အခန်း (၅၂၀၁-၅၂၀၅)
Vol. 263 Ch. 5201-5205
Chapter 5201
ရှေးဟောင်းအလယ်ခေတ်မှ လက်ဆင့်ကမ်းဆင်းသက်လာသော မသေမျိုးမှော်လက်နက်နှစ်ခုသည် ကောင်းကင်နှင့်မြေပြင်ကို တုန်လှုပ်စေမည့် စွမ်းအားဖြင့် တိုက်ပွဲတစ်ခုကို စတင်တော့ပေမည်။
မဟာဟန်ဓားသည် မိုးကောင်းကင်ယံသို့ ပျံသန်းသွားပြီး သွေးနီရောင်အလင်းတန်းများဖြင့် တောက်ပနေသည်။ ထိုအလင်းတန်းတွင် ထူထပ်သိပ်သည်းပြီး သေးငယ်သော မှော်သင်္ကေတအက္ခရာများ ရောယှက်နေပေ၏။ ထိုဓားသည် မိုးကောင်းကင်ယံသို့ ပျံသန်းလိုက်ရုံမျှဖြင့် နားကွဲလုမတတ် ကျယ်လောင်သောတုန်ခါသံကို ဖြစ်ပေါ်စေသည်။
ထိုဓား၏ရှေ့တွင်ရှိသော မဟာဝူစစ်ဗုံသည်လည်း တူညီသောအရှိန်အဝါရှိကာ အရှုံးပေးလိုပုံမရပေ။ အစိမ်းရောင် အလင်းတန်းသည် ဧရာမတူကြီးတစ်လက်ကဲ့သို့ ဖြစ်နေပြီး တူ၏ ထိပ်ဖျားသည် ဓားကို တန်းတန်းမတ်မတ်ချိန်ရွယ်ထားကာ နောက်ထပ်အချိန်တခဏတွင် ထိုအရာကို လုံးလုံးလျားလျားဖျက်ဆီးတော့မည့်အလားပင်။
မသေမျိုးမှော်လက်နက် နှစ်ခုသည် ထိပ်တိုက်ထိခတ်မိတော့မည်ဖြစ်ပြီး ထွက်ပေါ်လာမည့် စွမ်းအားသည် လောကကြီးကို ထိတ်လန့်တုန်လှုပ်စေမည်မှာ သေချာပေါက်ပင်။
"အရမ်း နောက်ကျသွားပြီ... ကောင်လေး... မသေမျိုးမှော်လက်နက်တွေရဲ့ စွမ်းအားက မင်း တွေးထင်ထားနိုင်တာထက် ကျော်လွန်တယ်"
လုကျုံးရှန့်သည် အလွန်စိုးရိမ်ပူပန်နေပေ၏။ လုယွီ မည်သို့မျှ တုံ့ပြန်ခြင်း မရှိသေးသည်ကို မြင်သောကြောင့် သူသည် ချက်ချင်း ရှေ့တိုးလိုက်ပြီး လုယွီ၏ခန္ဓာကိုယ်ကို ကာကွယ်ရန် သူ၏ မှော်စွမ်းအားများကို အသုံးပြုလိုက်သည်။
ဘုန်း....
မသေမျိုးမှော်လက်နက်များ တိုက်မိခြင်းမှ ထွက်ပေါ်လာသော အသံသည် နားကွဲလုမတတ် ကျယ်လောင်ပေ၏။
တစ်ချိန်တည်းမှာပင် အရာအားလုံးကို ဖျက်ဆီးခြင်း၏ ကြောက်မက်ဖွယ်အရှိန်အဝါသည်လည်း ထွက်ပေါ်လာပြီး လူအများ၏စိတ်နှလုံးသားများအတွင်းတွင် အဆုံးမရှိသော ထိတ်လန့်ကြောက်ရွံ့မှုများကို ဖြစ်ပွားစေသည်။
ထိုအချိန်မှာပင် အံ့အားသင့်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခု ဖြစ်ပွားလာခဲ့သည်။
လောကကြီးတစ်ခုလုံး ပျက်စီးသွားတော့မည်ဟု ယူဆရသော မြင်ကွင်းသည် ထွက်ပေါ်လာခြင်း မရှိခဲ့ချေ။
မသေမျိုးမှော်လက်နက်နှစ်ခုသည် လေဟာနယ်ထဲတွင် ပြင်းထန်စွာ တိုက်မိခဲ့သော်လည်း နားကွဲလုမတတ်ကျယ်လောင်သော အသံတစ်သံသာ ထွက်ပေါ်လာပေ၏။ ပတ်ဝန်းကျင်နေရာတဝိုက်လုံး တည်ငြိမ်နေဆဲ ဖြစ်ပြီး မည်သည့် ပြောင်းလဲမှုမျှ မဖြစ်ပွားခဲ့ချေ။
လုကျုံးရှန့်သည် ခြေလှမ်းနှစ်လှမ်း နောက်ဆုတ်လိုက်၏။
သို့ရာတွင် မကြာမီမှာပင် သူသည် မည်သည့်အရာမျှ မဖြစ်ပွားခဲ့သည်ကို သဘောပေါက်လိုက်သည်။
ပတ်ဝန်းကျင်သည် ဗလာကျင်း၍ တိတ်ဆိတ်နေဆဲဖြစ်ပြီး မသေမျိုးမှော်လက်နက် နှစ်ခု၏ ပြင်းထန်သောတိုက်ခတ်မိမှုမှ ထွက်ပေါ်လာသော နားကွဲလုမတတ်ဆူညံသံကသာ မိုးကောင်းကင်ယံတွင် ပဲ့တင်ထပ်နေသည်။
သို့ရာတွင် အသံများသာ ကြားနေရပြီး သူ စိတ်ကူးထားသကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသောမြင်ကွင်း တစ်စုံတစ်ရာ မဖြစ်ပွားခဲ့ပေ။
"အဲ့ဒီကြီးကျယ်ခမ်းနားတဲ့တိုက်ပွဲက မသေမျိုးမှော်လက်နက်နှစ်ခုလုံးကို ဖျက်ဆီးခဲ့တယ်... အခုကျန်နေတာတွေ အားလုံးက လက်နက်စိတ်ဝိညာဉ်တွေရဲ့ အကြွင်းအကျန်တွေပဲ... ဒီထူးဆန်းတဲ့ လေဟာနယ်နယ်မြေထဲမှာ သူတို့က အဆက်မပြတ် တိုက်ခိုက်နေကြတယ်"
လုယွီသည် ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ရာ ရုတ်တရက် မြေပြင်တပြင်လုံးကို တုန်ခါစေသော စွမ်းအားတစ်ရပ် ပွင့်အံ့ထွက်လာသည်။
တစ်ချိန်တည်းမှာပင် တိုက်ခိုက်နေသော မသေမျိုးမှော်လက်နက်နှစ်ခုသည် ဤအချိန်တွင် အမှန်တကယ်ကို သက်ရောက်မှု ရှိသွားသည်။ မသေမျိုးမှော်လက်နက်များ၏ မျက်နှာပြင်သည် တဖြည်းဖြည်း မှေးမှိန်သွားပြီး အသက်ရှူချိန် အနည်းငယ်အတွင်း ထိုအရာများသည် အမှောင်ထုထဲသို့ တိုးဝင်ပျောက်ကွယ်သွားသည်။
