အခန်း (၅၂၁၁-၅၂၁၅)
Vol. 264 Ch. 5211-5215
Chapter 5211
စစ်သူတော်စင်လုသည် သူ၏စိတ်ဆန္ဒအမျှင်တန်း ပျောက်ကွယ်မသွားမီ လုမိသားစုအတွက် အားကိုးရာအသစ်တစ်ခုကို ရှာဖွေရန် ရည်ရွယ်ခဲ့သည်။
ထို့ပြင် လုယွီသည် သင့်လျော်သော အားကိုးရာပင်။
ဤ ဝူစစ်သေနာပတိချုပ်၏ ကျားတံဆိပ်ပြားသည် စစ်သူတော်စင်လု၏အသိအမှတ်ပြုမှု သက်သက်သာ မဟုတ်ချေ။ ဤသည်မှာ ယခုမှစ၍ လုမိသားစုသည် လုယွီကို ရိုသေလေးစားစွာ ဆက်ဆံရမည်ကိုလည်း ကိုယ်စားပြုသည်။
သို့ရာတွင် ဤကိစ္စသည် လုယွီ၏ဆန္ဒများနှင့် ဆန့်ကျင်နေသည်။
လုယွီ၏အတွေးများအရ သူသည် လုမိသားစုထံမှ သူ လိုချင်သောအရာကို ရယူပြီးနောက် တော်ဝင်မြို့တော် လုမိသားစုနှင့်ဝေးရာသို့ တဖြည်းဖြည်း ထွက်ခွာသွားပေမည်။ တော်ဝင်မြို့တော် လုမိသားစုသည် တော်ဝင်မြို့တော်တွင် ၎င်း၏ ထိပ်သီးမိသားစုအဖြစ် ဆက်လက်၍တည်ရှိနေပေမည်။ လုယွီ၏မိသားစုဝင်များသည် ရှန်ယန်သို့ သွားရောက်ပြီး သူ လုယွီ ပိုင်ဆိုင်သော မိသားစု အသစ်တစ်ခု ဖြစ်လာပေလိမ့်မည်။
သို့ရာတွင် ယခုချိန်၌ လုယွီသည် တော်ဝင်မြို့တော် လုမိသားစုနှင့် ချည်နှောင်ခံလိုက်ရသည်။
လောကကြီးတွင် မည်သည့်အရာကိုမျှ ကြိုတင်ခန့်မှန်းနိုင်ခြင်း မရှိဟုသာ ဆိုနိုင်ပေ၏။
"ကျွန်တော်တို့လုမိသားစုက အရှင်ဧကရာဇ်ကို သစ္စာခံဖို့ ဆန္ဒရှိပါတယ်"
လုချန်ဆောင်သည် သူ၏ လူများကို ဦးဆောင်ကာ လုယွီ၏ရှေ့တွင် ဒူးထောက်ပြီး အရိုအသေ ပေးလိုက်သည်။
လုယွီသည် သူ၏ရှေ့မှ ဤ လုမိသားစုဝင်များကို စိတ်ရှုပ်ထွေးသော မျက်လုံးများဖြင့် ကြည့်လိုက်ပြီး ရုတ်တရက် သက်ပြင်းရှည်ကြီးချလိုက်၏။
စစ်သူတော်စင်လုသည် သူ့ကို အကွက်ချကြံစည်ခဲ့သော်လည်း နောက်ဆုံးတွင် အကျိုးအမြတ်အများစုကို လုယွီကသာ ရရှိခဲ့သည်။ ထိုမသေမျိုး ရှေးဟောင်းပစ္စည်း အပိုင်းအစများနှင့် ကံကြမ္မာမီးတံဆိပ်ပြားတို့သည် တန်ဖိုးမဖြတ်နိုင်သော ရတနာများ ဖြစ်သဖြင့် လုယွီသည် စစ်သူတော်စင်လုကို အပြစ်မတင်နိုင်ခဲ့ပေ။
"ငါ့ရဲ့အမိန့်ကို နာခံကြစမ်း"
လုယွီက ရုတ်တရက် စကားပြောဆိုလိုက်သည်။
ပတ်ဝန်းကျင်နေရာတဝိုက်လုံး ချက်ချင်း တိတ်ဆိတ်သွားပြီး လုမိသားစုဝင်များအားလုံး လုယွီကို ကြည့်လိုက်ကြသည်။
