← Chapters

အခန်း (၅၁၄၆-၅၁၅၀)

Vol. 261 Ch. 5146-5150

အခန်း (၅၁၄၆-၅၁၅၀)

Vol. 261 Ch. 5146-5150

Chapter 5146

"ထန်အင်ပါယာက ဘာတွေဖြစ်နေတာလဲ"

လုယွီက မျက်မှောင်ကြုတ်လိုက်သည်။

"ထန်စစ်တပ်ရဲ့တပ်မှူး ပုကူဝေ့အန်းက ဆုတ်ခွာမသွားဘူး... ဆန့်ကျင်ဘက်အနေနဲ့ ထန်စစ်တပ်က ရေခဲနယ်မြေကို စေလွှတ်တဲ့ တပ်ဖွဲ့ဝင်အရေအတွက်ကိုတောင် တိုးမြှင့်လိုက်တယ်.. သူတို့ဟာ အဆုံးအဖြတ်တိုက်ပွဲတစ်ပွဲကို တိုက်ခိုက်ဖို့ ရည်ရွယ်ထားပုံရတယ်"

လီစစ်က တည်ကြည်လေးနက်သော အသံဖြင့် ပြောဆိုသည်။

"လီကျီးရဲ့သဘောထားက ထူးထူးခြားခြားကို ခိုင်မာနေတယ်... သူက ထန်စစ်တပ်ကို မဆုတ်ခွာဖို့ အမိန့်ပေးခဲ့တယ်... ဒါတင်မကသေးဘူး ထန်အင်ပါယာဟာ တိုက်ပွဲကို ကိုယ်တိုင်ကြီးကြပ်ဖို့ မင်းသားတစ်ပါးကိုလည်း စေလွှတ်ခဲ့ပါတယ်...သူတို့ရဲ့ စစ်ရေးစိတ်ဓာတ်က အထွတ်အထိပ်ကို ရောက်နေခဲ့တယ်... လုကျင်းရှန့်က ပုန်းကွယ်နဂါးစစ်တပ်ကို ဦးဆောင်ပြီးတော့ ရောက်နေပေမဲ့ ထိရောက်တဲ့ ရလဒ်တစ်ခုမှ မရရှိနိုင်သေးဘူး"

"အမ်..."

လုယွီသည် အံ့အားသင့်သွားပြီး မျက်ခုံးပင့်လိုက်၏။

ထန်စစ်တပ်၏ပန်းတိုင်သည် နယ်မြေသိမ်းပိုက်ရန်မဟုတ်ဘဲ တစ်စုံတစ်ခုကို ရှာဖွေရန်ဖြစ်ကြောင်း သူသည် ဝမ်ကျိုးစီထံမှ ကြားသိခဲ့ဖူးသည်။

ရေခဲနယ်မြေသည် မိုင်ပေါင်းသောင်းချီတဝိုက်လုံး အေးခဲနေပြီး ပတ်ဝန်းကျင်မှာ ခက်ခဲကြမ်းတမ်းသည်။ မြေကြီးသည် ကျယ်ပြန့်ပြီး လူနေကျဲပါးပေ၏။ ထိုနေရာတွင် သယံဇာတ အလွန်နည်းပါးပြီး အထူးမဟာဗျူဟာကျသော နေရာလည်းမရှိသောကြောင့် ထန်စစ်တပ်ဘက်မှ သိမ်းပိုက်ရန်မလိုအပ်ချေ။

"လီကျီး ရှာနေတဲ့အရာက ရေခဲနယ်မြေထဲမှာ ရှိနေတာများလား..."

ဤအတွေးသည် လုယွီ၏ စိတ်ထဲတွင် လျှပ်ပြက်သကဲ့သို့ ထွက်ပေါ်လာသည်။ ဤအတွေး မှန်ကန်နိုင်ခြေသည် အလွန်မြင့်မားကြောင်း သူ ရုတ်တရက် ခံစားလိုက်ရသည်။

လီကျီးသည် ရှေးဟောင်းအလယ်ခေတ်၏ ဂုဏ်သိက္ခာကြီးမားသော ဧကရာဇ်တစ်ပါး ဖြစ်ခဲ့သည်။ သူသည် တစ်စုံတစ်ခုကို ရှာဖွေရန်အတွက် နည်းလမ်းတစ်မျိုးမျိုးကို အသုံးပြုပြီး ဤလောကကြီးတွင် ရှင်သန်နေထိုင်ခဲ့ခြင်း ဖြစ်ပေ၏။

ဤကိစ္စအတွက် သူသည် စစ်ပွဲများစတင်ရန် ဝန်မလေးခဲ့ချေ။ သူသည် ကောင်းကင်ဘုံနယ်မြေတွင် ဖရိုဖရဲဖြစ်စေရုံသာမက ထန်အင်ပါယာ၏ ကျန်ရှိသော အင်အားကိုလည်း မဆိုင်းမတွအသုံးပြုခဲ့သည်။

ထန်အင်ပါယာတွင် အစကတည်းက အလယ်ခေတ်မှ အမွေအနှစ်များစွာ မကျန်ရှိခဲ့ချေ။ လီကျီး၏သုံးဖြုန်းမှုများ အပြီးတွင် အမှန်တကယ်ကို များများစားစား မကျန်တော့ပေ။ စစ်ပွဲအတွင်း ကျရောက်သွားခဲ့သော အင်ပါယာနှစ်ခုစလုံးသည် အင်အားများစွာ ကုန်ဆုံးသွားခဲ့ပြီး အမှန်တကယ် အောင်နိုင်သူဟူ၍ မရှိခဲ့ချေ။

"ဒီကိစ္စကို ဆက်ပြီးအာရုံစိုက်ထားပါ..ကျန်းရီကို ကောင်းကင်ကွန်ယက်နဲ့အတူ ရေခဲပြင်ဒေသဆီ လွှတ်လိုက်တော့...လုကျင်းရှန့်က စစ်ကူလိုချင်တယ်ဆိုရင် သူ့ကို မတားနဲ့"

လုယွီက အလေးအနက်ထားသော အသံဖြင့် ပြောဆိုသည်။

လီစစ်သည် ခေါင်းညိတ်လိုက်၏။ သူ့တွင်လည်း ထိုသို့သော ရည်ရွယ်ချက်ရှိသည်။

"ဒါ့ပြင် ဂိုဏ်းအင်အားစုတွေကိုလည်း ငါတို့ လျှော့တွက်လို့မရဘူး.. ဒီအင်အားစုတွေက ရှေးဟောင်းအလယ်ခေတ်ကတည်းက တော်တော်လေးကို ရှုပ်ထွေးမှုတွေ ဖြစ်စေခဲ့တယ်...ဒေသခံအုပ်ချုပ်ရေးအဖွဲ့တွေ လောက်နဲ့တော့ သူတို့ကို နှိမ်နင်းနိုင်မှာ မဟုတ်ဘူး"

လုယွီသည် ဤအကြောင်းကို အလွန်ရှင်းလင်းစွာ တွေးတောထားသည်။

ထိုဂိုဏ်းအင်အားစုများကို သူ့အား လက်အောက်ခံစေနိုင်သည့် အကြောင်းအရင်းမှာ သူ၏ကိုယ်ပိုင်အစွမ်းအစကြောင့်ပင်။

