အခန်း (၅၀၈၁-၅၀၈၅)
Vol. 257 Ch. 5081-5085
Chapter 5081
ဤကဲ့သို့အရာမျိုးကို ဒေသဆိုင်ရာအရာရှိများကသာ ကိုင်တွယ်သင့်သည်။
သို့ရာတွင် လက်တွေ့၌ ဒေသခံအရာရှိအများစုသည် သူတို့၏ကိုယ်ပိုင်ကျင့်ကြံမှုကို အားကောင်းစေနိုင်သော ကံကြမ္မာ၏ ကောင်းချီးအတွက်သာ တော်ဝင်နန်းတွင်း၏ အရာရှိများ ဖြစ်လာကြခြင်းပင်။
လူအများသည် သူတို့၏ရာထူးသက်တမ်းအတွင်း ပြည်သူလူထုကို ပံ့ပိုးကူညီရန် မရှာဖွေဘဲ သူတို့ကိုယ်ပိုင် အောင်မြင်မှုများ ရရှိရန်သာ ကြိုးပမ်းကြသည်။ လက်တွေ့ကျသော ရှုထောင့်မှကြည့်လျှင် သူတို့သည် နေရာဒေသအသီးသီး၏ စီးပွားရေးပြဿနာများကို အမှန်တကယ် မဖြေရှင်းခဲ့ကြချေ။
စကြဝဠာခန်းမဆောင်သို့ ဝင်ရောက်နိုင်သူများသည် များသောအားဖြင့် ကျောင်းတော်သားများပင်။ တချို့ကမူ ဒေသခံအရာရှိနေရာများမှတဆင့် ရာထူးတိုးမြှင့်ခြင်းခံရသူများဖြစ်သည်။ သူတို့သည် အတွေ့အကြုံရင့်ကျက်သဖြင့် အချိန်တခဏကြာစဉ်းစားပြီးနောက် ဤရုံးတော်၏ အရေးပါမှုကို နားလည်သွားကြသည်။
ရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်ရာတွင် အထူးပြုသော ရုံးတော်တစ်ခုရှိသောကြောင့် သူတို့သည် ဤကိစ္စကို ပို၍အာရုံစိုက်နိုင်ပေမည်။ အကယ်၍ နေရာအသီးသီးရှိ သယံဇာတများကို ကျိုးကြောင်းဆီလျော်စွာ ခွဲဝေနိုင်မည်ဆိုလျှင် အင်ပါယာ၏အခွန်သည် ပို၍မြင့်မားသောအဆင့်သို့ တက်လှမ်းသွားနိုင်ပေမည်။ ဤသည်မှာ အင်ပါယာ၏ကံကြမ္မာကောင်းများကိုပင် တိုးပွားစေပေလိမ့်မည်။
အင်ပါယာ၏ကံကြမ္မာစွမ်းအား တိုးပွားလာခြင်းသည် အရာရှိအရာခံအားလုံးထံသို့ ပြန်လည်၍ရောက်ရှိသွားမည်။
ဤအချိန်အခိုက်အတန့်တွင် လူအများ၏အတွေးများသည် စတင်၍လှုပ်ရှားလာပြီး ယခင်က သူတို့၏သဘောထားကွဲလွဲနေမှုများအားလုံး ပျောက်ကွယ်သွားခဲ့သည်။
အရာရှိများ ကန့်ကွက်ခြင်းမရှိသည်ကို မြင်တွေ့ချိန်၌ လီစစ်က ဆက်လက်၍ ပြောဆိုလိုက်၏။
"ဘဏ္ဍာရေးဌာနကတော့ ဂိုဏ်းအင်အားစုတွေက ပြင်ပအရာရှိတွေကို စီမံခန့်ခွဲဖို့ တာဝန်ယူလိမ့်မယ်..."
"အရှင်ဧကရာဇ်က တစ်ချိန်က တော်ဝင်မြို့တော်ဒေသမှာ စီမံကိန်းတွေအများကြီး အကောင်အထည်ဖော်ခဲ့ဖူးတယ်...အထူးသဖြင့် လက်နက်သန့်စင်ခြင်းနဲ့ ဆေးလုံးသန့်စင်ခြင်းဂိုဏ်းတွေကို ဝယ်ယူတဲ့ကိစ္စပဲ .... ဒီဂိုဏ်းတွေရဲ့ အဆင့်မြင့်အဖွဲ့ဝင်တွေဖြစ်တဲ့ ဂိုဏ်းချုပ် လက်ထောက်ဂိုဏ်းချုပ် အကြီးအကဲတွေ အစရှိသဖြင့် နောင်တစ်ချိန်ကျရင် သူတို့ကို ဘဏ္ဍာရေးဌာနက စီမံခန့်ခွဲသွားမှာပါ.... သူတို့တွေရဲ့ ရာထူးတိုးတာ ဖယ်ရှားတာ တာဝန်ချထားတာတွေကိုလည်း ဘဏ္ဍာရေးဌာနက ဆုံးဖြတ်သွားမှာပါ"
အမတ်ကြီးတစ်ဦးက မေးခွန်းထုတ်သည်။
"အရင်က ပြင်ပဂိုဏ်းက အဖွဲ့ဝင်တွေအားလုံးကို တော်ဝင်နန်းတွင်းရဲ့ ရာထူးအဆင့်အတန်းတွေပေးထားတယ်လို့ ကျွန်တော် ကြားဖူးတယ်.... မြင့်မြတ်နယ်မြေတစ်ခုရဲ့ မြင့်မြတ်အရှင်တွေက နောင်တစ်ချိန်မှာ ကျွန်တော်တို့နဲ့ တန်းတူဖြစ်လာမှာလား...."
အမတ်ကြီးအများစု၏မျက်နှာပေါ်တွင် အေးစက်စက်အပြုံးတစ်ခု ထင်ဟပ်လာသည်။
မြင့်မြတ်နယ်မြေများ၏ မြင့်မြတ်အရှင်များသည် ပြင်ပလောကတွင် အလွန်ကျော်ကြားကာ သူတို့သည် လူအများ၏အထက်တွင် ရပ်တည်နိုင်သော တည်ရှိမှုများပင်။
သို့ရာတွင် တော်ဝင်နန်းတွင်းရှိအရာရှိများ၏ မျက်လုံးများအတွင်းတွင် ဤပြင်ပဂိုဏ်းမှ လူများသည် အသေးအမွှားပုရွက်ဆိတ်များသာ ဖြစ်ပေ၏။
ထိုက်ချမ်ဧကရာဇ်၏ ကြီးမြတ်သော စစ်ချီမှုသုံးကြိမ်ပြီးသည့်အချိန်မှစ၍ ဂိုဏ်းများသည် အဆုံးစွန်ဆုံးအဆင့်အထိ အားနည်းသွားခဲ့သည်။ သူတို့သည် တော်ဝင်နန်းတွင်းနှင့် တိုက်ခိုက်ရန် လုံးလုံးလျားလျား အင်အားမရှိတော့ချေ။ နှစ်စဉ်နှစ်တိုင်း နန်းတွင်းစာမေးပွဲ တော်ဝင်စာမေးပွဲ စသည်တို့သည် ပါရမီရှင်အများစုကို ခေါ်ယူကြသည်။ ဂိုဏ်းများသည် မြင့်မားသောအခွန်အခများကို ပေးဆောင်ရသည့်အပြင် ပါရမီရှင်များကိုလည်း ခေါ်ယူနိုင်ခြင်းမရှိတော့သဖြင့် တော်ဝင်နန်းတွင်းနှင့် တိုက်ရိုက်ရင်ဆိုင်နိုင်ခြင်း မရှိတော့ချေ။
ယခုချိန်၌မူ ဂိုဏ်းများမှလူများသည် သူတို့နှင့် တန်းတူအဆင့်တွင် ရှိနေကြသည်။ အမတ်ကြီးများသည် စိတ်ရှုပ်ထွေးနေကြပြီး ဤရလဒ်ကို လက်မခံချင်ကြချေ။
လီစစ်၏အမူအယာသည် ပုံမှန်အတိုင်းပင်။ သူက တည်ငြိမ်စွာ ပြောဆိုလိုက်၏။
"ဒီလောကမှာ စည်းမျဉ်းစည်းကမ်းတွေ မရှိတဲ့အရာဆိုလို့ ဘာမှမရှိဘူး....ဒီဂိုဏ်းအင်အားစုကလူတွေက ကောင်းမွန်တဲ့ရလဒ်တွေ ရရှိပြီးတော့ တော်ဝင်နန်းတွင်းအတွက် ကြီးမားတဲ့အကျိုးကျေးဇူးတွေ ရယူပေးနိုင်သရွေ့ ပြင်ပအရာရှိတွေကို ပထမအဆင့် သတ်မှတ်ပေးဖို့ဆိုတာကလည်း ဖြစ်နိုင်ပါတယ်"
ဘုန်း.....
