← Chapters

အခန်း (၅၁၃၁-၅၁၃၅)

Vol. 260 Ch. 5131-5135

အခန်း (၅၁၃၁-၅၁၃၅)

Vol. 260 Ch. 5131-5135

Chapter 5131

လုယွီထံမှ အစွမ်းထက်သော သွေးချီစွမ်းအားများ ထွက်ပေါ်လာကာ မိုးကောင်းကင်ယံအတွင်း၌ ပြည့်နှက်သွားစေခဲ့သည်။

လုယွီ၏ ရုတ်တရက် ပွင့်အံ့ထွက်လာသော စွမ်းအားသည် လူများအားလုံး၏မျှော်လင့်ချက်များကို ကျော်လွန်သွားခဲ့သည်။ ဤသည်မှာ အလွန်အစွမ်းထက်သောကြောင့် မည်သူမျှ သူ့ကို စေ့စေ့မကြည့်ဝံ့တော့ချေ။

ကြီးမားသောအရိုးဖြူလက်သည် အချိန်တခဏအတွင်းမှာပင် လုယွီ၏လက်သီးချက်ကြောင့် ကြေမွှပျက်စီးသွားခဲ့သည်။ ကျိုးပဲ့သွားသော အရိုးအစအနများသည် နေရာအနှံ့အပြားသို့ ပြန့်ကျဲသွားပေ၏။ ထိုအရာသည် လုယွီကို အနည်းငယ်မျှ မတားဆီးနိုင်ခဲ့ချေ။

"ငရဲကို သွားစမ်း...."

အနက်ရောင်ဝတ်စုံဝတ်အဘိုးအိုက ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ ထို့နောက်သူ၏ခန္ဓာကိုယ်မှနေ၍ ကြောက်မက်ဖွယ်ကောင်းသော အနက်ရောင်လေစီးကြောင်းတစ်ရပ် ပွင့်အံ့ထွက်လာသည်။ ထို့နောက် ဧရာမအရိုးစုကြီးတစ်ခုသည် သူ၏နောက်တွင် ထွက်ပေါ်လာပေ၏။ ထိုအရိုးစုကြီး၏မျက်လုံးဟောင်းလောင်းပေါက်နှစ်ခုအတွင်းတွင် မီးတောက်နှစ်ခုဖြင့် ပြည့်နှက်နေသည်။ ရုတ်ချည်းဆိုသလိုပင် အရိုးစုကြီး၏ပါးစပ်မှနေ၍ အက်ရှရှရယ်မောသံတစ်သံ ထွက်ပေါ်လာသည်။

လုယွီ၏မျက်လုံးများ အေးစက်တင်းမာနေသည်။ သူသည် လက်သီးချက်များ ဆက်လက်၍ ထိုးနှက်လိုက်ပြီး သူ၏လက်သီးစွမ်းအားလှိုင်းများသည် လွှမ်းမိုးချုပ်ကိုင်နိုင်ပေ၏။ သူ တွေးတောလိုက်သည်နှင့် သူ၏လက်သီးချက်သည် အရိုးစုကြီး၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားခဲ့လေပြီ။

"ဘုန်း..."

အနက်ရောင်ဝတ်အဘိုးအိုက ရုတ်တရက် ကြေကွဲဝမ်းနည်းစွာ အော်ဟစ်လိုက်သည်။ အရိုးစုကြီး၏ခန္ဓာကိုယ်တစ်ခြမ်းသည် အချိန်တခဏအတွင်းမှာပင် ကြေမွှပျက်စီးသွားခဲ့သည်။

"မင်းရဲ့ ဒီစွမ်းအားက မင်း ခုဏက ထုတ်ဖော်ပြသခဲ့တဲ့ စွမ်းအားနဲ့ မတူဘူး..."

အနက်ရောင်ဝတ်စုံဝတ်အဘိုးအိုသည် သူ၏ကျောရိုးတလျှောက် ချမ်းစိမ့်သွားသည်ကို ခံစားမိလေ၏။

အစောပိုင်းက အနက်ရောင်ဝတ်စုံဝတ်အဘိုးအိုထံတွင် ယုံကြည်မှုအပြည့် ရှိနေသည်။ လုယွီကို ချေမှုန်းရန်မှာ အလွန်လွယ်ကူသောကိစ္စဟု သူ တွေးထင်ထားခဲ့သည်။

သို့ရာတွင် ယခုချိန်၌မူ သူ၏အတွေးများ မှားယွင်းကြောင်း သူ သိရှိသွားခဲ့လေပြီ။

လုယွီ၏ခွန်အားသည် အလွန်ကြောက်မက်ဖွယ်ကောင်းပေ၏။ ဤသည်မှာ အဘိုးအို တွေးထင်ထားသည်ထက် လုံးလုံးလျားလျား ကျော်လွန်သွားခဲ့လေပြီ။ လုယွီသည် အကန့်အသတ်မရှိသောစွမ်းအင်ကို အပြည့်အဝ ထုတ်လွှတ်လိုက်ချိန်၌ သူသည် ထိုအရာကို မတားဆီးနိုင်တော့ပေ။

"ငါတို့ အတူပူးပေါင်းပြီး သူ့ကို သတ်ကြစို့..."

ဝံပုလွေနတ်ဘုရားသည် အဆောင်လက်ဖွဲ့များဖြင့် ဖုံးလွှမ်းနေသော ဧရာမပုဆိန်တစ်လက်ကို ထုတ်ယူပြီး လုယွီထံဦးတည်ကာ ဝှေ့ယမ်းလိုက်သည်။

တစ်ချိန်တည်းမှာပင် နတ်ဘုရားမနုန်ယွဲ့၏လက်အတွင်းတွင် အေးစက်သောလေပြင်းများကို ထုတ်လွှတ်ထားသော ဓားရှည်တစ်လက် ထွက်ပေါ်လာသည်။ ဤဓားရှည်သည် ထက်ရှပြီး အေးစက်စက်အရှိန်အဝါတစ်ရပ် ရှိနေပေ၏။ ထို့နောက် ဓားရှည်ထံမှ ထက်ရှသောသတ်ဖြတ်လိုခြင်းစိတ်ဆန္ဒတစ်ရပ်သည် ပွင့်အံ့ထွက်လာပြီး ဓားစိတ်ဆန္ဒသည် မိုးကောင်းကင်ယံသို့ မြင့်တက်သွားသည်။

ဤတိုက်ခိုက်မှုမုန်တိုင်းအကြားတွင် လုယွီ၏ ပုံရိပ်သည် အထီးကျန်ဆန်နေပုံရသည်။

သို့ရာတွင် လုယွီ၏မျက်နှာအမူအယာသည် တည်ငြိမ်နေဆဲပင်။ သူသည် မိုးကောင်းကင်ယံတွင် တည်ငြိမ်စွာ မတ်တတ်ရပ်နေဆဲဖြစ်ပြီး အနည်းငယ်မျှ လှုပ်ရှားခြင်းမရှိချေ။

ဘန်း...ဘန်း...

