အခန်း (၅၁၀၁-၅၁၀၅)
Vol. 258 Ch. 5101-5105
Chapter 5101
သို့ရာတွင် ထိုမှော်ရတနာသည် နန်းတော်အနီးသို့ ရောက်သည်နှင့် မမြင်နိုင်သောနံရံတစ်ခုကို ထိမိသကဲ့သို့ ခံစားလိုက်ရပြီး ကျယ်လောင်သော ပေါက်ကွဲသံတစ်သံ ထွက်ပေါ်လာသည်။
မှော်ရတနာကို အသုံးပြုခဲ့သူသည် ဤမြင်ကွင်းကို မြင်တွေ့ချိန်၌ သူ၏မျက်နှာပေါ်တွင် ထိတ်လန့်သော အမူအယာတစ်ရပ် ထွက်ပေါ်လာပြီး သူ၏လက်အတွင်းမှ မှော်ရတနာကို အလျင်အမြန် ရုပ်သိမ်းလိုက်၏။
"ဒီမှော်ရတနာက ပြင်းပြင်းထန်ထန် ပျက်စီးသွားပြီ...ဒီအရာ ပြန်ကောင်းလာဖို့ အချိန်နည်းနည်းလိုမှာကို ငါ စိုးရိမ်တယ်"
အစောပိုင်းက မှော်ရတနာကို အသုံးပြုခဲ့သူသည်လည်း နယ်မြေသခင်အဆင့်ရှိသော ထိပ်သီးကျင့်ကြံသူတစ်ဦးပင်။
ဤအချိန်အခိုက်အတန့်တွင် ထိုထိပ်သီးကျင့်ကြံသူ၏မျက်နှာပေါ်တွင် နာကျင်ကြေကွဲသောအမူအယာတစ်ရပ် ထွက်ပေါ်လာပြီး သူ၏မှော်ရတနာကို ပွတ်သပ်နေသည်။ အစောပိုင်းက အလင်းရောင်ထုတ်လွှတ်နေသော မှော်ရတနာသည် ယခုအချိန်၌ သံတိုသံစတစ်ခုနှင့် တူညီနေကာ ထိုအရာ၏အလင်းရောင်အားလုံး ဆုံးရှုံးသွားလေပြီ။
"အားလုံးပဲ....မြေအောက်လောက တာအိုသခင်ရဲ့ဂူက သေးငယ်တဲ့ကိစ္စ မဟုတ်ဘူး....ငါတို့ ထပ်ပြီး ဖုံးကွယ်ထားစရာမလိုတော့ဘူး... ငါတို့ရဲ့ဝှက်ဖဲတွေကို မြန်မြန်လေးထုတ်သုံးကြစို့"
ထိပ်သီးကျင့်ကြံသူတစ်ယောက်က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
တစ်စုံတစ်ယောက်က အေးစက်စက် နှာမှုတ်ပြီး တုံ့ပြန်လိုက်၏။
"မင်း ပြောတာက အရမ်းလွယ်တာပဲ... ငါတို့က ဂူကို အတူတူဖွင့်ကြမှာဆိုတော့ အတွင်းကပစ္စည်းတွေကို ဘယ်လိုခွဲဝေကြမလဲ"
ထိပ်သီးကျင့်ကြံသူကသည် မျက်ခုံးပင့်ပြီး ဒေါသတကြီးပြောဆိုသည်။
"ငါတို့က ပစ္စည်းတွေခွဲဝေဖို့ကို ဘာလို့ ငြင်းခုံနေရမှာလဲ... မြေအောက်လောကတာအိုသခင်ရဲ့ဂူက လူရိုင်းနယ်စပ်ကြယ်မြစ်မှာ ထွက်ပေါ်လာတဲ့သတင်းက မကြာခင် ပျံ့နှံ့သွားလိမ့်မယ်....လူရိုင်းနယ်စပ်ကြယ်မြစ်နဲ့ နီးစပ်တဲ့ ငါတို့တွေကအခွင့်အရေးယူပြီး ဒီနေရာကို အရင်ဆုံးရောက်လာနိုင်ခဲ့တာ....ဒီသတင်းက နည်းနည်းလောက် ထပ်ပြီးပျံ့နှံ့သွားရင် လောကကြီးက အင်အားစုတွေအားလုံး ဒီနေရာကို စုရုံးလာကြလိမ့်မယ်...သူတို့နဲ့ယှဉ်ပြိုင်ဖို့ ငါတို့က ဘာကိုသုံးနိုင်မှာလဲ"
အစောပိုင်းက နှာမှုတ်လိုက်သူသည် မျက်မှောင်ကြုတ်သော်လည်း တခြားမည်သည့်စကားမျှ မပြောနိုင်တော့ချေ။
လက်ရှိနေရာတွင် ရှိနေသူများအားလုံးသည် ထိုထိပ်သီးကျင့်ကြံသူ ပြောသွားသကဲ့သို့ပင် အခြေအနေ မည်မျှထိ ပြင်းထန်သည်ကို သူတို့သိထားကြသည်။
"ကောင်းပြီလေ....သန့်စင်သောယန်မြင့်မြတ်နယ်မြေက သက်သေဖြစ်လိမ့်မယ်...ငါတို့က ဒီဂူကို ဖောက်ခွဲဖွင့်လှစ်ဖို့ အတူတူလုပ်ဆောင်ကြမယ်...ဂူအတွင်းကပစ္စည်းတွေကတော့ ငါတို့ ညီတူညီမျှ ခွဲဝေကြမယ်... ဘယ်လိုသဘောရလဲ"
သန့်စင်သောယန်မြင့်မြတ်နယ်မြေရှိ ဓားအင်မော်တယ်များ၏အလယ်မှ တည်ကြည်လေးနက်သော မျက်နှာအမူအယာရှိသည့် ဝတ်ရုံဖြူဝတ်အဘိုးအိုတစ်ဦး ထွက်လာခဲ့သည်။
ဤအဘိုးအိုသည် သန့်စင်သောယန်မြင့်မြတ်နယ်မြေတွင် အလွန်မြင့်မားသောအဆင့်အတန်းရှိပြီး ကျင့်ကြံခြင်းလောကတွင်လည်း အတော်အသင့်မြင့်မားသော နာမည်ဂုဏ်သတင်းရှိသည်။ သူ စကားပြောလိုက်သည်နှင့် ပတ်ဝန်းကျင်တွင်ရှိနေသည့် အမြဲတစေ သဘောထားချင်းမတိုက်ဆိုင်သော ဂိုဏ်းများမှလူများသည် သဟဇာတဖြစ်စွာ ချက်ချင်းစကားပြောဆိုလိုက်ကြသည်။
"အကြီးအကဲလီက အာမခံသူအဖြစ်နဲ့ဆိုရင် ဒါက အရမ်းကောင်းမှာပါ...အခြေအနေက အရေးကြီးနေပြီ...ဒါကြောင့် ငါတို့တွေ အရင်ဆုံး ဂူကိုဖွင့်ကြမယ်"
ထိပ်သီးကျင့်ကြံသူတစ်ဦးက သဘောတူညီသည့်အနေဖြင့် ခေါင်းညိတ်လိုက်သည်။
ရုတ်ချည်းဆိုသလိုပင် အစွမ်းထက်သောကျင့်ကြံသူများအားလုံးသည် သူတို့၏အပြင်းထန်ဆုံးနည်းစနစ်များကို ထုတ်ဖော်အသုံးပြုကြီး နန်းတော်တံခါးထံသို့ ဦးတည်၍ ပျံ့လွင့်သွားစေသည်။
ဘုန်း...ဘုန်း....ဘုန်း...