"တကယ့်ကို နှမြောစရာကြီးပဲ"
လုကျုံးရှန့်သည် အံ့အားသင့်နေလေပြီ။ သူသည် မျက်လုံးအပြူးသားဖြင့် စူးစိုက်ကြည့်နေပြီး အချိန်အတော်ကြာမှသာ ထိုအရာကို နားလည်သဘောပေါက်သွားသည်။
မသေမျိုးမှော်လက်နက်နှစ်ခု၏ စိတ်ဝိညာဉ်များမှ အတွေးများသည် အလွန်ကြီးမားကျယ်ပြန့်သဖြင့် ခေတ်ကာလပေါင်းများစွာ ကြာသွားသည့်တိုင် ပျောက်ကွယ်သွားခြင်း မရှိခဲ့ချေ။ ထိုအတွေးမှ ထွက်ပေါ်လာသော အရှိန်အဝါသည် လောကကြီးကို တုန်လှုပ်စေပြီး တောင်များနှင့် မြစ်များကို ဝါးမြိုကာ လောကကြီးပေါ်ရှိ အရာအားလုံးကို ကြေမွှပျက်စီးသွားစေနိုင်သည့်အလားပင်။
"ငါ မမြင်ခဲ့ဘူး... ဒါပေမဲ့ သူ မြင်ခဲ့တယ်... ဒီလူငယ်ရဲ့ဇစ်မြစ်က ဘာလဲ... ငါ အပြင်ထွက်ပြီးတဲ့နောက်မှာ သူ့ကို သေချာ စုံစမ်းရမယ်... ငါ ဒီနေရာမှာ နှစ်ပေါင်းများစွာ ပိတ်မိနေခဲ့တာ... လုမိသားစုက ဒီလောက်ထိ ထူးချွန်တဲ့လူတစ်ယောက်ကို မွေးထုတ်ပေးနိုင်ခဲ့တယ်"
လုကျုံးရှန့်ထံတွင် ရောထွေးသောစိတ်ခံစားချက်များ ရှိနေလေ၏။
"ကံမကောင်းစွာနဲ့ပဲ... ဒီ မသေမျိုးမှော်လက်နက် နှစ်ခုက အစိတ်စိတ်အမွှာမွှာ ပျက်စီးသွားခဲ့ပြီ"
လုယွီ ရှေ့သို့ချဥ်းကပ်သွားသည့်အချိန်တွင် ကြီးမားကျယ်ပြန့်သည့် တွင်းနက်ကြီးတစ်ခုက သူ၏ရှေ့တွင် ရုတ်တရက် ထွက်ပေါ်လာသည်။
ထိုတွင်းနက်ကြီးတွင် အပေါက်များ ချိုင့်ခွက်များဖြင့် ပြည့်နှက်နေပြီး အရိုးများက နေရာတိုင်းတွင် စုပုံနေကာ ချောက်နက်ကြီးတစ်ခုကို မြင်တွေ့နေရသည့်အလားပင်။ ဤအရာများသည် ရှေးဟောင်းအလယ်ခေတ်မှ စစ်မြေပြင်တစ်ခု၏ အကြွင်းအကျန်များပင်။
"မသေမျိုးမှော်လက်နက်တွေ တိုက်မိတဲ့အချိန်မှာ အင်ပါယာနှစ်ခုက ပြင်းထန်တဲ့ တိုက်ပွဲတစ်ပွဲကို ဆင်နွှဲနေခဲ့ကြတယ်... တိုက်ခိုက်နေတဲ့ စစ်သားတွေရှောင်တိမ်းဖို့ အချိန်မရခင်မှာပဲ မသေမျိုးမှော်လက်နက်တွေ တိုက်ခတ်မိတဲ့ အစွမ်းထက်တဲ့ ရိုက်ခတ်မှုက သူတို့ကို ထိမှန်သွားပြီးတော့ အမှုန်အမွှားတွေအဖြစ် ပြောင်းလဲသွားစေခဲ့တယ်"
လုယွီသည် တွင်းနက်ကြီးအတွင်းသို့ လျှောက်လှမ်းသွားပြီး အလောင်းများကြားမှ ဖြတ်သန်းသွားလိုက်သည်။
လုကျုံးရှန်သည်လည်း အံ့အားသင့်သွားပေ၏။
"ယီလင်တိုက်ပွဲကို ရှေးဟောင်းစာအုပ်တွေထဲမှာပဲ မှတ်တမ်းတင်ထားတာ... အဲ့ဒီအချိန်တုန်းက အင်အားကြီးတဲ့သူတွေအားလုံး ပုရွက်ဆိတ်တွေလို တစ်ယောက်ပြီးတစ်ယောက် ကျဆုံးသွားကြတယ်... ပြီးတော့ ဟန်အင်ပါယာကလည်း အဲ့ဒီအချိန်ကနေစပြီး ဆုတ်ယုတ်သွားခဲ့တယ်"
ထိုသို့ပြောဆိုပြီးနောက် လုကျုံးရှန့်သည် မြေပြင်မှ သံထည်တစ်စကို ရုတ်တရက် ကောက်ယူလိုက်၏။ ထို့နောက် ထိုသံထည်မျက်နှာပြင်ပေါ်မှဖုန်မှုန့်များကို သုတ်ကာ သူ၏ လက်ထဲတွင် အလေးချိန်ကို ချိန်ဆကြည့်လိုက်သည်။
"ဒါက ပြင်ပလေဟာနယ်က နတ်ဘုရားသံမဏိပဲ... အလယ်ခေတ်က သံရည်ကျိုနည်းပညာတွေက မတိုးတက်သေးဘူး... ဒီနတ်ဘုရားသံမဏိကို သုံးနိုင်တဲ့ ဘယ်သူမဆို အဆင့်မြင့်တဲ့ တပ်မှူးတစ်ယောက် ဖြစ်ရမယ်"
Chapter 5202
လုယွီသည် ထိုသံထည်ကို တစ်ချက်လှမ်းကြည့်လိုက်၏။
"ဒါက ကောင်းမွန်တဲ့ပစ္စည်းနဲ့ ပြုလုပ်ထားတဲ့ မှော်ရတနာတစ်ခုအဲ... အဲ့ဒီတိုက်ပွဲကြီးမှာတုန်းက စစ်သူတော်စင်လု ဆင့်ခေါ်ခဲ့တဲ့ ကံကြမ္မာမီးတောက်က စစ်စခန်းတွေကို အဆက်မပြတ်လောင်ကျွမ်းစေခဲ့ပြီးတော့ ဒီမှော်ရတနာကိုတောင် အရည်ပျော်စေခဲ့တာပဲ"
ဤအချိန်တွင် လုယွီ၏မျက်လုံးများသည် တောက်ပနေပြီး မည်သည့်အရာဖြစ်စေကာမူ သူသည် နှစ်ပေါင်းများစွာကြာအောင် လေ့လာခဲ့သော ပညာရှင်ကြီးတစ်ဦးကဲ့သို့ ထိုအရာ၏မူလအစကို ပြောပြနိုင်သည်။
လုကျုံးရှန်က အံ့အားတသင့် ပြောဆိုသည်။
"စစ်သူတော်စင်တစ်ယောက်ရဲ့ ဒေါသက အလောင်းတစ်သန်းကို ဖြစ်စေတယ်ဆိုတဲ့ ဆိုရိုးစကားက တကယ့်ကို အမှန်ပဲ"
လုယွီက ထပ်မံ၍ ပြောဆိုသည်။