သို့ရာတွင် ကောင်းကင်ဘုံနယ်မြေသည် အလွန်ကြီးမားပေ၏။ အကယ်၍ သူ့နေရာတွင် အစွမ်းအစမရှိသော တခြားဒေသခံအရာရှိတစ်ဦးဖြစ်ပါက သူသည် ဂိုဏ်းအင်အားစုများ၏ လွှမ်းမိုးခြင်းကို ခံရဖွယ်ရှိပြီး ထိုဂိုဏ်း၏ ရုပ်သေးရုပ်ပင် ဖြစ်သွားနိုင်သည်။

မြင့်မြတ်နယ်မြေများ၏ စီးပွားရေးလုပ်ငန်းများသည် အလွန်ကျယ်ပြန့်ပြီး နေရာတိုင်းတွင် တွေ့မြင်နိုင်သည်။ သူတို့အားလုံးကို ချက်ချင်းဖယ်ရှားပစ်ရန်မှာ မဖြစ်နိုင်ချေ။

"အရှင်က ဘယ်လိုလုပ်ချင်လို့လဲ"

"ရှေးဟောင်းခေတ်ကတည်းက နန်းတော်မှာ ဌာနကြီးခြောက်ခုနဲ့ ဘုရားကျောင်းငါးခု ရှိခဲ့တယ်... ငါက ဂိုဏ်းအင်အားစုတွေရဲ့ ကိစ္စရပ်တွေကို တာဝန်ယူဖြေရှင်းဖို့ အပြင်စည်းရုံးတော်တစ်ခုကို ထပ်ပြီးတည်ထောင်ဖို့ စီစဉ်နေတယ်... ဒီကိစ္စကို ဒေသခံအာဏာပိုင်တွေရဲ့လက်ထဲကို အပြည့်အဝ အပ်ထားလို့မရဘူး...အဲ့ဒီဂိုဏ်းတွေကို ကိုင်တွယ်နိုင်မယ့်လူကို ရွေးချယ်ရမယ်"

လုယွီက တည်ကြည်လေးနက်စွာ ပြောဆိုသည်။

ပါ့ကျိုးပြည်နယ်၏ အုပ်ချုပ်ရေးမှူး သေကြေပျက်စီးသွားခဲ့ခြင်းသည် သူ၏စိတ်ထဲတွင် အထင်အရှား ရှိနေဆဲပင်။

လုယွီသည် ထိုကိစ္စမျိုး ထပ်မံ၍ဖြစ်ပွားလာမည်ကို ခွင့်ပြုနိုင်ခြင်း မရှိချေ။

"အပြင်စည်းရုံးတော်မှာ ခန့်အပ်ခံရတဲ့ အဖွဲ့ဝင်တွေကို အရာရှိတွေနဲ့ ဂိုဏ်းအင်အားစုတွေကအဖွဲ့ဝင်တွေ စုစည်းပြီး အဓိက ဖွဲ့စည်းရမယ်... သူတို့ထဲက အတော်ဆုံးနဲ့ အရည်အချင်းအရှိဆုံး လူတွေကို ရွေးချယ်ရမယ်...သူတို့မှာ တပ်တွေကို ဦးဆောင်ခွင့်နဲ့ ဂိုဏ်းအင်အားစုတွေအားလုံးကို နှိမ်နင်းဖို့ စစ်တပ်တစ်ခုကို လေ့ကျင့်ပေးပိုင်ခွင့်တွေ ရှိရမယ်"

ဤသည်မှာ လုယွီ၏ အကြံအစည်ဖြစ်သော်လည်း မည်သို့အကောင်အထည်ဖော်ရမည်မှာမူ လီစစ်ထံတွင်သာ တာဝန်ရှိနေဆဲပင်။

လီစစ်၏မျက်လုံးများ တောက်ပလာသည်။

အပြင်စည်းရုံးတော်လား...ရှေးဟောင်းခေတ်ကတည်းက ကျင့်ကြံရေးအင်ပါယာတွေအားလုံးက ဂိုဏ်းအင်အားစုတွေကို ဘယ်ချိန်မှာမှ အာရုံမစိုက်ခဲ့ကြဘူး.... ဒါက ဂိုဏ်းအင်အားစုတွေကို ဥပဒေမဲ့ဖြစ်စေခဲ့တယ်...အထူးရုံးတော်တစ်ခုက ဒီကိစ္စကို တာဝန်ယူလိုက်တာနဲ့ သူတို့တွေက သတိထားလာကြလိမ့်မယ်...အလုပ်တွေလုပ်တဲ့ချိန်မှာ သူတို့က ပိုပြီးစဉ်းစားလာကြလိမ့်မယ်"

ထို့နောက် လုယွီနှင့်လီစစ်တို့သည် အုပ်ချုပ်ရေးဆိုင်ရာကိစ္စရပ်တချို့ကို အသေးစိတ် ထပ်မံပြောဆိုလိုက်ကြ၏။

သူတို့နှစ်ဦးသည် နှစ်နာရီတိတိ စကားစမြည်ပြောဆိုခဲ့ကြသည်။ ထို့နောက် လီစစ်က ရုတ်တရက် ပြောဆိုသည်။

"ဟုတ်သားပဲ အရှင်ဧကရာဇ်...သုံးရက်နေရင် လုမိသားစုရဲ့အကြီးအကဲချုပ် လုဝူသီရဲ့ မွေးနေ့ပဲ"

Chapter 5147

"အဘိုးရဲ့မွေးနေ့လား.."

လုယွီ ရုတ်တရက် သတိရသွားသည်။

ရတနာမျှော်စင်တွင် ရှိနေစဉ်က လုယွီသည် ဤကိစ္စကို လုမိသားစု၏အကြီးအကဲတစ်ဦးထံမှ ကြားသိခဲ့ရသည်။

အောက်ဘုံမှ လုမိသားစုသည် မူလက လုမိသားစု၏ အကိုင်းအခက်တစ်ခုမျှသာဖြစ်ပြီး အနည်းငယ်မျှ မျက်စိကျစရာမရှိခဲ့ပေ။ ကောင်းကင်ဘုံနယ်မြေတစ်ခုလုံးတွင် လုမိသားစု၏အကိုင်းအခက်များ မည်မျှထိရှိသည်ကို မည်သူမျှ မသိချေ။ သို့ရာတွင် လုယွီ၏ တည်ရှိမှုကြောင့် လုဝူသီ၏လုမိသားစုအကိုင်းအခက်သည် ပင်မမိသားစုအတွင်း၌ အဆင့်အတန်း မြင့်တက်လာခဲ့သည်။ လုယွီ၏အဘိုးလုဝူသီပင်လျှင် အကြီးအကဲချုပ်အဖြစ် ရာထူးတိုးမြှင့်ခြင်း ခံခဲ့ရသည်။

လုမိသားစုတစ်ခုလုံးတွင် အကြီးအကဲချုပ် ငါးဦးသာရှိပေ၏။ သူတို့တစ်ဦးချင်းစီသည် ကျင့်ကြံဆင့်တွင် အထွတ်အထိပ်သို့ရောက်ရှိနေပြီး သူတို့၏ရက်စက်ကြမ်းကြုတ်မှုများ ပြိုင်ဘက်ကင်းသည်။

လောကီအင်မော်တယ်တစ်ဦးသာဖြစ်သော လုဝူသီကို အကြီးအကဲချုပ်ရာထူးသို့ တိုးမြှင့်ပေးခြင်းသည် လုမိသားစုက သူ့ကို မည်မျှထိ အရေးထားကြောင်း ပြသနေသည်။