နန်းတော်၏ရှေ့မှ ယင်ချီစွမ်းအားသည် ချက်ချင်းဆိုသလိုပင် တွန်းဖယ်ခြင်းခံလိုက်ရသည်။ နန်းတော်၏ရှေးဟောင်းကြေးနီတံခါးပေါ်သို့ ထူထပ်သိပ်သည်းသော မှော်မန္တာန်စွမ်းအားများ ကျရောက်သွားပေ၏။ ထိုတံခါးသည် အရပ်မျက်နှာအဘက်ဘက်မှ တိုက်ခိုက်ခြင်းကိုခံနေရပြီး ပြင်းထန်စွာ တုန်ခါလာသည်။
ဤစွမ်းအားသည် တောင်တစ်တောင်ကို ပြားချပ်သွားစေရန် လုံလောက်သော်လည်း နန်းတော်သည် မည်သည့်ပျက်စီးမှုမျှ မခံစားရဘဲ စွမ်းအားများအားလုံးကို ခံယူနိုင်ခဲ့သည်။
"ခဏလေး...."
ရုတ်တရက် တစ်စုံတစ်ယောက်က အော်ဟစ်လိုက်သည်။
နန်းတော်၏ဘေးနှစ်ဖက်တွင် ဧရာမလူပုံသဏ္ဍာန်ကျောက်ရုပ်ထုနှစ်ခုရှိသည်။ သူတို့သည် လက်အတွင်းတွင် ဓားများကိုကိုင်ဆောင်ထားပြီး ခေါင်းငုံ့ကာ မတ်တတ်ရပ်နေသည့်အနေအထား၌ ရှိနေပေ၏။
ဤအချိန်အခိုက်အတန့်တွင် ယင်ချီစွမ်းအားများ ပျံ့လွင့်လာကာ တိမ်တိုက်များအတွင်းထိ မြင့်တက်သွားသည်။ နန်းတော်၏နံရံများပေါ်တွင် ထူထပ်သိပ်သည်းစွာ ထွင်းထုထားသော မှော်သင်္ကေတအက္ခရာများ လင်းလက်လာသည်။ အေးစက်စက်အရှိန်အဝါလှိုင်းများသည် အရပ်မျက်နှာအဘက်ဘက်သို့ မျောလွင့်လာပြီး တစ်စုံတစ်ခု နိုးထလာသည့်အလားပင်။
ဝုန်း...
ကြည်လင်ပြတ်သားသောအသံနှင့်အတူ ကျောက်ရုပ်ထုနှစ်ခု၏မျက်လုံးများသည် တစ်ချိန်တည်းတွင် လင်းလက်လာပြီး သူတို့သည် အမှန်တကယ်ကို ဖြည်းညှင်းစွာ ခေါင်းမော့လိုက်ကြသည်။
ဤမြင်ကွင်းသည် အလွန်ရုတ်တရက်ဆန်ပေ၏။
လူတိုင်းနီးပါးသည် ဤကျောက်ရုပ်ထုနှစ်ခုကို သက်မဲ့အရာဝတ္ထုများဟု ထင်ခဲ့ကြသော်လည်း သူတို့သည် အသက်ရှင်သန်နေဆဲဖြစ်မည်ဟု မည်သူက တွေးထင်ထားမိမည်နည်း။
လူများအားလုံး၏စိတ်နှလုံးသား နက်ရှိုင်းသောနေရာတွင် ပြင်းထန်သော စိတ်မသက်မသာဖြစ်မှုတစ်ရပ် ရုတ်တရက် ထွက်ပေါ်လာသည်။
"မကောင်းတော့ဘူး...မြန်မြန်ထွက်သွားကြစို့.." တစ်စုံတစ်ယောက်က ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
မည်သူတစ်ဦးတစ်ယောက်ကမျှ သူတို့ကို သတိပေးရန်မလိုအပ်ပေ။ အခြေအနေမကောင်းတော့ကြောင်း လူတိုင်း သိထားကြ၏။
သို့ရာတွင် ထိုအချိန်မှာပင် ကျောက်ရုပ်ထုနှစ်ခုသည် ရုတ်တရက် သူတို့၏လက်များအတွင်းမှ ကျောက်ဓားများကိုမြှောက်ကာ အင်အားကုန်ရှေ့သို့လွှဲယမ်းလိုက်ကြသည်။
"ဘုန်း...ဘုန်း..."
ထက်ရှသောဓားချီစွမ်းအားသည် ရုတ်တရက် ပွင့်အံ့ထွက်လာပြီး မြေပြင်ကို ဆုတ်ဖြဲလိုက်သည်။ ရှေ့ဆုံးတွင်ရှိနေသော ကျင့်ကြံသူဆယ်ယောက်ကျော်သည် ရှောင်တိမ်းရန် အချိန်မရှိခဲ့ကြချေ။ သူတို့သည် ဓားချီစွမ်းအားများ၏ ဖြတ်တောင်ခြင်းကို ခံရပြီး ချက်ချင်းဆိုသလိုပင် သွေးမြူခိုးများအဖြစ်သို့ ပြောင်းလဲသွားတော့သည်။
Chapter 5102
"တော်သေးတာပေါ့...."
ကံကောင်းစွာဖြင့် လွတ်မြောက်လာခဲ့သော ကျင့်ကြံသူများ၏မျက်နှာများပေါ်တွင် ထိတ်လန့်တုန်လှုပ်သော အမူအယာများ ရှိနေကြသည်။
သူတို့ လှည့်ကြည့်လိုက်ချိန်တွင် မြေပြင်ပေါ်၌ နက်ရှိုင်းသော ဓားရာနှစ်ခုကို တွေ့လိုက်ရသည်။ ဤသည်မှာ ရှင်ခြင်းနှင့်သေခြင်းကို ခွဲခြားထားသော ကောင်းကင်ဘုံချောက်နက်ကြီးနှစ်ခု ရှိနေသည့်အလားပင်။
ဓားချီနှစ်လှိုင်းကို မရှောင်တိမ်းနိုင်ခဲ့သောလူများသည် အသွေးအသားပုံတစ်ပုံအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး အချိန်တခဏအတွင်းမှာပင် လူနှစ်ရာကျော် သေဆုံးသွားခဲ့သည်။
အစောပိုင်းက လူအများ၏စိတ်လှုပ်ရှားနေမှုများသည် မကြုံစဖူးသော ထိတ်လန့်ကြောက်ရွံမှုအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
သူတို့သည် ဤနေရာသို့ ရောက်ရှိလာစဥ်မှစ၍ သတိကြီးစွာ ထားခဲ့ကြလေ၏။ သို့ရာတွင် သူတို့သည် နန်းတော်ရှေ့မှ တားမြစ်ချက်များကို ထိတွေ့မိမည်ဟု မမျှော်လင့်ထားခဲ့ကြသဖြင့် ကြီးမားသောထိခိုက်သေဆုံးမှုများကို ဖြစ်ပေါ်စေခဲ့သည်။
"ဒါက အတိတ်က မြေအောက်လောကတာအိုသခင် ချန်ထားခဲ့တဲ့ နည်းစနစ်တွေပဲ ဖြစ်ရမယ်... အဲ့ဒီကျောက်ရုပ်ထုနှစ်ခုမှာ စိတ်ဝိညာဉ်တွေရှိတယ်...နန်းတော်ကို သတ်မှတ်ထားတဲ့အတိုင်းအတာအထိ တိုက်ခိုက်ခံရတာနဲ့ သူတို့က နိုးထလာပြီးတော့ တိုက်ခိုက်မှုတစ်ခုကို ထုတ်လွှတ်ကြလိမ့်မယ်"
