုတောင် ကောင်းကောင်းမစီမံနိုင်သေးဘဲနဲ့ နန်းတွင်းရဲ့နိုင်ငံရေးထဲကို ဝင်ရောက်စွက်ဖက်ဖို့ ကြံစည်နေတယ်... သူက သေခြင်းတရားကို တောင်းဆိုနေတာပဲ...."

"လွန်ခဲ့တဲ့ ရက်အနည်းငယ်က လီစစ်က အတွင်းဝန်ဌာနကို သွားပြီးတော့ အဲ့ဒီက စာရွက်စာတန်းတွေကို စုံစမ်းစစ်ဆေးခဲ့တယ်လို့ ငါ ကြားတယ်....သူမှာ ဘယ်လိုအခွင့်အာဏာမျိုး ရှိလို့လဲ...အတွင်းဝန်အဖွဲ့ရဲ့ စာရွက်စာတန်းတွေက သူ ဝင်ရောက်စွက်ဖက်နိုင်တဲ့အရာမျိုး မဟုတ်ဘူး"

"ဘယ်လိုပဲဖြစ်ဖြစ် အဲ့ဒီလီစစ်က အရှင်ဧကရာဇ်ရဲ့ အတန်းဖော်တစ်ယောက်ပဲ... ဒီလူက အရှင်ဧကရာဇ်ရဲ့ ယုံကြည်စိတ်ချရတဲ့ အခြွေအရံတစ်ယောက် ဖြစ်မယ်လို့ ငါ ထင်တယ်...သူလုပ်ခဲ့တာတွေက ဘာပဲဖြစ်နေနေ... သူက ဧကရာဇ် လုပ်လို့မရတဲ့ အရာတွေကို လုပ်ဖို့ပဲ...သူက ဧကရာဇ်ရဲ့ဆန္ဒကို အမြဲတမ်းကိုယ်စားပြုခဲ့တယ်"

"ဒါဆို သူက အရှင်ဧကရာဇ်ရဲ့ဘေးက ခွေးတစ်ကောင်ပဲပေါ့... ဟား ဟား ဟား ရှေးဟောင်းခေတ်မှာ စည်းမျဥ်းဥပဒေဂိုဏ်းက ကွန်ဖြူးရှပ်ဂိုဏ်းနဲ့ မယှဉ်နိုင်ခဲ့ဘူး...ရှေးဟောင်းခေတ်မှာ သူတို့က တော်ဝင်နန်းတွင်းရဲ့ ဖယ်ရှားခြင်းကိုတောင် ခံခဲ့ရပြီးတော့ ငါတို့ ကွန်ဖြူးရှပ်ဂိုဏ်းက ကြီးစိုးနိုင်ခဲ့တယ်.... သူက စည်းမျဥ်းဥပဒေကျောင်းတော်ကို ပြန်လည်ထူထောင်ဖို့ ကြိုးစားချင်နေတုန်းပဲ....သူက အခွင့်အာဏာကို အသုံးချပြီး လှည့်စားနေတာပဲ"

...

ကွန်ဖြူးရှပ်ပညာရှင်တစ်စုသည် စိတ်လှုပ်ရှားစွာဖြင့် ဆွေးနွေးနေကြ၏။ သူတို့သည် ဒေါသထွက်စေသည့် ကိစ္စရပ်များအကြောင်း ပြောဆိုနေကြသဖြင့် သူတို့၏မျက်နှာများ နီမြန်းနေလေပြီ။

ဤလူများသည် ကွန်ဖြူးရှပ်ဂိုဏ်း၏ရှေးရိုးစွဲအုပ်စုပင်။

လုယွီ ထီးနန်းကို ရရှိပြီးနောက် သူ ပထမဆုံးလုပ်ဆောင်ခဲ့သောအရာမှာ လီစစ်၏ အကြံပြုချက်ကို နားထောင်ရန်ပင်။ သူသည် လီစစ်ကို ကြီးလေးသောတာဝန်တစ်ခု အပ်နှင်းလိုသည်မှာ သိသာထင်ရှားလှ၏။

ဤသည်မှာ သူတို့အတွက် ကောင်းမွန်သော လက္ခဏာတစ်ရပ် မဟုတ်ပေ။

ဤအချိန်တလျှောက်လုံး ကွန်ဖြူးရှပ်ဂိုဏ်းသည် အင်ပါယာ၏ကိစ္စရေးရာများအပေါ် ထိန်းချုပ်မှုကို အမြဲတစေ ထိန်းသိမ်းထားခဲ့သည်။

သို့ရာတွင် ယခုချိန်၌ လုယွီသည် ဤအရှိန်အဟုန်ကို အမှန်တကယ် ချိုးဖျက်ခဲ့သည်။ ဤသည်မှာ ရှေးရိုးစွဲအုပ်စု၏ရပ်တည်မှုကို ရှင်းရှင်းလင်းလင်း ထိခိုက်စေခဲ့သည်။

ဖန်းမင်ကျီးက ရှည်လျားသော သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။

"အရှင်ဧကရာဇ်မှာ သူ့ရဲ့အစီအစဉ်နဲ့သူ ရှိနေမှာပဲ...လက်အောက်ငယ်သားတွေအနေနဲ့ ငါတို့လုပ်ဖို့ လိုအပ်တာက သူ့ကို ကူညီဖို့ပဲ"