"လုချန်ဆောင်ကို ရှန့်လင်မင်းသားအဖြစ် ချီးမြှင့်တယ်... လုချင်းချန်ကို နတ်ဘုရားအစောင့်အရှောက်မင်းသားအဖြစ် ချီးမြှင့်တယ်... မျိုးရိုးဆက်ခံခွင့်နဲ့ အပြစ်ကင်းလွတ်ခွင့်အမိန့်တော်ကို ချီးမြှင့်တယ်"
လုယွီက ကြေညာလိုက်သည်။
ဧကရာဇ် စကားပြောသည့် အချိန်တွင် သူ၏ တော်ဝင်အမိန့်သည် အကြွင်းမဲ့ သြဇာအာဏာကြီးမားပေ၏။
ဤသည်မှာ 'စကားလုံးများမှ ဥပဒေသဖြစ်လာသည်' နှင့် ဆင်တူသည်။ စကားလုံးများပြောရုံမျှဖြင့် စွမ်းအားအဖြစ်သို့ ပြောင်းလဲနိုင်ပြီး လူများကို ကောင်းချီးပေးနိုင်သည်မှာ အလွန်နက်နဲသိမ်မွေ့သည်။
အချိန်တခဏကြာပြီးနောက် တာယွီအင်ပါယာ၏ကံကြမ္မာရွှေနဂါးသည် ဟိန်းဟောက်လိုက်ပြီး အလင်းတန်းပေါင်း ထောင်နှင့်ချီကာ ကျဆင်းလာပြီး လုချန်ဆောင်နှင့်လုချင်းချန်တို့၏ ခန္ဓာကိုယ်များထဲသို့ ဝင်ရောက်သွားသည်။
သူတို့၏ခန္ဓာကိုယ်များ တုန်ခါသွားပြီး သူတို့၏ ကိုယ်ပိုင်ကံကြမ္မာစွမ်းအားများ အနည်းငယ်ပို၍ အားကောင်းလာသည်ကို ခံစားလိုက်ရသည်။
သူတို့နှစ်ဦးသည် မူလက မြင့်မြတ်သူများ ဖြစ်ပြီး တစ်ဦးသည် မြို့စားတစ်ယောက်ဖြစ်ကာ ကျန်တစ်ဦးသည် အမတ်ကြီးပင်။ ယခုချိန်၌ သူတို့သည် မင်းသားများအဖြစ် တပြိုင်နက်တည်း ရာထူးတိုးမြှင့်ခံရရာ သူတို့ ရရှိခဲ့သည်မှာ ကံကြမ္မာစွမ်းအားကောင်းချီးများ၏ အကျိုးကျေးဇူးသက်သက် မဟုတ်ချေ။ အရေးအကြီးဆုံးက ဤသည်မှာ သူတို့၏အဆင့်အတန်း မြင့်တက်လာခြင်းပင်။
ချိုင်မိသားစုမှလွဲ၍ ယေဘုယျအားဖြင့် ပြောရလျှင် တော်ဝင်မျိုးနွယ် မဟုတ်သူများကို မင်းသားအဖြစ် ချီးမြှင့်ခွင့် မရှိပေ။
လုယွီ နန်းတက်ပြီးကတည်းက သူ၏အဘိုး လုဝူသီ တစ်ဦးတည်းသာ "ချန်မင်းသား" အဖြစ် ချီးမြှင့်ခံခဲ့ရသည်။ တခြားလုမိသားစုဝင်များသည် မင်းသားအဖြစ် ချီးမြှင့်ခံရခြင်း မရှိခဲ့ပေ။
ရှန့်လင်မင်းသားနှင့် သူတော်စင်အစောင့်အရှောက်မင်းသားတို့သည် စကားလုံးနှစ်လုံးပါ မင်းသားများဖြစ်ပြီး သူတို့၏ အဆင့်အတန်းသည် စကားလုံးတစ်လုံးပါ မင်းသားတစ်ပါးထက် များစွာ နိမ့်ကျသည်။ သူတို့သည် နယ်စားအဆင့်မင်းသားများသာ ဖြစ်ပေ၏။
ထို့ပြင် ဤမင်းသားဘွဲ့နှစ်ခုတွင် အပိုင်စားနယ်မြေ မရှိပေ။ ဤသည်မှာ ဂုဏ်ထူးဆောင် ဘွဲ့နှစ်ခုမျှသာ ဖြစ်သည်။
