အင်မော်တယ်လောကအား ရောက်ရှိခြင်း
Vol. 19 Ch. 184
ယန်ချန်တစ်ယောက် သတိပြန်လည်ရရှိလာချိန်၌ ကြီးမားသည့်ကုတင်ကြီးတစ်လုံးပေါ် လဲလျောင်းနေသည်ကို ခံစားမိသွားသည်။
ထိုအရာက ယာဥ်ပျံအတွင်းမှ အခန်းတခုအတွင်းဖြစ်ပြီး ထိုအခန်းမှယာဥ်ပျံရဲ့ အကောင်းဆုံးအခန်းကျယ်တစ်ခု ဖြစ်သည်။
ယန်ချန်ရဲ့အကြည့်က အခန်းအတွင်း ဝေ့ဝဲသွားသည်။ သူ မည်မျှကြာအောင် သတိမေ့နေခဲ့ပြီး ထူးဆန်းတဲ့မြင်ကွင်းကကော အစစ်မှန်လား အိပ်မက်လား မသဲကွဲပေ။ ခံစားနေရသည်ကတော့ အစစ်မှန်ပင်။
ကုတင်ကြီးဘေးမှာတော့ ရှုယင်တို့သားအမိ မင်ယုရှန်း ကျန်းရင်ရင် လုလင်းယွဲ့တို့က ယန်ချန့်ကို စိုးရိမ်နေသည့်အကြည့်များဖြင့် ဝိုင်းဝန်းကြည့်ရှုနေသည်ကို မြင်လိုက်ရသည်။
ယန်ချန်တယောက် သတိပြန်ဝင်လာသည်ကိုမြင်လျင် ရှုယင်မှာဝမ်းသာသွားပြီး သူမရဲ့မျက်လုံးထောင့်များကို လက်ခုံဖြင့် တိတ်တဆိတ် သုတ်ဖယ်လိုက်သည်။
မင်ယုရှန်း ကျန်းရင်ရင် လုလင်းယွဲ့တို့မှာမူ စိတ်သက်သာရာရဟန်ဖြင့် သက်ပြင်းကိုယ်စီချလိုက်ကြသည်။
“သခင်လေး သတိရလာပြီ ဘယ်လိုလဲနေရတာ အဆင်ပြေရဲ့လား”
ရှူယင်က ယန်ချန့်တကိုယ်လု ထိကိုင်လုနီးပါး အမူအရာဖြင့် မေးမြန်းနေပြီး သူမဘေးမှ ယင်ယင်လေးကလည်း ယန်ချန့်ကို မျက်ရည်များဝဲနေသည့် မျက်လုံးအစုံဖြင့် ကြည့်နေသည်။
“ဦးဦး သတိရလာပြီ ဦးဦးဘာမှမဖြစ်တော့ဘူး”
ယင်ယင့်အသံကြောင့် အခြားသူများလည်း ရောက်ရှိလာကာ မင်ဝမ် ကျင်းလုံ စုလဲ့ တင်းဟောက်တို့ ဖြစ်သည်။ ယန်ချန်က အိပ်ရာထက်မှ ဖြေးညင်းစွာ ထထိုင်လိုက်သည်။
“ဘာမှမဖြစ်ပါဘူး အိပ်မက်ဆိုးမက်တာပါ အဆင်ပြေပါတယ်”
ယန်ချန်ကထိုသို့ပြောနေသော်လည်း ထိုသူများအမြင်၌ ယန်ချန့်ကဲ့သို့ လူမျိုးကိုပင် ဒူးထောက်ကျသွားစေပြီး နာရီပေါင်းများစွာ သတိလစ်သွားစေသည့် အဖြစ်ပျက်က ပေါ့သေးသေးတော့ မဟုတ်ချေ။ ထို့ကြောင့် ၎င်းတို့မှာ စိတ်ပူပန်နေပြီး မမြင်ရသည့် အခြေနေက မည်သို့ရှိနေမည်ကို သိလိုနေကြသည်။ ယန်ချန်တစ်ယောက် မည်သည့်အရာများ ဖြစိနေသနည်း။
“ကျတော်သတိလစ်သွားတာ ဘယ်လောက်ကြာပြီလဲ”
ယန်ချန့်အမေးကို မင်ယုရှန်းက ပြန်ဖြေသည်။
“သိပ်မကြာပါဘူး နာရီနှစ်ဆယ်နီးပါးလောက်ပါပဲ”
နာရီနှစ်ဆယ်….။ ထိုအရာက တရက်တာနီးပါးဖြစ်ပြီး တဖက်မြင်ကွင်းများကို သူတွေ့ခဲ့ချိန်က မိနစ်ပိုင်းမျှသာကြာမြင့်သည်ဟု ထင်နေမိသည်။ ထိုသို့ဆိုလျှင် ထိုမြင်ကွင်းများက အစစ်မှန်မဟုတ်နိုင်တော့။
