နေမလား သွားမလား ၊ ကြိုက်တာရွေး
Vol. 20 Ch. 229
ယန်လျန်သည် ခဏမျှ ကြောင်အသွား၏။
သူမသည် ဤကဲ့သို့သော အဖြေမျိုးကို မမျှော်လင့်ထားခဲ့ပေ။သူမကမ်းလှမ်းခဲ့သောအရာက ကမ္ဘာဦးမျိုးစေ့တစ်ခုဖြစ်ပြီး တစ်ကမ္ဘာလုံး၏ အနှစ်သာရနှင့်ညီမျှ၏။
ကမ္ဘာဦးမျိုးစေ့သည် အကန့်အသတ်မဲ့သော ဖြစ်နိုင်ခြေများကို ကိုယ်စားပြုပြီး ယန်နတ်ဘုရားများပင်လျှင် လိုချင်လွန်း၍ ရူးမတတ်ဖြစ်နေကြသည့် အရာမျိုးဖြစ်သည်။
"အရှင်.. တကယ်ပဲ ပြန်မစဉ်းစားတော့ဘူးလား"
တစ်ဖက်လူက ငြင်းလိုက်သော်လည်း ယန်လျန်သည် လက်မလွှတ်နိုင်ဘဲ ရှိနေ၏။ သူမ၏ညီမဖြစ်သူကို ဖန်ထုန်လောကအတွင်းမှ ခေါ်ထုတ်သွားနိုင်မည့်သူမှာ မူလနတ်ဘုရားတစ်ဦးတည်းသာ ရှိနိုင်မည်ဟု သူမ ယူဆထားသောကြောင့် ဖြစ်သည်။
"မလိုတော့ဘူး"
ကျိယွမ်က ပြတ်သားစွာ ပြန်ပြောပြီးနောက် သူ၏ ပုံရိပ်သည်လည်း ပျောက်ကွယ်သွားတော့၏။
အိမ်ရှေ့လမ်းကြားလေးထဲတွင် ယန်လျန် တစ်ဦးတည်းသာ ကျန်ရစ်ခဲ့ပြီး ကျိယွမ် ပျောက်ကွယ်သွားသည့် နေရာကို ရှုပ်ထွေးသော အကြည့်များဖြင့် ကြည့်ရှုနေမိလေသည်။
သူက တကယ်ထူးဆန်းတာပဲ။
တစ်ချိန်တည်းမှာပင် ဖေးဝူမြို့အပြင်ဘက်၌ အင်အားကြီးပုဂ္ဂိုလ်များ စုရုံးရောက်ရှိနေကြ၏။ မိစ္ဆာနတ်ဘုရားများက ၎င်းတို့၏စခန်းများမှ ကြောက်လန့်တကြားထွက်ပြေးသွားသည့်သတင်းသည် တစ်ကမ္ဘာလုံးကို တုန်လှုပ်စေခဲ့၏။
တောင်ပိုင်းဒေသရှိ အဆင့်မြင့်ရှေးဟောင်းနများကြားတွင်လည်း ထိုကိစ္စကြောင့် ပြင်းထန်သော အငြင်းပွားမှုများ ဖြစ်ပွားခဲ့သည်။ နတ်ဘုရားအသီးသီးတို့တွင် မူလနတ်ဘုရားနှင့်ပတ်သက်၍ ကွဲပြားသော အမြင်များ ရှိနေကြ၏။
အချို့က မူလနတ်ဘုရားသည် ဖန်ထုန်နယ်မြေ၏ ကယ်တင်ရှင်နှင့် နောက်ဆုံးမျှော်လင့်ချက်ဖြစ်သည်ဟု ယုံကြည်ကာ အပြည့်အဝ ထောက်ခံကြ၏။
အချို့ကမူ မူလနတ်ဘုရားသည် ယခုအချိန်တွင် ခဏတာအစွမ်းထက်နေသော်လည်း အမြင့်မြတ်ဆုံး မိစ္ဆာနတ်ဘုရားနှစ်ပါးကို ယှဉ်နိုင်စွမ်းမရှိဘဲ သူတော်စင်စီမံကိန်းကသာလျှင် အားကိုးရာဖြစ်သည်ဟု ထင်မြင်ကြ၏။