ထိပ်သီးကျင့်ကြံသူတစ်ဦး၏မျက်နှာအမူအယာသည် အလွန်အမင်း ဆိုးရွားနေပေ၏။ ယခင်က သူ ခေါ်ဆောင်လာခဲ့သော တပည့်များအားလုံး ထိခိုက်သေဆုံးမှုများနှင့် ရင်ဆိုင်ခဲ့ရသည်။
"မြေအောက်လောက တာအိုသခင်က နတ်ဆိုးကျင့်ကြံသူဖြစ်တာကြောင့် သူ ချန်ထားခဲ့တဲ့နည်းလမ်းတွေက တော်တော်လေး ရက်စက်ကြမ်းကြုတ်မှာပဲ...အတိတ်က သူ့ကို စော်ကားခဲ့တဲ့လူတွေအားလုံး ဘယ်သူမှ ကောင်းကောင်းမနေနိုင်ခဲ့ဘူး....သူ သေသွားရင်တောင် သူ ချန်ထားခဲ့တဲ့ သတ်ဖြတ်ခြင်းနည်းစနစ်တွေက ရိုးရှင်းမှာမဟုတ်ဘူး"
တခြားထိပ်သီးကျင့်ကြံသူတစ်ဦးက ပြောဆိုသည်။
လူအများသည် ချက်ချင်းဆိုသလိုပင် တွေဝေတုံ့ဆိုင်းသွားပေ၏။
မြေအောက်လောက တာအိုသခင်ချန်ထားခဲ့သော အမွေအနှစ်သည် အမှန်တကယ်ကို အလွန်ဆွဲဆောင်နိုင်မှုရှိသော်လည်း သူတို့သည် ထိုအရာကိုရရှိနိုင်ရန် အသက်ရှင်သန်နေရပေမည်။
"တာအိုသခင်အဆင့် ထိပ်သီးကျင့်ကြံသူတွေဖြစ်ရင်တောင် ဒီနေရာကို ဝင်ချင်ရင် သတိထားရမှာကို ငါ စိုးရိမ်တယ်...ငါတို့ဆိုရင် ထည့်ပြောဖို့တောင် မလိုတော့ဘူး"
"ငါတို့ ဘာမှမတတ်နိုင်ပဲ ဒါကို ကြည့်နေရမှာလား....ငါတို့က ရတနာတောင်ကြီးကို မြင်နေရတာတောင် မဝင်နိုင်ဘူးလား...."
လူများအားလုံးသည် အကြိမ်ကြိမ် သက်ပြင်းရှိုက်လိုက်ကြပြီး အစောပိုင်းက သူတို့၏တက်ကြွနေသောစိတ်ဓာတ်များ လုံးလုံးလျားလျား ဆုံးရှုံးသွားကြသည်။
ဤနန်းတော်သည် အသွင်အပြင်သက်သက်ဖြင့်ပင် ထူးခြားဆန်းကြယ်ပုံရပေ၏။ ဤသည်မှာ အလွန်မြင့်မြတ်သော မှော်ရတနာတစ်ခုပင်။ ဤနေရာအတွင်း၌ သိုဝှက်ထားသောအရာများသည် အမှန်တကယ်ကို တုန်လှုပ်ချောက်ချားဖွယ် ကောင်းပေမည်။
သူတို့ လက်မခံနိုင်ဆုံးမှာ ဤနေရာတွင် ဂူစံအိမ်တစ်ခု ထွက်ပေါ်လာသည့်သတင်း မကြာမီ ပျံ့နှံ့သွားမည့် ကိစ္စပင်။ ထိုအချိန်ကျပါက ကောင်းကင်ဘုံနယ်မြေတခွင်လုံးရှိ လူများအားလုံး ထိုအကြောင်းကို သိရှိသွားပေလိမ့်မည်။
သူတို့သည် စောစီးစွာ ရောက်ရှိလာခဲ့ကြသော်လည်း အကယ်၍ ယခုချိန်၌ သူတို့သည် ဤဂူကို မဖွင့်နိုင်လျှင် ပို၍ပို၍များပြားသောဂိုဏ်းအင်အားစုများ ရောက်ရှိလာပေလိမ့်မည်။ လူများလာသည်နှင့်အမျှ သူတို့ထံတွင် ပို၍ပင် အခွင့်အရေးနည်းသွားပေမည်။
"အဲ့ဒီဓားရာနှစ်ခုက အကွာအဝေးကန့်သတ်ချက်ဖြစ်ပုံပဲ...ငါတို့တွေ အဝေးကနေ တိုက်ခိုက်ကြည့်ရအောင်.."
"မင်းတို့ရဲ့နည်းစနစ်တွေအားလုံးကို အသုံးပြုပြီးတော့ အတားအဆီးကို မြန်မြန်ဖွင့်ကြစမ်း"
မမြင်နိုင်သောဖိအားတစ်ရပ်သည် လူများအားလုံး၏အာရုံကြောများပေါ်သို့ ဖိနှိပ်ထားသည့်အလားပင်။
ဂိုဏ်းအင်အားစုများမှ ကျင့်ကြံသူများသည် မည်သည့်အရာကိုမျှ ဖုံးကွယ်မထားတော့ချေ။ သူတို့အားလုံးသည် သူတို့၏အပြင်းထန်ဆုံးနည်းလမ်းများကို အသုံးပြု၍ တံခါးကို တိုက်ခိုက်လိုက်ကြ၏။
ဘုန်း...ဘုန်း...ဘုန်း...
အချိန်တခဏအတွင်းမှာပင် မှော်မန္တာန်များ၏အလင်းတန်းများသည် မိုးကောင်းကင်ကို လင်းထိန်သွားစေပြီး နားကွဲလုမတတ်အသံများကို နေရာတိုင်းတွင် ပဲ့တင်ထပ်သွားစေသည်။
ခြုံပုတ်အတွင်းရှိ....
ချီလင်သည် သူ၏ရှေ့မှမြင်ကွင်းကို ကြက်သေသေသောအမူအယာဖြင့် စူးစိုက်၍ကြည့်နေသည်။ သူ၏မျက်နှာပေါ်တွင် ထိတ်လန့်ကြောက်ရွံ့သော အမူအယာတစ်ရပ် ထင်ဟပ်လာပေ၏။
"ကြောက်ဖို့ကောင်းလိုက်တာ...ကံကောင်းလို့သာ ငါက ဥာဏ်ကောင်းသွားပြီးတော့ အလျင်စလို ပြေးမသွားခဲ့မိလို့သာပဲ... ငါသာ ငါ့ရဲ့ခန္ဓာကိုယ်ကိုသုံးပြီး ရတနာတွေကိုရှာခဲ့ရင် အခုအချိန်မှာ ငါရဲ့အလောင်းတောင် အပြည့်အစုံကျန်ခဲ့မှာ မဟုတ်ဘူး"
လုယွီသည် ဤနန်းတော်ကို ကြည့်ပြီး နက်ရှိုင်းသောအတွေးများအတွင်းသို့ ကျရောက်သွားသည်။
"သူတို့ရဲ့နည်းလမ်းက မှားနေတယ်... ငါ့ရဲ့ဒီနန်းတော်ကို အရိုင်းဆန်တဲ့ခွန်အားနဲ့ ဖွင့်လို့မရဘူး"
လုယွီက တည်ငြိမ်လေသံဖြင့် ပြောဆိုသည်။
"စီနီယာ...မင်း ခုဏက ဘာပြောလိုက်တာလဲ..."
