အခန်း (၅၁၇၁-၅၁၇၅)
Vol. 262 Ch. 5171-5175
Chapter 5171
"အဘိုးရဲ့ကျင့်ကြံမှုက တကယ့်ကို တိုးတက်လာတာပဲ...တခြားမိသားစုဝင်တွေလည်း နည်းနည်းတော့ တိုးတက်လာတယ်"
လုယွီသည် အဝေးမှ ကြည့်လိုက်ရာ လုဝူသီ၏လက်ရှိအခြေအနေကို သူ ထွင်းဖောက်တွေ့မြင်နိုင်ခဲ့သည်။
သူ အောက်ဘုံတွင် ရှိနေခဲ့သည့်အချိန်တွင် လုဝူသီသည် နာမည်ကျော်ကြားသော ထိပ်သီးကျင့်ကြံသူတစ်ဦး ဖြစ်ခဲ့သော်လည်း အောက်ဘုံ၏စည်းမျဥ်းဥပဒေများမှ ကန့်သတ်မှုကြောင့် သူ၏အချိန်များစွာကို ဖြုန်းတီးခဲ့ရသည်။
ယခုချိန်၌ လုမိသားစုသည် ထိပ်တန်းအဆင့်ဆေးလုံးများဖြင့် သူ့ကို ကူညီပေးနေပေ၏။ အရင်းအမြစ်များ၏ ပံ့ပိုးကူညီမှုဖြင့် လုဝူသီသည် လောကီအင်မော်တယ်နယ်ပယ်သို့ လျင်မြန်စွာရောက်ရှိသွားခဲ့ပြီး သူ၏ကျင့်ကြံဆင့်စွမ်းအားသည်လည်း တဖြည်းဖြည်း မြင့်တက်လာခဲ့သည်။
သူ၏ကျင့်ကြံဆင့် မြင့်တက်လာသည်နှင့်အမျှ လုဝူသီ၏ရုပ်သွင်သည် တဖြည်းဖြည်း ပို၍နုပျိုလာခဲ့ပြီး သူ၏မျက်နှာပေါ်မှ အရေးအကြောင်းများသည်လည်း များစွာလျော့ပါးသွားသည်။
"ဒါတွေက ငါ့ရဲ့ဆွေမျိုးတွေပဲ...ငါ လုယွီက ဒီဘဝမှာ နောက်ဆုံးတော့ တစ်ယောက်တည်း မဟုတ်တော့ဘူး"
အတိတ်ဘဝတွင် သူ တစ်ယောက်တည်း လှုပ်ရှားခဲ့ရသည့်အချိန်ကို ပြန်တွေးမိချိန်၌ လုယွီသည် အလွန်အမင်း စိတ်လှုပ်ရှားသွားပေ၏။
ထိုအချိန်တွင် ရွှေရောင်စင်မြင့်ပေါ်ရှိ လုဝူသီ၏ ရှေ့၌ ကြီးမားသော သက်ရှည်မက်မွန်သီးတစ်လုံး ရှိနေသည်။
ထိုသက်ရှည်မက်မွန်သီးသည် ဖရဲသီးတစ်လုံးစာ အရွယ်အစား ရှိပြီး သိပ်သည်းကြွယ်ဝသော စိတ်ဝိညာဉ်စွမ်းအားများကို ထုတ်လွှတ်ထားပေ၏။ ဤသည်မှာ ကောင်းကင်နှင့်မြေပြင်၏ ရှားပါးသော ရတနာတစ်ခုပင်။ ဤသစ်သီးကိုတစ်ကိုက်စားလိုက်ရုံဖြင့် တစ်စုံတစ်ယောက်၏ ကျင့်ကြံမှုကို အကြီးအကျယ် တိုးတက်စေနိုင်သည်။
လုဝူသီ၏နံဘေးတွင် မတ်တတ်ရပ်နေသူများမှာ အောက်ဘုံရှိ အလယ်ပိုင်းကုန်းမြေမှ လုမိသားစုဝင်များပင်။
ထိုရင်းနှီးသော မျက်နှာများသည် လုယွီ၏ ရှေ့မှောက်တွင် ထပ်မံ၍ ထွက်ပေါ်လာခဲ့သဖြင့် သူ့ကို အလွန်အမင်း စိတ်လှုပ်ရှားသွားစေခဲ့သည်။
"ဒီနေ့က လုမိသားစုရဲ့ အကြီးအကဲချုပ် လုဝူသီရဲ့ မွေးနေ့ပါ"
လုမိသားစု၏အခမ်းအနားမှူးသည် ရွှေရောင်စင်မြင့်၏တစ်ဖက်တွင် မတ်တတ်ရပ်ပြီး အပြုံးနှင့် ပြောဆိုလိုက်၏။
"ဒီမွေးနေ့ပွဲကို ကြွရောက်ကြတဲ့ ဧည့်သည်တော်တွေအားလုံးကို ကျေးဇူးတင်ပါတယ်... အကြီးအကဲချုပ် လုဝူသီအတွက် အရှေ့ပင်လယ်လို ကျယ်ပြန့်တဲ့ ကောင်းချီးမင်္ဂလာတွေနဲ့ တောင်ပိုင်းတောင်တန်းတွေလို ရှည်လျားတဲ့ သက်တမ်းရဖို့ကို ဆုတောင်းပေးကြရအောင်"
"အကြီးအကဲချုပ်က ထာဝစဉ် နုပျိုပြီးတော့ ထင်းရှူးနဲ့ကြိုးကြာငှက်လို ထာဝစဉ် စိမ်းလန်းနေပါစေ"
"အကြီးအကဲချုပ်က သက်ရှည်ကျန်းမာပြီးတော့ ပျော်ရွှင်တဲ့ မိသားစုကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပါတယ်"
ရုတ်ချည်းဆိုသလိုပင် ကွင်းပြင်တစ်ခုလုံးတွင် ဆူညံသံများဖြင့် ပြည့်နှက်သွားသည်။
လူတိုင်းသည် မွေးနေ့အတွက် ဆုတောင်းစကားများဆိုရန် အကောင်းဆုံး ကြိုးစားလိုက်ကြ၏။
လုဝူသီသည် အောက်ဘုံတွင် ဤကဲ့သို့ မြင်ကွင်းများကို မြင်ဖူးခဲ့ပြီးဖြစ်ရာ သူသည် ပြုံးရုံသာ ပြုံးပြီး တည်ငြိမ်နေသည်။
သို့ရာတွင် တခြားလုမိသားစုဝင်များကမူ ဤမျှထိ တည်ငြိမ်နိုင်ခြင်း မရှိကြချေ။
ဧကရာဇ်၏အဘိုးကို ဂါရဝပြုရန် လာကြသော ဤလူများအနက်မှ မည်သူမဆို မြင့်မားသော အဆင့်အတန်းနှင့် ကြီးမားသောစွမ်းအားရှိသည့် ကျင့်ကြံသူများပင်။
အောက်ဘုံမှ လူများအတွက် ဤလူများသည် အစစ်အမှန်အင်မော်တယ်များဖြစ်ပြီး သူတို့အားလုံးသည် အောက်ဘုံကို အချိန်တခဏအတွင်းတွင် ဖျက်ဆီးနိုင်စွမ်းရှိသူများဖြစ်သည်။
ဤမျှထိ အစွမ်းထက်သောပုဂ္ဂိုလ်များသည် လုဝူသီ၏မွေးနေ့ကို ဂုဏ်ပြုရန် လာကြခြင်း ဖြစ်ရာ အောက်ဘုံမှ လုမိသားစုဝင်များကို မျက်နှာပန်းလှစေခဲ့၏။
"ဒါတွေအားလုံးကို လုယွီက ယူဆောင်လာခဲ့တာပဲ"