"လုမိသားစုက ငါ့အဘိုးကို သူတို့မိသားစုနဲ့ ချည်နှောင်ဖို့ ကြိုးစားနေတာလား"

လုယွီ၏မျက်လုံးများအတွင်းတွင် အေးစက်စက်အလင်းတန်းတစ်တန်း ဖြတ်ပြေးသွားသည်။

သူ့အတွက်မူ လုမိသားစုသည် အပြင်လူများသာ ဖြစ်ပေ၏။ သူ့ထံတွင် မည်သည့်ပတ်သက်ဆက်နွယ်လိုစိတ်မျိုးမှ မရှိချေ။

လုမိသားစုခေါင်းဆောင် လုချန်ဆောင်နှင့် လုချင်းချန်တို့သည် လုယွီအား လုမိသားစုသို့ ဝင်ရောက်ရန် အကြိမ်ပေါင်းများစွာ ဖိတ်ခေါ်ခဲ့သော်လည်း သူ သဘောမတူခဲ့ချေ။

လုမိသားစုသည် သြဇာအာဏာကြီးမားသော်လည်း နောက်ဆုံးတွင် သူ၏ကိုယ်ပိုင်မိသားစု မဟုတ်ပေ။ ထို့အပြင် လုယွီ၏ လက်ရှိ ကျင့်ကြံဆင့်ဖြင့် သူသည် လုမိသားစုကို မှီခိုအားထားရန် မလိုအပ်ချေ။

"အဘိုးရဲ့မွေးနေ့ကိုတော့ တက်ရောက်ရလိမ့်မယ်.. မနက်ဖြန်ကျရင် ပြင်ဆင်ထားလိုက်ပါ... အချိန်ကျလာရင် မင်း ငါနဲ့အတူ လိုက်ခဲ့ရမယ်"

လုယွီက ညွှန်ကြားလိုက်သည်။

သူ မြို့တော်သို့ရောက်သည့်အချိန်မှစ၍ သူ၏အဘိုးကို သွားရောက်ဂါရဝပြုခြင်း မရှိသေးပေ။ ဤသည်မှာ သူသည် လုမိသားစုမှလူများနှင့်တွေ့ဆုံရန် အခွင့်အရေးကောင်းတစ်ခုပင်။

သုံးရက်ကြာပြီးနောက် မြို့တော်ရှိ လုအိမ်တော်တွင် အကြီးအကဲချုပ်လုဝူသီ၏ မွေးနေ့ပွဲကို စတင်ကျင်းပခဲ့သည်။

ယနေ့တွင် လုမိသားစုအိမ်တော်သည် ထူးထူးခြားခြား စည်ကားလှပေ၏။ အိမ်တော်အပြင်ဘက်တွင် ခမ်းနားထည်ဝါသော ရထားလုံးအမျိုးမျိုးကို ရပ်နားထားသည်။

မြို့တော်တွင် ကောင်းကင်ယံ၌ ပျံသန်းခွင့်မပြုသောကြောင့် မြို့တော်ရှိ ချမ်းသာကြွယ်ဝသော မိသားစုများသည် သူတို့၏ အဆင့်အတန်းကို ပြသရန် ရထားလုံးများကို အသုံးပြုကြသည်။ အိမ်တော်အပြင်ဘက်တွင် ရပ်ထားသောရထားလုံးများသည် အလွန်ကြီးကျယ်ခမ်းနားပြီး တန်ဖိုးကြီးပေ၏။

ရွှေခြင်္သေ့ ဖူထျန်းမှော်သားရဲ ငှက်နက် ကြက်သွေးရောင်နတ်ဘုရားမြင်းစသဖြင့် ရထားလုံးဆွဲသော နတ်ဆိုးသားရဲများတွင် ကိုယ်ပိုင်ထူးခြားချက်များရှိကြသည်။ သူတို့အားလုံးသည် ရှားပါးပြီး အဖိုးတန်သော နတ်ဆိုးသားရဲများပင်။ ဤနတ်ဆိုးသားရဲများ၏ နောက်တွင်ရပ်ထားသော ရထားလုံးများကိုလည်း ကောင်းမွန်စွာ တည်ဆောက်ထားပေ၏။ ထိုအရာများသည် အလွန်ခမ်းနားထည်ဝါပြီး ရထားလုံးအတွင်းတွင် လေဟာနယ်ဝင်္ကပါတစ်ခုကိုပင် ခင်းကျင်းထားသည်။ အပြင်ဘက်မှကြည့်လျှင် ဤသည်မှာ ရထားလုံးငယ်လေးတစ်ခုနှင့် တူညီသည်။ အတွင်းသို့လျှောက်သွားလျှင် ရွေ့လျားနေသော အိမ်တစ်လုံးနှင့်တူညီကာ အလွန်ကျယ်ဝန်းပြီး တည်ငြိမ်သည်။

မြို့တော်မှ အရေးပါသော ပုဂ္ဂိုလ်များသာမက မိုင်ပေါင်းထောင်ချီဝေးသော တောက်ပနေမင်းကြယ်မြစ်နှင့်လူရိုင်းနယ်စပ်ကြယ်မြစ်တို့မှ လူများပင် ဤမွေးနေ့ပွဲကို လာရောက်ကြ၏။

ဤမွေးနေ့ပွဲကို စီစဉ်ရန်အတွက် လုမိသားစုသည် ကြိုးစားအားထုတ်မှုများစွာ ပြုလုပ်ခဲ့သည်။

ဧည့်ကြိုခန်းမ၏ ဝင်ပေါက်တွင် လုမိသားစုသည် ငွေအမြောက်အမြားသုံးစွဲပြီး ဧည့်သည်များကို အထီးကျန်လူရိုင်းကမ္ဘာသို့ တိုက်ရိုက်ပို့ဆောင်ပေးနိုင်သော ကြီးမားသည့် ကူးပြောင်းရေးဝင်္ကပါတစ်ခုကို တည်ဆောက်ခဲ့သည်။

လုမိသားစု၏ အထီးကျန်လူရိုင်းကမ္ဘာ...

ဤသည်မှာ ရှေးဟောင်းအလယ်ခေတ်၏ စစ်သူတော်စင်လုယန် ဖန်တီးခဲ့သော ပြင်ပကမ္ဘာငယ်လေးတစ်ခုပင်။

အထီးကျန်လူရိုင်းကမ္ဘာတွက် ရှေးဟောင်းအလယ်ခေတ်မှ လက်ဆင့်ကမ်းလာခဲ့သော ရှေးဟောင်းပစ္စည်းများစွာကို ပိုင်ဆိုင်ထားပြီး ကျယ်ပြန့်သော နယ်မြေလျှောက်တွင် ရှေးဟောင်းခန်းမတချို့နှင့် စစ်မြေပြင်တချို့ပင်လျှင် ပြန့်ကျဲနေသည်။

မိသားစု၏ထူးချွန်သော တပည့်များသာလျှင် ဤနေရာသို့ ဝင်ရောက်ခွင့်ရှိသည်။ လုမိသားစု၏ သခင်လေးများထဲမှ တစ်ဦးဖြစ်သော သွေးမိတ်ဆွေအမတ်ကြီး လုကျိုးရှောင်ကဲ့သို့ လူစားမျိုးသာလျှင် အထီးကျန်လူရိုင်းကမ္ဘာတွင် ကိုယ်ပိုင်တောင်ထိပ်တစ်ခုကို ပိုင်ဆိုင်ခွင့်ရသည်။

ရှေးဟောင်းအလယ်ခေတ်တွင် စစ်ပွဲများ ဖြစ်ပွားခဲ့သည့်တိုင် အထီးကျန်လူရိုင်းကမ္ဘာသည် အနည်းငယ်မျှ မထိခိုက်ခဲ့ချေ။ ဤနေရာရှိ လေဟာနယ်အတွင်းတွင် စိတ်ဝိညာဉ်စွမ်းအားများဖြင့် ပြည့်နှက်နေပေ၏။ ဤနေရာတွင် ကျင့်ကြံခြင်းသည် အားထုတ်မှုတစ်ဝက်ဖြင့် ရလဒ်နှစ်ဆရရှိစေပေမည်။

"ဂုဏ်သရေရှိ ဧည့်သည်တော်များ...ကြွပါ..."