ဤစကားများ ထွက်ပေါ်လာသည်နှင့် လူအုပ်ကြီးသည် ချက်ချင်းဆိုသလိုပင် ပရမ်းပတာဖြစ်သွားသည်။
အမတ်ကြီးအများစု၏မျက်နှာများပေါ်တွင် ထိတ်လန့်တုန်လှုပ်သောအမူအယာများ ရှိနေသည်။ ယခုချိန်မှသာ လီစစ်လုပ်လိုသောအရာသည် အမှန်တကယ်ကိုပင် အလွန်ရဲတင်းကြောင်း သူတို့ သိရှိခဲ့ရသည်။
"ကောင်လေး.... မင်းက ဘိုးဘေးစဉ်ဆက်စနစ်ကို ကျွမ်းထိုးမှောက်ခုံလုပ်ဖို့ ကြိုးစားနေတာပဲ... မင်း အရာရှိဖြစ်တာ နှစ်အနည်းငယ်ပဲရှိသေးတယ်....ဒီလောက်ထိ ရဲတင်းတဲ့ စည်းမျဉ်းတစ်ခုကို ချမှတ်ရဲတယ်... မင်းက တကယ်ကို လူယုတ်မာသစ္စာဖောက်ပဲ...."
အသက်အိုမင်းနေသော စစ်ဆေးရေးမှူးတစ်ဦးသည် လူအုပ်အကြားမှ ထွက်လာပြီး လီစစ်ကို လက်ညှိုးထိုးကာ ကျိန်ဆဲလိုက်သည်။
လီစစ်၏မျက်နှာသည် အေးစက်တင်းမာနေကာ ဤကဲ့သို့ စွပ်စွဲချက်များနှင့် ရင်ဆိုင်ရသည့်တိုင် သူသည် အနည်းငယ်မျှ ထိတ်လန့်သွားခြင်းမရှိချေ။
"စစ်ဆေးရေးမှူး ရှောင်ရှန့်....မင်းက ရိုင်းစိုင်း တဲ့စကားတွေကို ပြောဆိုခဲ့တယ်...မင်းရဲ့ လေးစားမှုကို ပြသဖို့အတွက် အချိန်နှစ်နာရီကြာအောင် စကားမပြောဖို့ ငါ မင်းကို အပြစ်ပေးမယ်"
လီစစ်က ပြောဆိုသည်။
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ပတ်ဝန်းကျင်ရှိ ကောင်းကင်ယံသည်လည်း ပြင်းထန်စွာ တုန်ခါလာသည်။ ရုတ်ချည်းဆိုသလိုပင် လီစစ်၏အသံနှင့်အတူ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားတစ်ရပ် ထွက်ပေါ်လာပြီး စစ်ဆေးရေးမှူးရှောင်ရန့်၏ခန္ဓာကိုယ်ပေါ်တွင် လှည့်ပတ်ပျံဝဲနေခဲ့သည်။
Chapter 5082
"ရွှေကျောက်စိမ်း စကားလုံးလား...."
ဤမြင်ကွင်းကိုမြင်တွေ့ချိန်တွင် အရာရှိများ၏မျက်နှာများ ဖြူဖျော့သွားကြသည်။
ဧကရာဇ်ပြောသော စကားများသာ ရွှေကျောက်စိမ်းစကားလုံးပင်။ ဤသည်မှာ ဧကရာဇ်ပြောသော နှုတ်ထွက်စကားများဖြစ်ပေ၏။ ဤစကားတစ်ခွန်းစီတိုင်းသည် အခွင့်အာဏာကြီးများသည် လောကတွင် အမြင့်မြတ်ဆုံးသော စကားများဖြစ်သည်မှာ သံသယဖြစ်ဖွယ်မရှိချေ။
ဤသည်မှာ ဧကရာဇ်သည် စကြဝဠာခန်းမဆောင်တွင် ထိုင်နေမှသာ ပေါ်ပေါက်လာသော နည်းစနစ်တစ်ခုပင်။
သို့ရာတွင် လီစစ်သည် ထိုသို့သော စွမ်းအားကို ဆုပ်ကိုင်ထားနိုင်မည်ဟု မည်သူမျှ မျှော်လင့်မထားခဲ့ကြပေ။
"သူ လုပ်သမျှ အရာအားလုံးကို ဧကရာဇ်က အတည်ပြုခဲ့တာပဲ"
"အရှင်ဧကရာဇ်က ဘာလုပ်ချင်နေတာလဲ....လီစစ်က သူ့ရဲ့ မိတ်ဆွေဟောင်းဖြစ်ရင်တောင် ဒီလောက်ထိ အခွင့်အာဏာကြီးမားတဲ့ အရာရှိတစ်ယောက်ကို မွေးမြူဖို့ မလိုဘူး မဟုတ်လား..."
လူအများသည် နတ်ဘုရားစိတ်အာရုံများကို အသုံးပြု၍ အချင်းချင်း ဆက်သွယ်ပြောဆိုကြသော်လည်း ယခင်ကဲ့သို့ မဆင်မခြင် ကျယ်လောင်စွာ အော်ဟစ်ပြောဆိုဝံ့ခြင်း မရှိတော့ချေ။
ဆန့်ကျင်ဘက်အနေဖြင့် စကားပြောခွင့်ပိတ်ပင်ခံထားရသော စစ်ဆေးရေးမှူးရှောင်ရန့်၏မျက်နှာ နီမြန်းနေသည်။ သူသည် တစ်စုံတစ်ခုကို ပြောလိုသော်လည်း မပြောနိုင်ခဲ့ပေ။
လီစစ်သည် တော်ဝင်အမိန့်ပြန်တမ်းကို ပြန်လည်၍သိမ်းဆည်းပြီးနောက် နံဘေးပတ်လည်ကို ဝေ့ဝိုက်၍ ကြည့်လိုက်သည်။ ထို့နောက် သူက ပေါ့ပေါ့ပါးပါး ပြောဆိုလိုက်၏။
"နောက်တစ်ခုက အရှင်ဧကရာဇ်က တော်ဝင်အမိန့်ပြန်တမ်းတွေကို မကြာခဏ ထုတ်ပြန်လိမ့်မယ်....အင်ပါယာသာယာဝပြောရေးအတွက် မင်းတို့တွေအားလုံး အတူတကွ ပူးပေါင်းလုပ်ဆောင်ကြဖို့ ငါ တောင်းဆိုရလိမ့်မယ်..."
"နားလည်ပါပြီ"
အရာရှိများအားလုံးသည် တပြိုင်နက်တည်း ဦးညွှတ်လိုက်ကြသော်လည်း လူတိုင်း၏ အတွေးများ စတင်၍လှုပ်ရှားလာကြသည်။
တော်ဝင်နန်းတွင်းညီလာခံ ပြီးဆုံးသွားချိန်တွင်....
