← Chapters

အခန်း (၅၀၃၆-၅၀၄၀)

Vol. 255 Ch. 5036-5040

အခန်း (၅၀၃၆-၅၀၄၀)

Vol. 255 Ch. 5036-5040

Chapter 5036

ပတ်ဝန်းကျင်ရှိ လူအုပ်ကြီးသည် ချက်ချင်းဆိုသလိုပင် တိုင်ပင်ဆွေးနွေးသံများဖြင့် ပွက်လောရိုက်သွားသည်။

"ကျွတ် ကျွတ်...ဒါက တကယ်ကို အတုဖြစ်နေတာပဲ... ငါသိသားပဲ...ဒါက ဘယ်လိုလုပ်ပြီး အထူးဧည့်သည်တံဆိပ်ပြား ဖြစ်နိုင်မှာလဲ..."

"ဒီလူနှစ်ယောက်က ဒီလောက်ငယ်ငယ်ရွယ်ရွယ်နဲ့ မကောင်းတာတစ်ခုခုကို ဘာလို့လုပ်ခဲ့တာလဲ...သူတို့က အထူးဧည့်သည်တစ်ယောက်လိုတောင် ဟန်ဆောင်ရဲတယ်...ဟီး ဟီး...အခုတော့ သူတို့ အဖမ်းခံလိုက်ရပြီ"

လူများအားလုံးသည် ပွဲတစ်ပွဲကို ကြည့်နေကြသည့်အလားပင်။

တံဆိပ်ပြားအတုလုပ်ပြီး ရတနာမျှော်စင်ကို ဝင်ရောက်ရန် ကြိုးစားရင်း အဖမ်းခံရခြင်းသည် အလွန်ထူးဆန်းသောကိစ္စပင်။

လီစစ်၏မျက်နှာအမူအယာသည် ရုတ်တရက် အေးစက်တင်းမာသွားသွားပေ၏။

"မင်းတို့ သေချာပြန်ကြည့်တာ ပိုကောင်းမယ်.. အမှားအယွင်းမလုပ်မိစေနဲ့"

"နင် ငါ့ရှေ့မှာ ဟန်ဆောင်နေစရာမလိုဘူး...လွန်ခဲ့တဲ့ရက်အနည်းငယ်က ကျင်းမင်းသားရဲ့ အထူးဧည့်သည်တံဆိပ်ပြား ပျောက်သွားတယ်... ငါတို့က ဒါကို အခုထိ ရှာမတွေ့သေးဘူး...နင်တို့တွေက ဒီတံဆိပ်ပြားကို ခိုးသွားပုံပဲ...နင်တို့က တော်တော်သတ္တိရှိတာပဲ...မင်းသားတစ်ပါးရဲ့ပစ္စည်းတွေကို ခိုးရဲရုံတင်မကဘူး... နင်တို့က အထူးဧည့်သည်တစ်ယောက်လို ဟန်ဆောင်ပြီး ငါ့တို့ရဲ့ရတနာမျှော်စင်ကို လာလိမ်ရဲတယ်"

အစ်မလီသည် လုယွီနှင့်လီစစ်တို့ကို စုန်ချည်ဆန်ချည်ကြည့်ပြီး အကဲခတ်လိုက်သည်။ ထို့နောက် သူမက လှောင်ပြောင်သရော်လိုက်၏။

"နင်တို့က အယောင်ဆောင်ချင်ရင်လည်း တခြားတစ်ယောက်လို ဟန်ဆောင်လိုက်ပါလား... နင်တို့က နောက်လိုက်တွေကို မခေါ်လာတာ ကိစ္စမရှိဘူး.... ဒါပေမယ့် နင်တို့ရဲ့လက်ထဲက အရာတွေကို ကြည့်စမ်း...အဲ့ဒါက ဆန်မုန့်မဟုတ်လား...ဘယ်သူက ဒီလမ်းဘေးဆိုင်တွေက အရာတွေကို စားမှာလဲ"

လီစစ်၏မျက်လုံးများအတွင်းတွင် အေးစက်သောအလင်းတန်းတစ်တန်း ဖြတ်ပြေးသွားသည်။

"မင်း ထပ်ပြောစမ်း..."

လီစစ်သည် သူ၏ရှေ့မှ ဤမောက်မာထောင်လွှားသောလူများကို လျစ်လျူရှုနိုင်သည်။

သို့ရာတွင် ဤလူများသည် လုယွီကို စကားလုံးများဖြင့် စော်ကားရဲကြသည်။ သူတို့သည် သေလမ်းကို ရှာနေကြခြင်းပင်။

အရှင်သခင်ကို ရန်စစော်ကားခြင်းအတွက်အရာရှိက ဖြေရှင်းရပေမည်။

ဤလူများသည် လုယွီကို အရှက်ခွဲခဲ့သဖြင့် သူတို့သည် လီစစ်၏မျက်နှာကို ပြင်းပြင်းထန်ထန် ပါးဖြတ်ရိုက်သည့်အလားပင်။

အစ်မလီနှင့်တခြားသူများ၏ မျက်နှာအမူအယာများ ရုတ်တရက် အနည်းငယ်ပြောင်းလဲသွားသည်။ သူတို့သည် အန္တရာယ်အငွေ့အသက်တစ်ခု သူတို့၏စိတ်နှလုံးသားများအတွင်းသို့ တိုးဝင်လာသည်ကိုသာ ခံစားလိုက်ရသည်။ အစောင့်တာဝန်ခံက အော်ဟစ်လိုက်သည်။

"ကောင်းပြီလေ...မင်းတို့နှစ်ယောက်က ဒီနေရာကိုလာပြီး ပြဿနာရှာရဲမှတော့....ဒီနေ့ ငါက မင်းတို့ကို ဒီမှာ သေခွင့်ပေးမယ်"

လီစစ်က ပြောဆိုသည်။

"မင်းတို့က တော်ဝင်မြို့တော်မှာ လူသတ်ရဲတယ် ဟုတ်လား....အာဏာပိုင်တွေက မင်းတို့ကို ဖမ်းဆီးမှာ မကြောက်ဘူးလား"

"ဟား ဟား ဟား..."

အစ်မလီ၏မျက်နှာပေါ်တွင် လှောင်ပြောင်သရော်သောအမူအယာတစ်ရပ် ထင်ဟပ်လာသည်။

"ဒါဆို အတွေ့အကြုံမရှိတဲ့ ကောင်စုတ်လေးနှစ်ယောက်ပေါ့...တော်ဝင်မြို့တော်က ယင်မိသားစုက ငါတို့ရဲ့ဆိုင်ရှင်နဲ့ နက်ရှိုင်းတဲ့ဆက်ဆံရေးရှိတယ်....သူတို့က တစ်ယောက်နဲ့တစ်ယောက် ညီအစ်ကိုတွေလို့ ခေါ်ကြတယ်...နင်တို့အားလုံးကို တော်ဝင်မြို့တော်မှာ သတ်လိုက်ရင်တောင် ဘာဖြစ်လဲ...ငါတို့ရတနာမျှော်စင်ရဲ့နောက်ခံအင်အားကို မင်းတို့ ဘယ်လောက်ထိ သိလို့လဲ...."

လီစစ်က ပြုံးလိုက်သည်။

"ဟုတ်လား...ဒါဆိုရင် တော်ဝင်မြို့တော်ရဲ့ ယင်မိသားစုက မင်းတို့အားလုံးကို ကာကွယ်ပေးရဲမလားဆိုတာ မင်းတို့ စမ်းကြည့်နိုင်တယ်..."