ဧည့်ကြိုသည် လုယွီနှင့်လီစစ်တို့၏ ဖိတ်စာများကို စစ်ဆေးပြီးနောက် သူတို့ကို ချက်ချင်း ဝင်ခွင့်ပေးလိုက်သည်။

Chapter 5148

လုယွီ အသုံးပြုသော ဖိတ်စာကို လီစစ်က သူ့အားပေးခဲ့ခြင်းဖြစ်သည်။

အကြီးအကဲချုပ်လုဝူသီ၏ မွေးနေ့ပွဲအတွက် လုမိသားစုသည် လုယွီထံသို့ ဖိတ်စာတစ်စောင် ပေးပို့ခဲ့သည်။ သို့ရာတွင် ထိုဖိတ်စာကို ထျန်းတအိမ်တော်သို့ ပို့ခဲ့ကာ လုယွီသည် လွန်ခဲ့သည့်ရက်များအတွင်း အလယ်ပိုင်းခန်းမဆောင်တွင် လီစစ်နှင့်တခြားအမတ်ကြီးများနှင့်အတူ အုပ်ချုပ်ရေးကိစ္စများကို ဆွေးနွေးနေခဲ့သည်။

တစ်ရက်တာအချိန်အတွင်း အမတ်ကြီးတချို့သည် လုယွီ၏အကြံအတိုင်း လိုက်နာပြီး ရုံးတော်အသစ်ကို အပြီးသတ်ခဲ့ကြသည်။

အပြင်စည်းရုံးတော်...

ဤသည်မှာ ဂိုဏ်းအင်အားစုနှင့်ပတ်သက်သော ကိစ္စရပ်အားလုံးကို ဖြေရှင်းရန်အတွက် အထူးပြုသည့် ရုံးတော်တစ်ခုပင်။ အကယ်၍ မည်သည့်ဂိုဏ်းအင်အားစုမဆို ဥပဒေကို ဖောက်ဖျက်ခြင်း သို့မဟုတ် နေရာဒေသအသီးသီး၌ ပရမ်းပတာဖြစ်အောင် ပေါ်ပေါ်တင်တင်လုပ်ဆောင်ဝံ့ခြင်းတို့ ရှိလာပါက အပြင်စည်းရုံးတော်သည် သူတို့ကိုဖျက်ဆီးရန် နန်းတော်၏စစ်တပ်ကို စေလွှတ်ပေမည်။

ဤသည်မှာ အလွန်တင်းမာသော သဘောထားရှိသည့် အုပ်ချုပ်ရေရေးရုံးတော်တစ်ခုပင်။

အပြင်စည်းရုံးတော် တည်ရှိနေခြင်းဖြင့် အနာဂတ်တွင် ပြင်ပဂိုဏ်းအင်အားစုများမှ မည်သည့်အရာကို လုပ်ဆောင်လိုသည်ဖြစ်စေ အကျိုးဆက်များကို ထည့်သွင်းစဉ်းစားရပေလိမ့်မည်။

လုယွီသည် လန်ဝူရှင်းကို ပုန်းကွယ်နဂါးစစ်တပ်မှ ပြောင်းရွှေ့ပြီး သူ့အား အပြင်စည်းရုံးတော်အမတ်ကြီးအဖြစ် ခန့်အပ်ခဲ့လေ၏။ လန်ဝူရှင်းသည် ယခင်က နတ်ဆိုးဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်ခဲ့သည်။ ထို့ကြောင့် သူသည် ဂိုဏ်းအင်အားစုများနှင့် ဆက်ဆံရာတွင် ကျင့်ကြံခြင်းလောက၏နည်းလမ်းများကို အသုံးပြုပေမည်။ သူသည် အပြင်စည်းရုံးတော်၏အမတ်ကြီးဖြစ်ရန် အသင့်တော်ဆုံးလူ ဖြစ်ပေ၏။

ဤရက်အနည်းငယ်အတွင်း လုယွီနှင့် အတွင်းဝန်တချို့သည် ရုံးတော်အသစ်ကိစ္စကို ဆွေးနွေးခဲ့ကြသည်။ နောက်ဆုံးတွင် လုဝူသီ၏မွေးနေ့ပွဲရက်သို့ ရောက်ရှိလာသည်။

မူလက လုယွီတွင် လုမိသားစုမှဖိတ်စာရှိသော်လည်း အမတ်ကြီးများနှင့် အလွန်အမင်းပြင်းထန်စွာ ဆွေးနွေးခဲ့သောကြောင့် ကြိုတင်ပြင်ဆင်ထားခြင်းမရှိခဲ့ချေ။

သို့ရာတွင် လုယွီသည် ဤအရာကို ဂရုမစိုက်ပေ။ သူသည် လီစစ်ကို ခေါ်ဆောင်ပြီး လုမိသားစုထံသို့ တန်းတန်းမတ်မတ် သွားရောက်ခဲ့သည်။

"အရှင်ဧကရာဇ်... လုမိသားစုက အကြီးအကဲချုပ်ရဲ့မွေးနေ့ကို တော်တော်လေး အာရုံစိုက်ထားသားပဲ"

လီစစ်က လုယွီ၏နံဘေးတွင် မတ်တတ်ရပ်ကာ အသံတိုးတိုးဖြင့် ပြောဆိုပြီး သက်ပြင်းချလိုက်သည်။

သူတို့သည် လုမိသားစုထဲသို့ ခြေချလိုက်သည့်ချိန်တွင် မီးပုံးများနှင့်ဖဲကြိုးများချိတ်ဆွဲခြင်းတို့ကို ပြုလုပ်နေကြသော အစေခံမိန်းကလေးများများကို မြင်တွေ့မိသည်။ ဤသည်မှာ နှစ်သစ်ကူးပွဲတော်ကို ကျင်းပနေသည့်အလားပင်။

ဆေးနီသုတ်ထားသော တိုင်ထိပ်တွင် 'အသက်ရှည်ခြင်း' ဟူသော စာတန်းတစ်ခုကို ကပ်ထားလေ၏။ ထိုစာလုံးများသည် သန်မာပြီး အားမာန်ပါလှကာ ကျော်ကြားသော မိသားစုတစ်ခု၏ လက်ရာဖြစ်ကြောင်း သိသာထင်ရှားသည်။

"လုမိသားစုက သူတို့ရဲ့စိတ်စေတနာကောင်းကို ငါ့ကို ပြသနေတာပဲ...ဒါပေမဲ့ သူတို့က တော်တော်လေး ကောင်းကောင်းလုပ်ထားတယ်..."