လုရွှမ်အာသည်လည်း အောက်ဘုံမှ လုမိသားစုဝင်များ ကြားတွင် ထိုင်နေခဲ့ပြီး အောက်တွင် ဂုဏ်ပြုနေသော လူအုပ်ကြီးကို ကြည့်ကာ စိတ်လှုပ်ရှားစွာဖြင့် သက်ပြင်းချလိုက်သည်။
သူမသည် တော်ဝင်မြို့တော်တွင် အချိန်အတော်ကြာ နေထိုင်ခဲ့ပြီးဖြစ်ရာ အောက်တွင် မွေးနေ့ ဆုတောင်းနေသည့် လူများအနက်မှ အရေးပါသည့်ပုဂ္ဂိုလ်တချို့ကို မှတ်မိသည်။
အရပ်ဘက်စစ်ဘက် အရာရှိများ ဂိုဏ်းခေါင်းဆောင်များနှင့် မိသားစုအကြီးအကဲများသာမက ကျိုးတော်ဝင်မိသားစုနှင့်အဆင့်မြင့် နတ်ဘုရားများပင်လျှင် ဤမွေးနေ့ပွဲသို့ လာရောက်၍ ဂုဏ်ပြုကြသည်။
ဤသည်မှာ လုရွှမ်အာ တော်ဝင်မြို့တော်သို့ ပထမဆုံး ဝင်ရောက်လာသည့်အချိန်တွင် စိတ်ကူးပင် မယဉ်နိုင်ခဲ့သောအရာ ဖြစ်ပေ၏။
သို့ရာတွင် ဤအရာအားလုံးကို လုယွီက ဖြစ်မြောက်အောင် လုပ်ဆောင်ပေးနိုင်ခဲ့သည်။
"အရေးမကြီးပါဘူး....ငါက အခု မဟာကွန်ဖြူးရှပ်ပညာရှင်ကျန်းရဲ့ တပည့် ဖြစ်နေပြီပဲ...မကြာခင် ဒါမှမဟုတ် နောက်ပိုင်းကျရင် သူ့ကို ငါ အမီလိုက်နိုင်မှာပါ"
လုရွှမ်အာသည် သူမ၏လက်သီးကို ဆုပ်လိုက်ပြီး သူမ၏မျက်လုံးများအတွင်းတွင် အလင်းတန်းတစ်တန်း ဖြတ်ပြေးသွားသည်။
ထိုအချိန်မှာပင် လုမိသားစု၏တတိယအရှင် လုချန်ဆောင်သည် ရုတ်တရက် ရွှေရောင်စင်မြင့်ပေါ်သို့ တက်လာသည်။
လုချန်ဆောင်သည် လုမိသားစု၏အကြီးအကဲ တစ်ဦး ဖြစ်ပြီး လက်ရှိချိန်၌ လုမိသားစုကို စီမံအုပ်ချုပ်နေသူပင်။
"ဒီနေ့ မင်းတို့အားလုံးလာရောက်ကြတဲ့အတွက် ငါ အရမ်း ဝမ်းသာမိတယ်.. အရှင်ဧကရာဇ်က လုမိသားစုရဲ့ အထီးကျန်လူရိုင်းကမ္ဘာထဲကို ရောက်ရှိနေပြီ... အခုလက်ရှိ အရှင်က မွေးနေ့ပွဲကို တက်ရောက်နေတယ်လို့ ငါ သတင်းရထားတယ်"
"အရှင်ဧကရာဇ်ကို ကြိုဆိုကြရအောင်..."
လုချန်ဆောင်၏စကားဆုံးသည်နှင့် မွေးနေ့ပွဲ တစ်ခုလုံး ရုတ်တရက် သက်ဝင်လှုပ်ရှားသွားသည်။
လူအများသည် လုယွီ မွေးနေ့ပွဲသို့ ရောက်နှင့်နေပြီဟု မည်သည့်အချိန်ကမျှ တွေးထင်မထားခဲ့ကြချေ။
Chapter 5172
"အရှင်ဧကရာဇ်က ဘယ်မှာလဲ..."
"အသက်နှစ်ဆယ်ကျော်လေးနဲ့ တာအိုသခင်တစ်ယောက်ကို သတ်နိုင်တဲ့ ပါရမီရှင်ကို ငါ မြင်ဖူးချင်လိုက်တာ"
လူအများသည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး သူတို့၏နတ်ဘုရားစိတ်အာရုံများကိုပင် အသုံးပြုလိုက်ကြ၏။
မွေးနေ့ပွဲ ကျင်းပရာ နေရာသည် အလွန် ကျယ်ဝန်းပြီး လူအမြောက်အများ ရှိနေသောကြောင့် နတ်ဘုရားစိတ်အာရုံကို အသုံးမပြုဘဲ ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်ရန် ခက်ခဲသည်။
"အရှင်ဧကရာဇ်က ရောက်နေပြီလား"
ဖန်ရှင်းရန်သည် မတ်တတ်ထရပ်ပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်ကာ သူမ၏မျက်လုံးများအတွင်းတွင် စိတ်လှုပ်ရှားမှု အရိပ်အယောင်တစ်ရပ် ဖြတ်ပြေးသွားပေ၏။
သူမသည် ဧကရာဇ်အပေါ်၌ ကောင်းမွန်သော အထင်အမြင် ကျန်ရစ်စေရန် ယနေ့၌ လှပစွာ ဝတ်ဆင်လာခဲ့သည်။ သူမသည် ဒဏ္ဍာရီလာ ဧကရာဇ် မည်သည့်နေရာ၌ ရှိနေသည်ကို သိလိုသဖြင့် ပတ်ဝန်းကျင်ကို ဝေ့ဝိုက်၍ကြည့်လိုက်သည်။
ကျိုးယွမ်ဟောင်သည်လည်း ဤအချိန်တွင် သတိကြီးစွာထားနေပြီး သူ၏ ယခင် မောက်မာထောင်လွှားသော အမူအယာကို ဖယ်ရှားထားသည်။
"ဟုတ်တယ်....ဒီနေ့က သူ့အဘိုးရဲ့ မွေးနေ့လေ... သူက ဘယ်လိုလုပ်ပြီး မလာဘဲ နေမှာလဲ...ကံကောင်းလို့ ငါ့ကိုယ်ငါ ထိန်းချုပ်နိုင်ခဲ့တယ်... မဟုတ်ရင် ငါ တကယ်ကို ဒုက္ခရောက်သွားနိုင်တယ်"
ကျိုးယွမ်ဟောင်၏ကျောပြင်တွင် ချွေးစေးများ ထွက်လာပြီး တစ်ချိန်တည်းမှာပင် သူ၏စိတ်နှလုံးသားထဲ၌ သက်ပြင်းချလိုက်သည်။
အကယ်၍ သူသည် ဤအဆင့် မွေးနေ့ပွဲတစ်ခုတွင် ပြဿနာရှာခဲ့ပါက သူ၏ဖခင်ပင်လျှင် သူ့အား ကယ်တင်နိုင်မည် မဟုတ်ချေ။
"ဒဏ္ဍာရီလာ ဧကရာဇ်က ဘယ်သူလဲ မသိဘူး"
"သာမန်အနေနဲ့ဆိုရင် အဲ့ဒီတာအိုသခင်တွေက ဖမ်းဆုပ်လို့မရနိုင်တဲ့ နဂါးတွေလိုပဲ... ဒီနေ့တော့ ဒီလိုမျိုး အရမ်းအစွမ်းထက်တဲ့ အရှင်တစ်ယောက်ကို မျက်မြင့်ကိုယ်တွေ့ ကြုံခွင့်ရတာနဲ့တင် ဒီခရီးက တန်ဖိုးရှိသွားပြီ"