လုယွီက လီစစ်၏ပခုံးကို ပုတ်ပြီး သူ၏ရှေ့သို့ လျှောက်လှမ်းသွားသည်။

"အစားအသောက်နဲ့ မြင့်မြတ်မှုကြားမှာ ဘာလူတန်စားမှ မရှိဘူးလို့ ငါ ထင်တယ်...."

"မင်းတို့က သက်သေခံတံဆိပ်ပြားကို မှားယွင်းပြီးကြည့်ခဲ့တာကို ငါ ခွင့်လွှတ်နိုင်တယ်...ဒါပေမယ့် မင်းတို့ ခုဏက လူရိုင်းစစ်သားတွေကို ရိုက်နှက်ခဲ့တယ်...မင်းတို့က ဒီလူရိုင်းစစ်သားနှစ်ဦးကို တောင်းပန်ရမယ်"

လုယွီသည် လူရိုင်းစစ်သားနှစ်ဦးကို ညွှန်ပြပြီး အစောင့်အားလုံးကို ကြည့်လိုက်သည်။

"ခုဏက တိုက်ခိုက်ခဲ့တဲ့သူအားလုံး သူတို့ကို သွားပြီးတောင်းပန်ကြစမ်း..."

သူတို့၏နံဘေးပတ်ဝန်းကျင်မှ အခြေအနေသည် ချက်ချင်းအေးခဲတောင့်တင်းသွားပေ၏။

"ကောင်လေး...ငါက မင်းနဲ့ စာရင်းရှင်းဖို့ ရှာနေတာ...နင်က ငါတို့ကို အမိန့်ပေးရဲတာလား... နင်က ငါတို့ကို စော်ကားပြီးရင် တော်ဝင်မြို့တော်မှာ ဘေးကင်းကင်းနဲ့နေနိုင်မယ်လို့ တကယ်ကြီး ထင်နေတာလား"

အစ်မလီ၏မျက်နှာပေါ်တွင် သတ်ဖြတ်လိုခြင်းအငွေ့အသက်များ ထင်ဟပ်နေသည်။

လုယွီက သူမကို စူးစိုက်ကြည့်ပြီး တည်ငြိမ်သောအမူအယာဖြင့် ပြောဆိုလိုက်၏။

"ငါ နောက်နေတယ်လို့ မင်း ထင်နေတာလား"

"ခွေးမသား....ကောင်စုတ်လေး...မင်း အရိုက်ခံချင်နေတာလား"

အစောင့်တာဝန်ခံသည် သူ၏အင်္ကျီလက်ကို လိပ်တင်ပြီး သူ၏လက်ကို ပြင်းပြင်းထန်ထန် ဝှေ့ယမ်းလိုက်သည်။ ပတ်ဝန်းကျင်မှ အစောင့်များသည် လုယွီနှင့် လီစစ်ကို ဝိုင်းထားလိုက်ကြ၏။

လူရိုင်းစစ်သားနှစ်ဦး အလွန်စိတ်လှုပ်ရှားသွားကြသည်။ သူတို့သည် လုယွီနှင့်လီစစ် ထိခိုက်ဒဏ်ရာရရှိမည်ကို ကြောက်ရွံသဖြင့် အလျင်အမြန် ကာကွယ်ပေးနေကြသည်။

လေထုအတွင်းတွင် သတ်ဖြတ်လိုခြင်းအငွေ့အသက်များဖြင့် ပြည့်နှက်နေသည်။

နှစ်ဖက်စလုံးသည် တိုက်ခိုက်ရန် အသင့်ဖြစ်နေပုံပင်။

"ရပ်လိုက်စမ်း...."

သို့ရာတွင် ထိုအချိန်မှာပင် မိန်းကလေးတချို့သည် ရုတ်တရက် လူအုပ်အကြားမှ ပြေးထွက်လာပြီး ဒေါသတကြီး လျှောက်လှမ်းလာကြသည်။

သူမတို့သည် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်၏ စံသတ်မှတ်ချက်ဖြစ်သည့် အဖြူရောင်အဝတ်အစားများကို ဝတ်ဆင်ထားသော်လည်း ဤသည်မှာ မိန်းကလေးများ၏ ကျော့ရှင်းသောပုံပန်းသဏ္ဌာန်ကို ဖုံးကွယ်မထားနိုင်ခဲ့ချေ။ ထိုမိန်းကလေးတစ်ယောက်ချင်းသည် လှပချောမောသောမျက်နှာရှိပြီး ပတ်ဝန်းကျင်မှလူများ၏အကြည့်များကို ဆွဲဆောင်နိုင်ခဲ့သည်။

Chapter 5037

လူအုပ်ကွဲသွားပြီးနောက် မိန်းကလေးများ၏နောက်တွင် အဖြူရောင်ဝတ်စုံ ဝတ်ဆင်ထားသော တခြားလူငယ်တချို့ရှိနေသည်ကို မြင်တွေ့လိုက်ရသည်။

သူတို့အားလုံးသည် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်မှ ကျောင်းတော်သားများပင်။

ဤလူငယ်များ ထွက်ပေါ်လာချိန်တွင် ပတ်ဝန်းကျင်မှလူများ၏ မျက်နှာများပေါ်တွင် ချက်ချင်းဆိုသလိုပင် မနာလိုမှုနှင့်ကြည်ညိုလေးစားသောအမူအယာများ ထင်ဟပ်လာသည်။

ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်သို့ ဝင်ရောက်နိုင်သူများသည် ကောင်းကင်ဘုံ၏ချီးမြှောက်ခံပါရမီရှင်များပင်။ သူတို့တစ်ဦးချင်းစီသည် ငယ်ရွယ်ပြီး အလားအလာရှိသော ပါရမီရှင်များဖြစ်ပေ၏။ သူတို့၏အနာဂတ်အလားအလာများသည် အကန့်အသတ်မရှိချေ။

လက်ရှိတွင် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်သည် တဖြည်းဖြည်းချဲ့ထွင်လာပြီး တော်ဝင်မြို့တော်တွင် ဌာနခွဲတစ်ခုပင် တည်ထောင်ခဲ့သည်။ ဤသည်မှာ လောကကြီးအတွင်းတွင် နံပါတ်တစ်ကျောင်းတော်ဖြစ်လာမည့် လမ်းကြောင်းပေါ်တွင် ရှိနေပုံရသည်။

သူတို့၏ရှေ့ရှိ ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်သားများသည် ကျောင်းတော်သားများသာဖြစ်သော်လည်း သူတို့သည် အလွန်မြင့်မားသော လူမှုအဆင့်အတန်းကို ပိုင်ဆိုင်ပြီးဖြစ်သည်။ သူတို့ မည်သည့်နေရာသို့ သွားသည်ဖြစ်စေ သူတို့သည် လူတိုင်းရိုသေလေးစားခံရသည့် တည်ရှိမှုတစ်ခု ဖြစ်လာပေမည်။

ဤလူများ ရောက်လာသည်ကို မြင်တွေ့ချိန်တွင် အစ်မလီ၏မျက်နှာအမူအယာ အနည်းငယ်ပြောင်းလဲသွားသည်။ မူလက သူမ၏တင်းမာခက်ထန်သောမျက်နှာပေါ်တွင် မျက်နှာချိုသွေးသောအပြုံးမျိုး အမှန်တကယ် ထင်ဟပ်လာခဲ့သည်။