ပတ်ဝန်းကျင်ရှိ တဝုန်းဝုန်းမြည်သံများသည် အလွန်ကျယ်လောင်သောကြောင့် ချီလင်သည် လုယွီ၏စကားကို ရှင်းရှင်းလင်းလင်း မကြားနိုင်ခဲ့ချေ။
ထိုအချိန်မှာပင် ယင်ချီစွမ်းအားများအကြားမှ ပုံရိပ်ယောင်များ ပျံသန်းထွက်လာပြီး သရဲတစ္ဆေစိတ်ဝိညာဉ်များအဖြစ်သို့ ပြောင်းလဲသွားကာ ကျင့်ကြံသူများထံသို့ ပြေးဝင်တိုက်ခိုက်လိုက်ကြသည်။
"သရဲတစ္ဆေတွေ..."
ကျင့်ကြံသူများအားလုံး ထိတ်လန့်သွားကြသည်။
ဤပုံရိပ်ယောင်ဖြင့် ထိမှန်ခဲ့သူတိုင်း၏မျက်နှာများ ချက်ချင်းဖြူဖျော့သွားကြပြီး သူတို့၏အသက်စွမ်းအားနှင့်သွေးများအားလုံး ဝါးမြိုခြင်းခံလိုက်ရသည့်အလားပင်။ သူတို့သည် အားအင်ချည့်နဲ့စွာဖြင့် မြေပြင်ပေါ်သို့ လဲကျသွားပြီး ခြောက်ကပ်သောအလောင်းများအဖြစ်သို့ ပြောင်းလဲသွားပေ၏။
ထိပ်သီးကျင့်ကြံသူများ၏မျက်နှာများ ဖြူဖျော့သွားကြသည်။ ဤနန်းတော်၏တားမြစ်ချက်များသည် အစဉ်အမြဲပြောင်းလဲနေပြီး သူတို့သည် ထိုအရာကို အနည်းငယ်မျှ ရှင်းရှင်းလင်းလင်း မမြင်နိုင်ကြပေ။
လုယွီသည် ရုတ်တရက် သက်ပြင်းရှည်ကြီးရှိုက်ပြီး ချုံပုတ်များအကြားမှ လျှောက်လှမ်းထွက်လာခဲ့သည်။
ချီလင်သည် ဤမြင်ကွင်းကိုမြင်တွေ့ချိန်၌ ထိတ်လန့်သွားသည်။ သူသည် အလျင်အမြန် ထိတ်လန့်တကြား အော်ဟစ်လိုက်၏။
"စီနီယာ... အပြင်မှာ အန္တရာယ်များတယ်...အခုချိန်မှာ အပြင်ကို မထွက်ပါနဲ့"
Chapter 5103
သို့ရာတွင် လုယွီသည် ချီလင်၏စကားကို မကြားသကဲ့သို့ ပြုမူပြီး နန်းတော်ထံသို့ ဆက်လက်၍ လျှောက်လှမ်းသွားသည်။
ချီလင်သည် တွေဝေတုံ့ဆိုင်းရန် အချိန်မရှိတော့ချေ။ ချမ်းသာကြွယ်ဝမှုသည် အန္တရာယ်အတွင်းမှ လာပေ၏။ လုယွီ ပြေးထွက်သွားသည်ကို မြင်တွေ့ချိန်၌ ချီလင်သည် အံ့ကြိတ်ပြီး လူသားအသွင်သို့ ပြောင်းလဲကာ သူ၏နောက်သို့ လိုက်ပါသွားသည်။
ဤအချိန်အခိုက်အတန့်တွင် ထိပ်သီးကျင့်သူအုပ်စုသည်လည်း သူတို့နှစ်ယောက် ရုတ်တရက်ထွက်ပေါ်လာသည်ကို သတိပြုမိသွားကြသည်။
လုယွီနှင့်ချီလင်တို့သည် ခြုံပုတ်များအကြားမှ လျှောက်လှမ်းထွက်လာကြ၏။ သူတို့ ထွက်လာသည်နှင့် ချက်ချင်းဆိုသလိုပင် တခြားလူများက ရှာဖွေတွေ့ရှိသွားသည်။
ချီလင်၏မျက်နှာပေါ်တွင် စိတ်လှုပ်ရှားသောအမူအယာတစ်ရပ် ရှိနေသည်။ သူသည် လုယွီ၏နံဘေးတွင် ထပ်ချပ်မကွာလိုက်ပါနေပြီး အဝေး၌မနေရဲချေ။ ဤထိပ်သီးကျင့်ကြံသူများသည် နန်းတော်ရှိတားမြစ်ချက်များကို တစ်စုံတစ်ခုမျှလုပ်နိုင်သော်လည်း သူ့ကို ကိုင်တွယ်ရန်မှာ သူတို့အတွက် ဆန်မုန့်တစ်ဖဲ့စားရသလောက်ပင်။
"ငါက ဘယ်သူတွေများလဲလို့ တွေးနေတာ..တကယ်တော့ လေလွင့်ကျင့်ကြံသူနှစ်ယောက် ဖြစ်နေတာကိုး...."
"သူတို့ကို သတ်ပစ်လိုက်ရမလား..."