လုယွီသည် မည်သို့သော တိုက်ခိုက်မှုကို ရင်ဆိုင်နေရသည်ဖြစ်စေ တန်ပြန်တိုက်ခိုက်ရန် သူ၏လက်သီးကိုသာ အသုံးပြုလိုက်၏။ သူသည် မတူညီသော လမ်းကြောင်းနှစ်ခုသို့ ထိုးနှက်လိုက်ရာ နတ်ဘုရားနှစ်ပါး၏တိုက်ခိုက်မှုများ လွင့်စင်သွားခဲ့သည်။

ရုတ်ချည်းဆိုသလိုပင် လုယွီသည် ဝံပုလွေနတ်ဘုရားဘက်သို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လှမ်းသွားသည်။ သူ၏အင်မော်တယ်အရှိန်အဝါသည် ကြီးမားကျယ်ပြန့်ပြီး အစွမ်းထက်ကာ ထူးဆန်းသော သဘာဝလွန်ပုံရိပ်ယောင်များ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်။ ဤသည်မှာ ကောင်းကင်ဘုံမှ အမြင့်မြတ်ဆုံးနတ်ဘုရားဘုရင်သည် သေမျိုးလောကသို့ ဆင်းသက်လာပြီး တခြားနတ်ဘုရားအားလုံးကို အထက်စီးမှ ငုံ့ကြည့်နေသည့်အလားပင်။

ဝံပုလွေနတ်ဘုရား၏မျက်လုံးများအတွင်းတွင် ထိတ်လန့်ကြောင်ရွံမှုအရိပ်အယောင်များ ဖြတ်ပြေးသွားသည်။ သူသည် သူ၏နံဘေးပတ်ဝန်းကျင်ရှိ လေဟာနယ် အေးခဲတောင့်တင်းလာတော့မည်ကို ရုတ်တရက် နားလည်သဘောပေါက်သွားသည်။

ဝံပုလွေနတ်ဘုရားသည် လုယွီနှင့် ယခုမှ တိုက်ခိုက်ဖူးသော်လည်း လုယွီ မည်မျှထိ ကြောက်မက်ဖွယ်ကောင်းသည်ကို သူခံစားမိသည်။

"ဘုန်း...."

လုယွီက လက်သီးတစ်ချက် ထိုးနှက်လိုက်သည်။ ရုတ်ချည်းဆိုသလိုပင် ကောင်းကင်နှင့် မြေပြင်ကြားသို့ ကြီးမားသော ရွှေရောင်လက်သီးပုံရိပ်ယောင်ကြီးတစ်ခု ကျဆင်းလာသည်။

ထိုလက်သီးချက်သည် ဝံပုလွေနတ်ဘုရားကို ထိမှန်သွားပြီး သူ၏ပါးစပ်မှ သွေးများအန်ထွက်လာသည်။ သူ၏နောက်မှ တောက်ပသော အလင်းဘီးသည်လည်း ကြေမွှပျက်စီးသွားပြီး အလင်းစက်လေးများအဖြစ်သို့ ပြောင်းလဲကာ မိုးကောင်းကင်ယံအတွင်းတွင် ပျောက်ကွယ်သွားသည်။

လုယွီသည် လက်သီးတစ်ချက်၏ခွန်အားဖြင့် သူသည် ဝံပုလွေနတ်ဘုရား၏ မြင့်မြတ်သောနတ်ဘုရားအလင်းတန်းကို အမှန်တကယ် ချိုးဖျက်နိုင်ခဲ့သည်။

ဤထိုးနှက်မှုသည် ဝံပုလွေနတ်ဘုရားကို ဒဏ်ရာအပြင်းအထန် ရရှိစေခဲ့သည်ဟု သတ်မှတ်နိုင်ပေ၏။ သူသည် ကြီးမားကျယ်ပြန့်သော နတ်ဘုရားအလင်းတန်းကို ထပ်မံ၍စုစည်းလိုပါက မည်မျှထိကြာအောင် စောင့်ဆိုင်းရမည်အား သူ မသိတော့ချေ။

လူရိုင်းမျိုးနွယ်စု၏ ကြီးမြတ်သောနတ်ဘုရားတစ်ပါးသည် ဤကဲ့သို့ ရှုံးနိမ့်သွားခဲ့သည်။ လူအများသည် အံ့အားသင့်တုန်လှုပ်သွားကြပြီး သူတို့ မြင်တွေ့နေရသည့်မြင်ကွင်းကို သူတို့ မယုံနိုင်ကြချေ။

"သူက တစ်ယောက်တည်းပဲ...သူကို အနိုင်မယူနိုင်ဘူးလား...."

အနက်ရောင်ဝတ်စုံဝတ်အဘိုးအိုနှင့် နတ်ဘုရားမနုန်ယွဲ့တို့ နှစ်ဦးလုံးသည် နက်ရှိုင်းသော ကျင့်ကြံမှုဆင့်ရှိသည့် ထိပ်သီးကျင့်ကြံသူများပင်။ သူတို့၏၏စိတ်ဆန္ဒများသည် ခိုင်မာပေ၏။ သူတို့သည် သူတို့၏ရှေ့မှမြင်ကွင်းကြောင့် ထိတ်လန့်တုန်လှုပ်သွားကြသော်လည်း အချိန်ကြာရှည်စွာ ကြောက်လန့်သွားခြင်းမရှိပေ။ သူတို့သည် သူတို့၏အခြေအနေကို လျင်မြန်စွာ ထိန်းညှိလိုက်ပြီး သူတို့၏ကြောက်ရွံ့မှုကို လုယွီအပေါ် သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒအဖြစ်သို့ ပြောင်းလဲလိုက်ကြသည်။

ဤတစ်ကြိမ်တွင် လုယွီ သို့မဟုတ် သူတို့သေဆုံးရပေမည်။

Chapter 5132

နတ်ဘုရားမနုန်ယွဲ့နှင့် အနက်ရောင်ဝတ်ရုံဝတ်အဘိုးအိုတို့သည် ယခင်က တစ်ယောက်နှင့်တစ်ယောက် သိကျွမ်းခြင်းမရှိချေ။ သို့ရာတွင် လုယွီကဲ့သို့ အစွမ်းထက်သော ရန်သူတစ်ဦးရှိနေသောကြောင့် သူတို့သည် ချက်ချင်းဆိုသလိုပင် အတူပူးပေါင်းရန်ရွေးချယ်ပြီး ပြင်းထန်သော တိုက်ခိုက်မှုကို စတင်ခဲ့ကြသည်။

"ဘုန်း...."

ကောင်းကင်နှင့်မြေပြင်ကြားတွင် ကြောက်မက်ဖွယ်ကောင်းပြီး နှိုင်းယှဉ်၍မရပ်နိုင်သော စွမ်းအားတစ်ရပ် ပျံ့နှံ့သွားပြီး မိုးကောင်းကင်ယံသည် အက်ကွဲတော့လုမတတ်ပင်။

အလွန်ပြင်းထန်သော ဖိအားတစ်ရပ်သည် မိုးကုတ်စက်ဝိုင်းမှ ကျဆင်းလာပြီး ကောင်းကင်နှင့်မြေပြင်၏ နေနှင့်လကို ကြေမွှပျက်စီးသွားစေတော့မည့်အလားပင်။ လူများအားလုံးသည် ထိုစွမ်းအား၏တည်ရှိမှုကို ခံစားမိလေ၏။ ဤကဲ့သို့ လောကကြီးကိုဖျက်ဆီးနိုင်သော အရှိန်အဝါကို ခံစားမိချိန်တွင် လူများအားလုံးသည် သူတို့ကိုယ်သူတို့ အရေးမပါဟု တွေးထင်လာကြသည်။

လုယွီသည် ကောင်းကင်ဘုံမှ အမြင့်မြတ်ဆုံး နတ်ဘုရားဘုရင်တစ်ပါးအလား လူများအားလုံးကို အထက်စီးမှ ငုံ့ကြည့်နေသည်။ သူသည် တစ်ယောက်တည်းဖြစ်သည်မှာ သိသာထင်ရှားသော်လည်း သူ၏ပြိုင်ဘက်နှစ်ဦးကို အထက်စီးမှ ငုံ့ကြည့်နေပေ၏။

ဤသည်မှာ တစ်စုံတစ်ယောက်ထံတွင် ထူးခြားသော အရည်အချင်းများနှင့် ကြီးမားသောစွမ်းအားများ ရှိနေသော်လည်း ထိုလူသည် ပုန်ကန်သူတစ်ဦးသာဖြစ်ပြီး အစစ်အမှန်ဧကရာဇ်တစ်ပါးနှင့် နှိုင်းယှဉ်၍မရသည့်အလားပင်။

"ထိုက်ကျိ..."