သို့ရာတွင် ဤကိစ္စသည် တော်ဝင်မြို့တော် လုမိသားစုအပေါ် လုယွီ၏အသိအမှတ်ပြုမှုကိုလည်း ကိုယ်စားပြုသည်။ ဤအချိန်မှစ၍ တော်ဝင်မြို့တော် လုမိသားစုကိုလည်း တော်ဝင်မိသားစု၏တစ်စိတ်တစ်ပိုင်းအဖြစ် သတ်မှတ်နိုင်ပြီး လုယွီသည်လည်း လုမိသားစု၏ အားကိုးရာ ဖြစ်လာသည်။
"လုကျုံးရှန့်... မင်း စိတ်ပူစရာ မလိုဘူး... မင်းကို ငါက အသုံးချစရာတွေ အများကြီး ရှိတယ်... ငါ့ဘေးမှာ နေပြီး မင်းက အလုပ်ကို ကောင်းကောင်းလုပ်ရုံပဲ... မင်းအတွက် အနာဂတ်မှာ အကျိုးအမြတ်တွေ မနည်းစေရဘူး"
လုယွီက ရုတ်တရက် ပြောဆိုသည်။
လုကျုံရှန့်က တုံ့ပြန်သည်။
"အရာအားလုံးက အရှင်ဧကရာဇ်ရဲ့ သဘောအတိုင်းပါ"
သူသည် ယခင်က တောက်ပနေမင်းကြယ်မြစ်၏ အုပ်ချုပ်သူအရှင် ဖြစ်ခဲ့ပြီး စစ်ရေးအောင်မြင်မှုများ ရှိခဲ့သော်လည်း ထိုအချိန်ကာလမှ ယခုအချိန်အထိ နှစ်များ မည်မျှထိကြာမြင့်သွားပြီကို မည်သူ သိနိုင်မည်နည်း။ အကယ်၍ လုကျုံးရှန့် ဂုဏ်ပုဒ်တစ်ခုကို ပြန်လည် ရယူလိုပါက သူသည် စစ်မှန်သော စစ်ရေးဆိုင်ရာထူးချွန်မှုများ လိုအပ်ပေမည်။
လုမိသားစု၏ အကြီးအကဲချုပ်နှစ်ဦးကို မင်းသားများအဖြစ် ချီးမြှင့်ခြင်းသည် မျက်နှာသာပေးမှု တစ်ခုမျှသာ ဖြစ်သည်။ ယခုမှစ၍ လုမိသားစုဝင်များသည် ဘွဲ့ထူးများကို ချီးမြှင့်ခံလိုပါက သူတို့၏ကိုယ်ပိုင် အရည်အချင်းများအပေါ်တွင်သာ မှီခိုရပေမည်။
"ဒါ့ပြင် အထီးကျန်လူရိုင်းကမ္ဘာထဲမှာ ငါ ယူသွားဖို့ လိုအပ်တဲ့ တိုက်ပွဲဝိညာဉ် နှစ်ခု ရှိသေးတယ်"
လုယွီက ပြောဆိုသည်။
တိုက်ပွဲဝိညာဥ်တွေဟု ဆိုသလော...
လုချန်ဆောင်သည် ရုတ်တရက် ထိတ်လန့်တုန်လှုပ်သွားပြီး မေးမြန်းလိုက်၏။
"မွေးနေ့ပွဲမစခင်မှာ တိုက်ပွဲဝိညာဥ်တွေကို ဆင့်ခေါ်ခဲ့တဲ့လူက အရှင်ဧကရာဇ်လား"
Chapter 5212
"ဟုတ်တယ်...အဲ့ဒါက ငါပဲ.. "
လုယွီထံတွင် ဖုံးကွယ်ထားရန် မည်သည့်အကြောင်းအရင်းမျှ မရှိသဖြင့် သူ တိုက်ရိုက် ပြောဆိုလိုက်သည်။
လုမိသားစုဝင်များသည် လုယွီအား စိတ်ရှုပ်ထွေးသောအကြည့်များဖြင့် ကြည့်လိုက်ကြ၏။
သူတို့ လုမိသားစုသည် မရေမတွက်နိုင်သော နှစ်ပေါင်းများစွာကြာအောင် ကြိုးပမ်းခဲ့သည့်တိုင် မအောင်မြင်ခဲ့သော အရာအားလုံးကို လုယွီသည် အထီးကျန်လူရိုင်းကမ္ဘာသို့ ရောက်သည်နှင့် တပြိုင်နက်တည်း ပြီးမြောက်စေခဲ့သည်။
