← Chapters

နတ်ဘုရားသတ် လှံ

Vol. 19 Ch. 190

နတ်ဘုရားသတ် လှံ

Vol. 19 Ch. 190

ခြံဝန်းဆီ ပြန်ရောက်လာချိန်မှာတော့ ညနေစောင်းလုပြီဖြစ်ကာ ရှုယင်မှာ ညနေစာအတွက်ပင် ပြင်ဆင်နေလေပြီ။

ယန်ပိုင်ယူလာသည့် ကျားကြီးကိုတော့ သူမက မထိကိုင်ရဲသည့်အတွက် ဒီအတိုင်းသာပစ်ထားလိုက်ပြီး ယန်ချန်ပြန်ရောက်လာချိန်မှာတော့ ကျားကြီးကို ဖြတ်တောက်ခုတ်ထစ်ရတော့သည်။

ကျားကြီးမှာ နှစ်မီတာခန့်ကြီးမားပြီး အမွှေးများမှာ အမြင်နဲ့ဆန့်ကျင်စွာပဲ နူးညံ့ချောမွေ့နေလေသည်။ ယနချန်က ခြေလက်များ ကျားရိုးများနဲ့ အတွင်းကလီစာများအား သီးသန့်ခွဲခြမ်းလိုက်ပြီး ကျားအစွယ်နှစ်ချောင်းကိုတော့ လက်နက်ပြုလုပ်ရာ၌ အသုံးပြုရန် သိမ်းဆည်းလိုက်သည်။

ယန်ချန်က အစွယ်များကို လေထဲအနည်းငယ်မြှောက်၍ ကြည့်သည်။ အစွယ်များမှာ လက်မအနည်းငယ်ရှည်လျားပြီး နို့နှစ်ရောင်ဖြစ်သည။

“အတော်ထက်တာပဲ ဒါနဲ့သာအကိုက်ခံရရင် မလွယ်ဘူး”

ယန်ချန်က အစွယ်ရဲ့ထိပ်ဖျားကို လက်ညှိုးထိပ်ဖြင့် တို့ထိကြည့်သည်။ စူး ခနဲ ခံစားမိကာ လက်ညှိုးထိပ်မှ သွေးစလေးပါ စို့လာလေသည်။

“ငါထင်ထားတာထက် ပိုထက်တယ် ဒါကိုဘယ်နေရာမှာ သုံးသင့်လဲ”

ယန်ချန်အနည်းငယ် စဥ်းစားကြည့်သည်။ အစွယ်နဲ့ ဦးချိုအများစုမှာ ဧည့်ခံ၌ လူအများပြသရန် အလှချိတ်လေ့ ရှိသော်လည်း ယန်ချန်ကတော့ ကျားစွယ်များအား လက်နက်တခုခုထဲ မြုပ်နှံ၍ ထည့်သွင်းချင်နေတယ်။

တခဏကြာမှာတော့ ရှုယင်ကို ခုတ်ထစ်ထားသည့် အသားများ ပေးလိုက်ပြီး ကျနအစိတ်ပိုင်းများကိုတော့ ယန်ပိုင့်အား ပေးလိုက်တော့သည်။

ပြီးနောက် ရှုယင်ချက်ပြုတ်ပြင်ဆင်ပေးသည့် ညနေစာကိုစားသောက်ပြီးနောက လက်နက်ပြုလုပ်ရန် အခန်းထဲဝင်ရောက်သွားတော့သည်။

အခန်းထဲမှာတော့ လက်နက်ဖိုကြီးတစ်ခုရှိနေပြီး ထိုလက်နက်ဖိုအနားမှာတော့ လုပ်လက်စ လှံတံတချောင်း ရှိနေသည်။ ထိုလှံတံမှာ အကြမ်းထည်သာ ရှိနေသေးပြီး ကိုယ်ထည်ပင် အချောမသတ်ရသေးချေ။

ယန်ချန်က လှံရဲ့လက်ကိုင်ကိုဆုပ်ကိုင်လိုက်ပြီး လေထဲ အနည်းငယ်ဝေ့ယမ်းကြည့်သည်။ ပေါင်တစ်ရာနီးပါးမျှသာ လေးသည်ဟုခံစားနေမိပြီး ပေါ့ပါးလေသည်။

ယန်ချန်မသိတာက ထိုလှံ၏ အလေးချိန်စစ်မှန်မှာ ထိုမျှမကချေ။

အနားယူရန်ပင် မစဥ်းစားတော့ပဲ ယန်ချန်တစ်ယောက် လှံကိုဆက်၍ထုလုပ်ရန် ကြိုးစားလိုကတော့သည်။

“ဓားက အရှင်သခင်ဆို လှံက ဧကရာဇ်ပ ငါဒါကို အစ်ကိုကျင်းလုံဆီ ပေးရမယ်”

မကြာမီမှာပဲ လက်နက်ထုလုပ်တဲ့အခန်းမှ ပြင်းထန်တဲ့ တူထုသံများထွက်ပေါလာပြီး ထိုအသံများက နရီကျကျ စည်းချက်ညီညီ ထွက်ပေါနေတော့သည်။

ကျင်းလုံရဲ့နနးဆောင်ထဲမှာတော့ ကျင်းလုံတစ်ယောက် လူသားဧကရာဇ်ဟူသည့် စာအုပ်အားအလေးအနက် ဖတ်ရှုနေလေသည်။ ထိုစာအုပ်မှာ ယန်ချန်ပေးထားခြင်းဖြစ်ပြီး စာအုပ်ထဲမှ နိယာမလမ်းစဥ်သဘောတရာများစွာအား လေ့လာနေခြင်း ဖြစ်သည်။

