အင်မော်တယ်လောကသို့ ခရီး
Vol. 19 Ch. 182
နေ့ရက်အချို့ ထပ်မံကုန်ဆုံးသွားသည်။ မကြာခင်၌ လုလင်းယွဲ့ တင်းဟောက်တို့ ရောက်ရှိလာပြီး ယန်ချန် ရှုယင်တို့သားအမိ မင်ဝမ် မင်ယုရှန်း ကျင်းလုံ စုလဲ့ ကျန်းရင်ရင်တို့ကို အင်မော်တယ်လောကဆီ လာရောက်ခေါ်ဆောင်တော့သည်။
အခြားသူများမှာ လိုက်ပါရန် ဆန္ဒရှိကြသော်လည်း ယန်ချန်နဲ့အတူ လိုက်ပါရန်မှာ အနည်းငယ်မသင့်လျော်ရာ ကျသည်ဟုတွေးမိပြီးနောက် နောက်အကြိမ်များ၌သာ သီးသန့်လိုက်ပါမည်ဟု လုလင်းယွဲ့အား အသိပေးလိုက်ကြသည်။
ယန်ချန့်အကြည့်က အင်မော်တယ်ယာဥ်ပျံအား လှည့်ပတ်စစ်ဆေးနေပြီး ထူးခြားသည့် တည်ဆောက်ပုံနဲ့ အသွင်ပြင်များမှာ အထင်ကြီးဖွယ်ကောင်းသည်ဟု တွေးနေမိသည်။ အများအားဖြင့် သေမျိုးယာဥ်ပျံများက ဆန်းကြယ်သော်လည်း အင်မော်တယ်ယာဥ်ပျံရဲ့ ခြေဖျားကိုပင် မမှိီချေ။
အကြောင်းမှာ ပိုမိုမြင့်မာသည့် ရတနာများ မသေမျိုးနည်းစနစ်များက ထိုသို့ကွာဟချက်ကို ဖြစ်ပေါ်စေပြီး နှစ်သောင်းပေါင်းများစွာ ရှင်သန်ခဲ့ကြသည့် အင်မော်တယ်များ၌ ပိုမိုများပြားသည့် အရင်းအမြစ်များစွာ ရှိနေသည်။
“သခင်လေးယန် ဘယ်လိုထင်လဲ”
လုလင်းယွဲ့က ယာဥ်ပျံကိုစစ်ဆေးနေသည့် ယန်ချန်အား မေးလာသည်။ ယန်ချန်က အနည်းငယ်လှည့်ပတ်ကြည့်လိုက်သည်။
“အသွင်ပြင်ကတော့ ထူးခြားတယ် အမြန်နှုန်းကလည်း”
ယန်ချန့်အကြည့်က ယာဥ်ပျံရဲ့ အပြင်ဘက်ကို တချက်ရောက်သွားခဲ့ပြီး လုလင်းယွဲ့က တမင်တကာ အမြန်နှုန်းလျော့ချထားခြင်းကြောင့် ယာဥ်ပျံတဖြေးဖြေး မြင့်တက်လာသည်ကို အတိုင်းသား မြင်တွေ့နေလေသည်။
“ဒီယာဥ်ရဲ့အမြန်ဆုံးအရှိန်က ထင်မှတ်ထားတာထက် ပိုများမယ်လို့ ယူဆရတယ် ဒါပေမယ့် ယာဥ်ပျံအတွင်းပိုင်း ခုခံမှုစနစ်တွေမှာတော့ အားနည်းချက်အချို့ ရှိနေသေးတယ်”
ယန်ချန့်စကားအဆုံး၌ တင်းဟောက်က ခေါင်းညိတ်ပြလာသည်။ ယာဥ်ပျံမှာ ဓားဖြူဧကရာဇ် တင်းဟောက်ရဲ့ တင်းမိသားစု ထိပ်တန်းအမွေအနှစ်ဖြစ်ကာ ထိုယာဥ်ပျံကို နတ်ဘုရားဘုံထိ တက်ရောက်သွားပြီဖြစ်တဲ့ ဘိုးဘေးနတ်ဘုရားတစ်ပါးက တည်ဆောက်ခဲ့သည်ဟု ဆိုကြပြီး အဆင့်ဆင့်လက်ဆင့်ကမ်း လာခဲ့ကြသည်။
“ဒါက ကျုပ်တို့ တင်းမိသားစုရဲ့ အထွဋ်အမြတ်ရတနာပါ မိသားစုမျိူးရိုး အဆက်ဆက် လက်ဆင့်ကမ်းလာတာပေါ့ အချိန်တွေ ကြာလာပြီးနောက် အစီရင်စနစ်အချို့ ချို့ယွင်းလာတာက ထုံးစံပါပဲ”
ယန်ချန်က ခေါင်းညိတ်ပြသည်။ အင်မော်တယ်ရတနာများပင် အချိန်၏ တိုက်စားခြင်းအောက် မလွတ်နိင်ချေ။