ထိုသို့အမြင်နှစ်ဖက်ကွဲပြားကာ အလုအငြင်းဖြစ်နေချိန်တွင် နောက်ထပ်အယူအဆတစ်မျိုးက ပေါ်ပေါက်လာပြန်သည်။
ထိုအဖွဲ့ကမူ မူလနတ်ဘုရားကလည်း မိစ္ဆာနတ်ဘုရားတစ်ပါးသာဖြစ်ပြီး သူတို့အချင်းချင်းဖန်ထုန်နယ်မြေအား လုနေကြသည်ဟူသော အယူအဆကို ဖော်ထုတ်ကြ၏။
ဤသို့ဖြင့် ဖန်ထုန်နယ်မြေတွင် အယူအဆမတူသော အုပ်စုသုံးစုကွဲသွားလေတော့သည်။
ဖေးဝူမြို့သို့ ရောက်လာသူ အများစုမှာ ပထမအမြင်ကို လက်ခံထားသူများ ဖြစ်ကြ၏။ သုန်းကျန်းဟဲသည်လည်း သူ၏ ဆရာနောက်သို့ လိုက်ပါရင်း ထိုအထဲတွင် ပါဝင်နေခဲ့သည်။
ယခုအခါမှာတော့ သူ၏ မျက်နှာပေါ်မှ ထောင်လွှားမှုများ ပျောက်ကွယ်သွားပြီး စိတ်ပျက်အားလျော့မှုများဖြင့် အစားထိုးထား၏။
"အဲ့ဒီ အဖိုးကြီးတွေက တော်တော်ယုတ်မာတာပဲ။ ငါ ခက်ခက်ခဲခဲ ဖန်တီးထားတဲ့ သူတော်စင်အဆင့် နည်းစနစ်ကို သူတို့က အလွယ်လေး သိမ်းယူသွားကြတယ်"
သူက မကျေနပ်စွာညည်းညူနေသော်လည်း ဘာမှမတတ်နိုင်ခဲ့ပါ။
သူက မြောက်ပိုင်းသို့လာရန်ပြင်နေစဥ်တွင် ၄င်းအဘိုးကြီးများက ထိုနည်းစနစ်မှာ စီမံကိန်း၏အရင်းအမြစ်များဖြင့် ဖန်တီးထားခြင်း ဖြစ်သောကြောင့် တောင်ပိုင်းတွင်သာ ထားရစ်ခဲ့ရမည်ဟု အတင်းအကျပ် ဖိအားပေးခဲ့ကြခြင်းဖြစ်သည်။
သူ၏ ဆရာကတော့ သူ့အားနှစ်သိမ့်ပေးရှာ၏။
"မြောက်ပိုင်းကို လာရတာ မင်းဘဝရဲ့ အကြီးမားဆုံး အခွင့်အရေး ဖြစ်နိုင်တယ်။ သူတော်စင်အဆင့်နည်းစနစ်ဆိုတာ ချင်းရွှေရွာသားဖြစ်ရတာနဲ့ယှဉ်ရင် ဘာမှမဟုတ်ဘူး"
ဖန်ထုန်နယ်မြေတွင် သူတော်စင်အဆင့်နည်းစနစ်တစ်ခုသည် နတ်ဘုရားတစ်ဦးကို ဒုတိယအဆင့်မှ တတိယအဆင့်သို့ တိုက်ရိုက်တက်ရောက်သွားစေနိုင်သည်။
သို့သော် မဟာအုပ်စိုးရှင်တစ်ဦးအတွက်မှာတော့ ထိုနည်းစနစ်သည် ခဏအတွင်း တိုးတက်မှုအနည်းငယ်သာပေးစွမ်းနိုင်၏။
ပြောရလျှင် ၎င်းသည် ကျိယွမ်ဖန်တီးပေးသည့် သူတော်စင်အဆင့်များ၏ အစွမ်းနှင့် ယှဉ်လျှင် အလွန်အင်မတန်ကွာခြားလှသည်။
“ဟုတ်သားပဲ၊ မူလနတ်ဘုရားက ငါ့ကို အကျိုးကျေးဇူးတွေ ပေးမယ်လို့ ပြောထားတာပဲ”
သုန်းကျန်းဟဲသည် ထိုအချက်ကို သတိရကာ ပြန်လည်စိတ်ကြည်လင်သွားသည်။