လူများအားလုံး၏မျက်လုံးများအတွင်းတွက် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေပြီး တချို့လူများသည် သူတို့၏ စိတ်ခံစားချက်များကို မထိန်းချုပ်နိုင်တော့ချေ။
အစွမ်းထက်ပြီး သြဇာအာဏာကြီးမားသူများသည် အဆင်ပြေသော်လည်း စိတ်အလှုပ်ရှားဆုံးသူများမှာ လူငယ်များပင်။
လူငယ်အမြောက်အများ၏စိတ်နှလုံးသားများအတွင်းတွင် လုယွီသည် ဒဏ္ဍာရီလာ ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာခဲ့ပေ၏။ တချို့လူငယ်များသည် လူယွီကို သူတို့၏စံပြပုဂ္ဂိုလ်အဖြစ် သတ်မှတ်ထားကာ ပြင်းပြင်းထန်ထန် ကျင့်ကြံကြသည်။ လုယွီသည် လူငယ်များအားလုံး ယုံကြည်ကိုးကွယ်သော နတ်ဘုရားတစ်ပါး ဖြစ်လာသည်ဟုပင် ဆိုနိုင်သည်။
"ငါက တကယ်တော့ ဒီလောက်ထိ ထင်ပေါ်ချင်တာ မဟုတ်ဘူး"
လုယွီက ကူကယ်ရာမဲ့စွာဖြင့် ခေါင်းခါလိုက်သည်။
ဝေ့မုန့်ထင်က ခပ်အုပ်အုပ်ရယ်မောပြီး ပြောဆိုလိုက်၏။
"ရှင်က နန်းတွင်းရဲ့ အရေးအကြီးဆုံးပုဂ္ဂိုလ်လေ.... လုမိသားစုက ရှင့်ကို ရှေ့မထွက်ခိုင်းဘဲ နေရဲပါ့မလား"
သူမသည် သူမ၏မြင့်မားပြီး ဆွဲဆောင်မှုရှိသော ခန္ဓာကိုယ်ကို ယိမ်းနွဲ့လိုက်ပြီး ဘေးသို့ ဖြည်းညှင်းစွာလျှောက်လှမ်းသွားကာ လုယွီအတွက် လမ်းဖယ်ပေးလိုက်သည်။
လူများအားလုံး၏အကြည့်အောက်တွင် လုယွီသည် ကော်ဇောနီပေါ်သို့ လျှောက်လှမ်းသွားပြီး ရွှေရောင်စင်မြင့်ထံသို့ လျင်မြန်စွာ တက်သွားလေ၏။
မရေမတွက်နိုင်သောလူများ၏ စူးစိုက်ကြည့်မှုအောက်တွင် သူ၏ ချောမောခန့်ညားသော လူငယ်မျက်နှာပေါ်တွင် မည်သည့် စိတ်လှုပ်ရှားမှုအရိပ်အယောင်မျှ မပြသဘဲ တည်ငြိမ်နေသည်။ သူ၏မျက်နှာပေါ်တွင် ယုံကြည်မှုရှိသောအပြုံးတစ်ခု ထင်ဟပ်နေသည်။ သူသည် ရိုးရှင်းသော ပိုးထည်ဝတ်ရုံကိုသာ ဝတ်ဆင်ထားသော်လည်း လူတိုင်းကို မဖော်ပြနိုင်သော ဂုဏ်သိက္ခာကြီးမြင့်မှုကို ခံစားမိစေသည်။
လူယွီ၏ထွက်ပေါ်လာမှုသည် မရေမတွက်နိုင်သောလူများ၏ အာရုံစိုက်မှုကို ချက်ချင်းဆွဲဆောင်သွားနိုင်ပေ၏။
"ဒီကောင်က ဘယ်လိုလုပ်ပြီး စင်ပေါ်တက်သွားတာလဲ"
"ဟား ဟား ဟား...သူက သေချင်နေတာပဲ...အခုက အရှင်ဧကရာဇ် ထွက်ပေါ်လာရမယ့် အချိန်လေ.... သူက ဟုန်ဖုန်းမင်းသမီးနဲ့ ဝေ့သခင်မလေးတို့ကို ပေါင်းသင်းထားရုံနဲ့ သူ့ကိုယ်သူ လုံခြုံမယ် ထင်နေတာလား"
အထက်တန်းလွှာလူငယ်တချို့သည် လှောင်ပြောင်ရယ်မောကာ လုယွီကို သရော်လိုက်ကြသည်။
ကျိုးယွမ်ဟောင်သည် မျက်မှောင်ကြုတ်လိုက်ပြီး မသိစိတ်ထဲမှ ရုတ်တရက် မကောင်းသော နိမိတ်တစ်ခုကို ခံစားလိုက်ရသည်။
"သူ့ကို ချက်ချင်းနှိုးလိုက်စမ်း"
ကျိုးယွမ်ဟောင်က ရုတ်တရက် ကျန်းစစ်မင်ကို လက်ညှိုးထိုးပြီး ပြောဆိုလိုက်သည်။
ကျန်းစစ်မင်၏အခြေအနေသည် အလွန်ဆိုးရွားနေပေ၏။
သူ၏ကိုယ်ပိုင်ကျင့်ကြံမှုသည် မမြင့်မားသဖြင့် လုယွီ၏ပြင်းထန်သော ရိုက်ချက်ကို ခံလိုက်ရပြီးနောက် သူ ရုတ်တရက် သတိလစ်မေ့မြောသွားခဲ့သည်။
သူ၏နံဘေးမှ အထက်တန်းလွှာလူငယ်များသည် သူ့ကို အနည်းငယ်မျှ ဂရုမစိုက်ချေ။ လူငယ်တစ်ယောက်သည် ရေတစ်ခွက်ကို ယူပြီး ကျန်းစစ်မင်၏မျက်နှာပေါ်သို့ ပက်လိုက်၏။
အစောင့်တချို့သည် ရှေ့သို့ ပြေးလာကြပြီး ကျန်းစစ်မင်ကို မကာ နောက်ဆုံးတွင် သူ့ကို နှိုးလိုက်ကြသည်။
"ငါ့ကို ရှင်းရှင်းလင်းလင်း ပြောစမ်း... ဒီကောင်လေးက တကယ်ပဲ ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်က တပည့်တစ်ယောက်ပဲလား"
ကျိုးယွမ်ဟောင်က အေးစက်သောမျက်လုံးအကြည့်ဖြင့် ခက်ထန်တင်းမာစွာ မေးမြန်းလိုက်သည်။
"ဟုတ်ပါတယ်... သူ ကိုယ်တိုင် ပြောတာပါ... သူက ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်ကပါ"
ကျန်းစစ်မင်သည် အနည်းငယ် ကြောင်စီစီ ဖြစ်နေဆဲဖြစ်ပြီး မူးဝေနေပေ၏။
"သူ့ရဲ့နာမည် မင်း သိလား"
ကျိုးယွမ်ဟောင်က မေးမြန်းသည်။
"သူ့ရဲ့နာမည် ဘယ်လိုခေါ်တာလဲဆိုတာ...ငါ စဉ်းစားဦးမယ်...သူ့ရဲ့မျိုးရိုးနာမည်က လု..."