“အင်မော်တယ်တစ်ပါးဖြစ်ဖို့ ဘာတွေလိုအပ်နေတာလဲ”

ကျင်းလုံတစ်ယောက် အနည်းငယ် အားမလိုအားမရ ဖြစ်နေသည်။ မင်ယုရှန်းတစ်ယောက် အင်မော်တယ်တစ်ပါး ဖြစ်သွားချိန်၌ သူနဲ့စုလဲ့တို့မှာ ဖိအားများစွာ ခံစားလာရပြီး မင်ယုရှန်းကို အမီလိုက်ရန် ဖိအားဝင်လာနေခြင်းဖြစ်သည်။

အခန်းထဲမှာတော့ ဧကရာဇ်တစ်ပါးရဲ့ လမ်းစဥ်များ ပြန့်ကြဲနေပြီး သေမျိုးလောက ဧကရာဇ်တစ်ပါးအနေဖြင့် ထိုနိယာမများမှာ များပြားပြီး ရှုပ်ထွေးသည်ဟုသူထင်သည်။

တိုင်းပြည်တစ်ခု၏ ဧကရာဇ်တစ်ပါးဖြစ်ရန ဆိုသည်ကား မလွယ်ကူချေ။ မျှတသည့်အုပ်ချုပ်ရေးတစ်ခု ပြတ်သားတဲ့ နှလုံးသားပိုင်ဆိုင်ရုံဖြင့်တော့မရ။ ကျင့်ကြံသူဖြစ်သည့် ကျင်းလုံအတွက်ဆိုလျှင် လူသားဧကရာဇ်ဆိုသည်ကား လူသားမျိုးနွယ်တစ်ခုလုံး၏ စံအဆင့်တန်းတစ်ခုဖြစနေသည်။

ကျင်းလုံတယောက်ထိုသို့ဖြစ်နေစဥ် အခြားဖက်တွင်လည်း စုလဲ့မှာလည်း ပြင်းထန်တဲ့ တံခါးပိတ်ကျင့်ကြံမှု ပြုလုပနေသည်။ ဂိုဏ်းတူညီအစ်မများကြား နောက်ကောက်ကျမနေရန်ဖြစ်ပြီး အင်မော်တယ်လောကအား လည်ပတ်ပြီးနောက် အစစ်အမှန်အင်မော်တယ် ဖြစလာချင်သည့် စိတ်ဆန္ဒမှာ ပို၍ ပြင်းထန်လာလေသည်။

အချိန်က တရွေ့ရွေ ကုန်ဆုံးသွားပြီး နေရောင်ခြည် ထွကပေါ်လာချိန်မှာတော့ ယန်ချန်ရဲ့လကနက်ထုလုပ်ခြင်းမှာလည်း အဆုံးသတ်သွားခဲ့သည်။

ယန်ချန်က ကျောက်စိမ်းကဲ့သို စိမ်းဖြာနေသည့် လှံတံအားတင်းကြပ်စွာဆုပ်ကိုင်ထားပြီး ကျားစွယ်ကြီးများကိုတော့ လှံတံရဲ့အသွားထဲ၌ ထူးခြားသည့် သံတမျိုးနဲ့အတူရော၍ မြုပ်ထားလေသည်။

“ဒီအလေးချိန်က အနေတော်ပဲ”

အကြိမ်အနည်းငယ် ဝေ့ယမ်းကြည့်သည်။ လှံတံမှ အလင်းရောင်အချို့ ဖြာထွက်လာပြီး ပတ်ဝန်းကျင်တစ်ခုလုံး လင်းထိန်သွားသည်။

“ထူးခြားတဲ့လက်နက်ပဲ အဆင့်အရဆို အကောင်းဆုံးတွေထဲ ထည့်လို့ရလောက်တယ် နေဦး အမည်တစ်ခုပေးရမယ်”

ယန်ချန်က လှံတံကိုဆုပ်ကိုင်ရင်း အချိန်အနည်းငယ်ကြာ စဥ်းစားနေသည်။ လက်နက်တစ်ခု ထုလုပ်ပြီးတိုင်း အမည်ပေးလေ့မရှိသော်လည်း ယခုလက်နက်ကတော့ မတူချေ။ သူ့အနေဖြင့် အတော်လေး စိတတိုင်းကျနေပြီး ပေးရန် ရည်ရွယ်ချက်လည်း ရှိနေသည် မဟုတ်လား။

“ဧကရာဇ်လှံ”

“အရှင်သခင်လှံ”

မဟုတ်သေးဘူး..။ ပိုပြီးကြီးစိုးတဲ့ အမည်တစ်ခုလိုတယ်..။ စဥ်းစားစမ်း။

“နတ်ဘုရားသတ်လှံ”

ဟုတ်တယ် နတ်ဘုရားသတ်လှံ..။ နတ်ဘုရားတွေကိုတောင် အဆုံးသတ်စေမယ့် နတ်ဘုရားသတ်လှံ..ကောင်းတယ် သိပ်ကောင်းတယ်။

ယန်ချန်တစ်ယောက် စိတ်ကျေနပ်စွာဖြင့် ကျယ်လောင်စွာ ရယ်မောလိုက်သည်။ နတ်ဘုရားတစ်ပါးကို သတ်နိုင်ခြင်း ရှိမရှိတော့ မသိချေ။

………………………………………………

All Chapters