လက်ရှိနေရာတွင်ရှိနေသော ကျင့်ကြံသူများအားလုံး မျက်မှောင်ကြုတ်ကြသည်။ သို့ရာတွင် သူတို့သည် သစ်ပင်များ၏နောက်ကွယ်မှ ဝိုးတဝါးထွက်ပေါ်နေသော လှိုဏ်ဂူလမ်းကြောင်းကို မြင်တွေ့ချိန်၌ မည်သည့်ကိစ္စများ ဖြစ်ပျက်နေသည်ကို နားလည်သွားကြသည်။
ဤလူနှစ်ယောက်သည် မတူညီသောလမ်းမှ လာခဲ့ကြသည်မှာ သိသာထင်ရှားပေ၏။ သူတို့သည် ရှေ့မှ ယင်ချီစွမ်းအားအတားအဆီးကို ဖောက်ထွင်းဝင်ရောက်ခဲ့ခြင်းမပြုဘဲ လမ်းငယ်လေးတစ်ခုအတိုင်း လျှောက်လှမ်းခဲ့ကြသည်။
သန့်စင်သောယန်နယ်မြေကို ဦးဆောင်နေသောအကြီးအကဲက ပြောဆိုသည်။
"သူတို့ကို ဖြတ်သွားခွင့်ပေးလိုက်ပါ....ငါတို့အတွက် ကင်းထောက်ဖို့ အခွင့်အရေးကောင်းတစ်ခုပဲ"
တခြားဂိုဏ်းများမှ ထိပ်သီးကျင့်ကြံသူများ အချင်းချင်းကြည့်ပြီး ခေါင်းညိတ်လိုက်ကြ၏။
သူတို့သည် နန်းတော်၏တားမြစ်ချက်များကြောင့် ထိတ်လန့်ကြောက်လန့်နေကြပြီး ဂိုဏ်းအင်အားစုအများစုသည် ကြီးမားသောဆုံးရှုံးမှုများကို ခံစားခဲ့ရသည်။ ဤအချိန်တွင် အလျင်စလိုသွားရောက်ခြင်းသည် မကောင်းသောအကြံတစ်ခုဖြစ်ပြီး အကောင်းဆုံးရလဒ်မှာ တစ်စုံတစ်ယောက်က ရှေ့မှကင်းထောက်ခြင်းပင်။
မြင့်မားသောနန်းတော်တစ်ခုက ရုတ်တရက် လုယွီ၏ရှေ့တွင် ထွက်ပေါ်လာသည်။
ရှည်လျားသောကျောက်လှေကားတစ်ခုသည် နန်းတော်၏ရှေ့တံခါးမှ အဝေးတစ်နေရာသို့ ဆန့်တန်းနေသည်။ ပြောက်ကျားနံရံများပေါ်တွင် မှော်သင်္ကေတအက္ခရာများရှိနေပြီး ခပ်ဖျော့ဖျော့အလင်းတန်းများဖြင့် တောက်ပနေပေ၏။ မှောင်မိုက်သော အရှိန်အဝါတစ်ရပ်သည် နန်းတော်၏နက်ရှိုင်းသောနေရာတွင် ပျံ့နှံ့နေသည်။
အံ့အားသင့်စရာအကောင်းဆုံးမှာ လမ်း၏ဘေးနှစ်ဖက်တွင် မတ်တတ်ရပ်နေသော ဓားကိုင်ကျောက်ရုပ်တုများပင်။ ပြင်ပမှကြည့်လျှင် ထိုအရာများသည် သက်မဲ့အရာဝတ္ထုများကဲ့သို့ ဖြစ်သည်။ သို့ရာတွင် လေထုအတွင်း၌ ပျံ့နှံ့နေသော သွေးနံ့သည် သူတို့၏လူသတ်လိုစိတ်ကို ပေါ်လွင်စေပေ၏။
အဝေးမှ ကြေးနီတံခါးပေါ်တွင် သွေးကွက်များ ရှိနေပုံရသည်။ ယခင်က တစ်စုံတစ်ယောက်သည် ဤကြေးနီတံခါးထံသို့ ရောက်ရှိခဲ့သော်လည်း သူသည် အတွင်းသို့ ဝင်ရောက်နိုင်ခဲ့ခြင်းမရှိချေ။
"စီနီယာ....သေချင်နေတာလား...ခုဏက လူတွေအများကြီး ဝင်လို့မရခဲ့ဘူး...ငါတို့နှစ်ယောက်တည်းနဲ့ ထွက်လာတာက သေလမ်းရှာတာပဲ"
ချီလင်က စိုးရိမ်ပူပန်တကြီး ပြောဆိုသည်။
သူသည် ယခုချိန်၌ အနည်းငယ် နောင်တရနေလေပြီ။ မူလက လုယွီသည် သူ့ကို အားကောင်းသောအကူအညီတစ်ခု ပေးနိုင်မည်ဟု တွေးထင်ခဲ့သည်။ သို့ရာတွင် ကိစ္စများသည် သူ၏ဆန္ဒနှင့် ဆန့်ကျင်ဘက်ဖြစ်သွားလိမ့်မည်ဟု သူ တစ်ကြိမ်တစ်ခါမျှ မျှော်လင့်မထားခဲ့ချေ။ သူသည် သူ့ကိုယ်သူ ဖိအားပေး၍ အတင်းအကြပ် ရှေ့သို့တိုးခဲ့ရလေ၏။
လက်ရှိနေရာတွင်ရှိနေသော လူများအားလုံး၏ စောင့်ကြည့်နေသော အကြည့်များအောက်တွင် သူတို့ နောက်သို့တစ်လှမ်းဆုတ်လျှင် သေခြင်းတရားဖြစ်ကာ ရှေ့သို့ရွေ့လျှင် သူတို့၏အသက်အန္တရာယ်ထိခိုက်နိုင်ခြေရှိသည်။ ချီလင်၏နှလုံးသားသည် သူ၏လည်ချောင်းဝသို့ ရောက်နေလုနီးပါးဖြစ်နေပြီး သူ အလွန်အမင်း စိတ်မသက်မသာဖြစ်ကာ ထိတ်လန့်ကြောက်ရွံနေပေ၏။
သို့ရာတွင် လုယွီ၏မျက်နှာအမူအယာသည် တည်ငြိမ်နေတဲပင်။ သူသည် သူ၏လက်ကိုဆန့်တန်းပြီး ကျောက်ရုပ်တုကိုပင် ထိတွေ့လိုက်သည်။
"စီနီယာ... ကျေးဇူးပြုပြီး သေလမ်းမရှာပါနဲ့... ငါ တောင်းပန်ပါတယ်"
ချီလင်သည် ဒူးထောက်မိလုနီးပါး ဖြစ်သွားသည်။
လုယွီ၏လုပ်ရပ်များသည် ဤနန်းတော်ကို သူ၏မျက်လုံးအတွင်းတွင် လုံးလုံးလျားလျား မထည့်ထားချေ။
သို့ရာတွင် လုယွီ၏အကြည့်သည် ကျောက်ရုပ်ထုနှစ်ခုပေါ်တွင် စူးစိုက်၍ကျရောက်နေဆဲပင်။
ဤကျောက်ရုပ်ထုနှစ်ခု၏မူလအစကို သူတစ်ဦးတည်းသာ သိရှိထားပေ၏။
"မေ့လိုက်တော့.... ငါ့ရဲ့အရင်ဘဝက ရန်ငြိုးတွေ ပျောက်ကွယ်သွားပြီ ဒီကိစ္စပြီးသွားတာနဲ့ ငါမင်းတို့ကို လွှတ်ပေးမယ်"
လုယွီသည် လေဟာနယ်နှင့် စကားပြောနေသည့်အလား တီးတိုးရေရွတ်လိုက်သည်။
လုယွီ၏အသံ ပျောက်ကွယ်သွားသည်နှင့် ကျောက်ရုပ်တုနှစ်ခု၏မျက်လုံးများအတွင်းတွင် ထူးဆန်းသောအလင်းရောင်တစ်ခု လင်းလက်သွားသည်ကို မည်သူမျှ သတိမပြုမိခဲ့ချေ။
ထို့နောက် လုယွီသည် ကျောက်လှေကားများကို တက်သွားပြီး နန်းတော်တံခါးရှေ့သို့ ရောက်ရှိသွားသည်။
"သူ တကယ်ပဲ တက်သွားတာလား..."
"ကျောက်လူသားတွေက သူ့ကို မတိုက်ခိုက်ခဲ့ဘူးလား....ဘယ်လိုဖြစ်နိုင်မှာလဲ... ငါတို့ ခုဏက ကြိုးစားခဲ့တာတောင် မအောင်မြင်ခဲ့ဘူးလေ"
ဤမြင်ကွင်းကို မြင်တွေ့ချိန်၌ ထိပ်သီးကျင့်ကြံသူများ၏မျက်နှာများပေါ်တွင် မယုံကြည်နိုင်သောအမူအယာများ ထင်ဟပ်လာသည်။
ကျင့်ကြံသူတချို့သည် သူတို့၏လက်များကိုပွတ်သပ်ပြီး လုယွီ၏နောက်မှ ဝင်ရောက်ရန် ပြင်ဆင်နေကြ၏။
Chapter 5104
"စောင့်ကြည့်ကြရအောင်... ဒါက အဲ့ဒီလောက်ထိ ရိုးရှင်းမယ်လို့ ငါ မထင်ဘူး..."
