အခန်း (၅၁၅၆-၅၁၆၀)
Vol. 261 Ch. 5156-5160
Chapter 5156
"ဒီလီမျိုးရိုးနဲ့လူက ထိပ်သီးကျင့်ကြံသူတစ်ယောက်ပဲ"
ဖန်ရှင်းရန်က အံ့ကြိတ်ပြီး လီစစ်ကို စူးစိုက်၍ကြည့်လိုက်သည်။
သူမသည် လုမိသားစုဝင်အစောင့်ကို ခေါ်ဆောင်လာပြီး လုယွီကို အရှက်ခွဲရန် ကြံစည်ခဲ့သည်။ သို့ရာတွင် လီစစ်သည် ရုတ်တရက် လှုပ်ရှားလိုက်ကာ လူများအားလုံးကို ထိတ်လန့်တုန်လှုပ်သွားစေမည်ဟု သူမ မျှော်လင့်မထားမိပေ။
ဤတစ်ချက်တည်းသော လှုပ်ရှားမှုသည်ပင် လီစစ်၏နည်းစနစ်များ မည်မျှထိ ရက်စက်ကြမ်းကြုတ်သည်ကို ပြသရန် လုံလောက်သည်။
လုမိသားစုသည် စစ်သူတော်စင်မိသားစုတစ်စုပင်။ လုမိသားစုဝင်များသည် ငယ်စဉ်ကတည်းက မရေမတွက်နိုင်သော တိုက်ပွဲများကို ကြုံတွေ့ခဲ့ရသည်။ ဆိုရိုးစကားအရဆိုလျှင် ပညာရှင်တစ်ဦးသည် တစ်ချက်လှုပ်ရှားလိုက်ရုံဖြင့် ပြိုင်ဘက်၏အစွမ်းအစကို ပြောပြနိုင်ပေ၏။ လီစစ်၏ လှုပ်ရှားမှုသည် လူများအားလုံးကို ချက်ချင်းထိတ်လန့်တုန်လှုပ်သွားစေခဲ့သည်။
"ငါက မင်းကို ဘာလို့ ပြောပြရမှာလဲ"
လုယွီက ပေါ့ပေါ့ပါးပါး ပြောဆိုလိုက်သည်။
ဖန်ရှင်းရန်သည် သူမ၏လက်များကို ခါးပေါ်တင်လိုက်ပြီး ယုံကြည်မှုရှိစွာ ပြောဆိုလိုက်၏။
"ဒါက နင့်ရဲ့အသိပညာကို မျှဝေဖို့ပဲလေ... အသိပညာဆိုတာက အကန့်အသတ်မရှိဘူး.... နင် တစ်ခုခုကိုသိထားရင် မျှဝေသင့်တယ်"
လုယွီ၏မျက်နှာအမူအယာ တဖြည်းဖြည်း အေးစက်တင်းမာလာသည်။
သူသည် လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျမ်းစာအတွင်းမှ ကြီးမားသော အသိပညာများကြောင့်သာ တိုက်ပွဲဝိညာဉ်၏ တည်နေရာကို ရှာဖွေနိုင်ခဲ့ခြင်း ဖြစ်သည်။
သို့ရာတွင် ဤအရာများသည် သူ ရရှိခဲ့သော အရာများဖြစ်ပေ၏။
ထို့ပြင် သူသည်လည်း တိုက်ပွဲဝိညာဉ်များကို လိုအပ်နေသဖြင့် တခြားလူများကို မည်သည်ကြောင့် ပြောပြနိုင်မည်နည်း။
"ငါ့ပြောတာကို နားထောင်ကြစမ်း....ဒီတိုက်ပွဲဝိညာဉ်တွေကို ငါ ဆင့်ခေါ်ခဲ့တာ...ဒါကြောင့် ဒါက ငါ့ရဲ့အပိုင်ပဲ..."
လုယွီက နံဘေးပတ်လည်ကို ကြည့်ပြီး အေးစက်တင်းမာစွာ ပြောဆိုလိုက်သည်။
"ဘယ်သူပဲဖြစ်နေနေ မင်းတို့လုမိသားစုခေါင်းဆောင် လာရင်တောင် အသုံးဝင်မှာ မဟုတ်ဘူး"
ထိုသို့ပြောပြီးနောက် လုယွီသည် နန်းတော်အဆောက်အအုံ၏အတွင်းပိုင်းသို့ လျှောက်လှမ်းသွားသည်။
လီစစ်သည် လုယွီ၏နောက်မှ လိုက်ပါသွားပြီး ထပ်ချပ်မကွာရှိနေသဖြင့် မည်သူမျှ လိုက်မလာရဲကြချေ။
လမ်းတစ်ဝက်တွင် လုယွီက ရုတ်တရက် နောက်သို့ပြန်လှည့်ပြီး ဖန်ရှင်းရန်ကို ကြည့်လိုက်သည်။
"တိုက်ပွဲဝိညာဉ်ကို ဆင့်ခေါ်တဲ့ နည်းလမ်းအတွက်တော့ ငါက မင်းကို ဘာလို့ ပြောပြရမှာလဲ"
ဤသို့ပြောဆိုပြီးနောက် လုယွီနှင့်လီစစ်တို့ ထွက်ခွာသွားကြသည်။
ဖန်ရှင်းရန်၏မျက်နှာ ရုတ်တရက် ဖြူဖျော့သွားပြီး သူမ၏မျက်နှာကို နောက်တစ်ကြိမ် ပါးဖြတ်ရိုက်ခံလိုက်ရသည့်အလားပင်။
သူမ၏မျက်လုံးများအတွင်းတွင် ရုတ်တရက် အေးစက်စက်အလင်းတန်းတစ်တန်း ဖြတ်ပြေးသွားပေ၏။
"ကောင်းပြီလေ...နင်က ငါ့ကို မပြောရင်တောင် သမိုင်းပညာရှင်မိသားစု နောက်ခံရှိတဲ့ ငါက ဒီနည်းလမ်းကို ရှာမတွေ့နိုင်ဘူးလို့ ငါ မယုံဘူး"
ဖန်ရှင်းရန်က ရုတ်တရက် လေထုအတွင်းသို့ ခုန်တက်သွားပြီး ကျောက်တံခါးခုံးကို ထောက်ပံ့ထားသော ဧရာမကျောက်ရုပ်ထုကြီးနှစ်ခုဆီသို့ ပျံသန်းသွားသည်။
သို့ရာတွင် ထိုအချိန်မှာပင် စူးရှတောက်ပပြီး အစွမ်းထက်သော နတ်ဘုရားအလင်းတန်းတစ်တန်းသည် ကျောက်ရုပ်ထုများ၏အထက်တွင် လင်းလက်သွားပေ၏။
ဘုန်း...
ကျယ်လောင်သော ဟိန်းဟောက်သံတစ်သံသည် သူမ၏နားထဲတွင် ရုတ်တရက် မြည်ဟီးသွားပြီးနောက် ဖန်ရှင်းရန်သည် ကြီးမားသောအားလှိုင်းတစ်ရပ်၏ ဖိနှိပ်ခြင်းကို ခံလိုက်ရသည်။ သူမ၏ ခြေထောက်များ ပျော့ခွေသွားပြီး မြေပြင်ပေါ်သို့ ဒူးထောက်ရက်သား ပြုတ်ကျသွားသည်။
"ဖူး...."
