← Chapters

နတ်ဘုရားလောက

Vol. 19 Ch. 188

နတ်ဘုရားလောက

Vol. 19 Ch. 188

အဆုံးမဲ့စကြာဝဋာနေရာအနှံ့ပြားမှာတော့ သက်ရှိများ နေထိုင်ကြသည့် လောကများစွာ တည်ရှိနေကြလေသည်။

ထိုလောကများက မတူညီသည့် သက်ရှိများ နေထိုင်ကြပြီး ကွဲပြားခြားနားသည့် ရှင်သန်ရေးနည်းလမ်းများလည်း ရှိကြသေးသည်။

သို့သော် ထိုလောကများ၏ အဆုံးသတ်စိတ်ဆန္ဒများက စကြာဝဋာရဲ့ အဓိပ္ပါယ်ကိုရှာဖွေခြင်းဖြစ်ပြီး ထိုအရာက ယန်ချန်ရဲ့ ယခင်ဂြိုလ်ကမ္ဘာ၏ အာကာသခရီးစဥ်များနဲ့ ဆင်တူသည်။

စကြာဝဋာများ မည်ကဲ့သို့ တည်ရှိသနည်း။ ထိုမေးခွန်းကိုဖြေဆိုရန် နတ်ဘုရားများကို မေးမြန်းရမည့်ဆိုသည့်အချက်အား လောကအများပြား မသိရှိကြပေ။

ထျန်းဟွမ်လောက အင်မော်တယ်လောက မူလလောက ရှေးဦးလောကနဲ့ အခြားလောကအနည်းငယ်တို့သာ နတ်ဘုရားများတည်ရှိမှုကို သိထားကြပြီး ထိုအထဲ၌ ထျန်းဟွမ်လောကမှာတော့ မသေမျိုးလမ်းစဥ် အင်မော်တယ်များ တည်ရှိမှုထိသာ လက်လှမ်းမီခဲ့သည်။

နတ်ဘုရားများဆိုသည်ကား လောကများဖန်တီးခြင်း ဖျက်စီးခြင်းနဲ့ ထာဝရအသက်ကိုရရှိပြီးသော ကျင့်ကြံသူများဖြစ်ကာ ထိုသူများ၏ လက်အတွင်း၌ လောကတခုဆိုသည်မှာ သေးငယ်တဲ့ ဖုန်မှုန့်လေးတစ်ခုသာ ဖြစ်သည်။

သက်ရှိသန်းဘီလီယံများစွာ မဆိုထားနှင့် စကြာဝဋာရဲ့တစိတ်ပိုင်းကိုပင် ဖျက်စီးနိုင်စွမ်းရှိပြီး အရာအားလုံး ဖန်ဆင်းခြင်းဆိုသည့် ခေါင်းစဥ်အောက် စွမ်းအားအကြီးဆုံး သက်ရှိများဖြစ်ကြသည်။

အင်မော်တယ်လောကဖြစ်စေ အခြားလောကများဖြစ်စေ မသေမျိုးတို့၏ အဆုံးသတ်ခရီးက နတ်ဘုရားဘုံဖြစ်ပြီး ထိုဘုံတည်ရှိရာအရပ်ကို နတ်ဘုရားတစ်ပါး ဖြစ်မှသာ သိရှိမည်ဖြစ်ပြီး အင်မော်တယ်ဧကရာဇ်များပင် မသိရှိနိုင်ချေ။

ယန်ချန်ရဲ့နေ့ရက်များက ရိုးစင်းစွာ ထပ်မံကုန်ဆုံးသွားခဲ့သည်။ အင်မော်တယ်လောကမှ ပြန်ရောက်ပြီးနောက် ထာဝရကျေးရွာအတွင်း သက်တောင့်သက်သာဘဝကို ဖြတ်သန်းနေခဲ့ပြီး အချိန်အများစုက ဆေးဖော်စပ်ခြင်း ပန်းချီဆွဲခြင်း လက်နက်ပြုလုပ်ခြင်းတို့အပြင် ရံဖန်ရံခါ၌ သားရဲဝိဉာဥ်တောအုပ်အတွင်း လှည့်လှည်၍ အမဲလိုက်လေ့ရှိသည်။