Chapter 5173
ကျန်းစစ်မင်သည် အချိန်အတော်ကြာ တွေးတောနေပြီးနောက် ရုတ်တရက် ရယ်မောလိုက်၏။
"ငါ သိပြီ...ဒီကောင်လေးရဲ့နာမည်က လုယွီ....ဟား ဟား ဟား သူက ဧကရာဇ်နဲ့ နာမည်တူနေပါလား...ရယ်စရာကောင်းလိုက်တာ... ဒီနာမည်က အရမ်းဂုဏ်သိက္ခာကြီးတယ်...သူ ထိန်းထားနိုင်ပါ့မလား မသိဘူး"
ကျိုးယွမ်ဟောင်သည် ရုတ်တရက် ကုလားထိုင်ပေါ်သို့ ထိုင်ချလိုက်ပြီး သူ၏နဖူးပေါ်တွင် ချွေးစေးများ ပေါ်လာကာ သူ့ကိုကြည့်ရသည်မှာ အားအင်ကုန်ခမ်းသွားပုံပင်။
ပတ်ဝန်းကျင်မှ အထက်တန်းလွှာလူငယ်များသည်လည်း တိတ်ဆိတ်သွားကြ၏။
သူတို့၏မျက်နှာများ အလွန်ဖြူဖျော့နေကြသည်။ ယခင်က ရဲတင်းသော စကားများ ဆိုခဲ့သူများသည် ယခုအချိန်၌ သူတို့၏မိဘများ သေဆုံးသွားသည့်အလားပင်။ သူတို့သည် ယခင်က တည်ငြိမ်အေးဆေးမှုကို လုံးလုံးလျားလျား ဆုံးရှုံးသွားကြလေပြီ။
ကျန်းစစ်မင်၏မျက်နှာပေါ်တွင် ရက်စက်ကြမ်းကြုတ်မှု အရိပ်အယောင်များ ထင်ဟပ်လာပြီး သူသည် အံ့တင်းတင်းကြိတ်ကာ ပြောဆိုလိုက်၏။
"ဒီကောင်စုတ်လေးက ငါ့ကို တိုက်ခိုက်ရဲတယ်... သူက တကယ့်ကို သေချင်နေတာပဲ...အရှင့်သား စိတ်မပူပါနဲ့...ဒီမွေးနေ့ပွဲပြီးတာနဲ့ ကျွန်တော်က ချက်ချင်း လူလွှတ်ပြီး သူ့ကို ဖမ်းခိုင်းလိုက်မယ်... ပြီးတော့ ကျွန်တော့်ရဲ့စွမ်းအားကို သူ သိအောင် လုပ်ပြမယ်"
သို့ရာတွင် ဤအချိန်တွင် ကျိုးယွမ်ဟောင်သည် ကျန်းစစ်မင်ကို အာရုံစိုက်ရန် အနည်းငယ်မျှ ဆန္ဒမရှိတော့ချေ။
ကျန်းစစ်မင်သည် ရုတ်တရက် တစ်စုံတစ်ခု ထူးဆန်းနေသည်ကို ခံစားလိုက်ရသည်။ သူ လှည့်ကြည့်လိုက်သည့်အချိန်တွင် လုယွီသည် ကော်ဇောနီပေါ်တွင် လျှောက်လှမ်းနေသည်အား သူ မြင်တွေ့လိုက်ရသည်။
တစ်ချိန်တည်းတွင် ဖန်ရှင်းရန်သည်လည်း လုယွီကို မြင်တွေ့မိပေ၏။
သူမသည် လုယွီကို စုန်ချည်ဆန်ချည်ကြည့်ပြီး လှောင်ပြောင်ရယ်မောလိုက်သည်။
"သူက ဒီအချိန်မှာ ထွက်လာရဲသေးတယ်... သူ သေမှာကို မကြောက်ဘူးလား... သူက အချိန်တိုင်းမှာ အာရုံစိုက်ခံချင်နေတာပဲ"
ဘုန်း...
ရုတ်တရက် ဖန်မိသားစုဘိုးဘေးသည် လက်ကိုဆန့်တန်းလိုက်ပြီး ဖန်ရှင်းရန်၏ပခုံးကို ဖိလိုက်၏။
"ရှင်းရန်... စကားဆက်မပြောနဲ့တော့"
ဖန်းမိသားစုဘိုးဘေးက သက်ပြင်းရှည်ကြီး ချလိုက်ပြီး ဖြည်းညှင်းစွာ ပြောဆိုလိုက်သည်။
"သူ ဘယ်သူလဲဆိုတာ ငါ အခု မှတ်မိပြီ"
"သူက ဘယ်သူလဲ"
ဖန်ရှင်းရန်သည် ဂရုမစိုက်သည့်အမူအယာဖြင့် လုယွီကို ကြည့်လိုက်သည်။
"သူက..."
ဖန်မိသားစုဘိုးဘေး၏ စကား မဆုံးမီတွင် သူ၏အသံကို နွေးထွေးသော ကြိုဆိုသံများက လွှမ်းမိုးသွားပေ၏။
"အရူးနဂါးကျောင်းတော်ရဲ့ ကျောင်းအုပ်လျောင်ရန်ဖုန်းက အရှင်ဧကရာဇ်ကို ဂါရဝပြုပါတယ်"
"ဟွမ်ချွမ်းဂိုဏ်းရဲ့ ဂိုဏ်းချုပ်ဟုန်ယင်က အရှင်ဧကရာဇ်ကို ဂါရဝပြုပါတယ်"
"ယွီရွှီမြင့်မြတ်နယ်မြေရဲ့ မြင့်မြတ်အရှင်လီယန်ကျန်းက အရှင်ဧကရာဇ်ကို ဂါရဝပြုပါတယ်"
ထိပ်သီးဂိုဏ်းအင်အားစုများမှ အစွမ်းထက်သောခေါင်းဆောင်များသည် တစ်ယောက်ပြီးတစ်ယောက် မတ်တတ်ရပ်လိုက်ကြပြီး လုယွီကို ရိုသေလေးစားစွာ ဂါရဝပြုလိုက်ကြ၏။
မွေးနေ့ပွဲသို့လာရောက်သူ အလွန်များပြားပြီး ချက်ချင်းဆိုသလိုပင် ထောင်သောင်းချီသောလူများသည် မတ်တတ်ရပ်ပြီး လုယွီကို တပြိုင်နက်တည်း ဦးညွှတ်လိုက်ကြသည်။
အစွမ်းထက်ပြီး အတိုင်းအဆမရှိ သြဇာအာဏာကြီးမားသော ဂိုဏ်းအင်အားစုများကို ကိုယ်စားပြုသည့် လူများ၏အသံများ မိုးကောင်းကင်ယံတွင် ပဲ့တင်ထပ်သွားသည်။ ထိုအသံများသည် တရားဝင်လုပ်ထုံးလုပ်နည်းများ ကြောင့် မဟုတ်ဘဲ သူတို့၏နှလုံးသား နက်ရှိုင်းသောနေရာမှ ကြောက်ရွံ့ရိုသေမှုကြောင့် ထွက်ပေါ်လာခြင်းပင်။
"အရှင်ဧကရာဇ်... ကျွန်တော်က ကျိန့်မိသားစုရဲ့ မိသားစုခေါင်းဆောင်အသစ် ကျိန့်ယွင်ဟယ်ပါ..."
