← Chapters

အခန်း (၅၁၂၆-၅၁၃၀)

Vol. 260 Ch. 5126-5130

အခန်း (၅၁၂၆-၅၁၃၀)

Vol. 260 Ch. 5126-5130

Chapter 5126

"အော်...မင်း ဘာလို့ ဒီလိုပြောရတာလဲ..."

လုယွီက တုံ့ပြန်ပြောဆိုလိုက်သော်လည်း သူ၏မျက်နှာအမူအယာသည် တည်ငြိမ်နေဆဲပင်။

အဘိုးအို၏မျက်နှာအမူအယာသည် ရုတ်တရက် ရုန့်ရင်းကြမ်းတမ်းပြီး ရက်စက်ကြမ်းကြုတ်လာပေ၏။

"မင်းတို့က နာမည်ကျော်ကြားအောင် လုပ်နိုင်ကြပြီးတော့ မြင့်မြတ်ပြီး အစွမ်းထက်တယ်... မင်းတို့လို ပါရမီရှင်တွေကို ငါ တကယ်သဘောမကျဘူး... မင်းတို့ကို ချေမှုန်းမှသာ ငါ့ရဲ့စိတ်နှလုံးသားထဲက အမုန်းတရားတွေကို ဖြေဖျောက်နိုင်လိမ့်မယ်"

အဘိုးအိုသည် ဤစကားများအနက် နောက်ဆုံးစကားလုံးအနည်းငယ်ကို ကျယ်လောင်စွာအော်ဟစ်လိုက်ခြင်းဖြစ်သည်။

သူ၏အသံသည် မိုးကြိုးပစ်ခတ်သကဲ့သို့ ပြင်းထန်ပြီး ဒေါသများဖြင့် ပြည့်နှက်နေသည်။ ဤသည်မှာ အလွန်ပြင်းထန်သော အမုန်းတရားတစ်ခုသည် မီးတောင်ပေါက်ကွဲလာသကဲ့သို့ ပွင့်အံ့ထွက်လာသည့်အလားပင်။

ကြီးမားသောအရိုးဖြူလက်များသည် ပြင်းထန်သောလေကို သယ်ဆောင်လာပြီး လေထုအတွင်းတွင် တဝီဝီအသံများမြည်ဟီးသွားသည်။ ပတ်ဝန်းကျင်ရှိ ယင်ချီများသည် အရိုးစုဖြူလက်များ၏လွှမ်းမိုးမှုကို ခံလိုက်ရပုံပင်။ ထိုအရိုးဖြူလက်များသည် တောင်တစ်လုံးကဲ့သို့ ရုတ်တရက် ကျဆင်းလာပြီး ကောင်းကင်ကို ဖျက်ဆီးပြီး မြေကြီးကို ပြိုလဲစေနိုင်သော စွမ်းအားတစ်ရပ် ပွင့်အံ့ထွက်လာသည်။

လုယွီက အေးစက်စက် နှာမှုတ်လိုက်သည်။ သူသည် သူ၏လက်ကိုမြှောက်ပြီး လက်သီးတစ်ချက် ထိုးနှက်လိုက်၏။

သိုင်းပညာအင်မော်တယ်တစ်ဦး၏သွေးချီစွမ်းအားများ သူ့ထံမှ ရုတ်တရက် ပွင့်အံ့ထွက်လာသည်။ အချိန်တခဏအတွင်းမှာပင် သူ၏လက်သီးစွမ်းအားသည် မိုးကောင်းကင်ယံသို့ရောက်ရှိသွားပြီး အရိုးဖြူလက်များကို ပြင်းထန်စွာ ထိုးနှက်လိုက်သည်။

ထူထပ်သိပ်သည်းစွာ စုပုံနေသော အရိုးဖြူလက်များ ချက်ချင်းကြေမွှပျက်စီးသွားသည်။

အနက်ရောင်ဝတ်စုံဝတ်အဘိုးအို၏နောက်မှ ကြီးမားသောအရိုးဖြူလက်များသည်လည်း သက်ရောက်ခြင်းခံရပြီး နောက်သို့ဆုတ်ခွာသွားပေ၏။

သို့ရာတွင် အနက်ရောင်ဝတ်စုံဝတ်အဘိုးအို၏ မျက်နှာပေါ်တွင် ရက်စက်ကြမ်းတမ်းသော အပြုံးတစ်ခု ထင်ဟပ်လာသည်။ သူသည် သူ၏လက်ညှိုးကို လုယွီထံသို့ ညွှန်ပြပြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။

"အရိုးတွေ နေရာတိုင်းမှာ ပေါက်ပွားစေ..."

ခရက်..ခရက်...ခရက်...

ပတ်ဝန်းကျင်ရှိ မိုးကောင်းကင်ယံတွင် အက်ကွဲသံများ ဆက်တိုက်ထွက်ပေါ်လာသည်။

ထူထပ်သိပ်သည်းသော အရိုးဖြူလက်များသည် ခမ်းနားထည်ဝါသော နန်းတော်တစ်ခုကဲ့သို့ မြေကြီးထဲမှ ထွက်ပေါ်လာပြီး လူတစ်ယောက်၏ဆံပင်ကို ထောင်ထသွားစေနိုင်သည်။

ထိုအရိုးဖြူလက်တစ်ခုစီသည် ကိုယ်ပိုင်အသက်ရှိသကဲ့သို့ အဆက်မပြတ် ဝှေ့ယမ်းနေပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် မိုးကောင်းကင်ယံသို့ တဟုန်ထိုး မြင့်တက်သွားသည်။

"ဘုန်း..."

လုယွီက အေးစက်စက် နှာမှုတ်လိုက်သည်။ သူသည် လက်ကိုမြှောက်ပြီး အရိုးဖြူလက်များထံသို့ လက်သီးတစ်ချက်ထိုးနှက်လိုက်သည်။ ထက်ရှသော လက်သီးစွမ်းအားသည် မိုးကောင်းကင်ယံကို ထိုးဖောက်ပြီး အရိုးဖြူလက်ထောင်ပေါင်းများစွာကို ကြေမွှပျက်စီးသွားစေသည်။

သို့ရာတွင် သူ၏ရှေ့မှ အရိုးဖြူလက်များ ကြေမွသွားချိန်၌ ရုတ်တရက် ကြီးမားသော အရိုးဖြူလက်တစ်ဖက်သည် လုယွီ၏နောက်မှ ထွက်ပေါ်လာပြီး သူ့ကို ရိုက်နှက်လိုက်သည်။

"ဟား ဟား ဟား..အရိုးဖြူကံကြမ္မာမီး လောင်ကျွမ်းစမ်း...."

အနက်ရောင်ဝတ်စုံဝတ်အဘိုးအိုသည် ရုတ်တရက် နားစည်ကွဲလုမတတ် အော်ဟစ်ရယ်မောလိုက်ပြီးနောက် အရိုးဖြူများပေါ်တွင် မီးတောက်ဖြူများ ပေါ်လာပြီး သူ၏စွမ်းအားကုန်အသုံးပြုကာ လောင်ကျွမ်းစေခဲ့သည်။

အချင်းဝက်မီတာတစ်ထောင်နယ်မြေအတွင်းတွင် ပြင်းထန်သောမီးတောက်များ ချက်ချင်းလောင်ကျွမ်းသွားသည်။ ကျင့်ကြံသူတချို့သည် အချိန်မီမလွတ်မြောက်နိုင်ခဲ့ဘဲ ချက်ချင်းဆိုသလိုပင် ပြာများအဖြစ်သို့ လောင်ကျွမ်းသွားခဲ့သည်။

"ဒါက တာအိုသခင်ရဲ့စွမ်းအားပဲ..."