သန့်စင်သောယန်နယ်မြေ၏အကြီးအကဲက ရုတ်တရက် တည်ကြည်လေးနက်သောအသံဖြင့် ပြောဆိုသည်။
အကြီးအကဲက ထိုသို့ပြောဆိုသည်ကို ကြားချိန်တွင် ရှေ့သို့တစ်လှမ်းတိုးတော့မည့် ဂိုဏ်းတပည့်များသည် သူတို့၏ခြေလှမ်းများကို ချက်ချင်းရပ်တန့်လိုက်ကြ၏။
အစောပိုင်းက ကြောက်မက်ဖွယ်သတ်ဖြတ်မှုမြင်ကွင်းသည် သူတို့၏စိတ်အတွင်းတွင် စွဲထင်နေဆဲပင်။ ထိုလျှို့ဝှက်ဆန်းကြယ်သော တားမြစ်ချက်များ မည်သည့်နေရာမှ ထွက်ပေါ်လာမည်ကို မည်သူမျှမသိပေ။ အကယ်၍ သူတို့သည် ဤအချိန်တွင် မဆင်မခြင်ရှေ့သို့သွားပြီး တားမြစ်ချက်များကြောင့် ဒဏ်ရာရခဲ့လျှင် ဤသည်မှာ ထိုက်တန်မည်မဟုတ်ချေ။
"ဒီကောင်လေးက တော်တော်လေး လိမ္မာပါးနပ်တာပဲ....သူက ဘေးကနေ လမ်းရှာဖို့ တကယ်ကြီး ရွေးချယ်ခဲ့တယ်... ကံမကောင်းစွာနဲ့ ဒီနေရာမှာ တားမြစ်ချက်တွေ အရမ်းများတယ်... ဒါက အတိတ်က တာအိုသခင်တစ်ယောက်ရဲ့ဂူဖြစ်ပြီးတော့ သတ်ဖြတ်ခြင်းဝင်္ကပါတွေနဲ့ ပြည့်နေတယ်.... သူ မကြာခင် သေတော့မယ်လို့ ငါ ထင်တယ်"
ထိုစကားကိုပြောဆိုသူမှာ စိတ်ဝိညာဉ်သိုင်းနန်းတော်မှ ကောင်းကင်အဆင့် အကြီးအကဲတစ်ယောက်ပင်။
စိတ်ဝိညာဉ်သိုင်းနန်းတော်၏ ရုပ်ခန္ဓာကိုယ်ကျင့်ကြံသူများကို ကောင်းကင် မြေကမ္ဘာ အနက်နှင့် အဝါ ဟူ၍ အဆင့်လေးဆင့်ခွဲခြားထားသည်။ သူတို့အနက်တွင် ကောင်းကင်အဆင့်ကျင့်ကြံသူများသည် အလွန်အစွမ်းထက်ပေ၏။ သူတို့သည် စီနီယာအကြီးအကဲများအဆင့်တွင် ရှိသည်။ သူတို့သည် အဆင့်အတန်းမြင့်မားရုံသာမက အလွန်အစွမ်းထက်ကြသည်။
"ဒီနေရာက သတ်ဖြတ်ခြင်းဝင်္ကပါက ပြောင်းလဲသွားပုံပဲ....ငါတို့က အတင်းအကြပ်မတိုက်ခိုက်သရွေ့ အနည်းဆုံးတော့ ကြေးနီတံခါးရှေ့မှာ မတ်တတ်ရပ်နိုင်လိမ့်မယ်...."
"အဲ့ဒီကောင်လေး ဘယ်လိုသေမလဲ ကြည့်ကြရအောင်...ငါတို့က ဒါကို ဥပမာတစ်ခုအဖြစ်လည်း ယူနိုင်တယ်..."
လူအများစု၏မျက်နှာများပေါ်တွင် အေးစက်သောအပြုံးများ ရှိနေကြသည်။ သူတို့သည် ယခင်က နည်းလမ်းအမျိုးမျိုးကို အသုံးပြုခဲ့ကြသော်လည်း ဤနန်းတော်ကို တစ်စုံတစ်ခုမျှ မလုပ်နိုင်သေးချေ။ ဤှလူငယ်သည် အညတရလေလွင့်ကျင့်ကြံသူတစ်ဦး ဖြစ်ပုံရပေ၏။ သူသည် နန်းတော်အတွင်းသို့ မည်သည့်နည်းဖြင့် ထွင်းဖောက်ဝင်ရောက်နိုင်မည်နည်း။
လုယွီ၏နံဘေးမှ ချီလင်ပင်လျှင် စိတ်မသက်မသာခံစားနေရသည်။
"စီနီယာ....ငါတို့ အန္တရာယ်တစ်ခုခုနဲ့ မကြုံတွေ့ရလောက်ဘူး မဟုတ်လား"
ချီလင်က နံဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်၏။
လုယွီသည် ခေါင်းခါပြပြီးနောက် သူ၏မျက်လုံးအကြည့်သည် နန်းတော်၏ရှေ့မှ လက်ဝါးရာတစ်ခုပေါ်သို့ ကျရောက်သွားသည်။
ထိုလက်ဝါးရာသည် အလွန်နက်ရှိုင်းပြီး ကြေးနီတံခါးအတွင်းသို့ နက်ရှိုင်းစွာ နစ်ဝင်နေသည်။ ထိုအရာ၏ပုံပန်းသွင်ပြင်ကို ကြည့်ရုံဖြင့် ဤလက်ဝါးရိုက်ချက်၏အစွမ်းသည် ထိုစဥ်က မည်မျှထိပြင်းထန်ခဲ့သည်ကို ခန့်မှန်းနိုင်ပေ၏။
သို့ရာတွင် လက်ဝါးရာသည် အားကောင်းသော်လည်း တံခါးကို မဖောက်ထွင်းနိုင်ခဲ့ဘဲ လက်ဝါးရာတစ်ခုသာ ချန်ထားနိုင်ခဲ့သည်။
"မြေအောက်လောက သံသရာနန်းတော်..."
"အတိတ်တုန်းက ဒီနန်းတော်ကို ဖန်တီးမယ့် ပစ္စည်းတွေရှာဖို့ ငါက မြေအောက်လောကရဲ့ အရမ်းမှောင်မိုက်တဲ့ မြေတွေကို သွားပြီးတော့ ကြက်သွေးရောင်သန့်စင်ကြေးနီကို ရှာဖွေပြီး နန်းတော်ကို သန့်စင်ခဲ့တယ်....ဒီနန်းတော်က ငါ့ရဲ့ကြိုးစားပမ်းစားအားထုတ်မှု တစွန်းတစနဲ့ ပေါင်းစပ်ထားတယ်.... ဒါကြောင့် မင်းတို့က ဒီလိုမျိုး ဖျက်ဆီးပစ်ခွင့်ကို ငါက ဘယ်လိုလုပ်ပြီး ခွင့်ပြုနိုင်မှာလဲ..."
လုယွီသည် ထိုစဥ်က ဆုံးဖြတ်ချက်တစ်ခုကို ပြန်လည်အမှတ်ရလိုက်ပြီး သူ၏စိတ်နှလုံးသားအတွင်းတွင် စိတ်သက်သာရာရသွားသကဲ့သို့ ခံစားလိုက်ရသည်။
အကယ်၍ သူသာ ထိုစဥ်က တင်းကျပ်သောစံနှုန်းဖြင့် တည်ဆောက်ခဲ့ခြင်းမရှိလျှင် ဤမြေအောက်လောကသံသရာနန်းတော်သည် ယခုအချိန်တွင် ဖောက်ထွင်းခံရပြီးဖြစ်မည်ကို သူ စိုးရိမ်မိပေ၏။
လုယွီ အတိတ်ဘဝက ပိုင်ဆိုင်ခဲ့သော နန်းတော်အမျိုးအစား မှော်ရတနာဖြစ်သည့် မြေအောက်လောကသံသရာနန်းတော်ကို ရှန်လင်းလုံက အောက်ဘုံသို့ ပို့ဆောင်ခဲ့သည်။ ယခုချိန်တွင်မူ ဤနန်းတော်သည် လူရိုင်းနယ်စပ်ကြယ်မြစ်တွင် ထွက်ပေါ်လာခဲ့သည်။
"ဘယ်သူလုပ်ခဲ့တာလဲ...ရှန်လင်းလုံလား..."