ဝဖြိုးသောခန္ဓာကိုယ်ရှိသည့် လူလတ်ပိုင်း အရွယ် အမျိုးသားတစ်ဦးသည် ရှေ့သို့ထွက်လာပြီး လုယွီကို လေးလေးနက်နက် ဦးညွှတ်အရိုအသေပြုလိုက်၏။
သူ၏နောက်တွင် မိသားစုခေါင်းဆောင်များ တစ်ယောက်ပြီးတစ်ယောက် လိုက်ပါလာကြသည်။ သူတို့တစ်ဦးချင်းစီ၏မျက်နှာပေါ်တွင် မျက်နှာချိုသွေးသော အပြုံးဖြင့် သူတို့ကိုယ်သူတို့ မိတ်ဆက်လိုက်ကြသည်။
ထိုလူများအနက် လုမိသားစု၏အကြီးအကဲ လုကျိုးတင်းလည်း ရှိနေသည်။
လုကျိုးတင်းသည် "ကျိုး" မျိုးဆက်မှသာ ဖြစ်သော်လည်း သူသည် ငယ်ရွယ်စဉ်တွင် နာမည်ကြီးလာပြီး သူ၏ ကျင့်ကြံဆင့်သည် မခန့်မှန်းနိုင်အောင် နက်ရှိုင်းပေ၏။ သူသည် ငယ်ရွယ်စဥ်မှာပင် နန်းတွင်းမှ မြင့်မြတ်သော ဘွဲ့တံဆိပ်တစ်ခု ချီးမြှင့်ခံခဲ့ရပြီး သူ၏ အဆင့်အတန်းသည် အကြီးအကဲချုပ်ဖြစ်ရန် တစ်ဆင့်သာကွာဟတော့သည်။
လုမိသားစုအတွင်းမှာပင် မိသားစုဝင်အမြောက်အများအပြားသည် ဤသို့လူမျိုးနှင့် တွေ့ဆုံနိုင်ရန် တစ်ကြိမ်တစ်ခါမျှ အိပ်မက်ပင်မမက်ဝံ့ကြချေ။
သို့ရာတွင် ယခုချိန်၌ လုကျိုတင်းသည် လူယွီ၏ နံဘေးတွင် အစေခံတစ်ဦးကဲ့သို့ ရိုသေလေးစားစွာ မတ်တတ်ရပ်နေသည်။
"အရှင်ဧကရာဇ်"
ကျန်းမိသားစုခေါင်းဆောင် ကျန်းဟုန်သည်လည်း လုယွီကို ဦးညွှတ်အရိုအသေပေးလိုက်၏။
လုယွီသည် မိသားစုကြီးများ၏ အကြီးအကဲတချို့ထံမှ တွေ့ဆုံမေးမြန်းမှုများကို လက်ခံလိုက်ပြီးနောက် ရွှေရောင်စင်မြင့်ထံသို့ လျှောက်လှမ်းသွားသည်။
ရွှေရောင်စင်မြင့်အောက်ရှိ လူများအားလုံး စိတ်လှုပ်ရှားနေကြသည်။
အထီးကျန်လူရိုင်းကမ္ဘာ၏ ကောင်းကင်ယံသည် မြင့်မားပြီး ကျယ်ပြောကာ အဆုံးအစမရှိသော်လည်း လူများအားလုံး၏အကြည့်များသည် လုယွီအပေါ်သို့သာ အာရုံစိုက်နေကြ၏။
ဧကရာဇ် လုယွီ....
သူသည် နဂါးဝတ်ရုံ ဝတ်ဆင်ထားခြင်း သို့မဟုတ် ဧကရာဇ်သရဖူကို ဆောင်းထားခြင်း မရှိသော်လည်း မည်သူမျှ လုယွီ၏ အဆင့်အတန်းကို မေးခွန်းထုတ်နိုင်မည် မဟုတ်ချေ။
လူအုပ်အကြားရှိ ဖန်ရှင်းရန်သည် လုယွီ ရွှေရောင်စင်မြင့်ပေါ်သို့ တက်သွားသည်အား မြင်တွေ့ချိန်၌ သူမသည် မူးဝေသွားကာ သူ၏ နှလုံးသားထဲတွင် မရေမတွက်နိုင်သော ခံစားချက်များ ထွက်ပေါ်လာသည်။
မနာလိုမှု...ကြောက်ရွံ့မှု...နောင်တ...
ဤခံစားချက်အမျိုးမျိုးတို့သည် အတူတကွ ရောယှက်သွားပြီး ဖန်ရှင်းရန်သည် သူမ၏ ခန္ဓာကိုယ်ကို မထိန်းချုပ်နိုင်တော့ဘဲ တုန်ယင်လာပေ၏။
Chapter 5174
"သူက ဧကရာဇ်လုယွီပဲ..."
"ငါတို့က နာမည်တူတဲ့ လူတစ်ယောက်လို့ ထင်နေတာ...ဒါဆို ငါတို့ ခုဏက ဧကရာဇ်နဲ့ စကားပြောနေခဲ့တာပေါ့..."
ယခင်က ဖန်ရှင်းရန်နှင့်အတူ လာခဲ့သော ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်မှ တပည့်များသည် ဤအချိန်တွင် အုတ်အော်သောင်းတင်း ဖြစ်သွားကြ၏။
သူတို့သည် လုယွီ၏ကျော်ကြားမှုကြောင့် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်သို့ ဝင်ရောက်ရန် ရွေးချယ်ခဲ့ကြခြင်းပင်။ သို့ရာတွင် သူတို့ ကျောင်းတော်သို့ ဝင်ရောက်ပြီးနောက် လုယွီကဲ့သို့ ဒဏ္ဍာရီလာပုဂ္ဂိုလ်တစ်ယောက်နှင့် အတူထိုင်ကာ စကားစမြည်ပြောဆိုခဲ့ကြရလိမ့်မည်ဟု မည်သူမျှ တွေးထင်မထားခဲ့ကြချေ။
"ဒါဆို ဒီအစ်ကိုကြီး လီက..."