အကုန်လုံး၏ စိုးရိမ်နေတဲ့အမူရာများကို ကြည့်၍ မိတ်ဆွေအပေါင်းသင်းများစွာ ရှိခြင်းနဲ့ပက်သက်ပြီး အနည်းငယ်လည်း စိတ်ကျေနပ်သွားမိသည်။ သူက တစ်ယောက်တည်းမဟုတ်တော့ချေ။
“ဘာမှမဖြစ်ပါဘူး ထူးခြားတဲ့အိပ်မက်တချို့ မြင်မက်သွားတာပါ ဒါနဲ့ အင်မော်တယ်လောကကို ရောက်ပြီလား”
“ရောက်ခါနီးပါပြီ သခင်လေးယန်သတိလစ်နေလို့ အထဲမဝင်ပဲစောင့်နေတာပါ”
လုလင်းယွဲ့က ထိုသို့ပြောပြီးနောက် တင်းဟောက်အား အင်မော်တယ်ယာဥ်ပျံကို အင်မော်တယ်လောကဆီ မောင်းနှင်စေသည်။ ခရီးလမ်းတလျှောက် အလိုလျောက်မောင်းနှင်စေခဲ့သော်လည်း အင်မော်တယ်လောက အကာရံနဲ့နီးကပ်လာချိန်မှာတော့ ကိုယ်တိုင်ပြန်လည် မောင်းနှင်ခြင်း ဖြစ်သည်။
ယာဥ်ပျံက အင်မော်တယ်လောက၏ အကာရံအား ဖြည်းညင်းစွာထိုးဖောက်သွားပြီး မကြာမီမှာပဲ အင်မော်တယ်လောကဆီ ရောက်ရှိသွားတော့သည်။
ယန်ချန် ရှုယင်တို့သားအမိ မင်ဝမ်တို့မြေးအဖိုး ကျင်းလုံ စုလဲ့ ကျန်းရင်ရင်တို့က ယာဥ်ပျံပေါ်မှတဆင့် အင်မော်တယ်လောကကြီးအား ကြည့်ရှုနေကြလေသည်။
အင်မော်တယ်လောကကြီးမှာ မသေမျိုးများ၏ ဘုံဗိမ္မာန်ဟု တင်စားရလောက်အောင်ပင် ပတ်ဝန်းကျင်တစ်ခုလုံး သာယာနေပြီး သက်တောင့်သက်သာရှိသည့် လေထုနဲ့ လက်ဆတ်တဲ့ပတ်ဝန်းကျင်မြင်ကွင်းကြောင့် ယန်ချန်တို့မှာ အနည်းငယ် တက်ကြွလာသလို ခံစားသွားရသည်။
ယာဥ်ပျံကို ကြီးမားသည့် အဆောက်ဦးတခုရှေ့ ရပ်လိုက်ပြီး ယန်ချန်တို့ဆင်းသက်သွားချိန်၌ အရှိန်ဝါများ တောက်ပစွာဖြင့် ရှိနေကြသည့် အင်မော်တယ်များစွာက လာရောက်ကြိုဆိုနေကြသည်ကို တွေ့လိုက်ရသည်။
“ဧကရီဆိုတဲ့အတိုင်းပဲ သြဇာကြီးလွန်းတယ်”
ယန်ချန်ကထိုသူများ သူတို့ကိုလာရောက် ကြိုဆိုသည်ဟု မထင်ပဲ လုလင်းယွဲ့၏ အရှိန်ဝါကြောင့် ရောက်ရှိလာသည်ဟုပင် မှတ်ယူနေလေသည်။
မကြာမီ အကုန်လုံး ကျယ်ဝန်းသည့် ခန်းမကြီးတစ်ခုဆီ ရောက်ရှိသွားသည်။ လာရောက်ကြိုဆိုနေကြသည့် အင်မော်တယ်များမှာ ယန်ချန့်ကို အလေးနက်ပုံစံဖြင့် ကြည့်ရှုနေကြပြီး လုလင်းယွဲ့ တင်းဟောက်တို့က မိတ်မဆက်ပေးသည့်အတွက် စတင်မိတ်ဆက်ရန် တုန့်ဆိုင်းနေပုံရလေသည်။
မိုးမြေဧကရာဇ်မှာ ယန်ချန့်အား စူးစိုက်ကြည့်နေပြီး ထိုလူငယ်မှာ တင်းဟောက်နဲ့ လုလင်းယွဲ့တို့၏ လေးစားမှုကို မည်သည့်အတွက်ကြောင့် ရရှိနေသည်အား ခန့်မှန်းနေလေသည်။ သို့သော်လည်း အကြောင်းစုံသိထားပြီးဖြစ်၍ မယုံနိုင်ဖြစ်နေသော်လည်း ယန်ချန့်ကိုတော့ လေးစားစိတ်မှာ မလျော့ပါးချေ။