"ဒါဆို သခင်လေးကျန်း ရောက်လာတာကိုး... ကျွန်မတို့ရဲ့ရတနာမျှော်စင်က မင်း ရောက်လာတာကြောင့် တကယ်ကို ဂုဏ်ကျက်သရေရှိသွားပြီ"

အစ်မလီက သူ၏ရှေ့မှလူငယ်ကို အပြုံးနှင့်ပြောဆိုလိုက်သည်။

ဤအမျိုးသားသည် အရပ်ရှည်ပြီး ရုပ်ရည်ချောမောခန့်ညားသည်။ အထူးသဖြင့် သူ၏အဖြူရောင်ဝတ်ရုံနှင့် တွဲဖက်လိုက်ချိန်တွင် သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် ထူးချွန်သောသခင်လေးတစ်ဦး၏ ပုံပန်းသဏ္ဌာန်ရှိနေသည်။ သူ မည်သည့်နေရာတွင်ရှိသည်ဖြစ်စေ သူသည် လူများအားလုံး၏အာရုံစိုက်ခံရသော ဗဟိုချက် ဖြစ်လာပေလိမ့်မည်။

လူငယ်သည် ရှေ့သို့လျှောက်လှမ်းလာပြီး သူ၏လှုပ်ရှားမှုတိုင်းတွင် သူသည် ချမ်းသာကြွယ်ဝမှု၏ မူးယစ်ရီဝေစေသော အရှိန်အဝါတစ်ရပ်ကို ထုတ်လွှတ်နေသည်။

ထိုအချိန်မှာပင် လူအုပ်အကြားမှ အံ့အားတသင့်ရေရွတ်သံများ ထွက်ပေါ်လာသည်။

"အဲ့ဒီလူရဲ့အဝတ်အစားပေါ်က အမှတ်အသားကို ကြည့်စမ်း....အဲ့ဒါက ကျန်းမိသားစုရဲ့အမှတ်အသားပဲ"

"ဒါဆို ကျန်းမိသားစုကလူပေါ့...ရတနာမျှော်စင်က သူ့ကို ဒီလောက်ထိ တန်ဖိုးထားတာ အံ့အားသင့်စရာ မရှိတော့ဘူး"

လူအများသည် တက်ကြွစွာ ဆွေးနွေးနေကြပြီး အထူးသဖြင့် အမျိုးသမီးတချို့ပင်။ သူမတို့သည် သခင်လေးကျန်းကို ဆွဲဆောင်လိုသောအကြည့်ဖြင့် ကြည့်လိုက်ကြ၏။

သခင်လေးကျန်းသည် အစ်မလီကို လျစ်လျူရှုပြီး "ပါးစပ်ပိတ်" ဟုအော်ဟစ်ခဲ့သော မိန်းကလေးကို ကြည့်လိုက်သည်။

"ဂျူနီယာညီမလေးလု... မင်းဘာလုပ်ချင်လဲ....ငါ ဒီမှာရှိနေသမျှ အရာအားလုံးက မင်းအပေါ်မှာပဲ မူတည်တယ်...."

လုကောင်းကျီးသည် သူမ၏အောက်နှုတ်ခမ်းကို သွားများဖြင့် ကိုက်လိုက်သည်။ သူမ၏ဖြူဖွေးလှပသောမျက်နှာတွင် မည်သူ့ကိုမဆို မူးယစ်ရီဝေစေနိုင်သော ဆွဲဆောင်နိုင်မှုရှိသည့်အသွင်အပြင်တစ်ခုရှိသည်။

ဤသည်မှာ တမင်သက်သက်လုပ်ယူခြင်းမဟုတ်ဘဲ သူမသည် ဆွဲဆောင်မှုရှိသော အရှိန်အဝါဖြင့် မွေးဖွားလာခဲ့ခြင်းပင်။ သူမ၏နူးညံ့ပြီး ရှက်တတ်သောအသွင်အပြင်တွင် ဆွဲဆောင်မှုအရိပ်အယောင်တစ်ခုရှိပြီး လူအများ၏အာရုံစိုက်မှုကို ဆွဲဆောင်နိုင်ခဲ့သည်။

သူမ၏အရပ်ရှည်သောပုံပန်းသဏ္ဌာန်ကြောင့် လုကောင်းကျီးကို မိန်းကလေးများကြားတွင် ပေါ်လွင်ထင်ရှားစေသည်။ သူမ၏ဖွံ့ထွားသော ကိုယ်လုံးကိုယ်ပေါက်သည် သူမ၏အဖြူရောင်အဝတ်အစားများအောက်မှ ဖောင်းကြွနေပြီး လူအများကို သူမအကြောင်း စိတ်ကူးယဉ်စေသည်။

"ကျွန်မက လူရိုင်းဘာသာစကားကို သိတယ်... သူတို့က သူတို့ရဲ့နတ်ဆိုးသားရဲကို ရှာချင်ရုံသက်သက်ပဲ....ပြီးတော့ သူတို့က အတင်းအကြပ်ဝင်ရောက်ဖို့ ရည်ရွယ်ချက်မရှိဘူး"

လုကောင်းကျီး၏အသံသည် အလွန်ကြည်လင်ပြီး နားထောင်၍ကောင်းပေ၏။

လုကောင်းကျီးသည် ထိုစကားကိုပြောဆိုပြီးနောက် လူရိုင်းအမျိုးသား၏လည်ပင်းကို ညွှန်ပြလိုက်သည်။ သူ၏လည်ပင်းတွင် ရောင်စုံဖဲကြိုးသုံးခုကို ချည်နှောင်ထားသည်။

"ဒီဖဲကြိုးတွေက လူရိုင်းအမျိုးသားတွေရဲ့ ဂုဏ်ကျက်သရေကို ကိုယ်စားပြုတယ်...စစ်ပွဲမှာ ကြီးမားတဲ့အကျိုးပြုမှုတွေ လုပ်ခဲ့တဲ့သူတွေသာ ဖဲကြိုးတစ်ချောင်းဝတ်ဆင်ဖို့ အရည်အချင်းရှိတယ်"

"ဒီလူနှစ်ယောက်က စစ်ပွဲမှာ စစ်ရေးအောင်မြင်မှုတွေ ရရှိခဲ့တဲ့ သူရဲကောင်းတွေပဲ... မင်းတို့က သူတို့ကို ဒီလိုမျိုး မဆက်ဆံသင့်ဘူး"

ဤစကားများကို ပြောဆိုလိုက်သည်နှင့် လူငယ်ကျောင်းတော်သားတစ်စုက စတင်၍ အော်ငေါက်လိုက်ကြသည်။

"ဂျူနီယာညီမလေးလု ပြောတာအမှန်ပဲ... သူရဲကောင်းတွေကို ဒီလိုဆက်ဆံဖို့ မင်းတို့ကို ဘယ်သူက သတ္တိပေးခဲ့တာလဲ"

"မင်းတို့က လူတွေကို တုတ်နဲ့တောင်ရိုက်သေးတယ်...မင်းတို့မိဘတွေကို မင်းတို့ကို ဘာလို့မဆုံးမခဲ့တာလဲ....မင်းတို့က အာဏာကို အလွဲသုံးစားလုပ်တဲ့ ခွေးတွေပဲ..."