လုယွီသည် ရုတ်တရက် ခေါင်းမော့ပြီး ကြေးနီတံခါးပေါ်သို့ သူ၏လက်ကို ညင်သာစွာ တင်လိုက်၏။
အနက်ရောင်ကြေးနီတံခါးထိပ်တွင် ရုတ်တရက် အလင်းတန်းတစ်တန်း လင်းလက်သွားပြီး မှော်စွမ်းအားအလင်းကြောင်းများ ထိုအရာပေါ်တွင် စုစည်းသွားသည်။
ထူထပ်သိပ်သည်းသော မှော်သင်္ကေတအက္ခရာများ ဖားလောင်းများအလား ထွက်ပေါ်လာပြီး အလွန်အမင်းအားကောင်းသော ဖိအားအရှိန်အဝါတစ်ရပ် ရုတ်တရက် ပွင့်အံ့ထွက်လာသည်။ ဤသည်မှာ အိပ်မောကျနေသော ဧရာမသားရဲတစ်ကောင် နိုးထလာသည့်အလားပင်။
ဤနန်းတော်သည် လုယွီ၏အတိတ်ဘဝတွင် သူ သန့်စင်ခဲ့သော မှော်ရတနာများအနက်မှ တစ်ခုပင်။ ထိုအရာသည် တိုက်ခိုက်ရေးမှော်ရတနာမဟုတ်သော်လည်း အဆင့်နိမ့်ပစ္စည်းတစ်ခုမဟုတ်ဘဲ လက်နက်စိတ်ဝိညာဉ်တစ်ခုကိုပင် ပိုင်ဆိုင်ထားသည်။ လုယွီသည် ဤနန်းတော်ကို သန့်စင်ခဲ့သူဖြစ်သောကြောင့် ဤအရာ၏အခြေအနေကို သူ့ထက်ပို၍ နားလည်သူမရှိချေ။
ချီလင်သည် ထိုသင်္ကေတအမှတ်အသားများ ထွက်ပေါ်လာသည်ကို မြင်တွေ့ချိန်၌ အလွန်အမင်း ထိတ်လန့်သွားပေ၏။
"စီနီယာ....ငါတို့ နည်းနည်းနောက်ဆုတ်ကြစို့..."
သူသည် ဤနန်းတော်ထံမှ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ရပ်ကို ခံစားလိုက်ရသည်။
ပြင်ပမှကြည့်နေသော လူများပင်လျှင် ဤမြင်ကွင်းကို မြင်တွေ့ချိန်၌ သူတို့၏မျက်နှာအမူအယာများ ပျက်ယွင်းသွားသည်။
Chapter 5105
"ကြီးကျယ်ခမ်းနားတဲ့ မြေအောက်လောကတာအိုသခင်ရဲ့ဂူကို ဒီလောက်လွယ်လွယ်နဲ့ ဖွင့်နိုင်မှာလား...ဒီလူငယ်လေးက အရမ်းနုံအတာပဲ သူက တံခါးကို ခေါက်ရုံလောက်နဲ့ ဖွင့်ချင်နေတာ... ဒါက သူ့မှာ လိုချင်တပ်မက်မှုတွေ များနေတာပဲ"
"ဒါပေမဲ့ သူ ခုဏက အဲ့ဒီနေရာကို သွားနိုင်ခဲ့တယ်.... သူ့ကို ဝင်္ကပါကတောင် မတားဆီးခဲ့ဘူး....ခုဏက ဝင်ခဲ့တဲ့လူတွေ အရမ်းများလွန်းလို့လည်း ဖြစ်နိုင်တယ်...ငါတို့တွေက လူနှစ်ယောက်လောက်ပဲ ပူးပေါင်းပြီး ဝင်္ကပါကို ဖြတ်သန်းကြည့်ရအောင်"
ကျင့်ကြံသူတချို့သည် အစောပိုင်းက လုယွီ၏အတွေ့အကြုံကို မှီငြမ်းပြီး ဝင်္ကပါ၏စည်းမျဉ်းတချို့အပေါ် တဖြည်းဖြည်း ကောက်ချက်ချလာကြသည်။
စိတ်ဝိညာဉ်သိုင်းနန်းတော်၏ အကြီးအကဲက အေးစက်စက်နှာမှုတ်ပြီး ပြောဆိုသည်။
"ကြည့်ကြသေးတာပေါ့... ဒီကောင်လေးက အောင်မြင်စွာ ဖြတ်သန်းနိုင်ပေမဲ့ တံခါးပေါ်မှာ တားမြစ်ကန့်သတ်ချက်တစ်ခု ရှိနေတယ်.... သူက တံခါးကို မဆင်မခြင်ဖွင့်လိုက်ရင် တံခါးပေါ်က တားမြစ်ကန့်သတ်ချက်ကနေတဆင့် နန်းတော်က မကြာခင်မှာ သူ့ကို တိုက်ခိုက်လိမ့်မယ်"
ထိုသို့ပြောဆိုပြီးနောက် သူသည် သူ၏နောက်မှတပည့်များအား ပြောဆိုလိုက်၏။
"မင်းတို့တွေ ကာကွယ်ရေးဝင်္ကပါတစ်ခုကို ဖွဲ့စည်းကြစမ်း...မင်းတို့အားလုံး သတိထားရမယ်...."
"ဟုတ်ကဲ့..."
စိတ်ဝိညာဉ်သိုင်းနန်းတော်မှ သံချပ်ကာဝတ်ကျင့်ကြံသူများအားလုံး အတူတကွစုဝေးပြီး အဆုံးမဲ့သော သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများဖြင့် ပြည့်နှက်နေသည့် ဝင်္ကပါတစ်ခုကို ဖွဲ့စည်းလိုက်ကြသည်။
ဤကျင့်ကြံသူတစ်ဦးချင်းစီသည် ရုပ်ခန္ဓာကိုယ်ကျင့်ကြံသူများပင်။ သူတို့ အတူတကွမတ်တတ်ရပ်နေချိန်၌ သိပ်သည်းကြွယ်ဝသော သွေးချီစွမ်းအားများ မိုးကောင်းကင်ယံသို့ တဟုန်ထိုးမြင့်တက်သွားပြီး ဝံပုလွေအုပ်စုတစ်စု စုဝေး၍မတ်တတ်ရပ်နေသည့်အလားပင်။ ဤမြင်ကွင်းကိုမြင်တွေ့ချိန်၌ ပတ်ဝန်းကျင်ရှိ တခြားဂိုဏ်းများမှ ကျင့်ကြံသူများသည် ပေါ့ဆဝံ့ခြင်းမရှိတော့ဘဲ အကာအကွယ်ဝင်္ကပါတစ်ခုကို ဖွဲ့စည်းလိုက်ကြ၏။
သို့ရာတွင် လူတိုင်း ပြင်ဆင်နေစဉ်မှာပင်....
ခရက်...