ဖန်ရှင်းရန်သည် ကြောက်မက်ဖွယ်ကောင်းသော ဖိအားကို တောင့်မခံနိုင်သဖြင့် သွေးတစ်လုတ်ကို ချက်ချင်းအန်ထုတ်လိုက်သည်။
"ဒါက……"
ပတ်ဝန်းကျင်ရှိ လူများအားလုံး ထိတ်လန့်တုန်လှုပ်သွားကြသည်။
ဧရာမရုပ်ထုကြီးနှစ်ခုအထက်တွင် နတ်ဘုရားအလင်းတန်းတစ်တန်း တောက်ပစွာ ထွန်းလင်းနေသည်။ ကြီးမားသော နတ်ဘုရားစွမ်းအားသည် ရုတ်တရက် ကျဆင်းလာပြီး လူများ၏ စိတ်နှလုံးသားထဲတွင် အဆုံးအစမရှိသော ဖိအားကို ဖြစ်ပေါ်စေသည်။
သူတို့သည် လုယွီ၏အသက်သွင်းခြင်းကို ခံခဲ့ရသည်။
သူတို့သည် စစ်သူကြီးများအဖြစ် မွေးဖွားလာပြီး နတ်ဘုရားများအဖြစ် သေဆုံးခဲ့ကြ၏။
သို့ရာတွင် နတ်ဘုရားများကို စော်ကား၍မရပေ။
ဖန်ရှင်းရန်သည် အစောပိုင်းက ထိုကျောက်ရုပ်ထုများ၏အထက်သို့ ပြောင်ပြောင်တင်းတင်း ပျံသန်းသွားခဲ့လေရာ ဤသည်မှာ နတ်ဘုရားများကို စိန်ခေါ်ခြင်းနှင့် ညီမျှသည်။
"အကြီးအကဲတွေကို မြန်မြန် အကြောင်းကြားရအောင်"
လုမိသားစုဝင်တချို့သည် လျင်မြန်စွာ နောက်သို့လှည့်ပြီး အထီးကျန်လူရိုင်းကမ္ဘာ၏ အတွင်းပိုင်းဆီသို့ ပြေးသွားကြသည်။
တိုက်ပွဲဝိညာဉ်များ အမှန်တကယ် နိုးထလာခဲ့သည်။ ဤသည်မှာ အထီးကျန်လူရိုင်းကမ္ဘာတွင် ထိပ်တန်းဦးစားပေးကိစ္စဖြစ်သဖြင့် မိသားစု၏ အကြီးအကဲများထံသို့ အမြန်ဆုံး သတင်းပို့ရပေမည်။
အခြားတစ်ဖက်တွင်...
လုယွီနှင့်လီစစ်တို့သည် လမ်းတလျှောက်၌ လုမိသားစုအစေခံများ၏လမ်းညွှန်မှုကို လိုက်နာပြီး နောက်ဆုံးတွင် ပွဲတော်ကျင်းပရာ နေရာသို့ ရောက်ရှိလာခဲ့သည်။
ဤသည်မှာ ကြီးမားသော ရှေးဟောင်းအလယ်ခေတ် ဧကရာဇ်နန်းတော်တစ်ဆောင်ဖြစ်ပြီး လေထုအတွင်းတွင် မြင့်မားစွာ ဆိုင်းငံ့ထားသော ကျွန်းတစ်ကျွန်းပေါ်တွင် တည်ရှိသည်။ လှေကားတစ်ခုသည် နန်းတော်၏အတွင်းပိုင်းနက်ရှိုင်းရာသို့ တိုက်ရိုက်ဦးတည်သွားပြီး ထိုအရာအတွင်းတွင် ပြဿာဒ်များ ခန်းမဆောင်များနှင့် ကင်းမျှော်စင်များ ရှိနေပေ၏။ ထို့ပြင် အထက်သို့ကော့တက်နေသော ခေါင်မိုးစွန်းများရှိကာ ရှေးဟောင်းအငွေ့အသက်တစ်ရပ်ကို ထုတ်လွှတ်ထားသည်။
"ဂုဏ်သရေရှိ ဧည့်သည်တော်တို့... ဒါက ဝူအင်ပါယာ ရှေးဟောင်းဧကရာဇ်ရဲ့ နန်းတော်ပါ....မွေးနေ့ပွဲကို ဒီနန်းတော်ထဲမှာ ကျင်းပမှာပါ...."
လုမိသားစုအစေခံတစ်ယောက်က မိတ်ဆက်ပေးသည်။
လုယွီသည် လှေကားပေါ်သို့ ခြေချလိုက်သည်နှင့် သူသည် ရုတ်တရက် လျှို့ဝှက်ဆန်းကြယ်ပြီး မြင့်မြတ်သော အသံတစ်သံကို ဝိုးတဝါးကြားလိုက်ရသည်။ ဤသည်မှာ လေဟာနယ်၏ နက်ရှိုင်းသောနေရာမှ ထွက်ပေါ်လာပုံရပြီး ရှေးကျကာ လျှို့ဝှက်ဆန်းကြယ်ပြီး ခန့်ညားထည်ဝါသည်။
"ရှေးဟောင်းစစ်သူတော်စင်လု ထားခဲ့တဲ့ မြင့်မြတ်တဲ့ စကားလုံးတွေလား.."
လုယွီ၏ခန္ဓာကိုယ် တုန်ခါသွားပြီး သူ၏မျက်လုံးများအတွင်းတွင် ထိတ်လန့်မှုအရိပ်အယောင်တစ်ရပ် ဖြတ်ပြေးသွားသည်။
Chapter 5157
"အရှင်ဧကရာဇ်....ဘာဖြစ်သွားတာလဲ"
လီစစ်သည် လုယွီ အနည်းငယ် စိတ်လွင့်နေသည်ကို မြင်ချိန်၌ မေးမြန်းလိုက်သည်။
လုယွီသည် သူ့ကို တုံ့ပြန်အဖြေမပေးခဲ့ချေ။ သူသည် လျှို့ဝှက်ဆန်းကြယ်ပြီး နှိုင်းယှဉ်ပြစရာမရှိသော မိုးခြိမ်းသံများအကြားတွင် မတ်တတ်ရပ်နေပြီး ဤသည်မှာ ကြီးမားသော ခေါင်းလောင်းတစ်လုံး မြည်ဟီးနေသကဲ့သို့ ကျယ်လောင်ပြီး နားကွဲလုမတတ် ဖြစ်နေသည်။
ဤသည်မှာ စစ်သူတော်စင်လု၏စကားလုံးများပါရှိသော မန္တန်တစ်ပုဒ်ဖြစ်ပြီး ဝူစစ်တပ်ကို ရဲစွမ်းသတ္တိနှင့်အစွမ်းအစတို့ဖြင့် ကောင်းချီးပေးရန် ရည်ရွယ်သည်။ ဤနေရာတွင် တပ်စွဲထားသော တပ်ရင်းများအားလုံးသည် ဤကောင်းချီးကို လက်ခံရရှိပေလိမ့်မည်။ အလယ်ခေတ်ရှိ အလွန်အားကောင်းသော အင်ပါယာနှစ်ခုကြား ထိပ်တိုက်ရင်ဆိုင်မှုသည် ရက်စက်ကြမ်းကြုတ်ပြီး ခမ်းနားထည်ဝါခဲ့ကာ ဤသူတော်စင်စကားလုံးများ၏ စွမ်းအားကြီးမားမှုသည် သိသာထင်ရှားပေ၏။
ထိုစစ်ပွဲသည် နှစ်ပေါင်းတစ်သောင်းနီးပါး ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း မြင့်မြတ်သော သူတော်စင်စကားလုံးများ၏ စွမ်းအားသည် ဆက်လက်၍ တည်ရှိနေဆဲပင်။
"မင်း ဘာမှမကြားဘူးလား...."