ဤလူငယ်ကျောင်းတော်သားများသည် အစ်မလီ၏နောက်ကွယ်မှ အထောက်အထားကို ဂရုမစိုက်ကြချေ။ သူတို့သည် ချက်ချင်းဆိုသလိုပင် သူမကို စတင်၍ဆူပူကြိမ်းမောင်းခဲ့ကြသည်။

သို့ရာတွင် လွန်ခဲ့သော အချိန်တခဏက အလွန်မောက်မာခဲ့သော အစ်မလီနှင့်အစောင့်တာဝန်ခံတို့၏ မျက်နှာများ ဖြူဖျော့နေသည်။ သူတို့သည် ခေါင်းငုံ့ထားကြပြီး စကားပြန်မပြောဝံ့ကြချေ။

"ဒီကိစ္စကို အဆုံးသတ်ကြရအောင်..."

သခင်လေးကျန်းက ရုတ်တရက် လက်ခုပ်တီးပြီး ပြောဆိုလိုက်သည်။

"သူရဲကောင်းတွေကို တုတ်နဲ့တိုက်ခိုက်ခဲ့တဲ့လူက မြေပြင်ပေါ်မှာ ဒူးထောက်ပြီးတော့ တောင်းပန်လိုက်... ဒါ့ပြင် မင်းတို့ကိုယ်မင်းတို့ အကြိမ်ငါးဆယ် ပါးရိုက်စမ်း...ပြီးတော့ မင်း.... မင်းကိုယ်တိုင်သွားပြီးတော့ သူရဲကောင်းနှစ်ယောက်ရဲ့ နတ်ဆိုးသားရဲကို ထုတ်ယူခဲ့စမ်း... ငါအရှင်လိုချင်တယ်..."

အစ်မလီသည် ပေါ့ဆဝံ့ခြင်းမရှိဘဲ ချက်ချင်းဆူပူကြိမ်းမောင်းလိုက်သည်။

"မင်းတို့ အဲ့ဒီမှာ ဘာရပ်လုပ်နေသေးတာလဲ...မြန်မြန်ဒူးထောက်ပြီး တောင်းပန်လိုက်လေ"

Chapter 5038

ဘုန်း...ဘုန်း...

ရုတ်ချည်းဆိုသလိုပင် အစောပိုင်းက တိုက်ခိုက်ခဲ့သော အစောင့်တာဝန်ခံအပါအဝင် အစောင့်များအားလုံးသည် မြေပြင်ပေါ်တွင်ဒူးထောက်လိုက်ကြပြီး သူတို့၏ပါးများကို သူတို့ကိုယ်တိုင် စတင်၍ဖြတ်ရိုက်ခဲ့ကြသည်။

"ဖြောင်း...ဖြောင်း...ဖြောင်း..."

ဤပါးရိုက်ချက်တိုင်းသည် သနားညှာတာမှုမရှိဘဲ ကျရောက်သွားခဲ့သည်။ လူတချို့၏မျက်နှာများပေါ်တွင် သွေးများဖြင့်ပင် ဖုံးလွှမ်းနေပေ၏။

ဤသခင်လေးကျန်း၏မျက်လုံးများအတွင်းတွင် အစောပိုင်းက မောက်မာထောင်လွှားပြီး ခေါင်းမာခဲ့သော သူတို့သည် အရေးမပါချေ။

လုကောင်းကျီးသည် ဤမြင်ကွင်းကိုမြင်တွေ့ချိန်တွင် သူမသည် မကြည့်ရက်တော့သဖြင့် အလျင်အမြန်ပြောဆိုလိုက်သည်။

"ကျွန်မက သူတို့ကို တောင်းပန်ခိုင်းရုံသက်သက်ပဲ...ဒီလိုမျိုးမဟုတ်ဘူး..."

"ကိစ္စမရှိပါဘူး ဂျူနီယာညီမလေး...ဒီလူတွေက သူတစ်ပါးကို အရမ်းအထင်သေးတယ်....သူတို့က သူရဲကောင်းတစ်ယောက်ရဲ့ဂုဏ်သိက္ခာကိုတောင် မသိဘဲနဲ့ အရှက်ခွဲရဲတယ်...ငါ့ရဲ့စိတ်နှလုံးသားထဲမှာလည်း တော်တော်လေး ဒေါသထွက်နေတယ်...ဒီနေ့ ငါသူတို့ကို သင်ခန်းစာမပေးဘဲ မနေနိုင်ဘူး"

သခင်လေးကျန်း၏မျက်နှာပေါ်တွင် အပြုံးတစ်ခုရှိနေပြီး သူသည် လောကကြီးအတွင်း၌ ဂုဏ်ယူဝင့်ကြွားစွာနှင့်လွတ်လပ်စွာ ရပ်တည်နေသော ကြော့ရှင်းရည်မွန်သည့် သခင်လေးတစ်ဦးအလားပင်။

တခြားသူများကလည်း စတင်၍ မြှောက်ပင့်ချီးမွမ်းလိုက်ကြသည်။

"သခင်လေးကျန်းက ဒီရတနာမျှော်စင်မှာ အထူးဧည့်သည်တော်တစ်ယောက်ပဲ...ဒါကြောင့် သူတို့က သခင်လေးကျန်းရဲ့စကားကို နားထောင်ရမှာပေါ့"

"သခင်လေးကျန်းက အကောင်းဆုံးပဲ...ရတနာမျှော်စင်ရဲ့ အစောင့်တွေက ခွေးရိုင်းတွေလိုပဲ... သူတို့က လူတွေကို အထင်သေးကြတယ်"

လူငယ်ကျောင်းတော်သာူများသည် အတူတကွစုဝေးနေကြနေကြ၏။ သူတို့၏ရှေ့မှ 'သခင်လေးကျန်း' သည် သူတို့၏ခေါင်းဆောင် ဖြစ်ပုံရသည်။

မကြာမီ အစောင့်များသည် သူတို့၏မျက်နှာများကို ပါးရိုက်၍ ပြီးဆုံးခဲ့ကြသည်။ သူတို့သည် လူရိုင်းစစ်သားများကို ဦးညွှတ်အရိုအသေပြုပြီး ထွက်ခွာသွားကြကာ ဤနေရာ၌ ဆက်မနေဝံ့ကြတော့ချေ။

လူရိုင်းစစ်သားနှစ်ဦးသည် မည်သည့်ကိစ္စများ ဖြစ်သွားခဲ့သည်ကို နားမလည်ကြသဖြင့် မည်သို့လုပ်ဆောင်ရမည်ကို မသိတော့ချေ။

သခင်လေးကျန်းက ရုတ်တရက် ပြောလိုက်သည်။

"ငါတို့ ဒီနေ့ လူနည်းနေတယ်...ဒီသူရဲကောင်းနှစ်ယောက်ကို ငါတို့က ရတနာမျှော်စင်ကို ဖိတ်ခေါ်သင့်တယ်လို့ ငါ ထင်တယ်"

ဤအကြံပြုချက်သည် လူတိုင်းထံမှထောက်ခံမှုကို ရရှိခဲ့သည်။

လုကောင်းကျီးသည် လူရိုင်းဘာသာစကားကို အသုံးပြု၍ လူရိုင်းစစ်သားနှစ်ဦးကို ရှင်းပြခဲ့သည်။ လူရိုင်းစစ်သားနှစ်ဦးသည် ချက်ချင်းဆိုသလိုပင် စိတ်လှုပ်ရှားလာပေ၏။ သူတို့သည် တော်ဝင်မြို့တော်သို့ ရောက်ရှိလာခဲ့ပြီးနောက် ဤနေရာနှင့် မရင်းနှီးသောကြောင့် ပြောဆိုဆက်ဆံရေးအတွက် အဆင်မပြေခဲ့ကြချေ။ နောက်ဆုံးတွင် သူတို့သည် လူရိုင်းဘာသာစကားကို သိသောလူတစ်ယောက်နှင့် တွေ့ဆုံခဲ့ကြသည်။ သူတို့သည် ချက်ချင်းဆိုသလိုပင်ပင် လုကောင်းကျီးအား အရာအားလုံးကို ပြောဆိုလိုက်၏။