"ကောလာဟလတွေအရ လုယွီက တာအိုသခင်တစ်ယောက်ကို တိုက်ခိုက်နိုင်တယ်ဆိုပေမဲ့ သူက အသက်အရမ်းငယ်နေတယ်...သူက တာအိုသခင်တစ်ယောက်နဲ့ ယှဥ်ပြိုင်နိုင်ဖို့ အလှမ်းကွာဟနေတုန်းပဲ"

လူအများသည် အချင်းချင်းဆွေးနွေးနေကြပြီး လုယွီအပေါ် အထင်ကြီးပုံမရချေ။

တာအိုသခင်တစ်ယောက်သည် ကောင်းကင်ဘုံရှိ ထိပ်တန်းတည်ရှိမှုများထဲမှ တစ်ခုဖြစ်သည်။

ကျင့်ကြံသူများစွာ၏မသိစိတ်အတွင်းတွင် ဤသည်မှာ အစွမ်းထက်ဆုံးတည်ရှိမှုကို ကိုယ်စားပြုသည်။

အခြားတစ်ဖက်တွင်မူ လုယွီသည် အသက်ငယ်ငယ်ရွယ်ရွယ်ဖြင့် နာမည်ကျော်ကြားလာပြီး ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းသော လုပ်ဆောင်ချက်များစွာ ရှိခဲ့သော်လည်း သူသည် နောက်ဆုံးတွင် တက်သစ်စကြယ်တစ်ပွင့်သာဖြစ်သည်။ လူအများသည် သူတို့၏စိတ်နှလုံးသားများအတွင်းတွင် သူ့အပေါ် ယုံကြည်ချက်မရှိကြချေ။

ဘုန်း....

လူများအားလုံး အံ့အားတသင့် အော်ဟစ်နေကြစဉ်မှာပင် ကံကြမ္မာမီးတောက်များဖြင့် လောင်ကျွမ်းနေသော အရိုးဖြူလက်သည် ရုတ်တရက် အက်ကွဲ သွားပေ၏။

ထိုလက်၏အက်ကွဲကြောင်းအတွင်းမှ လုယွီသည် အနက်ရောင်အရိပ်အဖြစ်သို့ ပြောင်းလဲပြီး ထွက်ပေါ်လာကာ မိုးကောင်းကင်ယံသို့ ပျံသန်းသွားသည်။ သူ၏အနက်ရောင်ဆံပင်များသည် ဖရိုဖရဲဖြစ်နေပြီး သူ၏မျက်လုံးများသည် လျှပ်စီးကဲ့သို့ တောက်ပနေကာ မိုးကောင်းကင်ယံတွင် မောက်မာထောင်လွှားစွာ မတ်တတ်ရပ်နေသည်။

"ဒီလိုတိုက်ခိုက်မှုမျိုးနဲ့ရင်ဆိုင်ရတာတောင် သူက အသက်ရှင်နေတုန်းပဲ..."

"သူ့မှာ ကြီးမားတဲ့ဂုဏ်သတင်းရှိတယ်...သူက ကျိုးမိသားစုကိုတောင် လက်အောက်ခံစေနိုင်ခဲ့တဲ့လူပဲ...မျှော်လင့်ထားတဲ့အတိုင်း သူ့မှာ အရည်အချင်းတချို့တော့ ရှိနေတယ်"

လူများအားလုံး ထိတ်လန့်တုန်လှုပ်သွားကြသည်။ အကယ်၍ လုယွီ၏နေရာတွင် သူတို့သာဖြစ်ခဲ့လျှင် တာအိုသခင်တစ်ယောက်၏တိုက်ခိုက်မှုကို ခုခံနိုင်မည်မဟုတ်ချေ။

သို့ရာတွင် လုယွီ၏ အနေအထားကို ကြည့်လျှင် သူသည် တိုက်ခိုက်မှုကို ချိုးဖျက်ပြီးနောက် အလွန်တည်ငြိမ်နေဆဲပင်။ သူသည် စွမ်းအားများစွာ အသုံးပြုခဲ့ပုံမရချေ။

လုယွီ၏လက်ယာဘက်လက်မှ သွေးစီးကြောင်း ငယ်လေးတစ်ခု ယိုစီးကျလာသည်။ လုယွီက မျက်မှောင်ကြုတ်လိုက်သည်။ မကြာမီမှာပင် သိုင်းပညာအင်မော်တယ်၏စွမ်းအား ထွက်ပေါ်လာပြီး ထိုဒဏ်ရာကို အလိုအလျောက် ပျောက်ကင်းသွားစေသည်။

Chapter 5127

ဤဖြစ်ရပ်သည် မထင်မရှားဖြစ်သော်လည်း အကဲခတ်ကောင်းသောလူတချို့က သတိပြုမိခဲ့ကြသည်။

"ငါ ထင်တဲ့အတိုင်းပဲ.... သူက ဒီလောက်ထိ ကောင်းကင်ဘုံကို ဆန့်ကျင်နိုင်မှာ မဟုတ်ဘူးလို့ ငါ ပြောခဲ့တယ်...သူက အစွမ်းထက်ပေမဲ့ ဒဏ်ရာရသွားတုန်းပဲ..."

"အဲ့ဒီအနက်ရောင်ဝတ်စုံဝတ်တာအိုသခင်က ဒဏ်ရာမရဘူး...တစ်ဖက်မှာတော့ လုယွီက ဒီအချိန်တလျှောက်လုံး ဖိနှိပ်ခံနေရပြီးတော့ သူက ဒဏ်ရာရသွားခဲ့တယ်...ဘယ်လိုပဲဖြစ်ဖြစ် သူက ငယ်သေးတယ်"

သို့ရာတွင် မည်သူကမျှ လုယွီကို အထင်မသေးဝံ့ကြချေ။ မည်သို့ပင်ဆိုစေကာမူ တာအိုသခင်တစ်ယောက်ကို တိုက်ခိုက်နိုင်သော ထိပ်သီးကျင့်ကြံသူတစ်ဦးအတွက် သူတို့ကိုနှိမ်နင်းရန်မှာ လွယ်ကူသောကိစ္စပင်။

မည်သို့ပင်ဆိုစေကာမူ လုယွီ၏ရှေ့မှ အဘိုးအိုသည် အစွမ်းထက်သော တာအိုသခင်တစ်ယောက်ပင်။

"ဒီတာအိုသခင်ရဲ့သဘောထားကို ကြည့်ရင် သူက လုယွီကို သတ်တော့မယ့်ပုံပဲ...တာယွီရဲ့ ဧကရာဇ်အသစ် ရုတ်တရက်ကြီး ပျောက်ကွယ်သွားရင် ဘာဖြစ်မလဲဆိုတာ ငါ သိချင်မိတယ်"

"ထိုက်ချမ်ဧကရာဇ် နန်းတက်တုန်းက သူက ကျိုးမိသားစုက ထိပ်သီးကျင့်ကြံသူတွေရဲ့ အကာအကွယ်ကို ခံယူခဲ့ရတုန်းပဲ.... ကောင်းကင်ဘုံဧကရီလင်းလုံတောင်မှ နတ်ဘုရားအမတ်ကြီးရှစ်ယောက်ရဲ့ အကာအကွယ်ကို ခံခဲ့ရတယ်...ဒါပေမဲ့ လုယွီမှာ သူ့ကို ကာကွယ်ပေးမယ့်သူဆိုလို့ ဘယ်သူမှမရှိဘူး... ဒီအချိန်အတောအတွင်းမှာ သူ လုပ်ခဲ့တဲ့ လုပ်ရပ်အားလုံးက ထိပ်သီးမိသားစုတွေရဲ့အခြေခံအကျိုးစီးပွားကို ချိုးဖောက်ခဲ့တယ်... လုမိသားစုတောင်မှ သူ့အတွက် ရပ်တည်ပေးမှာမဟုတ်ဘူး...သူက တကယ့်ကို အထီးကျန်တစ်ယောက်ပဲ"

လူအုပ်အကြားမှလူအများစုသည် အေးစက်စက် ရယ်မောနေကြ၏။ သူတို့သည် လုယွီ သေဆုံးသွားသည်ကို မြင်လိုကြသည်။

အကယ်၍ လုယွီသေဆုံးသွားပါက သူတို့၏ဂိုဏ်းအင်အားစုများသည် အထွတ်အထိပ်အခြေအနေသို့ ပြန်လည်ရောက်ရှိနိုင်ပြီး တော်ဝင်နန်းတွင်း၏ကန့်သတ်ခြင်းကို ခံရတော့မည်မဟုတ်ချေ။

"ဘယ်လိုဖြစ်ပြီး ဒီလို ဖြစ်သွားတာလဲ..."