"စစ်သူတော်စင်လုက တိုက်ပွဲတစ်ပွဲတည်းနဲ့ ကျော်ကြားသွားတာက တကယ်ကို အံ့အားသင့်စရာပဲ... ကံကြမ္မာမီးတောက်တွေသာ ကျန်ခဲ့မယ်ဆိုရင် လောကကြီးမှာ အစွမ်းထက်တဲ့ စွမ်းအားတစ်မျိုးကို ထပ်ရအုံးမယ်... ဒါပေမဲ့ ဘာမှကျန်မနေခဲ့တာကတော့ နှမြောစရာပဲ"
"ကံကြမ္မာမီးတောက်တွေ ရှိခဲ့ရင်တောင် မင်းရော ငါရော ထိန်းချုပ်နိုင်စွမ်း ရှိမှာမဟုတ်ဘူး"
လုကျုံးရှန့်က ဤသည်မှာ လူငယ်တစ်ဦး၏ မာနကြီးသောအတွေးတစ်ခုဟုသာ ခံစားမိသဖြင့် ခေါင်းခါလိုက်သည်။
"မင်းက အဲ့ဒီမသေမျိုးမှော်လက်နက်နှစ်ခု ဘယ်နေရာမှာ ပုန်းကွယ်နေလဲဆိုတာကိုပဲ စဉ်းစားသင့်တယ်... ဒါက ဒီနေရာရဲ့ အကြီးမြတ်ဆုံး ကံကြမ္မာကောင်းကြီးပဲ"
သူသည် သူ၏နတ်ဘုရားစိတ်အာရုံကို ပတ်ဝန်းကျင်သို့ ဖြန့်ကျက်လိုက်သော်လည်း မသေမျိုးမှော်လက်နက်များ၏သဲလွန်စကို ရှာမတွေ့ခဲ့ချေ။
ဤမသေမျိုးလက်နက်တစ်ခုစီသည် အလယ်ခေတ်မှ အင်ပါယာတစ်ခု၏အခြေခံအုတ်မြစ်ကို ကိုယ်စားပြုပေ၏။
ထိုအရာများသည် ယခုလက်ရှိတွင် ပျက်စီးနေသည့် အခြေအနေ၌ ရှိနေလျှင်ပင် လောကကြီူတွင် ပြိုင်ဘက်ကင်း ဖြစ်နေပေလိမ့်မည်။ သို့ရာတွင် လုကျုံးရှန့် မည်သို့ပင် ကြိုးစားရှာဖွေသော်လည်း မသေမျိုးမှော်လက်နက်များ၏ သဲလွန်စကို ရှာမတွေ့ခဲ့ချေ။
"အဲ့ဒီမသေမျိုးမှော်လက်နက်တွေက ငါ့ရဲ့အပိုင် ဖြစ်လာမယ်ဆိုရင် မင်း ဘယ်လိုသဘောရလဲ"
လုယွီက ရုတ်တရက် ပြောဆိုသည်။
"အမ်... ဒါဆိုရင် မင်းက အဲ့ဒီမသေမျိုးမှော်လက်နက်နှစ်ခုရဲ့ တည်နေရာကို ရှာနိုင်တယ်လို့ ပြောတာလား"
လုကျုံးရှန်သည် လုယွီကို ခြေဆုံးခေါင်းဆုံးအကဲခတ်ပြီး အနည်းငယ်တွေဝေတုံ့ဆိုင်းသွားပေ၏။
"ဒီမသေမျိုးမှော်လက်နက်တွေရဲ့ လက်နက်စိတ်ဝိညာဥ်တွေတောင်မှ အတွေးစအမျှင်တန်းတွေအဖြစ် ပြောင်းလဲသွားခဲ့ပြီ... အဲ့ဒီမှော်လက်နက်တွေရဲ့ ပင်မကိုယ်ထည်တွေကလည်း ဆိုးဆိုးရွားရွား ပျက်စီးနေပြီးတော့ ပြန်ပြင်ဖို့တောင် မလွယ်လောက်တော့မှာကို ငါ စိုးရိမ်မိတယ်"
လုယွီက အလေးအနက်ထားသောအသံဖြင့် ပြောဆိုသည်။
"ဒါပေမဲ့ မသေမျိုးမှော်လက်နက်တွေရဲ့ အစအနတွေ ရရင်တောင် အသုံးဝင်သေးတယ်"
လုကျုံးရှန်သည် သူ၏ခန္ဓာကိုယ်နံဘေးပတ်လည်ရှိ မှော်စွမ်းအားများကို ရုတ်တရက် ဆင့်ခေါ်လိုက်သည်။ ခရမ်းရောင်မှော်စွမ်းအားများသည် သူ၏နဖူးတွင် စုဝေးသွားပြီး လေထုအတွင်း၌ ကြီးမားသော ကောင်းကင်ဘုံမျက်လုံးတစ်လုံး ထွက်ပေါ်လာသည်။
"ကောင်းကင်ဘုံမျက်လုံး ထွက်ပေါ်လာပြီး လောကတစ်သောင်းကို ထွန်းလင်းစေ... ပွင့်စမ်း"
လုကျုံးရှန့်၏ ကျယ်လောင်သောကြွေးကြော်သံနှင့်အတူ လေထုအတွင်းတွင် သိပ်သည်းနေသော ကောင်းကင်ဘုံမျက်လုံးသည် ချက်ချင်း ပွင့်လာပေ၏။
ရုတ်ချည်းဆိုသလိုပင် ထိုအရာသည် ကောင်းကင်ယံ၌ တောက်ပနေသော နေမင်းကြီးအလား အလင်းရောင်များ ဖြာကျလာကာ အမှောင်ထုအားလုံးကို ဖယ်ရှားလိုက်သည်။ ပတ်ဝန်းကျင်ရှိ အရာအားလုံးသည် ထိုအလင်းရောင်ကြောင့် ထွန်းလင်းသွားပြီး အလွန်အမင်း ရှင်းလင်းပြတ်သားသွားသည်။
ဤသည်မှာ မှော်စွမ်းအားများကို ကောင်းကင်ဘုံမျက်လုံးအဖြစ် သိပ်သည်းပြီး ပတ်ဝန်းကျင်ကို စူးစမ်းလေ့လာသည့် နည်းစနစ်တစ်ခုပင်။ ထိုနည်းစနစ်အတွက် အလွန်အစွမ်းထက်သော စိတ်ဝိညာဉ်စွမ်းအားကို အထောက်အပံ့အဖြစ် အသုံးပြုရန် လိုအပ်သည်။ ထိုသို့မဟုတ်ပါက လောကရှိ အရာအားလုံးကို မြင်တွေ့နိုင်လျှင်ပင် လိုအပ်သောအရာကို အချိန်တိုအတွင်း ရှာဖွေနိုင်မည် မဟုတ်ချေ။
မသေမျိုးမှော်လက်နက်များ၏ သွေးဆောင်မှုသည် အလွန်ကြီးမားပေ၏။ ထိုကြောင့် လုကျုံးရှန့်သည် တွန့်ဆုတ်မနေဘဲ ပတ်ဝန်းကျင်ကို လေ့လာရန်နှင့် မသေမျိုးလက်နက်များ၏ သဲလွန်စများကို ရှာဖွေရန် မှော်နည်းစနစ်တစ်ခုကို ချက်ချင်း အသုံးပြုလိုက်သည်။
လုယွီက လုကျုံးရှန့်သည် ဤသီးခြားလေဟာနယ်အတွင်းတွင် ကောင်းကင်ဘုံမျက်လုံးနည်းစနစ်ကို အသုံးပြု၍ ထပ်ခါတလဲလဲ ဖြန့်ကျက်ရှာဖွေနေသည်ကို စောင့်ကြည့်နေလိုက်သည်။
အချိန်နာရီဝက်တိတိ ကြာသွားပေ၏။ လုကျုံးရှန့်၏မျက်ခုံးများ တွန့်ချိုးသွားပြီး သူ၏မျက်နှာပေါ်တွင် တည်ကြည်လေးနက်သော အမူအယာတစ်ရပ် ထင်ဟပ်လာသည်။
