← Chapters

အင်မော်တယ် မင်ယုရှန်း

Vol. 19 Ch. 187

အင်မော်တယ် မင်ယုရှန်း

Vol. 19 Ch. 187

ယန်ချန်က ယင်ယင်ကိုအသာပွေ့ချီထားပြီး အခန်းဆီပြန်ရောက်ချိန်မှာတော့ လိုရမယ်ရ ဆောင်ယူလာသည့် ဆေးများထဲမှာ ဆေးအချို့ကိုထုတ်ယူ၍ တိုက်လိုက်သည်။

ရှုယင်မှာ သမီးဖြစ်သူကို ဂရုတစိုက် ဆေးတိုက်နေသည့် ယန်ချန့်ကို အချိန်အနည်းငယ်ကြာ စိုက်ကြည့်ပြီးနောက် မျက်နှာလွှဲသွားသည်။ သူမစိတ်ထဲ မည်သည့်အရာများ တွေးနေမှန်း သူမသာ သိပေလိမ့်မည်။

ထိုစဥ် အခြားအခန်းတစ်ခုထဲမှာတော့ မင်ယုရှန်းတစ်ယောက် ကျင့်ကြံရေးထဲ ဝင်ရောက်နေလေသည်။

သူမက လေဟာနယ်ပန်းချီကားထဲ ဝင်ရောက်သွားပြီး အင်မော်တယ်စွမ်းအင်များဖြင့် ရုပ်ခန္ဓာကိုယ်ကို အဆတ်မပြတ်သန့်စင်ရန် စိတ်ကူးထားခြင်း ဖြစ်သည်။

“ဟမ့်… ဒီလောကထဲကစွမ်းအင်တွေက ပြောင်းသွားတာလား”

မင်ယုရှန်းတစ်ယောက် အနည်းငယ် တုန်လှုပ်သွားသည်။ မူလက သာမန်ချီစွမ်းအင်များသာရှိသော်လည်း ယခုတော့ လောကငယ်အတွင်း အင်မော်တယ်စွမ်းအင်များကို ခံစားမိနေခဲ့ကာ ထိုစွမ်းအင်များက အပြင်ဘက်အင်မော်တယ်လောကမှ စွမ်းအင်များထက်ပင် သာလွန်နေသေးသည်။

“ပန်းချီကားက ဆင့်ကဲ ပြောင်းလဲစေတာပေါ့”

စိတ်လှုပ်ရှားမှုနဲ့အတူ သူမစိတ်ထဲ ယန်ချန့်ကိုလည်း အလွန်အမင်းလေးစားသွားမိသည်။ ပန်းချီကားထဲ လောကတစ်ခု ထည့်သွင်းခြင်း ချီစွမ်းအင်များအား အင်မော်တယ်စွမ်းအင်များအဖြစ် အလိုအလျောက် ပြောင်းလဲပေးခြင်းတို့ကို မည်သည့် အင်မော်တယ်က လုပ်နိုင်မည်နည်း။ လုလင်းယွဲ့လို အင်မော်တယ်ဧကရီမပင် တတ်နိုင်မည် မဟုတ်ချေ။

“ကောင်းတယ် ဒီထဲမှာပဲ ငါတစ်ခါတည်း အဆင့်တက်လိုက်မယ်”

သူမက လောကငယ်ထဲမှ အင်မော်တယ်စွမ်းအင်များကို အရူးအမူးစုပ်ယူပြီး သေမျိုးရုပ်ခန္ဓာသာ ရှိနေသေးသည့် သူမခန္ဓာကိုယ်အား စတင်သန့်စင်တော့သည်။

ရုပ်ခန္ဓာကိုယ်အား သန့်စင်ခြင်းမှာ နာကျင်စေသော်လည်း ထူးခြားစွာဖြင့် မင်ယုရှန်းမှာ မည်သည့်နာကျင်မှုကိုမှ မခံစားရပဲ အနည်းငယ် ယားယံမှုကိုသာ ခံစားနေရသည်။

“ထူးခြားလိုက်တာ ငါနည်းနည်းမှ နာကျင်တာကိုမခံစားမိဘူး ဒါက လောကငယ်ကြောင့်များလား”