မဟာကွန်ဖြူးရှပ်ပညာရှင်တစ်ဦးက ချက်ချင်း ပြောဆိုသည်။

"အကြီးအကဲဖန်း...ပုန်းကွယ်နဂါးစစ်တပ်မှာ စစ်ဘက်အရာရှိအများကြီး ရှိတယ်လို့ ငါ ကြားထားတယ်...သူတို့ထဲက အများစုက အတိတ်မှာ မင်းရဲ့ တပည့်တွေပဲ.... အရှင်ဧကရာဇ်ရဲ့အစီအစဉ်တွေက ဘာတွေလဲဆိုတာ မင်း သိလား"

Chapter 5014

ဖန်းမင်ကျီးက ခေါင်းခါလိုက်သည်။

"ပုန်းကွယ်နဂါးစစ်တပ်ကို အရှင်ဧကရာဇ်ရဲ့လက်အောက်က စစ်အင်အားတစ်ခုအဖြစ်ပဲ သတ်မှတ်နိုင်တယ်....သူတို့က နန်းတွင်းကိစ္စတွေကို ဝင်ရောက်စွက်ဖက်လို့မရဘူး...ဥပမာအနေနဲ့ လုကျင်းရှန့်မှာ ပုန်းကွယ်နဂါးစစ်တပ်ရဲ့ တပ်မှူးရာထူးတစ်ခုပဲ ရှိတယ်....သူက နန်းတွင်းမှာ ဘာရာထူးမှ မရှိဘူး....သူတို့က တိုက်ခိုက်ဖို့ကိုပဲ ဂရုစိုက်တယ်...အရှင်ဧကရာဇ် ဘာလုပ်မယ်ဆိုတာ သူတို့ မသိဘူး"

ထိုသို့ပြောဆိုပြီးနောက် ဖန်းမင်ကျီးသည် လက်ရှိနေရာတွင်ရှိနေသော လူများအားလုံးကို တစ်ချက်ကြည့်လိုက်သည်။

"မင်းတို့အားလုံး သတိထားရမယ်.... အရှင်ဧကရာဇ်က ကိုင်တွယ်ရလွယ်ကူတဲ့သူ မဟုတ်ဘူး....သူက တော်ဝင်မြို့တော်ဒေသက လယ်ယာခွန်ကို လူသိရှင်ကြား ဖျက်သိမ်းခဲ့တယ်....ဒါက လျင်မြန်ပြီး ပြတ်သားတဲ့ လှုပ်ရှားမှုတစ်ခုပဲ...အဆိုပြုချက် တင်သွင်းပြီးတာနဲ့ ချက်ချင်းလက်တွေ့အကောင်အထည်ဖော်ခဲ့တယ်...နောင်အနာဂတ်မှာ ငါတို့ရဲ့ပြောရေးဆိုခွင့်တွေ တဖြည်းဖြည်း အားနည်းလာမှာကို ငါ စိုးရိမ်တယ်...."

ရှေးရိုးစွဲအုပ်စုမှ မဟာကွန်ဖြူးရှပ်ပညာရှင်များ၏မျက်နှာများပေါ်တွင်

ဒေါသထွက်နေသောအမူအယာများ ရှိနေပေ၏။

"အရှင်ဧကရာဇ်က အရမ်းအစွန်းရောက်တယ်.... လယ်ယာခွန်က အင်ပါယာတစ်ခုရဲ့ အခြေခံအုတ်မြစ်ပဲ....ဒါက ဘယ်တော့မှ မပြောင်းလဲတဲ့စည်းမျဥ်းတစ်ခုပဲ....သူ အမိန့်ပေးရုံနဲ့ ဘယ်လိုလုပ်ပြီး ပျက်ပြယ်သွားနိုင်မှာလဲ"

"နောက်ဆုံးတော့ သူက ငယ်သေးတယ်....သူက ဘာကိုမှမသိဘဲ သူရဲ့ဆန္ဒအတိုင်း လုပ်တယ်"

"ကျိုးမိသားစုရဲ့ သဘောထားကရော ဘယ်လိုအခြေအနေရှိလဲ... အရှေ့နန်းတော်မှာ အဲ့ဒီလူ ရှိနေတုန်းပဲ မဟုတ်လား..."

ဤအချိန်တွင် အကြောင်းအရာသည် ကျိုးယွမ်ယန်ထံသို့ ပြောင်းလဲသွားသည်။

လူများအားလုံးက လုယွီသည် ကျိုးယွမ်ယန်ကို အမြစ်ပြတ်သုတ်သင်မည်ဟု တွေးထင်ခဲ့ကြသော်လည်း သူသည် ထိုကဲ့သို့ မလုပ်ခဲ့ချေ။

ထို့ပြင် လုယွီသည် တော်ဝင်နန်းတော်အတွင်းသို့ ခြေမချခဲ့ချေ။ သူသည် ကျိုးယွမ်ယန်ကို အရှေ့နန်းဆောင်သို့ ရွှေ့ပြောင်းစေသည်မှအပ တခြားမည်သည့်အရာကိုမျှ မလုပ်ဆောင်ခဲ့ပေ။