လုယွီက တီးတိုးရေရွတ်လိုက်သည်။ ရုတ်ချည်းဆိုသလိုပင် သူသည် သူ၏လက်နှစ်ဖက်ဖြင့် စက်ဝိုင်းပုံတစ်ခုကို ရေးဆွဲလိုက်သည်။ သူ၏လက်ဝဲဘက်လက်သည် ယင်ဖြစ်ပြီး သူ၏လက်ယာဘက်လက်သည် ယန်ဖြစ်သည်။ ယင်နှင့်ယန်ကြားတွင် လျှို့ဝက်ဆန်းကြယ်သော ထိုက်ကျိပုံရိပ်ယောင်သည် ထွက်ပေါ်လာကာ လုယွီ၏လက်အတွင်းတွင် ဖွဲ့စည်းသွား သည်။

သူ၏ရှေ့မှ နတ်ဘုရားမနုန်ယွဲ့နှင့်အနက်ရောင်ဝတ်ရုံဝတ်အဘိုးအိုတို့ ထုတ်လွှတ်လိုက်သော တိုက်ခိုက်မှုများသည် ထိုက်ကျိပုံရိပ်ယောင်၏ ဝါးမြိုခြင်းကို ချက်ချင်းခံလိုက်ရပြီး အချည်းနှီးအဖြစ်သို့ ပြောင်းလဲသွားသည်။

လူများအားလုံးသည် သူတို့၏ရှေ့မှ မြင်ကွင်းကြောင့် မှင်သက်သွားပေ၏။ သူတို့သည် လုယွီဤတိုက်ခိုက်မှုကို ခံနိုင်ရည်ရှိမည်ဟု ခန့်မှန်းနိုင်ကြသော်လည်း သူသည် ဤမျှထိ လွယ်ကူစွာ ချေဖျက်နိုင်မည်ဟု သူတို့ မျှော်လင့်မထားခဲ့ကြချေ။

ယင်ယန်ငါးသည် မိုးကောင်းကင်ယံတွင် လည်ပတ်နေပြီး အဆက်မပြတ် ဆင့်ကဲပြောင်းလဲနေသည်။ ကြောက်မက်ဖွယ်ကောင်းသော ချီစွမ်းအားတစ်ရပ်သည် ထိုအရာအတွင်းမှ ထွက်ပေါ်လာပြီး အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသည်။

ဤသည်မှာ လုယွီသည် ထိုက်ကျိကို ပထမဆုံးအကြိမ် အသုံးပြုခြင်းပင်။

မူလက သူသည် ဤသည်မှာ သူ၏ယခင်ဘဝမှ ကြီးမားသောစစ်ပွဲမှ ယူဆောင်လာသောအရာတစ်ခုဖြစ်ကြောင်းသာ သိခဲ့သည်။ စကြဝဠာနန်းတော်တွင် သူ၏အထောက်အထား ဖော်ထုတ်ခံရပြီးမှသာ သူသည် မည်သည့်ကိစ္စများ ဖြစ်ပျက်ခဲ့သည်ကို နောက်ဆုံးတွင် သူ နားလည်သွားခဲ့သည်။

စာပေသူတော်စင်ရီက လုယွီအား ပေးခဲ့သော မှတ်ဉာဏ်များတွင် ထိုက်ကျိကိုထိန်းချုပ်ရန် နည်းလမ်းတစ်ခုပါဝင်သည်။ ဤသည်မှာ လောကအတွင်းမှအရာအားလုံး၏ အရင်းအမြစ်ဖြစ်ပြီး အလွန်ရှေးကျသည်။ ရီဟန်သည် သူတော်စင်တစ်ပါးဖြစ်သော်လည်း သူသည် ထိုက်ကျိ၏အပေါ်ယံစွမ်းအားကိုသာ မြင်နိုင်ခဲ့သည်။

သို့ရာတွင် ဤသည်မှာ အနည်းငယ်မျှသာဖြစ်သော်လည်း လုယွီအတွက် အသုံးပြုရန် လုံလောက်သည်။

ဤနည်းစနစ်သည် ကောင်းကင်ဘုံကို ဆန့်ကျင်ရုံမျှမကချေ။ နတ်ဘုရားမနုန်ယွဲ့နှင့်အနက်ရောင်ဝတ်ရုံဝတ်အဘိုးအိုတို့ ထုတ်လွှတ်လိုက်သော တိုက်ခိုက်မှုများအားလုံးသည် အချည်းနှီးအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

"သေစမ်း .."

အနက်ရောင်ဝတ်ရုံဝတ်အဘိုးအို၏ မျက်လုံးများ နီမြန်းသွားပြီး သူသည် ရူးသွပ်ခြင်းသို့ ကျရောက်သွားခဲ့လေပြီ။

ရှေးဟောင်းအရိုးဖြူဂိုဏ်း၏အမွေအနှစ်ကို ရရှိခဲ့ခြင်းသည် သူ အမြဲတစေ ဂုဏ်ယူခဲ့သောအရာပင်။ သို့ရာတွင် ထိုအရာသည် လုယွီ၏ ရှေ့တွင် မျက်စိတစ်မှိတ်အတွင်း အချည်းနှီးအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ ဤကိစ္စကို သူ လက်ခံနိုင်ရန်ခက်ခဲပေ၏။

"မင်းဆီမှာ ကောင်းကင်ဘုံကို တုန်လှုပ်စေမယ့် အမွေအနှစ်တစ်ခု ရှိနေပုံပဲ...မဟုတ်ရင် မင်းဒီလောက်ငယ်ရွယ်တဲ့အရွယ်မှာ မင်းက ဒီလောက်ထိအများကြီး အောင်မြင်နိုင်မှာ မဟုတ်ဘူး..."

အချိန်တခဏအတွင်းမှာပင် အနက်ရောင်ဝတ်ရုံဝတ်အဘိုးအို၏မျက်လုံးများအတွင်းတွင် လောဘအရိပ်အယောင်များ ဖြတ်ပြေးသွားသည်။ သူသည် သူ၏ပစ်မှတ်ကို သံသရာနန်းတော်မှ လုယွီထံသို့ ပြောင်းလဲလိုက်၏။

ထူထပ်သိပ်သည်းသော ယင်ချီများအတွင်းတွင် အရိုးဖြူအမြောက်အများသည် တစ်ခုနှင့်တစ်ခုပူးကပ်ကာ အချိန်တခဏအတွင်းတွင် လုယွီထံသို့ ပျံသန်းသွားပြီး မိုးကောင်းကင်ကို ဆုတ်ဖြဲတော့လုမတတ်ပင်။

ပတ်ဝန်းကျင်တွင် ရှေးဟောင်းနတ်ဆိုးမှော်မန္တန်များကို ဝိုးတဝါးကြားနိုင်ပြီး ရှေးဟောင်းနတ်ဆိုးနတ်ဘုရားတစ်ပါးက သူ၏ အပြင်းထန်ဆုံးသောကျိန်စာကို ထုတ်ဖော်အသုံးပြုနေသည့်အလားပင်။

တစ်ချိန်တည်းမှာပင် လုယွီ၏လက်အတွင်းမှ ထိုက်ကျိသည် ပျောက်ကွယ်သွားပေ၏။

ဤထိုက်ကျိကို အချိန်အကြာကြီး ထိန်းချုပ်ရန် လုယွီအတွက် အလွန်ခက်ခဲသည်။

သို့ရာတွင် လုယွီသည် ဂရုမစိုက်ခဲ့ချေ။ သူသည် ခြေတစ်လှမ်းရှေ့တိုးလိုက်သည်။ သူသည် မိုးကောင်းကင်ယံတွင် မတ်တတ်ရပ်နေကာ သူ၏ခြေထောက်များအောက်တွင် မြင့်မြတ်သော သင်္ကေတအက္ခရာများကို မြင်တွေ့နိုင်သည်။ မြင့်မြတ်သောအလင်းတန်းများသည် မိုးကောင်းကင်ယံကို ပြည့်နှက်သွားကာ မျက်စိကျိန်းမတတ် တောက်ပသော အက်မော်တယ်အရှိန်အဝါ သွေးချီစွမ်းအားတို့နှင့် ပေါင်းစပ်လိုက်ချိန်တွင်... ပတ်ဝန်းကျင်နေရာတဝိုက်သည် နံနက်ခင်းနေမင်းပြီး ထွန်းလင်းနေသည့်အလား တောက်ပနေပေ၏။

နတ်ဘုရားစွမ်းအား မှော်စွမ်းအားနှင့် ရုပ်ခန္ဓာကိုယ်စွမ်းအား...