ယန်ချန်က အင်မော်တယ်များစွာရဲ့ အကြည့်အောက်၌ပင် မင်ယုရှန်း မင်ဝမ်နဲ့ အခြားသူများကို အချင်းချင်း မိတ်ဆက်စေပြီး သူကိုယ်တိုင်ကလည်း မိတ်ဆက်စကားဆိုလေသည်။
“အင်မော်တယ်ကြီးတို့ ကျုပ်က ယန်ချန်ပါ တွေ့ရတာဝမ်းသာပါတယ်”
“ ကျုပ်က မိုးမြေဧကရာဇ်ပါ တွေ့ရတာဝမ်းသာပါတယ် သခင်လေးယန်”
“တေွ့ရတာဝမ်းသာပါတယ်”
အကုန်လုံးက ပြန်လည်နှုတ်ဆက်လာကြပြီး ယန်ချန့်ရဲ့ သေမျိုးအရှိန်ဝါကိုတော့ မည်သူမှ မလေးမစားမလုပ်ရဲချေ။ ထိုသူက လောကသုံးခုကိုပေါင်းစည်းခဲ့ပြီး သားရဲသခင်ကိုလည်း အလွယ်တကူဖိနှိပ်ခဲ့သူဖြစ်ကာ ဓားဖြူဧကရာဇ်မှာ ထိုသူရဲ့ပန်းချီကားတချပ်ကြောင့် နတ်ဘုရားတစ်ဝက်အဆင့်ကို ရောက်ရှိသွားခြင်းဖြစ်လေသည်။
၎င်းတို့သိထားချက်အရ ယန်ချန်ရဲ့ လက်နက်များ ဆေးလုံးများက နတ်ဘုရားအဆင့်များဖြစ်ပြီး ဥပမာအနေဖြင့် လုလင်းယွဲ့ကိုင်ဆောင်သည့် သုံးပေခန့်အရှည်ရှိ ဓားအား ကြည့်ရှုနိုင်သည်။ ထိုဓားမှာ နတ်ဘုရားအဆင့် ဖြစ်သည်။
ထို့ကြောင့် အင်မော်တယ်များပင် အလိုချင်ဆုံး ဖြစ်နေသည့်အရာများမှာ ထိုသူအတွက် အသေးအမွှားများ ဖြစ်နေသည့်အပေါ် မည်သူက အထင်သေးရဲမည်နည်း။
ယန်ချန်တစ်ယောက် အင်မော်တယ်များ၏ ဖော်ရွေမှုကြောင့် အနည်းငယ်နေရခက်သလိုပင် ခံစားလာရပြီး အကုန်လုံးက ငယ်ပေါင်းများ ပြန်လည်တွေ့ဆုံနေသည့်နှယ် တရင်းတနီး ဆက်ဆံနေခြင်းဖြစ်သည်။
ထိုအပြုအမူက အခြားသူများအပေါ် ဖိအားများလျော့ကျစေပြီး သေမျိုးနဲ့ မသေမျိုးကြား ဖိအားမှာ လုံးဝသက်ရောက်မှုမရှိတော့ချေ။
(လောကနှစ်ခုအကူးပြောင်းမှာ မတူညီတဲ့လောကတွေရဲ့ ဖိအားတွေကို ယန်ချန်ကြောင့် သူနဲ့အတူပါလာတဲ့သူတွေအကုန်လုံး မည်သည့်အရာမှ မခံစားမိခဲ့)
ယင်ယင်လေးမှာ ပြုံးရွှင်နေပြီး ရှုယင်၏ပေါင်ပေါ်မှနေ၍ အင်မော်တယ်များ ကမ်းပေးသည့် စားစရာများ တခုပြီးတခုယူကာ ပျော်ရွှင်စွာ စားသောက်နေပြီး ယန်ချန် မင်ယုရှန်း လုလင်းယွဲ့ တင်းဟောက် မင်ဝမ် ကျင်းလုံ စုလဲ့ မိုးမြေဧကရာဇ်တို့မှာမူ အခြားအကြောင်းအရာများအား စကားစမြည်းပြောဆိုနေကြသည်။
ယန်ချန်က တင်းဟောက်ရဲ့ ယာဥ်ပျံအား မကြာမီအပြီးသတ်ပေးမည်ဟု ပြောဆိုကာ ထိုစကားအားကြားလျင် အခြားအင်မော်တယ်များကလည်း ၎င်းတို့၏ ယာဥ်ပျံအသီးသီးအား စစ်ဆေးပေးစေလိုသည့် စိတ်များဖြစ်ပေါ်လာကြသည်။ သို့သော်လည်း လုလင်းယွဲ့၏ တင်းမာသည့်အကြည့်တချက်ကြောင့် ထိုသို့ပြောမည့် စကားလုံးများအား ပြန်မြိုချလိုက်ရတော့သည်။
………………………………………………