"မသေမျိုးမှော်လက်နက်တွေရဲ့ ပင်မကိုယ်ထည်တွေက ဒီနေရာမှာမရှိတာများ ဖြစ်နေမလား... ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ... လက်နက်စိတ်ဝိညာဉ်တွေရဲ့ အတွေးစအမျှင်တန်းတွေ ရှိနေသေးမှတော့ မသေမျိုးမှော်လက်နက်တွေရဲ့ ပင်မကိုယ်ထည်တွေက အနီးအနားမှာ ရှိနေရမှာပေါ့"
လုကျုံရှန်က မကျေမနပ်ဖြစ်နေသောမျက်နှာဖြင့် တီးတိုးရေရွတ်လိုက်သည်။
သူသည် မှော်မန္တန်များကို အဆက်မပြတ် ထပ်မံရွတ်ဆိုကာ ခရမ်းရောင်အလင်းတန်းအမြောက်အများကို မိုးကောင်းကင်သို့ တန်းတန်းမတ်မတ် ပစ်လွှတ်လိုက်၏။ သူသည် သီးခြားလေဟာနယ်အတွင်းရှိ အရာအားလုံးကို စူးစမ်းလေ့လာနိုင်ရန် ရာနှင့်ချီသော ကောင်းကင်ဘုံမျက်လုံးများကို အမှန်တကယ် ဖန်တီးလိုက်သည်။
မရေမတွက်နိုင်သော ကောင်းကင်ဘုံမျက်လုံးများ တပြိုင်နက်တည်းပွင့်လာရာ အလွန်ကြောက်မက်ဖွယ်ကောင်းသော ခံစားချက်ကို ပေးစွမ်းနိုင်သည်။
သို့ရာတွင် နောက်ထပ်နာရီဝက်ခန့် လေ့လာပြီးသည့်တိုင် လုကျုံးရှန့်သည် မည်သည့်အရာကိုမျှ မတွေ့ရှိသေးချေ။
"ကောင်လေး... မင်း အဲ့ဒီမှာ မလှုပ်မယှက် ရပ်နေတာကို ငါ တွေ့တယ်... မင်း တစ်ခုခုကို သတိထားမိလို့လား"
လုကျုံးရှန့်သည် လုယွီက အေးဆေးတည်ငြိမ်သော မျက်နှာဖြင့် မတ်တတ်ရပ်နေသည်ကို မြင်တွေ့ချိန်၌ မမေးမြန်းဘဲ မနေနိုင်တော့ချေ။
လုယွီက လုကျုံးရှန့်ကို တစ်ချက်ကြည့်လိုက်ပြီး ရုတ်တရက် အလေးအနက်ထားသောလေသံဖြင့် ပြောဆိုသည်။
"ငါက မသေမျိုးမှော်လက်နက်တွေကို ရှာတွေ့ခဲ့ရင်... အဲ့ဒါတွေအားလုံး ငါ့ရဲ့အပိုင် ဖြစ်ရမယ်"
Chapter 5203
"မင်းက မသေမျိုးမှော်လက်နက်ကို ရှာနေတာလား... ကောင်းပြီလေ... ဒီလူအိုကြီးက စည်းကမ်းတွေကို သိတယ်... ဒီနေရာက ရတနာတွေက စွမ်းဆောင်နိုင်တဲ့လူရဲ့ အပိုင်ပဲ... မင်းမှာ အစွမ်းအစ ရှိမရှိ ကြည့်ကြသေးတာပေါ့"
လုကျုံးရှန့်၏မျက်နှာပေါ်တွင် မကျေမနပ်အမူအယာတစ်ရပ် ထင်ဟပ်နေကာ အေးစက်စက်နှာမှုတ်လိုက်သည်။
ဤခန်းမဆောင်အတွင်းသို့ ဝင်ရောက်လာချိန်မှစ၍ မည်သည့်နေရာသို့ ရောက်ရှိလာပါစေ လုကျုံးရှန့်သည် လုယွီ၏ဖိနှိပ်မှုကို အစဥ်အမြဲ ခံယူခဲ့ရသည်။
လုယွီသည် မျိုးဆက်သစ်လူငယ်တစ်ဦးသာ ဖြစ်သော်လည်း ဤနေရာအပေါ် သူ၏နားလည်မှုသည် လုကျုံးရှန့်ထက် ပို၍နက်ရှိုင်းပေ၏။ ဤသည်မှာ လုကျုံးရှန့်ကို အလွန်စိတ်အနှောက်အယှက် ဖြစ်စေသည်။
"ရတနာတွေက စွမ်းဆောင်နိုင်တဲ့လူရဲ့ အပိုင်... 'ဆိုတာက တကယ့်ကို ကောင်းတဲ့စကားပဲ... မင်းက ဒီစကားကို ပြောမှတော့ ငါ မင်းကို အထင်ကြီးလေးစားမိပြီ"
မသေမျိုးမှော်လက်နက်တစ်ခု၏ရှေ့တွင် လူအနည်းငယ်ကသာ ဤမျှထိ တည်ငြိမ်နိုင်ကြပေမည်။
သို့ရာတွင် လုကျုံးရှန့်သည် ထူးကဲသော တည်ငြိမ်မှုကို ပြသခဲ့ပေ၏။ သူသည် မသေမျိုးမှော်လက်နက်များအတွက်ပင် လက်လျှော့ပေးနိုင်ခဲ့သည်။
လုကျုံးရှန့်၏သဘောထားကြီးမှုကို မြင်တွေ့ချိန်၌ လုယွီသည်လည်း ယဉ်ကျေးမနေတော့ချေ။
လုကျုံရှန်က လှောင်ပြောင်သရော်လိုက်သည်။
"လူငယ်လေး... စိတ်ဝိညာဉ်စွမ်းအားနဲ့ ပတ်သက်ပြီးတော့ ငါ့ကို ယှဉ်ပြိုင်ဖို့ မင်းက အရမ်းငယ်လွန်းတယ်"
အတိတ်တွင် လုမိသားစု၌ ထိပ်သီးကျင့်သူများစွာ ရှိခဲ့သော်လည်း လုကျုံးရှန့်သည် စိတ်ဝိညာဉ်ကျင့်ကြံမှု၌ အနက်ရှိုင်းဆုံးလူပင်။ သူ၏စိတ်ဝိညာဉ်စွမ်းအားကို အပြည့်အဝထုတ်လွှတ်လိုက်သည့်အချိန်တွင် သူသည် ရှုံးနိမ့်ခဲ့ခြင်း မရှိသလောက်နီးပါးပင်။
နောက်ထပ်အချိန်တခဏတွင် လုယွီ၏စိတ်ထဲ၌ စိတ်လှုပ်ရှားမှုတစ်ခု ထွက်ပေါ်လာပေ၏။
သူ၏နောက်မှ ခန့်ညားထည်ဝါပြီး နက်နဲသိမ်မွေ့သည့် အလင်းတန်းများ ချက်ချင်း ပျံ့နှံ့လာပြီး ထိုအလင်းတန်းတစ်ခုစီအတွင်း၌ မသေမျိုးလက်နက်တစ်ခုစီ ပုန်းအောင်းနေသည်။
လူသားဧကရာဇ်ဓား...ကောင်းကင်ဘုံဧကရာဇ်ကြေးမုံ... ထိုက်အမ်းဓား..နဂါးစိမ်းလခြမ်းဓား...သေခြင်းရှင်ခြင်းသံလိုက်အိမ်မြှောင်...မဟာရတနာခေါင်းလောင်း...အင်မော်တယ်သင်္ကန်း...
