← Chapters

အခန်း (၅၁၅၁-၅၁၅၅)

Vol. 261 Ch. 5151-5155

အခန်း (၅၁၅၁-၅၁၅၅)

Vol. 261 Ch. 5151-5155

Chaptet 5151

ပင်းမိသားစု၏ကျင့်ကြံမှုနည်းစနစ်များသည် ကျင့်ကြံသူ၏ ပေါက်ကွဲထွက်လာသော မှော်စွမ်းအားများကြောင့် နာမည်ကျော်ကြားသည်။

ဤမှော်စွမ်းအားသည် လေကဲ့သို့ လျင်မြန်ကာ တောအုပ်တစ်ခုကဲ့သို့ တည်ငြိမ်ပြီး အရှိန်အဝါသည် မီးကဲ့သို့ ပူပြင်းပေ၏။

ဤနည်းစနစ်ကို ထုတ်လွှတ်လိုက်သည်နှင့် အရှိန်အဝါသည် အားကောင်းပြီး အလွန်အစွမ်းထက်ပေလိမ့်မည်။ ထိုအရာသည် လူများကို အလွန်အားကောင်းသော ဖိနှိပ်ချုပ်ကိုင်နိုင်မှုတစ်ရပ်ကို ပေးစွမ်းနိုင်သည်။

ဤကျောင်းတော်တပည့်သည် သူ၏ကိုယ်ပိုင်အစွမ်းအစကို အပြည့်အဝ ထုတ်လွှတ်လိုက်ပြီး ပတ်ဝန်းကျင်ရှိ စိတ်အာရုံများကို ချက်ချင်း ဆွဲဆောင်လိုက်သည်။ လူအများသည် ရလဒ် မည်သို့ဖြစ်လာမည်ကို သိလိုသဖြင့် အဝေးမှ ကြည့်ရှုနေကြသည်။

လုမိသားစုသည် အနီးအနားတွင် ရှိနေပြီး ဤနေရာကို စောင့်ကြပ်နေသော အစောင့်များလည်း ရှိနေသည်။

သို့ရာတွင် ထိုအစောင့်များသည် တစ်စုံတစ်ယောက်က ကျောက်ရုပ်ထုကို အာရုံခံနေသည်ကို မြင်ချိန်၌ သူတို့အားလုံးသည် လက်ပိုက်ကာ ပွဲကြည့်ရန် နံဘေး၌ မတ်တတ်ရပ်နေကြသည်။

ဤကျောက်ရုပ်ထုများသည် ဤနေရာတွင် အမြဲတစေတည်ရှိနေခဲ့ပြီး မည်သူတစ်ဦးတစ်ယောက်မျှ ထိုအရာများအတွင်းမှ တိုက်ပွဲစိတ်ဝိညာဉ်ကို မည်သည့်အခါကမျှ အာရုံခံ၍ မရခဲ့ဖူးချေ။

လုမိသားစု၏ အကြီးမြတ်ဆုံးအကြီးအကဲများပင်လျှင် အကြိမ်များစွာ ကြိုးစားခဲ့သော်လည်း သူတို့သည် မည်သည့်အချိန်ကမျှ မအောင်မြင်ခဲ့ပေ။

ဤသည်မှာ ဒဏ္ဍာရီတစ်ခုနှင့် ပို၍တူညီသည်။ ထိုအရာသည် အမှန် သို့မဟုတ် အမှားဖြစ်သည်ကို မည်သူမျှ မဆုံးဖြတ်နိုင်ခဲ့ပေ။ သို့ရာတွင် လူများ ပို၍ကြိုးစားလာသည်နှင့်အမျှ ဤသည်မှာ အမှန်တရားဖြစ်သည်ဟု မည်သူမျှ မခံစားရတော့ချေ။

နံဘေးမှ ကြည့်ရှုသူများ ပို၍ပို၍များပြားလာသည်။ ပင်းမိသားစုတပည့်၏နဖူးပေါ်တွင် ချွေးစေးအလွှာတစ်ခု ထွက်ပေါ်လာပေ၏။

"ဘာဖြစ်နေတာလဲ..."

အမွှေးတိုင်တစ်တိုင်လောင်ကျွမ်းစာအချိန်ခန့် ကြိုးစားပြီးနောက် ပင်းမိသားစုတပည့်သည် မည်သည့်တိုက်ပွဲဝိညာဉ်၏ တည်ရှိမှုကိုမျှ အာရုံမခံစားမိသေးချေ။

တခြားတပည့်များသည်လည်း ရှေ့သို့ခြေတစ်လှမ်းတိုးပြီး စတင်၍ကြိုးစားလိုက်ကြသည်။

လူများအားလုံးသည် ကြီးမားသော မှော်စွမ်းအားပမာဏကို အသုံးပြုခဲ့ကြပြီး တစ်ဦးချင်းစီသည် သူတို့၏ကိုယ်ပိုင် သဘာဝလွန်စွမ်းအားများကို အသုံးပြုခဲ့ကြ၏။ သို့ရာတွင် သူတို့သည် တိုက်ပွဲဝိညာဉ်တစ်ဦး၏အရှိန်အဝါကို တစွန်းတစမျှ အာရုံမခံနိုင်ကြပေ။

"ဒါက အတုပဲ ဖြစ်ရမယ်..."

"စိတ်ပျက်ဖို့ လိုက်တာ...မွေးနေ့ပွဲတောင် မစတင်သေးဘူး... ငါ့ရဲ့ မှော်စွမ်းအားတွေအားလုံးကို သုံးပြီးသွားပြီ...ခဏနေကျရင် ငါ ပြန်ကောင်းလာဖို့အတွက် အစားအစာတွေ အများကြီး စားရတော့မယ်"

တပည့်များအားလုံးသည် သူတို့၏ခေါင်းများကို အကြိမ်ကြိမ် ခါယမ်းကြပြီး ရပ်တန့်ရန် ရွေးချယ်ခဲ့ကြသည်။

သူတို့သည် ဤကိစ္စကို ရှင်းရှင်းလင်းလင်း မြင်တွေ့ခဲ့ပြီးဖြစ်သည်။ ပတ်ဝန်းကျင်ရှိလူများအနက် လူနည်းစုသာ ကြိုးစားကြည့်ကြသည်မှာ အံ့အားသင့်ဖွယ် မရှိတော့ချေ။ သူတို့သည် ဤကျောက်ရုပ်ထုများ၏နောက်ခံကို အချိန်ကြာမြင့်စွာကတည်းက သိရှိခဲ့ပြီးဖြစ်ပုံပင်။

ပင်းမိသားစုတပည့်၏မျက်နှာသည် နီမြန်းသွားပေ၏။ ယခင်က သူသည် စစ်သူတော်စင်လု၏အမွေအနှစ်ကို ရှာဖွေတွေ့ရှိမည်ဟု ယုံကြည်မှုရှိရှိ ပြောဆိုခဲ့သည်။ သို့ရာတွင် သူ၏မှော်စွမ်းအားအားလုံး ကုန်ဆုံးသွားသည့်တိုင် တိုက်ပွဲဝိညာဉ်တစ်ဦး၏တည်ရှိမှုကို ရှာမတွေ့နိုင်ဘဲဖြစ်မည်ဟု သူ တစ်ကြိမ်တစ်ခါမျှ တွေးထင်မထားခဲ့ချေ။

ပတ်ဝန်းကျင်ရှိ ကြည့်ရှုသူများသည်လည်း လှောင်ပြောင်ရယ်မောစပြုလာကြသည်။

လုမိသားစုဝင်တပည့်တချို့က အပြုံးနှင့် ပြောဆိုသည်။

"ဒါက မင်းတို့တွေ အထီးကျန်လူရိုင်းကမ္ဘာကို ပထမဆုံးအကြိမ် လာတာပဲ...ဒါကြောင့် မင်းတို့ရဲ့ အချိန်ကို ဖြုန်းတီးဖို့မလိုပါဘူး...ငါတို့လုမိသားစုက ဒီနေရာမှာရှိတဲ့ ကျောက်ရုပ်ထုတွေတိုင်းကို အကြိမ်ရေအများကြီး ကြိုးစားခဲ့ပြီးပြီ... ဒါတွေက သာမာန်ကျောက်ရုပ်ထုတွေပဲ...ဘာတိုက်ပွဲဝိညာဉ်မှ မရှိဘူး...တိုက်ပွဲဝိညာဉ် ရှိတယ်ဆိုတဲ့ ကောလာဟလတွေကတော့ အခြေအမြစ်မရှိတဲ့ သတင်းစကားတွေပဲ...ဒါတွေက ဒဏ္ဍာရီတွေပဲ"

ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်မှ တပည့်များ၏ မျက်နှာများ နီမြန်းနေကြသည်။ သူတို့သည် မသိနားမလည်မှုနှင့်မောက်မာမှုတို့ကြောင့် ပြက်လုံးတစ်ခု လုပ်မိခဲ့ခြင်းကို သိရှိသွားသောကြောင့် သူတို့သည် လက်နှစ်ဖက်ကိုပူးဆုပ်ပြီး နှုတ်ဆက်ကာ ထွက်ခွာသွားကြသည်။

ဤသည်မှာ လုမိသားစု၏ နယ်မြေပင်။ အကယ်၍ ဤနေရာတွင် ကောင်းမွန်သောအရာတစ်ခုခု ရှိခဲ့ပါက လုမိသားစုသည် ကြိမ်ဖန်များစွာ ကြိုးစားခဲ့ပြီးဖြစ်ပေလိမ့်မည်။ ထိုသို့ဖြစ်လေရာ သူတို့၏အလှည့်သည် မည်သည်ကြောင့် ကျရောက်လာနိုင်မည်နည်း။

ဤသည်ကို တွေးမိချိန်၌ ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်မှ တပည့်များသည် ခါးသည်းသော အပြုံးများဖြင့် ခေါင်းခါလိုက်ကြ၏။ အစောပိုင်းက သူတို့သည် စစ်သူတော်စင်လု၏ နာမည်ကျော်ကြားမှုကြောင့် မဆင်မခြင်ဖြစ်သွားခဲ့ကြသည်။ ယခုချိန်၌ သူတို့သည် ဤအကြောင်းကို ပြန်တွေးကြည့်ချိန်တွင် နှစ်ထောင်ပေါင်းများစွာ လက်ဆင့်ကမ်းလာခဲ့သော စစ်သူတော်စင်၏လျှို့ဝှက်ချက်ကို ရှာဖွေလိုခဲ့သည်မှာ ရယ်ရွှင်ဖွယ်ကောင်းသည်ကို သူတို့ ရှာဖွေတွေ့ရှိလိုက်ရသည်။

ဖန်ရှင်းရန်က ခပ်ဖျော့ဖျော့ပြုံးလိုက်သည်။ ရုတ်တရက် သူမသည် လုယွီနှင့် လီစစ်ကို ကြည့်လိုက်၏။

"စီနီယာအစ်ကိုတို့...နင်တို့ကရော မကြိုးစားကြည့်ချင်ဘူးလား"

အစောပိုင်းက တပည့်အားလုံး ကြိုးစားကြည့်ခဲ့ကြသည်။ လုယွီနှင့်လီစစ်တို့သာ တည်ငြိမ်အေးဆေးနေဆဲပင်။

"မလိုဘူး...ငါက စစ်သူတော်စင်လုရဲ့ အမွေအနှစ်ကို မလိုအပ်ဘူး"

လီစစ်က သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။

သူ ပြောခဲ့သည်မှာ အမှန်တရားပင်။

လီစစ်၏ဆရာသခင်သည် စာပေသူတော်စင်ဖြစ်ပြီး ကွန်ဖြူးရှပ်ဂိုဏ်းမှ 'ရွှင်ကျစ်'ပညာရှင်အဖြစ် လေးစားခြင်းခံရသည်။

စာပေသူတော်စင်ကို ဆရာသခင်အဖြစ် ထားရှိခြင်းကြောင့် စစ်သူတော်စင်လု၏ အန္တိမကျင့်ကြံနည်းစနစ်သည် သူ့ရှေ့တွင် ရှိနေလျှင်ပင် လီစစ်သည် စစ်ကျောင်းတော်၏ ကျင့်ကြံနည်းစနစ်များကို ကျင့်ကြံမည်မဟုတ်ပေ။

သို့သော် ဤစကားလုံးများသည် တခြားလူများ၏ နားများအတွင်းသို့ ကျရောက်သွားသည့်ချိန်၌ လီစစ်သည် အလွန်မောက်မာထောင်လွှားသည်ဟူသော သဘောမျိုး သက်ရောက်သွားသည်။

"စီနီယာအစ်ကိုလီက တကယ့်ကို မောက်မာတာပဲ... သူက စစ်သူတော်စင်လုရဲ့ အမွေအနှစ်ကိုတောင် သူ့မျက်စိထဲမှာ မထည့်ဘူး"

ဖန်ရှင်းရန်က လှောင်ပြောင်ရယ်မောပြီး ရုတ်တရက် လုယွီကို ကြည့်လိုက်သည်။

"စီနီယာအစ်ကိုလု...နင်ကလည်း သူတော်စင်လုရဲ့ အမွေအနှစ်ကို ဂရုမစိုက်ဘူးလား"

လုယွီသည် သူမကို လှည့်မကြည့်ချေ။ သူ၏မျက်လုံးများသည် ကျောက်တံခါးပေါ်တွင် စူးစိုက်၍ ကျရောက်နေဆဲပင်။

သူသည် ရုတ်တရက် ကျောက်တံခါးထံသို့ လျင်မြန်စွာ လျှောက်လှမ်းသွားပြီး ရပ်တန့်လိုက်သည်။

"တိုက်ပွဲဝိညာဉ်တွေက ဒီကျောက်ရုပ်ထုတစ်ဆယ့်နှစ်ခုထဲမှာ မရှိခဲ့ဘူးလို့ မင်းတို့ မထင်ခဲ့ဘူးမလား"

Chapter 5152

ရုပ်ထုပေါ်၌ မဟုတ်ဟု ဆိုသလော....

ဖန်ရှင်းရန်၏မျက်နှာပေါ်တွင် လှောင်ပြောင်သော အမူအယာတစ်ရပ် ထင်ဟပ်လာသည်။

"စီနီယာအစ်ကိုလု....နင် နားမလည်ရင်တောင် မဟုတ်မမှန်တွေ မပြောပါနဲ့...ငါ့ရဲ့ဘိုးဘေးက စစ်သူတော်စင်လု ထားခဲ့တဲ့ ရှေးဟောင်းစာအုပ်ထဲမှာ ရေးထားတဲ့ 'တိုက်ပွဲဝိညာဉ်က ကျောက်ရုပ်ထုတွေထဲမှာ ပုန်းအောင်းနေတယ်' ဆိုတဲ့ မှတ်တမ်းကို သူ ကိုယ်တိုင် မြင်ခဲ့တယ်.... ဒါက ဘယ်လိုလုပ်ပြီး အတုဖြစ်နိုင်မှာလဲ"

လုမိသားစုဝင်အစောင့်တစ်ယောက်က နံဘေးမှ ထောက်ခံပြောဆိုသည်။

"လူငယ်လေး... ဒါက သူတော်စင်လု နေထိုင်ခဲ့ဖူးတဲ့ နေရာပဲ..မရှက်မကြောက် ကြွားဝါဖို့ မကြိုးစားနဲ့...ဒီနေ့က အကြီးအကဲချုပ်ရဲ့ မွေးနေ့ပဲ...ငါတို့ လုမိသားစုက မင်းကို အခက်အခဲဖြစ်အောင် လုပ်မှာ မဟုတ်ဘူး....ဒါပေမယ့် မင်းမဟုတ်မမှန်တွေ မပြောတာ ပိုကောင်းတယ်"

တခြားလုမိသားစုဝင်တပည့်အချို့သည်လည်း လုယွီကို မဖော်ရွေသော အကြည့်များဖြင့် ကြည့်လိုက်ကြ၏။

လုမိသားစုအတွက် စစ်သူတော်စင်လုသည် ပြစ်မှား၍မရသော တည်ရှိမှုကြီးတစ်ခုပင်။

အကယ်၍ တစ်စုံတစ်ယောက်သည် စစ်သူတော်စင်လုအကြောင်း မဟုတ်မမှန်ပြောဆိုရဲလျှင် ထိုလူသည် လုမိသားစုတစ်စုလုံးကို ဆန့်ကျင်နေခြင်းပင်။

"ငါ ပြောနေတာက စစ်သူတော်စင်လု ပြောခဲ့တာ မှားတယ်လို့ မဟုတ်ဘူး...သူ ရည်ညွှန်းခဲ့တဲ့ ကျောက်ရုပ်ထုတွေက ငါ့ရှေ့မှာရှိတဲ့ စစ်သူကြီးရုပ်ထုတစ်ဆယ့်နှစ်ရုပ် မဟုတ်တာပဲ..."