စစ်ဆေးရေးရုံးတော်တွင် ရှေးရိုးစွဲအမတ်ကြီးအမြောက်အများသည် အတူတကွထိုင်နေကြပြီး သူတို့၏ရှေ့တွင် စားပွဲများကို ချထားလေ၏။
အကယ်၍ တစ်စုံတစ်ယောက်က အနီးကပ်ကြည့်မည်ဆိုလျှင် သူတို့၏ရှေ့မှ ဤစားပွဲများပေါ်တွင် ရုံးတော်အသစ်နှစ်ခုနှင့်ပတ်သက်သော အချက်အလက်မှတ်တမ်းများ ရှိနေသည်ကို သတိပြုမိပေလိမ့်မည်။
"ဖန်းလောင်ကျိုး... ဒီကိစ္စကို မင်း ဘယ်လိုထင်လဲ....ငါတို့က အစက လီစစ် အတွင်းဝန်ချုပ်ရာထူးကို တာဝန်ယူတဲ့ ပထမဆုံး နန်းတွင်းညီလာခံမှာ သူ့ကို အခက်အခဲဖြစ်အောင်လုပ်ဖို့ ရည်ရွယ်ခဲ့တယ်.... ဒါပေမဲ့ သူက အရင်ဆုံးတိုက်ခိုက်ဖို့ အစပြုလိမ့်မယ်လို့ ငါတို့ မမျှော်လင့်ခဲ့ဘူး..... သူက ရုံးတော်အသစ်နှစ်ခုတည်ထောင်တဲ့ကိစ္စကို ထုတ်ဖော်လိုက်မယ်လို့ ငါတို့တွေ လုံးဝမျှော်လင့်မထားခဲ့မိဘူး"
အမတ်ကြီးတစ်ဦးက ဖြည်းညှင်းစွာပြောဆိုလိုက်သည်။ ဤလူသည်လည်း နန်းတွင်းစစ်ဆေးရေးမှူးတစ်ဦးပင်။
ဖန်းလောင်ကျိုးက သက်ပြင်းရှိုက်ပြီး ပြောဆိုသည်။
"အမတ်ကြီးယန် တော်ဝင်နန်းတွင်းကနေ ထွက်သွားကတည်းက ငါတို့နဲ့အတူ လှုပ်ရှားနိုင်တဲ့လူတွေ တဖြည်းဖြည်းပိုပိုနည်းလာတယ်... ငါက ဘယ်လို ထင်နိုင်မှာလဲ....အရှင်ဧကရာဇ်က ခွန်အား စိတ်ကူးနဲ့ ရည်မှန်းချက်ပန်းတိုင်တွေရှိတဲ့ လူငယ်တစ်ယောက်ပဲ... ဒါက သူ့ရဲ့အားသာချက်ပဲ...သူရဲ့အတွေးအမြင်တွေက ငါတို့ထက် အများကြီးသာတယ်....ငါတို့ကတော့ လူအိုကြီးတစ်စုပဲ.... ငါတို့ မကျေနပ်ရင်တောင် အခြေအနေကို ပြောင်းပြန်လှန်ဖို့ ဘာမှလုပ်နိုင်မှာ မဟုတ်လောက်ဘူး"
"ငါတို့က သူတို့လုပ်ချင်တာကို ဆက်လုပ်ခွင့်ပေးလိုက်ရမှာလား...သူတို့က ပုန်းကွယ်နဂါးစစ်တပ်ကို တော်ဝင်ဘွဲ့ထူးတွေနဲ့ ဘာလို့ဆုချီးမြှင့်ချင်နေတာလဲလို့ ငါ သိချင်နေခဲ့တာ...ဒါက စစ်တပ်ကို တည်ငြိမ်အောင်လုပ်ချင်လို့ ဖြစ်နေတာပဲ.... အခု စစ်ဘက်အရာရှိတွေအားလုံးက ပွင့်ပွင့်လင်းလင်း မဆန့်ကျင်ကြတော့ဘူး.... ငါတို့တစ်ဖွဲ့တည်းပဲ လုပ်နိုင်တော့တယ်...ငါတို့တစ်ဖွဲ့တည်းနဲ့ကတော့ ရပ်တည်ဖို့တောင် ခက်ခဲနေပြီ"
အရာရှိတစ်ဦးက ပြောဆိုသည်။
ဖန်းလောင်ကျိုးက ခါးသည်းသော အပြုံးဖြင့် သူ၏ခေါင်းကို ခါယမ်းလိုက်သည်။
"အရှင်ဧကရာဇ်က တကယ်ကြီး မှားယွင်းတဲ့အရာတစ်ခုခု လုပ်ခဲ့ရင် ငါတို့သူ့ကို ပြစ်တင်စွပ်စွဲနိုင်တယ်....ငါတို့ သူ့ကို သေဒဏ်တောင် ပေးနိုင်တယ်...ဒါပေမဲ့ မင်းတို့ ကြည့်လိုက်အုံး...သူ လုပ်ခဲ့တာတွေမှာ ဘာအမှားမှမရှိဘူး.... သူက စစ်သားတွေကို ဦးစားပေးဆက်ဆံတယ်..... ကုန်သည်တွေကို ရင်းနှီးမြှုပ်နှံဖို့ ဆွဲဆောင်တယ်...ပြင်ပဂိုဏ်းအင်အားစုတွေကို စီမံခန့်ခွဲတယ်... ဒီ
နည်းလမ်းတွေက ဆက်တိုက်ဆိုသလို ထွက်ပေါ်လာခဲ့တယ်... ဒါတွေအားလုံးက အင်ပါယာအတွက် ကောင်းတဲ့အရာတွေပဲ... ငါတို့ငြင်းဆန်ချင်ရင်တောင် ဘာအကြောင်းပြချက်နဲ့ ငြင်းနိုင်မှာလဲ..."
အရာရှိများသည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီးနောက် သူတို့အားလုံး တိတ်ဆိတ်ငြိမ်သက်သွားပေ၏။
သူတို့အနက်မှအများစုသည် အသက်ခြောက်ဆယ်ကျော်နေကြပြီဖြစ်ပြီး ဆံဖြူလူအိုကြီးများ ဖြစ်နေကြလေပြီ။
အတွေ့အကြုံသည် သဘောထားကို ကိုယ်စားပြုသည်။ ဤလူအိုကြီးများသည် လူငယ်များဖြစ်သော လုယွီနှင့်လီစစ်တို့အပေါ် မာန်မာနထားကာ မထီမဲ့မြင်ပြုရန် စဥ်းစားတွေးတောခဲ့သည်။
သို့ရာတွင် လက်တွေ့တွင် ဖြစ်ပျက်ခဲ့သောအရာသည် သူတို့စိတ်ကူးထားသည်နှင့် လုံးလုံးလျားလျား ကွဲပြားခြားနားနေသည်။
လုယွီနှင့်လီစစ်တို့သည် သူတို့ကိုအသုံးမပြုခဲ့ချေ။ ထို့ပြင် သူတို့နှစ်ယောက်၏အတွေးအမြင်များဖြင့် အင်ပါယာ၏လက်ရှိပြဿနာများစွာကို ဖြေရှင်းနိုင်ခဲ့ကြသည်။
ဤကဲ့သို့ ရဲရင့်ပြီး ပြတ်သားသော လုပ်ဆောင်ချက်များသည် လူအများကို ထိတ်လန့်စေခဲ့သည်။ သူတို့ဆုပ်ကိုင်ထားခဲ့သော အရာများသည် တစ်ညအတွင်း အသုံးမဝင်တော့သကဲ့သို့ ဖြစ်နေပေ၏။
အချိန်အတော်ကြာပြီးနောက် အမတ်ကြီးတစ်ဦးက သက်ပြင်းရှိုက်ပြီးပြောဆိုသည်။
"ဒီအစီအစဉ်တွေက အရှင်ဧကရာဇ်ရဲ့ အသက်အရွယ်နဲ့ ကိုက်ညီသင့်တယ်....ဒါပေမဲ့ အရှင်ဧကရာဇ်... သူက အသက်ဘယ်လောက် ရှိသေးလို့လဲ.. သူက ဘယ်လိုလုပ်ပြီး ဒီကိစ္စတွေအားလုံးကို ကျွမ်းကျင်နိုင်မှာလဲ"
Chapter 5083
စွမ်းအားအရဆိုလျှင် လုယွီသည် တာအိုသခင်အဆင့် မင်းသားနှစ်ပါးကိုပင် နောက်ဆုတ်စေနိုင်သည်။
လုယွီသည် ထီးနန်းကိုရရှိပြီးနောက် နန်းတွင်းမှပြင်ပလောကအထိ ပြောင်းလဲမှုအမျိုးမျိုးကို စတင်၍ အကောင်အထည်ဖော်ခဲ့သည်။ သူ ချမှတ်ခဲ့သော မူဝါဒတိုင်းသည် အလွန်အစွမ်းထက်ပြီး ပစ်မှတ်တိကျပေ၏။
ထိုသို့သော အားသာချက်မျိုးသည် ဝါရင့်အရာရှိအိုကြီးတစ်ဦးထံမှ ထွက်ပေါ်လာခဲ့လျှင် ထူးဆန်းမည် မဟုတ်ချေ။
သို့သော် လုယွီသည် ငယ်ရွယ်သော လူငယ်လေးတစ်ဦးသာဖြစ်သည်။
အချိန်အတော်ကြာပြီးနောက် ဖန်းလောင်ကျိုးက သက်ပြင်းတစ်ချက်ရှိုက်ပြီး ပြောဆိုသည်။
"အရှင်ဧကရာဇ်က မဟာဆရာသခင်ရဲ့တပည့်ဆိုတာကို မင်းတို့ မေ့နေကြမှာကို ငါ စိုးရိမ်တယ်...သူတော်စင်တစ်ပါးအနေနဲ့ မဟာဆရာသခင်က သူ့တပည့်တွေကို သင်ပေးဖို့ ငါတို့ စဉ်းစားလို့တောင်မရနိုင်တဲ့ နည်းလမ်းတွေ ရှိနေမှာပဲ.... အရင်က ကျန်းသူတော်စင်က အဝါရောင်စပါးခင်းတစ်ခင်း အိပ်မက်ကမ္ဘာကို တည်ထောင်ခဲ့ပြီးတော့ အိပ်မက်တစ်ခုရဲ့အချိန်ကိုသုံးပြီး ကျောင်းတော်သားတွေကို လောကကြီးထဲက ပုံစံအမျိုးမျိုးကို တွေ့ကြုံခံစားခဲ့တယ်...အရှင်ဧကရာဇ်ရဲ့အတွေ့အကြုံက ငါတို့ထက် မနည်းလောက်ဘူး"
"စာပေသူတော်စင်ရဲ့ တပည့်...."