ချီလင်သည် တုန်လှုပ်ချောက်ချားနေပြီး စကားမပြောနိုင်တော့ချေ။ သူသည် တိတ်တဆိတ် ထွက်ပြေးချင်သော်လည်း သူ၏လွတ်မြောက်ရာလမ်းကြောင်းများကို ဟခင်ကတည်းက ပိတ်ဆို့ခံထားရသည်အား တွေ့ရှိခဲ့သည်။

သူသည် ရုန့်ရင်းကြမ်းတမ်းသော စကားများကို ပြောဆိုခဲ့ပြီး ဂိုဏ်းအင်အားစုများ၏အာရုံစိုက်မှုကို ဆွဲဆောင်ခဲ့သည်။ ထိပ်သီးကျင့်ကြံသူတချို့သည် ဤချီလင်အား မည်ကဲ့သို့ခွဲဝေရမည်ကို စတင်၍ တိုင်ပင်နေကြလေပြီ။

ဟွမ်ထျန်းမြင့်မြတ်အရှင်မှာမူ သူ၏မျက်ခုံးများကို တင်းကြပ်စွာ တွန့်ချိုးထားသော်လည်း သူသည် အလွန်စိတ်လှုပ်ရှားနေခြင်းမရှိချေ။

အကယ်၍ ဤနေရာတွင် လုယွီအကြောင်းကို ပို၍သိရှိသူတစ်ဦး ရှိနေခဲ့မည်ဆိုလျှင် ထိုလူမှာ သူသာလျှင်ဖြစ်ပေမည်။

ချန်အန်းမြို့တွင် ဟွမ်ထျန်းမြင့်မြတ်အရှင်သည် လုယွီသည် ကျိုးမိသားစုဘိုးဘေး၏ ကိုယ်ပွားပုံရိပ်ယောင်ကို သတ်ဖြတ်ခဲ့ခြင်းအား သူ၏မျက်လုံးဖြင့် ကိုယ်တိုင်မြင်တွေ့ခဲ့ရသည်။ သူသည် ဒဏ္ဍာရီတစ်ခုအလား ထိပ်သီးကျင့်ကြံသူအမြောက်အများကို အနိုင်ယူခဲ့သည်။ ချန်အန်းမြို့အမွေအနှစ်အတွင်းရှိ တွေ့ဆုံမှုမှတဆင့် ဟွမ်ထျန်းမြင့်မြတ်အရှင်သည် လုယွီအပေါ် နက်ရှိုင်းသောအတွေးအမြင်မျိုး ရှိလာခဲ့သည်။

လက်ရှိအခြေအနေသည် အလွန်အန္တရာယ်များသော်လည်း ဟွမ်ထျန်းမြင့်မြတ်အရှင်သည် လုယွီက ဖြေရှင်းနိုင်မည်ဟု မသိစိတ်မှ ယုံကြည်နေဆဲပင်။

"ခုဏက ငါ့ရဲ့အရိုးဖြုလက်တွေကို ချိုးဖျက်ဖို့ မင်းက ကြီးမားတဲ့ အဖိုးအခကို ပေးဆပ်ခဲ့ရတယ်မဟုတ်လား... မင်း ဘယ်လိုထင်လဲ.. ထပ်ပြီးစမ်းကြည့်ချင်သေးလား...."

အနက်ရောင်ဝတ်စုံဝတ်အဘိုးအိုက ထူးဆန်းသောအသံဖြင့် ရယ်မောလိုက်သည်။ သူသည် လုယွီကို လှောင်ပြောင်သော အကြည့်ဖြင့် ကြည့်လိုက်၏။

အရိုးဖြူလက်ထောင်ပေါင်းများစွာသည် ပလ္လင်တစ်ခုအဖြစ် စုပုံနေပြီး အနက်ရောင်ဝတ်စုံဝတ်အဘိုးအိုသည် ထိုအရာပေါ်တွင် ထိုင်နေသည်။ ထူထပ်သိပ်သည်းသော ယင်ချီများသည် ပူပြင်းသောနေရောင်ခြည်ကို ဖုံးလွှမ်းသွားပြီး ပါ့ကျိုးတောအုပ်တစ်ခုလုံးသည် အမှောင်ထုအတွင်းတွင် နစ်မြုပ်သွားသည်။

ဤမြင်ကွင်းသည် နေ့ခင်းကြောင်တောင်တွင် သရဲတစ္ဆေများ သွားလာလှုပ်ရှားနေသည့်အလားပင်။ အရိုးဖြူလက်များသည် တောင်တစ်လုံးအဖြစ် စုပုံနေပြီး သရဲတစ္ဆေများ၏ငိုကြွေးမြည်တမ်းသံများသည် မိုးကောင်းကင်ယံတွင် ပဲ့တင်ထပ်နေပေ၏။

လုယွီက သူ၏လက်ယာဘက်လက်ကို တိတ်တဆိတ် ကြည့်လိုက်သည်။ ဤသည်မှာ သူ အစောပိုင်းက ဒဏ်ရာရခဲ့သောလက်ပင်။

"အရိုးဖြူဂိုဏ်း... ငါ တကယ်ပဲ မင်းကို အထင်သေးခဲ့မိတယ်"

လုယွီ၏မျက်နှာအမူအယာသည် ပြောင်းလဲသွားခြင်းမရှိချေ။ သူ၏မျက်လုံးအကြည့်သည် တည်ကြည်လေးနက်နေကာ သူသည် အဝေးမှ အဆုံးမရှိသော မိုးကောင်းကင်ယံကို ကြည့်လိုက်သည်။

"မြေအောက်လောကတာအိုသခင်ရဲ့ ရတနာတွေကို လိုချင်တဲ့ တခြားဘယ်သူမဆို အခုချက်ချင်းထွက်လာခဲ့စမ်း..."

လုယွီ၏အေးစက်စက် အသံသည် မိုးကောင်းကင်ယံအတွင်းတွင် ပဲ့တင်ထပ်သွားသည်။

သူ ထိုသို့ပြောဆိုလိုက်ချိန်၌ လူများအားလုံး မှင်သက်သွားကြသည်။

ဤနေရာပတ်ဝန်းကျင်တွင် တခြားလူများ ကျန်ရှိနေသလော...

ပတ်ဝန်းကျင်နေရာတဝိုက်လုံး တိတ်ဆိတ်ငြိမ်သက်နေသည်။ လုယွီက မျက်မှောင်ကြုတ်ပြီး ပြောဆိုလိုက်၏။

"ငါက ဒီနေရာမှာ အချိန်ဖြုန်းဖို့ ရည်ရွယ်ချက်မရှိဘူး...မင်းတို့အားလုံး ထွက်လာခဲ့စမ်း...ငါက မင်းတို့အားလုံးကို နှိမ်နင်းမယ်"

"မောက်မာလိုက်တာ...."