“ဒါနဲ့ သခင်လေးယန်က ပြန်ပြုပြင်ပေးလို့ရနိုင်မလား”
တင်းဟောက်က အလေးအနက်မေးလာသည်။ ထိုအချိန် ယာဥ်ပျံကတော့ ထျန်းဟွမ်လောက အကာရံကိုထိုးဖောက်သွားပြီး ဟင်းလင်းပြင်နယ်မြေထဲ ရောက်ရှိသွားပြီဖြစ်ကာ ရှုယင်တို့သားအမိ ကျန်းရင်ရင် စုလဲ့ တို့မှာ ထူးခြားသည့် စကြာဝဋာ ဟင်းလင်းပြင်ကြီး၏ တိတ်ဆိတ်မှောင်မိုက်မှုကိုကြည့်၍ တုန်လှုပ်နေကြလေသည်။
လောကများ၏ အပြင်ဘက်၌ ဤသို့အရာများ ရှိနေသည်တဲ့လား။ သာမန်သူများအနေဖြင့် မိမိနေထိုင်ရာ မြို့ ရွာမှ အခြားနေရာတစ်ခုကိုပင် ရောက်ရှိရန်ခက်ခဲပြီး ကျင့်ကြံသူများကတော့ လောကအပြင်ဘက်ကိုထွက်နိုင်ရန် မင်ယုရှန်း၏ ကျင့်ကြံဆင့်ရှိထားရမည် ဖြစ်သည်။ သူတော်စင်အဆင့်ကိုရောက်မှသာ ဟင်းလင်းပြင်ထဲ တည်ရှိနိုင်ပြီး သူတော်စင်အဆင့်အောက် အဆင့်များကတော့ ပြင်းထန်တဲ့ဖိအားများကို တောင့်မခံနိုင်သောကြောင့် ဟင်းလင်းပြင်နယ်မြေများထဲ ထွက်ရန် အခွင့်ရေးမရှိပေ။
ယင်ယင်လေးက ဝေးကွာလွန်းသည့် နေရာများဆီက သေးငယ်တဲ့ အစက်ပြောက်များကိုကြည့်ကာ ခုန်ဆွခုန်ဆွ ဖြစ်နေလေသည်။
“မေမေ မေမေ ဟိုးမှာ ကြယ်တွေအများကြီးပဲ”
ယင်ယင့်အသံကြောင့် ရှုယင်လည်း သမီးဖြစ်သူညွန်ပြရာ နေရာကိုကြည့်လိုက်သည်။ မှိတ်တုတ်မှိတ်တုတ် အလင်းစက်များက ကောင်းကင်ထက်၌ တည်ရှိနေတတ်သည့် ကြယ်ပွင့်များအလား လင်းလက်နေသည်။
“အနည်းကျဥ်းပဲ ပြင်ဖို့လိုတာပါ ကျုပ်ကြိုးစားကြည့်မယ်”
ယန်ချန်က စကားကိုမတိုးသာမလျော့သာ အခြေနေတခု၌ပြောလိုက်ပြီး သေမျိုးတစ်ဦးက အင်မော်တယ်ယာဥ်ပျံအ ပြင်ဆင်ခြင်းနဲ့ပက်သက်၍ တဖက်သူများ မယုံကြည်နိုင်လောက်ဟု သူထင်နေခဲ့သည်။
ယန်ချန့်စကားကိုကြားလျင် တင်းဟောက်တစ်ယောက် ကျေနပ်သွားပြီး ယာဥ်ပျံ၏ အစီရင်အကျဥ်းချုပ်နဲ့ တည်ဆောက်မှုပုံစံများအား ထုတ်ပြလာသည်။ တခဏအကြာ၌ ယန်ချန် တင်းဟောက် လုလင်းယွဲ့တို့က အစီရင်များကို လေ့လာနေကြပြီး မင်ယုရှန်း စုလဲ့ ကျန်းရင်ရင် မင်ဝမ်တို့ကတော့ ထူးခြားသည့် အင်မော်တယ်လောကအကြောင်း ဆွေးနွေးနေကြလေသည်။
ထိုအချိန် ယင်ယင်ကတော့ ရှုယင်နဲ့အတူ ယာဥ်ပျံ၏ အပြင်ဘက်မြင်ကွင်းများအား စိတ်ဝင်တစားလေ့လာနေပြီး တင်းဟောက်က သိတတ်စွာဖြင့် ယာဥ်ပျံရဲ့အရှိန်ကို အနှေးဆုံးအနေထားဖြင့်သာ မောင်းနှင်စေခြင်းက ယင်ယင်တို့သားအမိတွက် အဆင်ပြေနေလေသည်။