လူအများသည် ညည်းတွားကြပြီး သူတို့၏မျက်လုံးများအတွင်းတွင် မနာလိုအားကျမှုများနှင့် ပြည့်နှက်နေသည်။
စာပေသူတော်စင်၏တိုက်ရိုက်တပည့်သည် အလွန်ရှားပါးပြီး တစ်ယောက်ပေါ်လာသည်နှင့် သူသည် သေချာပေါက် ထူးခြားသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပေလိမ့်မည်။
ဖူကျစ်ရွှယ် ကျန်းရွှမ်စဲနှင့် ယခု လုယွီ...သူတို့တစ်ဦးချင်းစီသည် အဆုံးမရှိသော ကျော်ကြားမှုနှင့်ဂုဏ်ကျက်သရေကို ပိုင်ဆိုင်သည့် လူငယ်ပါရမီရှင်များဖြစ်ပေ၏။
စာပေသူတော်စင်တစ်ဦးတည်းသာ ထိုသို့သော အရည်အချင်းကို ပြုစုပျိုးထောင်နိုင်ပေမည်။
"သူတို့က စာပေသူတော်စင်ရဲ့ တပည့်တွေဖြစ်ရင်တောင် ဒီလိုလုပ်နိုင်တာက နည်းနည်းတော့ အစွန်းရောက်လွန်းတယ် မဟုတ်လား...."
အမတ်ကြီးတစ်ဦးက ကူကယ်ရာမဲ့စွာဖြင့် ပြောဆိုသည်။
သူတို့က လုယွီသည် စာပေသူတော်စင်၏ တပည့်အဖြစ် ကွန်ဖြူးရှပ်ဂိုဏ်းတွင် အလွန်မြင့်မားသော နေရာတစ်ခုရှိသည်ကို ကောင်းစွာသိရှိထားကြသည်။ သူတို့သည် ဧကရာဇ်၏ မှန်ခြင်းမှားခြင်းကို ပြစ်တင်စွပ်စွဲနိုင်သော်လည်း သူတော်စင်၏တိုက်ရိုက်တပည့်တစ်ဦးနှင့် ရင်ဆိုင်ရချိန်တွင် သူတို့၏စကားများသည် အလွန်ပြင်းထန်၍မရချေ။ ထိုသို့မဟုတ်လျှင် သူတို့သည် သူတော်စင်ကို စော်ကားသကဲ့သို့ ဖြစ်သွားပေလိမ့်မည်။
"အဲ့ဒီတုန်းက မန်ဧကရာဇ်အသစ်ကလည်း ထီးနန်းတက်ပြီးတဲ့နောက်မှာ တော်ဝင်အမိန့်ပြန်တမ်းတွေ အများကြီးကို ထုတ်ပြန်ကြေငြာခဲ့တယ်..."
အမတ်ကြီးတစ်ဦးက ပြောဆိုသည်။
"ပါးစပ်ပိတ်ထားစမ်း....."
ဖန်းလောင်ကျိုး၏မျက်နှာအမူအယာသည် ရုတ်တရက် သုန်မှုန်သွားပေ၏။
"ငါတို့က အရှင်ဧကရာဇ်အတွက် ဆန့်ကျင်ဘက်လမ်းကို လျှောက်ခဲ့တာ....ပုန်ကန်ဖို့မဟုတ်ဘူး.... အရှင်ဧကရာဇ်က ငယ်ရွယ်ပြီးတော့ အရည်အချင်းရှိတဲ့လူတစ်ယောက်ပဲ...မန်ဧကရာဇ်နဲ့ အရှင်ဧကရာဇ်ကို တစ်တန်းတည်းထားပြီး ဘာလို့ပြောနေရတာလဲ..."
ထိုအရာရှိ၏မျက်နှာအမူအယာ ပျက်ယွင်းသွားသည်။ သူသည် စကားမှားသွားသည်ကို သိသောကြောင့် သူ၏ပါးစပ်ကို အလျင်အမြန် ပိတ်လိုက်၏။
ထိုအချိန်မှာပင် ကျောင်းတော်သားတစ်ဦးသည် တံခါးအပြင်ဘက်မှ ပျံသန်းလာသည်။ သူသည် ထိုက်ချန်ခန်းမဆောင်၏ ရှေ့သို့ လျင်မြန်စွာ လျှောက်လှမ်းသွားပြီး ရပ်တန့်လိုက်၏။ ထို့နောက် သူက ရိုသေလေးစားစွာ ဦးညွှတ်အရိုအသေပြုပြီး ပြောဆိုသည်။
"စီနီယာတို့...အုပ်ချုပ်ရေးအဖွဲ့ကနေ သတင်းထပ်ရောက်လာပါတယ်"
ထိုသို့ပြောဆိုပြီးနောက် ကျောင်းတော်သားသည် စာတစ်စောင်ကို ပေးအပ်ပြီး ထွက်ခွာသွားခဲ့သည်။
ဤသည်မှာ အုပ်ချုပ်ရေးအဖွဲ့တွင် ရှေးရိုးစွဲအုပ်စုမှ ထားရှိခဲ့သော သူလျှိုတစ်ဦးပင်။
ဖန်းလောင်ကျိုးက ထိုစာကို ဖွင့်ဖတ်လိုက်သည်။ စာအတွင်းမှ အကြောင်းအရာများကို ဖတ်ပြီးနောက် သူသည် ဖြည်းညှင်းစွာ မျက်လုံးများကို စုံမှိတ်လိုက်၏။
"ဖန်းလောင်ကျိုး...စာထဲမှာ ဘာတွေရေးထားတာလဲ.."
