← Chapters

ကျတော်..အဖေဖြစ်တော့မယ်ပေါ့

Vol. 19 Ch. 189

ကျတော်..အဖေဖြစ်တော့မယ်ပေါ့

Vol. 19 Ch. 189

ယန်ချန်နောက်မှ ကျန်းရင်ရင်လည်း ကပ်လျက် ထွက်လာပြီး ယန်ချန်ကတစုံတရာ မပြောလေ သူမက စိတ်ဖိစီးလေဖြစ်ကာ လှပကွေးညွတ်သည့်မျက်ခုံးအစုံက ထိစပ်လုနီးပါး ဖြစ်နေလေသည်။

ယန်ချန်တို့ ပြန်ထွက်လာသည်ကိုမြင်လျင် ကျန်းယန်မှာ စိတ်လောနေဟန်ဖြင့် အနားတိုးကပ်လာသည်။ ကျန်းမိသားစုများသာမက မုရုံမိသားစုများကလည်း စိုးရိမ်နေသည့် အမူရာများပြနေကြပြီး ယန်ချန့်ဆေးပညာကို သူတို့ ယုံကြည်ကြသော်လည်း စိုးရိမ်နေသည်ကိုတော့ ဖျောက်မရကြချေ။

ယန်ချန်က ထိုသူများအားလုံးကို တချက်ဝေ့ ကြည့်လိုက်ပြီး ထိုင်ခုံတခု၌ ထိုင်ကာ လက်ဖက်ရည်အနည်းငယ် ထည့်၍ သောက်လိုက်သည်။ ပြီးနောက် ပြုံးတုံ့တုံ့ အမူအရာဖြင့်

“ဘာတွေ စိုးရိမ်နေကြတာလဲဗျာ ကျုပ်ရဲ့ဆေးပညာကို မယုံကြတော့ဘူးလား”

“မဟုတ်ပါဘူး သခင်လေး မဟုတ်ပါဘူး”

အကုန်လုံးက ယန်ချန်စိတ်ဆိုးသွားသည်အထင်နှင့် ကမန်းကတန်း ငြင်းဆိုလာကြသည်။ ယန်ချန်က ခေါင်းအသာယမ်းလိုက်ပြီး တည်ငြိမ်တဲ့လေသံနဲ့ ရှင်းပြလိုက်သည်။ ထိုသူများကို အနည်းငယ် စနောက်လိုသော်လည်း တည်တင်းနေသည့် အမူရာများကိုကြည့်၍ မစနောက်ရက်တော့ချေ။

“ရောဂါအကြီးအမား မဟုတ်ပါဘူး မုရုံမိန်းကလေးက ကိုယ်ဝန်ဆောင်ထားရတာပါ”

ကိုယ်ဝန်ဆောင်ထားရတာ..ဟုတ်လား။ အကုန်လုံးမှာ မှင်သက်သွားကြပြီး ကိုယ်ဝန်ဆောင်ခြင်း ဖြစ်စဥ်ကို ကြုံတွေ့ဖူးသည့် သခင်မကြီးများမှာတော့ နားမလည်နိုင် ဖြစ်နေကြသည်။ ကိုယ်ဝန်ဆောင်ရုံဖြင့် ထိုမျှဖြစ်စေသည်လား။

ထိုသူများ၏ ရှုပ်ထွေးနေမှုကို ခံစားနေမိသည့် ယန်ချန်ကပဲ ဆက်၍ ရှင်းပြလိုက်သည်။

“အဖြစ်မှန်က ဒီလိုပါ ကိုယ်ဝန်ဆောင်လက္ခဏာကိုစပြပြီး ကိုယ်ဝန်ရှိတဲ့ ဖြစ်စဥ်စတဲ့အချိန်မှာ တိုက်တိုက်ဆိုင်ဆိုင်ပဲ မုရုံမိန်းကလေးက အစားမှားလိုက်ပုံရတယ် အဲ့ဒါက သူမရဲ့ခန္ဓာကိုယ်ကို အခုလိုအားနည်းသွားစေပြီး ဗိုက်ထဲက ကလေးကလည်း သူမရဲ့စွမ်းအင်တွေကို ထပ်ပေါင်းစုပ်ယူလိုက်တော့ ပိုရှုပ်ထွေးသွားတာပဲ”

“ဒါပေမယ့် ကျွန်မတို့စမ်းသပ်တုန်းက..”

