အင်မော်တယ်လောက အလည်ပတ်ခရီး
Vol. 19 Ch. 185
တွေ့ဆုံမှုက နာရီအနည်းငယ်ကြာပြီးနောက် ပြီးဆုံးသွားခဲ့ကာ လုလင်းယွဲ့က ယန်ချန်တို့အတွက် ကျောက်စိမ်းဂိုဏ်းအတွင်း အကောင်းဆုံးအဆောင်တစ်ခု၌ နေရာချပေးလေသည်။
လိုအပ်သည်များကို ခိုင်းစေရန် ဂိုဏ်းသားအချို့စီစဥ်ပေးထားပြီး အင်မော်တယ်လောက၏ အကောင်းဆုံးဆိုတဲ့ အရာများကိုသာပြင်ဆင်ထားပေးလေသည်။
ယာဥ်ပျံနဲ့ခရီးဆက်ခြင်းက သက်တောင့်သက်သာ ရှိသော်လည်း ယန်ချန့်အတွက်တော့ မထင်မှတ်ထားတဲ့ မြင်ကွင်းများကြုံခဲ့ရခြင်းကြောင့် အနည်းငယ် စိတ်ပင်ပန်းနေသလို ခံစားနေရလေသည်။
ထို့အပြင် ခံစားခဲ့ရသည်များက အစစ်အမှန်ဆန်လွန်ပြီး ထိုအဖြစ်ပျက်များမှာ ရုပ်ရှင်ဇာတ်ကားတစ်ခု ကြည့်နေရသည့်နှယ် ဖြစ်သည်။
“ဒါက ဘာအဓိပ္ပါယ်ဖြစ်မလဲ ငါဒီလောကထဲ ရောက်ပြီးအချိန်အတော်ကြာသည့်အထိ ဒီလိုထူးခြားတဲ့ မြင်ကွင်းကို ပထမဆုံးကြုံဖူးတာပဲ”
ယန်ချန် တီးတိုးရေရွတ်ရင်း ပြန်လည်စဥ်းစားနေလေသည်။ အသုံးမကျသည့် စနစ်ထွက်ခွာသွားပြီးနောက် စနစ်မှသက်မှတ်ထားသည့် အနှစ်တရာသေမျိုးဘဝကို အန္တရာယ်ကင်းကင်း ဖြတ်သန်းနိုင်ရန် ကြိုးစားခဲ့ရပြီး မထင်မှတ်စွာဖြင့် သူနဲ့ ကျင့်ကြံသူများကြား သဟဇာတ ဆက်ဆံရေးတစ်ခု တည်ဆောက်နိုင်ခဲ့သည်။
ယခု သေမျိုးများဘယ်တော့မှမရနိုင်သည့် အင်မော်တယ်လောက ခရီးစဥ်ကိုပါ လာရောက်ခွင့်ရပြီး ထိုအဖြစ်ပျက်က ကျင့်ကြံသူဖြစ်မလာသော်လည်း ထူးခြားတဲ့စွမ်းရည်များကို ပိုင်ဆိုင်စေသည့် စနစ်ရဲ့ သင်ကြားပေးမှုကို ကျေးဇူးတင်ရပေမည်။
“ထားလိုက်တော့ စဥ်းစားနေတာ အသုံးမဝင်ဘူး အိပ်မက်မဟုတ်ရင် စိတ်ဂယောက်ခြောက်ခြားဖြစ်တာပဲနေမယ် ဒါနဲ့ သွေးမြစ်ကြီးကဘာလဲ”
သွေးမြစ်ကြီးဆီ အတွေးရောက်သွားပြန်သည်။ သူစတိမလစ်ခင်က သွေးမြစ်ကြီးကိုနောက်ဆုံး မြင်ခဲ့ရပြီး သတိလစ်နေစဥ် မြင်ကွင်းထဲမှာလည်း သွေးမြစ်ကြီးတစ်စင်း ပါဝင်နေသည်ကို တွေ့ခဲ့ရသည်။ ထိုသို့ဆိုလျှင် သွေးမြစ်ကြီးက အခရာ ကျနေသည်လား။
ယန်ချန်တယောက် အတွေးများစွာဖြင့် အိပ်ပျော်သွားခဲ့ပြီး နောက်တနေ့မနက်မှာတော့ ယင်ယင်ရဲ့နှောင့်ယှက်မှုကြောင့် အိပ်ရာမှလူးလဲထခဲ့ရသည်။
ယင်ယင်လေးမှာ ချစ်စရာကောင်းသည့် အစိမ်းနုရောင်ဂါဝန်ရှည်အား ဝတ်ဆင်ထားပြီး အိပ်ပျော်နေသည့် ယန်ချန့်ရင်ဘတ်ပေါ် ခွထိုင်ကာ သေးငယ်တဲ့လက်လေးနှစ်ဖက်က ယန်ချန့်ပါးပြင်ကို ဘယ်ညာဖိပွတ်ရင်း အိပ်ရာမှနိုးစေရန် ကြိုးစားနေလေသည်။
“ဦးဦး.ထ ထတော့လေ အပြင်လျှောက်လည်ကြမယ်လေ”
“ဦးဦး ထတော့လို့..”