မိုးကောင်းကင်ယံ၏ အခြားတစ်ဖက်မှ ကျယ်လောင်သော အော်ဟစ်သံတစ်သံ ထွက်ပေါ်လာသည်။

လူများအားလုံးသည် ဤအသံကိုကြားချိန်၌ သူတို့၏နားစည်များ စူးရှနာကျင်လာမှုကို ခံစားလိုက်ရပြီး သူတို့၏ခေါင်းများ ပေါက်ကွဲထွက်လုမတတ်ပင်။

ရုတ်ချည်းဆိုသလိုပင် တောက်ပသော အလင်းတန်းတစ်တန်း မိုးကောင်းကင်ယံတွင် ဖြတ်ပြေးသွားသည်။ ဤသည်မှာ မျက်စိကျိန်းလုမတတ် အလွန်တောက်ပပြီး အရပ်မျက်နှာအဘက်ဘက်တွင် ထွန်းလင်းနေသည်။ ကျမ်းစာရွတ်ဆိုသံများသည် မိုးကောင်းကင်ယံတွင် ပဲ့တင်ထပ်နေပေ၏။ လျှို့ဝှက်ဆန်းကြယ်သော တည်ရှိမှုတစ်ခု၏ရောက်ရှိလာခြင်းကို ကြိုဆိုသည့်အလား ထူးဆန်းသော သဘာဝလွန်ပုံရိပ်ယောင်များ အရပ်မျက်နှာအဘက်ဘက်မှ ထွက်ပေါ်လာသည်။

Chapter 5128

ဤသည်မှာ လူခန္ဓာကိုယ် ဝံပုလွေခေါင်းရှိသည့် သန်မာထွားကျိုင်းသော နတ်ဆိုးသားရဲတစ်ကောင်ပင်။ သူသည် အရပ်ဆယ်မီတာကျော် မြင့်မားပြီး မိုးကောင်းကင်တွင် လူဘီလူးကြီးတစ်ကောင်အလား မောက်မာထောင်လွှားစွာ မတ်တတ်ရပ်နေသည်။

ထိုနတ်ဆိုးသားရဲ၏ရင်ဘတ်ပေါ်တွင် တောက်ပသော ဝံပုလွေခေါင်းပုံစံ အမှတ်အသားတစ်ခုရှိသည်။ မိုးကောင်းကင်ယံကိုကြည့်ကာ အူနေသော ဝံပုလွေပုံစံအမှတ်အသားမှနေ၍ အမြင့်မြတ်ဆုံး ဖိအားတစ်ရပ်ကို ထုတ်လွှတ်ထားပေ၏။ သူ ရှေ့သို့လျှောက်လှမ်းလာချိန်တွင် သူ၏နောက်မှ မြင့်မြတ်သောအလင်းတန်းများ တောက်ပစွာ ဖြာထွက်နေသည်။ အစွမ်းထက်ပြီးမြင့်မြတ်သောအလင်းတန်းများသည် လေထုအတွင်းတွင် ဖြောင့်တန်းသော လမ်းတစ်လမ်းအဖြစ် ဖွဲ့စည်းသွားသည်။

ဝံပုလွေခေါင်းနတ်ဆိုးသားရဲသည် မြင့်မြတ်သောအလင်းလမ်းကြောင်းကို နင်းလျှောက်လာပြီး သူ၏ကျောနောက်တွင် တောက်ပသော အလင်းဘီးတစ်ခု ထွက်ပေါ်လာသည်။ ထိုအရာသည် အလင်းတန်းများဖြင့် တဖျပ်ဖျပ်တောက်ပနေပေ၏။

လူရိုင်းနယ်စပ် ဝံပုလွေနတ်ဘုရား...

လူရိုင်းကြယ်မြစ်၏ ကျယ်ပြောသော နယ်မြေတွင် မရေမတွက်နိုင်သော လူရိုင်းမျိုးနွယ်စုများ နေထိုင်ကြသည်။ ထိုလူရိုင်းမျိုးနွယ်စုများသည် မတူညီသော နတ်ဘုရားများကို ယုံကြည်ကိုးကွယ်ကြသည်။

လုရိုင်းမျိုးနွယ်စုအနက်မှအများစုသည် နတ်ဘုရားများ၏ရုပ်တုများကို စိုက်ထူပြီး နေ့ရောညပါ ကိုးကွယ်ကြသည်။ သူတို့သည် နတ်ဘုရားများထံမှ စွမ်းအားကို ရရှိပြီး အရည်အသွေးပိုင်းဆိုင်ရာ ခုန်ပျံကျော်လွှားမှုကို ရရှိကြသည်။ ဥပမာအားဖြင့် နတ်ဘုရားလူရိုင်းမျိုးနွယ်စုသည် ကြယ်မြစ်အတွင်းရှိ ရှေးအကျဆုံး လူရိုင်းနတ်ဘုရားကို ယုံကြည်ကိုးကွယ်ကြသည်။ မျိုးနွယ်စုတွင် နတ်ဘုရား၏တပည့်များနှင့် ယဇ်ဆရာများလည်း ရှိသောကြောင့် နတ်ဘုရားလူရိုင်းမျိုးနွယ်စု၏အင်အားသည် အလွန်ကြီးမားပေ၏။

ဝံပုလွေနတ်ဘုရားသည်လည်း လူရိုင်းကြယ်မြစ်ရှိ ထိပ်တန်းနတ်ဘုရားတစ်ပါးဖြစ်သည်။

"လုယွီ... မြေအောက်လောကတာအိုသခင်ရဲ့ ဂူက ငါ့ရဲ့လူရိုင်းနယ်စပ်မှာ ပေါ်လာကတည်းက ဒါက ငါ့ရဲ့အပိုင် ဖြစ်သွားပြီ..မင်း ဒီလောက်ထိ တရားလွန်လာလို့ မရဘူး"

ဝံပုလွေနတ်ဘုရား၏အသံတွင် ထက်ရှသော သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများဖြင့် ပြည့်နှက်နေသည်။

"ဝံပုလွေနတ်ဘုရား... ဒီအရာက နင့်ရဲ့လူရိုင်းနယ်စပ်မှာ ရှိနေပေမဲ့ ဒါက မတော်တဆ ဒီနေရာကိုရောက်လာတာပဲ... ရတနာတွေက ကံကြမ္မာပါတဲ့သူတွေက ပိုင်ဆိုင်တာ...နင့်ရဲ့လူရိုင်းနယ်မြေတစ်ခုတည်းက ပိုင်ဆိုင်တာမဟုတ်ဘူး"

နောက်ထပ် ဓားအလင်းတန်းတစ်တန်း ဖြတ်ပြေးသွားပြီး အဖြူရောင်ဝတ်စုံဝတ် နတ်ဘုရားမတစ်ပါး လျှောက်လှမ်းလာသည်။ သူမ၏အဝတ်အစားများသည် လေထုအတွင်းတွင် တဖျတ်ဖျတ်လူးလွန့်နေပြီး သူမကိုကြည့်ရသည်မှာ နတ်မိမယ်တစ်ပါးနှင့် တူညီနေသည်။

ထိုနတ်ဘုရားမ၏မျက်လုံးများအတွင်းမှ ရွှေရောင်အလင်းတန်းများကို ထုတ်လွှတ်ထားပြီး သူမ၏ဖြူစင်ဝင်းပသော နဖူးပေါ်တွင် မြင့်မြတ်သော အမှတ်အသားတစ်ခု ရှိနေသည်။ သူမ၏အပြစ်အနာအဆာကင်းမဲ့သော အသားအရေမှ တောက်ပသောအရောင်အဝါကို ထုတ်လွှတ်ထားပေ၏။ သူမ၏ခန္ဓာကိုယ်အရေပြားသည် ကျောက်စိမ်းဖြူကဲ့သို့ နူးညံချောမွတ်သည်။

သူမ၏ကျောက်စိမ်းကဲ့သို့ နူးညံချောမွတ်သော ခြေထောက်များသည် တိမ်တိုက်များကို ညင်သာစွာ ထိတွေ့ပြီး လှပချောမောစွာ ရောက်ရှိလာသည်။ ပတ်ဝန်းကျင်ရှိလေထုတွင် မူးယစ်စေသောရနံ့ဖြင့် ပြည့်နှက်နေသည်။ အလွန်ဆွဲဆောင်မှုရှိသော စွမ်းအားတစ်ရပ်သည် နတ်ဘုရားမ၏ခန္ဓာကိုယ်မှ ထွက်ပေါ်နေပေ၏။

"နတ်ဘုရားမနုန်ယွဲ့..."