လုယွီက ခေါင်းခါယမ်းပြီး ကျောက်တံခါးထံသို့ လျှောက်လှမ်းသွားသည်။

ကျောက်တုံးခုံးတံခါး၏ တစ်ဖက်တစ်ချက်တွင် ဧရာမကျောက်ရုပ်ထုကြီးတစ်ကောင်စီကို တံခါး၏အုတ်မြစ်အတွင်းသို့ နှစ်မြုပ်ကာ ထွင်းထုထားသည်။ ထိုဧရာမကျောက်ရုပ်ထုကြီးသည် လက်နှစ်ဖက်စလုံးကို အသုံးပြု၍ ခုံးတံခါး၏တိုင်များကို ထောက်ပံ့ထားသည်။

"စီနီယာအစ်ကိုလု....နင် ဘာလုပ်မလို့လဲ"

ဖန်ရှင်းရန်က လုယွီ၏ရှေ့တွင် ပိတ်ရပ်လိုက်သည်။

"ဒါက ငါ တိုက်ပွဲဝိညာဉ်ကို ဆင့်ခေါ်မလို့ပဲ"

လုယွီက ခပ်ပြတ်ပြတ်လေသံဖြင့် ပြောဆိုလိုက်သည်။

"နင် ရူးနေလား...ဒါက လုမိသားစုပဲ...ငါတို့က ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်က ကျောင်းသားတွေ... ငါတို့က ဧည့်သည်တွေအဖြစ် ဒီနေရာကို ရောက်လာခဲ့တာ...အရမ်းတရားလွန် မလုပ်ပါနဲ့"

ဖန်ရှင်းရန်က ကျယ်လောင်စွာအော်ဟစ်၍ ဆူပူကြိမ်းမောင်းလိုက်၏။

ပတ်ဝန်းကျင်ရှိ လုမိသားစုတပည့်များ၏ အကြည့်များသည် အတော်လေး မဖော်ရွေကြောင်း သူမ အမှန်တကယ်ကို ရှင်းရှင်းလင်းလင်း ခံစားမိသည်။

ယခင်က တိုက်ပွဲဝိညာဉ်များကို ဆင့်ခေါ်ရန် ကြိုးစားခဲ့သော ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်မှကျောင်းသားများကို ရယ်စရာပြက်လုံးတစ်ခုအဖြစ် သဘောထားနိုင်သည်။

သို့ရာတွင် အကယ်၍ လုယွီသည် တိုက်ပွဲဝိညာဉ်များကို ဆင့်ခေါ်ရန် တခြားအရာများကို အသုံးပြုလိုပါက ဤသည်မှာ လွန်ကျူးသော တောင်းဆိုမှုမျိုး ဖြစ်ပေလိမ့်မည်။

"ဒါက ဘယ်လို တရားလွန်တဲ့ ကိစ္စမျိုး မလို့လဲ"

လုယွီက ခပ်ဖျော့ဖျော့ပြုံးလိုက်သည်။

"ငါ ဒီနေရာကို ဖြိုချလိုက်ရင်တောင်မှ လုမိသားစုက ဘာမှပြောရဲမှာ မဟုတ်ဘူး"

ထိုသို့ပြောဆိုပြီးနောက် လုယွီသည် ဖန်ရှင်းရန်ကို ကွေ့ပတ်သွားပြီး မဟာတံခါးခုံး၏ခြေရင်းသို့ လျှောက်လှမ်းသွားသည်။

ဤလုပ်ဆောင်ချက်သည် လူများအားလုံးကို ကြက်သေသေသွားစေသည်။

"သူက အဲ့ဒီနေရာမှာ ဘာလုပ်နေတာလဲ"

ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်မှ တပည့်တစ်ဦးက မေးခွန်းထုတ်လိုက်သည်။

ဖန်ရှင်းရန်နှင့်လုမိသားစုအစောင့်များမှ တိုက်ပွဲဝိညာဉ်များသည် ဤကျောက်ရုပ်ထုတစ်ဆယ့်နှစ်ခုအတွင်းတွင် ပုန်းအောင်းနေကြောင်း ရှင်းရှင်းလင်းလင်း ပြောဆိုခဲ့သည်။

သို့ရာတွင် လုယွီသည် သူ၏ပစ်မှတ်ကို ပြောင်းလဲပြီး ကျောက်တံခါး၏နံဘေးသို့ ရောက်ရှိသွားပေ၏။

"သူက လျှို့ဝှက်ဆန်းကြယ်မှု တစ်မျိုးမျိုးကို ထွင်းဖောက်မြင်လိုက်တာများ ဖြစ်နေမလား...."

ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်မှ တပည့်တချို့က စူးစမ်းလိုစိတ်ဖြင့် မေးမြန်းလိုက်သည်။ သူတို့သည် လုယွီကို ကြည့်မိစဥ်တိုင်း အမြဲတစေ လျှို့ဝှက်ဆန်းကြယ်သော ခံစားချက်တစ်ခု ရှိနေသည်။ ဤသည်မှာ ကုလားကာတစ်ခုကို ဖုံးအုပ်ထားသည့် အရာတစ်ခု ရှိနေသည့်အလားပင်။ ထိုအရာအတွင်း၌ မည်သည့်အရာပုန်းအောင်းနေသည်ကို တွေ့မြင်ရန်မှာ မဖြစ်နိုင်ချေ။

လုမိသားစုမှလူများကမူ ပြပွဲကောင်းတစ်ခုကြည့်ရန် ဤနေရာတွင် စုဝေးနေကြသည်။

"ဘယ်လောက်တောင် လေကြီးလိုက်လဲ.. ငါတို့ လုမိသားစုက ဘာမှပြောရဲမှာ မဟုတ်ဘူးတဲ့လား.... ငါတို့ ဒီနေရာကနေ စောင့်ကြည့်နေမယ်... မင်း ဒီနေ့ ဘာမှမလုပ်နိုင်ဘူးဆိုရင် ငါတို့လုမိသားစုက ဒီကိစ္စအကြောင်းကို သေချာပေါက် မေးမြန်းစုံစမ်းရမယ်..."