ဒဏ္ဍာရီများအရ အထီးကျန်လူရိုင်းကမ္ဘာအတွင်း၌ တိုက်ပွဲဝိညာဉ်များ တည်ရှိခဲ့သည်။ သူတို့သည် အတိတ်က စစ်သူတော်စင်လု၏နောက်သို့ လိုက်ပါခဲ့ကြသော ပြိုင်ဘက်ကင်း စစ်ဗိုလ်ချုပ်ကြီးများပင်။
သူတို့၏ သူရဲကောင်းစိတ်ဝိညာဉ်များသည် သေဆုံးသွားခြင်းမရှိချေ။ နှစ်ထောင်ပေါင်းများစွာ ကြာမြင့်ပြီးသည့်တိုင် သူတို့၏တိုက်ပွဲဝိညာဉ်များသည် ပျံ့လွင့်မသွားဘဲ ဤလောကကြီးကို စောင့်ရှောက်နေဆဲပင်။
"လုမိသားစုက အရည်အချင်းမရှိတာကြောင့် သူရဲကောင်းစိတ်ဝိညာဉ်တွေကို နှစ်ပေါင်းများစွာကြာတဲ့အထိ ဖုန်အလိမ်းလိမ်း ဖြစ်စေခဲ့တာပါ... အရှင်ဧကရာဇ်က ဥာဏ်ပညာကြီးမားပြီးတော့ အစွမ်းထက်တာကြောင့် သူတို့ကို လူ့လောကထဲမှာ ပြန်ပြီးထွက်ပေါ်လာအောင် လုပ်နိုင်ခဲ့တာ... ဒါ ကျွန်တော်တို့လုမိသားစုရဲ့ ကောင်းချီးမင်္ဂလာပါပဲ"
လုချန်ဆောင်သည် ရိုသေလေးစားစွာ ဦးညွှတ်လိုက်၏။ လုမိသားစုဝင်များသည် လုယွီအပေါ် အလွန်ရိုသေလေးစားနေကြလေပြီ။
လုယွီသည် လုမိသားစုထံသို့ ပထမဆုံး လာရောက်သည့် အချိန်တွင် သူသည် လုဝူရအား သတ်ရန် အတင်းအကြပ် ဝင်ရောက်ခဲ့သည်။ သို့ရာတွင် ဤတစ်ကြိမ်တွင်မူ အရာအားလုံး လုံးလုံးလျားလျား ကွဲပြားခြားနားသွားခဲ့သည်။ နဂါးတံခါးကို ကျော်ဖြတ်သော ငါးတစ်ကောင်အလား ထိုလူငယ်သည် တဟုန်ထိုး မြင့်တက်သွားခဲ့ပြီး ထိပ်သီးမိသားစုများကိုပင် ဦးညွှတ်စေခဲ့သည်။
"ထွက်လာခဲ့ကြစမ်း"
လုယွီ၏အကြည့်သည် မိုင်ပေါင်းများစွာ ဝေးကွာသောအရပ်သို့ ကျရောက်သွားပေ၏။ ထို့နောက် သူ၏မှော်စွမ်းအားများကို ကျားတံဆိပ်ပြားထဲသို့ ထည့်သွင်းကာ လေထုအတွင်းသို့ ပစ်တင်လိုက်သည်။
ဤအချိန်တွင် စစ်သေနာပတိချုပ်ကြီး၏ တံဆိပ်ပြားမှ မြင့်မြတ်သော အလင်းတန်းတစ်ခုထွက်ပေါ်လာကာ မိုးကောင်းကင်ယံအတွင်းသို့ ချက်ချင်းပျံ့လွင့်သွားသည်။ စစ်တံပိုးခရာသံများ မြည်ဟီးလာပြီး စိတ်လှုပ်ရှားဖွယ်ရာ စစ်ဗုံသံများသည် ဤသီးခြားကမ္ဘာငယ်လေးအတွင်းတွင် ထွက်ပေါ်လာပေ၏။
တိုက်ပွဲဝိညာဉ်နှစ်ခုသည် လုယွီ၏ရှေ့၌ ထွက်ပေါ်လာသည်။ သူတို့၏မျက်လုံးများတွင် ခံစားချက်ကင်းမဲ့နေသော်လည်း ကြေမွှပျက်စီးနေသော စစ်သူတော်စင်လု၏ရုပ်ထုပေါ်သို့ သူတို့၏အကြည့် ကျရောက်သွားသည့်အချိန်တွင် သူတို့၏မျက်လုံးများထဲ၌ အလင်းတန်းတစ်တန်း ဖြတ်ပြေးသွားသည်။
"ရှေးဟောင်းအလယ်ခေတ်က တိုက်ပွဲဝိညာဉ်တွေလား..."