"စိတ်မပူပါနဲ့....စီနီယာအစ်ကိုကျန်းက အရမ်းစွမ်းဆောင်နိုင်တယ်.... သူက မင်းတို့ရဲ့နတ်ဆိုးသားရဲကို သေချာပေါက်ရှာတွေ့မှာပါ"

လုကောင်းကျီး ကြည်လင်ပြတ်သားသောအသံဖြင့် ပြောဆိုသည်။

လူရိုင်းစစ်သားနှစ်ဦးသည် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး သဘောတူညီသည့်အနေဖြင့် ခေါင်းညိတ်လိုက်ကြသည်။

ရုတ်တရက် လူရိုင်းစစ်သားတစ်ဦးက လုယွီနှင့်လီစစ်တို့ကို လက်ညှိုးညွှန်ပြလိုက်သည်။ သူသည် သူ၏လက်များကို ပွတ်သပ်ပြီး လူရိုင်းဘာသာစကားဖြင့် စကားတစ်ခွန်း ပြောဆိုလိုက်သည်။

"နင်တို့က သူတို့ကိုလည်း အတူတူဝင်လာစေချင်တာလား"

လုကောင်းကျီးသည် လုယွီနှင့် လီစစ်တို့ကို ကြည့်လိုက်၏။

သခင်လေးကျန်းက ခပ်ဖျော့ဖျော့အပြုံးနှင့် ပြောဆိုသည်။

"ကိစ္စမရှိပါဘူး....သူတို့ကို ထည့်လိုက်ပါ... ခုဏက လူအများကြီးကြည့်နေခဲ့ပေမယ့် ဒီလူနှစ်ယောက်ပဲ လူရိုင်းစစ်သားတွေဘက်က ရပ်တည်ရဲခဲ့တယ်....ဒီသတ္တိက လေးစားဖို့လုံလောက်တယ်"

သူသည် ယဉ်ကျေးသိမ်မွေ့စွာဖြင့် ပေါ့ပေါ့ပါးပါး ပြောဆိုခဲ့ပြီး သူ မည်သည့်နေရာတွင်ရှိသည်ဖြစ်စေ သူ့ထံတွင် ခေါင်းဆောင်တစ်ဦး၏အရှိန်အဝါ ရှိနေသည့်အလားပင်။

သခင်လေးကျန်းက ရှေ့သို့လျှောက်လှမ်းသွားပြီး လုယွီကို ကြည့်လိုက်သည်။

"ငါတို့တွေ တစ်ယောက်နဲ့တစ်ယောက် မိတ်ဆက်ကြရအောင်...ငါ့နာမည်က ကျန်းစစ်မင် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်က တပည့်တစ်ယောက်ပဲ"

လုယွီက ခေါင်းညိတ်ပြပြီး သူ၏နာမည်ကို ထုတ်ဖော်ပြောဆိုသည်။

"လုယွီ..."

"ရှီး..."

လုယွီ၏နာမည်ကို ကြားချိန်တွင် လက်ရှိနေရာတွင်ရှိနေသော လူများသည် အေးစက်သောလေကို ရှိုက်သွင်းလိုက်ကြသည်။

တိုတောင်းသောတိတ်ဆိတ်မှုအပြီးတွင် ကျန်းစစ်မင်က အနည်းငယ်အနေရခက်စွာဖြင့် ပြောဆိုလိုက်သည်။

"ညီလေးလုရဲ့နာမည်က.....အရမ်းကြီးမားတယ်"

တခြားသူများလည်း ခေါင်းညိတ်လိုက်ကြ၏။

လက်ရှိဧကရာဇ်၏နာမည်မှာ လုယွီပင်။ သူ၏ရှေ့မှ ဤလူငယ်သည် ဧကရာဇ်နှင့် နာမည်တူနေသည်။ ဤသည်မှာ အနည်းငယ် ကြောက်ရွံဖွယ်ကောင်းသည်။

လုယွီက ပြောဆိုသည်။

"ငါကလည်း ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်က ကျောင်းသားတစ်ယောက်ပါ"

သူတို့သည် တူညီသောကျောင်းတော်မှဖြစ်ကြောင်း သိရှိပြီးနောက် လူတိုင်း စိတ်အေးသွားကြသည်။

လီစစ်အတွက်မူ သူ၏မျိုးရိုးနာမည်ကို ဖော်ပြခဲ့သော်လည်း တခြားသူများက ဂရုမစိုက်ကြချေ။ ဤလူများသည်သည် သူ့အတွက် လူစိမ်းများသာဖြစ်သည်။ သူတို့သည် မတော်တဆတွေ့ဆုံခဲ့ခြင်းသာဖြစ်သောကြောင့် ဇစ်မြစ်အစစ်အမှန်ကို ထုတ်ဖော်ပြောဆိုရန် မလိုအပ်ချေ။

"ကောင်းပြီလေ... တွေ့ဆုံခြင်းက ကံကြမ္မာပဲ.... ငါက သီးသန့်ခန်းတစ်ခန်းကို ကြိုတင်မှာထားပြီးပြီ....ဝင်ကြရအောင်"

ကျန်းစစ်မင်က အပြုံးဖြင့် ပြောဆိုလိုက်။

လီစစ်သည် လုယွီကို တစ်ချက်ကြည့်လိုက်သည်။ လုယွီသည် တိတ်ဆိတ်စွာဖြင့် လူအုပ်နောက်သို့လိုက်သွားသည်ကို မြင်တွေ့ချိန်၌ သူသည် စကားတစ်ခွန်းမျှ ထပ်မပြောတော့ဘဲ ရတနာမျှော်စင်အတွင်းသို့ ဝင်လိုက်သည်။

Chapter 5039

သူတို့သည် ရတနာမျှော်စင်၏ အဓိကခန်းမဆောင်သို့ ခြေချလိုက်သည်နှင့် သူတို့ရှေ့မှမြင်ကွင်းကြောင့် အံ့အားသင့်သွားကြသည်။

ပထမထပ်ရှိ မြင့်မားသောခန်းမဆောင်သည် အလွန်မြင့်မားပေ၏။ နံရံများပေါ်တွင် ခမ်းနားထည်ဝါသောပန်းချီကားများ ချိတ်ဆွဲထားပြီး အုတ်တစ်ချပ်ချင်းစီတိုင်းတွင် နူးညံ့သောနဂါးကြေးခွံပုံစံများ ထွင်းထုထားသည်။ မရေမတွက်နိုင်သော ရွှေရောင်နဂါးပန်းချီများသည် ပန်းချီကားအတွင်းမှ ပျံသန်းထွက်လာတော့မည့်အလား အသက်ဝင်ပြီး ခမ်းနားထည်ဝါသည်။

ဤခန်းမဆောင်ကို တိမ်မြူခိုးများဖြင့် ဝန်းရံထားပြီး စိတ်ဝိညာဉ်စွမ်းအားများဖြင့် ပြည့်နှက်နေသည်။ ပတ်ဝန်းကျင်တွေရှိနေသော ကြေးနီနံ့သာခွက်များမှ ခပ်ဖျော့ဖျော့ရနံ့တစ်ခုကို ထုတ်လွှတ်နေပေ၏။ ခမ်းနားထည်ဝါပြီး တောက်ပသော ညလင်းပုလဲများမှ မျက်စိကျိန်းလုမတတ် စူးရှသောအလင်းရောင်ကို ထုတ်လွှတ်နေသည်။ ဤသည်မှာ ညအချိန်ဖြစ်သော်လည်း ခန်းမဆောင်သည် နေ့အချိန်အလား လင်းထိန်နေသည်။