တစ်စုံတစ်ယောက်က စိတ်မရှည်စွာဖြင့် မေးမြန်းသည်။
ဖန်းလောင်ကျိုးက သက်ပြင်းရှည်ကြီးရှိုက်ပြီး ပြောဆိုသည်။
"မင်းတို့ ကိုယ့်ဘာသာကိုယ် ကြည့်လိုက်ပါ"
စာသည် လက်ရှိနေရာတွင်ရှိနေသူများအားလုံးထံသို့ လျင်မြန်စွာ လက်ဆင့်ကမ်းသွားခဲ့သည်။ စာကိုမြင်သော လူတိုင်း၏မျက်နှာများပေါ်တွင် တည်ကြည်လေးနက်သောအမူအယာများ ရှိနေပေ၏။
စာအတွင်းတွင် အချက်တစ်ချက်သာ ဖော်ပြထားသည်။
တာဝန်ခံအဆင့်မြင့်အရာရှိများမှလွဲ၍ ဘဏ္ဍာရေးနှင့်စီးပွားရေးရုံးတော်များအတွက် အဆင့်နိမ့်အရာရှိများကို ရုံးတော်နှစ်ခုမှ စာမေးပွဲများမှတဆင့် ခေါ်ယူပေမည်။
ထိုစာမေးပွဲများကို အပိုင်းလေးပိုင်းခွဲ၍ ကျင်းပပေမည်။
ဤသည်မှာ ရေးဖြေစာမေးပွဲ နန်းတွင်းစာမေးပွဲ တိုက်ခိုက်ရေးစာမေးပွဲနှင့် နောက်ခံစစ်ဆေးခြင်းတို့ပင်။
ရေးဖြေစာမေးပွဲတွင် အပိုင်းနှစ်ပိုင်းရှိသည်။ ပထမပိုင်းမှာ သက်ဆိုင်ရာအသိပညာကို အကဲဖြတ်ရန်ပင်။ ဥပမာအားဖြင့် ကုန်သွယ်မှုနှင့် ကူးသန်းရောင်းဝယ်ရေးဌာန၏ စီးပွားရေး ဒေသခံဓလေ့ထုံးစံများ စီမံခန့်ခွဲမှု စသည်တို့ဖြစ်သည်။ ဒုတိယပိုင်းမှာ မူဝါဒဖြစ်ပြီး အဓိကအားဖြင့် သတ်မှတ်ထားသောမေးခွန်းအချို့ကို မေးမြန်းပေမည်။ ရွေးချယ်ခံတစ်ယောက်သည် မေးမြန်းခံရသော မေးခွန်း၏ဖြေရှင်းချက်တစ်ခုကို ရေးသားရန်လိုအပ်သည်။
နန်းတွင်းစာမေးပွဲများကို အထွတ်အထိပ်ဝင်ရိုးစွန်းခန်းမဆောင်တွင် ကျင်းပခဲ့သည်။
ယခင်နန်းတွင်းစာမေးပွဲများနှင့်မတူဘဲ အထွတ်အထိပ်ဝင်ရိုးစွန်းခန်းမဆောင်တွင် သတ်မှတ်ထားသော စစ်ဆေးမေးမြန်းသူများမရှိချေ။ ထိုစစ်ဆေးမေးမြန်းသူနေရာများအတွက် ဌာနကြီးခြောက်ခုနှင့် ရုံးတော်နှစ်ဆယ့်လေးရုံးမှ အရာရှိများအနက်မှ ကျပန်းရွေးချယ်ပေမည်။ ထို့နောက် ရွေးချယ်ခံများ ဖြေဆိုရန် မတူညီသောစာမေးပွဲခန်းမများသို့ ကျပန်းဝင်ရောက်စေပေမည်။
တိုက်ခိုက်ရေးစာမေးပွဲသည် ယှဥ်ပြိုင်ပွဲတစ်ခုပင်။ ဤသည်မှာ အဓိကအားဖြင့် စာမေးပွဲဖြေဆိုသူများ၏ တိုက်ခိုက်ရေးအရည်အချင်းများကို စမ်းသပ်ခြင်းဖြစ်သည်။
နောက်ခံစစ်ဆေးမှုသည် စာမေးပွဲဖြေဆိုသူများ၏ နောက်ခံရာဇဝင်များ သန့်ရှင်းမှုရှိမရှိနှင့် ရာဇဝတ်မှုမှတ်တမ်းများ ရှိမရှိကို စစ်ဆေးရန်ဖြစ်ပေ၏။
Chapter 5084
ဤစာမေးပွဲလေးခုသည် တစ်ခုနှင့်တစ်ခု ချိတ်ဆက်နေပေ၏။
လက်ရှိနေရာတွင်ရှိနေသော အရာရှိများစွာသည် အလွန်ဥာဏ်ရည်ထက်မြက်သောလူများ ဖြစ်ကြသည်။ တစ်ချက်ကြည့်ရုံဖြင့် သူတို့၏လက်အတွင်းမှ စာ၏တန်ဖိုးကို သိရှိသွားခဲ့သည်။
ဤသည်မှာ ယခင်နန်းတွင်းစာမေးပွဲများနှင့် လုံးလုံးလျားလျား ကွဲပြားခြားနားသော အကဲဖြတ်မှုပုံစံတစ်ခုပင်။ သူတို့အာရုံအစိုက်ဆုံးသောအရာမှာ ဤအကဲဖြတ်မှုကို အောင်မြင်စွာကျော်ဖြတ်ခဲ့သော ကျောင်းတော်သားများသည် ရွေးချယ်ခံရသည်နှင့် ကံကြမ္မာကောင်းချီးကို ခံစားပိုင်ခွင့်ရှိပြီး အင်ပါယာ၏ တရားဝင်အရာရှိများဖြစ်လာမည့်ကိစ္စပင်။
ရှေးရိုးစွဲအရာရှိများအနက်မှအများစုသည် ရှေးရိုးစဥ်လာလမ်းကြောင်းကို လျှောက်လှမ်းခဲ့ကြပြီး နန်းတွင်းစာမေးပွဲများကို ဖြေဆိုခဲ့ကြသည်။ ထို့ကြောင့် သူတို့သည် အောက်ခြေမှနေ၍ အခြားနည်းလမ်းများဖြင့် ရာထူးတက်လာသည့် ဤသို့သောအရာရှိမျိုးကို သူတို့၏ရိုးတွင်းခြင်ဆီများအတွင်းမှ သဘောမတူခဲ့ကြချေ။
"အသက်ငါးဆယ်အောက်...တာအိုတက်လှမ်းခြင်းနယ်ပယ်ကို ရောက်ရှိပြီး နောက်ခံသန့်ရှင်းတဲ့ ဘယ်ကျင့်ကြံသူမဆို စာရင်းပေးသွင်းနိုင်တယ်... ဒါက လူတိုင်း စာမေးပွဲမှာ ပါဝင်နိုင်တယ်ဆိုတဲ့ သဘောမဟုတ်ဘူးလား...."
"တော်ဝင်နန်းတွင်းအတွက် အရာရှိတွေကို ရွေးချယ်တာက တကယ်ကို ကလေးဆန်လွန်းတယ်...လီစစ်က ဘာကို ဆိုလိုတာလဲ...."
အမတ်ကြီးတချို့သည် အလွန်ဒေါသထွက်နေကြပြီး သူတို့၏မျက်နှာများပေါ်တွင် ဒေါသများနှင့် ပြည့်နှက်နေပေ၏။
ရိုးရာနန်းတွင်းစာမေးပွဲများအရ နောက်ဆုံးစာမေးပွဲတွင် ပါဝင်လိုပါက အဆင့်မြင့်ကျောင်းတော်သားတစ်ဦး၏ အထောက်အထားရှိရမည် သို့မဟုတ် တော်ဝင်ကျောင်းတော်နှင့်တခြားကျောင်းတော်ငါးခုမှ တပည့်တစ်ဦးဖြစ်ရပေမည်။
ဤသည်မှာ ကြိုတင်ဖယ်ရှားခြင်းလုပ်ငန်းစဉ်တစ်ခုပင်။ အဆင့်မြင့်ကျောင်းတော်သားများနှင့် ထိပ်သီးကျောင်းတော်များမှတပည့်များသည် မရေမတွက်နိုင်သော လူများအနက်မှ ရွေးချယ်ခံထားရသော ပါရမီရှင်များဖြစ်ပေ၏။ သူတို့သည် ထောင်သောင်းချီသော စစ်သည်များကို ကြိုတင်၍ ခေါင်းတစ်လုံးအသာဖြင့် ဖြတ်ကျော်နိုင်ခဲ့ကြသည်။
ယခုချိန်တွင်မူ ရုံးတော်နှစ်ခု၏ အရာရှိစာမေးပွဲသည် အထောက်အထားများကို လျစ်လျူရှုထားသည်။ ဤသည်မှာ သူတို့လက်မခံနိုင်သောအရာပင်
တာအိုတက်လှမ်းခြင်းနယ်ပယ်သည် တာအိုဒုတိယအဆင့်၏ ဒုတိယမြောက်နယ်ပယ်ဖြစ်သည်။
ဤအဆင့်တွင် တာအိုစွမ်းအားများကို စတင်၍ အာရုံခံနိုင်လေပြီ။ ဤအဆင့်သို့ ကျင့်ကြံထားသူများကို ကျင့်ကြံမှုလမ်းကြောင်းတွင် အောင်မြင်မှုတစ်ခုရပြီဟု သတ်မှတ်နိုင်ပေ၏။
သို့ရာတွင် ဤစာမေးပွဲ၏လိုအပ်ချက်များသည် အလွန်နိမ့်ကျပြီး လူအများမှ မမျှော်လင့်ထားသောအရာပင်။
"မင်းတို့အားလုံး အခုထိ နားမလည်ကြသေးဘူးလား..."