ဤစွမ်းအားသုံးရပ်ကို ပေါင်းစပ်လိုက်ချိန်တွင် လုယွီ ပိုင်ဆိုင်ထားသော စွမ်းအားသည် ကြောက်မက်ဖွယ်ကောင်းသော အဆင့်သို့ ရောက်ရှိသွားခဲ့လေပြီ။

နောက်ထပ်အချိန်တခဏတွင် လုယွီက ရုတ်တရက် လက်သီးတစ်ချက် ထိုးနှက်လိုက်သည်။ ပြင်းထန်သော လက်သီးစွမ်းအားသည် ကျယ်လောင်သော ပေါက်ကွဲသံဖြင့် ပွင့်အံ့ထွက်လာပြီး အနက်ရောင်ဝတ်ရုံဝတ်အဘိုးအို၏အရိုးဖြူလက်သည် ချက်ချင်းကြေမွှပျက်စီးသွားပေ၏။

Chapter 5133

"ရှေးဟောင်းအရိုးဖြူဂိုဏ်းရဲ့အမွေအနှစ်က တကယ့်ကို အစွမ်းထက်တယ်.... ဒါပေမဲ့ ကံမကောင်းစွာနဲ့ မင်းက နည်းနည်းလေးပဲ သင်ယူခဲ့ရတယ်"

လုယွီ၏အေးစက်သော အသံသည် အဘိုးအို၏ နားအတွင်းသို့ ကျဆင်းသွားပြီး သူ့ကို ထိတ်လန့်တုန်လှုပ်သွားစေခဲ့သည်။

ငရဲနယ်မြေတွင် နှစ်သုံးဆယ်ကြာ ပြင်းပြင်းထန်ထန်လေ့ကျင့်ပြီးနောက် သူသည် ဒုက္ခများကို ခံနိုင်ရည်ရှိခဲသည်။ မူလက သူသည် လောကကြီးအတွင်းသို့ ပြန်ရောက်သည်နှင့် အထွတ်အထိပ်သို့ ရောက်ရှိနိုင်မည်ဟု တွေးထင်ခဲ့သည်။ သို့ရာတွင် သူသည် လုယွီနှင့် ထပ်မံ၍တွေ့ဆုံရမည်ဟု မည်သူက တွေးထင်ထားမိမည်နည်း။

"ငါ ဒါကို လက်ခံဖို့ ဆန္ဒမရှိဘူး .. ငါ ဆန္ဒမရှိဘူး..."

အနက်ရောင်ဝတ်ရုံဝတ်အဘိုးအို၏အသံတွင် အဆုံးမရှိသော ဝမ်းနည်းပူဆွေးမှု ဒေါသတို့ဖြင့် ပြည့်နှက်နေသည်။

သူသည် တစ်ချိန်က မြေအောက်လောက တာအိုသခင်၏ ငရဲနယ်မြေတွင် ဖိနှိပ်ခံခဲ့ရသည်။ သို့ရာတွင် ယခုချိန်၌ သူသည် ငရဲနယ်မြေမှ ထွက်လာပြီးနောက် လုယွီ၏ဖိနှိပ်ခြင်းကို ထပ်မံ၍ ခံယူလိုက်ရသည်။

အနက်ရောင်ဝတ်ရုံဝတ်အဘိုးအိုသည် ရုတ်တရက် ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး သူ၏လက်များဖြင့် လက်စည်းတံဆိပ်များကို ထပ်ခါတလဲလဲ ဖွဲ့စည်းလိုက်၏။ ထို့နောက် သူသည် ခြောက်ပေမြင့်သော အရိုးဖြူအလံတစ်ခုကို ဆင့်ခေါ်ပြီး သူ၏စွမ်းအားကုန် ဝှေ့ယမ်းလိုက်သည်။

ထိုအရိုးဖြူအလံမှ ကြောက်မက်ဖွယ်ကောင်းပြီး မသက်မသာဖြစ်စေသော အငွေ့အသက်ကို ထုတ်လွှတ်နေသည်။ ပတ်ဝန်းကျင်ရှိ ယင်ချီများသည် ပို၍ပို၍ အေးစက်လာပြီး အနက်ရောင်မြူခိုးများသည် အရပ်မျက်နှာအဘက်ဘက်ကို ဖုံးလွှမ်းသွားသည်။ မရေမတွက်နိုင်သော အရိုးဖြူများသည် အမှောင်ထုအတွင်းမှ ထွက်ပေါ်လာပြီး လုယွီကို ကုတ်ခြစ်လိုက်၏။

လုယွီသည် အမှောင်ထုအတွင်းတွင် ရှိနေသော်လည်း သူ၏ခန္ဓာကိုယ်နံဘေးပတ်လည်တွင် အမြင့်မြတ်ဆုံးသော အလင်းရောင်တစ်ခု ရှိနေပြီး ထိုအရာသည် အမှောင်ထုကို လုံးလုံးလျားလျား ဖယ်ရှားရှင်းလင်းလိုက် သည်။

"ဒီနေရာက အလင်းရောင် လိုအပ်တယ်.."

လုယွီ၏စကားများသည် ကောင်းကင်ဘုံ၏အမိန့်ကို သယ်ဆောင်ပြီး ရှေးဟောင်းနတ်ဘုရားတစ်ပါး၏တီးတိုးရေရွတ်သံအလားပင်။

ရုတ်ချည်းဆိုသလိုပင် အလွန်စူးရှတောက်ပသော အလင်းတန်းများသည် အမှောင်ထုကို ထွင်းဖောက်ပြီး အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားကာ ယင်ချီများအားလုံးကို ဖယ်ရှားလိုက်သည်။ အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့လွင့်သွားသော အရိုးဖြူများဖြစ်စေ အနက်ရောင်မြူခိုးများဖြစ်စေ ထိုအရာများအားလုံးသည် ပြာအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

လုယွီသည် မိုးကောင်းကင်ယံရှိ ပူပြင်းသော နေမင်းကြီးနှင့်တူညီနေကာ ထွန်းလင်းတောက်ပနေသည်။ အဆုံးမရှိသော ပူပြင်းသည့် နေရောင်ခြည်သည် လောကကြီး၏ထောင့်တစ်နေရာတိုင်းသို့ ဖြာကျနေပေ၏။

"အား...."

အနက်ရောင်ဝတ်ရုံဝတ်အဘိုးအိုထံမှ ဝမ်းနည်းကြေကွဲစွာ အော်ဟစ်သံများ အဆက်မပြတ်ထွက်ပေါ်လာသည်။

သူ၏ခန္ဓာကိုယ်မှ ထူထပ်သိပ်သည်းသော မီးခိုးငွေ့များ မြင့်တက်လာပြီး ရေခဲတုံးတစ်တုံးသည် ပူပြင်းသောနေရောင်ခြည်ကို ထိတွေ့လိုက်ရသည့်အလားပင်။ သူသည် ထိန်းချုပ်ခံထားရပြီး ခြေတစ်လှမ်းလှမ်းရန်ပင် အလွန်ခက်ခဲနေသည်။

"ငါ ဒါတွေကို မလိုချင်တော့ဘူး....မြေအောက်လောက တာအိုသခင်ရဲ့ ရတနာတွေက မင်းရဲ့အပိုင်ပဲ"

ဤကဲ့သို့ အရေးကြီးသော အခိုက်အတန့်တွင် အနက်ရောင်ဝတ်ရုံဝတ်အဘိုးအိုသည် လုယွီထံမှ သနားညှာတာမှုကို တောင်းခံလိုက်၏။

"ဒီနေရာက မင်းကြိုက်သလို သွားလာလို့ရတဲ့ နေရာလား"

လုယွီ၏မျက်လုံးများအတွင်းတွင် အေးစက်စက်အလင်းတန်းတစ်တန်း ထင်ဟပ်လာသည်။ ထို့နောက် သူ၏လက်ဝါးကို ဓားအဖြစ်အသုံးပြု၍ ခုတ်ပိုင်းလိုက်သည်။

ဝှစ်....