"ဒီနေရာက အရမ်းကြီးကျယ်ခမ်းနားလွန်းတယ်"

"ငါ အရင်က တံလျှပ်ပင်လယ်စားသောက်ဆိုင်ရဲ့ခန်းမဆောင်ကို သွားဖူးတယ်....ဒါပေမယ့် အဲ့ဒီနေရာမှာ အလှဆင်ထားတာက ဒီလောက်ထိ ကြီးကျယ်ခမ်းနားမှု မရှိဘူး.... ဒါက သုခဘုံတစ်ခုလိုပဲ"

"ငါ ခုဏက အသက်ရှူလိုက်တယ်... ဒီက စိတ်ဝိညာဉ်အနှစ်သာရစွမ်းအားက ကျောင်းတော်က ငါ နေတဲ့နေရာမှာထက်တောင် ပိုပြီးထူထပ်သိပ်သည်းတယ်...ဒါက မယုံနိုင်စရာပဲ"

မရေမတွက်နိုင်သော လူငယ်ကျင့်ကြံသူများထံမှ အံ့အားတသင့်ရေရွတ်လိုက်သောအသံများ ထွက်ပေါ်လာသည်။

ဤနေရာမှ မြင်ကွင်းသည် သုခဘုံတစ်ခုနှင့်တူညီပြီး ကြီးကျယ်ခမ်းနားသော အနုပညာလက်ရာတစ်ခုပင်။

သူတို့အနက်မှအများစုသည် မိသားစုကြီးများမှလူငယ်များဖြစ်ကာ နေရာများစွာကို မြင်ဖူးသော်လည်း ဤသို့သော ခန့်ညားထည့်ဝါသည့်စားသောက်ဆိုင်ကို မြင်တွေ့ချိန်တွင် သူတို့၏မျက်လုံးများသည် တွေဝေမိန်းမောနေဆဲပင်။

"ဒီရတနာမျှော်စင်ကို ငါတို့ကျန်းမိသားစုက တည်ဆောက်ခဲ့တာ... အဲ့ဒီနံရံတွေကို ကြည့်လိုက်အုံး.... ဒါတွေက သာမန်အုတ်တွေမဟုတ်ဘူး... မြေကြီးကို လော့ရွှေကြယ်မြစ်ရဲ့ အရမ်းအေးတဲ့နေရာကနေ ယူခဲ့ပြီးတော့ နဂါးသွေးနဲ့ ရောစပ်ပြီး အုတ်ဖုတ်ခဲ့တယ်.... အုတ်တွေလုပ်ပြီးတဲ့နောက်မှာ ဝင်္ကပါဆရာသခင်တွေက အဲ့ဒီအရာတွေအပေါ်မှာ စာလုံးတွေ ထွင်းထုခဲ့ကြတယ်...ဒီခန်းမဆောင်က အဆောက်အအုံတစ်ခုလိုဖြစ်နေပေမယ့် တကယ်တော့ ဒါက မဟာစိတ်ဝိညာဥ်စုစည်းခြင်း ဝင်္ကပါတစ်ခုပဲ...တစ်ယောက်ယောက်က ဒီနေရာမှာ ကြာရှည်နေထိုင်ပြီးတော့ ကျင့်ကြံမယ်ဆိုရင် သူ့ရဲ့ကျင့်ကြံဆင့်က သေချာပေါက်တိုးတက်လာလိမ့်မယ်"

ကျန်းစစ်မင်က အပြုံးနှင့် ပြောဆိုလိုက်သည်။

"ကျန်းမိသားစုက တော်ဝင်မြို့တော်ရဲ့ ထိပ်သီးမိသားစုရှစ်စုထဲက တစ်စုဖြစ်ဖို့ ထိုက်တန်တယ်....အဆောက်အအုံတစ်ခု တည်ဆောက်တာတောင် ဒီလောက်ထိ ခမ်းနားထည်ဝါတယ်"

"သခင်လေးကျန်းက ကျန်းမိသားစုမှာ မွေးဖွားခဲ့တာ....ငါ မျှော်လင့်ထားတဲ့အတိုင်း သူက ရွှေဇွန်းကိုက်ပြီး မွေးဖွားလာခဲ့တာပဲ...ဒါက တကယ့်ကို မနာလိုစရာကောင်းတယ်"

လူငယ်ကျောင်းသားများသည် သူတို့၏မနာလိုအားကျမှုများကို မထိန်းချုပ်နိုင်တော့ဘဲ ထုတ်ဖော်ပြောဆိုခဲ့ကြသည်။

ကျန်းစစ်မင်က ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်၏။

"ငါက ကျန်းမိသားစုရဲ့ သွေးဝေးတပည့်တစ်ယောက်ပါ...ငါက စီးပွားရေးအကြောင်း နည်းနည်းသိတယ်....ဒါကြောင့် မိသားစုက ငါ့ကို အရေးကြီးတဲ့စီမံကိန်းတချို့ကို ယုံယုံကြည်ကြည်နဲ့ အပ်နှံထားတာပါ... ကျန်းမိသားစုရဲ့ တိုက်ရိုက်မျိုးဆက်တွေနဲ့ နှိုင်းယှဉ်ရင် ငါက အညတရလူငယ်တစ်ယောက်ပါပဲ"

"သခင်လေးကျန်းက နှိမ့်ချလွန်းနေပြီ"

...

ချီးကျူးစကားများသည် ကျန်းစစ်မင်၏နားအတွင်းသို့ ဆက်တိုက်ဝင်ရောက်လာသည်။ ကျန်းစစ်မင်သည် ရယ်ပြုံးရင်း သူ၏မျက်လုံးထောင့်မှနေ၍ လုကောင်းကျီးကို တစ်ချက်ကြည့်လိုက်သည်။

သူသည် ဤလူများကို ဤနေရာသို့ ခေါ်ဆောင်လာခဲ့ခြင်းမှာ သူ၏ရှေ့မှ ဤမိန်းကလေးကို ဆွဲဆောင်ရန်အတွက် အခွင့်အရေးရှာရန်ပင်။

သို့ရာတွင် သူသည် လုကောင်းကျီး၏ ဂရုမစိုက်အကြည့်ကို မြင်တွေ့ချိန်၌ ကျန်းစစ်မင်သည် ရုတ်တရက် အနည်းငယ် ဒေါသထွက်သွားပေ၏။ သူ၏မျက်လုံးများအတွင်းတွင် အနီရောင်အလင်းတန်းတစ်တန်း ဖြတ်ပြေးသွားသည်။

"ခွေးမစုတ်လေး... မင်းကို ငါရပြီးရင် မင်းကို ခုနစ်ရက်လောက် အိပ်ရာထဲက မထနိုင်အောင် လုပ်ပစ်မယ်"

သို့ရာတွင် ဤအတွေးသည် သူ၏စိတ်အတွင်း၌ အချိန်တခဏကြာ ဖြတ်ပြေးသွားပြီးနောက် သူသည် သူ၏ဖြောင့်မတ်သောစီနီယာပုံစံသို့ လျင်မြန်စွာ ပြန်လည်ရောက်ရှိသွားသည်။