ကျန်းရင်ရင်က လက်မခံလိုဟန်ဖြင့် ဝင်ထောက်ဟန်ပြုသည်။ ယန်ချန်က

“သတိမထားမိတာကိုပြောတာလား ကိုယ်ဝန်ကနုနေသေးတယ် ပြီးတော့ အရမ်းအားနည်းတဲ့အခြေနေဆိုတော့ အထဲက အသက်ဓာတ်ကို အပြည့်အဝ မပြသနိုင်ဘူး ဒီတော့ ဆေးဆရာတွေအနေနဲ့ အားနည်းတာကိုစစ်ဆေးမိပြီး အကြောင်းရင်းကို တွက်ဆမရတော့ဘူးပေါ့”

“သြော်.. ဒီလိုကိုး”

အကုန်လုံးက ထိုသို့ကြားမှသာ ရှင်းသွားဟန်ဖြင့် ခေါင်းတဆတ်ဆတ် ညိတ်လာကြတော့သည်။ အားနည်းသည့် အသက်ဓာတ်ကြောင့် အားနည်းသည့်ခန္ဓာကိုယ်ကို စစ်ဆေးရာ၌ မတွေ့ခဲ့ခြင်းဖြစ်ပြီး အစားမှားခြင်းနဲ့ ကိုယ်ဝန်စရှိခြင်းက ထူးခြားစွာပဲ တိုက်ဆိုင်သွားခဲ့ကာ သေမျိုးသာဖြစ်သည့် မုရုံကလေးမှာ အိပ်ရာထဲ လဲသွားရခြင်း ဖြစ်သည်။

ထိုအချိန် လူအုပ်ထဲရှိ ကျန်းယန်မှာတော့ မှင်သက်နေဆဲ ဖြစ်ပြီး အဖြစ်ပျက်များကို မယုံနိုင်ဟန် ရှိနေသည်။

“သခင်လေးယန် ဒါ..ဒါဆို ကျတော်အဖေ ဖြစ်တော့မယ်ပေါ့”

ကျန်ယန်ရဲ့စကားသံမှာ စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်နေသည်။ ယန်ချန်က မျက်လုံးလှန်လိုက်မိသည်။

“ကလေးအဖေ ဖြစ်တာ ဘာများထူးဆန်းလို့လဲ”

(သူကျ မိန်းမတောင်မရှိသေးပဲနဲ့🤭)

ကျန်းမိသားစုများသာမက မုရုံမိသားစုများမှာလည်း ဝမ်းသာသွားကြပြီး သခင်မကြီးများမှာ အခန်းထဲ အလျင်မြန်ဝင်ရောက်သွားကြတော့သည်။

ယန်ချန်က အသင့်ရေးထားသည့် စာရွက်အားကမ်းပေးလိုက်သည်။

“ဒီအထဲမှာ ဆေးညွှန်းရေးထားတယ် လိုအပ်တဲ့ဆေးအမယ်တွေကို အချိန်အဆ မလျော့နည်းစေဖို့ ဂရုစိုက် တချို့ဆေးအမယ်တွေအတွက် အစ်မရှုဆီက တောင်းလိုက်ပါ လိုအပ်တာကိုတော့ ရှာဝယ်ကြပေါ့”

ကျန်းထန်က စာရွက်ကို ရိုရိုသေသေ လှမ်းယူပြီးတချက်ကြည့်သည်။ ပြီးနောက် ကျန်းယန်ထံကမ်းပေးကာ ဆေးအမယ်များပြင်ဆင်ရန် စေခိုင်းလိုက်တော့သည်။

“ကေျးဇူးတင်ပါတယ် သခင်လေး”

ကျန်းဝမ်လီမှာ အလေးနက်ပင် အရိုသေပေးနေသည်။ ယန်ချန်က လက်ဖက်ရည်အနည်းငယ်အား အရသာခံသောက်လိုက်ပြီး တည်ငြိမ်စွာပဲ တုန့်ပြန်လိုက်သည်။

“ဒါက ကိစ္စကြီးမဟုတ်ပါဘူး စိတ်ထဲမထားပါနဲ့ တခြားအကြောင်း မရှိဘူးဆိုရင်တော့ ကျတော်ပြန်ပါဦးမယ်”

ယန်ချန်က နှုတ်ဆက်စကားဆိုလိုက်ပြီး ပြန်ရန်မတ်တပ်ထရပ်လိုက်ချိန်၌ ကျန်းရင်ရင်က လိုက်ပို့ပေးရန် ထရပ်လာသည်။

“နေ..နေ မင်းယောင်းမကိုသာ ဂရုစိုက် မကြာခင် တူလေးလား တူမလေးလားမသိ ရတော့မှာ ဟုတ်ပြီလား”

ယန်ချန့်စကားကြားလျင် ကျန်းရင်ရင်မှာ ကျေနပ်စွာပြုံးလိုက်ပြီး ခေါင်းညိတ်ပြသည်။ ယန်ချန်က မည်သူ့ကိုမှ မပို့စေပဲ တစ်ယောက်တည်းသာ ကျန်းထန်ရဲ့ ခြံဝန်းအတွင်းမှ ထွက်လာခဲ့တော့သည်။

…………………………………………..

All Chapters