ရုတ်ချည်းဆိုသလိုပင် အနက်ရောင်ဝတ်ရုံဝတ်အဘိုးအို၏ခန္ဓာကိုယ် နှစ်ပိုင်းပြတ်သွားခဲ့သည်။ သူ၏ပြတ်တောက်သွားသော ခန္ဓာကိုယ်သည် မိုးကောင်းကင်ယံမှ ကျဆင်းလာပြီး သွေးများ ဖြာကျလာသည်။ ဤသည်မှာ အလွန်တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော မြင်ကွင်းတစ်ခုပင်။

အနက်ရောင်ဝတ်ရုံဝတ်အဘိုးအို၏ ခန္ဓာကိုယ်ပေါ်မှ ရတနာအားလုံးသည် လုယွီ၏လက်ထဲသို့ ကျရောက်သွားပြီး ချက်ချင်းဆိုသလိုပင် သူ၏သိုလှောင်အိတ်အတွင်းသို့ ရောက်ရှိသွားသည်။ ဤရတနာများအနက် အရိုးဖြူအလံအပြင် သိုလှောင်လက်စွပ်တစ်ကွင်းရှိနေကာ အနက်ရောင်ဝတ်ရုံဝတ်အဘိုးအို၏ အဝတ်အစားများကြားတွင် ဝှက်ထားသော 'အရိုးဖြူကျမ်းစာ'လည်းရှိသည်။

'အရိုးဖြူကျမ်းစာ'ကို သားရဲသားရေဖြင့် ပြုလုပ်ထားပြီး သွေးဖြင့်ရေးသားထားသည်။ စာအုပ်တစ်အုပ်လုံးတွင် နတ်ဆိုးအငွေ့အသက်များနှင့် ပြည့်နှက်နေပြီး တစ်စုံတစ်ယောက်သည် ထိုအရာကို တစ်ချက်ကြည့်ရုံဖြင့် သူ၏စိတ်အတွင်းတွင် မကောင်းသောအတွေးများကို ပေါက်ဖွားလာစေနိုင်သည်။

"ဒါက တကယ့်ကို တခြားသူတွေရဲ့ စိတ်ကို သက်ရောက်စေနိုင်တဲ့ နတ်ဆိုးကျမ်းစာပဲ.... သူက အစကတော့ မကောင်းတဲ့ ကျင့်ကြံသူတစ်ယောက်သက်သက်ပဲ..အခု သူက ဒီနတ်ဆိုးကျင့်ကြံနည်းစနစ်ကို ကျင့်ကြံပြီးပြီဆိုတော့ သူ့ရဲ့စရိုက်က ရက်စက်ကြမ်းတမ်းပြီးတော့ ကျိုးကြောင်းဆီလျော်မှုမရှိတော့ဘူး"

လုယွီက ချက်ချင်းနားလည်သဘောပေါက်သွားသည်။

သို့ရာတွင် အနက်ရောင်ဝတ်ရုံဝတ်အဘိုးအိုသည် အရိုးဖြူမဟာတာအိုနှင့် သေးငယ်သော တာအိုဥပဒေသအနည်းငယ်ကိုသာ ကျွမ်းကျင်ခဲ့သည်။ ဤသည်မှာ အဆင့်နိမ့်တာအိုသခင်တစ်ယောက်ဖြစ်ပြီး ဆေးဝါးများနှင့်အဆောင်လက်ဖွဲ့များ၏ ထောက်ပံ့ကြောင့် တာအိုသခင်ဖြစ်လာသူများထက် အနည်းငယ်သာ ပို၍အစွမ်းသည်။ သူသည် လုယွီနှင့် ယှဉ်ပြိုင်ရန် မဆိုထားနှင့် ရှကွေ့ကျုံးပင်လျှင် သူ့ကို လွယ်လင့်တကူ ချေမှုန်းနိုင်ပေမည်။

တာအိုသခင်တစ်ယောက်၏သွေးများ မိုးကောင်းကင်ယံမှ ဖြာကျလာသည်။

လူများအားလုံး ထိတ်လန့်တုန်လှုပ်သွားကြသည်။ ထိုအဘိုးအိုသည် တာအိုသခင်နယ်ပယ် ထိပ်သီးအစွမ်းထက်တည်ရှိမှုကြီးတစ်ဦးပင်။

ကောင်းကင်ဘုံနယ်မြေ၏ အထွတ်အထိပ်၌ ရပ်တည်နိုင်သော တည်ရှိမှုကြီးတစ်ဦးသည် ဤကဲ့သို့ နှစ်ပိုင်းဖြတ်ခြင်းခံလိုက်ရလေ၏။

ဂိုဏ်းအင်အားစုများရှိ ကျင့်ကြံသူများအားလုံးသည် ပြင်းထန်သော အသက်ရှုကြပ်မှုကို ခံစားလိုက်ရသည်။ သူတို့သည် ယခင်က လုယွီ၏ လက်အတွင်းမှ ရတနာကို လုယူရန် စဉ်းစားခဲ့ကြသည်။ ယခုချိန်၌မူ သူတို့၏စိတ်ကူးသည် အလွန်အဓိပ္ပာယ်မဲ့ခဲ့ပုံရသည်။

ဤကဲ့သို့ ထိပ်သီးကျင့်ကြံသူတစ်ယောက်နှင့် တိုက်ခိုက်ခြင်းသည် သူတို့ အသက်ရှင်ရသည်မှာ ငြီးငွေ့နေခြင်းကြောင့်သာ ဖြစ်ပေမည်။

လုယွီက နတ်ဘုရားမနုန်ယွဲ့ကို ကြည့်ပြီး သူမထံသို့ ခြေလှမ်းတစ်လှမ်းချင်း လျှောက်လှမ်းသွားသည်။ သူ၏ခြေလှမ်းကျရောက်သည်နှင့် မိုးကောင်းကင်ယံကို ပြင်းထန်စွာ တုန်ခါသွားစေခဲ့သည်။

Chapter 5134

"လုယွီ...နင်က တကယ့်ကို အရည်အချင်းရှိတယ်...ငါက နင့်ကို အထင်သေးခဲ့ပုံပဲ"

နတ်ဘုရားမနုန်ယွဲ့သည် ရုတ်တရက် အလွန်တည်ငြိမ်သွားပေ၏။

"ငါတို့ ဒီကိစ္စကို ဆွေးနွေးလို့ရတယ်... ငါတို့ကိုသတ်လိုက်လို့ နင့်အတွက် ဘာအကျိုးကျေးဇူးမှ ရမှာမဟုတ်ဘူး...ငါက အရင်က ကျိုးထျန်းယင် ကိုယ်တိုင် ချီးမြှင့်ထားခဲ့တဲ့ အစစ်အမှန်နတ်ဘုရားမတစ်ပါးပဲ...ငါ နင့်ကို ပွင့်ပွင့်လင်းလင်း ထောက်ခံသရွေ့... နင်က ပိုပြီးတည်ငြိမ်တဲ့ ထောက်ခံမှုကို ရနိုင်တယ်"

လုယွီသည် အနက်ရောင်ဝတ်ရုံဝတ်အဘိုးအိုကို ဓားဖြင့်ခုတ်ပိုင်းလိုက်သည်အား မြင်တွေ့ချိန်၌ နတ်ဘုရားမနုန်ယွဲ့သည် လုယွီ၏ခွန်အားကို လျှော့တွက်၍မရကြောင်း သိရှိသွားသည်။