"ဒဏ္ဍာရီက တကယ့်ကို အစစ်အမှန် ဖြစ်နေတာပဲ... အထီးကျန်လူရိုင်းကမ္ဘာမှာ အလယ်ခေတ်က တိုက်ပွဲဝိညာဉ်တွေ တကယ်ကြီး ရှိနေတာပဲ"
ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသော လုမိသားစုဝင်များအားလုံးသည် ကြက်သေသွားကြပြီး သူတို့ထံတွင် နောင်တများ အလွန်အမင်းအံ့အားသင့်မှုများဖြင့် ပြည့်နှက်သွားပေ၏။
လုချန်ဆောင်က သက်ပြင်းရှည်ကြီး ချလိုက်သည်။ သူ၏မျက်နှာပေါ်မှ အရေးအကြောင်းများသည် ပို၍နက်ရှိုင်းသွားပြီး သူ၏ဆံပင်များ ဖြူဖွေးခြောက်သွေ့နေကာ စိတ်ဝိညာဉ်စွမ်းအားများအားလုံး ဆုံးရှုံးသွားသည့်အလား လေပြေထဲတွင် ဖြည်းညှင်းစွာ လူးလွန့်နေသည်။
ဤသည်မှာ လုမိသားစု၏အမွေအနှစ်ပင်။ သို့ရာတွင် အဆုံးသတ်၌ လုမိသားစုဝင်များ၏ ညံ့ဖျင်းသော နားလည်သဘောပေါက်နိုင်စွမ်းကြောင့် သူတို့သည် ထိုသို့သော ရတနာတစ်ခုကို အဆုံးသတ်၌ လက်လွတ်ခဲ့ရသည်။
"ရှေးဟောင်းခေတ်က အရာအားလုံးဟာ ရေလိုပဲ စီးဆင်းသွားခဲ့ပြီ... အတိတ်ကို ပြန်တွေးတောနေတာက အချည်းနှီးပဲ...ဘာမှအသုံးမဝင်ဘူး... ဒီနေ့ကစပြီး မင်းတို့နှစ်ယောက် ငါ့နောက်ကို လိုက်ခဲ့ရမယ်"
လုယွီက တိုက်ပွဲဝိညာဉ်နှစ်ယောက်ကို သူ၏ လက်ဝါးအတွင်းသို့ ထည့်သွင်းလိုက်သည်။ ထိုတိုက်ပွဲဝိညာဉ်နှစ်ယောက်သည် ငြင်းဆန်ခြင်း မရှိချေ။
လုယွီသည် ကျားတံဆိပ်ပြားကို သူ၏လက်ထဲတွင် ကိုင်ဆောင်ထားသဖြင့် သူတို့ကို အမိန့်ပေးရန် အရည်အချင်းပြည့်မီသည်။ သူသည် ဧကရာဇ်အမိန့်တော် သို့မဟုတ် တော်ဝင်အမိန့်တော်တစ်ခုကို ပေးအပ်ရန်ပင် မလိုအပ်ချေ။
တိုက်ပွဲဝိညာဉ်နှစ်ခုသည် လုယွီ၏လက်ဝါးထဲသို့တိုးဝင်ကာ ပျောက်ကွယ်သွားသည်ကို ကြည့်ရင်း လုမိသားစုဝင်များ၏စိတ်နှလုံးသားများ ပြင်းထန်စွာ တဆတ်ဆတ် တုန်ခါသွားသည်။ သူတို့ထံတွင် ကြီးမားသော နှမြောတသဖြစ်မှုများ ကြွင်းကျန်ခဲ့ပေ၏။
သို့ရာတွင် လုယွီအား "ဟင့်အင်း"ဟူသော အငြင်းစကားတစ်ခွန်းကို မည်သူမျှ မပြောဝံ့ချေ။ ထို့ပြင် ဤအရာကို မူလကပင် လုယွီက ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။ အကယ်၍ လုယွီသာ မရှိခဲ့လျှင် ဤတိုက်ပွဲဝိညာဉ်နှစ်ခုသည် အသက်မဲ့စွာဖြင့် ကျောက်ရုပ်များအတွင်း၌ ယခုချိန်ထိတိုင် ရှိနေပေမည်။
...
