Chapters

မမြင်ရ မသိရသည့် အခြေနေက ကြောက်စရာ

Vol. 19 Ch. 181

မမြင်ရ မသိရသည့် အခြေနေက ကြောက်စရာ

Vol. 19 Ch. 181

အင်မော်တယ်လောကနဲ့ မူလလောကနှစ်ခုလုံး ထူးခြားတဲ့ လှုပ်ခတ်မှုကြောင့် အလေးအနက်ဖြစ်နေကြရသည်။

အထူးသဖြင့် မူလဧကရာဇ်နောက်ပိုင်း မူလလောကမှ ကျင့်ကြံသူများမှာ ပို၍စည်းလုံးလာကြပြီး နောက်ထပ်တကြိမ် အဓိပ္ပါယ်မဲ့ စစ်ပွဲများမစတင်တော့ရန် နားလည်မှုယူထားကြပြီးနောက် မူလလောက တိုးတက်စေရန် အဘက်ဘက်မှ အားထုတ်ကြတော့သည်။

လက်ရှိမူလလောက၌ တသီးပုဂ္ဂိုလ် ဦးဆောင်တာမျိုး မရှိတော့ပေ။ အင်အားကြီး မိသားစုကြီးများနဲ့ ဂိုဏ်းကြီးများက အာဏာကို ခွဲဝေဆုပ်ကိုင်လိုက်ကြပြီး မူလလောကအတွက် မတူညီတဲ့ စည်းမျဥ်းများ ဥပဒေသများဖြင့် တင်းကျပ်စွာ ထိန်းချုပ်လိုက်ကြသည်။

ထိုစည်းမျဥ်းများထဲ၌ အင်မော်တယ်လောကနဲ့ စစ်ပွဲထပ်မံ မဖြစ်ပွားရန် ထို့အပြင် မူလဧကရာဇ်ကဲ့သို့ အခြားလောက၏ အကူညီကိုယူ၍ မကောင်းသည့်လုပ်ရပ်များ မပြုလုပ်ရန် အထူးသတိထားသွားကြသည်။ လောကနှစ်ခုကြား တိုက်ပွဲ၌ ၎င်းတို့မသေဆုံးခဲ့ရသည်မှာ ကံကောင်းလွန်း၍ ဖြစ်သည်။

မူလလောကနည်းတူ အင်မော်တယ်လောကတွင်လည်း လုလင်းယွဲ့ တင်းဟောက် မိုးမြေဧကရာဇ်နဲ့ အခြားသူများအားလုံးက လောကသုံးခုလုံး လှုပ်ခါသွားခြင်းနဲ့ပက်သက်၍ အလေးအနက် ဆွေးနွေးနေကြသည်။

“မှတ်တမ်းတွေထဲမှာတော့ ကျုပ်တို့လောကထက် ပိုအားကောင်းတဲ့ လောကတခု နီးကပ်လာရင် ခုလိုအဖြစ်ပျက်မျိုး ဖြစ်တတ်တယ်လို့ ရေးထားတာရှိတယ်”

မိုးမြေဧကရာဇ်က သူသိထားသည့်အချက်အချို့အား ထုတ်ပြောသည်။ အင်မော်တယ်ဘုရင်တစ်ဦးကလည်း ထိုစကားအားထောက်ခံသည်။

“ကျုပ်လည်း အဲ့လိုဖတ်ဖူးပါတယ် ဒါပေမယ့် ကျုပ်တို့လောကထက် ပိုအားကောင်းတဲ့ ထျန်ဟွမ်လောကဆိုတာ အခုချိန်မှာပေါင်းစည်းပြီးသား မဟုတ်လား”

ထိုမေးခွန်းက အကုန်လုံးကို အကျပ်ရိုက်သွားစေပြီး ၎င်းတို့သိထားမှုအရဆိုလျင် ထျန်းဟွမ်လောကကြောင့် လှုပ်ခတ်ရပါသည်ဆိုပါကလည်း လောကသုံးခု ပေါင်းစပ်ပြီးသည်မှာ အချိန်တစ်ခုရှိနေလေပြီ။

“စကြာဝဋာထဲမှာ ပြင်းထန်တဲ့ တိုက်ပွဲတွေ ဒါမှမဟုတ် ကြီးမားတဲ့ ပြောင်းလဲမှုတွေ ဖြစ်နေတာများလား”

