← Chapters

ဝမ်မိသားစုရဲ့ အင်မော်တယ်ဧကရာဇ်

Vol. 19 Ch. 186

ဝမ်မိသားစုရဲ့ အင်မော်တယ်ဧကရာဇ်

Vol. 19 Ch. 186

လုလင်းယွဲ့၏ အစီမံဖြင့် ယန်ချန်တို့ စားသောက်ခန်းမရဲ့ အဆင့်မြင့်ဆုံးအခန်းအား ရသွားခဲ့သည်။

ထိုစားသောက်ဆိုင်ကြီးမှာ ဝမ်မိသားစုပိုင်ဆိုင်သည့် အရာဖြစ်ပြီး ထိုမိသားစုရဲ့ ဘိုးဘေးမှာ မိုးမြေဧကရာဇ် ဓားဖြူဧကရာဇ်တို့နဲ့ အဆင့်တူ ဝမ်ဧကရာဇ် ဖြစ်သည်။

လုလင်းယွဲ့၏ ကျောက်စိမ်းဂိုဏ်းမှာ ကျောက်စိမ်းမြို့တော်ကို အာဏာလွှမ်းမိုးထားသော်လည်း တဖက်တွင် ဝမ်မိသားစုမှာလည်း လျှော့တွက်၍မရတဲ့အထဲ ပါလေသည်။

လုလင်းယွဲ့နဲ့ ယန်ချန်တို့ ရောက်ရှိလာသည့် သတင်းကြားလျင် ဝမ်ဧကရာဇ်မှာ အပြေးအလွားရောက်ရှိလာသည်။ စတင်တွေ့ဆုံစဥ်တည်းက ယန်ချန်ကိုမြင်ဖူးထားပြီး ယခုကဲ့သို့ သူ့မိသားစုပိုင် စားသောက်ဆိုင်ကြီးဆီသို့ ခေါ်ဆောင်လာမည်မှန်း မသိခဲ့ချေ။

“သခင်လေးယန် နောက်ကျသွားတာ အားနာမိပါတယ်”

ဝမ်ဧကရာဇ်က ရိုရိုကျိုးကျိုးပဲ စတင်နှုတ်ဆက်လာပြီး ဝင်ထိုင်လိုက်သည်။ ယန်ချန်က ထိုဧကရာဇ်ကို ချက်ချင်း မမှတ်မိလိုက်ပဲ အနည်းငယ်ကြာမှ ဧကရာဇ်များကြားမှ အင်မော်တယ်ဧကရာဇ်တစ်ပါး ဖြစ်သည်ကို ပြန်အမှတ်ရသွားကာ ခေါင်းညိတ်ပြလိုက်သည်။

“ကိစ္စမရှိပါဘူး အင်မော်တယ်ဝမ်”

ယန်ချန်ရဲ့သက်တောင့်သက်သာ တုန့်ပြန်မှုက လေထုကို ပေါ့ပါးသွားစေပြီး မကြာခင်မှာတော့ ဝမ်ဧကရာဇ်က စားသောက်ခန်းမ၏ အကောင်းဆုံးအင်မော်တယ် အစားအသောက်များအား တည်ခင်းဧည့်ခံတော့သည်။

ယန်ချန့်အမြင်၌ အမြင်ကောင်းတစ်ခု ဖြစ်စေရန်ရည်ရွယ်နေသည်ကို လုလင်းယွဲ့တစ်ယောက် ရိပ်မိသော်လည်း ထုတ်ဖော်ခြင်းတော့ မရှိချေ။

ယန်ချန်၏စွမ်းရည်အရ အင်မော်တယ်များသာမက နတ်ဘုရားများပင် ခြေသလုံးဖက်မည်မှာ အသေချာဖြစ်သည်။ မည်သူက ထိုပုဂ္ဂိုလ်မျိုးနဲ့ မရင်းနီးချင်မည်နည်း။

ယန်ချန်မှာ လောကသုံးခုကို ပေါင်းစည်းစေတဲ့သူ အင်မော်တယ်စွမ်းအင်များကို ပိုမိုသန့်စင်စေပြီး သားရဲသခင်ကို ဖိနှိပ်ခဲ့သူဖြစ်ကာ သူ့အစွမ်းက အတိကျခန့်မှန်းရန်ပင် ခက်ခဲပေသည်။