လုယွီက လီစစ်ကို ကြည့်လိုက်သည်။
လီစစ်သည် မျက်မှောင်ကြုတ်ပြီး အာရုံခံလိုက်ကာ အချိန်တခဏကြာပြီးနောက် သူက ခေါင်းခါလိုက်သည်။
"ဘာအသံမှ မကြားရဘူး...."
လုယွီက ခေါင်းညိတ်ပြီး ဤအတွေးကို သူ၏စိတ်နှလုံးသားထဲတွင် ထားလိုက်၏။ ဖြစ်နိုင်သည်မှာ သူသည် သဘာဝသူတော်စင်တစ်ပါးဖြစ်သောကြောင့် ဤကဲ့သို့ မြင့်မြတ်သော သူတော်စင်စကားလုံးများကို ထိုးထွင်းသိမြင်နိုင်စွမ်း ရှိပုံရသည်။
သူတို့၏ရှေ့မှ နန်းတော်ကို ချန်လုံနန်းတော်ဟု ခေါ်သည်။
ဤသည်မှာ အလယ်ခေတ်မှ ဝူအင်ပါယာ ဧကရာဇ်၏ နန်းတော်ပင်။ နန်းတော်၏သတ်မှတ်ချက်များအားလုံးကို ဧကရာဇ်တစ်ပါး၏စံနှုန်းများအတိုင်း တည်ဆောက်ခဲ့သည်။ နောက်ပိုင်းတွင် စစ်သူတော်စင်လုသည် ကြီးမားသော ပံ့ပိုးမှုများကို ပြုလုပ်ခဲ့သောကြောင့် ဤနန်းတော်ကို ဧကရာဇ်မှ သူ့အား ချီးမြှင့်ခဲ့လေ၏။
နန်းတော်၏ပြင်ပနံရံများသည် ပေတစ်ရာနီးပါး မြင့်မားပြီး ခန့်ညားထည်ဝါသော ခန်းမဆောင်များသည် နှစ်တစ်သောင်းကြာပြီးသည့်တိုင် ခမ်းနားထည်ဝါသော အလင်းတန်းကို ထုတ်လွှတ်ထားဆဲပင်။ ချန်လုံနန်းတော်အတွင်းတွင် ခန်းမဆောင်ငါးဆယ် ပြဿာဒ်တစ်ရာ့နှစ်ဆယ် မရေမတွက်နိုင်သော အရံခန်းမများနှင့် ကင်းမျှော်စင် တိုက်ခိုက်ရေးကွင်း ဆေးဖော်စပ်ခန်းနှင့် လက်နက်သန့်စင်ခန်းကဲ့သို့ အထူးပြုအဆောက်အအုံများ ပါဝင်ပြီး ဤအရာကို ရွေ့လျားမြို့တစ်မြို့နှင့် တူညီစေသည်။
"ဒီမှာ လူ အတော်လေး များတာပဲ..."
လုယွီနှင့်လီစစ်တို့သည် ချန်လုံနန်းတော်အတွင်းသို့ ဝင်ရောက်လိုက်သည်နှင့် သူတို့သည် ကျယ်လောင်သော ဆူညံသံကို ကြားလိုက်ရသည်။
မွေးနေ့ပွဲကိုတက်ရောက်သူ အလွန်များပြားသောကြောင့် သူတို့ ဝင်ရောက်လိုက်သည်နှင့် ထူထပ်သိပ်သည်းသော လူအုပ်ကြီးကို မြင်လိုက်ရပြီး အနည်းဆုံး လူသောင်းပေါင်းများစွာ ရှိသည်။
ဤသည်မှာ ချန်လုံနန်းတော်ရှိ မြေကွက်လပ်နေရာသည် အလွန်ကြီးမားကျယ်ပြန်သောကြောင့်ဖြစ်ပြီး ထိုသို့မဟုတ်ပါက ဤမျှထိများပြားသော လူများကို နေရာချပေးနိုင်မည်မဟုတ်ပေ။
လုယွီနှင့်လီစစ်တို့ ရောက်ရှိလာခြင်းသည် မည်သည့်လှုပ်ခတ်မှုကိုမျှ မဖြစ်စေခဲ့ချေ။
သူတို့နှစ်ဦးလုံးသည် အလွန်သိုသိုသိပ်သိပ် နေထိုင်ခဲ့ကြ၏။ ယနေ့သည် လုဝူသီ၏မွေးနေ့ပွဲဖြစ်သောကြောင့် သူတို့သည် အဓိကအာရုံစိုက်ခံရသောနေရာကို လုယူလိုခြင်း မရှိကြချေ။
"အရှင်ဧကရာဇ်..ငါက အစွမ်းထက်တဲ့ မြင့်မြတ်အရှင်တချို့ကို တွေ့တယ်...သူတို့က မင်းရဲ့ စွမ်းအားကို ကြောက်ရွံ့ပြီးတော့ အကြီးအကဲချုပ်ဆီကနေ မျက်နှာသာရဖို့ ကြိုတင်ပြီး ဒီကို ရောက်လာကြပုံရတယ်"
လီစစ်က ပြောဆိုသည်။
အဝေးတွင် ထိပ်သီးဂိုဏ်းအင်အားစုများမှ ခေါင်းဆောင်တစ်စု ထိုင်နေကြသည်။
အကယ်၍ ဤလူများကို အပြင်လောကတွင် ထားရှိပါက သူတို့သည် ခြေတစ်ချက်ဆောင့်ရုံဖြင့် ကောင်းကင်ဘုံနယ်မြေကို တုန်ခါစေနိုင်သည်။ သို့ရာတွင် ဤအချိန်တွင် သူတို့သည် ပုံမှန်ထက်ပို၍ ကောင်းမွန်စွာ ပြုမူနေပေ၏။ သူတို့သည် တိတ်တဆိတ် စားသောက်နေကြပြီး တခြားလှုပ်ရှားမှုများ ပြုလုပ်ရန် မရဲကြပေ။
လုယွီ၏ခြိမ်းခြောက်ခြင်းကို ခံခဲ့ရစဥ်မှစ၍ ကျင့်ကြံခြင်းလောကရှိ လူများအားလုံး ပို၍ နာခံမှုရှိလာကြသည်။ အများအားဖြင့် တိုက်ပွဲနှင့် သတ်ဖြတ်ခြင်းအတွက် အော်ဟစ်လေ့ရှိသော ဂိုဏ်းအင်အားစုများသည် သူတို့၏အပြုအမူများကို ပြောင်းလဲလိုက်ပုံရပြီး ယခုအချိန်၌ သဟဇာတဖြစ်အောင် နေထိုင်နေကြသည်။
"သူတို့က ငြိမ်ငြိမ်သက်သက် နေကြမယ်ဆိုရင် ငါက သူတို့ကို လွှတ်ပေးထားဖို့ စိတ်မရှိဘူး... ဒါပေမယ့် သူတို့က နောက်တစ်ကြိမ် မဆင်မခြင်သတ်ဖြတ်ရဲရင်တော့ ငါ့ကို အပြစ်မတင်နဲ့"
လုယွီက ပေါ့ပေါ့ပါးပါး ပြောဆိုသည်။
ဤသည်မှာ ခြိမ်းခြောက်မှုမဟုတ်ဘဲ အမှန်တရားပင်။
ပါ့ကျိုးအုပ်ချုပ်ရေးမှူး၏ မိသားစုတစ်စုလုံး သုတ်သင်ခြင်းခံခဲ့ရသော ကြေကွဲဖွယ်မြင်ကွင်းသည် လုယွီ၏စိတ်ထဲတွင် အထင်အရှားရှိနေဆဲပင်။ သူသည် ဤဂိုဏ်းများ မဆင်မခြင် ပြုမူခြင်းကို မည်သည့်နည်းနှင့်မျှ သည်းခံမည်မဟုတ်ပေ။