ဖန်းလောင်ကျိုးက သက်ပြင်းရှည်ကြီးရှိုက်လိုက်သည်။
"နန်းတွင်းစာမေးပွဲတွေကို ထပ်လုပ်ဖို့က အချိန်အရမ်းကြာတယ်... ဒီရုံးတော်နှစ်ခုက ချက်ချင်းရလဒ်တွေ ထွက်ပေါ်ချင်ရင် သူတို့မှာ လုံလောက်တဲ့ လူအင်အားရှိရမယ်.... အရှင်ဧကရာဇ်က ထပ်မစောင့်နိုင်တော့ဘူး"
အမတ်ကြီးတစ်ဦးက မေးမြန်းသည်။
"အဲ့ဒီလိုဆိုရင်တောင် အရှင်ဧကရာဇ်က သူတို့အတွက် လမ်းကြောင်းတစ်ခု ဖွင့်ပေးနိုင်တာပဲ... ဘာလို့ သူက ဒီလိုအကဲဖြတ်နည်းလမ်းမျိုးကို ရွေးချယ်ဖို့လိုတာလဲ..."
"ဒီအကဲဖြတ်နည်းလမ်းတွေကို ကြည့်လိုက်ရုံနဲ့ မင်းတို့ သိလိမ့်မယ်... စီးပွားရေး ဒေသခံဓလေ့ထုံးစံတွေ.... ကျောင်းတော်သားတွေက ဒီအရာတွေကို နားလည်လိမ့်မယ်လို့ မင်းတို့ထင်လား....နှိုင်းယှဉ်ကြည့်ရင် ဒေသခံဓလေ့ထုံးစံတွေနဲ့ ရင်းနှီးပြီး လောကကြီးမှာ ဘယ်လိုနေထိုင်ရမလဲဆိုတာသိတဲ့ လူတချို့ကမှ ဒီရုံးတော်နှစ်ခုထဲကိုဝင်ဖို့ ပိုပြီးသင့်တော်လိမ့်မယ်"
ဖန်းလောင်ကျိုးကက သက်ပြင်းရှိုက်ပြီး ဆက်လက်၍ပြောဆိုသည်။
"အရှင်ဧကရာဇ်က ကြီးမားတဲ့ကံကြမ္မာတစ်ခုကို ဖန်တီးဖို့ ပြင်ဆင်နေတယ်....နောက်ခံအင်အားကို မခွဲခြားဘဲ လူတိုင်းကို တန်းတူဆက်ဆံလိမ့်မယ်....သူက လောကကြီးထဲက အရည်အချင်းရှိတဲ့သူတွေအားလုံးကို ခေါ်ယူချင်နေတယ်"
လူအမြောက်အများ တိတ်ဆိတ်သွားကြသည်။
လုယွီ၏လုပ်ဆောင်ချက်များသည် အလွန်လျင်မြန်ပြီး ရှေးရိုးစွဲအုပ်စုသည် ငြင်းဆိုချက်တစ်ခုရှာလိုသော်လည်း တခြားအာရုံခံစားမှုတစ်ခုထွက်ပေါ်လာပြီး သူတို့ကို အငိုက်မိစေခဲ့သည်။
"နေ့သစ်တွေ ရောက်လာတော့မှာလား..."
"အားလုံးပဲ.... ငါတို့က ဒီခေတ်ကာလကြီးမှာ နောက်ကျကျန်နေချင်ခဲ့မှာ မဟုတ်ဘူး...ဒါကြောင့် ငါတို့က ဆန်းသစ်တီထွင်ရမယ်"
...
ရက်အနည်းငယ်ကြာပြီးနောက်...
စကြဝဠာခန်းမဆောင်ရှိ တော်ဝင်နန်းတွင်းညီလာခံ၌...
လီစစ်သည် လုယွီ၏ နောက်ဆုံးအမိန့်တော်ကို တင်းမာခက်ထန်သော လေသံဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။
တော်ဝင်အမိန့်တော်... -
တရာရေးဌာနကြီးသုံးခုသည် ဥပဒေကို တင်းကြပ်စွာ ပြဋ္ဌာန်းရန် အတိတ်က ပြစ်မှုမှတ်တမ်းများကို စေ့စေ့စပ်စပ် စုံစမ်းထောက်လှမ်းရန်နှင့် လူသတ်သမားများကို တင်းကြပ်စွာ စုံစမ်းစစ်ဆေးရန် လိုအပ်သည်။ တရားခံများအနက် မည်သူတစ်ဦးတစ်ယောက်ကိုမျှ လွတ်ငြိမ်းချမ်းသာခွင့် မရှိစေရချေ။
ဤအမိန့်တော်နောက်ရှိ နန်းတွင်းအမိန့်ပြန်တမ်း၏ ခရမ်းရွှေရောင်စာမျက်နှာပေါ်တွင် ထူထပ်သိပ်သည်းစွာရေးသားထားသော အသေးစိတ်စာပိုဒ်တစ်ခုရှိပြီး စာရွက်ပေါ်တွင် အေးစက်စက်အငွေ့အသက်တစ်ခု ရှိနေသည်။
လက်ရှိနေရာတွင်ရှိနေသော အမတ်ကြီးများအားလုံးသည် ဤစာရွက်ပေါ်တွင် ရေးသားထားသည့် အရာများကို မြင်တွေ့ချိန်၌ သူတို့၏မျက်နှာအမူအယာများ ချက်ချင်းပြောင်းလဲသွားသည်။
'အမှုတွဲကို စုံစမ်းစစ်ဆေးပါ'
အရှင်ဧကရာဇ်က ဘယ်သူ့ကို ပစ်မှတ်ထားနေတာလဲ....