စားသောက်ဝိုင်း၌ ဝမ်ဧကရာဇ်က ကျောက်စိမ်းမြို့တော်နဲ့ အင်မော်တယ်မြို့တော်များ၏ အလေ့အထများအား အသေးစိတ်ရှင်းပြခဲ့ပြီး လုလင်းယွဲ့ကလည်း ကျောက်စိမ်းဂိုဏ်းအကြောင်း ရှင်းပြလေသည်။

ယန်ချန်က အင်မော်တယ်အစားအစာများအား အနည်းငယ်စီ လိုက်လံမြည်းစမ်းရင်း နားထောင်နေသည်။ အစားအသောက်များမှာ အင်မော်တယ်အဆင့်များဖြစ်၍ မင်ယုရှန်းတို့အတွက် အကျိုးရှိစေပြီး ယန်ချန့်အတွက်ကတော့ သာမန်ဟင်းပွဲများသာ ဖြစ်နေသည်။

“ဒါက အသားကို အရသာနှပ်တဲ့နေရာမှာ အချိန်အဆနည်းနည်းလိုနေတယ် ဆိုတော့ အစာပလာရဲ့ တကာ့်အရသာကို အသားထဲ နစ်ဝင်အောင်မလုပ်နိုင်တော့ဘူး”

ယန်ချန်က အသားတဖက်ကို ကောက်ယူဝါးစားရင်း ဖြေးညင်းစွာ မှတ်ချက်ချသည်။

“အရည်သောက်ကတော့ မဆိုးဘူး အနံ့အရသာက ပြီးပြည့်စုံတယ် ဒါပေမယ့် ပါဝင်ပစ္စည်းတွေက အဆင့်နိမ့်နေတယ် အရသာပိုကောင်းဖို့ဆိုရင် ဒီထက်ပိုအဆင့်မြင့်တာကို သုံးသင့်တယ်”

ယန်ချန်က တမျိုးစီကို အနည်းငယ်စီ မြည်းစမ်းရင်း ပါးစပ်မှလည်း အဆက်မပြတ် မှတ်ချက်များ ပေးနေလေသည်။ လုလင်းယွဲ့ ဝမ်ဧကရာဇ်တို့မှာ အင်မော်တယ်အစားအစာကုန်ကြမ်းများကို အဆင့်နိမ့်သည်ဟု ပြောခံရ၍ အနည်းငယ် မအီမသာ ဖြစ်သွားသော်လည်း တဖက်သူမှာ တခြားသူမဟုတ် ယန်ချန်ဖြစ်နေသည့်အတွက် မည်သည့်တုန့်ပြန်မှုမှ မလုပ်ဝံ့ချေ။

မင်ယုရှန်း ယင်ယင် ရှူယင်နဲ့ အခြားသူများမှာ အစားအသောက်များကို အဆက်မပြတ်စားသောက်နေကြပြီး မင်ယုရှန်းတစ်ယောက် သန့်စင်တဲ့အင်မော်တယ် စွမ်းအားများ သူမခန္ဓာကိုယ်ထဲ တိုးဝင်လာသည်ကို ခံစားနေမိလေသည်။

ထိုစွမ်းအင်များက သန့်စင်ကာ များပြားသည့်အတွက် သူမခမျာ အလျင်မီအောင်ပင် မနည်းချေဖျက်နေရပြီး တဆက်တည်းမှာပဲ သူမရဲ့အင်မော်တယ်လမ်းစဥ်ကလည်း ပိုမိုပြီးပြည့်စုံလာကာ သိပ်မကြာခင် သေမျိုးလမ်းစဥ်မှ နေ၍ မသေမျိုးကျင့်ကြံသူဖြစ်လာတော့မည်မှန်း ထင်ရှားနေလေသည်။

ကျင်းလုံ စုလဲ့တို့မှာလည်း ထိုနည်းအတူပင်။ မင်ဝမ်နဲ့ ကျန်းရင်ရင်တို့မှာ သူတော်စင်အဆင့် အထွဋ်အထိပ်၌ တစ်နေခဲ့ပြီး အင်မော်တယ်လမ်းစဥ်ကို ထိတွေ့ရန် အတားအဆီးတချို့အား အာရုံခံမိသွားလေသည်။ ထိုအရာက လမ်းစဥ်ရဲ့ နိယာမသဘောတရားများပင် ဖြစ်သည်။