ရုတ်တရက် ကျန်းစစ်မင်သည် လုယွီနှင့်လီစစ်တို့ကို ကြည့်လိုက်ကြ၏။

လုယွီနှင့်လီစစ်တို့သည် ဝင်ရောက်လာပြီးနောက် သူတို့သည် ပတ်ဝန်းကျင်မှ ခမ်းနားထည်ဝါသော အပြင်အဆင်များကို လျစ်လျှူရှုထားကြသည်။ သူတို့သည် ဤအရာအပေါ်တွင် ကြီးကြီးမားမားခံစားချက် မရှိသည့်အလားပင်။

ကျန်းစစ်မင်က မျက်မှောင်ကြုတ်ပြီး ရုတ်တရက် မေးမြန်းလိုက်သည်။

"ညီလေးလု...မင်းရဲ့ပုံစံကို ငါ မရင်းနှီးဘူး...ငါမင်းကို ကျောင်းတော်ထဲမှာ အရင်က ဘာလို့မမြင်ဖူးခဲ့တာလဲ"

လုယွီက တည်ငြိမ်စွာဖြင့် တုံ့ပြန်သည်။

"ငါက မြောက်ပိုင်းဝါးမြိုခြင်းကုန်းမြေရဲ့ ကျောင်းတော်က တပည့်တစ်ယောက်ပါ"

"ကျောင်းတော်က တပည့်တစ်ယောက်လား..."

ပတ်ဝန်းကျင်မှလူငယ်များက လုယွီကို ကြည့်လိုက်ကြသည်။

လုယွီက မျက်မှောင်ကြုတ်လိုက်သည်။

"ဘာဖြစ်လို့လဲ...."

ကျန်းစစ်မင်သည် လုယွီကို ခြေဆုံးခေါင်းဆုံးအကဲခတ်ပြီး ခေါင်းခါလိုက်၏။

"ဘာမှမဟုတ်ပါဘူး... ညီလေးလုက တကယ်ကို ငယ်ရွယ်ပြီး အလားအလာရှိတယ်"

ထိုစဉ်က ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်တွင် ကျောင်းတော်ရှိ ထိပ်ဆုံးလူသုံးသောင်းသာ ဧကရာဇ်၏ဟောပြောပွဲကို နားထောင်ရန် အရည်အချင်း ပြည့်မီခဲ့သည်။

အရည်အချင်းရှိသူများသည် ကြာမြင့်စွာကတည်းက 'ရွေးချယ်ခံအရာရှိများ' ဖြစ်လာပြီး ကျောင်းတော်မှ ထွက်ခွာသွားခဲ့ကြသည်။ ကြွင်းကျန်ခဲ့သူများသည် အရည်အချင်းနိမ့်ပါးပြီး ဆက်လက်ကျင့်ကြံရန် လိုအပ်နေသူများပင်။

ဤအချက်ကို စဉ်းစားမိချိန်၌ ကျန်းစစ်မင်၏အပြုံးသည် ချက်ချင်းဆိုသလိုပင် အနည်းငယ်လျော့ပါးသွားသည်။

Chapter 5040

လုယွီနှင့်လီစစ်တို့သည် ကျောင်းတော်မှ တပည့်များဖြစ်ကြောင်း သိရှိပြီးနောက် ကျန်းစစ်မင်၏သဘောထားသည် အလွန်အေးစက်သွားပေ၏။

အကယ်၍ အတိတ်က ကျောင်းတော်မှ တပည့်များသာဖြစ်ပါက သူသည် သူတို့နှင့် မိတ်ဖွဲ့ရန် စိတ်ဝင်စားပေမည်။ သို့ရာတွင် လက်ရှိချိန်၌ လုယွီတို့သည် ကျောင်းတော်တွင် ကျင့်ကြံနေဆဲဖြစ်သော အရှုံးသမားများသာဖြစ်သည်။ ဤသို့သောလူများအတွက် သူ အချိန်ဖြုန်းရန် မထိုက်တန်ချေ။

အခြားလူငယ်များလည်း လုယွီနှင့် လီစစ်၏အထောက်အထားများအကြောင်း သိရှိသွားကြသည်။ သူတို့၏မျက်လုံးများအတွင်းတွင် အထင်သေးမှုအရိပ်အယောင်တစ်ရပ် ဖြတ်ပြေးသွားသည်။

သို့သော် သူတို့သည် ထိုအရာကို ထုတ်ဖော်ပြသခြင်းမရှိပေ။ မည်သို့ပင်ဆိုစေကာမူ သူတို့သည် မတော်တဆ တွေ့ဆုံခဲ့ခြင်းသာဖြစ်သဖြင့် စကားများများစားစား ပြောဆိုရန် မလိုအပ်ချေ။

သီးသန့်ခန်းသည် လင်းထိန်နေပြီး ခန့်ညားကာ ခမ်းနားထည်ဝါသည်။

ဤအခန်းနံရံသည် ရွှေရောင်အလွှာတစ်လွှာဖြင့် ဖုံးလွှမ်းထားပုံရသည်။ ထိုအရာမှ ရွှေရောင်အလင်းများ ဖြာထွက်နေပြီး လူများကို မျက်စိကျိန်းစေလုနီးပါးပင်။ ထို့ပြင် နံရံများပေါ်တွင် ရွှေရောင်နဂါးပုံစံများကို ထွင်းထုထားသည်။ ထိုအရာများသည် လေထုအတွင်းသို့ ပျံသန်းတော့မတတ် အသက်ဝင်ပြီး အခန်းတစ်ခန်းလုံးကို နန်းတော်တစ်ခုကဲ့သို့ အလှဆင်ထားသည်။

ကျယ်ပြန့်သောစားပွဲတစ်ခု၏နံဘေးတွင် လှပသော ပန်းချီကားအနည်းငယ်ကို ချိတ်ဆွဲထားသည်။ ဤနေရာသည် ကြီးကျယ်ခမ်းနားသောရေကန်ကို မျက်နှာမူထားပေ၏။ ဤအချိန်တွင် ရေကန်မျက်နှာပြင်ပေါ်ရှိ ကြယ်ရောင်အစက်အပြောက်များ တလက်လက်တောက်ပနေသည်။ ကချေသည်အနည်းငယ်သည် သူတို့၏ကျော့ရှင်းသောခန္ဓာကိုယ်များဖြင့် ရေပေါ်တွင်နင်းရင်း ယိမ်းနွဲ့ကခုန်နေကြသည်။ အရာအားလုံးသည် ပင်လယ်အောက်ခြေရှိ နန်းတော်အတွင်းတွင် ရှိနေသည့်အလားပင်။

"ဒီမြင်ကွင်းက အရမ်းကြီးကျယ်ခမ်းနားလွန်းတယ်.....ဒါက နန်းတော်ထဲက မြင်ကွင်းမျိုးဖြစ်မယ်လို့ ငါ ထင်တယ်"

"သခင်လေးကျန်းက ဒီလိုနေရာမျိုးကို ဖိတ်ခေါ်နိုင်တာ တကယ်ပဲ ရက်ရောတယ်... ထိပ်သီးမိသားစုရဲ့တပည့်တစ်ယောက်ဖြစ်ဖို့ ထိုက်တန်တယ်"

လူအများ၏စကားများတွင် ကျန်းစစ်မင်အပေါ် လေးစားမှု မနာလိုမှုတို့ဖြင့် ပြည့်နှက်နေသည်။