အခြားနတ်ဘုရားများအားလုံးသည်လည်း ဖေးဝူမြို့သို့ ရောက်ရှိလာကြပြီး သဘောထားတိုက်ဆိုင်သူများမို့ အချင်းချင်း စကားလက်ဆုံ ကျနေကြတော့သည်။
ထိုစဉ် လူအုပ်စုထဲမှ ကြောင်နတ်ဘုရားရှန်းမြောင်က သုန်းကျန်းဟဲကို တွေ့ရှိသွားလေသည်။ သူတို့သည် လိုင်းပေါ်တွင် အကွက်ရတိုင်း အပြန်အလှန် ဖိနှိပ်နေကြသော်လည်း
အပြင်လောကတွင် ယခုမှတွေ့ဆုံကြရ၏။
"သြော်...မင်းက ပထမအဆင့်မှာပဲ ရှိသေးတာကို ကိုယ့်ကိုယ်ကိုယ် လူငယ်ဧကရာဇ်လို့ ခေါ်နေတာလား။ ငါက တတိယအဆင့်မှာ ရှိတာဆိုတော့ ငါက လူလတ်ပိုင်းဧကရာဇ်ပေါ့"
သူက တွေ့တွေ့ချင်းမှာပင် အားမနာတမ်း လှောင်ပြောင်လိုက်၏။
နဂါးနတ်ဘုရားကလည်း တဟားဟားရယ်မောလိုက်သည်။
"ငါတို့ထဲမှာ သုန်းကျန်းဟဲက အားအနည်းဆုံး ဖြစ်နေတာကိုးကွ ၊ ငါက လူငယ်ဧကရာဇ်ဆိုတော့ အဟုတ်မှတ်နေတာ ဟားဟား ဟားဟားဟား "
"တူမလားဗျ ..ခင်ဗျားတို့က အဘိုးကြီးတွေဖြစ်နေပြီကို "
"အေးပါကွာ အေးပါ ."
ထို့နောက် သူတို့သည် မူလနတ်ဘုရားနှင့် စတင်တွေ့ဆုံခဲ့စဉ်က အခြေအနေများကို ပြန်လည်ပြောဆိုမိကြရင်း အံ့ဩနေကြ၏။
ထိုစဉ်က ကျိယွမ်သည် ဘာမျှမသိသော လူသစ်လေးတစ်ယောက်ကဲ့သို့ ပြုမူခဲ့ခြင်းက သူတို့ကို တမင်သပ်သပ်လျိုထားပြီး နောက်ပြောင်နေခဲ့ခြင်း ဖြစ်မည်ဟု တွေးတောမိကြသည်။
"အစတုန်းက သူဟာ ဒဏ္ဍာရီအဆင့် မဟုတ်ဘဲ စစ်မှန်နတ်ဘုရား အဆင့်ပဲ ရှိသေးတာထင်တယ်နော် ၊ အဲဒီတုန်းက တော်တောိအားနည်းနေတဲ့ပုံ"
နဂါးနတ်ဘုရားဟေးလုံက ထို့သို့သံသယဝင်နေ၏။
သို့သော် သုန်းကျန်းဟဲက ထိုစကားကိုလက်မခံပါ။
"ဘယ်သူကတစ်လတည်းနဲ့ စစ်မှန်နတ်ဘုရားကနေ ဒဏ္ဍာရီလာအဆင့်ကို ရောက်နိုင်မှာလဲ ၊ သူက အစကတည်းက ဒဏ္ဍာရီအဆင့်ဗျ ၊ တိတ်တိတ်လေးနေပြီး အင်အားစုဆောင်းနေခဲ့တာ "
သူ့လိုကံကြမ္မာသားတော်များပင် တစ်လအတွင်းထိုသို့အဆင့်မတတ်နိုင်ပါ ။ မူလနတ်ဘုရားကလည်း မည်သို့တတ်နိုင်မည်နည်း ။
ဒီကောင်က သေချာပေါက် လူငယ်ယောင်ဆောင်ထားတာပဲ ၊ သေချာတာကတော့ ငါ့ဘိုးဘေးထက်တောင် အသက်ကြီးနေလောက်ပြီ ။