လုမိသားစုဝင်တပည့်တချို့က ကျယ်လောင်စွာ အော်ဟစ်လိုက်ကြသည်။ သူတို့၏မျက်လုံးများအတွင်းတွင် ရက်စက်ကြမ်းတမ်းသော အလင်းတန်းတစ်တန်း ဖြတ်ပြေးသွားသည်။

သူတို့သည် လုယွီ၏နောက်ဆုံးစကားလုံးများကို ရှင်းရှင်းလင်းလင်း ကြားမိပေ၏။။

ဤသည်မှာ တော်ဝင်မြို့တော်၏ ဂုဏ်သိက္ခာရှိသော ထိပ်သီးမိသားစုများကို သူ၏မျက်စိထဲတွင် လုံးဝမထည့်ခြင်းပင်။

မွေးနေ့ပွဲ စတင်ချိန်မှ ယခုအချိန်အထိ ကောင်းကင်ဘုံနယ်မြေတွင် အချိန်ကြာမြင့်စွာ နာမည်ကျော်ကြားခဲ့သော ဝါရင့်ကျင့်ကြံသူတချို့ပင်လျှင် ဤနေရာသို့ ခြေချချိန်၌ ရိုသေလေးစားမှုဖြင့် အရိုအသေပြုနေကြသည်။

သို့ရာတွင် လုယွီသည် အမှန်တကယ်ကို မရှက်မကြောက် ကြွားဝါခဲ့ပြီး လုမိသားစုသည် သူ့ကို စိတ်အနှောင့်အယှက်ပေးရဲမည်မဟုတ်ဟု ပြောဆိုခဲ့သည်။

"သူက တိုက်ပွဲဝိညာဉ်ကို ရှာဖွေဖို့ တခြားနည်းလမ်းတစ်ခုကို ရှာနိုင်မယ်လို့ ထင်နေတာလား.... ငါတို့လုမိသားစုက ဒီနေရာပတ်ဝန်းကျင်က အရာအားလုံးကို အနီးကပ် စုံစမ်းစစ်ဆေးခဲ့ပြီးပြီ...ဘာတစ်ခုတောင်မှ လွတ်သွားမှာ မဟုတ်ဘူး....ဒီနေရာမှာ တိုက်ပွဲဝိညာဉ် လုံးဝမရှိဘူး.... မင်းလို အပြင်လူတစ်ယောက်က တိုက်ပွဲဝိညာဉ်ကို ရှာချင်နေရင် ဒါက တကယ့်ကို အိပ်မက်မက်နေတာပဲ"

လုမိသားစုဝင်တပည့်တစ်ဦးက လှောင်ပြောင်ရယ်မောပြီး ပြောဆိုသည်။

"မင်းက တခြားကျောက်ရုပ်ထုတွေကို ရှာရင် ပြဿနာမရှိဘူး... ဒါပေမယ့် ဒီကျောက်ရုပ်တုနှစ်ခုက တံခါးအောက်ခြေမှာ ထွင်းထုထားတဲ့ ကျေးကျွန်တွေရဲ့ရုပ်ထုဆိုတာ သိသာထင်ရှားတယ်... တိုက်ပွဲဝိညာဉ်တွေက အဲ့ဒီအထဲမှာ ဘယ်လိုလုပ်ပြီး ရှိနိုင်မှာလဲ"

Chapter 5153

ခမ်းနားထည်ဝါသော ကျောက်တံခါးသည် လူများအားလုံး၏ရှေ့တွင် မားမားမတ်မတ်တည်ရှိနေသည်။

မည်သူမည်ဝါ ဖြစ်နေပါစေ သူတို့သည် ကူးပြောင်းရေးဝင်္ကပါအတွင်းမှ ထွက်လာသရွေ့ တစ်ချက်ကြည့်ရုံဖြင့် ခမ်းနားထည်ဝါသော ကျောက်တံခါးကို မြင်တွေ့နိုင်ပေမည်။

ကျောက်တံခါး၏ တစ်ဖက်တစ်ချက်ရှိ တိုင်များ၏အခြေစိုက်ရာတွင် ထွင်းထုထားသော ကျောက်ရုပ်ထုများသည် ကျောက်တိုင်ကို ထောက်ထားသော ဒူးတစ်ဖက်ထောက် ပုံသဏ္ဍာန်မျိုး ရှိနေသည်။ မည်သို့ပင်ကြည့်စေကာမူ ထိုအရာများသည် ကျေးကျွန်နှစ်ဦး၏ပုံသဏ္ဍာန်ကို ထွင်းထုထားကဲ့သို့ ဖြစ်နေသည်။

လုမိသားစုမှ လူများသာ ထိုသို့ တွေးထင်သည်မဟုတ်ဘဲ မွေးနေ့ပွဲတွင် ပါဝင်ရန် ပြေးလာသော ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်မှ တပည့်များသည်လည်း ထပ်တူထပ်မျှ တွေးထင်ထား ကြသည်။

အကယ်၍ တိုက်ပွဲဝိညာဉ်တစ်ဦးသည် ဤကျောက်တုံးရုပ်ထုနှစ်ခုတွင် ထွက်ပေါ်လာပါက ဤသည်မှာ အလွန်ရယ်ရွှင်ဖွယ်ကောင်းမည် မဟုတ်လော။

ဖန်ရှင်းရန်က သူမ၏ခြေထောက်များကို ဆောင့်ပြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။

"ဘာလို့ ဒီလူက ဒီလိုဖြစ်နေရတာလဲ... သူက ဘာအကြံဉာဏ်ကိုမှ လုံးဝနားမထောင်ဘူး"

သူမသည် ရုတ်တရက် လီစစ်ကို အေးစက်စက် အမူအယာဖြင့် ကြည့်လိုက်၏။

"စီနီယာအစ်ကို လီ... နင်က ဘေးကနေ ဘာလို့ကြည့်နေနိုင်တာလဲ.... နင်က ဘာလို့ စီနီယာအစ်ကိုလုကို သွားပြီးမဖျောင့်ဖျတာလဲ"

"သူက တိုက်ပွဲဝိညာဉ် ရှိတယ်လို့ ပြောရင် အဲ့ဒီနေရာမှာ သေချာပေါက် ရှိလို့ပဲ"

လီစစ်က ပြောဆိုသည်။

"နင်က ဒီလို ရယ်စရာကောင်းတဲ့ စကားလုံးတွေကို ယုံတာလား"

ဖန်ရှင်းရန်၏မျက်လုံးများ ပြူးကျယ်သွားသည်။

"ငါ ယုံတယ်"

ထိုစကားလုံးနှစ်လုံးကို ပြောပြီးနောက် လီစစ်၏ မျက်လုံးများအတွင်းတွင် ယုံကြည်မှုအရိပ်အယောင်များ ဖြတ်ပြေးသွားသည်။

ဖန်ရှင်းရန်၏မျက်နှာပေါ်တွင် သရော်တော်တော် အရိပ်အယောင်တစ်ရပ် ထင်ဟပ်လာသည်။ သူမက ခေါင်းခါယမ်းပြီး ပြောဆိုလိုက်၏။

"နင်တို့က အရာရှိတွေမဖြစ်ဘဲနဲ့ ကျောင်းတော်မှာ ကျန်နေခဲ့တာ အံ့အားသင့်စရာ မရှိတော့ဘူး.... အရာအားလုံးအတွက် အကြောင်းပြချက်တစ်ခု ရှိနေတဲ့ပုံပဲ"

ယခုကြည့်ကြည့်တော့မှ သူတို့သည် ကြွားဝါတတ်သော လူနှစ်ဦးပင်။

ဤအချိန်တွင် လုယွီသည် မြင့်မားသော ကျောက်တံခါးအောက်ခြေသို့ လျှောက်လှမ်းသွားခဲ့လေပြီ။ ကျောက်တံခါး၏အောက်ခံခုံတစ်ခုတည်းကပင် လူခုနစ် ရှစ်ဦးအရပ်ခန့် မြင့်မားသည်။ ကြမ်းတမ်းပြီး မာကျောသော ကျောက်တုံးပေါ်တွင် ထူထပ်သိပ်သည်းသော မှော်သင်္ကေတအက္ခရာများကို ထွင်းထုထားပြီး ရှေးဟောင်းအရှိန်အဝါတစ်ရပ်ကို ထုတ်လွှတ်ထားသည်။

"ငါ ထင်တဲ့အတိုင်းပဲ... ဒီကျောက်တံခါးက ဒီနေရာမှာ ရှိနေတာက တိုက်ဆိုင်မှုတစ်ခု မဟုတ်ဘူး"

"ငါ ခန့်မှန်းမိသလောက်တော့ လုမိသားစုက ဖိတ်ခေါ်ခဲ့တဲ့ သမိုင်းပညာရှင်တွေက ဒီတံခါးပေါ်က ရှေးဟောင်းစာပေတွေကို လေ့လာခဲ့ပြီးပြီ... ဒါပေမယ့် တံခါးပေါ်မှာ ထွင်းထုထားတဲ့ ပုံစံတွေရဲ့နောက်ကွယ်က ပိုပြီးနက်ရှိုင်းတဲ့ အဓိပ္ပာယ်ကို သူတို့ နားမလည်ဘူး"