လုယွီသည် လုမိသားစုမှ ပြန်ထွက်ခွာသွားသည့် အချိန်တွင် လူအမြောက်အများမှ သူ့ကို လိုက်ပို့ကြလေ၏။
လုချန်ဆောင် လုချင်းချန် လူကျုံးရှန့်နှင့် လုမိသားစုအကြီးအကဲများ အပါအဝင် တခြားသော အရေးကြီးပုဂ္ဂိုလ်များအားလုံး စုရုံးရောက်ရှိနေကြပြီး လုယွီအား ဧကရာဇ်၏ ရထားလုံးပေါ်သို့ ရိုသေလေးစားစွာ ပို့ဆောင်ခဲ့ကြသည်။
ထိုမြင်ကွင်းသည် အလွန် ခမ်းနားကြီးကျယ်လှပြီး မရေမတွက်နိုင်သော လူများသည် လူအုပ်အကြားမှ ကြည့်ရှုနေကြ၏။
ဖန်ရှင်းရန်သည် ရထားလုံးထဲတွင် ထိုင်နေကာ လုယွီအား အချိန်အတော်ကြာ ကြည့်ရှုနေခဲ့ပြီး သူမ၏စိတ်နှလုံးသားထဲတွင် နောင်တရသော ခံစားချက်တစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။
"ဘိုးဘေး... ကျွန်မကသာ အဲဒီတုန်းက သူ့အကြောင်း မကောင်းမပြောခဲ့ဘူးဆိုရင် အခု အခြေအနေတွေက တစ်မျိုးတစ်ဖုံ ဖြစ်နေမလားပဲ"
ဖန်ရှင်းရန်က ဖျော့တော့တော့လေသံဖြင့် ရေရွတ်လိုက်သည်။ သူမ၏မျက်လုံးများတွင် တစ်စုံတစ်ခု လစ်ဟာနေပုံရကာ ပြင်းထန်သော ထိုးနှက်ချက်တစ်ခုကို ခံစားခဲ့ရသည့်အလားပင်။
ကြီးမားသော အခွင့်အရေးကြီးတစ်ခုသည် သူမ၏မျက်လုံးရှေ့မှ ပျောက်ကွယ်သွားခဲ့ပေ၏။
သူမ၏ ချွန်မြသောလက်သည်းများသည် သူမ၏လက်ဝါးများထဲသို့ နက်ရှိုင်းစွာ စိုက်ဝင်သွားသော်လည်း ဖန်ရှင်းရန်သည် ထိုအရာကို အာရုံမစိုက်မိခဲ့ချေ။
ဖန်မိသားစုဘိုးဘေးက သက်ပြင်းရှည်ကြီး ချလိုက်ပြီး သူ၏ခေါင်းကို ခါယမ်းလိုက်သည်။
ဤကဲ့သို့ အခွင့်အရေးများသည် တစ်ကြိမ် လက်လွတ်သွားလျှင် ထာဝရ လက်လွတ်လိုက်ရခြင်းဖြစ်သည်။
ကံကောင်းထောက်မစွာဖြင့် လုယွီသည် ဖန်ရှင်းရန်အား တစိုးတစိမျှ အာရုံမစိုက်ခဲ့ချေ။ ထိုသို့မဟုတ်ပါက ဖန်ရှင်းရန်သည် ကျိုးယွမ်ဟောင်ကဲ့သို့ အဆုံးသတ်သွားနိုင်ဖွယ် ရှိပြီး သူမ၏ ကျင့်ကြံခြင်းများ လုံးလုံးလျားလျားပျက်စီးကာ ဤဘဝတွင် တဖန်ပြန်၍ ထူထောင်နိုင်စွမ်း ရှိတော့မည်မဟုတ်ချေ။
Chapter 5213
အောက်ဘုံမှ လုမိသားစုအား အလျင်မြန်ဆုံးအရှိန်နှုန်းဖြင့် ရှန်းယန်မြို့သို့ ပို့ဆောင်ခဲ့သည်။