တစ်စုံတစ်ယောက်သည် နံဘေးတွင် ရပ်နေသော လီစစ်ကို ကြည့်လိုက်ပြီး ချက်ချင်း နားလည်သွားသည်။
ဤလူသည် ငယ်ရွယ်စဉ်တွင် ရာထူး အထွတ်အထိပ်သို့ ရောက်ခဲ့သော ဒဏ္ဍာရီလာ လီစစ်ပင်။
လူတချို့သည် အလွန် စိတ်လှုပ်ရှားနေကြပြီး ရှေ့သို့သွားကာ သူနှင့် စကားပြောလိုကြသည်။ သို့ရာတွင် လူတချို့ကမူ လီစစ်၏ကျော်ကြားမှုကို ကြောက်ရွံ့နေကြပြီး ရှေ့သို့တိုးမလာဝံ့ကြချေ။
ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်မှ တပည့်များသည် အလွန်အမင်း စိတ်လှုပ်ရှားနေကြသော်လည်း တစ်ဖက်တွင်မူ လုံးလုံးလျားလျား တိတ်ဆိတ်နေပေ၏။
ကျန်းစစ်မင်သည် လုယွီကို ဆန့်ကျင်သည့် မကောင်းသောစကားများကို ပြောနေခဲ့သော်လည်း မျက်စိတစ်မှိတ်အတွင်းမှာပင် လုယွီသည် အခြံအရံများဖြင့်အတူ ရွှေရောင်စင်မြင့်ပေါ်သို့ တက်သွားသည်ကို မြင်တွေ့လိုက်ရသည်။
ပြင်းထန်သော ကြောက်ရွံ့မှုခံစားချက်တစ်ခုက သူ၏စိတ်နှလုံးသားကို ဖုံးလွှမ်းသွားပေ၏။
သူသည် ကျန်းမိသားစု၏ တရားမဝင်သားတစ်ဦးသာ ဖြစ်သည့်တိုင် သူသည် လုယွီကို ရန်စစော်ကားခဲ့မိသည်။
"သူက ဘာလို့ သူ့ရဲ့အထောာက်အထားကို ငါတို့ကို ကြိုမပြောခဲ့တာလဲ"
ကျန်းစစ်မင်က ညည်းတွားလိုက်သည်။
သို့ရာတွင် နောက်ထပ်အချိန်တခဏ၌ ကျန်းစစ်မင် ရုတ်တရက် သတိရသွားပေ၏။
အစမှ အဆုံးထိ လုယွီသည် သူ မည်သူမည်ဝါ ဖြစ်ကြောင်းကို မည်သည့်အချိန်ကမျှ မငြင်းဆိုခဲ့ချေ။
သူသာလျှင် တစ်ဖက်သားသည် ကျောင်းတော်မှသာမန်တပည့်တစ်ဦးသာ ဖြစ်သည်ဟု တွေးထင်ခဲ့ခြင်းပင်။
ကျန်းစစ်မင်၏စိတ်နှလုံးသားအတွင်းတွင် နောင်တများ ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေသည်။ သူသည် သူ၏နံဘေးမှ ကျိုးယွမ်ဟောင်ကို အကူအညီတောင်းသည့်အကြည့်ဖြင့် ကြည့်လိုက်သည်။
"အရှင့်သား... ကျွန်တော်တို့ အခု ဘာလုပ်သင့်လဲ"
"ဖြန်း..."
ကျိုးယွမ်ဟောင်သည် ကျန်းစစ်မင်ကို ပြင်းထန်စွာ ပါးဖြတ်ရိုက်လိုက်ပြီး သူ့ကို လက်ညှိုးထိုးကာ ပြောဆိုလိုက်၏။
"ဒါတွေအားလုံးက မင်းကြောင့်ပဲ... မင်းကြောင့်သာ မဟုတ်ရင် ငါက သူ့ကို သွားပြီးရန်စမိပါ့မလား"
ကျန်းစစ်မင်က အသနားခံတောင်းပန်လေသည်။
"အရှင့်သား...ကျွန်တော် မှားသွားပါတယ်... ကျွန်တော် ဒီကိစ္စကို တကယ် မသိခဲ့ပါဘူး"
"မသိဘူး ဟုတ်လား...မင်းသာ အဲ့ဒီ လုကောင်းကျီးလို့ခေါ်တဲ့ မိန်းမကို ခေါ်မလာခဲ့ရင် ငါက သူ့ကို ဘယ်လိုလုပ်ပြီး ရန်စမိမှာလဲ"
ဤသည်ကို တွေးမိသည့်အချိန်တွင် ကျိုးယွမ်ဟောင်သည် ရုတ်တရက် သူ၏စိတ်နှလုံးသားထဲတွင် နောင်တရသော ခံစားချက်ကို ခံစားလိုက်ရ၏။
အစပိုင်းတွင် လုကောင်းကျီးက လုယွီသည် သူတို့ ရန်မစနိုင်သောလူဖြစ်ကြောင်း ထပ်ခါတလဲလဲ ပြောဆိုခဲ့သည်။
ကံမကောင်းစွာဖြင့် ကျိုးယွမ်ဟောင်သည် ထိုအချိန်တွင် လုံးဝနားမဝင်ခဲ့ချေ။ သူသည် ဝိုင်အရက်အနည်းငယ် သောက်ထားပြီး ထိုအချိန်တုန်းက အရက်ရှိန်တက်နေခဲ့သည်။ ကြမ်းတမ်းသော စိတ်ခံစားချက်တစ်ခုက သူ၏စိတ်ကို လွှမ်းမိုးထားပေ၏။ ထိုအချိန်တွင် ကျိုးယွမ်ဟောင်သည် ကြောက်ရွံ့ခြင်း ကင်းမဲ့နေပြီး မည်သူ့ကိုမျှ မကြောက်ရွံဟု ခံစားခဲ့မိသည်။
သို့ရာတွင် ယခုချိန်၌ သူ နောင်တရနေလေပြီ။
ဂုဏ်သိက္ခာကြီးမားသော တာအိုသခင်နယ်ပယ် မင်းသားများပင်လျှင် လုယွီ၏ မောင်းထုတ်ခြင်းကို ခံရပြီး နယ်စပ်ဒေသများသို့ ရောက်ရှိသွားခဲ့ရသည်။ သူကဲ့သို့ သာမန် မင်းသားတစ်ယောက်ဆိုလျှင် ထည့်ပြောရန်ပင် မလိုတော့ချေ။
လုယွီ၏ရှေ့တွင် ကျိုးယွမ်ဟောင်၏ မောက်မာထောင်လွှားမှုများအားလုံးသည် အငွေ့ပြန်သကဲ့သို့ ပျောက်ကွယ်သွားပေ၏။
"ငါ သူ့ကို ရန်မစခဲ့သင့်ဘူး"
ကျိုးယွမ်ဟောင်သည် ဤစကားကို သူ၏ နှလုံးသားထဲတွင် ဆက်တိုက်ရေရွတ်နေမိပြီး အဆုံးမရှိသော နောင်တကို ခံစားနေရသည်။