ထိုမသေမျိုးမှော်လက်နက်တစ်ခုစီသည် ကြီးမားသော အင်မော်တယ်အရှိန်အဝါကို ထုတ်လွှတ်ထားပြီး နက်နဲသိမ်မွေ့ကာ ခန့်မှန်းရခက်ပြီး အံ့အားသင့်ဖွယ်ကောင်းသော စွမ်းအားများ ရှိနေသည်။
လုယွီသည် ရွှမ်အင်မော်တယ် အလယ်အလတ်အဆင့်သို့ တက်လှမ်းခဲ့သည့်အချိန်တွင် ဤမသေမျိုးမှော်လက်နက်များအားလုံးသည် ရှေးဦးသက်ရှိများ၏ ဖျက်ဆီးခြင်းကို ခံခဲ့ရပြီး ထိုအရာများ၏စိတ်ဝိညာဉ်စွမ်းအားများ ဆုံးရှုံးသွားခဲ့သည်။
သို့ရာတွင် ထိုသို့ဆိုသည့်တိုင် မသေမျိုးမှော်လက်နက်တစ်ခုစီသည် အင်မော်တယ်စွမ်းအားကို ထုတ်လွှတ်နေဆဲပင်။ ထိုအရာများသည် တခြားအရာများထက် ကျော်လွန်သော ကြောက်မက်ဖွယ်ဖိအားတစ်ရပ်ကို ဝိုးတဝါးထုတ်လွှတ်ထားပေ၏။
ဤမသေမျိုးမှော်လက်နက်များ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည့်အချိန်တွင် လုကျုံးရှန့်၏ မျက်နှာပေါ်မှ သရော်တော်တော်အပြုံး တဖြည်းဖြည်း တောင့်တင်းသွားသည်။
သူသည် အတွေ့အကြုံရင့်ကျင်သူသူတစ်ဦးဖြစ်ရာ လုယွီ ရုတ်တရက် ဆင့်ခေါ်လိုက်သော မှော်ရတနာများ၏အရည်အသွေးကို သိရှိပေ၏။
ဤမသေမျိုးလက်နက်များသည် စိတ်ဝိညာဉ်စွမ်းအားများ ဆုံးရှုံးသွားသော်လည်း အရည်အသွေးမှာမူ ကျန်ရှိနေဆဲပင်။ ထိုအရာတစ်ခုချင်းစီသည် စွမ်းအားကုန်ခမ်းသွားသော သန်မာသည့် ကျားတစ်ကောင်နှင့် တူညီသည်။ ထိုကျားသည် မြေပြင်ပေါ်တွင် လဲလျောင်းနေလျှင်ပင် သားရဲများအားလုံး၏ဘုရင် ဖြစ်နေဆဲပင်။
ဤအရာများအားလုံးသည် မယုံနိုင်ဖွယ်ကောင်းလောက်အောင်ပင် မသေမျိုးမှော်လက်နက်များ ဖြစ်နေကြသည်။
အထူးသဖြင့် လူသားဧကရာဇ်ဓား ထွက်ပေါ်လာသည့်အချိန်တွင် ပြင်းထန်သော ဧကရာဇ်တစ်ပါး၏အရှိန်အဝါသည် ကောင်းကင်ဘုံကိုးထပ်မှ ကျဆင်းလာသည့်အလားပင်။ ရွှေနဂါးတစ်ကောင် လောကကြီးအတွင်းသို့ ဆင်းသက်လာသသည့်အလား ကြီးမားပြီး အစွမ်းထက်သော အရှိန်အဝါတစ်ရပ် ထွက်ပေါ်လာကာ လုကျုံးရှန့်အား ဦးညွှတ်အရိုအသေပြုလိုသော စိတ်ဆန္ဒကို ဖြစ်ပေါ်စေခဲ့သည်။
လူသားဧကရာဇ်ဓား၏ကိုယ်ထည်ပေါ်တွင် ရှေးဟောင်းစည်းတံဆိပ်အက္ခရာ အမြောက်အများကို ထွင်းထုထားပြီး ရှေးကျကာ လောကဓံ၏အတွေ့အကြုံကို ခံထားရပုံပင်။
လုကျုံးရှန့်သည် သူ၏အပြုံးကို ရုတ်သိမ်းလိုက်ပြီး သူ၏မျက်နှာပေါ်တွင် မိန်းမောတွေဝေသွားသော အမူအယာတစ်ရပ် ထင်ဟပ်လာသည်။
"ဒါက... လူသားဧကရာဇ်ဓားလား"
သူသည် ပြည်နယ်အုပ်ချုပ်သူအရှင်တစ်ယောက်ဖြစ်ခဲ့ပြီး ကျန်းကျုံးဧကရာဇ် ယန်စစ်ဧကရာဇ်တို့နှင့် တွေ့ဆုံခဲ့ဖူးသောအကြီးအကဲတစ်ဦး ဖြစ်သည့်အတွက် လူသားဧကရာဇ်ဓားကို မှတ်မိနေသည်။
လုယွီ ပိုင်ဆိုင်သော မသေမျိုးမှော်လက်နက်များအားလုံးတွင် လူသားဧကရာဇ်ဓားသည် စွမ်းအားအပြင်းထန်ဆုံး မဟုတ်သော်လည်း သြဇာအာဏာ အကြီးမားဆုံးပင်။ ထိုအရာကို ပိုင်ဆိုင်ထားသော မည်သူမဆို အင်ပါယာ၏ ကျောက်စိမ်းတံဆိပ်တုံးကို ကိုင်ဆောင်ထားသကဲ့သို့ ဖြစ်ပြီး လူသားမျိုးနွယ်တစ်ခုလုံး၏ အုပ်ချုပ်သူအရှင် ဖြစ်လာပေမည်။
"မင်းမှာ လူသားဧကရာဇ်ဓား ဘယ်လိုလုပ်ပြီး ရှိနေတာလဲ... မင်းက တော်ဝင်မင်းသား ဒါမှမဟုတ် တော်ဝင်မိသားစုဝင်တစ်ယောက်လား... မဟုတ်သေးဘူး... ဒါက စစ်သူတော်စင်လုရဲ့ အမွေအနှစ်နယ်မြေပဲ... ကျိုးမိသားစုကလူတွေ လုံးဝဝင်လို့မရဘူး"
လုကျုံးရှန့်သည် သူ၏ဦးနှောက်အတွင်းသို့ သွေးမရောက်သကဲ့သို့ ခံစားမိပေ၏။ သူ၏ရှေ့မှမြင်ကွင်းသည် သူ့ကို လုံးလုံးလျားလျား ထိတ်လန့်တုန်လှုပ်စေခဲ့သည်။
နှစ်ထောင်ပေါင်းများစွာကြာအောင် လက်ဆင့်ကမ်းဆင်းသက်လာခဲ့သော သူတို့၏လုမိသားစုတွင်ပင် မသေမျိုးအဆင့် မှော်လက်နက်တစ်ခုသာရှိသည်။
သူ့ရှေ့မှ ဤလူငယ်၏မူရင်းဇစ်မြစ်ကို သူ မသိသော်လည်း ထိုလူငယ်သည် မသေမျိုးမှော်လက်နက်အမြောက်အများကို တစ်ချိန်တည်းတွင် ထုတ်ယူလိုက်ပေ၏။
ဤသည်မှာ လုံးလုံးလျားလျား မယုံကြည်နိုင်သော ကိစ္စတစ်ရပ်ပင်။
နောက်ထပ်အချိန်တခဏတွင် လုယွီသည် မသေမျိုးမှော်လက်နက်အားလုံးကို သူ၏စိတ်ဖြင့် ထိန်းချုပ်ကာ ပတ်ဝန်းကျင်မှလေဟာနယ်ကို ပြင်းထန်စွာ ဝါးမျိုစေခဲ့သည်။
ဝှီး....