ဤသည်မှာ တော်ဝင်နန်းတွင်းရှိ အရာရှိများနှင့် အမတ်ကြီးများ ထိတ်လန့်တုန်လှုပ်ခဲ့ရသော ပထမဆုံးအကြိမ်မဟုတ်ပေ။ လုယွီ၏ ဆုံးဖြတ်ချက်တိုင်းသည် သူတို့ကို အံ့အားသင့်စေပေ၏။
Chapter 5085
လီစစ်သည် ဤအမိန့်ကို ထုတ်ပြန်ပြီးနောက် အုပ်ချုပ်ရေးအဖွဲ့သည် ငြိမ်းချမ်းသော အခြေအနေသို့ ရောက်ရှိသွားပြီး အမိန့်ပြန်တမ်းအသစ်များ မပေါ်ပေါက်လာတော့ချေ။
ထိုအချိန်ကျမှသာ တော်ဝင်နန်းတွင်းရှိ အရပ်ဘက်နှင့်စစ်ဘက်အရာရှိများသည် သက်ပြင်းချနိုင်ခဲ့ပေ၏။ လုအဖွဲ့အစည်းဝင်များပင်လျှင် လုယွီ၏ လျင်မြန်ပြီးပြတ်သားသော လုပ်ဆောင်ချက်များကို ခံစားခဲ့ကြရသည်။ ထို့ကြောင့် သူတို့သည် စိတ်မအေးနိုင်ဖြစ်ကြပြီး လုယွီ၏ ဆုံးဖြတ်ချက်သည် သူတို့၏ လက်ရှိအဆင့်အတန်းကို သက်ရောက်မည်အား စိုးရိမ်နေကြသည်။
သူတို့သည် သူတို့၏ထိတ်လန့်တုန်လှုပ်မှုမှ မသက်သာသေးမီမှာပင် လီစစ်သည် တရားရေးရုံးတော်၏ စစ်ဆေးရေးမှူးရုံးခန်းတွင် ထွက်ပေါ်လာခဲ့သည်။
လီစစ်သည် စည်းမျဥ်းဥပဒေအမတ်ကြီးဖြစ်သော်လည်း လုယွီ၏ကိုယ်စားလှယ်ဖြစ်သောကြောင့် သူ၏အာဏာသည် တရားရေးဝန်ကြီးဌာနတစ်ခုတည်းဟူ၍ ကန့်သတ်ချက်မရှိတော့ချေ။
လီစစ်သည် ဌာနကြီးခြောက်ခု၏ အဓိကလုပ်ငန်းများကို မေးမြန်းနိုင်သည်။ အခွင့်အာဏာအရ လီစစ်သည် အတွင်းဝန်ချုပ်ဖြစ်ရုံမျှ မဟုတ်တော့ချေ။ သူသည် ရှေးဟောင်းအလယ်ခေတ်မှ အင်ပါယာတစ်ခု၏ဝန်ကြီးချုပ်အဆင့်နှင့် ပို၍တူညီပေ၏။
တရားရေးရုံးတော်အတွင်း၌ လီစစ်သည် တော်ဝင်မြို့တော်အတွင်းရှိ ရာဇဝတ်မှုဆိုင်ရာ လှုပ်ရှားမှုအားလုံးအပေါ် အပြင်းထန်ဆုံး ထိုးနှက်မှုကို ဆောင်ရွက်မည်ဟု ချက်ချင်းထုတ်ပြန်ကြေညာခဲ့သည်။
သူသည် တစ်လအချိန်ကန့်သတ်ချက်ကို သတ်မှတ်ခဲ့လေ၏။ ရာဇဝတ်မှုကျူးလွန်သော လူများအားလုံးကို အပြစ်ပေးမည်ဖြစ်ပြီး တော်ဝင်မြို့တော်ကို ဖုံးလွှမ်းထားသော အမှောင်ထုကို လုံးလုံးလျားလျား ရှင်းလင်းပစ်ပေမည်။
ဤကိစ္စအတွက် လီစစ်သည် နဂါးအစောင့်များနှင့်ဆဋ္ဌမဂိတ်တံခါးတို့မှ ကျင့်ကြံသူအမြောက်အများကိုပင် စုစည်းခဲ့သည်။
နံနက်ခင်းမှစ၍ တရားရေးရုံးတော်၏ရုံးခန်းကို ဖွင့်လှစ်ခဲ့သည်။ တရားရေးရုံးတော်မှ မရေမတွက်နိုင်သော အရာရှိများသည် လက်အောက်ငယ်သားများကို ဦးဆောင်ကာ မတူညီသော လမ်းကြောင်းများသို့ ထွက်ခွာသွားခဲ့ကြသည်။
သူတို့သည် တော်ဝင်မြို့တော်အထက်ရှိ မိုးကောင်းကင်ယံတွင် ပျံသန်းရန် အထူးခွင့်ပြုချက် ရရှိပြီးဖြစ်သည်။ ယနေ့တွင် တော်ဝင်မြို့တော်တစ်ခုလုံး သူတို့ကြောင့် ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။
...
တရားရေးရုံးတော်၏ အကျဥ်းထောင်...
လီစစ်သည် အချုပ်ခန်းထံသို့ လျှောက်လှမ်းသွားသောအခါ ပြင်းထန်သော သွေးနံ့တစ်ခုသည် သူ၏နှာခေါင်းအတွင်းသို့ တိုးဝင်လာခဲ့သည်။
သေဒဏ်ကျအကျဉ်းသားတစ်ဦးကို လီစစ်ထံသို့ ခေါ်ဆောင်လာခဲ့သည်။ ထိုလူ၏မျက်လုံးများသည် မျှော်လင့်ချက်ကင်းမဲ့မှုနှင့် ပြည့်နှက်နေပေ၏။ သူ၏ဆံပင်များသည် ဖရိုဖရဲဖြစ်နေပြီး သူ၏ခြေလှမ်းများ ဒယိမ်းဒယိုင်ဖြစ်နေသည်။
သူ၏အဖြူရောင်အကျဥ်းသားဝတ်စုံတွင် သွေးများစိုရွှဲနေလေပြီ။ ဤသေဒဏ်အကျဉ်းသား၏ခန္ဓာကိုယ်ပေါ်တွင် ကြာပွတ်ရာများနှင့် ဖုံးလွှမ်းနေပြီး သွေးနီရောင်အစင်းကြောင်းများရှိနေသည်။ ဤသည်မှာ တုန်လှုပ်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခုပင်။
သေဒဏ်ကျအကျဉ်းသားသည် စားပွဲတစ်လုံး၏ရှေ့သို့ ရောက်ရှိလာပြီးနောက် သူသည် လီစစ်ကို မြင်လိုက်ရသည်။
ပတ်ဝန်းကျင်သည် မည်းမှောင်နေပြီး လီစစ်၏ ချောမောခန့်ညားသော မျက်နှာသည် မှိန်ဖျော့သော ဖယောင်းတိုင်မီးရောင်တွင် ထင်ဟပ်နေပေ၏။ သူသည် ခန့်ညားသော အရှိန်အဝါရှိသော လူငယ်တစ်ဦးပင်။ သူသည် ချမ်းသာသည်ဖြစ်စေ မြင့်မြတ်သည်ဖြစ်စေ သူကိုကြည့်ရသည်မှာ အလွန်ပိန်ပါးနေသည်။ သို့ရာတွင် သူ့ထံ၌ မေးခွန်းထုတ်ဖွယ်မလိုသော ကြီးမြတ်သည့်အရှိန်အဝါတစ်ရပ် ကိန်းအောင်းနေပေ၏။
"ရှောင်ချင်...တော်ဝင်မြို့တော်မှာ မွေးဖွားခဲ့တယ်.... ဒီနှစ်မှာ မင်းက အသက်သုံးဆယ့်ကိုးနှစ်ရှိပြီ....လွန်ခဲ့တဲ့အနှစ်နှစ်ဆယ်က မင်းက တော်ဝင်မြို့တော်ထဲမှာ အမျိုးသမီးကျင့်ကြံသူတွေကို မုဒိမ်းကျင့်ပြီး သတ်ခဲ့တယ်... ဒီအဖြစ်အပျက်ပြီးတဲ့နောက်မှာ မင်းကို တရားရေးရုံးတော်ရဲ့အကျဥ်းထောင်မှာ ဖမ်းဆီးအကျဥ်းချထားခဲ့တယ်"
"အစက မင်းကို သေဒဏ်ချမှတ်ရမှာ.... ဒါပေမဲ့ ကောင်းကင်ဘုံရှန်လင်းလုံ ထီးနန်းတက်တဲ့အချိန်နဲ့ တိုက်ဆိုင်သွားတယ်....ဒါကြောင့် အကျဥ်းသားတွေအများကြီးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တယ်.... သေဒဏ်ကျ ရာဇဝတ်သားတစ်ယောက်အနေနဲ့ မင်းရဲ့ပြစ်မှုတွေကို လွတ်ငြိမ်းချမ်းသာခွင့်မပေးနိုင်ပေမဲ့ သေဒဏ်ကို လောလောဆယ် အပြစ်မပေးသေးဘဲ အချိန်ပြောင်းလဲလိုက်တယ်... ဒီလိုနဲ့ မင်းက ဒီထောင်ထဲမှာ အနှစ်နှစ်ဆယ်ကြာနေခဲ့ရတယ်...ငါ ပြောတာမှန်ရဲ့လား...."