ထိုစဉ်သူတို့ရှိနေရာသို့ ပြင်းထန်သောတစ်ခု လွှမ်းခြုံလာပြီး အလင်းတန်းတစ်ခုကျဆင်းလာ၏။
ဆည်းဆာနတ်ဘုရားဟွမ်ဟွန်းရောက်ရှိလာခြင်းပင်။
သူ၏အရှိန်အဝါသည် ရေဓာတ်များ လွှမ်းမိုးနေပြီး ရှိနေသောနတ်ဘုရားများမှာ ကြီးမားသောအရှိန်အဝါဖိအားကိုခံစားလ်ုက်ရပြီး အသက်ရှုပင်ခက်ခဲသွားကြသည်။
"ဒီနေ့တော့ အရှင်မြတ်နဲ့ တွေ့ဖို့ နောက်ကျသွားပြီ။ မူလနတ်ဘုရားအရှင်က အိပ်စက်အနားယူနေပြီ ။ နက်ဖြန်ကျမှ အရှင်က မင်းတို့ကို ခေါ်ယူလိမ့်မယ်"
သူက အားလုံးကိုခြုံကြည့်ပြီး တညိငြိမ်စွာအသိပေးလိုက်၏။
နတ်ဘုရားတစ်ပါးက အိပ်စက်နေသည်ဆိုသည့်စကားကို တောင်ပိုင်းမှ လာသူများက မယုံကြည်နိုင်ဖြစ်နေကြသည်။
သို့သော်လည်း စောင့်ဆိုမှတော့ စောင့်ရုံသာရှိတော့သည်။
နောက်တစ်နေ့တွင်ကျိယွမ်သည် အိပ်ယာမှနိုးသည်နှင့် ရောက်ရှိလာသည့် နတ်ဘုရား တစ်ထောင်ခန့်ကိုခေါ်ယူတွေ့ဆုံ၏။
"အားလုံး ရောက်ပြီလား။ မဆိုးဘူး၊ ထောင်ဂဏန်းနီးပါး ရှိတာပဲ။ စားသောက်ပွဲကော ဘယ်လိုလဲ၊ အဆင်ပြေကြရဲ့လား”
ကျိယွမ်သည် ထောင်နှင့်ချီသော နတ်ဘုရားများကို ဧည့်သည်များကဲ့သို့ သဘောထားကာ ပျူငှာစွာမိတ်ဆက်လိုက်သည်။
“အဆင်ပြေပါတယ်”
ရှေးဟောင်းနတ်ဘုရားများက ပြိုင်တူ ဖြေကြားကြပြီး သူတို့အားလုံး၏ မျက်လုံးများကတော့ ဒဏ္ဍာရီလာ မူလနတ်ဘုရား၏ ပုံပန်းသဏ္ဌာန်ကို စိတ်ဝင်တစားကြည့်နေကြ၏။
ကျိယွမ်က လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်ကာ သူ၏ရည်ရွယ်ချက်ကိုထုတ်ပြောသည်။
“ငါ့ရဲ့ ရည်မှန်းချက်က ဖန်ထုန်လောကရဲ့ နေရာတိုင်းမှာ စားသောက်ပွဲတွေ ရှိနေဖို့ပဲ။ အခုတော့ တစ်ဝက်လောက် အောင်မြင်နေပါပြီ ၊ ထပ်ပြီး ကြိုးစားကြရမယ်”
သူ ဤလောကသို့ စတင်ရောက်ရှိစဉ်က အလွန်ဆာလောင်လှသဖြင့် စားသောက်ပွဲများရှာဖွေကာ လိုက်လံတက်ရောက်ခဲ့ရသည်ကို သူမမေ့ပါ ။ သူခံစားခဲ့ရသလို မည်သူမျှမငတ်မွတ်ကြစေရန် သူက ရည်ရွယ်ထားသည်။
အတိတ်ကို ပြန်တွေးရင်းမှ ကျိယွမ်၏ မျက်ဝန်းများမှာ စူးရှလာပြီး ပြတ်သားလာ၏။