လေထုအတွင်းမှ တိုးညှင်းသော လေတိုးသံတစ်သံ ထွက်ပေါ်လာ၏။ ရုတ်ချည်းဆိုသလိုပင် အဆုံးမရှိသော တွင်းနက်ကြီးခုနစ်ခုသည် လေဟာနယ်အတွင်း၌ ထွက်ပေါ်လာသည်။
Chapter 5204
အမှောင်ထုအတွင်းမှ ကြယ်ရောင်အစက်အပြောက်များ မျောလွင့်လာပြီး ဤမသေမျိုးလက်နက်ခုနစ်ခုအတွင်းသို့ ပေါင်းစပ်ဝင်ရောက်သွားသည်။
"မဟာဟန်ဓားနဲ့ မဟာဝူစစ်ဗုံ... ဒီမသေမျိုးမှော်လက်နက်နှစ်ခုက စွမ်းအားတူညီတဲ့ တည်ရှိမှုတွေပဲ... ဒီအရာရာ အချင်းချင်း တိုက်ခိုက်မိတဲ့အချိန်မှာ အတူတကွ ပျက်စီးသွားပြီးတော့ အမှုန်အမွှားတွေအဖြစ်နဲ့ လေထုထဲမှာ ပျံ့လွင့်သွားကြတယ်... ဒီအစအနတွေကို ပြန်ပြင်လို့မရဘူး... အနည်းဆုံးတော့ ငါရဲ့လက်ရှိစွမ်းအားနဲ့ ဒါတွေကို ပြန်မပြင်နိုင်သေးဘူး... ဒါပေမဲ့ အဲ့ဒီအစအနတွေကို ငါ့ရဲ့မသေမျိုးမှော်လက်နက်တွေထဲကို ပေါင်းစည်းနိုင်ပြီးတော့ ငါ့ရဲ့မှော်လက်နက်တွေကို အသက်စွမ်းအား ပြန်ရစေနိုင်တယ်"
လုယွီက ပီပြင်ပြတ်သားသောအသံဖြင့် ပြောဆိုလိုက်ပြီးနောက် သူသည် မှော်မန္တန်များကို တစ်ခုပြီးတစ်ခု ပတ်ဝန်းကျင်သို့ ပျံ့လွင့်သွားစေသည်။
ရုတ်ချည်းဆိုသလိုပင် ကောင်းကင်နှင့်မြေပြင်ကြား၌ မျောလွင့်နေသော မသေမျိုးမှော်လက်အစအနများအားလုံးကို လုယွီက ဖမ်းယူလိုက်ပြီး သူ၏မသေမျိုးမှော်လက်နက်များအားလုံးက ဝါးမျိုလိုက်ကြသည်။
ဤအစအနများသည် အမှုန်အမွှားများအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး အလွန်သေးငယ်ကာ ရှာဖွေတွေ့ရှိရန် ခက်ခဲသည်။
လုကျုံးရှန့်၏ နတ်ဘုရားစိတ်အာရုံသည် အစွမ်းထက်သော်လည်း သူသည် ဤအချက်ကို မတွေးမိခဲ့ချေ။ ဤသီးခြားလေဟာနယ်တွင် သန့်စင်သော စိတ်ဝိညာဉ်စွမ်းအားများ ရှိသည်ဟုသာ သူ ခံစားမိခဲ့သည်။ သို့ရာတွင် ဤစိတ်ဝိညာဉ်စွမ်းအားများသည် မသေမျိုးလက်နက် အစအနများမှ ဖြစ်ပေါ်လာမည်ဟု သူ တစ်ကြိမ်တစ်ခါမျှ မတွေးခဲ့ဖူးချေ။
"ငါ ဘာလို့ မတွေးမိခဲ့တာလဲ... ငါ ဘာလို့ မတွေးမိခဲ့တာလဲ"
လုကျုံရှန်အတွက် နောင်တရရန် နောက်ကျသွားခဲ့လေပြီ။
ကောင်းကင်နှင့်မြေပြင်ကြား၌ ပြန့်ကျဲနေသော ကြယ်ရောင်အစက်အပြောက်များအားလုံးသည် လုယွီ၏လက်ထဲသို့ ဆွဲငင်ခံရပြီး မသေမျိုးမှော်လက်နက်များအတွင်းသို့ ထည့်သွင်းခံလိုက်ရသည်ကို သူ မျက်လုံးအပြူးသားဖြင့် ကြည့်နေခဲ့ရသည်။
သီးခြားလေဟာနယ်၏ မိုးကောင်းကင်ယံသည် ရုတ်တရက် အေးစက်သောလေများ တိုက်ခတ်လာခြင်းနှင့်အတူ တိမ်ဖုံးသွားပေ၏။ ထို့နောက် ပတ်ဝန်းကျင်တွင် ပြောင်းလဲမှုများ ဆက်တိုက်ဖြစ်ပေါ်နေသည်။
ဤသီးခြားလေဟာနယ်သည် ရှေးဟောင်းအလယ်ခေတ်မှ ယခုအချိန်အထိ တည်ရှိနေရခြင်း အကြောင်းအရင်းမှာ မသေမျိုးမှော်လက်နှစ်ခု တည်ရှိနေသောကြောင့်ပင်။
သို့ရာတွင် လုယွီသည် မသေမျိုးမှော်လက်နက် အစအနများကို ဝါးမျိုလိုက်သည့်အချိန်တွင် ဤသီးခြားလေဟာနယ်သည်လည်း အလွန်လျင်မြန်သော အရှိန်အဟုန်ဖြင့် ပျက်စီးပြီး တဖြည်းဖြည်း ပျောက်ကွယ်စပြုလာသည်။
အမှောင်ထုအတွင်းတွင် ဓားတစ်လက်နှင့်ဗုံတစ်လုံး ထပ်မံ၍ ထွက်ပေါ်လာပေ၏။ ရှေးကျသော မှော်အက္ခရာများ မိုးကောင်းကင်ယံသို့ တန်းတန်းမတ်မတ်မြင့်တက်သွားပြီး ကြေကွဲဝမ်းနည်းဖွယ် စစ်သီချင်းသံစဉ်လှိုင်းများက လေဟာနယ်အတွင်းတွင် ပဲ့တင်ထပ်သွားသည်။
ထိုအရာများသည် ရှေးဟောင်းခေတ်ကတည်းက လက်ဆင့်ကမ်းဆင်းသကါလာခဲ့သော်လည်း ထိုကြေကွဲဖွယ် စစ်ပွဲကြီးအတွင်းတွင် မသေမျိုးမှော်လက်နက်နှစ်ခုလုံး ပျက်စီး ပျောက်ကွယ်သွားခဲ့သည်။
ရှေးဟောင်းခေတ်နှင့်အလယ်ခေတ်မှ အဖြစ်အပျက်ပေါင်းများစွာသည် ယခုချိန်၌ ပေါ့ပေါ့ပါးပါး ပြောဆိုစရာ အကြောင်းအရာများ ဖြစ်လာခဲ့ကြလေပြီ။
"မိုးကောင်းကင်တာအိုက မပြောင်းလဲဘူး... အရာအားလုံးမှာ သက်တမ်းရှိတယ်... သမိုင်းအလယ်ခေတ်က အင်ပါယာကြီးသုံးခု ပျက်စီးသွားခဲ့ပြီ... အမုန်းတရားနဲ့ ဆက်ပြီးအသက်ရှင်နေမယ့်အစား အခုကတည်းက ရန်ငြိုးတွေကိုလွှတ်ချပြီး ပျက်စီးသွားတာက ပိုကောင်းတယ်"
စကားတစ်ခွန်းတည်းဖြင့် လုယွီသည် ကောင်းကင်ဘုံမိုးကြိုးကို ဆင့်ခေါ် လိုက်သည်။
လူသားဧကရာဇ်ဓားကို တဖြည်းဖြည်း ပြုပြင်ပြီးသည့်အချိန်တွင် လုယွီ၏ခန္ဓာကိုယ်ပေါ်မှ လူသားဧကရာဇ်အရှိန်အဝါသည် မြင့်တက်လာပေ၏။ သူ၏နံဘေးပတ်လည်တွင် ရွှေနဂါးကိုးကောင်၏ပုံရိပ်က အဆက်မပြတ် ပျံဝဲနေပြီး ဟိန်းဟောက်သံများကို အဆက်မပြတ် ထုတ်လွှတ်နေသည်။