လုယွီက တိတ်တဆိတ်ခေါင်းညိတ်ပြီး ဤအရာအားလုံးကို သူ၏စိတ်ထဲတွင် မှတ်သားထားလိုက်သည်။

လောကီအင်မော်တစ်ဦးအတွက် လုမိသားစုသည် ဤမျှထိ ကြီးကျယ်ခမ်းနားသောပွဲကို ပြုလုပ်ခြင်းမှာ လုယွီအား မျက်နှာသာအလွန်ပေးနေခြင်းဖြစ်သည်။

သို့ရာတွင် လုယွီသည် ဤအခမ်းအနားများကို ဂရုမစိုက်ချေ။ သူ၏မျက်လုံးထဲတွင် မြို့တော်ရှိ လုမိသားစုသည် တခြားထိပ်သီးမိသားစုများနှင့် များစွာကွာခြားခြင်းမရှိချေ။

"စီနီယာလု...စီနီယာလီ...ခင်ဗျားတို့လည်း ဒီကိုရောက်နေတာပဲ"

ရုတ်တရက် အဝေးမှ လူငယ်တစ်ဦး၏ အသံ ထွက်ပေါ်လာသည်။

လုယွီ လှမ်းကြည့်လိုက်ရာ ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်၏ အဖြူရောင်ဝတ်စုံများကို ဝတ်ဆင်ထားသော လူငယ်ယောက်ျားလေးများနှင့် မိန်းကလေးများတစ်စုကို တွေ့လိုက်ရသည်။ သူတို့သည် လက်ရှိတွင် ကူးပြောင်းရေးဝင်္ကပါရှေ့၌ မတ်တတ်ရပ်ကာ သူ့ကို နှုတ်ဆက်နေကြသည်။ သူတို့သည် ရတနာမျှော်စင်တွင် လုယွီနှင့် ဆုံတွေ့ခဲ့ဖူးသည့် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်မှတပည့်များပင်။

သူတို့နှင့် ဤနေရာတွင် ပြန်တွေ့ရမည်ဟု လုယွီ မျှော်လင့်မထားခဲ့ပေ။

"စီနီယာတို့က တကယ့်ကို သတ္တိရှိတာပဲ... နောက်ဆုံးတစ်ခေါက်တုန်းက လုထျန်ကျုံးကို စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်ခဲ့ပြီးတော့ လုမိသားစုထဲမှာ ပေါ်လာရဲသေးတယ်.. လုထျန်ကျုံးက ရှင်တို့ကို ဒုက္ခပေးမှာ မကြောက်ဘူးလား"

ဤစကားကို ပြောဆိုသူမှာ 'ဖန်ရှင်းရန်' ဟုခေါ်သော မိန်းကလေးတစ်ဦးပင်။

ထိုနေ့က ရှားပါးရတနာအဆောက်အအုံတွင် ဖန်ရှင်းရန်သည် ကျန်းစစ်မင်၏ဘေးတွင် အစဥ်အမြဲရှိနေခဲ့သောကြောင့် လုယွီတို့ကို များစွာအာရုံမစိုက်ခဲ့ချေ။

လုထျန်ကျုံး၏သေဆုံးမှုသတင်းကို လုမိသားစုမှ တင်းတင်းကျပ်ကျပ် ပိတ်ဆို့ထားခဲ့လေ၏။ လုမိသားစုဝင်အများစုပင်လျှင် ယခင်က နေရာအနှံ့အပြား၌ ဖျက်ဆီးရမ်းကားခဲ့သော ထိုသခင်လေးသည် လုယွီ၏လက်ချက်ဖြင့် သေဆုံးသွားခဲ့သည်ကို မသိကြချေ။

"လုမိသားစုက ကောင်းကင်ဘုံမှ မဟုတ်တာ...ငါ က ဘာအမှားမှ လုပ်ထားတာ မရှိဘူး...ငါက ဘာလို့ မလာနိုင်ရမှာလဲ"

လုယွီက ခပ်ဖျော့ဖျော့အပြုံးနှင့် ပြောဆိုသည်။

ဖန်ရှင်းရန်က သူမ၏ လှပသောမျက်ခုံးများကို ပင့်လိုက်ပြီး စိတ်လှုပ်ရှားစွာဖြင့် ပြောဆိုသည်။

"စီနီယာလုက ဒီလောက်ထိ သတ္တိရှိလိမ့်မယ်လို့ မထင်ခဲ့ဘူး... ရှင်က မြို့တော်ရဲ့လုမိသားစုဝင်တစ်ယောက်များလား"

သူမသည် လုယွီအား စုန်ချည်ဆန်ချည်စူးစိုက်ကြည့်ကာ သူ့ကို ထွင်းဖောက်မြင်လိုသည့်အလားပင်။

လုထျန်ကျုံးကို စိတ်ဆိုးအောင်လုပ်ခြင်းသည် လုမိသားစုကို ရန်စစော်ကားခြင်းနှင့် ညီမျှပေ၏။ ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်၏ ကျောင်းသားများအတွက်ပင် ဤသည်မှာ အလွန်ဒုက္ခများသောကိစ္စတစ်ခုပင်။

လုယွီက ခေါင်းခါလိုက်သည်။

"ငါက မြို့တော်ရဲ့လုမိသားစုဝင် မဟုတ်ဘူး"

Chapter 5149

လုယွီသည် လုမိသားစုဝင်တစ်ဦးမဟုတ်ကြောင်း ကြားလိုက်ရသည့်ချိန်တွင် ဖန်ရှင်းရန်၏မျက်လုံးများအတွင်း၌ အေးစက်သော အကြည့်တစ်ခု ဖြတ်ပြေးသွားသည်။

လုယွီသည် ပြောင်းရွှေ့အရာရှိအဖြစ် ရွေးချယ်ခြင်းမခံရသော ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်၏တပည့်တစ်ဦးဖြစ်ကာ သူ့ထံတွင် ချမ်းသာသောမိသားစုတစ်စု၏ အဆင့်အတန်းလည်း မရှိပေ။

ဤသည်မှာ ဖြစ်ရိုးဖြစ်စဥ်ကိစ္စ တစ်ရပ်ပင်။ သူ့ထံတွင် အစွမ်းအစမရှိသည့်အပြင် နောက်ခံအင်အားလည်း မရှိချေ။

ဖန်ရှင်းရန်၏သဘောထားသည် ချက်ချင်းပင် ပို၍အေးစက်သွားပေ၏။ သို့ရာတွင် သူမသည် ဤသဘောထားကို အလွန်ကောင်းမွန်စွာ ဖုံးကွယ်ထားပြီး ရှင်းရှင်းလင်းလင်း မပြသခဲ့ပေ။

"စီနီယာတို့...ဒါက လုမိသားစုကို ပထမဆုံးအကြိမ် လာတာဖြစ်ရမယ်...ငါက အဘိုးနဲ့အတူ အထီးကျန်လူရိုင်းကမ္ဘာထဲကို ဝင်ဖူးတယ်"

ဖန်ရှင်းရန်က ခပ်ဖျော့ဖျော့အပြုံးနှင့် ပြောဆိုသည်။

"ဒါပေမဲ့ အဲ့ဒီအချိန်က ဒီနေရာကို ခဏတဖြုတ်ကြည့်ခဲ့ရရုံပဲရှိတာ... ဒီနေ့ ငါကိုယ်တိုင် ဒီနေရာကိုလာနိုင်လိမ့်မယ်လို့ ငါ ထင်မထားခဲ့ဘူး"

ဘာ...