"စီနီယာအစ်ကိုတို့...နင်တို့က တော်တော်မြန်မြန်လေး လျှောက်နေကြတာပဲ"
အေးစက်စက်အသံတစ်သံက နောက်မှထွက်ပေါ်လာသည်။
လုယွီက မျက်မှောင်ကြုတ်ပြီး လှည့်ကြည့်လိုက်ရာ ဖန်ရှင်းရန်သည် သူတို့နှစ်ဦးကို မကျေမနပ်ဖြင့် ကြည့်နေသည်အား တွေ့လိုက်ရသည်။
ဖန်ရှင်းရန်၏နောက်တွင် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်မှ တပည့်တစ်စု ရပ်နေပြီး သူတို့အားလုံးသည် လုယွီကို စိတ်ရှုပ်ထွေးသော မျက်လုံးများဖြင့် ကြည့်နေကြသည်။
မူလက ဤလူနှစ်ယောက်သည် ကျောင်းတော်တွင် နေထိုင်နေဆဲ တပည့်များ ဖြစ်ကာ သူတို့သည် အစွမ်းမထက်သောကြောင့် ရွေးချယ်ခံအရာရှိများ ဖြစ်လာရန် လိုအပ်ချက်များနှင့် မပြည့်မီသူများဟု သူတို့ တွေးထင်ခဲ့ကြသည်။
သို့ရာတွင် လက်တွေ့ဖြစ်ရပ်မှန်သည် သူတို့ စိတ်ကူးထားသည်နှင့် အလွန်ကွဲပြားခြားနားပေ၏။
Chapter 5158
လီစစ်သည် အမြဲတစေ တိတ်ဆိတ်စွာ နေတတ်သော်လည်း ထိပ်သီးကျင့်ကြံသူတစ်ဦး ဖြစ်နေသည်။ သူ၏လှုပ်ရှားမှုတစ်ခုတည်းဖြင့် သူသည် လုမိသားစုဝင်အစောင့်အားလုံးကို ဖိနှိပ်နိုင်ခဲ့သည်။
လုယွီမှာမူ ပို၍ပင် လျှို့ဝှက်ဆန်းကြယ်သည်။
လုမိသားစုသည် နှစ်ပေါင်းများစွာ ကြာသည်အထိ တိုက်ပွဲဝိညာဉ်ကို ရှာမတွေ့ခဲ့သော်လည်း လုယွီကမူ ထိုအရာကို မျက်စိတစ်မှိတ်အတွင်း ရှာဖွေတွေ့ရှိခဲ့သည်။
သူတို့ အမြဲတစေ အထင်သေးခဲ့သော ဤစီနီယာအစ်ကိုနှစ်ဦးသည် သူတို့၏ စွမ်းရည်များကို အလွန်ကောင်းမွန်စွာ ဖုံးကွယ်ထားကြ၏။ သူတို့နှစ်ယောက် လှုပ်ရှားလိုက်သည်နှင့် လူများအားလုံးကို အံ့အားသင့်စေခဲ့သည်။
"ဘာကိစ္စရှိလို့လဲ..."
လုယွီက ပေါ့ပေါ့ပါးပါး ပြောဆိုလိုက်သည်။
ဖန်ရှင်းရန်သည် သူမ၏မျက်လုံးများထဲမှ မကျေနပ်မှုများကို ချိုးနှိမ်ပြီး အပြုံးတစ်ခုကို အတင်းအကြပ် ဖန်တီးလိုက်၏။
"ရှင်းရန် အရင်က မသိနားမလည်ခဲ့ဘူး... ဒီနေရာမှာပဲ စီနီယာအစ်ကိုလုကို တောင်းပန်ပါတယ်"
ထိုသို့ပြောဆိုပြီးနောက် ဖန်ရှင်းရန်သည် သူမ၏တောင်းပန်မှုကို ဖော်ပြရန် လုယွီကို ဦးညွှတ်အရိုအသေပြုလိုက်သည်။
"အင်း..."
လုယွီက ခေါင်းညိတ်လိုက်သည်။
ဖန်ရှင်းရန်၏တောင်းပန်မှုသည် ရိုးသားမှုမရှိဘဲ ဟန်ဆောင်မှုတစ်ခုသာ ဖြစ်ပုံရသည်ကို သူ မြင်တွေ့နိုင်သည်။
လုယွီသည် သူမကို လျစ်လျူရှုထားသည်အား မြင်ချိနိ၌ ဖန်ရှင်းရန်၏မျက်လုံးများအတွင်းတွင် ဒေါသအရိပ်အယောင်တစ်ရပ် ထင်ဟပ်လာသည်။
သူမသည် သူမ၏ဒေါသကို ချိုးနှိမ်ပြီး ပြုံးလိုက်၏။
"စီနီယာအစ်ကိုလုမှာ ဒီလိုမျိုး အံ့အားသင့်စရာကောင်းတဲ့ အရည်အချင်းတွေ ရှိနေမှတော့ မင်းက နာမည်ကြီး မိသားစုတစ်စုကပဲ ဖြစ်ရမယ်... ဟုတ်တယ်မလား..."
"မင်း မှားပြီးခန့်မှန်းမိပြီ....ငါက မိသားစုငယ်လေးတစ်ခုက လာတာပါ.."
လုယွီက ဝိုင်အရက်ကို တိတ်တဆိတ်သောက်ပြီး အရေးမစိုက်သောလေသံဖြင့် ပြောဆိုလိုက်သည်။
သူ လာခဲ့သော အောက်ဘုံမှ လုမိသားစုသည် ကောင်းကင်ဘုံနယ်မြေတွင် အမှန်တကယ်ကို အသေးအမွှားပင်။ အကောင်းဆုံးအနေဖြင့် ဤသည်ကို မိသားစုငယ်လေးတစ်ခုအဖြစ်သာ သတ်မှတ်နိုင်သည်။
"ဒီလိုကိုး... နင်က မိသားစုငယ်လေးတစ်ခုက ဆိုရင် တောင်မှ အဆင်ပြေပါတယ်...ဒီကို လာ တာက လောကကြီးကို မြင်တွေ့ခွင့်ရတဲ့ အခွင့်အရေးတစ်ခုပဲ"
ဖန်ရှင်းရန်က ရုတ်တရက် အခြားတစ်ဖက်ကို လက်ညှိုးညွှန်ပြပြီး ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။
"စီနီယာအစ်ကိုလု... ဒါက ကျွန်မတို့ ဖန်မိသားစုရဲ့ ဘိုးဘေးပဲ...သူက အလယ်ခေတ် သမိုင်းပညာရှင်မိသားစုရဲ့ မျိုးဆက်တစ်ဦးဖြစ်ပြီး ယဉ်ကျေးမှုဆိုင်ရာ အမွေအနှစ်တွေ လက်ရေးလှစာလုံးတွေနဲ့ ရှေးဟောင်းပစ္စည်းတွေအပေါ် နက်ရှိုင်းတဲ့နားလည်မှု ရှိတယ်.... ထိုက်ချမ်ဧကရာဇ်ခေတ်တုန်းက သူက တော်ဝင်ကျောင်းတော်မှာ စာတည်းတစ်ယောက်အဖြစ်တောင် တာဝန်ထမ်းဆောင်ခဲ့ပြီးတော့ အင်ပါယာသမိုင်းကို ပြုစုဖို့ အထူးတာဝန်ယူခဲ့တယ်"
"စီနီယာအစ်ကိုလု...တကယ်လို့ နင် စိတ်ဝင်စားတယ်ဆိုရင် ငါ နင့်ကို ငါ့ရဲ့ဘိုးဘေးနဲ့ မိတ်ဆက်ပေးမယ်..."