လုယွီသည် ကြမ်းတမ်းသော နံရံကို ပွတ်သပ်လိုက်ပြီး သူ၏စိတ်နှလုံးသားအတွင်းတွင် အဆုံးအစမရှိသော စိတ်ခံစားမှုများဖြင့် ပြည့်နှက်နေသည်။

ကျောက်ရုပ်ထုတစ်ဆယ့်နှစ်ခုသည် သာမန်စစ်သားများနှင့်စစ်သူကြီးများကိုသာ ထွင်းထုထားခြင်းပင်။

အကယ်၍ လုယွီ၏ ခန့်မှန်းချက်သာ မှန်ကန်ခဲ့ပါက ရှေးဟောင်းအလယ်ခေတ်တွင် ထွင်းထုထားသော စစ်သားရုပ်ထုများ ဤနေရာတွင် ပို၍ရှိနေပေမည်။ သို့ရာတွင် အချိန်ကြာလာသည်နှင့်အမျှ စစ်သားရုပ်ထုအမြောက်အများသည် သဲများအတွင်းတွင် မြှုပ်နှံခြင်းခံခဲ့ရသည်။

ဤရုပ်ထုများကိုကြည့်ရသည်မှာ အသက်ဝင်သော်လည်း တိုက်ပွဲဝိညာဉ်များသည် ဤသာမန်စစ်သားစစ်သူကြီးများ၏ ရုပ်ထုများအတွင်းတွင် တည်ရှိမည်မဟုတ်ပေ။

စစ်မှန်သော တိုက်ပွဲဝိညာဉ်တစ်ဦးသည် ဤဧရာမကျောက်ရုပ်ထုနှစ်ခု၏ခန္ဓာကိုယ်အတွင်းတွင် တည်ရှိပေ၏။

"တံခါးဘောင်ရဲ့ ဘယ်ဘက်ခြမ်းမှာ မြင့်မားတဲ့ တောင်တစ်လုံးကို ထွင်းထုထားတယ်.... တံခါးဘောင်ရဲ့ ညာဘက်ခြမ်းမှာ ကူစွေ့ကို ထွင်းထုထားတယ်... ဘယ်ဘက်ခြမ်းက လူ့အဖွဲ့အစည်းဖြစ်ပြီးတော့ ညာဘက်ခြမ်းက အင်ပါယာပဲ....အင်ပါယာကို ထောက်ပံ့ပေးနိုင်တဲ့လူတွေအားလုံးက အရေးကြီးတဲ့ အမတ်ကြီးတွေပဲ"

"ဒီတံခါးရဲ့အောက်ခြေက ရှေးဟောင်းခေတ်က ဧကရာဇ်တွေက တည်ထောင်ခဲ့တဲ့ စစ်နတ်ဘုရားနှစ်ပါးရဲ့ ရုပ်ထု ဖြစ်သင့်တယ်.... ဒူးတစ်ဝက်ထောက်နေတဲ့ ရုပ်ထုတွေက သူတို့က နတ်ဘုရားတွေဖြစ်ပေမယ့် ဧကရာဇ်အာဏာကို လက်နက်ချဖို့ ဆန္ဒရှိတယ်ဆိုတာကို ကိုယ်စားပြုတယ်.... ဒါပေမယ့် သူတို့ရဲ့ ဟန်ပန်က ခန့်ညားထည်ဝါပြီးတော့ ကြီးကျယ်ခမ်းနားတယ်...သူတို့တွေက ရှေးဟောင်းစစ်နတ်ဘုရားနှစ်ပါးပဲ"

"မင်းတို့က ငါနဲ့ ကြုံတွေ့ရမှတော့ မင်းတို့တွေ နောက်တစ်ကြိမ် နေ့အလင်းရောင်ကို မြင်ရဖို့ အချိန်တန်ပြီ"

လုယွီက သူတို့ဆီသို့ ခြေတစ်လှမ်းချင်း လျှောက်သွားသည်။ လျှို့ဝှက်ဆန်းကြယ် မိုးကောင်ကင်ကျမ်းစာ၏မှော်စွမ်းအားသည် ဖြည်းညှင်းစွာ ထွက်ပေါ်နေပေ၏။

လျှို့ဝှက်ဆန်းကြယ် မိုးကောင်ကင်ကျမ်းစာသည် လောကကြီး၏အသိဉာဏ်ပညာကို ပိုင်ဆိုင်ထားသည်။

ရှည်လျားသော နှစ်ကာလများအတွင်း၌ လျှို့ဝှက်ဆန်းကြယ် မိုးကောင်ကင်ကျမ်းစာသည် အောက်ဘုံတွင်တည်ရှိသော်လည်း ထိုအရာသည် မိုးကောင်းကင်ဘုံတာအိုနှင့် ဆက်သွယ်ပြီး ထာဝရမြစ်မှအသိပညာများစွာကို သင်ယူခဲ့သည်။

ဤသည်မှာ စစ်သူတော်စင်လုသည် အတိတ်တွင် စစ်တပ်များကိုဦးဆောင်၍ တပ်စွဲခဲ့သော နေရာပင်။ ဤတံခါးကို တည်ဆောက်ရခြင်း၏ အကြောင်းရင်းမှာ သူတို့ဘက်မှ စစ်သားများကို မှော်စွမ်းအားများ ထောက်ပံ့ပေးရန်ဖြစ်ပြီး သူတို့ကို စစ်မြေပြင်ပေါ်တွင် ရန်သူများ မတားဆီးနိုင်အောင် ပြုလုပ်ရန်ပင်။

"ငါက ရှေးဟောင်းခေတ်တွေကို ဖြတ်သန်းလှည့်လည်သွားခဲ့ပေမယ့် အဲ့ဒီခေတ်တွေနဲ့ မရင်းနှီးသေးဘူး"

လုယွီက သူ၏လက်ကို ဆန့်တန်းလိုက်ရာ အပြာရောင်အလင်းတန်းတစ်တန်းက သူ၏လက်ဝါးအတွင်းတွင် ထွက်ပေါ်လာသည်။

"သူ ဘာလုပ်နေတာလဲ"

လူတိုင်းသည် လုယွီကို ထိတ်လန့်တုန်လှုပ်စွာ ကြည့်လိုက်ပြီး သူ မည်သည့်အရာအား လုပ်ဆောင်မည်ကို မသိကြချေ။

သို့ရာတွင် နောက်ထပ်အချိန်တခဏတွင် လုယွီသည် ရုတ်တရက် သူ၏လက်ကိုမြှောက်ပြီး ဧရာမကျောက်ရုပ်ထုကြီးကို ရိုက်နှက်လိုက်၏။

Chapter 5154

ဤလှုပ်ရှားမှုသည် လူတိုင်း၏မျက်ခွံများကို တဆတ်ဆတ်တုန်ရီသွားစေသည်။

အစောပိုင်းက ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်မှ တပည့်များ တိုက်ပွဲဝိညာဉ်ကို အာရုံခံစားရန် ကြိုးစားချိန်တွင် သူတို့အားလုံးသည် အလွန်ဂရုစိုက်ခဲ့ကြသည်။ သူတို့သည် မှော်စွမ်းအားများကို အလွန်အကျွံ အသုံးမပြုရဲကြဘဲ လုမိသားစု၏ရတနာများကို ဖျက်ဆီးမိမည်အား ကြောက်ရွံ့နေကြ၏။

သို့ရာတွင် ယခုချိန်၌ လုယွီသည် ဤဧရာမ ရုပ်ထုကြီးကို လုမိသားစု၏ရတနာတစ်ခုအဖြစ် လုံးလုံးလျားလျား သဘောမထားပုံပင်။