သို့ရာတွင် ယခုချိန်၌ သူ နောင်တရရန် နောက်ကျသွားလေပြီ။
လုယွီသည် လူအုပ်ကြီး၏ဝန်းရံမှုဖြင့် ရွှေရောင်စင်မြင့်ထံသို့ ရောက်လာသည်။
"အဘိုး"
လုယွီက ဦးညွှတ်လိုက်သည်။
ထိုအချိန်တွင် လုဝူသီသည် မတ်တပ်ရပ်လိုက်ပြီး သူ၏အိုမင်းသော မျက်နှာပေါ်တွင် နီမြန်းသော အရောင်အသွေးဖြင့် ပြည့်နှက်နေကာ လုယွီကိုကြည့်ပြီး ထပ်ခါတလဲလဲ ပြောဆိုလိုက်၏။
"ကောင်းတယ်... ကောင်းတယ်...အရမ်းကောင်းတယ်"
လုဝူသီသည် လုယွီအပေါ် အလွန်စိတ်ကျေနပ်နေသည်။
ဤမြေးသည် အောက်ဘုံတွင် ရှိနေစဉ်က လောကကြီးတွင် အကောင်းဆုံး ဖြစ်ခဲ့ရုံသာမက ကောင်းကင်ဘုံနယ်မြေတွင်လည်း ဤကဲ့သို့ စွမ်းရည်များ ရှိလိမ့်မည်ဟု မည်သူမျှ တွေးထင်မထားမိကြချေ။
အောက်ဘုံမှလုမိသားစုသည် တော်ဝင်မြို့တော်သို့ ပထမဆုံး ရောက်လာသည့်အချိန်တွင် သူတို့၏မိသားစုဝင်အများစု၌ အလွန် နိမ့်ကျသော စွမ်းအားများသာ ရှိကြသည်။ ထိုကြောင့် ထိပ်သီးကျင့်ကြံသူများဖြင့် ပြည့်နှက်နေသော တော်ဝင်မြို့တော်တွင် သူတို့သည် အနည်းငယ်မျှ အရေးမပါခဲ့ကြချေ။
သို့ရာတွင် လုယွီ ရှိနေခြင်းကြောင့် အောက်ဘုံမှ လုမိသားစုဝင်များသည် အထူးဆက်ဆံခံရခြင်းဟူသော အဓိပ္ပာယ်ကို ပထမဆုံးအကြိမ် ခံစားခဲ့ရသည်။
"အဘိုး ထိုင်ပါ...ဒီနေ့မှာ အဘိုးက အဓိကလူလေ"
လုယွီသည် လုဝူသီကို ညင်သာစွာ ထောက်ပံ့ပေးပြီး သူ၏နေရာတွင် ပြန်ထိုင်စေခဲ့သည်။
Chapter 5175
လုယွီ၏ အကူအညီဖြင့် သူ၏နေရာသို့ ပြန်ထိုင်လိုက်သည့်အချိန်တွင် လူဝူသီ၏ မျက်နှာပေါ်၌ ဂုဏ်ယူဝင့်ကြွားမှုများဖြင့် ပြည့်နှက်နေပေ၏။
တခြားလုမိသားစုဝင်များ၏ မျက်နှာများပေါ်တွင်လည်း ဂုဏ်ယူမှုနှင့်စိတ်လှုပ်ရှားမှု အမူအယာများ ထင်ဟပ်နေသည်။
သူတို့သည် လက်ရှိချိန်၌ လုယွီ မည်သူမည်ဝါ ဖြစ်ကြောင်းကို နည်းလမ်းအမျိုးမျိုးမှ သိရှိထားကြပြီးဖြစ်သည်။
သူသည် တာယွီအင်ပါယာ၏ ဂုဏ်သိက္ခာကြီးမားသော ဧကရာဇ်ဖြစ်ပြီး အချုပ်အခြာအာဏာပိုင်ဖြစ်ကာ သူ စကားတစ်ခွန်း ပြောလိုက်သည်နှင့် လောကကြီးတစ်ခုလုံး နာခံရလေ၏။
ဤမျှထိ မြင့်မြတ်သော အဆင့်အတန်းရှိသည့်လူသည် သူတို့မိသားစုခေါင်းဆောင်၏ မွေးနေ့ပွဲကို ဂုဏ်ပြုရန် အမှန်တကယ် လာရောက်ခဲ့ခြင်းသည် သူတို့လုမိသားစုကို လုံလောက်သော မျက်နှာသာပေးပြီးဖြစ်သည်။
"အရှင်ဧကရာဇ်က အောက်ဘုံက မိသားစုဝင်တွေကို တော်တော်လေး တန်ဖိုးထားတာပါလား"
"လုမိသားစုက အခု ဘာမှ မဟုတ်သေးဘူး ...အဓိကအချက်က အခုချိန်မှာ ငါတို့က အောက်ဘုံက လုမိသားစုနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးကို မြန်မြန်ထူထောင်ဖို့ပဲ"
လက်ရှိနေရာတွင်ရှိနေသော လူအများစုသည် တုံးအသူများ မဟုတ်ကြချေ။
ဆန့်ကျင်ဘက်အနေဖြင့် ဤနေရာတွင် ထိုင်နိုင်သူများအားလုံးသည် အဆင့်အတန်းတစ်ခု ရှိသော အစွမ်းထက်ပုဂ္ဂိုလ်များ ဖြစ်ပေ၏။ သူတို့သည် လုယွီ၏စိတ်နှလုံးသားထဲမှ အောက်ဘုံလုမိသားစု၏အရေးပါမှုကို ချက်ချင်းသိရှိသွားကြသည်။
လုယွီသည် မကြာခဏ ပျောက်ကွယ်နေတတ်ပြီး သာမန်နေ့များတွင် သူ့ကို တွေ့မြင်ရန် ခက်ခဲသော်လည်း အောက်ဘုံမှ လုမိသားစု အတွက်မူ ထွက်ပေါ်လာခဲ့သည်။
အကယ်၍ တစ်စုံတစ်ယောက်သည် အောက်ဘုံလုမိသားစုနှင့် ကောင်းမွန်သော ဆက်ဆံရေး ထူထောင်နိုင်ခဲ့ပါက ဤဆက်ဆံရေးသည် အနာဂတ်တွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လာနိုင်သည်။
ဤကိစ္စကို တွေးမိသည့်အချိန်တွင် လူအများသည် ချက်ချင်းတက်ကြွလာကြ၏။
ထိုအချိန်မှာပင် တစ်စုံတစ်ယောက်က ရုတ်တရက် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
"ထျန်းကန်းစံအိမ်က သန့်စင်ယန်အမြွှာရည် ပုလင်းတစ်ရာ ပေးပို့ပါတယ်...အကြီးအကဲချုပ် သက်ရှည်ကျန်းမာပါစေလို့ ဆုတောင်းပါတယ်..."