ဖန်မိသားစုဘိုးဘေးသည် အမြဲတစေ ဖန်ရှင်းရန်အတွက် ဂုဏ်ယူဖွယ်ရာတစ်ခု ဖြစ်ခဲ့သည်။
"အင်း....ထိုက်ချမ်ဧကရာဇ်လက်ထက်က သမိုင်းပညာရှင်တစ်ယောက်လား..."
လုယွီသည် မျက်ခုံးပင့်လိုက်သော်လည်း သူ၏မျက်လုံးများအတွင်းတွင် စိတ်ဝင်စားမှု မရှိခဲ့ချေ။
သာမန် သမိုင်းပညာရှင်တစ်ယောက်ကို မဆိုထားနှင့် ဂန္ထဝင်ကျမ်းစာများကို လေ့လာရန် သူတို့၏ဘဝတစ်ခုလုံးကို မြှုပ်နှံထားသော မဟာကွန်ဖြူးရှပ်ပညာရှင်တချို့ပင်လျှင် အသိပညာအရ လုယွီနှင့် မယှဉ်နိုင်ချေ။
လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျမ်းစာ၏ အသိပညာဗဟုသုတများကို ရှေးခေတ်နှင့် ယခုခေတ်ကာလ နှစ်ခုလုံးတွင် နှိုင်းယှဉ်နိုင်သောအရာ မရှိပေ။ လုယွီသည် လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျမ်းစာကို ပိုင်ဆိုင်ထားခြင်းကြောင့် သူသည် လောကကြီးပေါ်တွင် အနက်ရှိုင်းဆုံးနှင့် နက်နဲသိမ်မွေ့ဆုံးသော အသိပညာကို ပိုင်ဆိုင်ထားသည်။ အကယ်၍ တစ်စုံတစ်ယောက်သည် လုယွီ၏ရှေ့တွင် ပညာရှင်တစ်ဦးဖြစ်ကြောင်း ပြောဆိုပါက ဤသည်မှာ ရယ်စရာပြက်လုံးတစ်ခု ဖြစ်ပေလိမ့်မည်။
လုယွီ စိတ်ဝင်စားမှု မပြသသည်ကို မြင်ချိန်၌ ဖန်ရှင်းရန်သည် မျက်မှောင်ကြုတ်လိုက်ပြီး သူမ၏ဒေါသများ ပို၍ကြီးထွားလာသည်။
သူမသည် မူလကတည်းက စိတ်နေသဘောထားသေးသိမ်သူတစ်ဦး ဖြစ်သည်။ လုယွီ၏ ပြင်းထန်စွာ အရှက်ခွဲခြင်းကို ခံရပြီးနောက် သူမသည် တန်ပြန်တိုက်ခိုက်လိုခဲ့သည်။ ထို့ကြောင့် သူမသည် လုယွီကို ဖိနှိပ်ရန် မိသားစုနောက်ခံကို အသုံးပြုလိုပေ၏။
သို့ရာတွင် လုယွီ၏တုံ့ပြန်မှုအရ သူသည် သူမ၏နောက်ခံကို အနည်းငယ်မျှ စိတ်ဝင်စားပုံမရချေ။
"ဂျူနီယာညီမလေးဖန်...မင်းရဲ့ဘိုးဘေးနဲ့ စကားပြောနေတဲ့သူက ဘယ်သူလဲ..."
သူမ၏နံဘေးတွင်ရှိနေသော ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်မှတပည့်တစ်ဦးက ရုတ်တရက် မေးမြန်းလိုက်သည်။
ဖန်မိသားစုဘိုးဘေး၏နံဘေးတွင် အပြာရောင်ဖျော့ဖျော့ နန်းတွင်းဝတ်စုံကို ဝတ်ဆင်ထားသော အမျိုးသမီးငယ်တစ်ဦး ထိုင်နေသည်။ သူမတွင် ချစ်စဖွယ်ကောင်းသော မျက်နှာလေး ရှိပြီး ဆွဲဆောင်မှုရှိသော်လည်း ညုတုတုမဖြစ်ပေ။ သူမ၏ အနက်ရောင်ဆံပင်ရှည်သည် သူမ၏ပခုံးများပေါ်သို့ ကျဆင်းနေသည်။ သူမသည် ချောမောလှပပြီး ကျက်သရေရှိကာ ဖော်ပြ၍မရနိုင်သော နူးညံ့သိမ်မွေ့မှု ရှိနေသည်။
ထိုအမျိုးသမီးငယ်လေးသည် ထိုနေရာတွင် ထိုင်နေပြီး ဖန်မိသားစုဘိုးဘေးနှင့် စကားပြောဆိုနေသည်။ သူမသည် အနည်းငယ်မျှ အထက်စီးဆန်ပုံမရပေ။ ထိုအစား သူမ၏မျက်နှာပေါ်တွင် အမြဲတစေ ခပ်ဖျော့ဖျော့အပြုံးတစ်ခု ရှိနေပြီး လူအများအား နွေးထွေးမှုကို ခံစားရစေသည်။
မွေးနေ့ကို ဂုဏ်ပြုရန် လာရောက်သော ဧည့်သည်များကြားတွင် လှပသော အမျိုးသမီးများစွာ ရှိသော်လည်း ဤအမျိုးသမီးငယ်သည် သူမတို့ကြားတွင် ထင်ရှားနေပြီး သာမာန်ပန်းများကြားမှ လှပသောရေကြာပန်းတစ်ပွင့်ကဲ့သို့ ခန့်ညားထည်ဝါကာ ညစ်ညမ်းမှု တစိုးတစိမျှ မရှိပေ။
"ဒါက ဟုန်ဖုန်းမင်းသမီးပဲ"
ဖန်ရှင်းရန်၏မျက်လုံးများအတွင်းတွင် ဂုဏ်ယူဝံ့ကြွားသော အရိပ်အယောင်တစ်ရပ် ဖြတ်ပြေးသွားပေ၏။
"ငါ့ရဲ့ဘိုးဘေးက ရှေးဟောင်းခေတ်နဲ့ အခုခေတ်ကာလ အသိပညာနှစ်ခုလုံးကို ကောင်းကောင်းကျွမ်းကျင်တာကြောင့် ဂုဏ်သရေရှိပုဂ္ဂိုလ်တွေက သူတို့ရဲ့အိမ်တော်တွေမှာ ဟောပြောပေးဖို့ မကြာခဏ ဖိတ်ကြားကြတယ်...တော်ဝင်မိသားစုရဲ့ လူငယ်တွေတောင် သူ့ရဲ့ ဟောပြောပွဲတွေကို တက်ရောက်ခဲ့ကြတယ်"
"ကျန်းမိသားစုရဲ့မင်းသမီး ဖြစ်နေတာကိုး.."