ဤပြင်းထန်သော ရိုက်နှက်မှုနှင့်အတူ အကယ်၍ လုမိသားစု၏ ရတနာသည် ဖျက်ဆီးခြင်းခံလိုက်ရပါက ဤသည်မှာ လျော်ကြေးပေး၍မရနိုင်သော ကြီးမားသော ရာဇဝတ်မှုတစ်ခု ဖြစ်သွားပေလိမ့်မည်။

"သေနာကျ...ငါ သူတို့ကို ခေါ်မလာသင့်ဘူး"

ဖန်ရှင်းရန်၏မျက်နှာသည် ဤမြင်ကွင်းကို မြင်ချိန်၌ အနည်းငယ်ဖြူဖျော့သွားသည်။

သူမသည် လုယွီ ဤမျှထိ မဆင်မခြင်ပြုမူလိမ့်မည်ဟု တစ်ကြိမ်တစ်ခါမျှ မတွေးခဲ့ဖူးချေ။

အကယ်၍ ဤကိစ္စသည် လုမိသားစုဝင်များကို ဒေါသထွက်စေပါက သူတို့သည် အထီးကျန်လူရိုင်းကမ္ဘာအတွင်း၌ ဆက်လက်၍သွားလာလည်ပတ်ရန် အခွင့်အရေး ရှိတော့မည်မဟုတ်ပေ။

"ကောင်လေး...မင်းက သေခြင်းတရားကို တောင်းဆိုနေတာပဲ"

လုမိသားစုများမှ အစောင့်အနည်းငယ်သည် စိတ်မထိန်းနိုင်တော့ဘဲ ဒေါသထွက်သွားကာ ချက်ချင်းဆိုသလိုပင် ရှေ့သို့ပြေးတက်လာကြသည်။

သူတို့သည် မူလက လုယွီ သူ့ကိုယ်သူ အရူးလုပ်သည်အား မြင်တွေ့လိုကြသည်။ သို့ရာတွင် လုယွီသည် ဤမျှထိ အတင့်ရဲပြီး လုမိသားစု၏ ရှေးဟောင်းရတနာကိုပင် ရိုက်နှက်ရဲလိမ့်မည်ဟု ထင်ခဲ့သည်။ ဤသည်မှာ အလွန်ဆိုးရွားသော ရာဇဝတ်မှုတစ်ခုပင်။

"ဝှစ်...."

လုမိသားစုဝင်အစောင့်များ ရှေ့သို့ ပြေးတက်ရန် ဟန်ပြင်ဆင်နေစဉ်မှာပင် ဓားအလင်းတန်းတစ်တန်းသည် ရုတ်တရက် လူများအားလုံး၏ရှေ့သို့ ပျံ့လွင့်လာသည်။

ထက်ရှသောဓားချီသည် မြေပြင်ပေါ်သို့ ကျရောက်သွားပြီး မြေပြင်ပေါ်တွင် နက်ရှိုင်းသော အက်ကွဲကြောင်းတစ်ခုကို ချန်ထားခဲ့သည်။

လီစစ်သည် အစောင့်များ၏ရှေ့တွင် ပိတ်ဆို့ဟန့်တားပြီး အေးစက်တင်းမာသော အမူအယာဖြင့် ပြောဆိုလိုက်၏။

"ဘယ်သူမှ ရှေ့ကို တက်လာခွင့်မရှိဘူး...ဘေးမှာရပ်ပြီး စောင့်နေကြစမ်း..."

သူ၏လေသံသည် ပုရွက်ဆိတ်တစ်စုကို ညွှန်ကြားနေသည့်အလားပင်။

လုမိသားစုဝင်အစောင့်တချို့၏ မျက်နှာများပေါ်တွင် ဒေါသအရိပ်အယောင်များ ဖြတ်ပြေးသွားသည်။ သူတို့ ဒေါသတကြီးဖြင့် ရှေ့တက်ရန် ဟန်ပြင်နေစဉ်မှာပင် တစ်စုံတစ်ယောက်ထံမှ ရုတ်တရက် အံ့အားတသင့်ရေရွတ်သံတစ်သံ ထွက်ပေါ်လာသည်။

"အဲ့ဒါက ဘာလဲ....."

လူများအားလုံး အစောင့်များ၏အကြည့်နောက်သို့ လိုက်ပါပြီး ကြည့်လိုက်ကြသည်။

ဧရာမကျောက်ရုပ်ထုကြီး၏ မျက်နှာပြင်ပေါ်မှ မြေလွှာသည် ရုတ်တရက် တစ်လက်မချင်း ကွဲအက်သွားပြီး ရွှေရောင်ကိုယ်ထည်ကို ထုတ်ဖော်ပြသလိုက်သည်အား မြင့်တွေ့လိုက်ရပေသည်။

ထိုရုပ်ထုမှ ရွှေရောင်အလင်းတန်းများ ဖြာထွက်လာပြီး တောက်ပစွာ ထွန်းလင်းနေသည်။ အချိန်တခဏအတွင်းတွင် ကူးပြောင်းရေးဝင်္ကပါမှ ထွက်လာသော ဧည့်သည်အားလုံးသည် သူတို့ရှေ့မှမြင်ကွင်း၏ ဆွဲဆောင်ခြင်းကို ခံလိုက်ရတော့သည်။

"အိုး ဘုရားရေ... အဲ့ဒီနေရာကို ကြည့်လိုက်အုံး"

"ဒါက စစ်သူတော်စင်လုရဲ့ ပုံရိပ်ယောင်လား...ဒီလောက်ထိ ကြီးမားတဲ့ နတ်ဘုရားစွမ်းအားတွေကို မြင်ရတဲ့ချိန်မှာ ငါက အဆင့်မြင့် နတ်ဘုရားတစ်ပါးကို ကြည့်နေရတယ်လို့ ခံစားနေရတယ်...."

ဧည့်သည်များအားလုံးသည် ကျောက်တံခါးမှ ထင်ဟပ်လာသော မြင်ကွင်းကိုကြည့်ကာ ပါးစပ်အဟောင်းသား ဖြစ်နေကြသည်။ သူတို့အားလုံးသည် သူတို့၏ခြေလှမ်းများကို ရပ်တန့်လိုက်ကြ၏။

လုယွီကို ကြိမ်းမောင်းခဲ့သော လုမိသားစုဝင်အစောင့်များနှင့် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်မှ တပည့်အုပ်စုသည် မြေပြင်ပေါ်တွင် တောင့်တောင့်ကြီး ရပ်နေကြပြီး ဤခန့်ညားထည်ဝါသော နတ်ဘုရားပုံရိပ်ယောင်များကို မှင်သက်စွာ စူးစိုက်ကြည့်နေကြသည်။

ရွှံ့အလွှာတစ်လွှာလုံး ကွာကျသွားပြီး ကျောက်ရုပ်ထုများသည် ပီပြင်ထင်ရှားလာပေ၏။

ထိုမျှသာမက ဤကျောက်ရုပ်ထုနှစ်ခုမှ ထောက်ပံ့ထားသော ကျောက်တုံးခုံးတံခါးသည်လည်း လူတိုင်း၏ရှေ့တွင် တဖြည်းဖြည်း ပြောင်းလဲလာခဲ့သည်။ ကျောက်တုံးခုံးတံခါးပေါ်တွင် မရေမတွက်နိုင်သော မှော်သင်္ကေတအက္ခရာများ ထွက်ပေါ်လာပြီး ထိုအရာတစ်ခုချင်းစီတိုင်းသည် တောက်ပစွာ ထွန်းလင်းနေပေ၏။

နှစ်တစ်သောင်းကြာ ချိတ်ပိတ်ခံရပြီးနောက်ထိုအရာသည် နောက်ဆုံးတွင် လောကကြီးပေါ်၌ တဖန်ပြန်၍ ထွက်ပေါ်လာခဲ့သည်။

ထိုမျှသာမက ကြီးမားသော တိုက်ပွဲဝိညာဉ်နှစ်ကောင်သည် လေထုအတွင်းတွင် ပျံဝဲနေပြီး လုယွီ၏ရှေ့တွင် မတ်တတ်ရပ်နေသည်။