ဤသည်မှာ လူများအားလုံး၏မျှော်လင့်ချက်များထက် များစွာပို၍ ကျော်လွန်နေသည်။

ဖန်းမင်ကျီးက ခေါင်းခါယမ်းပြီး ပြောဆိုလိုက်၏။

"မင်းတို့ ခန့်မှန်းနေဖို့ မလိုတော့ဘူး... ငါက ကန်မင်းသားကို သွားရောက်တွေ့ဆုံခဲ့ပြီးပြီ"

လူများအားလုံးသည် သူတို့၏နားများကို စွင့်ထားကြပြီး သူတို့၏အကြည့်များ ဖန်းမင်ကျီးထံသို့ စူးစိုက်၍ ကျရောက်လာသည်။

ဖန်းမင်ကျီးက ဖြည်းညှင်းစွာ ပြောဆိုသည်။

"ကန်မင်းသားက ဒီကိစ္စက ငါတို့ထင်တာထက် အများကြီး ပိုရှုပ်ထွေးတယ်လို့ ပြောခဲ့တယ်... ဒါပေမယ့် လုယွီ ဘာပဲလုပ်လုပ် ကျိုးမိသားစုက အစွမ်းကုန်ကူညီမှာ သေချာတယ်..."

"ဟူး...."

လူများအားလုံးသည် အသက်ပြင်းပြင်းရှိုက်လိုက်ကြ၏

ကျိုးမိသားစုသည် တာယွီအင်ပါယာ၏ တော်ဝင်မိသားစုပင်။

သို့ရာတွင် လုယွီနှင့် ရင်ဆိုင်ရသည့်အချိန်၌ ကျိုးမိသားစုသည် သူ့ကို ဤအခြေအနေအထိ အညံ့ခံရန် ရွေးချယ်ခဲ့သည်။ ဤသည်မှတဆင့် လုယွီ မည်မျှထိ ဩဇာအာဏာလွှမ်းမိုးသည်ကို ပြသရန် လုံလောက်သည်။

"ဒါဆို... အရှင်ဧကရာဇ်က တကယ်ပဲ သူ လိုချင်တာကို လုပ်တော့မှာလား"

လူများအားလုံးသည် ခေါင်းခါပြီး သက်ပြင်းရှိုက်လိုက်ကြ၏။

ရှေးရိုးစွဲအုပ်စု၏အမြင်အရ စနစ်ဟောင်းကို လိုက်နာခြင်းသည် တော်ဝင်နန်းတွင်း ပြန်လည်နိုးထလာရန်အတွက် အဓိကသော့ချက်ပင်။

သို့ရာတွင် လက်ရှိချိန်၌ လုယွီသည် အန္တရာယ်ရှိသော လှုပ်ရှားမှုများကို အမြဲတစေ အသုံးပြုလိုသည်။ သူ ပြုလုပ်သော လှုပ်ရှားမှုတိုင်းသည် လူတိုင်း၏မျှော်လင့်ချက်များထက် များစွာပို၍ ကျော်လွန်နေသည်။

ဥပမာအနေဖြင့် ယနေ့ကျင်းပသော လုယွီ၏ဟောပြောပွဲပင်...

"အရှင်ဧကရာဇ်က ပါရမီရှင်တစ်ယောက်ပဲ.... သူက ဒီလောက်ငယ်ရွယ်တဲ့အရွယ်မှာ ဒီလို အောင်မြင်မှုတွေ ရှိတယ်... ဒါပေမယ့် တာအိုကိုဟောကြားဖို့အတွက်ကတော့ သူက အရမ်းငယ်သေးတယ်"

မဟာကွန်ဖြူးရှပ်ပညာရှင်တစ်ဦး၏ မျက်နှာတွင် မထီမဲ့မြင်ပြုသောအပြုံးတစ်ခု ထင်ဟပ်လာသည်။

တခြားကွန်ဖြူးရှပ်ပညာရှင်များ၏ မျက်နှာများပေါ်တွင်လည်း လှောင်ပြုံးများ ထွက်ပေါ်လာပေ၏။

တာအိုဟောကြားခြင်း...

ဤကိစ္စကို ပြုလုပ်ရန်အတွက် အစွမ်းအစသာမက အတွေ့အကြုံလည်း လိုအပ်သည်။

လုယွီသည် ငယ်ရွယ်ပြီး အစွမ်းထက်ကာ တာအိုသခင်အဆင့် ကျင့်ကြံသူများနှင့် ယှဉ်ပြိုင်နိုင်ပေ၏။ သူသည် ငယ်ငယ်ရွယ်ရွယ်ဖြင့် ဤသို့ဖြစ်လာရန် ကံကြမ္မာပါလာသောကြောင့် အတွေ့အကြုံရင့်ကျက်ခြင်းမရှိဘဲ သူသည် တာအိုဥပဒေသများကို နားမလည်နိုင်ချေ။

"အခုချိန်မှာ အရှင်ဧကရာဇ်က ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်မှာ ဟောပြောနေတယ်မဟုတ်လား....အရှင်ဧကရာဇ် ဘာတွေဟောပြောမယ်ဆိုတာကို မင်းတို့ မစူးစမ်းချင်ကြဘူးလား"

တစ်စုံတစ်ယောက်က မေးမြန်းလိုက်သည်။

မဟာကွန်ဖြူးရှပ်ပညာရှင်များ၏ မျက်နှာများပေါ်တွင် အေးစက်စက်အပြုံးများ ထင်ဟပ်လာပြီး သူတို့သည် စကားတစ်ခွန်းမျှ မပြောခဲ့ကြချေ။

ဖန်းမင်ကျီးက သူ၏မုတ်ဆိတ်ကိုပွတ်သပ်ပြီး ပေါ့ပေါ့ပါးပါး ပြောဆိုသည်။

"ငါက လွန်ခဲ့တဲ့ ရက်အနည်းငယ်ကစပြီးတော့ အမြင့်မြတ်ဆုံးတာအိုကျမ်းစာကို လေ့လာနေခဲ့တာကြောင့်...အရှင်ဧကရာဇ်ရဲ့ မြင့်မြတ်တဲ့ အသံကို နားထောင်ဖို့ အချိန်မရှိခဲ့ဘူး..."