လုယွီသည် သူ၏ဆွေမျိုးများ ဘေးကင်းလုံခြုံမှုကို သေချာစေရန် နဂါးအစောင့်တပ်မှူးတစ်ယောက်အား အထူးတလည် စေလွှတ်ခဲ့သည်။ ထောင်နှင့်ချီသော နဂါးအစောင့်တပ်သားများ ပုန်းကွယ်နဂါးစစ်သားများသည် အတူတကွပူးပေါင်း၍ အောက်ဘုံလုမိသားစုဝင်များအားလုံးကို ကာကွယ်စောင့်အရှောက်ပေးခဲ့သည်။
ဤလုပ်ရပ်ကို ပိုင်းခြားသိမြင်နိုင်စွမ်းရှိသည့် လူအများကလည်း သတိပြုမိသွားခဲ့သည်။
ဧကရာဇ်အသစ်သည် တာယွီအင်ပါယာ၏ဗဟိုအချက်အချာကို ရှန်းယန်မြို့သို့ ရွှေ့ပြောင်းနိုင်သည်ဟု လူအများက ထင်ကြေးပေးခဲ့ကြသည်။
အင်အားစုများသည် သူတို့၏လုပ်ငန်းများကို ရှန်းယန်မြို့သို့ ပို၍ရွှေ့ပြောင်းလာကြသည်။ တော်ဝင်မြို့တော်သည် တဖြည်းဖြည်း လူသူနည်းပါးကာ ခြောက်ကပ်လာပေ၏။ ရှန်းယန်မြို့မှာမူ ဆန့်ကျင်ဘက်အားဖြင့် ပြင်းထန်သော မီးတောက်ပေါ်သို့ ဆီလောင်းထည့်လိုက်သည့်အလား ဖွံ့ဖြိုးတိုးတက်လာကာ ပန်းပွင့်များ အပြည့်အဝ ပွင့်လန်းနေသကဲ့သို့ တက်ကြွသောပုံစံဖြင့် သက်ဝင်လှုပ်ရှားနေသည်။
ဆောင်းရာသီ၏ နှောင်းပိုင်းအချိန်ကာလ၌...
တော်ဝင်မြို့တော်သည် ဆောင်းရာသီ၏ ပထမဆုံးနှင်းမုန်တိုင်းကြီးကို ကြိုဆိုလိုက်ရသည်။
နှင်းပွင့်များသည် လေထုထဲတွင် လွင့်ပါးနေပြီး အေးစက်သော လေသည် အရိုးခိုက်အောင် စူးရှပေ၏။ ထျန်းရှာအိမ်တော်ရှိ နန်းတွင်းအပျိုတော်များနှင့်မိန်းမစိုးများသည် မြေပြင်ပေါ်မှ စုပုံနေသော နှင်းများကို ရှင်းလင်းရန်နှင့်အဓိကလမ်းများပေါ်တွင် ကော်ဇောနီများ ခင်းကျင်းရန် နံနက်စောစောထကြရသည်။ အနီးကပ် ကြည့်ရှုမည် ဆိုလျှင် ဤနန်းတွင်းအပျိုတော်များနှင့် မိန်းမစိုးများသည် လျင်မြန် ဖျတ်လတ်ကြပြီး ပျံသန်းနေသကဲ့သို့ ရွေ့လျားကြကာ သူတို့အားလုံးသည် အတော်အသင့်အင်အားရှိသော ကျင့်ကြံသူများ ဖြစ်ကြောင်း သတိပြုမိပေလိမ့်မည်။
ထျန်းရှာအိမ်တော်၏အပြင်ဘက်တွင် အနက်ရောင်သံချပ်ကာများကို ဝတ်ဆင်ထားပြီး နတ်ဆိုးသားရဲများကို စီးနင်းထားသော တော်ဝင်အစောင့်တပ်သားသုံးထောင်သည် သတ်ဖြတ်လိုခြင်းအငွေ့အသက်များကို ထုတ်လွှတ်ထားပြီး ခေါက်တုံ့ခေါက်ပြန်ကင်းလှည့်နေကြသည်။ တော်ဝင်အစောင့်တပ်မှ ကျင့်ကြံသူအမြောက်အများသည် သူတို့၏ကောင်းကင်ဘုံမျက်လုံးများကို ဖွင့်ထားပြီး အရပ်မျက်နှာအဘက်ဘက်ကို အဆက်မပြတ် စောင့်ကြည့်နေကြသည်။ ဤနေရာအနီးသို့ ချဉ်းကပ်လာသော ငှက်ငယ်လေးတစ်ကောင်ပင်လျှင် သူတို့၏နတ်ဘုရားစိတ်အာရုံဖြင့် စစ်ဆေးခြင်းခံရပေမည်။