ထိုအတွေးများကို ယာယီစွန့်ခွာလိုက်ပြီး သန့်စင်ခြင်းထဲ အပြည့်အဝနစ်မြုပ်ထားလိုက်သည်။ အချိန်များက တဖြေးဖြေးကုန်ဆုံးလာပြီး သေမျိုးခန္ဓာကိုယ်မှာလည်း အင်မော်တယ်စွမ်းအင်နဲ့ သန့်စင်မှုကြောင့် အင်မော်တယ်အရောင်ဝါများ စတင်ထွက်ပေါ်လာကာ ထိုအရောင်ဝါများက မင်ယုရှန်းရဲ့ ဆွဲဆောင်မှုကို နောက်တဆင့် ထပ်မြင့်ပေးလိုက်သည့်အလား ဖြစ်သည်။

မင်ယုရှန်းရဲ့ပုံစံမှာ အင်မော်တယ် မသေမျိုး နတ်သမီးတစ်ပါး လူ့လောကထဲဆင်းသက်လာသည့်နှယ် ဖြစ်ပြီး ခန္ဓာကိုယ်ပတ်လည်၌ ရွှေရောင်အလင်းများက ရစ်သိုင်းနေလေသည်။

နာရီပေါင်းများစွာ ကြာပြီးနောက် မင်ယုရှန်းတစ်ယောက် မျက်လုံးအစုံကို ညင်သာစွာဖွင့်လိုက်သည်။ သူမမျက်လုံးထဲ၌ အသက်ဓာတ်နိယာမရဲ့ အစိမ်းရောင်ဖျော့ဖျော့ အလင်းအချို့ ယှက်သန်းနေပြီး သူမဘေးပတ်ပတ်လည်တွင်လည်း လေဟာနယ် နိယာမကြောင့် လေထုက ထူးခြားတဲ့ သွင်ပြင်မျိုးဖြစ်ပေါ်နေသည်။

သူမက လေထုအား ညင်သာစွာဆုပ်ကိုင်လိုက်ပြီး ထိုသို့ပြုလုပ်လိုက်သည်နှင့် သေးငယ်တဲ့ အက်ကြောင်းတစ်ခု ဖြစ်ပေါ်လာပြီး ထိုအရာက လေဟာနယ်အက်ကွဲကြောင်း ဖြစ်သည်။ သိထားရမည်မှာ လေဟာနယ်နိယာမကို လုံးဝထိတွေ့မိသူမှသာ လေဟာနယ်အက်ကြောင်းကို ဖန်တီးနိုင်မည်ဖြစ်ပြီး မင်ယုရှန်းက အသက်ဓာတ်နဲ့ လေဟာနယ်သဘောတရား၌ အင်မော်တယ်တစ်ဦးအဆင့်ထိ ရောက်ရှိသွားပြီ ဖြစ်ကာ တစ်နည်းအားဖြင့် အင်မော်တယ်တစ်ဦး ဖြစ်သွားလေပြီ။

မင်ယုရှန်းတစ်ယောက် နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားသည်အထိ ကျေနပ်စွာပြုံးလိုက်မိပြီး သူမအတွက် ကျင့်ကြံရေးလမ်းကြောင်းက နတ်ဘုရားတစ်ပါး ဖြစ်လာရန်မှာ မျှော်လင့်လို့ ရနိုင်တော့မည်ဖြစ်သည်။

“ဒါက သခင်လေးယန်ရဲ့ ကူညီမှုကြောင့်ပဲ ငါ့ဘာသာငါဆို အင်မော်တယ်အဆင့် ရောက်ဖို့တောင် နှစ်ရာချီကြာဦးမယ်”

မင်ယုရှန်းက တီးတိုးရေရွတ်လိုက်ပြီး သူမရဲ့စွမ်းအင်အသစ်များကို အသားကျစေရန် လောကငယ်ထဲ၌ ဆက်၍လေ့လာနေလေသည်။ သေချာသည်က သူမအပြင်ရောက်ချိန်၌ အခြားသူများမှာ မှင်သက်သွားကြမည်ဖြစ်ပြီး ကျင်းလုံ စုလဲ့တို့ရဲ့ မယုံနိုင်ဟန် အမူအရာများကို ယခုပင်ကြို၍ မြင်ယောင်နေမိပြီ ဖြစ်သည်။

“အဟက်.. ငါက သူတို့ထက်အမြဲနှာတဖျားသာနေတာပဲ”