လူများအားလုံးသည် အံ့အားတသင့် ရေရွတ်လိုက်ကြသည်။
Chapter 5159
မီဖေးသည် ထိုက်ချမ်ဧကရာဇ်လက်ထက်ကတည်းက အမြဲတစေ အားကောင်းသော ဩဇာအာဏာလွှမ်းမိုးမှု ရှိခဲ့သည့် ကြင်ယာတော်မိဖုရားတစ်ပါး ဖြစ်သည်။
ကျန်းမိသားစုသည် မီဖေး၏မိသားစုဖြစ်သည့်တိုင် နှစ်ပေါင်းများစွာအတွင်းတွင် မင်းသမီးတစ်ပါးဖြစ်သော ကျန်းယုချင်ကိုသာ မွေးထုတ်ပေးနိုင်ခဲ့သည်။ ဤသည်မှတဆင့် မီဖေးသည် ကျန်းယုချင်ကို မည်မျှထိ တန်ဖိုးထားသည်အား ပြသနေသည်။
တော်ဝင်မြို့တော်ရှိ အထက်တန်းလွှာအသိုင်းအဝိုင်းတွင် ကျန်းယုချင်သည် အမြဲတစေ အလွန်လူကြိုက်များပေ၏။ သူမ မည်သည့်နေရာသို့ သွားသည်ဖြစ်စေ သူမသည် အလွန်မျက်စိကျဖွယ်ကောင်းသော တည်ရှိမှုကြီးတစ်ခုပင်။
အရေးကြီးဆုံးအချက်မှာ ကျန်းယုချင်သည် ယခုချိန်ထိ လက်မထပ်ရသေးခြင်းပင်။
ဤလှပချောမောသော မိန်းကလေးကို လက်ထပ်နိုင်သည်က တစ်ညတည်းဖြင့် အမြင့်သို့ တက်လှမ်းနိုင်ပြီး ယောက်ျားသားများကြားတွင် ထင်ရှားပေါ်လွင်နေပေမည်။
"ဟုန်ဖုန်းမင်းသမီး ဖြစ်နေတာကိုး...."
"အဆင့်မြင့်ထိုင်ခုံတွေမှာ ထိုင်နိုင်တဲ့သူတွေက ချမ်းသာကြွယ်ဝသူတွေ ဒါမှမဟုတ် အထက်တန်းလွှာတွေပဲဆိုတာ အံ့အားသင့်စရာ မရှိတော့ဘူး..."
ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်မှ တပည့်အများစုသည် သက်ပြင်းရှိုက်လိုက်ကြ၏။
သူတို့သည် ရှေ့သို့တိုးပြီး ဟုန်ဖုန်းမင်းသမီးနှင့် မိတ်ဆွေဖွဲ့လိုသော်လည်း ကံမကောင်းစွာဖြင့် သူတို့၏အဆင့်အတန်းသည် ထိုမျှထိ မမြင့်မားပေ။ ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်မှ တပည့်များဖြစ်သော သူတို့၏အဆင့်အတန်းသည် သူတို့ကို မွေးနေ့ပွဲအား တက်ရောက်ခွင့်ပြုသော်လည်း မြင့်မြတ်သူအသိုင်းအဝိုင်းထဲသို့ ရောနှောရန်မှာမှာ အနည်းငယ်နိမ့်ပါးနေပုံရသည်။
"ငါသာ ကျန်းမင်းသမီးနဲ့ သိကျွမ်းခွင့်ရရင် အရမ်းကောင်းမှာပဲ..."
"အိပ်မက်မက်မနေနဲ့... တော်ဝင်မိသားစုကို သင်ကြားပေးတဲ့ ဖန်မိသားစုဘိုးဘေးလို ဆရာတစ်ယောက်ပဲ သူနဲ့ စကားပြောနိုင်လိမ့်မယ်.. မင်းတို့ ငါတို့ရဲ့ အဆင့်အတန်းတွေက အရမ်းနိမ့်ပါးတယ်"
ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်မှ တပည့်များသည် ကူကယ်ရာမဲ့စွာ သက်ပြင်းရှိုက်လိုက်ကြ၏။
ဖန်ရှင်းရန်သည် ဤစကားလုံးများကို ကြားချိန်၌ သူမသည် ပို၍ပင် ဂုဏ်ယူဝံ့ကြွားသွားသည်။ ဖန်မိသားစုဘိုးဘေးသည် မြင့်မြတ်သူအသိုင်းအဝိုင်းတွင် လှည့်ပတ်သွားလာနိုင်ပြီး ဤသည်မှာ တခြားမည်သူမျှ မရောက်ရှိနိုင်သော အမြင့်တစ်ခုပင်။
အဝေးရှိ ချန်လုံနန်းတော်၏တံခါးဝတွင် အဖြူရောင်ဝတ်စုံဝတ်လူတစ်စု ရုတ်တရက် ထွက်ပေါ်လာသည်။
ဤလူများသည် အံ့အားသင့်ဖွယ်ကောင်းသော အရှိန်အဝါများကို ပိုင်ဆိုင်ထားပြီး သူတို့၏အကြည့်များသည် အေးစက်ကာ နှစ်တစ်သောင်းကြာ အရည်မပျော်သော ရေခဲကဲ့သို့ ဖြစ်နေသည်။ သူတို့တစ်ဦးချင်းစီတိုင်းတွင် အလွန်တသီးတသန့်ဆန်သော အမူအယာ ရှိနေသည်။ ထက်ရှသော ဓားစိတ်ဆန္ဒတစ်ရပ်သည် သူတို့ထံမှ ထွက်ပေါ်လာပြီး လူအများကို ထိတ်လန့်တုန်လှုပ်စေနိုင်သည်။
ထိုလူအုပ်စုကိုဦးဆောင်သူမှာ အရပ်ရှည်သော အမျိုးသမီးငယ်တစ်ဦးဖြစ်ပြီး သူမ၏လျော့ရဲသော အဖြူရောင်ဝတ်ရုံသည် သူမ၏ ဆွဲဆောင်မှုရှိသော ကိုယ်လုံးကိုယ်ပေါက်ကို မနည်းဖုံးကွယ်ထားရသည်။ သူမ ခြေလှမ်းလှမ်းလိုက်တိုင်း ပြီးပြည့်စုံသော ကောက်ကြောင်းတစ်ခုကို ထုတ်ဖော်ပြသနေပြီး သူမ၏အရေပြားသည် ကျောက်စိမ်းဖြူကဲ့သို့ နူးညံချောမွေ့နေပေ၏။ သူမ၏ နူးညံ့သေးသွယ်သော ခြေထောက်များသည် မြေပြင်ကို တို့ထိနေကာ နူးညံ့သော မွှေးရနံ့တစ်ခုသည် သူမထံမှ ထွက်ပေါ်လာပြီး လူများအားလုံးကို စွဲမက်စေသည်။
"ဒါက ဝေ့မိသားစုရဲ့သခင်မလေးပဲ..."
ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်မှ တပည့်တစ်ဦးသည် ထိုလူစုအားဦးဆောင်လာသော အမျိုးသမီးငယ်ကို မှတ်မိသွားသည်။
ကျန်းယုချင်နှင့် နှိုင်းယှဉ်လျှင် ဝေ့မုန်ထင်ကို မြို့တော်တွင် လူတိုင်းနီးပါး သိကြသည်။
ဓားရေအိုင်မြင့်မြတ်နယ်မြေ၏ အမွေဆက်ခံသူအနေဖြင့် ဝေ့မုန်ထင်သည် သူမ၏ဓားစွမ်းရည်ကို ထက်ရှစေရန် ငယ်ရွယ်စဉ်မှာပင် မြို့တော်ရှိ မြင့်မြတ်သူမိသားစုများနှင့် ဂိုဏ်းအမျိုးမျိုးသို့ အကြံဉာဏ်တောင်းရန် သွားရောက်လည်ပတ်ခဲ့သည်။
အကယ်၍ ကျန်းယုချင်သည် ဖြူစင်သော အဖြူရောင်ရေကြာပန်းတစ်ပွင့်ဖြစ်ပါက ဝေ့မုန်ထင်သည် ဆူးများသောနှင်းဆီတစ်ပွင့်ဖြစ်ပြီး ဆွဲဆောင်မှုရှိသော်လည်း ထက်ရှသည်။
"ဝေ့မိသားစုရဲ့သခင်မလေး ရောက်လာပြီ...လူတွေအားလုံးက သူတို့ရဲ့ထိုင်ခုံတွေမှာ နေရာယူတော့မယ်နဲ့တူတယ်..."