အထူးသဖြင့် လုယွီ၏အရှိန်အဝါသည် နတ်ဘုရားမနုန်ယွဲ့အပေါ် သက်ရောက်လာချိန်၌ သူမသည် ကြီးမားသော တောင်တန်းတစ်လုံးကို ကြည့်ရှုနေရသည့်အလား ခံစားလိုက်ရသည်။ ဤသည်မှာ သာမန်အရပ်သားတစ်ဦးသည် ဘုရင်တစ်ပါးကို ရုတ်တရက် မြင်တွေ့လိုက်ရချိန်၌ဃခံစားရမည့် အဆင့်အတန်း ကွာခြားချက်မျိုးပင်။ ထိုကွာခြားချက်သည် သူမအား ချက်ချင်းဆိုသလိုပင် ဦးညွှတ်အရိုအသေပြုလိုစိတ်များ ပေါက်ဖွားစေသည်။

နတ်ဘုရားမနုန်ယွဲ့သည် လုယွီ၏လက်အတွင်းမှ ရတနာကို လုယူနိုင်မည် မဟုတ်ကြောင်း သိရှိပြီးနောက် ကြောက်ရွံ့လာခဲ့သည်။ လက်ရှိအခြေအနေအရ သူမသည် ပဋိပက္ခကို ရှောင်ရှားရန် နည်းလမ်းရှာဖွေခြင်းသာ အကောင်းဆုံးဖြစ်ပေမည်။

လုယွီထံမှ စကားတုံ့ပြန်မှုမရှိသည်ကို မြင်တွေ့ချိန်၌နတ်ဘုရားမနုန်ယွဲ့က ဆက်လက်၍ ပြောဆိုသည်။

"ဒါကို ဘယ်လိုသဘောရလဲ.... အရှင်ဧကရာဇ် နန်းတက်ပြီးကတည်းက တော်ဝင်အမိန့်တော်တွေကို ထပ်ခါတလဲလဲ ထုတ်ပြန်ခဲ့တယ်....လူတော်တော်များများက အရှင်ဧကရာဇ်ကို မကျေမနပ်ဖြစ်နေတာ အချိန်အတော်ကြာနေပြီ... ဂိုဏ်းအင်အားစုတွေ ထိပ်သီးမိသားစုတွေ အရာရှိတွေကြားမှာ ဘယ်သူကများ အရှင်ဧကရာဇ်ကို စောဒကမတက်ဘဲ နေခဲ့လို့လဲ.... ပြည်သူတွေရဲ့စိတ်ထဲက မငြိမ်မသက်မှုတွေကို တစ်ညတည်းနဲ့ ဖြေရှင်းလို့မရဘူး"

"ငါ့မှာ ယုံကြည်သူသန်းပေါင်းများစွာရှိတယ်... ငါက အရှင်ဧကရာဇ်ကို ပွင့်ပွင့်လင်းလင်း ထောက်ခံပေးလိုက်တာနဲ့ အရှင်ဧကရာဇ်ရဲ့ ဂုဏ်သိက္ခာက ချက်ချင်းမြင့်တက်သွားလိမ့်မယ်...ဒါ့ပြင် ငါက တခြားနတ်ဘုရားတွေနဲ့ ဆက်သွယ်ပြီးတော့ သူတို့ သစ္စာခံလာဖို့ကိုလည်း ကူညီပေးနိုင်သေးတယ်... နတ်ဘုရားတွေရဲ့ အကူအညီနဲ့ အရှင်ဧကရာဇ်က ယုံကြည်သက်ဝင်မှုကို ထိန်းချုပ်နိုင်လိမ့်မယ်.....အဲ့ဒီအချိန်ကျရင် အရှင်ဧကရာဇ်က ဘယ်လိုအမိန့်မျိုးကိုပဲ ထုတ်ပြန်ထုတ်ပြန် အမြန်ဆုံး အကောင်အထည်ဖော်နိုင်မှာပါ...."

နတ်ဘုရားမနုန်ယွဲ့က လုယွီအား သွေးဆောင်ဖြားယောင်းရန် ကြိုးစားခဲ့သည်။ သို့ရာတွင် ထိုစကားလုံးများသည် အခြေအနေကို အနည်းငယ်မျှထပြောင်းလဲနိုင်ခြင်း မရှိခဲ့ချေ။

လုယွီက သူမဘက်သို့ ဆက်လက်၍ လျှောက်လှမ်းသွားနေသည်။ သူလှမ်းလိုက်သည့် ခြေလှမ်းတိုင်းသည် အေးစက်သော သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒတစ်ရပ်ကို ထုတ်လွှတ်ထားပေ၏။

"ငါ ပြောခဲ့သလိုပဲ.... ဒီနေရာကို ချဉ်းကပ်လာတဲ့ ဘယ်သူမဆို သေရမယ်...."

လုယွီက နတ်ဘုရားမနုန်ယွဲ့အား စူးစိုက်ကြည့်ပြီး အေးစက်တင်းမာစွာ ပြောဆိုလိုက်သည်။

"ငါက မင်းကို နောက်နေတယ်လို့ မင်း ထင်နေတာလား...."

ဘုန်း...

ပြင်းထန်ပြီး အကန့်အသတ်မဲ့သော ဖိအားတစ်ရပ်က ရုတ်တရက် နတ်ဘုရားမနုန်ယွဲ့၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားသည်။ အချိန်တခဏအတွင်းမှာပင် နတ်ဘုရားမနုန်ယွဲ့၏ အသက်ရှုသံ ပြင်းထန်လာသည်။ သူမသည် သူမ၏ကျောပေါ်တွင် ကြီးမားသောတောင်များကို ထမ်းပိုးထားရသကဲ့သို့ ခံစားလိုက်ရပြီး သူမကို အသက်ရှုရခက်ခဲစေခဲ့သည်။

မည်သည့်တွေဝေတုံ့ဆိုင်းခြင်းမျှမရှိဘဲ နတ်ဘုရားမနုန်ယွဲ့က နောက်သို့ချာခနဲလှည့်ကာ ထွက်ခွာသွားသည်။

တစ်ချိန်တည်းမှာပင် လုယွီက လက်ကိုမြှောက်၍ ဖမ်းဆွဲသည့် အမူအရာပြုလိုက်ပြီး သူ၏မှော်စွမ်းအားကို အသုံးပြု၍ လှံရှည်တစ်ချောင်းကို ဖွဲ့စည်းလိုက်သည်။

ဤလှံရှည်မှ သွေးရောင်အလင်းတန်းများ ဖြာထွက်နေပေ၏။ ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်တစ်ခုသည် ထိုလှံရှည်မှ ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်ရှိ လေဟာနယ်ကို တွန့်လိမ်ပုံပျက်သွားစေခဲ့သည်။

သူမ၏နောက်မှ အေးစက်သော သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒကို ခံစားမိချိန်၌ နတ်ဘုရားမနုန်ယွဲ့က ရုတ်တရက် အော်ဟစ်လိုက်သည်။

"အရှင်ဧကရာဇ်... ငါက အရှင်ဧကရာဇ်ကို သစ္စာခံဖို့ ဆန္ဒရှိပါတယ်... ငါက အရှင်ဧကရာဇ်ကို စိတ်ဝိညာဉ်အမှတ်အသား ပေးအပ်ပြီးတော့ ငါ့ရဲ့ သခင်အဖြစ် အသိအမှတ်ပြုနိုင်ပါတယ်..."

နောက်ထပ်အချိန်တခဏတွင် လုယွီသည် သူ၏လက်အတွင်းမှ လှံရှည်ကို ပြင်းထန်စွာ ပစ်ပေါက်လိုက်သည်။

"ဝှစ်...."