ပတ်ဝန်းကျင်မှနေ၍ အေးစက်စက်လေကို ရှိုက်သွင်းသံများအား ကြားလိုက်ရသည်။

လူရိုင်းနယ်စပ်နှင့်တော်ဝင်မြို့တော်ကြားတွင် ကီလိုမီတာ သောင်းပေါင်းများစွာ ကျယ်ဝန်းသော ကြီးမားသော တောင်တန်းတစ်ခုရှိသည်။ ဤသည်ကို "နတ်ဘုရားမနုန်ယွဲ့တောင်တန်း" ဟုခေါ်ဆိုသည်။

တာအိုကျမ်းစာများတွင် " တစ်ချိန်က အန်းရဲ့နတ်ဘုရားဘုရင် ဖန်တီးခဲ့သောတောင်တန်းတွင် နတ်ဘုရားမတစ်ပါး နေထိုင်သည်... သူမ၏အသားအရေသည် ရေခဲနှင့်နှင်းကဲ့သို့ ဖြူစင်ဝင်းပပြီး သူမသည် အလွန်ချောမောလှပသော အပျိုစင်နတ်ဘုရားမတစ်ပါးဖြစ်သည်"ဟု ပါရှိသည်။

ဤသည်မှာ နတ်ဘုရားမနုန်ယွဲ့အကြောင်း ဖော်ပြချက်ပင်။

သူမသည် ရှေးဟောင်းအလယ်ခေတ်အတွင်း နက်ရှိုင်းသောအမွေအနှစ်ကို ရရှိခဲ့သော အစွမ်းထက်နတ်ဘုရားမတစ်ပါးဖြစ်သည်။ စွမ်းအားအရ သူမသည် လော့ရှန်မျိုးနွယ်စု၏ နတ်ဘုရားမထက်ပင် ပို၍အစွမ်းထက်သည်။

ထိုက်ချမ်ဧကရာဇ်ခေတ်တွင် နတ်ဘုရားမနုန်ယွဲ့သည် မြင့်မြတ်သောနတ်ဘုရားစာရင်း၌ တတိယအဆင့်တွင် ရှိခဲ့သည်။

ဤသည်မှာ ယုံကြည်သူများစွာရှိသော ဒဏ္ဍာရီလာ နတ်ဘုရားမတစ်ပါးပင်။ သို့ရာတွင် လူနည်းစုကသာ သူမ၏စစ်မှန်သောခန္ဓာကိုယ်ကို မြင်တွေ့ခဲ့ရသည်။ ယခုချိန်၌ သူမ၏ မျက်နှာကို မြင်တွေ့ချိန်၌ လူအများသည် သူတို့ရှေ့မှ ဤလှပချောမောသော အမျိုးသမီး၏ဆွဲဆောင်မှုကို ချက်ချင်းခံလိုက်ရသည်။ သူတို့၏အကြည့်များသည် သူမ၏နှင်းကဲ့သို့ဖြူဆွတ်သော အသားအရေ သူမ၏ သွယ်လျသောခါးမှတဆင့် အောက်သို့ရွေ့လျားသွားခဲ့ပြီ။ သူမ၏မျက်နှာပေါ်တွင် ဆွဲဆောင်မှုရှိသော အပြုံးတစ်ခုရှိနေသည်။ နတ်ဘုရားမ၏ မျက်မှောင်ကြုတ်မှုနှင့်အပြုံးတိုင်းသည် လူအများကို မူးယစ်စေသည်။ ဂိုဏ်းအင်အားစုမှလူအမြောက်အများသည် အချိန်တခဏအတွင်းတွင် သူတို့၏ယခင်ယုံကြည်ကိုးကွယ်မှုများကိုပင် စွန့်လွှတ်ပြီး နတ်ဘုရားမနုန်ယွဲ့ကို ယုံကြည်ကိုးကွယ်လိုကြသည်။ သူမအတွက် သူတို့၏အသက်ကို စတေးရန်ပင် ဝန်မလေးကြတော့ချေ။

အချိန်တခဏအတွင်းမှာပင် နတ်ဘုရားနှစ်ပါး ထွက်ပေါ်လာခြင်းကြောင့် ပတ်ဝန်းကျင်ရှိလေထုကို သတ်ဖြတ်လိုသောအငွေ့အသက်များဖြင့် တဖန်ပြန်၍ပြည့်နှက်သွားစေခဲ့သည်။

လုယွီ၏မျက်လုံးများအတွင်းတွင် အေးစက်စက်အလင်းတန်းတစ်တန်း ဖြတ်ပြေးသွားပြီး သူက ခက်ထန်တင်းမာစွာ အော်ဟစ်လိုက်သည်။

"တခြားလူတွေက ဒီနေရာကို လုယက်ဖို့ ရောက်လာတာကို ငါ နားလည်ပေးနိုင်တယ်... မင်းက မြင့်မြတ်တဲ့စည်းတံဆိပ်ကို ချီးမြှင့်ခံရတဲ့ အစစ်အမှန်နတ်ဘုရားမတစ်ပါးပဲ...မင်းက ဒီကို လာရဲတယ်လား...မင်းက ပုန်ကန်ဖို့ ကြိုးစားနေတာလား..."

"ခစ် ခစ်...ကောင်လေး..ငါ့ကို ဒီလိုလေသံနဲ့ မပြောပါနဲ့...ဒါက တော်တော်လေး ကြောက်ဖို့ကောင်းတယ်"

နတ်ဘုရားမနုန်ယွဲ့က သရော်တော်တော်ရယ်မောပြီး ပြောဆိုသည်။

"နင်က ကျိုးထျန်းယင်သာဆိုရင် ငါ နင့်ကို နည်းနည်းကြောက်မိမှာပဲ... ဒါပေမဲ့ အခုချိန်မှာ တာယွီတော်ဝင်နန်းတွင်းက အတွင်းရောအပြင်ပါ ဒုက္ခတွေနဲ့ ပြည့်နှက်နေပြီးတော့ အရင်က ဂုဏ်ကျက်သရေကို ဆုံးရှုံးသွားခဲ့တာ အချိန်အတော်ကြာနေပြီ... ငါက ဘာလို့ နတ်ဘုရားစာရင်းနဲ့ လှောင်ပိတ်ခံရမှာလဲ..."

Chapter 5129

"မြေအောက်လောကတာအိုသခင်ရဲ့ ရတနာတွေကို မင်းတစ်ယောက်တည်းနဲ့ ကာကွယ်နိုင်မှာမဟုတ်ဘူး..ဒီအစ်မကြီးရဲ့ အကြံဉာဏ်ကို နားထောင်ပြီး အမြန်ဆုံး လက်လွှဲပေးလိုက်တာ ပိုကောင်းလိမ့်မယ်... ဧကရာဇ်ရာထူးကို ရဖို့ဆိုတာ မလွယ်ဘူး..နင့်ရဲ့အသက်ကို အလဟဿ မဆုံးရှုံးစေနဲ့"

နတ်ဘုရားမနုန်ယွဲ့က ခပ်ဖျော့ဖျော့ပြုံးလိုက်သည်။ သူမသည် သူ့ကို နောက်ပြောင်နေပုံရသော်လည်း သူမ ပြောဆိုလိုက်သော စကားလုံးတိုင်းတွင် ခြိမ်းခြောက်သည့် အရိပ်အယောင်များ ရောယှက်နေသည်။

အကယ်၍ လုယွီသာ ရတနာကို လွှဲပြောင်းပေးခြင်းမရှိပါက ယနေ့ပြဿနာများကို ဖြေရှင်းရန် သူ့အတွက် အလွန်ခက်ခဲပေလိမ့်မည်။

အနက်ရောင်ဝတ်စုံဝတ်အဘိုးအိုသည် နတ်ဘုရားနှစ်ပါးရောက်ရှိလာသည်ကို မြင်တွေ့ချိန်၌ မျက်မှောင်ကြုတ်လိုက်သည်။ သူက အေးစက်သော အပြုံးဖြင့် ပြောဆိုလေ၏။

"မင်းတို့ ဒီနေရာကိုလာတာ ငါ ဘာမှမပြောလိုဘူး....ဒါပေမဲ့ မြေအောက်လောကတာအိုသခင်က ငါ့ကို နှစ်တွေအများကြီးကြာအောင် ဖိနှိပ်ထားခဲ့တယ်...ဒါကြောင့် သူ့ရဲ့ရတနာတွေကို ငါယူရလိမ့်မယ်"