ဤသည်မှာ အပေါ်ယံဆင်ခြေတစ်ခုပင်။

သူတို့ မသွားရခြင်း၏ အဓိကအကြောင်းရင်းမှာ သူတို့တွင် ရှင်းလင်းသောသဘောထားတစ်ခု ရှိနေသောကြောင့်ပင်။

ရှေးရိုးစွဲအုပ်စု၏ ထိပ်သီးတည်ရှိမှုကြီးများသည် လုယွီ၏ဆန္ဒများကို အလျှော့ပေးလိုက်လျောမည် မဟုတ်ချေ။

ထိုအချိန်မှာပင် လျှို့ဝှက်ဆန်းကြယ်သော အလင်းတန်းတစ်တန်းသည် ပြတင်းပေါက်ကို ထွင်းဖောက်လာကာ ထိုက်ချန်ခန်းမဆောင်၏ မြေပြင်အတွင်းသို့ ပျံ့နှံ့ဝင်ရောက်သွားသည်။

ရုတ်ချည်းဆိုသလိုပင် ထိုက်ချန်ခန်းမဆောင်၏အပြင်ဘက်၌ မိုးခြိမ်းသံများကို ကြားလိုက်ရသည်။ ဤသည်မှာ မိုးကောင်းကင်ယံမှ မိုးကြိုးလျှပ်စီးများ ကျလာသကဲ့သို့ဖြစ်ပြီး အလွန်အမင်းကျယ်လောင်ကာ ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းပေ၏။

Chapter 5015

လူများအားလုံး၏မျက်နှာအမူအယာများ အနည်းငယ်ပြောင်းလဲသွားပြီး သူတို့သည် ချက်ချင်းဆိုသလိုပင် နတ်ဘုရားစိတ်အာရုံများကို ထုတ်လွှတ်လိုက်ကြသည်။

တစ်ချိန်တည်းမှာပင် တော်ဝင်မြို့တော်ရှိ လူများအားလုံးသည် မြောက်ပိုင်းဝါးမြိုခြင်းကုန်းမြေ၏ပြောင်းလဲမှုများကို သတိပြုမိခဲ့ကြသည်။

မြောက်ပိုင်းဝါးမြိုခြင်းကုန်းမြေတစ်ခုလုံးကို ထူထပ်သိပ်သည်းသော အနက်ရောင်မိုးကြိုးလျှပ်စီးမျာ ဖုံးလွှမ်းနေသည်။ ရံဖန်ရံခါ၌ မိုးကြိုးလျှပ်စီးလှိုင်းများ မိုးကောင်းကင်တွင် ထွက်ပေါ်လာလိမ့်မည် မိုးခြိမ်းသံများသည် နားကွဲလုမတတ်ကျယ်လောင်ပြီး လူအများ၏နားများကို နာကျင်စေခဲ့သည်။

ဖန်းမင်ကျီးသည် ထိုက်ချန်ခန်းမဆောင်မှ ပထမဆုံး ပြေးထွက်လာပြီး သူသည် ညှိုးငယ်သော အမူအယာဖြင့် ထိုမိုးကြိုးလျှပ်စီး၏ဦးတည်ရာသို့ ကြည့်လိုက်သည်။

ရှေးရိုးစွဲအုပ်စုမှ တခြားမဟာကွန်ဖြူးရှပ်ပညာရှင်များသည်လည်း ပြေးထွက်လာကြပြီး သူတို့တစ်ဦးချင်းစီတိုင်းတွင် တည်ကြည်လေးနက်သော အမူအယာ ရှိနေသည်။

ထိုနယ်မြေသည် ကျောက်စိမ်းဆေးမီးဖိုကျောင်း၏တည်နေရာပင်။

"အဲ့ဒီမှာ... အဲ့ဒီမှာ ဘာတွေဖြစ်နေတာလဲ"

လူအများသည် ထိတ်လန့်တုန်လှုပ်သောအမူအယာများဖြင့် ပြောဆိုလိုက်ကြ၏။

...

ဤအချိန်တွင် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်၏အထက်မှ မိုးကောင်းကင်ယံ၌ မိုးကြိုးလျှပ်စီးများဖြင့် တဂျိန်းဂျိန်းမြည်ဟီးနေပြီး ပတ်ဝန်းကျင်ကို တုန်ခါစေခဲ့သည်။

လောကကြီးကို တုန်ခါစေသည့် တဂျိန်းဂျိန်းမြည်ဟီးသံများသည် တိမ်တိုက်များကို ဖြတ်သန်းသွားပြီး လူများအားလုံးကို ဖိအားအရှိန်အဝါတစ်ရပ်အား ခံစားမိစေသည်။

ဟောပြောပွဲသို့ လူတစ်သောင်း တက်ရောက်ခြင်း....