သေးငယ်သည့် လက်ကလေးတဖက်က အသီးတစ်လုံးအား ဆုပ်ယူလိုက်ပြီး ဂျွတ်ခနဲ မြည်အောင် တချက်ကိုက်ဝါးလိုက်သည်။ ထိုအသီးမှ ယင်ယင်တခါမှမစားဖူးသည့် အင်မော်တယ်သစ်သီးဖြစ်ပြီး ထိုသစ်သီးကို သာမန်အင်မော်တယ်များပင် ဘဝတလျှောက်လုံး စားဖူးမည်မဟုတ်ချေ။
ယာဥ်ပျံပေါ်မှာတော့ အဆင့်တန်းမြင့်မားသည့် တင်းဟောက် လုလင်းယွဲ့တို့ကြောင့် ထိုကဲ့သို့သစ်သီးများမှာ အချိုပွဲသာသာ ဖြစ်နေသည်။ အင်မော်တယ်သစ်သီးများက အင်မော်တယ်များ၏ ခွန်အားကိုပမာဏတစ်ခုထိ မြင့်တင့်ပေးနိုင်ပြီး ထိုသစ်သီးများအသုံးပြု၍ ကျင့်ကြံဆင့်ကို တိုးမြင့်နိုင်လေသည်။
ယန်ချန်တို့ အစီရင်ထဲအာရုံရောက်နေချိန် ယင်ယင်လေး၏ ကျယ်လောင်တဲ့အသံတစ်ခုက အကုန်လုံး၏ အာရုံကိုဆွဲဆောင်သွားလေသည်။
“မေမေ မေမေဟိုးမှာသွေးတွေအများကြီးပဲ လေပေါ်ပျံနေတယ်”
ထိုစကားသံကြောင့် မင်ဝမ်တို့အဖွဲမှာလည်း အနည်းငယ်တုန်လှုပ်သွားပြီး သွေးတွေအများကြီးဟူသည့် စကားလုံးက ထူးခြားနေသည်ဟု ခံစားသွားကြရကာ ယင်ယင်လေးတို့သားအမိနား အလျင်မြန်ရောက်ရှိလာပြီး အပြင်ဘက်နေရာအား ကြည့်လိုက်ကြတော့သည်။
“ဟမ်..”
မင်ဝမ် မင်ယုရှန်း စုလဲ့ ကျန်းရင်ရင် တင်းဟောက်နဲ့ လုလင်းယွဲ့တို့အားလုံး မှင်သက်သွားကြပြီး သွေးမြစ်ကြီးတစ်စင်းတည်ရှိနေသည်ကို တွေ့မြင်သွားကြတော့သည်။ ယန်ချန်တစ်ယောက် ရုတ်တရက်ကြီး မှင်သက်နေကြသည့် သူများကိုကြည့်၍ အနည်းငယ်ပြုံးလိုက်သည်။
စကြာဝဋာထဲ၌ ဂြိုလ်များ ကြယ်များမှလွဲ၍ ထူးခြားတဲ့အရာမရှ်နိုင်ဟု သူထင်သည်။ ထိုသူများမှာ အကဲပိုလွန်းနေသည်ဟု သက်မှတ်လိုက်ပြီး အနည်းငယ်စပ်စုကြည့်ရန် ဆုံးဖြတ်ကာ ထလာခဲ့သည်။
လုလင်းယွဲ့က အလျင်မြန်သတိဝင်လာပြီး ယန်ချန့်ကို ထိုထူးခြားသည့် မြင်ကွင်းအား ကြည့်စေသည်။ ယန်ချန့်ရဲ့အကြည့်က အလွန်ဝေးကွာသည့် ဟင်းလင်းပြင်နေရာအား စူးစိုက်ကြည့်လိုက်ချိန်၌ သွေးမြစ်ကြီးတစ်စင်းကို တွေ့လိုက်ရသည်။
ဒုတ်!
ရုတ်တရက် ပြင်းထန်တဲ့နာကျင်မှုကြောင့် ယန်ချန် ဒူးထောက်ကျသွားသည်။ အခြားသူများမှာ ယန်ချန်ရဲ့ ရုတ်ချည်းထူးခြားတဲ့ အပြုအမူကြောင့် မှင်သက်သွားပြီး ထိုအချိန်၌ ယန်ခန်တစ်ယောက်မှာတော့ အာရုံများဝေဝါးနေကာ သူ့စိတ်ထဲ၌ များပြားသည့် သွေးများက မြစ်ကြီးတစ်စင်းနှယ် သူ့ခန္ဓာကိုယ်ထဲ တိုးဝင်နေသလို ခံစားနေရပြီး ပြင်းထန်တဲ့ နာကျင်မှုကြောင့် ပေါက်ကွဲအော်ဟစ်ပစ်လိုက်ချင်နေသည်။
……………………………………………