ကြည်လင်သောအသံတစ်သံ ထွက်ပေါ်လာကာ စက်ယန္တရားတစ်ခု ပျက်စီးသွားသည့်အလားပင်။
ရုတ်ချည်းဆိုသလိုပင် တံခါးကိုသော့ခတ်ထားခဲ့သော တားမြစ်ကန့်သတ်ချက်သည် ချိုးဖျက်ခြင်းခံလိုက်ရပြီး ကြေးနီတံခါးသည် တဂျိမ်းဂျိမ်းမြည်သံနှင့်အတူ ပွင့်သွားလေ၏။
ကြေးနီတံခါးဖွင့်သွားသည်နှင့် စူးရှတောက်ပသော အလင်းတန်းများသည် သူတို့၏မျက်လုံးများရှေ့တွင် ချက်ချင်းထွက်ပေါ်လာသည်။
"ဒါက..."
လူအများသည် လေအေးတစ်ချက် ရှိုက်မသွင်းဘဲ မနေနိုင်တော့ချေ။
သူတို့ရှေ့မှ နန်းတော်အတွင်းတွင် ရတနာများဖြင့် ပြည့်နှက်နေသည်။ ထိုရတနာများသည် တောင်ငယ်တစ်လုံးစာမျှ စုပုံနေပြီး အလွန်ခမ်းနားထည်ဝါပေ၏။
ဤနေရာသို့ ရောက်လာနိုင်သူများသည် သူတို့၏သက်ဆိုင်ရာဂိုဏ်းများတွင် အဆင့်အတန်းမြင့်မားသည်ဟု သတ်မှတ်နိုင်သည်။ သို့ရာတွင် သူတို့ရှေ့မှ မြင်ကွင်းကို မြင်တွေ့ချိန်၌ သာမန်လူတစ်ယောက် ရုတ်တရက် မိုးကောင်းကင်ယံ၌ ပျံသန်းပြီး မြေကြီးအတွင်းသို့ ငုပ်လျှိုးသွားသော ကျင့်ကြံသူတစ်ဦးကို မြင်လိုက်ရသည့်အလားပင်။ သူတို့ မြင်တွေ့နေရသောမြင်ကွင်းသည် အတော်ပင် ထူးဆန်းလှသည်။
မြေအောက်လောကတာအိုသခင်၏ရတနာများ...
အတိတ်တွင် မြေအောက်လောကတာအိုသခင်သည် လောကကြီးအတွင်းရှိ ထိပ်သီးကျင့်ကြံသူများအားလုံးကို စိန်ခေါ်ခဲ့သည်။ ထိုအချိန်တုန်းက သူ၏လက်တွင် မရေမတွက်နိုင်သော ထိပ်သီးကျင့်ကြံသူများ ကျဆုံးသွားခဲ့လေ၏။ ဤအကြောင်းအရင်းကြောင့်လည်း မြေအောက်လောက တာအိုသခင်သည် အတော်အသင့်များပြားသော ရတနာများကို စုဆောင်းနိုင်ခဲ့သည်။
သူ၏ရတနာများသည် ကောင်းကင်ဘုံနယ်မြေတခွင်လုံးတွင် ဒဏ္ဍာရီတစ်ခုအဖြစ် အစဥ်အမြဲ လက်ဆင့်ကမ်းဆင်းသက်လာခဲ့သည်။ လူအများသည် ထိုအကြောင်းကို ကြားဖူးရုံသာရှိသော်လည်း ရတနာများ၏အစစ်အမှန်တည်နေရာကို တစ်ကြိမ်တစ်ခါမျှ မမြင်ဖူးခဲ့ချေ။
ယခုချိန်တွင်မူ သူတို့သည် ဒဏ္ဍာရီလာ မြေအောက်လောကတာအိုသခင်၏ ဘဏ္ဍာတိုက်ကို နောက်ဆုံးတွင် မြင်တွေ့ခဲ့ရသည်။ ဤသည်မှာ အမှန်တကယ်ကို သူတို့အား အမြင်ကျယ်သွားစေခဲ့သည်။
သူတို့၏မျက်လုံးများအတွင်းသို့ ဝင်ရောက်လာသော အရာများကို သူတို့ ရှင်းရှင်းလင်းလင်းပင် မမှတ်မိနိုင်ကြချေ။ သို့ရာတွင် သူတို့၏အာရုံခံစားမှုများကို မှီခိုအားထားခြင်းဖြင့် ဤရတနာများသည် သာမန်ပစ္စည်းများမဟုတ်သည်မှာ သေချာကြောင်း သူတို့ သိရှိထားပေ၏။
"ငါ့နောက်ကို မြန်မြန်လိုက်ခဲ့ကြစမ်း...."
စိတ်ဝိညာဉ်သိုင်းနန်းတော်၏ အကြီးအကဲသည် ရှေ့သို့ပထမဆုံးပြေးဝင်တိုက်ခိုက်သူပင်။
သူ ရှေ့သို့ပြေးဝင်တိုက်ခိုက်သည်ကို မြင်တွေ့ချိန်၌ သူတို့သည် နောက်ကျကျန်ရစ်ရန် မလိုလားသဖြင့် ရှေ့သို့ချက်ချင်းပြေးဝင်သွားကြသည်။
အချိန်တခဏအတွင်းမှာပင် မရေမတွက်နိုင်သောပုံရိပ်များ ရိပ်ခနဲဖြစ်သွားပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် နန်းတော်၏ရှေ့တွင် ထွက်ပေါ်လာကြသည်။
သို့ရာတွင် ဤအခိုက်အတန့်မှာပင် ဘေးနှစ်ဖက်ရှိ ဓားကိုင်ကျောက်ရုပ်ထုများသည် လူများ၏အရှိန်အဝါများကို အာရုံခံမိသွားပေ၏။ ကျောက်ရုပ်ထုနှစ်ခု၏မျက်လုံးများ ချက်ချင်းလင်းလက်သွားပြီး အေးစက်စက်သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒကို ထုတ်လွှတ်လိုက်ကြသည်။
သန့်စင်သောယန်မြင့်မြတ်နယ်မြေ၏ အကြီးအကဲသည် ဤမြင်ကွင်းကို မြင်တွေ့ချိန်၌ ချက်ချင်းအော်ဟစ်လိုက်သည်။
"ကျောက်ရုပ်ထုတွေက အသက်ဝင်တော့မယ်... တစ်ကြိမ်တည်းနဲ့ လူအများကြီးမလွှတ်နဲ့"
လူများအားလုံးသည် ချက်ချင်းနာခံကြကာ သူတို့၏ခြေလှမ်းများကို ရပ်တန့်လိုက်ကြ၏။
သူတို့သည် နန်းတော်အတွင်းရှိရတနာများကို တပ်မက်ကြသော်လည်း ပြင်ပမှကျောက်ရုပ်ထုများ၏စွမ်းအားကို သူတို့ မှတ်မိနေဆဲပင်။
"မင်းတို့နှစ်ယောက်...ရှေ့ကနေ ကင်းထောက်သွားစမ်း...."
စိတ်ဝိညာဉ်သိုင်းနန်းတော်၏ အကြီးအကဲက သူ၏တပည့်နှစ်ဦးကို လက်ညှိုးညွှန်ပြီး အမိန့်ပေးလိုက်သည်။
ထိုတပည့်နှစ်ဦးသည် အနည်းငယ်မျှဖတုံ့ဆိုင်းခြင်းမရှိပေ။ သူတို့သည် လူအုပ်ကြီးကိုတွန်းဖယ်ပြီး နန်းတော်ထံသို့ လျှောက်လှမ်းသွားကြသည်။
Thank For Reading.