ဤမြင်ကွင်းသည် အံ့အားသင့်ဖွယ်ကောင်းသည်ဟု ဆိုနိုင်သည်။

"ဂျိန်း...."

မိုးကောင်းကင်ယံသည် မင်ဖြင့်ဆိုးထားသကဲ့သို့ နက်မှောင်နေပြီး ရှေးဟောင်းအရှိန်အဝါတစ်ခုသည် မိုးကောင်းကင်ယံမှ ကျဆင်းလာပေ၏။ ဤသည်မှာ ကောင်းကင်နှင့်မြေပြင် ပြိုလဲကျနေသကဲ့သို့ဖြစ်ပြီး လူတစ်ဦး၏နှလုံးသားကို တုန်ခါစေခဲ့သည်။

မိုးကောင်းကင်ယံတွင် ဧရာမသွေးနီရောင်မျက်လုံးကြီးတစ်လုံး ထွက်ပေါ်လာပြီး အောက်သို့စူးစိုက်ကြည့်ရင်း ထိုအရာအတွင်းမှ သွေးများယိုစီးကျနေပုံရသည်။

"ဒီအရာက ဘာလဲ...."

ဟောပြောပွဲနေရာတွင်ရှိနေသော လူများအားလုံးသည် သူတို့၏နှလုံးသားများ တုန်ခါသွားသည်ကို ခံစားလိုက်ရသည်။ သူတို့၏အသက်များသည် သူတို့၏အပိုင် မဟုတ်တော့သည့်အလားပင်။

လူများအားလုံးသည် သူတို့၏စိတ်နှလုံးသားအတွင်းတွင် အဆုံးအစမရှိသော ကြောက်ရွံ့မှုကို ခံစားမိပေ၏။ ဤအချိန်တွင် သူတို့၏စိတ်နှလုံးသားအတွင်းမှ ကြောက်မက်ဖွယ်အကောင်းဆုံး အတွေးများအားလုံး တစ်ခုပြီးတစ်ခု စတင်၍ထွက်ပေါ်လာသည်။ သူတို့၏မျက်နှာများပေါ်တွင် အစွမ်းအစကင်းမဲ့မှုများ ထင်ဟပ်နေသည်။

"ဒါက ရောက်ပြီ"

လုယွီသည် ထိုမျက်လုံးကြီးကို သတိပြုမိသည်နှင့် ချက်ချင်းမတ်တတ်ထရပ်လိုက်သည်။

ဤသည်ကို သူ ကြိုတင်မျှော်လင့်ထားပြီးဖြစ်သောကြောင့် မိုးကြိုးလျှပ်စီးများ ထွက်ပေါ်လာသည့် အချိန်အခိုက်အတန့်တွင် လုယွီက မိုးကောင်းကင်ယံသို့ ပျံသန်းသွားသည်။

ရှေးဦးသက်ရှိမှ သရုပ်သကန်ထင်ဟပ်လာသော ကောင်းကင်ဘုံမျက်လုံးသည် တည်ကြည်လေးနက်ပြီး ခန့်ညားထည်ဝါသည်။ သူ၏ဖိအားသည် မိုးကောင်းကင်တာအိုကိုပင် ကျော်လွန်နေပေ၏။ သူသည် မိုးကောင်းကင်တာအိုထက်ပင် ပို၍လွှမ်းမိုးချုပ်ကိုင်နိုင်ပြီး မည်သူမျှ သူ၏စွမ်းအားကို သံသယမဝင်ရဲချေ။

'အစစ်အမှန်အင်မော်တယ်တွေကို ဒီလောကကြီးထဲမှာ တည်ရှိခွင့်မပြုဘူး"

ဤသည်မှာ ရှေးဦးသက်ရှိ ပြောဆိုခဲ့သောစကားပင်။ လုယွီသည် ရွှယ်အင်မော်တယ်နယ်ပယ် အလယ်အလတ်အဆင့်သို့ ချိုးဖျက်ဝင်ရောက်စဥ်၌ သူသည် လုယွီကို သူ၏ အထွတ်အထိပ်မှော်စွမ်းအားဖြင့် သတ်ဖြတ်ရန် ကြံရွယ်ခဲ့သည်။

သို့ရာတွင် လုယွီသည် သူ၏ခေါင်းကို မငုံ့ခဲ့ချေ။ သူသည် သူ၏ခေါင်းကို အနည်းငယ်မော့ပြီး သွေးနီရောင်မျက်လုံးကို ကြည့်လိုက်သည်။

ထိုအချိန်က စစ်မြေပြင်ပေါ်တွင် ရှေးဦးသက်ရှိမှ ဖွဲ့စည်းထားသော သွေးနီရောင်မျက်လုံးသည် လုယွီကြောင့် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည်။ ယခုအချိန်အထိ လုယွီသည် ထိုအရာပေါ်တွင် မဟာတာအို၏စွမ်းအားမှ ကြွင်းကျန်နေသောဒဏ်ရာများကို ရှင်းရှင်းလင်းလင်းမြင်တွေ့နိုင်ပေ၏။

ဤဒဏ်ရာများသည် မသေမျိုးအဆင့်မှော်လက်နက်ကြောင့် ဖြစ်ပွားခဲ့သဖြင့် ကုသရန် အလွန်ခက်ခဲသည်။

"ဒါဆို ဒီလိုကိုး....ဒီလောကကြီးက မင်းအတွက် မြူခိုးတစ်ခုလိုပဲ..."