နတ်ဘုရားမနုန်ယွဲ့က ပြောဆိုသည်။

"အရင်ဆုံး ဧကရာဇ်ကို သတ်ကြရအောင်...ပြီးမှ ရတနာတွေကို ဘယ်လိုခွဲဝေမလဲဆိုတာ ဆွေးနွေးကြမယ်"

"ကောင်းပြီလေ"

ဝံပုလွေနတ်ဘုရားက များများစားစားမပြောဘဲ ပြတ်သားစွာ သဘောတူလိုက်သည်။

အနက်ရောင်ဝတ်စုံဝတ်အဘိုးအိုက အေးစက်စွာ နှာမှုတ်လိုက်သည်။

"ဟမ့် ဒါလည်း ကောင်းတာပဲ...ဧကရာဇ်ကို သတ်ရတာက ငါ့အတွက် ကိစ္စမရှိဘူး... ငါ့အတွက် ထောက်ပံ့ပေးမယ့်လူ နောက်ထပ်နှစ်ယောက်တိုးလာတာပေါ့"

ဤစကားအနည်းငယ်ဖြင့် ထိပ်သီးကျင့်ကြံသူတချို့သည် အတူတကွ ပူးပေါင်းလုပ်ဆောင်ရန် ဆုံးဖြတ်လိုက်ပြသည်။

ဤအဆင့်သို့ရောက်အောင် ကျင့်ကြံခဲ့သူများသည် အကျိုးအမြတ်ကို အလွန်ရှင်းလင်းစွာ သိကြသည်။ သူတို့သည် တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာသော ဂျူနီယာတစ်ဦးကဲ့သို့ တစ်ကိုယ်တော်မောက်မာထောင်လွှားမှုမျိုး မရှိချေ။ ယခုအချိန်၌ လုယွီကို ဖယ်ရှားမှသာ သူတို့သည် မြေအောက်လောက သံသရာနန်းတော်အတွင်းရှိ ရတနာများအားလုံးကို ခွဲဝေယူနိုင်မည်ဖြစ်ကြောင်း သူတို့ သိရှိထားသည်။

"မင်းတို့ထဲက ဒီလူတွေပဲ ထွက်လာရဲတာလား..."

လုယွီက အဝေးမှတိမ်တိုက်များကို စူးစိုက်ကြည့်လိုက်သည်။ ထိုနေရာတွင် ထိပ်သီးကျင့်ကြံသူအမြောက်အများ ပုန်းအောင်းနေကြသည်။ သို့ရာတွင် ထိုထိပ်သီးကျင့်ကြံသူများသည် လုယွီ၏နာမည်ဂုဏ်သတင်းကို ကြောက်ရွံ့နေကြသဖြင့် ထွက်လာဝံ့ခြင်းမရှိပေ။

"ကောင်းပြီလေ...မင်းတို့သုံးယောက် ထွက်လာပြီဆိုမှတော့ ပြဿနာမရှိတော့ဘူး...ငါက မင်းတို့အားလုံးကို သတ်ပစ်မယ်...မင်းတို့အားလုံး ကြောက်ရွံ့သွားတဲ့အထိ မင်းတို့အားလုံး ငါ့ရဲ့အမိန့်ကို မနာခံဘဲ မနေဝံ့တော့တဲ့အထိ ငါ သတ်ပစ်မယ်"

လုယွီ၏စကားကိုကြားချိန်၌ အနက်ရောင်ဝတ်စုံဝတ်အဘိုးအို၏မျက်နှာပေါ်တွင် အေးစက်စက်အပြုံးတစ်ခု ထင်ဟပ်လာပြီး သူ၏ခန္ဓာကိုယ်ပေါ်မှ ယင်ချီများ ပို၍ပြင်းထန်လာသည်။

ဝံပုလွေနတ်ဘုရားနှင့်နတ်ဘုရားမနုန်ယွဲ့တို့ကမူ သူတို့သည် မိုးကောင်းကင်ကို တုန်လှုပ်စေသော မြင့်မြတ်သည့်စွမ်းအားကို ထုတ်လွှတ်လိုက်ပြီး ပတ်ဝန်းကျင်နေရာတဝိုက်လုံးကို တုန်ခါသွားစေသည်။ မြင့်မြတ်သောကျမ်းစာ ရွတ်ဆိုသံများသည် အရပ်မျက်နှာအဘက်ဘက်ရှိ မိုးကောင်းကင်ယံတွင် ပဲ့တင်ထပ်သွားသည်။

သုံးယောက်တစ်ယောက် တိုက်ခိုက်ခြင်း...

လုယွီ၏အခြေအနေသည် အလွန်အန္တရာယ်များကြောင်း မည်သူမဆို ပြောဆိုနိုင်ပေ၏။

တခြားဂိုဏ်းအင်အားစုများမှ ထိပ်သီးကျင့်ကြံသူများသည် တိတ်တဆိတ် ကြည့်ရှုနေကြကာ သူတို့သည် လုယွီ၏လက်ရှိအကျပ်အတည်းကို မြင်နိုင်ကြသည်။

"ဟား ဟား ဟား...ဒီတစ်ခေါက်တော့ ဧကရာဇ်က မလွတ်မြောက်နိုင်တော့ဘူးထင်တယ်... သားရဲစုတ် ငါ မင်းကို အရင်သတ်မယ်"

ကျိရန်ရှုံး၏မျက်နှာပေါ်တွင် ရုတ်တရက် အေးစက်သောအပြုံးတစ်ခု ထင်ဟပ်ပြီး ခြေတစ်လှမ်းရှေ့တိုးကာ ချီလင်ထံသို့ ပျံသန်းသွားသည်။

လုယွီ၏လက်ရှိအခြေအနေသည် အလွန်အန္တရာယ်များကြောင်း သူ သိရှိပြီဖြစ်သည်။ ထိုကြောင့် လုယွီသည် သူ့ကို အာရုံစိုက်နိုင်မည်မဟုတ်ချေ။

ကျိရန်ရှုံးသည် ချီလင်ကို အရင်သတ်ရန် စီစဉ်ထားပြီး မိုးကောင်းကင်ယံအတံင်းရှိ အင်အားစုနှစ်ခု တိုက်ပွဲဖြစ်ပွားနေချိန်တွင် သူသည် နောက်ကျိနေသောရေထဲတွင် ငါးဖမ်းပြီး အကျိုးအမြတ်ကို ရယူရပေမည်။

ချီလင်က ကျယ်လောင်စွာအော်ဟစ်လိုက်၏။

"မင်းက ငါ့ကို ထိရဲတာလား.... ငါက အရှင်ဧကရာဇ်ကိုယ်တိုင် ခန့်အပ်ထားတဲ့ နတ်ဘုရားသားရဲတစ်ကောင်...ငါ့မှာ မြင့်မြတ်တဲ့အဆင့်အတန်းရှိတယ်... မင်းက ငါ့ကို ထိရဲရင် မင်းရဲ့မိသားစုကို အမြစ်ပြတ်သုတ်သင်ခံရမယ့် ကြီးလေးတဲ့ပြစ်မှုကို ကျူးလွန်တာပဲ..."