"ငါ ကြားဖူးတာတော့ ဝေ့မိသားစုရဲ့သခင်မလေးနဲ့ အရှင်ဧကရာဇ်ကြားမှာ တစ်ခုခုရှိခဲ့တယ်ဆိုပဲ..."
"သွားစမ်းပါ...မဟုတ်မမှန်တွေ မပြောစမ်းနဲ့.. မင်းက သေချင်နေတာလား...."
ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်မှ တပည့်များ တီးတိုးပြောနေစဉ်မှာပင် ဖန်မိသားစုဘိုးဘေးသည် ဖန်ရှင်းရန်ကို လက်ယပ်ခေါ်လိုက်သည်ကို သူတို့အားလုံး ရုတ်တရက် တွေ့မြင်လိုက်ရသည်။
"ငါတို့ဘိုးဘေး ဒီကို လာတုန်းက သူက ငါ့ကို သူ့နားကိုလာပြီးတော့ အစွမ်းထက်ပြီး ဩဇာအာဏာလွှမ်းမိုးသူတွေနဲ့ မိတ်ဆက်ပေးမယ်လို့ ပြောခဲ့တယ်...ဒါက ငါ့ရဲ့အနာဂတ်အတွက် လမ်းခင်းဖို့ပဲ"
ဖန်ရှင်းရန်က ခပ်ဖျော့ဖျော့ပြုံးလိုက်သည်။
"အားလုံးကို တောင်းပန်ပါတယ်..ငါ ခဏ သွားလိုက်အုံးမယ်..."
"ဂျူနီယာညီမလေးဖန် မြန်မြန် သွားပါ...ဒီအခွင့်အရေးမျိုးက ရှားပါးတယ်...ငါတို့ ဒါကို အရမ်းမနာလိုဖြစ်တယ်"
တပည့်တစ်ဦးက ချက်ချင်း တုံ့ပြန်လိုက်သည်။
ဖန်ရှင်းရန်သည် ရယ်ပြုံးကာ လုယွီကို စိန်ခေါ်သည့်အကြည့်ဖြင့် ကြည့်လိုက်ပြီးနောက် သူမ၏ဘိုးဘေးဆီသို့ အပြေးသွားလိုကါသည်။
လုယွီ အရှက်ခွဲခြင်းကို ခံခဲ့ရသော ဖန်ရှင်းရန်သည် နောက်ဆုံးတွင် သူမ၏စိတ်နှလုံးသားထဲတွင် သူမ၏ဟန်ချက်ကို ပြန်လည်ရရှိခဲ့သည်။
နင်က တိုက်ပွဲဝိညာဉ်ကို ဆင့်ခေါ်နိုင်တော့ ဘာဖြစ်လဲ....
အဆုံးမှာတော့ နင်က သာမန်ထိုင်ခုံမှာပဲ ထိုင်နိုင်တာ မဟုတ်လား....
Chapter 5160
'ဒါပေမယ့် ငါကတော့ အဆင့်မြင့်ထိုင်ခုံတွေကို သွားနိုင်ပြီးတော့ အစွမ်းထက်ပြီး ဩဇာအာဏာလွှမ်းမိုးသူတွေနဲ့ မိတ်ဆွေဖွဲ့နိုင်တယ်'
"ဟူး...ငါက သာမန်ကျောင်းတော်သားတစ်ယောက်နဲ့ တကယ့်ကို ယှဉ်ပြိုင်ခဲ့တာပဲ..ငါ ပြန်ရောက်တာနဲ့ ငါ့ရဲ့အတွင်းစိတ်ကို ထိန်းညှိဖို့ လိုအပ်ပုံပဲ"
ဤသည်ကို တွေးမိချိန်၌ ဖန်ရှင်းရန်က သူမ၏ခေါင်းကို ခါယမ်းလိုက်သည်။
သူမသည် သူမဘိုးဘေး၏နံဘေးသို့ လျင်မြန်စွာ လျှောက်လှမ်းသွားပြီး သူမ၏မျက်နှာပေါ်တွင် အလွန်လိမ္မာယဉ်ကျေးသော အပြုံးတစ်ခု ရှိနေသည်။
"မင်းသမီး.... ငါ မိတ်ဆက်ပေးပါရစေ... ဒါက ငါ့ရဲ့မျိုးဆက်သစ်တွေထဲက တစ်ယောက်ပဲ...သူက သမိုင်းနဲ့ ရှေးဟောင်းပစ္စည်းတွေ လေ့လာမှုမှာ ကြီးမားတဲ့ ပံ့ပိုးမှုတွေ ပြုလုပ်ခဲ့တယ်....ငါက အသက်ကြီးနေပြီ...ငါက သူ့ကို ငါ့ရဲ့အမွေအနှစ်ကို ဆက်ခံစေဖို့ ရည်ရွယ်ထားတယ်"
ဖန်မိသားစုဘိုးဘေးက ဖန်ရှင်းရန်ကို ရှေ့သို့ တွန်းပို့လိုက်သည်။
ဖန်ရှင်းရန်သည် ငယ်စဉ်ကတည်းက မရေမတွက်နိုင်သော ပွဲတော်များကို ကြုံတွေ့ခဲ့ရပြီး ဤသို့သော လူမှုဆက်ဆံရေးမျိုးနှင့် ရင်းနှီးကျွမ်းဝင်သည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။
ဖန်ရှင်းရန်သည် သူမ၏လက်ထဲတွင် ဝိုင်အရက်ခွက်တစ်ခွက်ကို ကိုင်ဆောင်ထားကာ ကျန်းယုချင်ကို ပြုံးပြလိုက်သည်။
"ကျွန်မရဲ့နာမည်က ဖန်ရှင်းရန်ပါ...မင်းသမီးနဲ့ တွေ့ဆုံရတာ အရမ်းဂုဏ်ယူမိတယ်"
"နင်က ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်က တပည့်တစ်ယောက်လား..."
ကျန်းယုချင်သည် ဖန်ရှင်းရန်၏ဝတ်စုံကို ကြည့်ပြီး သူမ၏ မျက်လုံးများ ရုတ်တရက် တောက်ပလာသည်။
ကျန်းယုချင်၏ အမူအရာကို မြင်ချိန်၌ ဖန်ရှင်းရန်သည် ဝမ်းမြောက်သွားပေ၏။ အကြောင်းအရင်းမှာ ဤသည်က မင်းသမီးသည် သူမအပေါ်တွင် ကောင်းမွန်သော အထင်အမြင် ရှိနေသည့် လက္ခဏာတစ်ခုဖြစ်သောကြောင့်ပင်။
ဖန်ရှင်းရန်က အလျင်အမြန် ပြောဆိုလိုက်၏။
"မင်းသမီးရဲ့ အမြင်အာရုံက အရမ်းစူးရှတာပဲ... ကျွန်မက ကျောင်းစိမ်းဆေးမီးဖိုကျောင်းတော်ရဲ့ သမိုင်းဌာနကို အသစ်ဝင်ခွင့်ရတဲ့ တပည့်တစ်ယောက်ပါ.... မင်းသမီးက ရှေးဟောင်းပစ္စည်းတွေနဲ့ သမိုင်းကို စိတ်ဝင်စားတယ်လို့ ကျွန်မကြားထားတယ်...အခွင့်အရေးရှိရင် ကျွန်မတို့ ဒါကို ဆွေးနွေးလို့ရတယ်"
"ကောင်းပြီလေ..."