လုယွီသည် ရှေးဦးသက်ရှိများနှင့် သက်ဆိုင်သောအရာအားလုံးကို စဉ်းစားလိုက်၏။ သူ၏စိတ်သည် ပို၍ပို၍ရှင်းလင်းလာပြီး သူ၏စိတ်နှလုံးသားအတွင်းတွင် တစ်ချိန်က ပုန်းအောင်းနေခဲ့သော အစီအစဉ်တစ်ခုသည် သူ၏စိတ်အတွင်းသို့ နောက်တစ်ကြိမ် တိုးဝင်လာသည်။

ဟောပြောပွဲသို့ လူတစ်သောင်းကျော် တက်ရောက်ခြင်းသည် ရှေးဦးသက်ရှိ၏ စည်းချက်ကို လုံးလုံးလျားလျား ပျက်ပြားစေခဲ့သည်။

သူသည် မည်သည့်ချီစွမ်းအားက အစစ်အမှန်ဖြစ်သည်ကို မပြောနိုင်တော့ပေ။ ထို့ကြောင့် ယခုအချိန်အထိ သူသည် သူတို့ကို အပြစ်မပေးနိုင်ချေ။

"မြူခိုးတွေ မြင့်တက်စမ်း"

လုယွီက ခပ်ဖျော့ဖျော့လေသံဖြင့် ပြောဆိုသည်။

ပတ်ဝန်းကျင်ရှိ တောင်တန်းများမှ ရုတ်တရက် နားကွဲလုမတတ်ကျယ်လောင်သော တုန်ခါသံတစ်သံ ထွက်ပေါ်လာသည်။

ရုတ်ချည်းဆိုသလိုပင် ထူထပ်သိပ်သည်းသော မြူခိုးလွှာတစ်လွှာသည် လူများအားလုံး၏ခေါင်းများအထက်တွင် လွှမ်းခြုံသွားသည်။ ရွှေရောင်နဂါးတစ်ကောင်၏ ဟိန်းသံသဲ့သဲ့ကို ဤမြူခိုးများအကြားတွင် ကြားနိုင်ပေ၏။

ထူထပ်သိပ်သည်းသောမြူခိုးများသည် နဂါးတစ်ကောင်အလား ကျောက်စိမ်းဆေးမီးဖိုကျောင်းတော် တည်ရှိသော တောင်တန်းတစ်ခုလုံးကို လုံးလုံးလျားလျား ဝါးမြိုသွားသည်။ မျက်စိဖြင့်မြင်နိုင်သမျှ အကွာအဝေးထိ မည်သူတစ်ဦးတစ်ယောက်၏အရိပ်အယောင်ကိုမျှ မမြင်နိုင်တော့ချေ။

ဤသည်မှာ လုယွီ ကြိုတင်၍ ခင်းကျင်းထားခဲ့သော ဝင်္ကပါဖြစ်ပြီး မိုးကြိုးလျှပ်စီးများ ရောက်ရှိလာမည့် အချိန်အတွက် ပြင်ဆင်ထားခြင်းပင်။

ကြီးမားကျယ်ပြန့်ပြီး ထူထပ်သိပ်သည်းသော မြူခိုးများသည် မိုးကောင်းကင်ယံကို လွှမ်းခြုံထားပြီး လူများအားလုံး၏အရှိန်အဝါကို ဖုံးကွယ်ထားသည်။ တိုတောင်းသော အချိန်ကာလအတွင်းမှာပင် အင်မော်တယ်ချီစွမ်းအားများအားလုံးသည် ဖုံးကွယ်ထားခြင်း ခံလိုက်ရလေ၏။

ထူထပ်သိပ်သည်းသော မြူခိုးများအကြားတွင်....

လူများအားလုံး၏ အင်မော်တယ်ချီစွမ်းအားများသည် ပြီးပြည့်စုံစွာ ဖုံးကွယ်ခြင်းခံလိုက်ရသည်။

ဤအချိန်တွင် လူများအားလုံး ရုတ်တရက် အသိဝင်လာကြသည်။ သူတို့၏ခေါင်းများအထက်တွင် လွှမ်းခြုံထားခဲ့သော ဖိအားအရှိန်အဝါသည် နောက်ဆုံး၌ လွင့်ပြယ်သွားခဲ့လေ၏။

"ရှေးဟောင်းပြောင်းလဲမှုတွေ...မိုးကောင်းကင်တာအိုတောင် တုန်ခါနေတဲ့အထိ အားကောင်းတယ်... ဒါက ဘယ်လိုတည်ရှိမှုမျိုးလဲ..."