လှံရှည်သည် လေဟာနယ်ကို ဖြတ်သန်းသွားပြီး နတ်ဘုရားမနုန်ယွဲ့၏နှလုံးသားကို ဖောက်ထွင်းသွားခဲ့သည်။ နတ်ဘုရားမနုန်ယွဲ့သည် ဝမ်းနည်ကြေကွဲစွာ အော်ဟစ်လိုက်ပြီး လှံရှည်ပေါ်မှ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒကြောင့် သူမ၏ခန္ဓာကိုယ်သည် ချက်ချင်းဆိုသလိူပင် အမှုန်အမွှားများအဖြစ် ကြေမွှပျက်စီးသွားခဲ့သည်။

မိုးကောင်းကင်ယံသည် သွေးများဖြင့် နီမြန်းသွားခဲ့သည်။ ကောင်းကင်ယံမှ ငိုကြွေးသံများ ထွက်ပေါ်လာပြီး နေရာတချို့တွင် သွေးမိုးများ ရွာကျလာခဲ့သည်။

နတ်ဘုရားတစ်ပါး ကြွေလွင့်ခြင်းသည် လောကကြီးကို ဝမ်းနည်းစေပေ၏။

အစောပိုင်းတွင် လုယွီ၏ ရိုက်နှက်ခြင်းကို ခံခဲ့ရသော ဝံပုလွေနတ်ဘုရား၏မျက်နှာ ဖြူဖျော့နေပြီ။ သူသည် သူ၏မျက်လုံးကိုပင် မယုံနိုင်တော့ချေ။

မျက်စိတစ်မှိတ်အတွင်း၌ ထိပ်သီးကျင့်ကြံသူနှစ်ယောက်သည် တစ်ယောက်ပြီးတစ်ယောက်သတ်ဖြတ်ခံလိုက်ရသည်။ ယခုချိန်၌ သူတစ်ယောက်တည်းသာ ကျန်တော့သဖြင့် လုယွီ၏တိုက်ခိုက်မှုကို တောင့်ခံနိုင်မည်မဟုတ်ပေ။

"လုယွီ... ငါက လူရိုင်းနယ်စပ်က လူရိုင်းမျိုးနွယ်စုတွေအများကြီးက ကိုးကွယ်တဲ့ နတ်ဘုရားတစ်ပါးပဲ....မင်း ငါ့ကို သတ်ရဲရင် အဲ့ဒီမျိုးနွယ်စုတွေက ချက်ချင်းပုန်ကန်ပြီးတော့လမင်းရဲ့ အုပ်ချုပ်မှုကို လက်ခံကြတော့မှာ မဟုတ်ဘူး"

ဝံပုလွေနတ်ဘုရားက ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။

သို့ရာတွင် လုယွီသည် ခံစားချက်ကင်းမဲ့သော အမူအယာဖြင့် သူ၏လက်ဝါးကို အောက်သို့ရိုက်ချလိုက်၏။

ရွှေရောင်လက်ဝါးပုံရိပ်ယောင်ကြီးတစ်ခုသည် ဝံပုလွေနတ်ဘုရား၏နဖူးပေါ်သို့ ကျရောက်လာပြီး သူ့၏ကြီးမားသောခန္ဓာကိုယ်ကို ဖိနှိပ်လိုက်သည်။ ဝံပုလွေနတ်ဘုရားသည် ဤကြောက်မက်ဖွယ်ကောင်းသော ဖိအားကို တောင့်မခံနိုင်တော့သဖြင့် မြေပြင်ပေါ်တွင် ဒူးထောက်လိုက်သည်။ ထိုရွှေရောင်လက်ဝါးပုံရိပ်ယောင်ကြီးသည် သူ၏ခေါင်းကို မြေကြီးအတွင်းသို့ အခိုင်အမာ ဖိနှိပ်ထားပေ၏။

ထို့နောက် လုယွီ၏အေးစက်စက်အသံက လေထုအတွင်းတွင် မြည်ဟီးသွားသည်။

"ဒူးထောက်ပြီး ငါနဲ့ စကားပြောစမ်း...."

Chapter 5135

ဝံပုလွေနတ်ဘုရားသည် ခေါင်းငုံ့ထားကာ သူ၏ခန္ဓာကိုယ်ပေါ်မှ မြင့်မြတ်သောအလင်းရောင်သည် ဖိနှိပ်ခံလိုက်ရပြီး ယခင်ကဲ့သို့ တောက်ပခြင်းမရှိတော့ချေ။

သူသည် လုယွီ၏ ရွှေရောင်လက်ဝါးပုံရိပ်ယောင်ကြီးဖြင့်ဖြင့် ဖိနှိပ်ခံထားရသည်။ သူသည် လုယွီကို မော့ကြည့်နိုင်ခြင်းပင် မရှိချေ။ သူသည် ဝမ်းနည်းပူဆွေးစွာဖြင့် ဒူးထောက်နေရုံသာ တတ်နိုင်ခဲ့သည်။

ပတ်ဝန်းကျင်နေရာတဝိုက်လုံး တိတ်ဆိတ်နေသည်။ လူများအားလုံးသည် လုယွီ၏ကြီးစိုးသောအရှိန်အဝါကြောင့် ထိတ်လန့်သွားကြသည်။

လူရိုင်းနယ်စပ်တွင် မျိုးနွယ်စုသောင်းပေါင်းများစွာရှိပြီး သူတို့အားလုံးသည် ဝံပုလွေနတ်ဘုရားကို ရိုသေလေးစားကြသည်။

သို့ရာတွင် ယခုချိန်၌မူ ဤအစွမ်းထက်သော နတ်ဘုရားသည် လုယွီ၏ရှေ့တွင် ဒူးထောက်နေပြီး အစေခံတစ်ဦးကဲ့သို့ မြေပြင်ပေါ်တွင် ဝပ်တွားနေသည်။

သတ်ဖြတ်လိုခြင်း အငွေ့အသက်သည် ပတ်ဝန်းကျင်၍ ပြည့်နှက်နေသည်။ ဝံပုလွေနတ်ဘုရားသည် အကယ်၍ သူထံ၌ သစ္စာမဲ့သော အတွေးများရှိခဲ့လျှင် သူ သေဆုံးသွားရမည်ကို သံသယမရှိခဲ့ပေ။

"လုယွီ... ငါ့ကိုလွှတ်ပေးပါ... ဒီနေ့ကိစ္စက ပြီးသွားပြီ... ဒီကနေ့ကစပြီး ငါတို့တစ်ယောက်နဲ့တစ်ယောက်ရဲ့ ကိစ္စကို ဝင်မစွက်ဖက်ကြတော့ဘူး.... မင်းက ဧကရာဇ်နေရာမှာ အခိုင်အမာ နေနိုင်လိမ့်မယ်.. ငါ မင်းကို ထပ်ပြီးရန်မစတော့ဘူး"

ဝံပုလွေနတ်ဘုရားက အံ့ကြိတ်ပြီး ပြောဆိုသည်။

ယခုအချိန်ထိ သူသည် အဆင့်မြင့်နတ်ဘုရားတစ်ပါး၏ဂုဏ်သိက္ခာကို ထိန်းသိမ်းပြီး လုယွီနှင့် ညှိနှိုင်းလိုပေ၏။

လုယွီ၏မျက်နှာအမူအယာ တည်ငြိမ်နေပြီး ရုတ်တရက် ပြောဆိုသည်။

"လူရိုင်းနယ်စပ်မှာ မျိုးနွယ်စုတွေသောင်းပေါင်းများစွာရှိတယ်....တကယ့်ကို လူအများကြီးရှိတယ်"

ဤစကားကိုကြားလျှင် ဝံပုလွေနတ်ဘုရား ဝမ်းသာသွားသည်။

နောက်ဆုံးတွင် သူထံ၌ ယုံကြည်သူအမြောက်အများရှိသည်။ ထိုယုံကြည်သူများအနက်မှ အများစု တာယွီတော်ဝင်နန်းတွင်း၏ ပြည်သူများဖြစ်ကြသည်။ ဤနတ်ဘုရားကျဆုံးသည်နှင့် မျိုးနွယ်စုအမြောက်အများ၏ပုန်ကန်မှုကို ဆွဲဆောင်နိုင်ဖွယ်ရှိသည်။ ထိုအချိန်တွင် တော်ဝင်နန်းတွင်းသည် ဤပုန်ကန်မှုကို နှိမ်နင်းလိုပါက သူတို့သည် ကြီးမားသော အဖိုးအခကို ပေးဆပ်ရပေမည်။

သို့ရာတွင် နောက်ထပ်အချိန်တခဏတွင် လုယွီ၏ အသံသည် ဝံပုလွေနတ်ဘုရား၏နားနံဘေး၌ ပေါက်ကွဲသွားသည်။

"ဒါပေမဲ့ ငါ ဂရုစိုက်မယ်လို့ မင်းထင်လား...."