“ယန်ပိုင် ဒီကျားရဲကို ပြန်သယ်ခဲ့လိုက်”

ယန်ချန်က အစွယ်ရှည်ကျား၏ ကိုယ်ပေါ်၌ စိုက်ဝင်နေသည့် မြှားတံအား ဆွဲနှုတ်လိုက်ပြီး ထိုကျားအသေကောင်အား ထမ်းပိုးရန် ယန်ပိုင်ကို ခိုင်းစေလိုက်သည်။ ယန်ပိုင်က ယန်ချန်အမဲလိုက်သည့်အချိန်တိုင်း လိုက်ပါလာတတ်ပြီး ယန်ချန်ရဲ့အမဲလိုက်ဖော် ဖြစ်သည်။

ကျားရဲကြီးမှာ မီတာအနည်းငယ်ရှည်လျားပြီး ကြီးမားသည့် အစွယ်ကြီးများကြောင့် ကြမ်းကြုတ်သည့် သားရဲတကောင်မှန်း သိသာစေသည်။ သို့သော် ထိုမျှလောက်ကတော့ ယန်ပိုင်က မမူချေ။

ယန်ချန်မရှိလျင်လည်း ထိုအဆင့်လောက်ကတော့ လက်ဝါးရိုက်ချက် တချက်သာလိုအပ်ပြီး သူ့ကိုယ်ပိုင်အရှိန်ဝါတခုတည်းဖြင့်ပင် သားရဲ ဝိဉာဥ်တောအုပ်တစ်ခုလုံးအား အမဲလိုက်၍ ရနိုင်သည်။

ယန်ပိုင် ကျားရဲကြီးအား ပေါ့ပါးစွာသယ်မလိုက်ပြီး ယန်ချန်နောက်မှ ကပ်လျက် လိုက်ပါလာသည်။ ယန်ချန်မှာလည်း တိုးတက်လာသည့် မြှားပစ်စွမ်းရည်ကို စိတ်ကျေနပ်နေပြီး ထိုမြှားပစ်စွမ်းရည်မှာ စနစ်၏ အကဲဖြတ်မှုအတိုင်း နတ်ဘုရားအဆင့် ဖြစ်သည်မှာ ငြင်းစရာမရှိချေ။

“သခင်လေးယန် အမဲလိုက်ရာက ပြန်လာပြီလား”

ရွာအဝင်အရောက်မှာတော့ ဖြတ်သွားသူတဦးက ယန်ချန့်ကို တလေးတစားနှုတ်ဆက်လာပြီး ထိုသူမှာ အင်အားကြီးမိသားစုမှ ထိပ်သီးကျင့်ကြံသူဖြစ်ကာ ပြိုင်ပွဲ၌ အဆင့်ကောင်းကောင်းရခဲ့၍ ထာဝရကျေးရွာ၌ ခြံဝန်းတစ်ခု ရခဲ့သူဖြစ်သည်။

ထိုသူ၏ နှုတ်ဆက်စကားကြောင့် အခြားသူများလည်း သတိပြုမိသွားကာ ယန်ချန့်အား နှုတ်ဆက်လာကြတော့သည်။ ယန်ချန်က အနည်းငယ်ပြုံး၍ တုန့်ပြန်လာပြီး ကျန်းထန်တဲ့ခြံဝန်းရှေ့ ရောက်ချိန်မှာတော့ ခြံဝန်းထဲမှ ကသုတ်ကရိုက်ထွက်လာသည့် ကျန်းယန်နဲ့ ထိပ်တိုက်တိုးလေသည်။

“ဟေ့ အစ်ကိုကျန်းယန် ကသိုက်ကရိုက်ပါလား”