သူမရဲ့အသံလေးက ယန်ချန့်နားထဲ အဆက်မပြတ်တိုးဝင်လာချိန်မှာတော့ ယန်ချန်တစ်ယောက် အိပ်နေရာမှ နိုးသွားရတော့သည်။
“အင်း..”
“ဟုတ်ပါပြီ ဦးဦးထပါ့မယ်”
ယန်ချန်တစ်ယောက် လူးလဲထပြီးနောက် ကိုယ်လက်သန့်စင်ကာ လုလင်းယွဲ့ မင်ယုရှန်း ရှုယင် အခြားသူများနဲ့အတူ မနက်စာ စားသည်။ ထို့နောက် လုလင်းယွဲ့စီစဥ်ပေးသည့် ခမ်းနားတဲ့ရထားလုံးကြီးနဲ့အတူ ကျောက်စိမ်းဂိုဏ်းကြီး တည်ရှိရာ ကျောက်စိမ်းမြို့တော်ကြီးဆီ ထွက်ခွာလာကြတော့သည်။
မြိုတော်ကြီးမှာ ကီလိုမီတာ ထောင်ပေါင်းများစွာကျယ်ဝန်းပြီး ထိုကဲ့သို့မြို့ကြီးများ အင်မော်တယ်လောက၌ ရာနဲ့ချီ ရှိနေသည်။
ယင်ယင်မှာ ရထားလုံးပေါ်မှတဆင့် ပတ်ဝန်းကျင်ရှိ မြင်ကွင်းများကိုစိတ်ဝင်တစား ကြည့်ရှုနေပြီး အင်မော်တယ်လောကသည်လည်း သေမျိုးလောကလိုပင် အင်မော်တယ်မဟုတ်သည့် သာမန်လူများပြည့်နှက်နေသည်။
ထိုသူများက အင်မော်တယ်များမဟုတ်သော်လည်း အင်မော်တယ်လောက၌ မွေးဖွားလာခြင်းကြောင့် သက်တမ်းမှာအလွန်ရှည်လျားပေသည်။
မြို့ကြီးတစ်ခုလုံးကိုတော့ ရှည်လျားကျယ်ဝန်းသည့် လမ်းများရှုပ်ယှက်ခက်စွာ ဝန်းရံထားပြီး လမ်းတချက်စီ၌ ကြီးမားတဲ့ဆိုင်ခန်းကြီးများက ဝန်းရံထားသည်။
ယန်ချန်တို့အဖွဲ့က မြို့တော်၏ အလယ်ဆီသို့ တရွေ့ရွေ့သွားနေပြီး ကျောက်စိမ်းမြို့၌ ကျောက်စိမ်းဂိုဏ်းမှာ အာဏာသက်ရောက်မှု ပြင်းထန်သည်။ နေရာအနှံ့ပြား၌ ကျောက်စိမ်းဂိုဏ်းသားများစွာကို တွေ့နေရပြီး ထိုဂိုဏ်းသားများက သာမန်သူများအထိခိုက်မရှိစေရန် ကာကွယ်ပေးခြင်း ကျင့်ကြံသူအချင်းချင်း အနိုင်ကျင့်ခြင်းကို ကာကွယ်ခြင်းတို့ လုပ်ဆောင်ပေးသောကြောင့် ကျောက်စိမ်းဂိုဏ်းရဲ့ ဂုဏ်သတင်းမှာ ကောင်းမွန်သည်ဟု ဆိုနိုင်သည်။
လုလင်းယွဲ့မှာ သူမရဲ့အသွင်ပြင်ကို ပြောင်းလဲထားပြီး ထိုအသွင်ပြင်က သာမန်ဆန်တဲ့ရုပ်ရည်ရှိသော်လည်း ဧကရီမ၏ အရှိန်ဝါကိုတော့ အပြည့်အဝမဖုံးကွယ်နိုင်ချေ။