ချန်ကျင်း၏မျက်နှာပေါ်တွင် ထိတ်လန့်မှုအရိပ်အယောင်တစ်ရပ် ထင်ဟပ်လာပြီး အလျင်အမြန်မေးမြန်းလိုက်သည်။

ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်၏ ကျောင်းအုပ်ကြီးဖြစ်ကာ အတွေ့အကြုံရင့်ကျက်သော မဟာကွန်ဖြူးရှပ်ပညာရှင်တစ်ဦးအနေဖြင့် ဤကဲ့သို့တည်ရှိမှုမျိုးနှင့် ရင်ဆိုင်ရချိန်တွင် သူ၏အသက်သည် သူ့အပိုင်မဟုတ်တော့သကဲ့သို့ ခံစားချက်တစ်ခု အမှန်တကယ် ရှိနေသည်။ ဤကိစ္စကို သူ စိတ်ကူးယဥ်တွေးတောကြည့်နိုင်ရန်ပင် အလွန်ခက်ခဲပေ၏။

ဤအချိန်တွင် လူတစ်သောင်းကျော်သည် ရှေးဟောင်းလောကီအင်မော်တယ်နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်ခဲ့ကြသည်။ လူများအားလုံးမှ ထုတ်လွှတ်ထားသော အင်မော်တယ်ဖိအားအရှိန်အဝါသည် ကြီးမားကျယ်ပြန့်ပြီး နယ်နိမိတ်မရှိပေ။ သူတို့သည် ယခင်ကထက် မည်မျှထိ ပို၍သန်မာအားကောင်းလာသည်ကို မည်သူမျှ မသိနိုင်ချေ။

သို့ရာတွင် လူများအားလုံး၏စိတ်နှလုံးသား နက်ရှိုင်းသောနေရာတွင် ကြီးမားသော ကျောက်တုံးကြီးတစ်တုံးမှ သူတို့ကို ဖိနှိပ်ထားသကဲ့သို့ဖြစ်နေသည်။ သူတို့သည် လုံးလုံးလျားလျား စိတ်လှုပ်ရှားခြင်း မရှိတော့ချေ။

သူတို့သည် သာမန်လောကကြီးကို လွန်မြောက်ခဲ့သော အစစ်အမှန်အင်မော်တယ်များ ဖြစ်လာလျှင်ပင် မည်သို့မျှ ထူးခြားမလာနိုင်ချေ။

သူတို့၏ခေါင်းများအထက်တွင် မြူခိုးအလွှာတစ်လွှာ ဖုံးလွှမ်းနေပုံရပြီး သူတို့ကို အမှန်တကယ် လွန်မြောက်နိုင်ခြင်းမရှိအောင် ပြုလုပ်ထားသည်။

မိုးကောင်းကင်မှ ပျက်သုဉ်းခြင်းမျက်လုံးသည် သူ၏ပစ်မှတ်ကို ဆုံးရှုံးသွားပုံရပြီး တဖြည်းဖြည်း ပြန့်ကျဲသွားသည်။

အတုအယောင် လောကီအင်မော်တယ်တစ်ယောက် ကျင့်ကြံဆင့်ချိုးဖျက်သည်ထက် ပို၍ရှင်းလင်းသော အရှိန်အဝါကို မထုတ်လွှတ်ခဲ့သောကြောင့် ပျက်သုဉ်းခြင်းမျက်လုံး၏စစ်ဆေးမှုကို ဖုံးကွယ်နိုင်ခဲ့သည်။

"ဒီလောက် ပြင်းထန်တဲ့ ဒဏ်ရာရထားတာတောင် သရုပ်သကန်ပြသခဲ့တာက အရင်ရှေးဟောင်းသက်ရှိပဲ ဖြစ်နေမှာကို ငါ စိုးရိမ်တယ်...."

လုယွီသည် သူ၏စိတ်နှလုံးသားအတွင်းတွင် တွက်ချက်နေသည်။ သူသည် ရှေးဦးသက်ရှိများကို ကိုင်တွယ်ရန် အစီအစဉ်များစွာကို ပြုလုပ်ခဲ့ပြီးဖြစ်သည်။

အမှန်အားဖြင့် လုယွီသည် အကြောင်းပြချက်မရှိဘဲ ဤသတင်းကို ဖြန့်ဝေမည်မဟုတ်ချေ။

သူသည် ဤကျင့်ကြံနည်းစနစ်အား လူများအားလုံးကို မျှဝေပေးခဲ့သည်။ ပထမအချက်အနေဖြင့် သူသည် ယုံကြည်စိတ်ချရသော လက်အောက်ငယ်သားများကို ပြုစုပျိုးထောင်လိုသည်။ ဒုတိယအနေဖြင့် သူသည် မိုးကောင်းကင်ယံမှ ပျက်သုဥ်းခြင်းမျက်လုံးကို ရှုပ်ထွေးစေလိုသည်။

သူသည် ဤလောကကြီးတွင် အစစ်အမှန်အင်မော်တယ် ဖြစ်သည့်အချိန်၌ အကယ်၍ လုယွီသည် ရွှယ်အင်မော်တယ်နယ်ပယ် နှောင်းပိုင်းအဆင့်သို့ ချိုးဖျက်ဝင်ရောက်ရန် ရွေးချယ်ပါက သူ သေဆုံးရမည်မှာ သံသယဖြစ်ဖွယ်မရှိချေ။