ပဋိပက္ခဖြစ်နေဆဲဖြစ်သော လက်နက်စိတ်ဝိညာဉ်အမျှင်တန်းနှစ်ခုသည် ရုတ်တရက် တောင့်တင်းသွားပြီး မလှုပ်ရှားနိုင်တော့ချေ။
လုယွီသည် ကောင်းကင်နှင့်မြေပြင်၏ ဥပဒေသများမှတဆင့် လက်နက်စိတ်ဝိညာဥ်အမျှင်တန်းနှစ်ခုကို လွှမ်းမိုးလိုက်ခြင်းပင်။
အကယ်၍ ထိုအရာများသည် အထွတ်အထိပ်အခြေအနေတွင် ရှိသော မသေမျိုးမှော်လက်နက်များ ဖြစ်နေခဲ့ပါက လုယွီ၏ ထိန်းချုပ်မှုမှ လွတ်မြောက်နိုင်ပေမည်။ သို့ရာတွင် ယခုချိန်၌မူ လက်နက်စိတ်ဝိညာဥ်အမျှင်တန်းနှစ်ခုသာ ကျန်ရှိတော့ရာ ထိုအရာများသည် လုယွီ၏ ရှေ့တွင် အရေးမပါတော့ချေ။
လက်နက်စိတ်ဝိညာဥ်အမျှင်တန်းနှစ်ခုသည် တောင့်တင်းသွားပြီး နောက်ထပ်အချိန်တခဏတွင် ချက်ချင်းပျောက်ကွယ်သွားပေ၏။
ထိုလက်နက်စိတ်ဝိညာဥ်အမျှင်တန်းနှစ်ခု ပျောက်ကွယ်သွားသည့်အချိန်တွင် မသေမျိုးမှော်လက်နက် အစအနများအားလုံး ဝါးမျိုခြင်းခံလိုက်ရသည်။ နတ်ဘုရားလက်နက်ခုနစ်ခုအနက် ပထမဆုံးပြန်လည်ကောင်းမွန်လာသည်မှာ သေခြင်းရှင်ခြင်းသံလိုက်အိမ်မြှောင်ပင်။ သူသည် အရွယ်ရောက်လူတစ်ယောက်၏ အရပ်တစ်ဝက်မျှ မြင့်သော ကောင်လေးတစ်ယောက်အဖြစ် ကြီးထွားလာပြီး ရှစ်နှစ် ကိုးနှစ်ခန့် ရှိဟန်တူသည်။ သူ့ထံတွင် မျက်လုံးတောက်တောက်နှင့်သွားဖြူဖြူများ ရှိပြီး အစိမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားကာ လူငယ် အစေခံတစ်ဦးနှင့် တူညီနေသည်။
"သခင်... သခင် ဘာမှမဖြစ်လို့ တော်သေးတယ်"
သေခြင်းရှင်ခြင်းသံလိုက်အိမ်မြှောင်သည် လက်ခုပ်တီးကာ ခုန်ပေါက်နေပြီး သူ၏မျက်နှာပေါ်တွင် ပျော်ရွှင်ပြီး စိတ်လှုပ်ရှားနေသော အပြုံးများဖြင့် ပြည့်နှက်နေသည်။
သူ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသည့်အချိန်တွင် လုယွီသည် ရှေးဦးသက်ရှိနှင့် ရင်ဆိုင်နေရဆဲဖြစ်ပြီး အနည်းငယ်ပေါ့ဆမှုကပင် လုယွီ၏အသက်ကို ဆုံးရှုံးသွားစေနိုင်သည်။
ယခုချိန်၌ သူ ပြန်လည် နိုးထလာပြီး လုယွီအား ဘေးကင်းလုံခြုံစွာ တွေ့မြင်ရချိန်၌ သေခြင်းရှင်ခြင်းသံလိုက်အိမ်မြှောင်သည် ပျော်ရွှင်စွာ ကြွေးကြော်လိုက်၏။
"မသေမျိုးမှော်လက်နက်ရဲ့ လက်နက်စိတ်ဝိညာဉ်လား"
လုကျုံးရှန့်၏မျက်လုံးသူငယ်အိမ်များ ရုတ်တရက် ကျဥ်းမြောင်းသွားပြီး သူ၏စိတ်နှလုံးသားအတွင်း၌ အလွန်အမင်းထိတ်လန့်တုန်လှုပ်သွားသည်။
"သေချာဂရုစိုက်ပြီး ပြန်ကောင်းအောင်နေ... မင်းက ကံကြမ္မာဆိုးကို ကံကြမ္မာကောင်းအဖြစ် ပြောင်းလဲခဲ့ပြီးတော့ သေခြင်းရှင်ခြင်းရဲ့ အစစ်အမှန်နက်နဲတဲ့ အဓိပ္ပာယ်ကို တွေ့ကြုံခံစားခဲ့ရပြီ... အခု သေခြင်းကနေ ပြန်လည်မွေးဖွားလာပြီဆိုတော့ မင်းရဲ့စွမ်းအားက အရင်ထက်ပိုပြီး သန်မာအားကောင်းလာလိမ့်မယ်"
လုယွီသည် သေခြင်းရှင်ခြင်းသံလိုက်အိမ်မြှောင်၏ခေါင်းကို ပွတ်သပ်ပြီး ပြောဆိုလိုက်၏။
Chapter 5205
"ဒီအရှိန်နှုန်းက အရမ်းနှေးတယ်"
ထို့နောက် လုယွီသည် ရုတ်တရက် သူ၏လက်ကိုမြှောက်လိုက်ပြီး မှော်မန္တန်တစ်ခုကို ရွတ်ဆိုကာ လေဟာနယ်အတွင်းသို့ သူ၏လက်ကို ဖမ်းဆုပ်လိုက်သည်။
ရုတ်ချည်းဆိုသလိုပင် ပတ်ဝန်းကျင်ရှိ မြေပြင်ပေါ်တွင် ထူထပ်သိပ်သည်းစွာ ပြည့်နှက်နေသော တောက်ပသည့် လက်နက်အစအနများ ရုတ်တရက် ထွက်ပေါ်လာပြီး ထိုအရာများအားလုံး စုစည်းသွားကြသည်။
ဤလှုပ်ရှားမှုသည် လုကျုံးရှန့်ကို ပို၍ပင် အံ့အားသင့်သွားစေပေ၏။
ကောင်းကင်နှင့်မြေပြင်ကြားရှိ ဖုန်မှုန့်များကို ဖမ်းယူရန်မှာ မခက်ခဲချေ။ သို့ရာတွင် မှော်ရတနာများ၏အစအနများအားလုံးကို ချက်ချင်း ရှာဖွေတွေ့ရှိရန်မှာမူ အလွန်ခက်ခဲပြီး အလွန်အစွမ်းထက်သော စိတ်ဝိညာဉ်စွမ်းအားရှိရန် လိုအပ်သည်။
လုကျုံးရှန့်က သူ၏ စိတ်ဝိညာဉ်စွမ်းအားသည် ပြိုင်ဘက်ကင်းကြောင်း ယုံကြည်ချက်ရှိသည်။ ထိုသို့မဟုတ်ပါက သူသည် ပြင်ပရှိ အလင်းအကာအကွယ်ကို ဖြတ်ကျော်နိုင်ခဲ့မည် မဟုတ်ချေ။
သို့ရာတွင် လုယွီ၏ နည်းလမ်းများကို မြင်တွေ့ပြီးနောက် လုကျုံးရှန့်၏စိတ်နှလုံးသားသည် အနည်းငယ် မတည်မငြိမ် ဖြစ်လာပေ၏။
ဤနည်းလမ်းမျိုးကို သူ မလုပ်နိုင်ကြောင်း လုကျုံးရှန့်က တိတ်တဆိတ် ဝန်ခံလိုက်သည်။
"စိတ်ဝိညာဉ်အနှစ်သာရတွေ စုဝေးပြီးတော့... ဧကရာဇ်ဆီကို လာခဲ့ကြစမ်း..."