"ယွီရွှီမြင့်မြတ်နယိမြေက ချင်းရှန်သံချပ်ကာ အစုံငါးထောင်နဲ့ ကျင့်ကြံမှုအတွက် ကျောက်စိမ်းဆွဲသီးသုံးရာကို လက်ဆောင်ပေးပါတယ်...အကြီးအကဲချုပ် သက်ရှည်ကျန်းမာပါစေလို့ ဆုတောင်းပါတယ်"
"ထျန်းယွမ်ဂိုဏ်းက ပေသုနတ်ဘုရားသစ်သီး အလုံးငါးဆယ် ပေးပို့ပါတယ်...အကြီးအကဲချုပ် သက်ရှည်ကျန်းမာပါစေလို့ ဆုတောင်းပါတယ်"
မွေးနေ့ဆုတောင်းသံများ တစ်သံပြီးတစ်သံ ထွက်ပေါ်လာသည်။
မွေးနေ့ပွဲသို့ တက်ရောက်ရန် လာကြသော အစွမ်းထက်ပုဂ္ဂိုလ်များသည် သူတို့ ယူဆောင်လာသော လက်ဆောင်များကို ထုတ်ပြန်ကြေညာကြ၏။
သူတို့ကဲ့သို့လူများ လက်ဆောင်ပေးအပ်သည့်အချိန်တွင် ရွှေငွေကဲ့သို့ သာမန်အရာများကို ယူဆောင်လာကြမည် မဟုတ်သည်မှာ သဘာဝကျပေ၏။ သူတို့ ပေးအပ်သောအရာများသည် အလွန်တန်ဖိုးကြီးကာ ရှားပါးသော ရတနာများပင်။ ထိုရတနာများအနက်မှ တချို့ကို တန်ဖိုးဖြတ်၍ပင် မရနိုင်ချေ။
လုမိသားစု၏ အခမ်းအနားမှူးသည် မှတ်တမ်းယူရန် အဆင်သင့်ရှိနေသည်။ လုမိသားစုသည် ဤကိစ္စအတွက် ကြိုတင်ပြင်ဆင်ထားခဲ့ပြီး ဖြစ်သည်။
"ဒီပစ္စည်းတွေ..."
လုဝူသီသည် လက်ဆောင်ပစ္စည်းများကို ကြားလိုက်ရသည့်အချိန်တွင် သူ၏နှလုံးသားခုန်နှုန်း လျှင်မြန်သွားသည်။
ဤလက်ဆောင်များအနက်တချို့သည် ရှေးဟောင်းစာအုပ်များတွင်သာ မြင့်တွေ့နိုင်သော တန်ဖိုးကြီးရတနာများ ဖြစ်ပေ၏။
သို့ရာတွင် ယခုချိန်၌ လုယွီ စိတ်ကျေနပ်စေရန်အင်အားစုများသည် သူ၏မွေးနေ့ကို ဂုဏ်ပြုပေးကြကာ ဤကဲ့သို့ ရတနာများကို ထုတ်ပေးရန်ပင် ဆန္ဒရှိနေကြသည်။
"စိတ်မပူပါနဲ့ အဘိုး.. အေးအေးဆေးဆေးပဲ ယူထားလိုက်ပါ...ဒီနေ့က အဘိုးရဲ့ မွေးနေ့လေ... ဒါကြောင့် သူတို့က အဘိုးကို လက်ဆောင်ပေးတာက ကျိုးကြောင်းဆီလျော်တယ်"
လုယွီ၏မျက်နှာသည် တည်ငြိမ်နေပြီး သူ၏အဘိုးထံ အသံသတင်းစကားပေးပို့လိုက်၏။
လုယွီ၏စကားကို ကြားပြီးနောက် လုဝူသီသည် တဖြည်းဖြည်း စိတ်သက်သာရာ ရသွားတော့သည်။
သူ၏မြေးသည် ယခုချိန်၌ တာယွီအင်ပါယာ၏ ဧကရာဇ် ဖြစ်နေလေပြီ။ သူ မည်သည့်အရာကို စိုးရိမ်ပူပန်ရန် လိုအပ်မည်နည်း။
"ဟွမ်ထျန်းမြင့်မြတ်နယ်မြေက နတ်ဘုရားအဆင့် အဆောင်လက်ဖွဲ့သုံးရာ ကောင်းကင်အဆင့် အဆောင်လက်ဖွဲ့ငါးသောင်းနဲ့ ဝင်္ကပါနဲ့လက်နက်တွေမှာ အသုံးပြုဖို့အတွက် မရေမတွက်နိုင်တဲ့ ကျောက်စိမ်းတွေကို လက်ဆောင် ပေးပါတယ်.... အကြီးအကဲချုပ် သက်ရှည်ကျန်းမာပါစေလို့ ဆုတောင်းပါတယ်"
ထိုအချိန်မှာပင် ပို၍ကျယ်လောင်သော အသံတစ်သံ ထွက်ပေါ်လာသည်။
ပတ်ဝန်းကျင်မှလူများလုံး အံ့အားတသင့် အော်ဟစ်လိုက်ကြသည်။
နတ်ဘုရားအဆင့် အဆောင်လက်ဖွဲ့များသည် အမှန်တကယ်ကို ထူးခြားပေ၏။ ထိုအရာများတွင် ပြိုင်ဘက်ကင်းကျင့်ကြံသူများ၏ အတိုင်းအဆမရှိသော မှော်စွမ်းအားများကို စုစည်းထားသည်။ တချို့အဆောင်လက်ဖွဲ့များသည် ထုတ်လွှတ်လိုက်သည်နှင့် ပြိုင်ဘက်ကင်းကျင့်ကြံသူတစ်ဦး၏ အဆုံးစွန်သော တိုက်ခိုက်မှုနှင့် ညီမျှသည်။ ထို့ကြောင့် ဤကဲ့သို့ အဆောင်လက်ဖွဲ့များအတွက် လိုအပ်သော ပစ္စည်းများသည် အလွန်တင်းကြပ်ပေ၏။ ထိပ်တန်းအင်အားစုများပင်လျှင် ဤမျှထိ များပြားသော နတ်ဘုရားအဆင့် အဆောင်လက်ဖွဲ့များကို ထုတ်လုပ်ရန် ခက်ခဲပေမည်။
သို့ရာတွင် ဟွမ်ထျန်းမြင့်မြတ်နယ်မြေသည် ဤတစ်ကြိမ်တွင် နတ်ဘုရားအဆင့် အဆောင်လက်ဖွဲ့သုံးရာကို လက်ဆောင်အဖြစ် ပေးအပ်ခဲ့သည်။
ဤသည်မှာ မည်ကဲ့သို့ သဘောတရားမျိုး ဖြစ်သနည်း။
ဤသည်မှာ အောက်ဘုံမှ လုမိသားစုဝင်တိုင်းသည် ယခုအချိန်၌ သူတို့ကိုယ်သူတို့ ကာကွယ်နိုင်ရန် နတ်ဘုရားအဆင့် အဆောင်လက်ဖွဲ့တစ်ခုစီ ရှိသွားခြင်းနှင့် ညီမျှပေ၏။
ယခင်က ဂိုဏ်းအင်အားစုများ ပေးပို့ခဲ့သော လက်ဆောင်များကို ပေါင်းစပ်လိုက်လျှင်ပင် ဟွမ်ထျန်းမြင့်မြတ်နယ်မြေက ပေးသော လက်ဆောင်များလောက် တန်ဖိုးမကြီးမားချေ။
"မင်းတို့ မသိကြဘူးလား...ဟွမ်ထျန်းမြင့်မြတ်အရှင်က သေဒဏ်လွတ်ငြိမ်းခွင့် ရွှေတံဆိပ်ပြားကို ရထားပြီးတော့ တော်ဝင်နန်းတွင်းနဲ့ လုံးဝပူးပေါင်းသွားပြီ"
တစ်စုံတစ်ယောက်က ပြောဆိုသည်။