"ဘာအရှင်ဧကရာဇ်လဲ....မင်းရဲ့ဧကရာဇ်က သေတော့မယ်...မင်း ခုဏက အရမ်းမောက်မာနေခဲ့တာ မဟုတ်လား...အခု မင်း ဘယ်လိုနေသေးလဲ"

ကျိရန်ရှုံးက အရိုင်းဆန်စွာ ရယ်မောလိုက်ရာ ပတ်ဝန်းကျင်ရှိလေထုကို တုန်ခါသွားစေခဲ့သည်။

ကျိရန်ရှုံးသည် ရုတ်တရက် လျှင်မြန်စွာပြေးလွှားလာပြီး သူ၏ခြေထောက်များသည် မြေပြင်ပေါ်သို့ ကျရောက်လာကာ ပြင်းထန်သော တုန်ခါမှုများကို ဆက်တိုက်ဖန်တီးလိုက်သည်။ ဤသည်မှာ ပတ်ဝန်းကျင်ရှိ မြေပြင်တပြင်လုံးကို ပြင်းထန်စွာ တုန်ခါသွားစေခဲ့သည်။ သူ့ထံမှနေ၍ ကြမ်းတမ်းသောခွန်အားတစ်ရပ် ရုတ်တရက် ပွင့်အံ့ထွက်လာသည်။ မည်သူမဆို ဤကဲ့သို့ ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတစ်ဦး တဟုန်ထိုးပြေးလာသည်ကို ကြုံတွေ့ရသည်နှင့် အသက်ရှုမွန်းကြပ်သွားပေမည်။

ချီလင်က ထူးဆန်းစွာ အော်ဟစ်ပြီး ရုတ်တရက် လေထုအတွင်းသို့ ခုန်တက်လိုက်သည်။ ထို့နောက် သူသည် ဒေါသတကြီး ဟိန်းဟောက်လိုက်၏။

"လာခဲ့စမ်း... ငါက မင်းနဲ့ သေတဲ့အထိ တိုက်ခိုက်မယ်...."

ပတ်ဝန်းကျင်ရှိ ဂိုဏ်းအင်အားစုများမှ ထိပ်သီးကျင့်ကြံသူများသည်လည်း သူ့ကို ဝိုင်းရံထားကြသည်။ ချီလင်သည် ပြေးစရာမြေမရှိတော့ကြောင်း သိသောကြောင့် အသက်နှင့်ရင်း၍တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်သည်။

"မင်းကသေချင်နေတာပဲ .."

ကျိရန်ရှုံး၏မျက်နှာပေါ်တွင် ရက်စက်ကြမ်းကြုတ်သော အမူအယာတစ်ရပ် ထင်ဟပ်လာသည်။

သူသည် လုယွီ၏ ပြိုင်ဘက်မဟုတ်သော်လည်း ချီလင်တစ်ကောင်ကို ဖြေရှင်းရန်မှာမှာ သူ့အတွက် လွယ်ကူသော ကိစ္စပင်။

သူ၏လက်သီးမှ ပြင်းထန်သော သွေးချီစွမ်းအားလှိုင်းတစ်ရပ် တလိမ့်လိမ့်ထလာသည်။ ဤစွမ်းအားလှိုင်းသည် ဟိန်းဟောက်နေသော ခြင်္သေ့နှင့်ကျားများကဲ့သို့ ရုတ်တရက် ပွင့်အံ့ထွက်လာပြီး ချီလင်ကို ပစ်မှတ်ထားလိုက်သည်။

Chapter 5130

"ခဏလေး..."

ရုတ်တရက် နံဘေးတွင်မတ်တတ်ရပ်နေသော ဟွမ်ထျန်းမြင့်မြတ်အရှင်က သူ၏လက်ဝါးကို ဖွဖြန့်လိုက်သည်။ ထောင်နှင့်ချီသောလျှပ်စီးမိုးကြိုးလှိုင်းများသည် သူ၏လက်ဝါးအတွင်း၌ စုဝေးလာပြီး လေထုကိုဖြတ်သန်းသွားကာ သူသည် ကျိရန်ရှုံး၏လက်သီးချက်ကို ချက်ချင်းတားဆီးလိုက်၏။

ဘုန်း....

မိုးကြိုးပစ်ခတ်သံများ အရပ်မျက်နှာအဘက်ဘက်တွင် မြည်ဟီးနေသည်။ အနက်ရောင်လျှပ်စီးများသည် မိုးကြိုးလှိုင်းများနှင့်အတူ ရောယှက်လာပြီး အရပ်မျက်နှာအဘက်ဘက်တွင် ထွန်းလင်းတောက်ကနေသည်။ ထိုအရာများသည် မျက်စိကျိန်းလုမတတ် အလွန်အမင်းစူးရှတောက်ပပေ၏။

ဤကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော လျှပ်စီးမိုးကြိုးများအောက်တွင် ကျိရန်ရှုံး၏ ရုပ်ခန္ဓာကိုယ်သည် အလွန်သန်မာအားကောင်းသော်လည်း သူသည် နောက်ဆုတ်ရန်မှလွဲ၍ ရွေးချယ်စရာမရှိတော့ချေ။ မိုးကြိုးကျင့်ကြံသူများသည် သူတို့၏ ပြင်းထန်သောမှော်စွမ်းအားကြောင့် အမြဲတစေနာမည်ကျော်ကြားခဲ့သည်။ ရုပ်ခန္ဓာကိုယ်ကျင့်ကြံသူများပင်လျှင် ထိုမိုးကြိုးကျင့်ကြံသူများကို ရှောင်ရှားရန်မှတပါး တခြားရွေးချယ်စရာမရှိခဲ့ချေ။

ဟွမ်ထျန်းမြင့်မြတ်အရှင်၏ ရုတ်တရက် ထွက်ပေါ်လာမှုသည် ကျိရန်ရှုံး၏မျှော်လင့်ချက်များကို သိသိသာသာ ကျော်လွန်သွားခဲ့သည်။ ကျိရန်ရှုံး၏ကြီးမားသောခန္ဓာကိုယ်သည် ခြေလှမ်းအနည်းငယ် နောက်ဆုတ်သွားပြီး သူ၏မျက်နှာပေါ်တွင် သတိထားသောအရိပ်အယောင်တစ်ရပ် ထင်ဟပ်လာသည်။

တခြားလူများသည်လည်း ထိတ်လန့်တုန်လှုပ်သွားကြသည်။ ဟွမ်ထျန်းမြင့်မြတ်အရှင်သည် လောကကြီးအတွင်းရှိ ထိပ်သီးမြင့်မြတ်နယ်မြေဆယ်ခုအနက်မှတစ်ခု၏ မြင့်မြတ်အရှင်ပင်။ သူ၏မှော်စွမ်းအားသည် ထူးခြားပြီး ကျင့်ကြံဆင့်သည် အစွမ်းထက်ပေ၏။ ဤကဲ့သို့ပုဂ္ဂိုလ်နှင့် တစ်ကြိမ်တိုက်ခိုက်လျှင် သေကြေပျက်စီးမှုများပြားသော မြင်ကွင်းတစ်ခုဖြစ်လာမည်မှာ သေချာပေါက်ပင်။

"ဟွမ်ထျန်းမြင့်မြတ်အရှင်... မင်းက ဘာသဘောလဲ"

ကျိရန်ရှုံးက အသံနက်ကြီးဖြင့် အော်ဟစ်လိုက်သည်။

ဟွမ်ထျန်းမြင့်မြတ်အရှင်၏ မျက်နှာပေါ်တွင် အေးစက်စက်အမူအယာတစ်ရပ် ထင်ဟပ်လာပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်၏။

"အရှင်ဧကရာဇ်ရဲ့လက်အောက်က နတ်ဆိုးသားရဲက မင်း ထိလို့ရတဲ့အရာလား...ကျိရန်ရှုံး မင်း နောက်တစ်လှမ်းထပ်တိုးရဲရင် ငါ မင်းကို သတ်ပစ်မယ်..."