“ငါက စကားအရှည်ကြီးတွေပြောရမှာပျင်းတယ် ။ ကတိအကြီးကြီးတွေ ပေးရတာလည်း မကြိုက်ဘူး၊ ပြီးတော့ အပိုစကားတွေနဲ့ မင်းတို့ကို ဖျောင်းဖျဖို့လည်း မအားဘူး”
ထိုစကားကြောင့် ရောက်နေသောရှေးဟောင်းနတ်ဘုရားများ၏ စိတ်ထဲ တစ်မျိုး ဖြစ်သွားကြသည်။ သုန်းကျန်းဟဲပင် အံ့အားသင့်သွားပြီး ကြောင်နတ်ဘုရားထံသို့ အသံလှိုင်းဖြင့် မေးလိုက်သည်။
“ဒီ မူလနတ်ဘုရားက တကယ့်ကို ထူးဆန်းတာပဲ”
“သူက နည်းနည်း စိတ်မမှန်ဘူးလို့ ပြောချင်တာလား”
“ရှန်းမြောင်ကြီး... ခင်ဗျားတော့ ဒုက္ခရောက်ပြီ။ ခင်ဗျား ပြောတာကို ကျုပ်အသံသွင်းထားတယ်။ ကျုပ်ကို ကြယ်နတ်ဘုရားကျောက်တုံး မပေးရင် မူလနတ်ဘုရားကို ဖွင့်ပြလိုက်မှာနော် "
“မင်းက ငါ့ကို ခြိမ်းခြောက်နေတာလား”
အမှန်တကယ်တွင် အခြား နတ်ဘုရားအားလုံးကလည်း ကျိယွမ်ကို စိတ်မနှံ့သူများလားဟု ထင်ချင်လာကြသည်။ နှုတ်ဆက်စကားလေးပင် မပြောဘဲ ယခုလို တိုက်ရိုက်ကြီးပြောခြင်းက သူတို့အတွက် ထူးဆန်းနေသည်။
ကျိယွမ်ကမူ သူတို့၏ အမူအယာများနှင့်တီးတိုးတုံ့ပြန်မှုကို ဂရုမစိုက်ပေ။
“မင်းတို့ဟာ အဝေးကြီးကလာကြရတာ၊ မင်းတို့ ဒီကို ရောက်လာတဲ့အချိန်မှာ ငါ့အနေနဲ့ တောင်းဆိုမှု တစ်ခုပဲရှိတယ်။အဲ့ဒါကတော့ ငါ့ရဲ့ရွာသားတွေ ဖြစ်လာပေးကြပါ။ သဘောတူရင် အမွှေးတိုင်တစ်တိုင် မကုန်ခင် ဖောင်ဖြည့်ပေးကြ၊ သဘောမတူရင် လည်း ကိစ္စမရှိဘူး ပျော်ပျော်ရွှင်ရွှင်စားသောက်ပြီး ထွက်သွားနိုင်တယ်"
ချီယွမ်သည် ဂိမ်းထဲက သာမန်ဇာတ်ကောင် (NPC) များကို အကျိုးအကြောင်း ရှင်းပြနေရန် အချိန်ပေးနေစရာမလိုဟု ယူဆထားသည်။
သူ၏ တိုက်ရိုက်ကျသော စကားကြောင့် နတ်ဘုရားအချို့မှာ စိတ်မသက်မသာ ဖြစ်သွားကြပြီး ၎င်းတို့အကြားတွင် တိုးတိုးတိတ်တိတ် ဝေဖန်မှုများ ထွက်ပေါ်လာ၏။
“ဒါက အရမ်းတစ်ဖက်သတ်ဆန်လွန်းတယ်”
“အေးလေ..အရင် ဆွေးနွေးသင့်တာပေါ့”
“ငါတို့က သူ့ရွာသား ဖြစ်သွားပြီးမှ သူက မိစ္ဆာနတ်ဘုရားတွေကို မတိုက်တော့ဘူးဆိုရင် ဘယ်လိုလုပ်မလဲ”