"တိုက်ပွဲဝိညာဉ်တွေ တကယ်ရှိတာပဲ"

လူတိုင်း ကြက်သေသေသွားကြသည်။ သူတို့သည် ထိုနေရာတွင် ဗလာကျင်းစွာ ရပ်နေကြပြီး ကောင်းကင်မှ အားကြီးပြီး ခန့်ညားထည်ဝါသော တိုက်ပွဲဝိညာဉ်နှစ်ဦးကို စိုက်ကြည့်နေကြသည်။

အထူးသဖြင့် လုမိသားစုဝင်တပည့်များအားလုံးသည် သူတို့၏မျက်လုံးများကို ပွတ်သပ်ကြပြီး သူတို့ရှေ့မှ မြင်ကွင်းကို မယုံကြည်နိုင်တော့ချေ။

ဤတံခါးကို အတိတ်တွင် သူတို့သည် မရေမတွက်နိုင်အောင် အကြိမ်ပေါင်းများစွာ ဝင်ထွက်သွားလာခဲ့ကြသည်။

ဒဏ္ဍာရီလာ တိုက်ပွဲဝိညာဉ်များသည် ဤကျောက်တံခါးအတွင်းတွင် အမှန်တကယ် ပုန်းအောင်းနေသည်အား မည်သူမျှ သတိမပြုမိခဲ့ပေ။

"ဒါ... ဒါက သူပြောခဲ့တာ တကယ်ပါလား...."

ယခင်က လှောင်ပြောင်သရော်ခဲ့သော ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်ကျောင်းသားများသည် မိုးကောင်းကင်ယံမှ ဧရာမ တိုက်ပွဲဝိညာဉ်နှစ်ကောင်ကို မော့ကြည့်လိုက်ကြပြီး ပါးစပ်အဟောင်းသားဖြစ်နေသည်။

လုယွီသည် အစောပိုင်းကမှ စတင်၍ လှုပ်ရှားခဲ့ပြီး သူသည် တိုက်ပွဲဝိညာဉ်များကို ရှာဖွေတွေ့ရှိခဲ့ပြီးဖြစ်သည်။

ဤနည်းလမ်းသည် အလွန်အံ့အားသင့်ဖွယ် ကောင်းပေ၏။

ဖန်ရှင်းရန်၏မျက်လုံးများ ပြူးကျယ်နေကာ သူမ၏မျက်နှာ ပူနွေးလာသည်ကို ခံစားလိုက်ရပြီး တစ်စုံတစ်ယောက်က သူမကို ပါးဖြတ်ရိုက်လိုက်သည့်အလားပင်။

သူမသည် သမိုင်းပညာရှင် မိသားစုတစ်ခုတွင် မွေးဖွားခဲ့သောကြောင့် သူမဘိုးဘေး၏ ဆုံးဖြတ်ချက်အပေါ် အလွန်ယုံကြည်သည်။

သူမသည် အစောပိုင်းက လုယွီကို တားဆီးရန် ကြိုးစားခဲ့သော်လည်း မျက်စိတစ်မှိတ်အတွင်းမှာပင် လုယွီသည် သူမ၏မျက်နှာကို ပါးဖြတ်ရိုက်သည့်အလား လက်တွေ့ကျကျ ပြသသွားပေ၏။

Chapter 5155

အချိန်တခဏအတွင်းတွင် ဖန်ရှင်းရန်၏စိတ်နှလုံးသားအတွင်း၌ မနာလိုမှု မကျေနပ်မှုနှင့် နက်ရှိုင်းသောထိတ်လန့်တုန်လှုပ်မှုတို့၏ ခံစားချက်များ ရောယှက်သွားသည်။

လူများအားလုံး၏အံ့အားသင့်နေသော အကြည့်များအောက်တွင် လုယွီသည် သူ၏နတ်ဘုရားစိတ်အာရုံကို အသုံးပြု၍ တိုက်ပွဲဝိညာဉ်နှစ်ကောင်နှင့် ဆက်သွယ်လိုက်သည်။

ဤတိုက်ပွဲဝိညာဉ်သည် အမှန်တကယ်အားဖြင့် သာမာန်စိတ်ဝိညာဉ်တစ်ကောင်နှင့် များစွာမကွာခြားချေ။

လူတစ်ဦး သေဆုံးပြီးနောက် သူ၏ခန္ဓာကိုယ်ထဲမှ စိတ်ဝိညာဉ်သည် ပြန်လည်ဝင်စားခြင်း၏ဥပဒေသများကို လိုက်နာပြီး ပြန်လည်ဝင်စားရန်အတွက် ငရဲနယ်မြေသို့ ဝင်ရောက်ရပေလိမ့်မည်။ ဤသည်မှာ ကမ္ဘာလောကအားလုံး၏ ဥပဒေသပင်။

ကျင့်ကြံဆင့်နယ်ပယ် အလွန်မြင့်မားသော တည်ရှိမှုကြီးတချို့သာလျှင် သူတို့၏ အားကောင်းသော မှော်စွမ်းအားကို မှီခိုအားကိုး၍ တခြားခန္ဓာကိုယ်တစ်ခုအား အပိုင်စီးနိုင်သည်။ သို့ရာတွင် သူတို့သည် အများဆုံးအနေဖြင့် တစ်ကြိမ်သာ ပူးကပ်နိုင်ပေ၏။ အကယ်၍ သူတို့သည် နောက်တစ်ကြိမ် ပူးကပ်ရန် ကြိုးစားပါက သူတို့၏စိတ်ဝိညာဉ်သည် ပြာအဖြစ်သို့ ပြောင်းလဲသွားပေလိမ့်မည်။

လူသားများတွင် သက်တမ်းရှိပြီး စိတ်ဝိညာဉ်များတွင်လည်း သက်တမ်းရှိသည်။ သူတို့၏ သက်တမ်းအားလုံး ကုန်ဆုံးသွားချိန်၌ သူတို့သည် ပြန်လည်ဝင်စားခြင်း သံသရာစက်ဝန်းအတွင်းသို့ မဝင်ရောက်ပါက သေဆုံးရပေလိမ့်မည်။

သို့သော် စစ်နတ်ဘုရားများမှာမူ ကွဲပြားသည်။

သူတို့သည် စိတ်ဝိညာဉ်အခြေအနေတွင် ရှိနေသော်လည်း သူတို့သည် နတ်ဘုရားများ ဖြစ်နေကြလေပြီ။ သူတို့ထံတွင် လုံလောက်သော ယုံကြည်ကိုးကွယ်မှုစွမ်းအားများ ရှိနေသရွေ့ သူတို့သည် ဆက်လက်၍ အသက်ရှင်နိုင်ပေမည်။

လုယွီ၏ခန့်မှန်းချက်အရ စစ်သူတော်စင်လုမှ အထီးကျန်လူရိုင်းကမ္ဘာကို ဖန်တီးရခြင်း၏ ရည်ရွယ်ချက်မှာ လုမိသားစုအတွက် အမွေအနှစ်တစ်ခုကို ချန်ထားခဲ့ရန်ပင်။ ထို့ပြင် ဤနေရာတွင် တိုက်ပွဲဝိညာဉ်များကို ထာဝရ ထိန်းသိမ်းထားရန်လည်း ဖြစ်ပေ၏။

ဤသည်မှာလည်း တိုက်ပွဲဝိညာဉ် ယခုအချိန်အထိ တည်ရှိနိုင်ရခြင်း၏ အကြောင်းရင်းဖြစ်သည်။

"မင်းတို့က အင်ပါယာကို ထောက်ပံ့ပေးခဲ့တဲ့ စစ်သူကြီးတွေပဲ...ဒါပေမယ့် ရှေးခေတ်အလယ်ခေတ်ရဲ့ ဝူအင်ပါယာက ပျက်စီးသွားခဲ့ပြီ....စစ်သူတော်စင်လုတောင် လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ကျဆုံးသွားခဲ့ပြီ"