သူ၏ပတ်ဝန်းကျင်တွင် မြင့်တက်လာသော ထက်ရှသည့် သတ်ဖြတ်လိုစိတ်ကို ခံစားမိချိန်၌ ဝံပုလွေနတ်ဘုရား၏နှလုံးခုန်နှုန်း လျှင်မြန်လာသည်။ သူသည် ယနေ့တွင် သေဘေးမှ လွတ်မြောက်နိုင်တော့မည် မဟုတ်ချေ။

"အတူတူ သေကြစို့..."

ဝံပုလွေနတ်ဘုရား၏မျက်လုံးများမှ စူးရှတောက်ပသော ရွှေရောင်အလင်းတန်းများ ဖြာထွက်လာသည်။ သူသည် ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး သူ၏ခန္ဓာကိုယ်သည် ကြီးမားကျယ်ပြန့်လာပေ၏။

ဝမ်းနည်းပူဆွေးဖွယ်ကောင်းပြီး အေးစက်သော သတ်ဖြတ်လိုခြင်း စိတ်ဆန္ဒတစ်ခုသည် ဝံပုလွေနတ်ဘုရား၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည်။ အချိန်တခဏအတွင်းမှာပင် သူသည် ကြီးမားသော ဝံပုလွေခေါင်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး လေထုအတွင်းတွင် ပျံဝဲနေသည်။ သူ၏မျက်လုံးများသည် အေးစက်သောအလင်းတန်းများဖြင့် တဖျပ်ဖျပ်တောက်ပနေပေ၏။

"ဟမ့်...."

လုယွီက အေးစက်စက် နှာမှုတ်လိုက်သည်။ သူသည် သူ၏လက်ချောင်းများကို ဝှေ့ယမ်းလိုက်ပြီး ထက်ရှသော အင်မော်တယ်သုတ်သင်ဓားချီသည် ရှေ့သို့တဟုန်ထိုးပြေးသွားကာ အရိုးထိစိမ့်အောင် အေးစက်သော သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒကို ထုတ်လွှတ်ထားသည်။

ဘုန်း....

အချိန်တခဏအတွင်းမှာပင် ဝံပုလွေနတ်ဘုရား၏ မြင့်မြတ်သောအလင်းတန်းများသည် ဓားချီကြောင့် ကြေမွှပျက်စီးသွားခဲ့သည်။ ကြောက်မက်ဖွယ်ကောင်းသော မြင့်မြတ်သော စွမ်းအားများသည် ထုတ်လွှတ်ရန် အခွင့်အရေးပင်မရရှိဘဲ ချက်ချင်းဆိုသလိုပင် ပြန့်ကျဲသွားခဲ့သည်။ သူသည် မျှော်လင့်ချက်ကင်းမဲ့စွာဖြင့် ဝမ်းနည်းကြေကွဲစွာ အော်ဟစ်လိုက်ပြီး အမှုန်အမွှားအဖြစ်ပြောင်းလဲကာ လောကကြီးအတွင်းမှ ပျောက်ကွယ်သွားတော့သည်။

တစ်ချိန်တည်းမှာပင် လူရိုင်းနယ်မြေရှိ မရေမတွက်နိုင်သော မျိုးနွယ်စုများ ကိုးကွယ်ကြသော ဝံပုလွေနတ်ဘုရား၏ ရုပ်တုသည် ကျယ်လောင်သော ပေါက်ကွဲသံဖြင့် ကြေမွှပျက်စီးသည်။ ထိုအရာသည် ကျောက်စကျောက်နများအဖြစ်သို့ ပြောင်းလဲသွားပေ၏။ ကျိုးပဲ့နေသော ကျောက်စကျောက်နများသည် အရပ်မျက်နှာအဘက်ဘက်သို့ ပြန့်ကျဲသွားခဲ့သည်။ ဝံပုလွေနတ်ဘုရား၏ရုပ်ထုမှ စွမ်းအားများရရှိခဲ့သော လူရိုင်းကျင့်ကြံသူများ၏ စိတ်နှလုံးများအတွင်း၌ ဟာတာတာဖြစ်သွားပြီး အရေးကြီးသောအရာတစ်ခုကို ဆုံးရှုံးသွားသကဲ့သို့ ခံစားလိုက်ရသည်။

"ငါ ဝံပုလွေနတ်ဘုရားရဲ့အရှိန်အဝါကို မခံစားရတော့ဘူး... ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ..."

"ဝံပုလွေနတ်ဘုရားရဲ့ စွမ်းအားက အဆုံးမရှိဘူး... သူ့ရဲ့စွမ်းအားက ကောင်းကင်ဘုံကို လွှမ်းမိုးထားတယ်...ကောင်းကင်အောက်မှာ သူ့ကို ယှဉ်နိုင်တဲ့သူ မရှိသလောက်ပဲ... သူက ဘယ်လိုလုပ်ပြီး သေသွားနိုင်မှာလဲ..."

သက်ဝင်ယုံကြည်သူများသည် သူတို့၏မိဘများကို ဆုံးရှုံးသွားသည့်အလား စိတ်ဓာတ်ကျနေကြသည်။ သို့ရာတွင် ထိတ်လန့်ခြင်းနှင့်ကြောက်ရွံ့ခြင်းကို ခံစားရသော လူများသည် ပို၍များပြားပေ၏။

ဝံပုလွေနတ်ဘုရားသည် အဆင့်မြင့်နတ်ဘုရားတစ်ပါးပင်။ သူသည် အကြောင်းပြချက်မရှိဘဲ ပျောက်ကွယ်သွားမည်မဟုတ်ပေ။ သူသည် ရုတ်တရက်သေဆုံးသွားစေသည့် တုန်လှုပ်ဖွယ်ကောင်းသော မတော်တဆမှုတစ်ခုခုနှင့် ကြုံတွေ့ခဲ့ရမည်မှာ သေချာသည်။

သူသည် ထိပ်သီးတည်ရှိမှုကြီးတစ်ဦးနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရသလော..

ဝံပုလွေနတ်ဘုရားမျိုးနွယ်စုတွင် မရေမတွက်နိုင်သော လူရိုင်းကျင့်ကြံသူများသည် ကျိုးပဲ့နေသော ရုပ်တုရှေ့တွင် ဒူးထောက်နေကြသည်။ သူတို့၏မျက်နှာများ ဖြူဖျော့နေပေ၏။

သူတို့သည် ကြိုးစားအားထုတ်မှုများစွာ ပြုလုပ်ခဲ့သော်လည်း ကျိုးပဲ့နေသော ဝံပုလွေနတ်ဘုရား၏ရုပ်တုသည် မည်သို့ပျက်စီးသွားသည်ကို သူတို့ မတွေးတောနိုင်ခဲ့ကြချေ။

သို့ရာတွင် လူတိုင်း ကြောက်ရွံ့တုန်လှုပ်နေကြစဉ်မှာပင် လုယွီ၏အေးစက်စက်အသံက သူတို့၏နားအတွင်းတွင် ရုတ်တရက် မြည်ဟီးလာသည်။

"ဝံပုလွေနတ်ဘုရားက ပုန်ကန်ဖို့ ရည်ရွယ်ပြီးတော့ ပြစ်မှုကြီးတစ်ခုကို ကျူးလွန်ခဲ့တယ်....သူ့ကို ငါ သတ်လိုက်ပြီ...."

ထိုအသံသည် မရေမတွက်နိုင်သော လူရိုင်းမျိုးနွယ်စုများ၏မိုးကောင်းကင်ယံကို ပြည့်နှက်သွားစေခဲ့သည်။ ဤသည်မှာ ကောင်းကင်ဘုံ၏ အခွင့်အာဏာ ကျရောက်လာသကဲ့သို့ဖြစ်ပြီး မေးခွန်းထုတ်ဖွယ်မရှိသော ခန့်ညားထည်ဝါမှုမျိုး ရောယှက်နေသည်။

All Chapters