အများစုမှာ ကျိယွမ်၏ လုပ်ပုံလုပ်နည်းကို မကြိုက်ကြပေ။ သို့သော် ၎င်းတို့အနေဖြင့် အခြားရွေးချယ်စရာလည်း မရှိပေ ။ အဘယ်ကြောင့်ဆိုသော် မူလနတ်ဘုရား တစ်ဦးတည်းသာ မိစ္ဆာနတ်ဘုရားများကို ရင်ဆိုင်ရဲသောကြောင့် ဖြစ်သည်။
“သူ ဘာတွေးလဲဆိုတာ ခန့်မှန်းမနေပါနဲ့၊ သူ ဘာလုပ်ခဲ့လဲဆိုတာကိုပဲ ကြည့်ပါ။ သူက မိစ္ဆာနတ်ဘုရားပေါင်း တစ်သောင်းကျော်ကို သတ်ဖြတ်ခဲ့ပြီးပြီ။ သူက ငါတို့ရဲ့ ကျေးဇူးရှင်ပဲ။ ဒီအကြောင်းပြချက် တစ်ခုတည်းနဲ့တင် ငါကတော့ သူ့ရွာသား ဖြစ်ဖို့ သဘောတူတယ်”
ခဏအတွင်း နတ်ဘုရားအများအပြားက သဘောတူညီချက် ပေးလိုက်ကြသည်။ ထိုအခါ အချက်အလက်များ ဖြည့်သွင်းရမည့်ဖောင်စာရွက်များ ပျံဝဲကျလာပြီး နတ်ဘုရားအများစုမှာ စတင်ဖြည့်စွက်ကြတော့သည်။
အချို့ကတော့ တွေဝေကာတွန့်ဆုတ်နေကြဆဲ ဖြစ်ပြီး အချို့ကမူ တိတ်တဆိတ် ထွက်ခွာသွားကြသည်။
ကျိယွမ်ကတော့ မည်သည့်စွတ်ဖက်မှုမှ ဝင်မလုပ်ခဲ့ပါ ။
အချိန်တစ်ခုခန့် ကြာပြီးနောက်...
ဖေးဝူမြို့၌ စုရုံးနေသော လူအုပ်ကြီးရှိနေပြီး ယခုအချိန်တွင် ရှေးဟောင်းနတ်ဘုရားများသာမက ချင်းရွှေရွာသားများလည်း ပါဝင်နေသည်။ စုစုပေါင်း လူ လေးထောင်ကျော်ရှိကာ ၎င်းတို့၏ ၉၉ ရာခိုင်နှုန်းမှာ စစ်မှန်နတ်ဘုရားများ ဖြစ်ကြသည်။
“မဆိုးဘူး၊ တကယ့်ကို မဆိုးဘူး။ ငါ့ရဲ့ ရွာသားတွေပီပီ မင်းတို့အားလုံး စိတ်ဓာတ် ပြင်းထန်ကြတာပဲ”
ကျိယွမ်က အားရပါးရချီးကျူးလိုက်၏။
ဤမျှ အားအင်ပြည့်ဝသော အင်အားစုနှငိ့ဆိုလျှင် မိစ္ဆာနတ်ဘုရားများကို အနိုင်ယူရန် ဖြစ်နိုင်ကြောင်း သူ ယုံကြည်သည်။
“ကျွန်တော်တို့ ရွာသားအားလုံးက မူလနတ်ဘုရားအတွက် အသေခံဖို့ အသင့်ပါပဲ”
ရွာလူကြီးယွီလီက သူ၏ဆေးတံကြီးကိုကျစိကျစ်ပါအောင် ဆုပ်ကိုင်ထားရင်းမှ စတင်ကြွေးကြော်လိုက်သည်။ အခြားရွာသားများကလည်း ပြိုင်တူ ကြွေးကြော်ကြ၏။
၎င်းတို့မှာ မူလနတ်ဘုရားအတွက် အသက်ပေးရန် အမှန်တကယ် အသင့်ရှိနေကြခြင်း ဖြစ်သည်။
ဆည်းဆာနတ်ဘုရားအပါအဝင် အခြားရှေးဟောင်းနတ်ဘုရားများလည်း ထိုစိတ်ဓာတ်များ ကူးစက်သွားပြီး အားကျမခံဟစ်ကြွေးလိုက်ကြ၏။