သေးသွယ်တဲ့ခါးအထက်၌ ချည်ထည်ခါးပတ်တစ်ခု ပတ်ထားပြီး အဖြူရောင်ဝတ်ရုံရှည်က ကိုယ်လုံးအပြည့်ဖုံးအုပ်ထားသည်။ သို့သော်လည်း စွင့်ကားနေသည့် တင်ပါးများကိုတော့ မဖုံးကွယ်နိုင်ချေ။
ထို့ကြောင့် အသွင်ပြင်မှာသာမန်ဆန်သော်လည်း ဆွဲဆောင်မှုကတော့ ထိပ်တန်းအဆင့်၌ ရှိနေဆဲဖြစ်ပြီး လမ်းသွားလမ်းလာများက သူမနဲ့မင်ယုရှန်းတို့ကိုမြင်သည်နှင့် လည်ပြန်ငေးကြည့်သွားကြလေသည်။
ကျင့်ကြံသူများ အင်မော်တယ်များမှာ ရုပ်ရည်ကြည့်ကောင်းကြသည်။ သို့သော် လည်ပြန်ငေးရလောက်သည်အထိ ချောမောလှပသူကတော့ ရှားလေသည်။ ယန်ချန့်အကြည့်က မင်ယုရှန်းနဲ့အပြိုင် ဆွဲဆောင်နေသည့် လုလင်းယွဲ့ကိုတလှည့် တည်ငြိမ်သည့် အမူရာဖြင့် ရင့်ကျက်တဲ့ အလှတရားဖြင့် ရှုယင်ကိုတလှည့်ကြည့်ကာ အနည်းငယ်ခေါင်းယမ်းလိုက်မိသည်။
အလှတရားများက သူ့ဘေး၌ဝန်းရံထားပြီး ထိုအရာက စိတ်ကျေနပ်စရာကောင်းသည်ဟု ခံစားနေရသည်။
“ငါက သေမျိုးပဲဆိုပေမယ့် အင်မော်တယ်နတ်မိမယ်လို အလှပဂေးလေးတွေ ဝန်းရံနေတယ် အဟက်”
ယန်ချန်ရဲ့နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားသည်အထိ ပြုံးလိုက်မိသည်။ သူ့ဘဝက အတော်လေး သက်တောင့်သက်သာ ရှိသည်ဟုလည်း ထင်မိသွားသည်။
ထိုအချိန် ယင်ယင်ကတော့ တွေ့သမျှ မုန့်များအားလုံးကို အငမ်းမရပူဆာနေပြီး လုလင်းယွဲ့ကလည်း အနည်းငယ်မျှပင် တွန့်ဆုတ်ခြင်း မရှိချေ။
တဖြေးဖြေး မြို့တော်၏ အလယ်နားသို့ ရောက်ရှိသွားကာ မြို့တော်အလယ်တည့်တည့်၌ ကြီးမားသည့် စားသောက်ဆိုင်ကြီးတစ်ခု ရှိနေသည်။ ထိုစားသောက်ဆိုင်ကြီးမှာ အင်မော်တယ်လောက၌ ထိပ်ဆုံးသုံးခုစာရင်းဝင်ပြီး အမည်ကျော်ကြားလေသည်။ ရံဖန်ရံခါ လုလင်းယွဲ့ပင် လာရောက်စားသောက်တတ်သည်။
စားသောက်ဆိုင်အတွင်း များပြားသည့် အင်မော်တယ်ကျင့်ကြံသူများကိုရှိနေပြီး လုလင်းယွဲ့က ယန်ချန်တို့အတွက် အကောင်းဆုံးအခန်းတစ်ခုအား မှာယူလိုက်သည်။ ထိုအခန်း၏ကုန်ကျစရိတ်ကို အင်မော်တယ်ဘုရင်များပင် မတတ်နိုင်ချေ။
……………………………………………….