လုယွီသည် အတွေးတစ်ချက်ဖြင့် မသေမျိုးလက်နက်အစအနများအားလုံးကို လမ်းကြောင်းပြောင်းလိုက်ရာ ထိုအရာများအားလုံး လူသားဧကရာဇ်ဓားထဲသို့ ပေါင်းစည်းဝင်ရောက်သွားသည်။
ရုတ်ချည်းဆိုသလိုပင် ပူလောင်သော အရှိန်အဝါတစ်ရပ် လုယွီထံသို့ တိုးဝင်လာသည်။ ထို့နောက် လုယွီသည် သိသာထင်ရှားသော တိုးတက်မှုတစ်ခုကို ရရှိလိုက်သည်ဟု ရုတ်တရက် ခံစားလိုက်ရသည်။ ဤသည်မှာ ဧကရာဇ်တစ်ပါးက အင်ပါယာတစ်ခုကို ထိန်းချုပ်ထားသည့်အလားပင်။ အင်ပါယာ၏အင်အား တိုးလာပါက ဧကရာဇ်၏ အင်အားသည်လည်း မြင့်တက်လာပေမည်။
ဤသည်မှာ လုယွီ ယခုလက်ရှိ ခံစားနေရသောအရာပင်။
ထိုတိုးတက်မှု၏ အရှိန်အဝါသည် အလွန်မြန်ဆန်ပြီး တိမ်များပေါ်တွင် ထိုင်ကာ မိုးကောင်းကင်ယံအလွန်သို့ မြင့်တက်သွားသကဲ့သို့ ဖြစ်ပြီး သူ၏စိတ်ထဲတွင် ကောင်းကင်နှင့်မြေကြီးကို ထိန်းချုပ်နိုင်သော ခံစားချက်မျိုးရှိနေပေ၏။
လူသားဧကရာဇ်ဓားသည် တောက်ပသော အဝါရောင်ရွှေနဂါးတစ်ကောင်အဖြစ် ပြောင်းလဲသွားပြီး လုယွီ၏နံဘေးပတ်လည်တွင် ပျံဝဲနေကာ ကောင်းကင်နှင့်မြေပြင်ကို တုန်ခါစေသော မိုးခြိမ်းသံကဲ့သို့ ဟိန်းဟောက်သံကို ထုတ်လွှတ်နေသည်။
ထို့နောက် ရွှေရောင်အလင်းတန်းများ စုစည်းသွားပြီး လုယွီ၏အရေပြားထဲသို့ စိမ့်ဝင်သွားပေ၏။
လုယွီသည် ဤရွှေရောင်အလင်းတန်းထဲတွင် နတ်ဘုရားဧကရာဇ်တစ်ပါးကဲ့သို့ ပလ္လင်ခွေ ထိုင်နေသည်။ သူ၏မျက်လုံးများ ပွင့်လာသည့်အချိန်တွင် နက်နဲသိမ်မွေ့သော အရှိန်အဝါတစ်ရပ်ရှိနေကာ ကောင်းကင်နှင့်မြေပြင်အကြားရှိ အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသည်။
"ကံမကောင်းစွာနဲ့ ဒီမသေမျိုးမှော်လက်နက်နှစ်ခုက အရမ်းကို ဆိုးဆိုးရွားရွား ပျက်စီးနေတယ်... တကယ်လို့ ဒီမသေမျိုးလက်နက် နှစ်ခုသာ ပြီးပြည့်စုံတဲ့အခြေအနေမှာ ရှိနေသေးရင် ငါက ဒါတွေကို တိုက်ရိုက် သန့်စင်ပြီးတော့ ငါ့ရဲ့ နတ်ဘုရားလက်နက်တွေအားလုံး ပြန်ပြီးကောင်းလာအောင် သုံးနိုင်လိမ့်မယ်... အဲ့ဒီအချိန်ကျရင် ဒါတွေက အစွမ်းထက်တဲ့ အထောက်အကူတွေ ဖြစ်လာမှာပဲ..."
လုယွီသည် သက်ပြင်း အနည်းငယ် ချလိုက်သော်လည်း ဤခံစားချက်ကို လျင်မြန်စွာ ဖယ်ရှားလိုက်သည်။
လောကကြီးအတွင်းရှိ အရာအားလုံးသည် သူ၏ဆန္ဒအတိုင်း ဖြစ်မလာနိုင်ချေ။
မသေမျိုးမှော်လက်နက်နှစ်ခု ပျောက်ကွယ်သွားသည့်အချိန်တွင် သီးခြားကမ္ဘာသည်လည်း တဖြည်းဖြည်း ပျောက်ကွယ်စပြုလာသည်။ ပတ်ဝန်းကျင်မှ အမှောင်ထုသည် လျင်မြန်စွာလွင့်ပြယ်သွားပြီး ခန်းမကြီး၏မြင်ကွင်း တဖန်ပြန်၍ ပေါ်လွင်လာသည်။
သို့ရာတွင် ထိုအချိန်မှာပင် မီးတောက်တစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး လေဟာနယ်ကို ထွင်းဖောက်သွားသည်။
"အမ်...."
လုယွီသည် ရုတ်တရက် ခြိမ်းခြောက်နိုင်မှုတစ်ရပ်ကို ခံစားလိုက်ရပြီး သူ၏မျက်လုံးများကို ဖွင့်လိုက်သည်။ ရွှေနဂါးကိုးကောင်သည် သူ၏ခေါင်းနောက်တွင် ပျံဝဲနေပြီး မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော ဟိန်းဟောက်သံများကို ထုတ်လွှတ်ထားပေ၏။
ထို့နောက် သူ၏လက်ကိုမြှောက်၍ ဖိနှိမ်လိုက်ရာ ရွှေရောင်အလင်းတန်း လက်ဝါးပုံရိပ်ယောင်ကြီးတစ်ခု ပျံ့လွင့်သွားသည်။
ဤသည်မှာ ဖိနှိပ်ခြင်းပင်။
ကောင်းကင်ဘုံသားတော်သည် အရာအားလုံးကို ဖိနှိပ်ပြီး လောကရှိ မနာခံမှုများအားလုံးကို လွှမ်းမိုးချုပ်ကိုင်နိုင်သည်။
လုယွီသည် လူသားဧကရာဇ်ဓားကို ပြုပြင်ခဲ့ပြီး ထိုအရာ၏အသိအမှတ်ပြုမှုကို ရရှိခဲ့သဖြင့် လူသားဧကရာဇ်တစ်ယောက် ဖြစ်လာရန် အရည်အချင်းကို ပိုင်ဆိုင်ထားပြီးလေပြီ။
ရွှေရောင်လက်ဝါးပုံရိပ်ယောင်ကြီးနှင့်အတူ လုယွီသည် "ဖိနှိပ်" ဟူသော စကားလုံးကို ကြွေးကြော်လိုက်၏။ သူ၏ပါးစပ်မှ မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သောအသံ ထွက်ပေါ်လာသည်။ ထိုစကားလုံး ကျရောက်သွားသည့်အချိန်တွင် ၎င်းက ကောင်းကင်နှင့်မြေပြင်ကို တုန်ခါစေပြီး နေနှင့်လတို့ကို အရောင်ပြောင်းစေကာ တုန်ခါသံသည် အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသည်။
သီးခြားကမ္ဘာ၏လေဟာနယ်သည် လုယွီ၏ အော်ဟစ်သံမှ အရှိန်အဝါကို တောင့်မခံနိုင်ဘဲ တစ်လက်မချင်း စတင်၍ကွဲအက်လာပြီး ပျက်စီးလုနီးပါး ဖြစ်သွားလေ၏။
တစ်ချိန်တည်းတွင် မီးတောက်သည် လုယွီ၏လက်အတွင်းတွင် ပြင်းထန်စွာ ရုန်းကန်နေသည်။ သို့ရာတွင် ထူထပ်သိပ်သည်းသော မှော်မန္တန်ရာပေါင်းများစွာဖြင့် ဖုံးအုပ်ခံလိုက်ရသဖြင့် ထိုအရာ၏ရုန်းကန်မှု ချက်ချင်းရပ်တန့်သွားပြီး တဖြည်းဖြည်း ငြိမ်သက်သွားသည်။
ထိုမီးတောက်သည် မပေါက်ကွဲဘဲ မျက်နှာပြင်ပေါ်တွင် ခြေသုံးချောင်းရွှေကျီးတစ်ကောင်ပုံစံ ထွင်းထုထားသော ကျောက်စိမ်းတံဆိပ်တုံးငယ်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး မယုံနိုင်လောက်အောင် အသက်ဝင်နေသည်။ ထိုကျောက်စိမ်းတံဆိပ်တုံး၏ မျက်နှာပြင်ပေါ်တွင် မီးတောက်တစ်လွှာ တွယ်ကပ်နေသည့်အလား အနီရောင်အလင်းစီးကြောင်းတစ်ခုကလည်း မရပ်မနား တဖျပ်ဖျပ်လင်းလက်နေသည်။
လုယွီသည် ကျောက်စိမ်းတံဆိပ်တုံးကို လှန်လိုက်ရာ ထိုပေါ်တွင် စာလုံးကြီးတချို့ကို ထွင်းထုထားသည်အား မြင်တွေ့မိသည်။
'ကံကြမ္မာမီးတောက် မိုးကောင်းကင်ယံကို လောင်ကျွမ်းစေ'
Thank For Reading.