ယန်ချန်က အဆက်မပြတ်စားသောက်နေကြသည့် မင်ယုရှန်း ရှုယင် ကျင်းလုံ စုလဲ့ ကျန်းရင်ရင်တို့ကိုကြည့်၍ ခေါင်းယမ်းနေမိသည်။ ထိုသူများမှာ မိမိကြောင့်များ အစားသရဲဘဝ ရောက်နေရသည်လား မပြောတတ်တော့ချေ။

အများအားဖြင့် ထာဝရကျေးရွာ၌ ရှုယင်က ပင်တိုင်ချက်ပြုတ်လေ့ရှိပြီး ချက်ပြုတ်ခြင်းနည်းလမ်းများနဲ့ ကုန်ကြမ်းများက ယန်ချန်စီစဥ်ထားခြင်းဖြစ်ကာ ထိုအစားအစာများက အင်မော်တယ်အစားအစာများထက် သေချာပေါက် သာလွန်နေသည်။ သို့သော် အစားသရဲဆိုသည်ကတော့ အစားသရဲသာဖြစ်သည်။

အချိန်အတော်ကြာ စားသောက်ပြီးနောက် ယန်ချန်တို့အဖွဲ့မှာ ပြန်လည်ထွက်ခွာလာပြီး လုလင်းယွဲ့ဦးဆောင်မှုဖြင့် ကျောက်စိမ်းဂိုဏ်း ရှိရာသို့ သွားလိုက်ကြသည်။

ကျောက်စိမ်းဂိုဏ်းမှာ ကျောက်စိမ်းဧကရီ၏ တည်ထောင်မှုဖြစ်ပြီး ခွန်အားအရာဖြစ်စေ ဂုဏ်သတင်းအရဖြစ်စေ ထိပ်တန်းအဆင့်တစ်ခုဖြစ်သည်။ ဂိုဏ်း၌ အမျိုးသမီးကျင့်ကြံသူများပြားပြီး အမျိုးသားကျင့်ကြံသူ အချို့လည်း ရှိပေသည်။

ကျောက်စိမ်းဂိုဏ်းမှာ စတုရန်းကီလိုမီတာ တစ်ရာကျော်ကျယ်ဝန်းပြီး မြင့်မားသည့် အဆောက်အုံများ ဂိုဏ်းခန်းမများသာမက လုလင်းယွဲ့ နေထိုင်သည့် ပင်မဂိုဏ်းကြီးထက် အနည်းငယ်သာ နိမ့်ကျပေသည်။

ယန်ချန်မှာ လုလင်းယွဲ့စီမံမှုဖြင့် ဂိုဏ်းပင်မနယ်မြေ၌ ယာယီတည်းခိုနေသော်လည်း တကယ့်ဂိုဏ်းနယ်မြေကြီးကိုတော့ ယခုမှရောက်ဖူးခြင်းဖြစ်ကာ ပတ်ဝန်းကျင်ရှိ မြင်ကွင်းများက ပန်းချီကားချပ်အလား လှပနေသည်။

တောင်ကုန်းငယ်များ တောင်ကျချောင်းများသာမက ခမ်းနားထည်ဝါတဲ့ အဆောက်အုံကြီးများက သေမျိုးလောကရှိ ထိပ်တန်းဂိုဏ်းဖြစ်သည့် တေးသံသာဂိုဏ်းထက် အဆများစွာ သာလွန်သည်။

စုလဲ့မှာ ထိုအရာများကိုကြည့်ရင်း မိမိဂိုဏ်းကိုလည်း ထိုကဲ့သို့ တည်ဆောက်ချင်စိတ်များ တဖွားဖွားပေါ်လာသည်။ သို့သော်လည်း မတူညီတဲ့လောကနှစ်ခုဖြစ်ပြီး အရင်းအမြစ်များကလည်း မတူညီချေ။

ကျောက်စိမ်းဂိုဏ်းအား အချိန်တစ်ခုကြာ လည်ပတ်ပြီးနောက် မူလတည်းခိုရာ သီးသန့်အဆောက်အုံဆီ ပြန်လည်ရောက်ရှိလာကြသည်။ ယင်ယင်မှာ အနည်းငယ်ပင်ပန်းနေသကဲ့သို့ဖြစ်နေသည်။

……………………………………………..

All Chapters