ယန်ချန့်စကားသံကိုကြားလျင်ဖြင့် ကျန်းယန်မှာ ချက်ချင်းမော့ကြည့်လာသည်။ မူလက ဦးခေါင်းကိုငုံ့လျက် အလျင်စလိုဟန် ရှိနေခြင်း ဖြစ်သည်။

“သခင်လေးယန် အတော်ပဲဗျာ ကျတော်ခုနကပဲ သခင်လေးယန်ဆီလာသေးတယ် အစ်မရှုက အမဲလိုက်သွားတယ် နောက်မှတခေါက်ပြန်လာပါဆိုလို့”

“ဟုတ်လား ဘာများဖြစ်လို့လဲ”

ယန်ချန့်အမေးကိုကြားလျင် ကျန်းယန်က

“ကျတော့်ဇနီးလေ ဒီရက်ထဲကျန်းမာရေးသိပ်မကောင်းဘူး အစားလည်းသိပ်မစားပဲ ဘာစားစားပြန်အန်ထွက်နေတယ် ညီမလေးလည်း စစ်ဆေးကြည့်တာ ရောဂါလက္ခဏာကို ရှာမတွေ့ဘူးတဲ့”

ကျန်းယန်အမူအရာက ဇနီးသည်အတွက် စိုးရိမ်နေပုံရသည်။

“ဒါဆို ကျတော်တချက်လိုက်ကြည့်ပေးမယ် ယန်ပိုင် ဒီအကောင်ကို ခြံဝန်းဆီ ပြန်ပို့လိုက် အစ်မရှုမေးရင် ဦးလေးထန်အိမ်မှာလို့”

ယန်ပိုင်က နားလည်စွာဖြင့် ခေါင်းညိတ်ပြလိုက်ပြီး ထွက်ခွာသွားသည်။ ယန်ချန်မှာ ကျန်းယန်နဲ့အတူ ခြံဝန်းထဲ ဝင်ရောက်သွားချိန်မှာတော့ ခြံဝန်းထဲ၌ မုရုံဇနီးမောင်နှံအပြင် ကျန်းယန်၏ယောက်ဖလည်း ရှိနေခဲ့ကာ ကျန်းမိသားစုဝင်များလည်း အတူရှိနေကြသည်။

ယန်ချန်ရောက်လာသည်ကိုမြင်လျင် ကျန်းဝမ်လီက ချက်ချင်းပဲ ကြိုဆိုပြီး နေရာထိုင်ခင်း စီစဥ်ပေးလေသည်။

“သခင်လေးယန် အမဲလိုက်ရာကနေ တန်းဝင်လာတာလား ပင်ပန်းစေမိပြီ”

ကျန်းဝမ်လီမှာ အမှန်တကယ် အားနာနေပုံရပြီး တဖက်တွင်လည်း မြေးချွေးမ၏ အခြေနေအပေါ် စိုးရိမ်နေသည်။ ယန်ချန်က လက်ကာပြလိုက်ပြီး အကြောင်းစုံမေးမြန်းကြည့်သည်။

“ဖြစ်တာက သိပ်မကြာသေးပါဘူး သခင်လေး ရက်ပိုင်းလောက်ပဲရှိသေးတယ် အစားလည်းသိပ်မစားတော့ဘူး ညဘက်တွေလည်း ကောင်းကောင်းအိပ်မပျော်ဘူးလို့ အစ်ကိုကြီးက ပြောတယ် ကျွန်မနဲ့ အဖိုးတို့စစ်ဆေးကြည့်တာလည်း ထူးခြားတာ မတွေ့မိဘူး”

ကျန်းရင်ရင်က ရှင်းပြလာသည်။ ထိုစကားဆုံးလျင် ကျန်းဝမ်လီက

“ဟုတ်တယ်သခင်လေး ကျေးရွာထဲက ထိပ်သီးဆေးဆရာတွေကို ခေါ်ပြီးပြီ လက္ခဏာကို မမှန်းနိုင်ကြဘူး ဒါနဲ့ပဲ ယန်အာကို သခင်လေးဆီလွတ်လိုက်တာပါ”