တင်းဟောက်က တွေးတွေးဆဆ ဆိုသည်။ လွန်ခဲ့သည့်နှစ်ထောင်ပေါင်းများစွာက စကြာဝဋာအတွင်း တိုက်ပွဲများစွာဖြစ်ဖူးပြီး အင်မော်တယ်လောကနဲ့ အတန်အသင့်ဝေးကွာသည့် ဟင်းလင်းပြင် နယ်မြေများအတွင်း သက်ရှိလောကများ အချင်းချင်း တိုက်ခိုက်ကြပြီး ထိုတိုက်ပွဲများ၌ နတ်ဘုရားပါ ပါဝင်လေ့ရှိသည်။

“လှုပ်ခတ်မှုက ကြမ်းတမ်းတယ်ဆိုပေမယ့် ကြာချိန်က တိုတောင်းလွန်းနေတယ် ဒါက ရှင်ပြောသလို တိုက်ပွဲရဲ့လက္ခဏာ မဟုတ်လောက်ဘူး ပထမဆုံးအချက်ဖြစ်တဲ့ အားကောင်းတဲ့ အရာတစ်ခုခု ကျွန်မတို့လောကနား ချဥ်းကပ်လာတာဖြစ်နိုင်တယ် ဒါမှမဟုတ် သခင်လေးက နောက်ထပ်လောကတစ်ခုကို..”

လုလင်းယွဲ့က စကားကိုဆက်မပြောလိုက်ချေ။ သို့သော်လည်း အကုန်လုံးက အကြောင်းစုံသိထားပြီးသူများဖြစ်၍ စကားကိုဆက်စရာမလိုတော့ပဲ နောက်ဆက်တွဲအား ခန့်မှန်းနိုင်လေသည်။

“ဖြစ်နိုင်တယ်..ကျုပ်တော့ သခင်လေးတစ်ခုခု စီစဥ်နေတာလို့ ထင်တယ်”

အင်မော်တယ်ဧကရာဇ်တစ်ဦးက အားတက်သရော တုန့်ပြန်သည်။ ကျောက်စိမ်းဧကရီ ဓားဖြူဧကရာဇ်တို့ထံမှ ယန်ခန့်အကြောင်းသိခွင့်ရခဲ့ပြီးနောက် ၎င်းတို့မှာ ယန်ချန့်အပေါ် အထင်ကြီးလေးစားနေကြလေသည်။

လုလင်းယွဲ့က တည်ငြိမ်စွာပဲ ခေါင်းညိတ်ပြလိုက်သည်။ သူမလည်းထိုသို့ ခံစားနေခဲ့ပြီး သူမတို့မသိတာက ထိုအဖြစ်ပျက်ကို လောကသုံးခုစလုံး တူညီစွာခံစားခဲ့ပြီး ယန်ချန်က ငလျင်လှုပ်သည်ဟု ပေါ့ပေါ့ဆဆ မှတ်ယူနေခြင်း ဖြစ်သည်။

“ဒီတော့ အကြောင်းစုံသိရဖို့ ဧကရီက ထျန်းဟွမ်လောကဆီ ထပ်သွားဦးမလား”

မိုးမြေဧကရာဇ်ရဲ့အမေးကို လုလင်းယွဲ့က

“သွားရမယ် မကြာခင်သခင်လေးယန်ကို အင်မော်တယ်လောကဆီ အလည်အပတ်လာဖို့ ဖိတ်ခေါ်ထားတာရှိတယ် စကားမစပ် ရှင်တို့ အလည်ပတ်ကိစ္စကို အလေးအနက်ရှိထားကြပါ သခင်လေးယန် ကျွန်မတို့အင်မော်တယ်တွေကို အမြင်ဆိုးတွေ ရှိမသွားစေချင်ဘူး”

“စိတ်ချပါ ကျုပ်တို့ နားလည်ပါတယ်”

“မပူပါနဲ့ ဧကရီ စိတ်ချထားလိုက်ပါ ကျုပ်တို့ သေချာစီစဥ်ထားပါ့မယ်”

အကုန်လုံးက ကတိကဝတ်များပေးလာကြပြီး ထူးခြားတဲ့ပုဂ္ဂိုလ်ကြီး လာရောက်မည့်အရေးအား အလေးနက် ဆက်၍ တိုင်ပင်နေကြတော့သည်။

လောကများရဲ့အပြင်ဘက် စကြာဝဋာတစ်နေရာမှာတော့ သွေးမြစ်ကြီးတစ်စင်းက ဖြေးလေးစွာ ရွေ့လျားနေပြီး သွေးမြစ်ကြီးထဲမှ မျက်နှာကြီးမှာတော့ တစ်စုံတခုအား ရှာဖွေနေသည်အလား လောကများစွာကို စူးစိုက်စစ်ဆေးနေလေသည်။

……………………………………………..