လုယွီသည် အချိန်တခဏကြာမျှ ရပ်တန့်ပြီး တိုက်ပွဲဝိညာဉ်နှစ်ကောင်ကို ကြည့်လိုက်သည်။ ထို့နောက် သူ၏နတ်ဘုရားစိတ်အာရုံဖြင့် ပြောဆိုလိုက်၏။

"ဒီလောကကြီးထဲမှာ အရှင်သခင်အသစ်တစ်ယောက် ရှိနေပြီ... မင်းတို့က ငါ့ကို ကူညီပေးနိုင်မလား"

တစ်ချိန်တည်းမှာပင် လုယွီသည် သူ၏နတ်ဘုရားစိတ်အာရုံကို အသုံးပြု၍ သူ၏ဧကရာဇ်အရှိန်အဝါကို ထုတ်လွှတ်လိုက်သည်။

ဧကရာဇ်အရှိန်အဝါ၏ တောက်ပသော ရွှေရောင်အလင်းတန်းသည် မိုးကောင်းကင်မှ ပူလောင်သော နေမင်းကြီးကဲ့သို့ဖြစ်ပြီး တဖြည်းဖြည်း ပျံ့နှံ့သွားသည်။ ၎င်းသည် ကြီးမားသောအသံဖြစ်သော်လည်း တိုက်ပွဲဝိညာဉ်နှစ်ဦးသာ ၎င်းကို အာရုံခံစားနိုင်ပေသည်။

တိုက်ပွဲဝိညာဉ်နှစ်ကောင်သည် အချိန်တခဏကြာမျှ တွေဝေသွားပြီးနောက် သူတို့အနက်မှ တစ်ဦးက ပြောဆိုလိုက်သည်။

"ငါတို့က အရှင်ဧကရာဇ်နဲ့ စစ်သူတော်စင်လုရဲ့ အမိန့်တွေကိုပဲ လိုက်နာရမှာဖြစ်ပြီးတော့ သခင်အသစ်တစ်ယောက်ကို ထားလို့မရဘူး"

"အရှင့်မှာ စစ်သူတော်စင်လုရဲ့သွေးမျိုးဆက် ရှိပုံရတယ်...ဒါပေမယ့် အမိန့်တော်မရှိဘဲနဲ့ ငါတို့က မလိုက်နာရဲဘူး"

တိုက်ပွဲဝိညာဉ်နှစ်ဦးသည် ခိုင်မာစွာ ငြင်းဆိုလိုက်ကြ၏။

ရှေးဟောင်းအလယ်ခေတ်မှ ဝူအင်ပါယာသည် ဖျက်ဆီးခြင်းခံခဲ့ရသည်မှာ အချိန်ကြာမြင့်နေပြီဖြစ်သော်လည်း သူတို့သည် သူတို့အသက်ရှင်စဉ်က ရှိခဲ့သော သစ္စာစောင့်သိမှုကို ထိန်းသိမ်းထားဆဲပင်။

"ကောင်းတယ်... အရမ်းကောင်းတယ်.. အင်ပါယာကို ထောက်ပံပေးနိုင်တဲ့ စစ်နတ်ဘုရားတွေဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ထိုက်တန်ပါပေတယ်...ဒီလိုဆိုမှတော့ ငါက မင်းတို့ကို အခက်အခဲဖြစ်အောင် လုပ်မှာ မဟုတ်ဘူး... ငါအမိန့်တော်ကို ရပြီးတဲ့နောက်မှာ မင်းတို့ကို ပြန်ပြီးလာရှာမယ်"

လုယွီက ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်သည်။

အကယ်၍ တစ်စုံတစ်ယောက်သည် စကားတစ်ခွန်းတည်းဖြင့် သူ၏သစ္စာစောင့်သိမှုကို ပြောင်းလဲလိုက်ပါက သူသည် စစ်နတ်ဘုရားတစ်ပါး ဖြစ်မည်မဟုတ်ချေ။

တိုက်ပွဲဝိညာဉ်နှစ်ဦးသည် သူ့ထံ၌ စစ်သူတော်စင်၏သွေးမျိုးဆက် ရှိနေသည်ကို ထောက်ထား၍ သူ့ကို အခက်အခဲဖြစ်အောင် မလုပ်ခဲ့ခြင်း ဖြစ်နိုင်ခြေရှိသည်။ ထိုသို့မဟုတ်ပါက သူသည် ရုတ်တရက်ဆန်စွာ သူတို့ကို နိုးထစေခဲ့သဖြင့် သူတို့နှင့် မလွဲမသွေ တိုက်ခိုက်ရပေမည်။

လုယွီသည် မိုးကောင်းကင်ယံမှ ဆင်းသက်လာပြီးနောက် သူ၏စိတ်နှလုံးသားအတွင်းတွင် ပျော်ရွှင်ဝမ်းမြောက်မှု အရိပ်အယောင်တစ်ရပ် ထင်ဟပ်လာသည်။

သူသည် ဤတိုက်ပွဲဝိညာဉ်နှစ်ကောင်၏ မှော်စွမ်းအားကို ခံစားမိနိုင်သည်။

ဤသည်မှာ အလွန်အစွမ်းထက်သော တိုက်ပွဲဝိညာဉ်နှစ်ကောင်ပင်။

လုယွီ လုပ်ဆောင်မည့်အရာအတွက် သူ၏ပန်းတိုင်ကို အောင်မြင်ရန် လုံလောက်သော တိုက်ခိုက်ရေးစွမ်းအား ပမာဏကို လိုအပ်သည်။

"စီနီယာအစ်ကိုလု...နင်က တိုက်ပွဲဝိညာဉ်တွေ ဘယ်မှာရှိတယ်ဆိုတာ တကယ်ကြီး သိလိမ့်မယ်လို့ ငါ ဘယ်တုန်းကမှ မတွေးခဲ့ဖူးဘူး"

ဖန်ရှင်းရန်က ရုတ်တရက် ရှေ့သို့ လျှောက်လှမ်းလာပြီး အေးစက်သောအမူအယာဖြင့် ပြောဆိုသည်။

"နင်က ဒါကို ဘယ်လိုဆင့်ခေါ်ရမလဲဆိုတာ သိမှတော့ ငါ့ကို နည်းလမ်းလေး ပြောပြပါလား..."

သူမ၏နံဘေးမှ လုမိသားစုဝင်တပည့်များသည်လည်း ဤသည်ကို ကြားချိန်၌ ချက်ချင်းအမှတ်ရသွားသည်။ လုမိသားစုဝင်တစ်ယောက်သည် အလျင်အမြန် ပြောဆိုလိုက်၏။

"အမှန်ပဲ.... ဒါက ငါတို့လုမိသားစုရဲ့ ရတနာဖြစ်နေမှတော့ ငါတို့လည်း သိရမယ်...တိုက်ပွဲဝိညာဥ်တွေကိုကို ဆင့်ခေါ်တဲ့နည်းလမ်းကို မြန်မြန် ပြောပြစမ်း"

လူအမြောက်အများ လုယွီကို ဝိုင်းရံထားကြသည်။ သူတို့သည် သူ့ကို သွားခွင့်ပေးရန်ရည်ရွယ်ချက်ရှိပုံ မရချေ။

"ဝှစ်..."

သို့ရာတွင် ရုတ်တရက် မှော်စွမ်းအားလှိုင်းတစ်ရပ် ပျံ့လွင့်လာပြီး လုမိသားစုဝင်တပည့်များအားလုံးကို လွင့်ထွက်သွားစေခဲ့သည်။ လီစစ်သည် ရုတ်တရက် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပေ၏။

"ကောင်းကောင်းမွန်မွန် စကားပြောကြစမ်း..သူ့ကို မနှောက်ယှက်ကြနဲ့... မင်းတို့က ဘာလုပ်ချင်တာလဲ...အကြီးအဲကဲချုပ်ရဲ့ မွေးနေ့ပွဲမှာ တိုက်ခိုက်ချင်နေတာလား"

လီစစ်က အေးစက်တင်းမာစွာ ပြောဆိုလိုက်သည်။

All Chapters