ကျန်းယုချင်က ရိုးရှင်းစွာ ခေါင်းညိတ်ပြပြီး တုံ့ပြန်လိုက်သည်။
ရုတ်တရက် သူမ၏အကြည့်သည် အဝေးမှ ကျောက်စိမ်းဆေးမီးဖိုတပည့်တစ်စုပေါ်သို့ ကျရောက်သွားပြီး သူမသည် ရုတ်တရက် အံ့အားသင့်တုန်လှုပ်သွားကာ သူမ၏ခန္ဓာကိုယ် တောင့်တင်းသွားသည်။
သူမ၏ရှည်လျားသော မျက်တောင်များ အနည်းငယ် တုန်ရီနေပြီး သူမ၏ ရိုးရှင်းသော အဝတ်အစားများ လေထုအတွင်းတွင် တဖျပ်ဖျပ်လူးလွန့်နေသည်။ ဤအချိန်တွင်ကျန်းယုချင်၏နှလုံးခုန်နှုန်း အလွန်အမင်း လျှင်မြန်နေပေ၏။
ကျန်းယုချင်၏အမူအယာကို မြင်တွေ့ချိန်၌ ဖန်ရှင်းရန်သည် အလွန်ထူးဆန်းသည်ဟု ခံစားလိုက်ရပြီး ရုတ်တရက် လှည့်ကြည့်လိုက်သည်။
"မင်းသမီးက သူတို့ကို ကြည့်နေတာလား... သူတို့အားလုံးက ကျွန်မရဲ့ အတန်းဖော်တွေပါ"
ဖန်ရှင်းရန်က သာမာန်ကာလျှံကာ မိတ်ဆက်ပေးလိုက်သည်။
ကျန်းယုချင်ကဲ့သို့သော သြဇာအာဏာရှိသော ပုလူတစ်ဦးနှင့် မိတ်ဆွေဖွဲ့ချိန်၌ ဖန်ရှင်းရန်သည် သူမ၏အတန်းဖော်များနှင့် မိတ်ဆက်ပေးရန် အလွန်ပျင်းရိပေ၏။ ထို့ကြောင့် သူမသည် သူတို့ကို အတိုချုပ်သာဖော်ပြပြီး စကားဝိုင်းကို အဆုံးသတ်လိုက်သည်။
ဖန်ရှင်းရန်သည် တည်ငြိမ်အေးဆေးနေပုံရသော်လည်း ကျန်းယုချင်၏ အကြည့်သည် လုံးလုံးလျားလျား ရွှေ့ပြောင်းမသွားခဲ့ပေ။
"တဆိတ်လောက်...ငါ့ကို ခဏ ခွင့်ပြုပါအုံး"
ကျန်းယုချင်သည် မတ်တတ်ရပ်လိုက်ပြီး ထိုနေရာသို့ လျင်မြန်စွာ ပြေးထွက်သွားသည်။
ကျန်းယုချင်ကဲ့သို့သော တော်ဝင်မိသားစုဝင်များအားလုံးတွင် သူတို့ကို သင်ကြားပေးသည့် အထူးကျင့်ဝတ်ထုံးတမ်းအရာရှိများ ရှိကြ၏။ ထိုကြောင့် ဤကဲ့သို့ မသင့်လျော်သော မြင်ကွင်းမျိုးသည် သူတို့ထံတွင် ရှားရှားပါးပါး ဖြစ်ပေါ်လာလေ့ရှိသည်။ လူများအားလုံးသည် လျင်မြန်စွာ ပြေးထွက်သွားသော ကျန်းယုချင်ကို စူးစိုက်ကြည့်နေကြပြီး သူတို့၏မျက်လုံးများကိုပင် မယုံနိုင်ဖြစ်နေကြသည်။
"နင် ရောက်နေတာလား...."
လုယွီသည် လီစစ်နှင့် စကားပြောနေစဉ် ရုတ်တရက် ကြည်လင်ပြတ်သားသောအသံတစ်သံကို ကြားလိုက်ရသည်။ သူ လှည့်ကြည့်လိုက်ရာ ဝမ်းမြောက်မှုအပြည့်နှင့်မျက်လုံးဝိုင်းကြီးတစ်စုံ နွေဦးရောက်နေသည့်အလား လှပသော မျက်နှာလေးနှင့် အနည်းငယ်နီမြန်းနေသော ပါးပြင်တို့ကို ချက်ချင်းတွေ့မြင်လိုက်ရသည်။
"လုမိသားစုက နင့်ရဲ့ရောက်ရှိလာမှုကို စောင့်ဆိုင်းဖို့အတွက် ခမ်းနားတဲ့ အခမ်းအနားတစ်ခုကို ပြင်ဆင်ထားတယ်.. နင်က ဒီလိုမျိုး တိတ်တိတ်လေး လမ်းလျှောက်ဝင်လာတာလား"
ကျန်းယုချင်သည် သာမန်ပိုးထည်ဝတ်ရုံတစ်ထည်သာ ဝတ်ဆင်ထားပြီး ဧကရာဇ်အာဏာနှင့် သက်ဆိုင်သော မည်သည့်အဝတ်အစား သို့မဟုတ် အသုံးအဆောင်ပစ္စည်းများကိုမျှ ဝတ်ဆင်မထားသော လုယွီကို တစ်ချက်ကြည့်လိုက်သည်။ သူမသည် ချက်ချင်း နားလည်သဘောပေါက်သွားပေ၏။
လုယွီ၏နံဘေးတွင်ရှိနေသော လီစစ်က လိမ္မာပါးနပ်စွာဖြင့် နောက်ဆုတ်သွားသည်။
လုယွီက ခပ်ဖျော့ဖျော့ပြုံးလိုက်သည်။
"ဒီနေ့က ငါ့အဘိုးရဲ့ မွေးနေ့လေ...ဘာလို့ ငါက အဓိကပွဲကို လွှမ်းမိုးရမှာလဲ..."
"ဒါလည်း ဟုတ်တာပဲ..."
ကျန်းယုချင်သည် သူမ၏ဝိုင်အရက်ခွက်ကို မြှောက်ပြီး ချိုမြိန်စွာ ပြုံးလိုက်သည်။
ပတ်ဝန်းကျင်ရှိ ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်မှ တပည့်များအားလုံး မှင်သက်သွားကြပြီး နေရာမှာပင် ကြက်သေသေသွားကြသည်။
ဂုဏ်သိက္ခာကြီးမားသော ဟုန်ဖုန်း(ခ)မေပယ် မင်းသမီးဖြစ်သော ကျန်းယုချင်သည် အမှန်တကယ်ကို ဤစီနီယာအစ်ကိုလုထံသို့ သူမ၏သဘောဆန္ဒအလျောက် စကားလာပြောခဲ့သည်။
ဒီလောကကြီးထဲမှာ ဘာတွေဖြစ်နေတာလဲ...
ဖန်ရှင်းရန်သည်လည်း ဤအချိန်တွင် နေရာ၌ တောင့်တင်းစွာ မတ်တတ်ရပ်နေပြီး သူမ၏မျက်နှာ ဖြူဖျော့သည်။ သူမ၏စိတ်နှလုံးသားအတွင်းတွင် ဒေါသများမနာလိုမှုများဖြင့် ပြည့်နှက်နေပေ၏။
သူမ မူလက မျက်နှာသာရရန် ကြိုးပမ်းလိုခဲ့သော တော်ဝင်မျိုးနွယ်သည် ယခုအချိန်၌ သူမ အထင်သေးခဲ့သော စီနီယာအစ်ကိုထံသို့ အပြေးသွားပြီး ပျော်ရွှင်စွာ ပြုံးပြနေသည်။
ဤသည်မှာ အဆင့်အတန်းမြင့်မားပြီး အစွမ်းထက်သော နတ်ဘုရားတစ်ပါးမှ အညတရသာမန်လူတစ်ဦးကို မျက်နှာသာပေးသည့်အလားပင်။