ယန်ချန်က ခေါင်းအသာညိတ်ပြလိုက်ပြီး လူနာအားစစ်ဆေးရန် ကျန်းရင်ရင်၏ အနောက်မှ လိုက်ပါသွားတော့သည်။

ကျန်ယန်မှ ဇနီးဖြစ်သူအတွက် မိဘနှစ်ပါးဆီ ပို့ထားခြင်းဖြစ်ပြီး အခန်းတစ်ခုလုံးမှာလည်း ဆေးနံ့များ ပြန့်နှံ့နေလေသည်။

ယန်ချန့်အကြည့်က ကုတင်ပေါ်၌ အားနည်းကာ လဲလျောင်းနေသည့် မုရုံမိန်းကလေးဆီ ရောက်သွားသည်။ လူနာမှာ အားနည်းနေဟန်ရှိပြီး မျက်တွင်းများကျကာ အသားအရေမှာလည်း ဖြူဖျော့နေလေသည်။

“သာမန်နေမကောင်းတာတော့ မဟုတ်လောက်ဘူး”

တီးတိုးရေရွတ်လိုက်ပြီးနောက် လူနာရဲ့လက်ကောက်ဝတ်အား တချက်စမ်းသပ်ကြည့်လိုက်သည်။ သွေးခုန်နှုန်းမှာ ပုံမှန်အတိုင်းရှိပြီး နှေးကွေးသည့် နှလုံးခုန်နှုန်းက အားနည်းနေမှုကို ပြသနေလေသည်။

“ဟမ့်..”

ထူးခြားသည့် ခံစားမှုတစ်ခု ရလိုက်သည်။ ထိုအရာက လူနာထံမှ နောက်ထပ် အသက်ဓာတ်တစ်ခုဖြစ်ဟန်တူပြီး အနည်းငယ် အားနည်းသည့်အငွေ့သက်အချို့ ထုတ်လွင့်နေသည်။ သေချာစေရန် ကျန်းရင်ရင်အား ခြံဝန်းဆီလွှတ်၍ အစ်မရှုဆီမှ ဆေးအပ်အချို့ သွားယူစေသည်။

မိနစ်အနည်းငယ်ကြာပြီးနောက် ကျန်းရင်ရင် ပြန်ရောက်လာပြီး အခြားသူများကတော့ ယန်ချန်ကုသမှုကို အနှောင့်ယှက်မဖြစ်စေရန် အခန်းအပြင်၌သာ စောင့်နေပြီး ကျန်းရင်ရင်သာ ယန်ချန့်အနား ရှိနေလေသည်။

ယန်ချန်က ဆေးအပ်အချို့ စိုက်သည်။ ပြီးနောက် နေရာအနှံ့ပြားအား မိနစ်အနည်းငယ်ကြာ စစ်ဆေးပြီးမှာတော့ သက်ပြင်းချလိုက်တော့သည်။

“ဟူး..တော်ပါသေးရဲ့ ဒါက သာမန်အားနည်းမှုပဲ ဖြစ်နေလို့”

ယန်ချန့်ရဲ့ သက်ပြင်းချသံကြောင့် ကျန်းရင်ရင်မှာ ယောင်းမဖြစ်သူအတွက် စိတ်လေးသွားပြီး ယန်ချန့်အား မေးမြန်းတော့သည်။

“သခင်လေးယန် ကျွန်မယောင်းမက..”

ယန်ချန်က လက်ကာပြလိုက်ပြီး ဆေးအပ်များကို ပြန်သိမ်းသည်။ ပြီးနောက် ဆေးအမယ်အချို့ကို ချရေးကာ အခန်းအပြင်ဘက် ထွက်လာခဲ့တော့သည်။

……………………………………………

All Chapters