ယခင်က သူ ပိုင်ဆိုင်သော မသေမျိုးအဆင့် မှော်လက်နက်များအားလုံးသည် သူ ရွှယ်အင်မော်တယ်နယ်ပယ် အလယ်အလတ်အဆင့်သို့ ချိုးဖျက်ဝင်ရောက်ရန်အတွက် ထိုအရာများ၏စိတ်ဝိညာဉ်စွမ်းအားများကို စုပ်ယူခြင်းခံခဲ့ရသည်။ သူသည် မသေမျိုးအဆင့်မှော်လက်နက်ကို ဖျက်ဆီးသည့်နည်းလမ်းကိုပင် အသုံးပြုပြီး သွေးနီရောင်မျက်လုံးကို ဒဏ်ရာပြင်းထန်စွာ ရရှိစေခဲ့သည်။ သူသည် နည်းလမ်းများအားလုံးကို အသုံးပြုပြီးဖြစ်ပေ၏။

သူ နောက်တစ်ကြိမ် ကျင့်ကြံဆင့်ချိုးဖျက်ပါက ရှေးဦးသက်ရှိများ၏နည်းလမ်းများအောက်တွင် အသက်ရှင်သန်နိုင်မည်ဟု အာမမခံနိုင်ချေ။

သို့ရာတွင် လောကကြီးအတွင်း၌ အစစ်အမှန်အင်မော်တယ် တစ်သောင်းကျော် ရှိနေလျှင် ဤကိစ္စသည် ကွဲပြားခြားနားသွားပေမည်။

အစစ်အမှန်အင်မော်တယ်များသည် နေရာတိုင်းတွင် ရှိနေပါက ရှေးဦးသက်ရှိများကို သူတို့၏အမြင်အာရုံအား ဆုံးရှုံးစေကာ လုယွီ၏ တည်ရှိမှု ပျောက်ကွယ်သွားပေမည်။ လုယွီ၏ လေ့လာတွေ့ရှိချက်အရ အကယ်၍ ရှေးဦးသက်ရှိများသည် လူတစ်ဦးကို ဖျက်ဆီးလိုလျှင် သူတို့သည် ကြီးမားသော အဖိုးအခကို ပေးချေရပေမည်။ သူတို့သည် ကြီးမားသော တိုက်ခိုက်မှုတစ်ခုကို စတင်ရန် မဖြစ်နိုင်ချေ။

လုယွီသည် လောကကြီးအတွင်း၌ အစစ်အမှန်အင်မော်တယ်များ မွေးဖွားလာစေကာ ပရမ်းပတာအခြေအနေကို အခွင့်ကောင်းယူပြီး ကျင့်ကြံဆင့်ချိုးဖျက်ရန် အခွင့်အရေးတစ်ခုကို ရှာဖွေနိုင်ပေမည်။

"ငါက စောင့်ဆိုင်းနေမယ့်အစား တိုက်ခိုက်ဖို့ကို ဘာလို့ အစမပြုရမှာလဲ...ဒီလိုဆိုရင် ငါက အားနည်းမယ့်အစား ဦးဆောင်တိုက်ခိုက်သူ ဖြစ်လာလိမ့်မယ်..."

လုယွီက သူသည် အန္တရာယ်အကြား၌ စွန့်စားနေသည်ကို ကောင်းစွာသိရှိထားသည်။ သို့ရာတွင် သူနောက်တစ်ကြိမ် ကျင့်ကြံဆင့်ချိုးဖျက်လိုလျှင် သူထံတွင် ရွေးချယ်စရာများစွာ မရှိပေ။

သူ့ရှေ့မှ ဤတပည့်များသည် အလွန်ငယ်ရွယ်ပေ၏။

သူသည် သူတို့ကို အစမှစ၍ အစစ်အမှန်အင်မော်တယ်တစ်ယောက်၏လမ်းစဉ်ကို လျှောက်လှမ်းစေခဲ့သည်။ နောင်အနာဂတ်တွင် ဤသည်မှာ သူ၏အခိုင်မာဆုံးအခြေခံအုတ်မြစ် ဖြစ်လာပေလိမ့်မည်။

လုယွီသည် လူများအားလုံးကိုကြည့်ပြီးနောက် ရုတ်တရက် ပြောဆိုလိုက်သည်။

"မင်းတို့ ဒီနေ့ မြင်ခဲ့ကြားခဲ့တာတွေကို တခြားလူတွေဆီကို လက်ဆင့်ကမ်းလို့ မရဘူး"

ဤအချိန်အခိုက်အတန့်တွင် လုယွီ၏အသံသည် မိုးကောင်းကင်ယံမှ မိုးခြိမ်းသံအလားပင်။ ဤအသံသည် တဝုန်းဝုန်းမြည်ဟီးကာ ကျဆင်းလာပြီး လူများအားလုံး၏နှလုံးသားအတွင်းတွင် ပဲ့တင်ထပ်နေသည်။

ရုတ်ချည်းဆိုသလိုပင် တားမြစ်မှော်မန္တန်တစ်ခုသည် လူများအားလုံး၏စိတ်နှလုံးသားအတွင်းတွင် စွဲထင်သွားခဲ့သည်။ ဤမှော်မန္တန်ကို ခုခံ၍လည်းမရ မနာခံ၍လည်းမရချေ။

"အရှင်ဧကရာဇ်ရဲ့ အမိန့်တော်ကို နာခံပါ့မယ်"

လူများအားလုံးသည် မြေပြင်ပေါ်တွင် ဝပ်တွားလိုက်ကြပြီး လုယွီ၏ စကားကို မဆန့်ကျင်ရဲကြချေ။

All Chapters