ပတ်ဝန်းကျင်မှ ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်၏တပည့်များသည် ချက်ချင်းနားစွင့်လိုက်ကြသည်။

သူတို့သည် အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားကြ၏။ အထီးကျန်လူရိုင်းကမ္ဘာဆိုသည်မှာ မည်သို့သောနေရာမျိုး ဖြစ်သနည်း။ လုမိသားစုဝင်များဖြစ်သည့်တိုင် ထူးချွန်သူတချို့သာ ဤနေရာသို့ ဝင်ရောက်ခွင့်ရှိသည်။ ပြင်ပလောကရှိ ဒဏ္ဍာရီများသည် အထီးကျန်လူရိုင်းကမ္ဘာကို သူတော်စင်နယ်မြေအဖြစ် ဖော်ပြကြ၏။ လူအမြောက်အများသည် ဤနေရာသို့ ဝင်ရောက်လိုသော်လည်း မတတ်နိုင်ကြပေ။

"ဒါက အမှန်ပဲလေ... ငါ့ရဲ့အဘိုးက ဘာအလုပ်လုပ်တာလဲဆိုတာ နင်တို့ မမေ့ကြနဲ့"

ဖန်ရှင်းရန်က ဂုဏ်ယူဝံ့ကြွားစွာဖြင့် ခေါင်းမော့လိုက်သည်။

ဖန်မိသားစု၏ဘိုးဘေးသည် မြို့တော်ရှိ သမိုင်းပညာရှင်တစ်ဦးပင်။ သူသည် ရှေးဟောင်းပန်းချီကားများနှင့်လက်ရေးစာမူများကို အထူးပြုလေ့လာသည်။

အတိတ်တွင် လုမိသားစု၏ဘိုးဘေးဖြစ်သူ လုပိုယန်သည် အထီးကျန်လူရိုင်းကမ္ဘာအတွင်း၌ ရတနာများစွာကို ချန်ထားခဲ့လေ၏။ လုမိသားစုဝင်များပင်လျှင် မကိုင်တွယ်နိုင်သော အရာများစွာရှိသောကြောင့် သူတို့သည် ပြင်ပမှလူများကို ဖိတ်ခေါ်၍ ကြည့်ရှုခိုင်းရုံသာ တတ်နိုင်ခဲ့သည်။

ဖန်ရှင်းရန်သည်လည်း အဘိုးဖြစ်သူနှင့်အတူ ဗဟုသုတအချို့ရရှိရန် အထီးကျန်လူရိုင်းကမ္ဘာအတွင်းသို့ လိုက်ပါခဲ့ဖူးသည်။

ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်၏ အခြားတပည့်များသည် မနာလိုဖြစ်သွားကြပေ၏။ ဖန်ရှင်းရန်တွင် ယခင်ကတည်းက ဤသို့သော ဗဟုသုတများရှိနေခဲ့သဖြင့် သူတို့၏ အသိပညာထက် များစွာသာလွန်နေသည်။

"ဒါပေမဲ့ ကံကောင်းစွာနဲ့ပဲ လုမိသားစုက အကြီးအကဲချုပ် လုဝူသီရဲ့ မွေးနေ့မှာ အထီးကျန်လူရိုင်းကမ္ဘာရဲ့ ကန့်သတ်ချက်တွေကို ဖယ်ရှားပေးခဲ့တယ်... ဒါ့ပြင် ငါတို့ ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်က တပည့်တွေကို ဖိတ်စာတွေအများကြီး ပေးခဲ့တယ်... ငါတို့လည်း အရှင်ဧကရာဇ်ရဲ့ ကျေးဇူးကြောင့် အကျိုးကျေးဇူး ခံစားခဲ့ရတယ်"

ဖန်ရှင်းရန်က ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။

တခြားတပည့်အားလုံးသည် သဘောတူညီသည့်အနေဖြင့် ခေါင်းညိတ်လိုက်ကြ၏။

မွေးနေ့ပွဲဖိတ်စာများကို အုပ်ချုပ်ရေး စီးပွားရေး ကွန်ဖြူးရှပ်တာအိုနှင့်စည်းမျဥ်းဥပဒေတာအိုတို့တွင် ပါဝင်ပတ်သက်နေသော လူအများထံသို့ ပေးပို့ခဲ့သည်။

ထိပ်သီးအင်အားစုများအနက် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်တစ်ခုတည်းသာ ဖိတ်စာအများဆုံးရရှိခဲ့သည်။ ထို့ကြောင့် တပည့်အမြောက်အများသည် အထီးကျန်လူကမ္ဘာသို့လာရောက်ပြီး သူတို့၏အမြင်ကို ချဲ့ထွင်ရန် အခွင့်အရေးရရှိခဲ့ကြသည်။

လူအများသည် အလွန်အမင်း စိတ်လှုပ်ရှားနေကြ၏။ ဤသည်မှာ သူတို့၏ တသက်တာတွင် ရရှိရန် အလွန်ခက်ခဲသော အခွင့်အရေးတစ်ခုပင်။ ဤအချိန်တွင် သူတို့သည် ကောင်းမွန်စွာ လေ့လာကြည့်ရှုရပေမည်။

တပည့်များအားလုံးသည် ကူးပြောင်းရေးဝင်္ကပါပေါ်တွင် အတူတကွ မတ်တတ်ရပ်လိုက်ကြပြီးနောက် သူတို့သည် အထီးကျန်လူရိုင်းကမ္ဘာထဲသို့ ချက်ချင်းပို့ဆောင်ခြင်း ခံလိုက်ရသည်။

လေဟာနယ် တုန်ခါသွားသည်နှင့်အမျှ လူများအားလုံးသည် သူတို့၏ကျောရိုးတလျှောက် အေးစိမ့်သွားမှုကို ချက်ချင်းခံစားလိုက်ရသည်။ လေထုအတွင်းရှိ စိတ်ဝိညာဉ်စွမ်းအားများသည် ရုတ်တရက် ပို၍ထူထပ်သိပ်သည်းလာပေ၏။ အသက်တစ်ချက်ရှိုက်ရုံဖြင့် လူများကို လန်းဆန်းတက်ကြွစေပြီး သူတို့၏စိတ်ထဲရှိ မလိုလားအပ်သော အတွေးများအားလုံးကို ပျောက်ကွယ်သွားစေသည်။

သူတို့၏အမြင်အာရုံအတွင်းသို့ ဝင်ရောက်လာသည်မှာ အနည်းဆုံး ဧကတစ်ထောင်ခန့် ကျယ်ဝန်းသော ကြီးမားသည့် ခန်းမတစ်ခုဖြစ်ပြီး တစ်ချက်ကြည့်ရုံဖြင့် အဆုံးကိုမမြင်နိုင်ချေ။

သူတို့ ကူးပြောင်းရေးဝင်္ကပါမှ ထွက်လာသည့်ချိန်တွင် ပေတစ်ထောင်ခန့်မြင့်သော ကြီးမားသည့် ကျောက်တံခါးတစ်ခုသည် သူတို့ရှေ့တွင် တည်ရှိနေသည်။ ထိုကျောက်တံခါးကို မရေမတွက်နိုင်သော ကြီးမားလေးလံသည့် ကျောက်တုံးများဖြင့် ပြုလုပ်ထားသည်။ ကျောက်နံရံပေါ်တွင် ထူထပ်သော မှော်မန္တန်များနှင့် အဆောင်သင်္ကေတများကို ထွင်းထုထားပေ၏။ တံခါး၏ ဘေးတစ်ဖက်တစ်ချက်တွင် အောက်ခံကျောက်တုံးထဲသို့ ထိုးစိုက်ထားသော ကျောက်ရုပ်ထုကြီးတစ်ရုပ်စီရှိ၏။ ဤသည်မှာ ကျောက်တံခါးကို ထောက်မထားသောပုံစံပင်။