ကျိရန်ရှုံးသည် ထိတ်လန့်တုန်လှုပ်သွားပြီး ခက်ထန်တင်းမာစွာ ပြောဆိုသည်။

"ဟွမ်ထျန်းမြင့်မြတ်အရှင်...မင်းက တကယ်ပဲ တော်ဝင်နန်းတွင်းရဲ့လက်ပါးစေ ဖြစ်ချင်နေတာလား....မင်းက ပြင်ပကျင့်ကြံခြင်းလောကက လူတွေကို မထီမဲ့မြင်ပြုတော့မှာလား"

ပြင်ကကျင့်ကြံခြင်းလောကတွင် ရေးမှတ်မထားသော စည်းမျဉ်းများရှိသည်။

အကယ်၍ မည်သည့်ဂိုဏ်းအင်အားစုမဆို တော်ဝင်နန်းတွင်း၌ခိုလှုံရန် အစပြုလုပ်ဆောင်ဝံ့လျှင် သူတို့သည် ကျင့်ကြံခြင်းလောကတစ်ခုလုံး၏မုန်းတီးခြင်းကို သေချာပေါက် ခံယူရပေမည်။ သူတို့သည် တော်ဝင်နန်းတွင်း၏ခွေးများဟု စွပ်စွဲခံရပြီး ကျင့်ကြံခြင်းလောကနှင့် အဆက်အသွယ်ပြတ်တောက်သွားလိမ့်မည်။

ဟွမ်ထျန်းမြင့်မြတ်နယ်မြေသည် မဟာမြင့်မြတ်နယ်မြေဆယ်ခုအနက်မှ တစ်ခုဖြစ်သော်လည်း သူတို့၏လုပ်ငန်းများသည် ကျင့်ကြံခြင်းလောကရှိ တခြားဂိုဏ်းအင်အားစုများနှင့် ဆက်သွယ်မှုများရှိသည်။ အကယ်၍ ကျင့်ကြံခြင်းလောက၏ပစ်ပယ်ခြင်းကို ခံရပါက ဟွမ်ထျန်းမြင့်မြတ်နယ်မြေအတွက် ကြီးမားသောထိုးနှက်ချက်တစ်ခု ဖြစ်လာပေလိမ့်မည်။

"ဘာတော်ဝင်နန်းတွင်းရဲ့ လက်ပါးစေလဲ... အရှင်ဧကရာဇ်နဲ့ငါက အရင်ကတည်းက သိကျွမ်းခဲ့တဲ့ မိတ်ဆွေကောင်းတွေပဲ...ငါက မင်းနဲ့ စကားအများကြီးပြောပြီး အချိန်မဖြုန်းချင်ဘူး.... မင်းမှာ သတ္တိရှိရင် ရှေ့ကိုတက်လာပြီး စမ်းကြည့်စမ်း"

ဟွမ်ထျန်းမြင့်မြတ်အရှင်က အေးစက်စက် အသံဖြင့် အော်ဟစ်လိုက်သည်။ သူသည် အလွန်မောက်မာထောင်လွှားပေ၏။

ဟွမ်ထျန်းမြင့်မြတ်အရှင်၏စကားကို ကြားချိန်တွင် ကျိရန်ရှုံး၏မျက်လုံးများအတွင်း၌ အေးစက်စက်အလင်းတန်းတစ်တန်း ဖြတ်ပြေးသွားသည်။ ထို့နောက် သူက ထပ်ခါတလဲလဲ အော်ဟစ်လိုက်သည်။

"ကောင်းပြီ...ကောင်းပြီ...ကောင်းပြီလေ..မင်းက သေချင်နေမှတော့ ငါ့ကို အပြစ်မတင်နဲ့... ဒီနေ့ ငါက မင်းလိုအမှိုက်ကောင်ကို ကျင့်ကြံခြင်းလောကက သူရဲကောင်းတွေအားလုံး ကိုယ်စား ဖယ်ရှားပစ်မယ်"

ထိုသို့ပြောဆိုပြီးနောက် ကျိရန်ရှုံးသည် သူ၏ခန္ဓာကိုယ်ရှိ သွေးချီများအားလုံးကို စုစည်းပြီး ဟွမ်ထျန်းမြင့်မြတ်အရှင်ဘက်သို့ လက်သီးတစ်ချက် ထိုးနှက်လိုက်သည်။

ဟွမ်ထျန်းမြင့်မြတ်အရှင်လည်း အေးစက်စက် နှာမှုတ်လိုက်၏။ သူသည် ကျိရန်ရှုံးနှင့် တိုက်ခိုက်လိုက်ပြီး အချိန်တခဏအတွင်းမှာပင် မြေပြင်ပေါ်၌ တောက်ပသောအလင်းတန်းများ အဆက်မပြတ်တောက်ပလာသည်။ မှော်စွမ်းအားများ ရောယှက်ကာ စီးဆင်းနေသောအလင်းတန်းများသည် ပတ်ဝန်းကျင်နေရာတဝိုက်တွင် ပျံ့လွင့်နေသည်။

မိုးကောင်းကင်ယံတွင်....

လုယွီသည် မိုးကောင်းကင်ယံတွင် မတ်တတ်ရပ်ပြီး သူ၏ရှေ့မှ အစွမ်းထက်ထိပ်သီးကျင့်ကြံသူသုံးဦးကို ကြည့်လိုက်သည်။ သူ၏အနက်ရောင်ဆံပင်များသည် လေပြေအတွင်းတွင် တဖျပ်ဖျပ်လူးလွန့်နေပြီး သူ၏မျက်လုံးများသည် စူးရှတောက်ပနေကာ လျှပ်စီးများဖြတ်ပြေးသည့်အလားပင်။

သူ၏ရှေ့မှ ထိပ်သီးကျင့်ကြံသူများသည် တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော လူများဖြစ်ကြသော်လည်း လုယွီသည် အနည်းငယ်မျှ ကြောက်ရွံ့ခြင်းမရှိချေ။ သူ၏မျက်နှာအမူအယာသည် တည်ငြိမ်နေပြီး သူ၏မျက်လုံးများအတွင်းတွင် ယုံကြည်ချက်များနှင့်ပြည့်နှက်နေသည်။ သူ၏အရှိန်အဝါသည် ခန့်ညားထည်ဝါပြီး သူ့ကိုကြည့်ရသည်မှာ တည်ငြိမ်အေးဆေးနေပုံရသည်။

လုယွီ၏တည်ငြိမ်မှုသည် နတ်ဘုရားနှစ်ပါးကို အနည်းငယ်ဇဝေဇဝါ ဖြစ်သွားစေခဲ့သည်။

"သူက ဟန်ဆောင်နေတာပဲ...သူက တစ်ယောက်တည်းပဲ...သူ့ကို အခုချက်ချင်း သတ်လိုက်တော့"

ဝံပုလွေနတ်ဘုရားက ဟိန်းဟောက်လိုက်သည်။ ရုတ်ချည်းဆိုသလိုပင် သူ၏ခန္ဓာကိုယ်မှ မီးခိုးငွေ့များနှင့်မီးတောက်များ ပွင့်အံ့ထွက်လာသည်။ ခန့်ညားထည်ဝါပြီး မြင့်မြတ်သော စွမ်းအားတစ်ရပ်သည် သူ၏ခန္ဓာကိုယ်ပေါ်တွင် ရစ်သိုင်းလွှမ်းခြုံနေပေ၏။

တခြားထိပ်သီးကျင့်ကြံသူနှစ်ဦးသည်လည်း သူတို့၏စွမ်းအားများကို ဆင့်ခေါ်ပြီး လုယွီကို သူတို့၏ အပြင်းထန်ဆုံးတိုက်ခိုက်မှုများဖြင့် ကြိုဆိုခဲ့ကြသည်။

လုယွီ၏မျက်လုံးများ အေးစက်တင်းမာနေကာ ရုတ်တရက် ရှေ့သို့တဟုန်ထိုးပြေးဝင်သွားသည်။

သူသည်အရင်ဆုံးတိုက်ခိုက်ရန် အစပြုလုပ်ဆောင်ခဲ့သည်။ သူ၏ပုံရိပ်သည် လက်သီးစွမ်းအားနှင့်အတူ ရှေ့သို့တဟုန်ထိုးပြေးသွားသည်။ ပတ်ဝန်းကျင်နေရာတဝိုက်တွင် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သောအသံများ မြည်ဟီးသွားသည်။

ဘုန်း...

လေဟာနယ်သည် တစ်လက်မချင်း အက်ကွဲလာသည်။ လုယွီ၏လက်သီးချက်သည် အမှန်တကယ်ကို လေဟာနယ်အား ကြေမွှပျက်စီးပြီး ပြိုလဲသွားစေခဲ့သည်။

All Chapters