ထိုအချိန် ကျင်းလုံ စုလဲ့ မင်ဝမ် ကျန်းရင်ရင်တို့ကိုယ်စီမှာလည်း အင်မော်တယ်စွမ်းအင်များကို ချေဖျက်နေပြီး ကျင်းလုံနဲ့ စုလဲ့တို့မှာ အင်မော်တယ်လမ်းစဥ်ကို ပြီးပြည့်စုံရန် ကြိုးစားနေလေသည်။ ကံဆိုးသည်က မင်ယုရှန်းကဲ့သို့ အချိန်စီးဆင်းမှုကွာဟနေသည့် လောကငယ်တစ်ခုမရှိခြင်းက သူတို့နဲ့မင်ယုရှန်းကြား ကွာဟချက်ကြီးတစ်ခု ဖြစ်သွားစေခြင်းကိုပင်။

အတိကျပင် နောက်တရက်မှာတော့ ကျင်းလုံ စုလဲ့နဲ့ အခြားသူများမှာ မင်ယုရှန်းအား မနာလိုသည့် အကြည့်စူးစူးများဖြင့် ဝိုင်းဝန်းကြည့်ရှုခဲ့ကြသည်။

မင်ယုရှန်းမှာ ယန်ချန်၏ ပန်းချီရတနာရှိနေခြင်းက သူတို့ကြားကွာဟသွားစေသည်ကို သတိပြုမိသွားပြီး ထိုကိစ္စနဲ့ပက်သက်၍ သူတို့တတ်နိုင်သည့်အရာ ရှိမနေချေ။

လုလင်းယွဲ့မှာလည်း မင်ယုရှန်း၏ ပါရမီကို အသိမှတ်ပြုဟန်ဖြင့် ခေါင်းညိတ်ပြလိုက်သည်။ သူမကိုယ်တိုင်ပင် အင်မော်တယ်တစ်ပါးဖြစ်လာရန် အချိန်ပေးခဲ့ရပြီး သေမျိုးမှ မသေမျိုးဖြစ်ရန်ဆိုသည်မှာ လွယ်ကူသည့်အရာတော့ ဟုတ်မနေပေ။

သာမန်ကျင့်ကြံသူများမှာ သေမျိုးကျင့်ကြံသူ ဘဝ၌လမ်းဆုံးသွားခဲ့ပြီး အင်မော်တယ်အဆင့် မရောက်ခဲ့ခြင်းက ရှည်လျားတဲ့သက်တမ်းကို မပိုင်ဆိုင်စေတော့ပေ။

ယန်ချန်မှာ မင်ယုရှန်းအတွက် ဂုဏ်ပြုချီးကျူးစကား ပြောပေးလိုက်ပြီး တဖက်တွင်လည်း အနည်းငယ်မှပင် မကျင့်ကြံနိုင်သည့် မိမိကိုယ်ကို စိတ်ဓာတ်ကျနေမိသည်။

(စောင်စနစ်က အနှစ်တရာလို့ ကန့်သတ်သွားသေးတယ် ဟင်း)

သူအနီးနား၌ ရှုယင်တို့သားအမိမှလွဲ၍ အခြားသူများမှာ ကျင့်ကြံသူများဖြစ်နေကြပြီး ကံကောင်းသည်က ထိုသူများနဲ့သူ့ကြား ဆက်ဆံရေးက ပြေလည်နေခြင်းဖြစ်သည်။

(ကျင့်ကြံရေးလောက က အန္တရာယ်များတယ်ဆိုပေမယ့် ငါ့အတွက်ကတော့ သာမန်လောကတခုပါပဲ)

ယန်ပိုင်ဖြစ်စေ တောဝက်များဖြစ်စေ မြေခွေးများဖြစ်စေ အကုန်လုံးက ထူးခြားတဲ့ တောကောင်များဖြစ်ပြီး ယခု အင်မော်တယ်မိတ်ဆွေများပင် ရနေပြီဖြစ်၍ သူ့အတွက် အသက်အန္တရာယ် ချိန်းခြောက်မှာမှာ လုံးဝနီးပါး ကင်းစင်သွားပြီ ဖြစ်သည်။

“ဒီတိုင်းသာဆို အနှစ်တစ်ရာကို အေးအေးဆေးဆေး ဖြတ်ကျော်နိုင်လောက်တယ်”

ယန်ချန်တစ်ယောက် တီးတိုးရေရွတ်လိုက်သည်။

………………………………………………..

All Chapters