ကျောက်တံခါးရှေ့တွင် ကျောက်ရုပ်ထုတစ်ဆယ့်နှစ်ရုပ်ရှိ၏။ ထိုရုပ်ထုများသည် ချပ်ဝတ်တန်ဆာများကို ဝတ်ဆင်ထားပြီး သူတို့၏လက်ထဲတွင် ဓားရှည် သို့မဟုတ် ဆေဘာဓားများကို ကိုင်ဆောင်ထားကြသည်။ သူတို့၏ အမူအယာများသည် တည်ကြည်ပြီး ဂုဏ်သိက္ခာရှိသည်။

လူအများသည် ကျောက်တံခါးရှေ့တွင် မတ်တတ်ရပ်နေသည့်ချိန်တွင် သူတို့ကိုယ်သူတို့ သေးငယ်သည်ဟု ချက်ချင်းခံစားလိုက်ရ၏။ ကောင်းကင်နှင့်မြေပြင်သည် အလွန်ဝေးကွာပြီး သက်ရှိအားလုံးသည် လောကဓံအပြောင်းအလဲများစွာကို တွေ့ကြုံခဲ့ရသည်။

ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်၏ တပည့်များအနက် အများစုသည် အသက်ရှူမှားသွားကြ၏။ သူတို့ မြင်တွေ့ဖူးသမျှ အခမ်းအနားဆုံးအဆောက်အအုံမှာ တာယွီနန်းတော်မှလွဲ၍ တခြားမရှိပေ။ သို့ရာတွင် သူတို့၏ရှေ့မှ ဤအဆောက်အအုံများသည် လက်ရှိခေတ်ကာလရှိ ခမ်းနားထည်ဝါသော အဆောက်အအုံများနှင့် လုံးလုံးလျားလျား ကွဲပြားခြားနားသည်။

Chapter 5150

ဤအဆောက်အအုံများသည် ရှေးကျပြီး ရှေးဟောင်းဆန်ပေ၏။ ခေတ်ကာလ၏ အပြောင်းအလဲများသည် မြေတစ်လက်မမချန် နက်ရှိုင်းသော အမှတ်အသားတစ်ခုကို ချန်ထားခဲ့သည်။ ရှေးဟောင်းအလယ်ခေတ်တွင် ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးသည် ဒဏ္ဍာရီတစ်ခုသာ ဖြစ်ခဲ့သော်လည်း ယခုချိန်တွင်မူ လူတိုင်း၏မျက်စိရှေ့တွင် အမှန်တကယ် ပေါ်ထွက်လာခဲ့သည်။

အတိတ်ကာလတွင် ရှေးဟောင်းအလယ်ခေတ်၏ ကျင့်ကြံသူများသည် ဤကျောက်တံခါးကို ဖြတ်သန်းသွားခဲ့ကြ၏။ ယခုချိန်တွင်မူ အရာအားလုံးပြောင်းလဲကာ လူများလည်း ပြောင်းလဲသွားကြပြီ။ ယခုခေတ်ကာလရှိလူများ ဤနေရာတွင် မတ်တတ်ရပ်နေသည့်အချိန်တွင် သူတို့သည် အတိတ်မှ ခမ်းနားထည်ဝါသောမြင်ကွင်းကို ခံစားနေရဆဲပင်။

"ဒီနေရာက ရှေးဟောင်းအလယ်ခေတ်က ရီလင်စစ်ပွဲရဲ့ ရှေးဟောင်းစစ်မြေပြင်ပဲ..ဒီကျောက်တံခါးရဲ့နောက်က ရှေးဟောင်းအလယ်ခေတ်မှာ ဝူစစ်တပ်က တပ်စွဲခဲ့တဲ့နေရာပဲ"

ဖန်ရှင်းရန်က ယုံကြည်မှုရှိသော အပြုံးတစ်ခုဖြင့် ပြောဆိုသည်။

"အဲ့ဒီအချိန်တုန်းက လုမိသားစုရဲ့ စစ်သူတော်စင်လုပိုယန်က ဒီနေရာကို အုပ်ချုပ်ပြီးတော့ စစ်တပ်တွေကို အမိန့်ပေးခဲ့တယ်... နောက်ဆုံးမှာ သူက ဧကရာဇ်ကျောက်လျဲ့ကို အနိုင်ယူပြီး စစ်သူတော်စင်ဖြစ်လာခဲ့တယ်"

တခြားသူများသည် နားထောင်ရင်း အံ့အားတသင့်ဖြင့် ချီးကျူးစကား ပြောဆိုကြသည်။

ဤအရာများအားလုံးသည် ရှေးဟောင်းမှတ်တမ်းများတွင်သာ မှတ်တမ်းတင်ထားသော အရာများပင်။ ယခုချိန်တွင်မူ သူတို့သည် ဤမြင်ကွင်းကို သူတို့ကိုယ်တိုင်ကိုယ်ကျ မျက်မြင်တွေ့ခဲ့ရလေပြီ။

"ဧကရာဇ်ကျောက်လျဲ့ကလည်း အလယ်ခေတ်မှာ ဒေသတစ်ခုရဲ့ သူရဲကောင်းတစ်ဦးပဲ... သူက တာအိုသခင်အဆင့်ရဲ့ အထွတ်အထိပ်ကို ရောက်နေပြီလို့ ကောလာဟလတွေ ထွက်ခဲ့ပြီးတော့ အုပ်စိုးသူအရှင်အဆင့်နဲ့ ခြေတစ်လှမ်းပဲ ကွာတော့တယ်... ကံမကောင်းစွာနဲ့ပဲ သူ့ရဲ့ တာအိုနှလုံးသားက ပျက်စီးသွားပြီးတော့ နောက်ဆုံးမှာ သူက စိတ်ဓာတ်ကျပြီး သေဆုံးသွားခဲ့တယ်"

ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်၏ တပည့်အများစုသည် အတိတ်နှင့်ပစ္စုပ္ပန်ကို သိသော အသိပညာကြွယ်ဝသူများပင်။

လူများအားလုံး ရုတ်တရက် သက်ပြင်းရှိုက်လိုက်ကြသည်။

"ရှေးဟောင်းအလယ်ခေတ်ရဲ့ စစ်မြေပြင်ကဘယ်လိုပုံစံမျိုးလဲဆိုတာ ငါတကယ် မြင်ချင်လိုက်တာ..."