လီစစ်၏အသံသည် အေးစက်ပြီး စိတ်ခံစားချက်ကင်းမဲ့နေသည်။
သေဒဏ်ကျအကျဉ်းသား ရှောင်ချင်၏မျက်နှာပေါ်တွင် စိတ်သက်သာရာရသော အပြုံးတစ်ခု ထင်ဟပ်လာသည်။
"ဒါဆို မင်းက ငါ့ကို သေဒဏ်ချဖို့ ဒီကိုလာတာလား..."
ရှောင်ချင်၏ အသံသည် တည်ငြိမ်နေပေ၏။
လီစစ်သည် ရှောင်ချင်ကို စူးစိုက်ကြည့်ပြီး အလေးအနက်ထားသော အသံဖြင့် ပြောဆိုသည်။
"တရားရေးရုံးတော်က လူတွေက သက်သေတွေကို ရှာတွေ့ခဲ့တယ်... သူတို့ကို စစ်မေးပြီးနောက် အဖြစ်မှန်ကို သိရှိခဲ့ကြတယ်....အဲ့ဒီနေ့က လုမိသားစုရဲ့ သခင်လေးလုကျိချန်က အဲ့ဒီမိန်းကလေးတွေကိုသတ်ခဲ့တာ....ပြီးတော့ သူက မင်းကို အပြစ်ပုံချခဲ့တာပဲ"
ရှောင်ချင်၏ခန္ဓာကိုယ် တုန်ရီသွားသည်။
အချိန်တခဏကြာခန့် ရပ်တန့်ပြီးနောက် လီစစ်က ဆက်လက်၍ ပြောဆိုသည်။
"အဲ့ဒီနေ့က ဖြစ်ပျက်ခဲ့တဲ့ အမှန်တရားကို ငါသိချင်တယ်...မင်းမပြောရင် အမှန်တရားက ဘယ်တော့မှ ထွက်ပေါ်လာမှာမဟုတ်ဘူး"
ရှောင်ချင်သည် သူ၏လက်သီးများကို ဆုပ်ပြီး အံ့ကြိတ်လိုက်သော်လည်း စကားတစ်ခွန်းမျှ မပြောခဲ့ချေ။
"မင်းက ကျောင်းတော်သားတွေထဲမှာ အထူးချွန်ဆုံးလူတစ်ယောက်ပဲ.... မင်းက အသက်တစ်ဆယ့်ကိုးနှစ်မှာ ထိပ်တန်းကျောင်းတော်တစ်ခုကို ဝင်နိုင်ခဲ့တယ်.... ဒါပေမဲ့ မင်းက ဒီထောင်ထဲမှာ အနှစ်နှစ်ဆယ် ဖြုန်းတီးခဲ့ရပြီးတော့ တကယ့်တရားခံအစစ်က ဥပဒေရဲ့ပြင်ပမှာ လွတ်မြောက်နေခဲ့တယ်... မင်းတစ်သက်လုံး နှုတ်ပိတ်နေဖို့ ပြင်ဆင်ထားတာလား...."
လီစစ်၏အသံသည် ကျယ်လောင်လာသော်လည်း ရှောင်ချင်၏မျက်လုံးများသည် နီမြန်းနေပြီး သူသည် ခေါင်းကိုသာ ဆက်တိုက်ခါယမ်းနေခဲ့သည်။
ဘန်း...
လီစစ်သည် ရုတ်တရက် စားပွဲကို ရိုက်ပုတ်ပြီး ဆူပူကြိမ်းမောင်းလိုက်၏။
"မင်းရဲ့အမေက သာမန်လူတစ်ယောက်ပဲ မင်းကိစ္စအတွက် သူက ရုံးတော်အသီးသီးကို ပြေးလွှားနေခဲ့ရတယ်....သူ့ရဲ့ခေါင်းမှာ ဆံပင်ဖြူတွေဖွေးနေပြီ...သူ့ရဲ့လက်ထဲမှာ တောင်ဝှေးတစ်ချောင်းကိုင်ပြီးတော့ သူက မိုးမလင်းခင်ကတည်းက တရားရေးရုံးတော်ရဲ့ရှေ့မှာ စောင့်နေခဲ့တာ... အခု မင်းက နှုတိပိတ်နေဖို့ ရွေးချယ်လိုက်မှတော့ မင်းကို ယောက်ျားတစ်ယောက်လို့ သတ်မှတ်လို့ရသေးလား...အရည်အချင်းပြည့်ဝတဲ့ သားတစ်ယောက်လို့ သတ်မှတ်လို့ရသေးလား...."
ရှောင်ချင်သည် နောက်ထပ်တောင့်မခံနိုင်တော့ဘဲ ခါးသည်းစွာ ငိုကြွေးလိုက်သည်။
"ငါ့မှာ အပြစ်မရှိဘူး...ဒါပေမဲ့ ဘာဖြစ်လဲ...လုမိသားစုက ထိပ်သီးမိသားစုတစ်စုဖြစ်ပြီးတော့ လုကျိချန်က သခင်လေးတစ်ယောက်ပဲ....သူက ငါ့ကို စကားတစ်ခွန်း ထုတ်ဖော်ပြောရဲတာနဲ့ ငါ့ရဲ့မိသားစုတစ်စုလုံးကို သတ်ပစ်မယ်လို့ ပြောခဲ့တယ်..... ငါက ကျောင်းတော်သားလေးတစ်ယောက်...ချမ်းသာတဲ့အသိုင်းအဝိုင်းရဲ့ နည်းလမ်းတွေနဲ့ ဘယ်လိုယှဉ်ပြိုင်နိုင်မှာလဲ"
ဤအချက်ကို ပြောပြီးနောက် ရှောင်ချင်သည် သူ၏လက်ဝါးတစ်ဖက်ကို ထောင်ပြပြီး သူ၏မျက်လုံးများ နီမြန်းနေသည်။
"ငါ့မှာ အပြစ်မရှိဘူးဆိုတာကို ငါ သိတယ်....အဲ့ဒီအရာရှိတွေလည်း သိတယ်... ဒါပေမဲ့ ဘယ်သူကမှ ငါ့အတွက် တရားမျှတမှုကို မရှာဖွေပေးဘူး... ငါက စတေးခံတစ်ယောက်ပဲ...လုမိသားစုအတွက် ငါက ပုရွက်ဆိတ်တစ်ကောင်တောင် မဟုတ်ဘူး....အခုမှဝင်လာတဲ့ အကျဉ်းသားဆီက ကြားရသလောက်တော့ အပြင်ဘက်က အခြေအနေတွေ ပြောင်းလဲသွားပြီတဲ့....လုမိသားစုက တော်ဝင်မိသားစုဖြစ်လာတော့မယ်ဆိုရင် ငါက သူ့ကို စော်ကားလို့ ပိုပြီးမဖြစ်နိုင်တော့ဘူး...ငါ ဘာလုပ်နိုင်မှာလဲ..ဘာလုပ်နိုင်မှာလဲ"
ရှောင်ချင်၏လက်ဝါးပေါ်တွင် သူသည် ကျောက်တုံးတစ်တုံးကို အသုံးပြု၍ ကောက်ကောက်ကွေးကွေး စာလုံးတချို့ကို ရေးသားထားခဲ့သည်။
'နေရောင်သည် တောက်ပစွာ ထွန်းလင်းနေသည်'
လီစစ်သည် သက်ပြင်းရှည်ကြီးချပြီး ရှောင်ချင်ကို တွဲထူပေးလိုက်သည်။
"စိတ်မပူပါနဲ့.... ငါ ဒီမှာရှိနေမှတော့ အရာအားလုံးအဆင်ပြေသွားမှာပါ"
လီစစ်သည် အချိန်တခဏကြာမျှ စဉ်းစားပြီးနောက် ပြောဆိုလိုက်၏။
"ငါနဲ့ အရှင်ဧကရာဇ်က မင်းရဲ့ကျောထောက်နောက်ခံအဖြစ် ရပ်တည်ပေးမယ်"
Thank For Reading.