“ကျွန်တော်တို့လည်း မူလနတ်ဘုရားအတွက် အသေခံဖို့ အသင့်ပါပဲ”
ထိုအချိနိမှာပင် ကျိယွမ်က လက်မြှောက်လိုက်ရာ အသံများ ငြိမ်ကျသွားသည်။
“ငါတို့ ကံပါလို့ ဆုံခဲ့ကြတာ။ ဖန်ထုန်လောကရဲ့ ကိစ္စတွေ ပြီးသွားတဲ့အခါ မင်းတို့အားလုံးမှာ တောက်ပတဲ့ အနာဂတ် ရှိလိမ့်မယ်လို့ ငါ မျှော်လင့်ပါတယ်”
လောကအသီးသီးတွင် လက်အောက်ခံများစွာရှိခဲ့ဖူးသော်လည်း ဤလောကရှိ နတ်ဘုရားများမှာမူ သူနှင့် ရည်မှန်းချက် တူညီကြသဖြင့် သူ ပို၍ တန်ဖိုးထားမိသည်။
“အရှင်... ကျွန်တော်တို့ မိစ္ဆာနတ်ဘုရားတွေကို ဘယ်တော့ စတိုက်မလဲ”
မဟာအုပ်စိုးရှင်လင်ကျုန်းက လူတိုင်း သိချင်နေသော မေးခွန်းကို မေးမြန်းပေးလိုက်သည်။
“မင်းတို့ရဲ့ အစွမ်းတွေ တိုးတက်လာအောင် လုပ်ပြီးလို့ တစ်ရက် နားပြီးတာနဲ့ ငါတို့ နောက်ဆုံးတိုက်ပွဲကို စမယ်”
ကျိယွမ်၏ အသံမာကျောသလို မျက်ဝန်းများကလည်း ပြတ်သားနေသည်။
အမှန်အတိုင်းပြောရလျှင် ယန်နတ်ဘုရားနှစ်ပါးကို အနိုင်ယူနိုင်ရန် သူကိုယ်တိုင်ပင် အပြည့်အဝ ယုံကြည်မှု မရှိသေးပေ။
သို့သော် ရှေးဟောင်းနတ်ဘုရားများမှာမူ သူတို့၏ အစွမ်းများ တိုးတက်လာတော့မည်ကိုတွေးမိပြီး အလွန်စိတ်လှုပ်ရှားနေကြသည်။
“အားလုံး ငါနဲ့လိုက်ခဲ့ကြ"
ကျိယွမ်သည် ပျောက်ဆုံးနေသောအလင်းချောင်းကို ထုတ်ယူပြီး
အတိတ်သို့ နောက်ဆုံးအကြိမ် ပြန်သွားကာ နတ်ဘုရားပုံရိပ်အသစ်များကို ဖန်တီးရန် ပြင်ဆင်လိုက်သည်။
ယခုအခါ မိစ္ဆာနတ်ဘုရား တစ်သောင်းကျော်နှင့် ဒဏ္ဍာရီလာအဆင့်ပုဂ္ဂိုလ် လေးဦးကို သတ်ဖြတ်ထားသဖြင့် သူ၏ မိစ္ဆာနတ်ဘုရားစွမ်းအားများမှာ ယခင်ကထက် အဆပေါင်း ရာချီ၍ များပြားနေလေပြီ။
သူသည် ပို၍အစွမ်းထက်သော နတ်မင်းကြီးများကို ဖော်ဆောင်တော့မည် ဖြစ်၏။ ဖြစ်နိုင်လျှင် သုံးပါးတစ်ဆူအရှင်များကိုပင် ခေါ်ယူရန် ရည်ရွယ်ထားသည်။
"ဒီတစ်ခါတော့ နာမည်ကြီးပြီး အစွမ်းထက်တဲ့ နတ်ဘုရားတွေ အကုန်လုံးကို ငါခေါ်မယ်။သုံးပါးတစ်ဆူအရှင်မြတ်တွေကိုတောင် ခေါ်နိုင်ကောင်း ခေါ်နိုင်လိမ့်မယ်။ ဒါဟာ ငါ့အတွက် နောက်ဆုံး အခွင့်အရေးပဲ"