တခြားလူများသည်လည်း အလားတူ ခံစားရပြီး တစ်ယောက်ပြီးတစ်ယောက် ခေါင်းညိတ်လိုက်ကြသည်။

ဤသည်မှာ ရှေးဟောင်းအလယ်ခေတ်မှ စစ်စခန်းတစ်ခုသာဖြစ်သော်လည်း လူများကို ကြောက်ရွံ့ထိတ်လန့်စေသည့် ခံစားချက်ကိုပေးစွမ်းနိုင်သည်။ အကယ်၍ အစစ်အမှန်စစ်မြေပြင်ဖြစ်ပါက မည်ကဲ့သို့ပုံစံမျိုးဖြစ်မည်နည်း။

ဖန်ရှင်းရန်က ရုတ်တရက် ရယ်ပြုံးပြီး ပြောဆိုသည်။

"ပြောရရင် ငါ့ရဲ့အဘိုးဆီက ကြားဖူးတာတစ်ခုကတော့ ဒီရှေးဟောင်းစစ်မြေပြင်မှာ စိတ်ဝိညာဉ်စွမ်းအားတွေ တစ်စွန်းတစ်စ ကျန်နေသေးတယ်တဲ့...စစ်သူတော်စင်လုရဲ့ စစ်မှန်တဲ့အမွေကို ရရှိတဲ့သူတိုင်း ဒီနေရာက အရာအားလုံးကို ထိန်းချုပ်ပိုင်ခွင့်ရှိလိမ့်မယ်"

ထိုသို့ပြောဆိုပြီးနောက် ဖန်ရှင်းရန်က သူမ၏နံဘေးပတ်လည်ရှိ ကျောက်ရုပ်ထုတစ်ဆယ့်နှစ်ရုပ်ကို ညွှန်ပြပြီး ပြောဆိုသည်။

"ဒီရုပ်ထုတွေထဲမှာ ရှေးဟောင်းအလယ်ခေတ်က ထိပ်သီးကျင့်ကြံသူတွေရဲ့ စစ်ဝိညာဉ်တွေ ပုန်းအောင်းနေတယ်... ဒီနေရာကို အပြည့်အဝ ထိန်းချုပ်နိုင်သရွေ့ ဒီစစ်ဝိညာဉ်တွေကို တိုက်ခိုက်ဖို့ အမိန့်ပေးနိုင်တယ်"

"ဒါက အမှန်ပဲလား"

"ဒါဆိုရင် ငါလည်း စမ်းကြည့်ချင်တယ်..စစ်သူတော်စင်လုရဲ့အမွေအနှစ်ကိုသာရရင် ငါ အောင်မြင်ကျော်ကြားသွားလိမ့်မယ်..."

တပည့်များသည် ဤအရာကိုကြားသည်နှင့် ချက်ချင်းစိတ်အားထက်သန်လာကြသည်။

သူတို့သည် ငယ်ရွယ်ပြီး သွေးပူနေကြဆဲဖြစ်ကာလောကကြီးပေါ်တွင် သူတို့ကိုယ်သူတို့ ပြိုင်ဘက်ကင်းသည်ဟု ထင်နေကြသည်။ သူတို့ရှေ့တွင် တောက်ပသော အနာဂတ်တစ်ခုရှိပြီး ဤအရာကိုရရှိလျှင် တခြားမည်သူ့ကိုမျှ မရှုံးနိမ့်နိုင်တော့ချေ။ ဤသို့သော အခွင့်အရေးကိုမြင်သည့်ချိန်တွင် သူတို့အားလုံး စမ်းကြည့်လိုကြသည်။

"နင်တို့အားလုံး စမ်းကြည့်ချင်တယ်ဆိုရင် ကျောက်ရုပ်ထုပေါ်မှာ လက်တင်ပြီး စမ်းကြည့်ကြပါ...စစ်ဝိညာဉ်ရဲ့ ခံစားချက်ကို အရင်ဆုံးရယူသင့်တယ်"

ဖန်ရှင်းရန်က ခေါင်းခါလိုက်ပြီး သူမ၏ မျက်နှာပေါ်တွင် မရေးမစိုက်သော အမူအယာတစ်ရပ် ထင်ဟပ်လာသည်။

သူမသည် ဖန်မိသားစုဘိုးဘေးနှင့်အတူ ဤနေရာသို့ ပထမဆုံးအကြိမ်လာရောက်သည့်ချိန်၌ လုမိသားစုတပည့်များ တန်းစီပြီး သူတို့၏ စစ်ဝိညာဉ်များကို ခံစားနေကြသည်ကို သူမကိုယ်တိုင် မြင်ခဲ့ရပေ၏။

သို့ရာတွင် လုမိသားစု၌ ထူးချွန်သူများ မရေမတွက်နိုင်အောင်ရှိသော်လည်း တစ်ဦးတစ်ယောက်မျှ စစ်ဝိညာဉ်၏ အသိအမှတ်ပြုမှုကို မရရှိခဲ့ပေ။

ဖန်ရှင်းရန်သည်လည်း စိတ်လှုပ်ရှားစွာဖြင့် စမ်းကြည့်ခဲ့သော်လည်း ရလဒ်မှာ အခြားလုမိသားစုတပည့်များနှင့် အတူတူပင်ဖြစ်ခဲ့သည်။ သူမသည် မည်သည့်အရာကိုမျှ မရရှိခဲ့ချေ။

ဖန်မိသားစုဘိုးဘေးက ကျောက်ရုပ်ထုအတွင်းရှိ စစ်ဝိညာဉ်သည် အချိန်ကာလ ကြာမြင့်သည်နှင့်အမျှ ပျောက်ကွယ်သွားနိုင်ခြေရှိသည်ဟု တစ်ချိန်က ဆုံးဖြတ်ခဲ့ဖူးသည်။

"တခြားသူတွေက မလုပ်နိုင်ပေမယ့် ငါက ပင်းမိသားစုရဲ့ ကျင့်ကြံသူတစ်ယောက်ပဲ.. စစ်သူတော်စင်ရဲ့ အသိအမှတ်ပြုမှုကို ငါသေချာပေါက် ရလိမ့်မယ်"

အရပ်ရှည်ပြီး သန်မာထွားကျိုင်းသော တပည့်တစ်ဦးသည် တောက်ပသော မျက်လုံးတစ်စုံဖြင့် ထွက်လာပြီး ကျောက်ရုပ်ထုများအနက်မှ တစ်ခုဆီသို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လှမ်းသွားသည်။

ဤကျောက်ရုပ်ထု၏လက်အတွင်းတွင် ဓားရှည်တစ်လက်ကို ကိုင်ဆောင်ထားပြီး ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားပေ၏။ ထိုအရာတွင် အစွမ်းထက်ပြီး ဩဇာအာဏာကြီးမားသော အရှိန်အဝါရှိကာ တစ်ချက်ကြည့်ရုံဖြင့် ယခင်က အစွမ်းထက်စစ်သည်တော်တစ်ယောက်ဖြစ်ခဲ့ကြောင်း သိသာထင်ရှားသည်။

ကျောင်းတော်တပည့်သည် သူ၏လက်ကို ကျောက်ရုပ်ထုပေါ်တွင် တင်လိုက်ပြီး မျက်လုံးစုံမှိတ်ကာ အာရုံခံစားလိုက်သည်။ တစ်ချိန်တည်းတွင်မှာပင် သူသည် ပင်းမိသားစု၏ ကျင့်ကြံခြင်း နည်းစနစ်များကို အသက်သွင်းလိုက်၏။ အစွမ်းထက်သော မှော်စွမ်းအားများ ထွက်ပေါ်လာကာ သူ၏ကျောနောက်တွင် ထက်ရှသော လှံတစ်စင်းအဖြစ် စုစည်းသွားသည်။ သူ၏သွေးချီစွမ်းအားများသည် ပျံ့နှံ့သွားပြီး ပတ်ဝန်းကျင်ရှိ လေဟာနယ်ကို ပြင်းထန်စွာ လှုပ်ခတ်သွားစေသည်။

All Chapters