ကျန်းစစ်မင်၏မျက်နှာပေါ်တွင် ခပ်ဖျော့ဖျော့အပြုံးတစ်ခု ထင်ဟပ်လာကာ သူသည် လူများအားလုံး၏ချီးကျူးစကားများကို တစ်ဦးချင်းစီ တုံ့ပြန်ခဲ့ပြီး သူ၏မျက်နှာပေါ်တွင် ဖော်ပြ၍မရနိုင်သော ဂုဏ်ယူဝံ့ကြွားမှုများဖြင့် ပြည့်နှက်နေသည်။

"အားလုံးပဲ....ဒီနေ့က ငါတို့တွေ ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်ရဲ့ ဝင်ခွင့်စာမေးပွဲကို အောင်မြင်ပြီးတော့ ဒီထိပ်သီးကျောင်းတော်ကို အောင်မြင်စွာ ဝင်ရောက်နိုင်ခဲ့တဲ့အတွက် ဂုဏ်ပြုဖို့ ဒီနေရာမှာ စုဝေးခဲ့ကြတာပဲ....ဒီည ငါတို့ မမူးမချင်း မပြန်ကြဘူး"

ကျန်းစစ်မင်က သူ၏ဝိုင်အရက်ခွက်ကို မြှောက်လိုက်ကာ ကျယ်လောင်စွာ အော်ဟစ်ရယ်မောရင်း ပျော်ရွှင်သောအမူအယာကို ထုတ်ဖော်ပြသခဲ့သည်။

လက်ရှိနေရာတွင်ရှိနေသော တခြားလူငယ်များအားလုံးသည်လည်း အားပေးကြွေးကြော်ပြီး သူတို့၏ဝိုင်အရက်ခွက်များကို မြှောက်ကာ ဂုဏ်ပြုလိုက်ကြသည်။

သူတို့အားလုံးသည် ဝင်ခွင့်စာမေးပွဲကို ယခုမှအောင်မြင်ထားပြီး ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်သို့ ကျင့်ကြံရန် ဝင်ရောက်နိုင်ခဲ့သော တပည့်သစ်များ ဖြစ်ပေ၏။

သန်းနှင့်ချီသောလူများအနက်မှ ထူးချွန်စွာထွက်ပေါ်လာနိုင်ခဲ့ကာ နောက်ဆုံးတွင် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်သို့ ဝင်ရောက်နိုင်ခဲ့သော ဤလူများသည် မျိုးဆက်သစ်များအနက် အထူးချွန်ဆုံးဖြစ်သည်မှာ သံသယဖြစ်ဖွယ်မရှိချေ။

လူရိုင်းစစ်သားနှစ်ဦးသည် ဤသည်ကို မြင်တွေ့ပြီးနောက် သူတို့၏ဝိုင်အရက်ခွက်များကို မြှောက်ကာ ဝိုင်အရက်များကို တစ်ကျိုက်တည်းမောပသောက်လိုက်ကြသည်။

သို့ရာတွင် သူတို့သည် စိတ်လှုပ်ရှားနေသောအခြေအနေတွင် ရှိနေဆဲပင်။ သူတို့သည် ဘေးဘီဝဲယာကိုကြည့်နေကြပြီး သူတို့ မရင်းနှီးသောပတ်ဝန်းကျင်ကြောင့် စိတ်မသက်မသာဖြစ်နေကြ၏။ ထို့ပြင် သူတို့သည် နတ်ဆိုးသားရဲရောက်ရှိလာမည်ကို စောင့်ဆိုင်းရင်း တဖြည်းဖြည်းစိုးရိမ်ပူပန်လာကြသည်။

လုကောင်းကျီးက သူတို့နှစ်ယောက်ကိုကြည့်ပြီး တီးတိုးပြောဆိုသည်။

"စိတ်မပူပါနဲ့...သခင်လေးကျန်းက ရတနာမျှော်စင်ကလူတွေကို ပြောပြီးပြီ...သူတို့က နင်တို့ရဲ့နတ်ဆိုးသားရဲကို မကြာခင်မှာ ရှာတွေ့မှာပါ"

လူရိုင်းစစ်သားနှစ်ဦးသည် နောက်ဆုံးတွင် စိတ်သက်သာရာရသွားကြသည်။

လူအများသည် သူတို့၏အစာအိမ်များအတွင်းသို့ ဝိုင်ရက်ကောင်းများ ဝင်ရောက်သွားသည်နှင့် စိတ်လှုပ်ရှားသောအမူအယာများကို ဖော်ပြခဲ့ကြသည်။ ထို့နောက် သူတို့သည် တစ်ယောက်နှင့်တစ်ယောက် စတင်၍စကားပြောကြလေ၏။

လူတိုင်းသည် လုကောင်းကျီး၏ဘာသာပြန်ဆိုမှုမှတဆင့် လူရိုင်းစစ်သားနှစ်ဦး၏ မူလဇစ်မြစ်ကို သိရှိခဲ့ကြသည်။

ဤအမျိုးသားနှင့်အမျိုးသမီးသည် လူရိုင်းစစ်သားနှစ်ဦးပင်။ အမျိုးသားသည် ဝူကျောက်ဟုခေါ်ပြီး အမျိုးသမီးကို ဝူယာဟုခေါ်ကာ သူတို့သည် မောင်နှမဖြစ်ပေ၏။

ဤလူရိုင်းများသည် သိုင်းပညာတွင် ကောင်းစွာကျွမ်းကျင်ကြသည်။ ယခင်က သူတို့သည် သူတို့၏မျိုးနွယ်စုမှ သာမန်ပြည်သူများဖြစ်ပြီး လူရိုင်းနယ်မြေ၏ ကျယ်ပြန့်သောတောအုပ်များအတွင်းတွင် နေထိုင်ကြသည်။ သူတို့သည် စစ်ပွဲနှင့်ကြုံတွေ့ရချိန်၌ သံချပ်ကာများကိုဝတ်ဆင်ပြီး စစ်သားများ ဖြစ်လာခဲ့ကြလေ၏။

ဝူကျားနှင့်ဝူယာတို့သည် 'နတ်ဘုရားလူရိုင်းမျိုးနွယ်' မှဖြစ်ကြောင်း သိရှိပြီးနောက် လူတိုင်း ထိတ်လန့်တကြားအော်ဟစ်လိုက်ကြသည်။

"ငါ မမှားဘူးဆိုရင် လူရိုင်းနယ်မြေရဲ့အုပ်ချုပ်သူအရှင် စုန့်ချင်းဟူက နတ်ဘုရားလူရိုင်းမျိုးနွယ်ကနေ လာတာမဟုတ်လား"

"မဟုတ်ဘူး...အုပ်ချုပ်သူအရှင်စုန့်က တော်ဝင်မြို့တော်ကပဲ...သူက အရင်က နတ်ဘုရားလူရိုင်းမျိုးနွယ်ရဲ့မင်းသမီးတစ်ပါးနဲ့ လက်ထပ်ခဲ့တယ်....အဲ့ဒီလိုနဲ့ သူက လူရိုင်းမျိုးနွယ်ရဲ့ထောက်ခံမှုကို ရခဲ့တာပဲ"

လူအများသည် စတင်၍ ခန့်မှန်းကြသည်။ သူတို့သည် ဤကဲ့သို့ သတင်းအချက်အလက်မျိုးကို သူတို့၏လက်ဖမိုးကဲ့သို့ သိရှိထားကြသည်။

လူရိုင်းစစ်သားနှစ်ဦးသည် လူအနည်းငယ်မှ စုန့်ချင်းဟူအကြောင်း ပြောနေသည်ကိုကြားချိန်၌ သူတို့သည် အလျင်အမြန် ရှင်းပြလိုက်ကြသည်။

All Chapters