"လီစစ်... မင်း ဒီနေ့ တော်တော် စောစော ရောက်လာတာပဲ"
လုယွီသည် ထျန်းရှာအိမ်တော်၏ စာကြည့်ခန်းထဲတွင် ထိုင်နေလေ၏။ သူသည် ပါးလွှာပြီး ရိုးရှင်းသောဝတ်ရုံကို ဝတ်ဆင်ထားကာ သူ့ကိုကြည့်ရသည်မှာ အလွန်စိတ်ဓာတ်တက်ကြွနေပုံရသည်။
ပြင်ပမှလေသည် အလွန်အမင်းအေးစက်နေသော်လည်း လုယွီအတွက်မူ သူ့အပေါ်တွင် သက်ရောက်မှု တစ်စုံတစ်ရာ မရှိသည့်အလားပင်။
သိုင်းအင်မော်တယ်အဆင့်ရုပ်ခန္ဓာကိုယ်သည် အပူဒဏ်နှင့်အအေးဒဏ်ကို အနည်းငယ်မျှ ကြောက်ရွံ့ခြင်း မရှိချေ။
"အရှင်ဧကရာဇ်က အုပ်ချုပ်ရေးမှာ လုံ့လဝီရိယ ရှိလွန်းတော့ ကျွန်တော်လည်း ပေါ့ဆလို့ မဖြစ်ဘူးပေါ့"
လီစစ်က ပြုံးလိုက်ပြီး သူ၏လက်ကိုမြှောက်ကာ သူ၏သိုလှောင်အိတ်အတွင်းမှ စာရွက်တစ်ထပ်ကို ထုတ်ယူလိုက်၏။
"ဒါတွေက မနေ့ညကမှ အတွင်းဝန်အဖွဲ့က အတည်ပြုခဲ့တဲ့ စာတမ်းတွေပါ... ဒီနေ့ အဓိက အာရုံစိုက်ရမှာက ရှန်းယန်မြို့နဲ့ တော်ဝင်မြို့တော်ကြားက အရင်းအမြစ် ပြိုင်ဆိုင်မှုပဲ... အခု လူတော်တော်များများက ရှန်းယန်ကို အုံလိုက်ကျင်းလိုက် လာနေကြတယ်.. ဒါက တော်ဝင်မြို့တော်အပေါ် တော်တော်လေး ဖိအား သက်ရောက်စေတယ်"
လုယွီ ဆုံးဖြတ်ပေးရန် လိုအပ်သော စာတမ်းများကိုသာ အတွင်းဝန်အဖွဲ့မှ ဤနေရာသို့ ပို့ဆောင်ခြင်းဖြစ်သည်။
တိကျသည့် အကောင်အထည်ဖော်မှုကို လိုအပ်သော ကိစ္စများအတွက် လုယွီသည် ယေဘုယျအားဖြင့် အုပ်ချုပ်ရေးအဖွဲ့မှ အမတ်ကြီးများထံ အာဏာလွှဲအပ်လေ့ရှိသည်။ သို့ရာတွင် အလွန်အရေးကြီးသော မူဝါဒကြီးများကိုမူ လုယွီ ကိုယ်တိုင် ဆုံးဖြတ်ပေးရန် လိုအပ်နေဆဲပင်။
"ဖေးထျန်ကွမ်းက ဘာပြောလဲ"
"အရှင်ဖေးက အရှင်ဧကရာဇ် ပေးခဲ့တဲ့ အကြံဥာဏ်တွေအတိုင်း လိုက်နာပြီးတော့ အသေးစိတ် ဗျူဟာတစ်ခုကို ရေးဆွဲခဲ့တယ်... အဓိကအားဖြင့်တော့ နေရာရွှေ့ပြောင်းလာတဲ့ လူတွေကို စိစစ်ဖို့ပါ... ပြီးတော့ ဘဏ္ဍာရေး ဝန်ကြီးဌာနမှာ နောက်ကြောင်းမှတ်တမ်းတွေနဲ့ ပြန်လည်သုံးသပ်မှုအမှတ်တွေကို ထိန်းသိမ်းထားတယ်... လုံလောက်တဲ့အမှတ်ရှိသူတွေကိုပဲ ရှန်းယန်မြို့မှာ အိမ်ထောင်စုမှတ်ပုံတင်ခွင့် ပြုမှာပါ"
"ဒါဆို သူပြောတဲ့အတိုင်း လုပ်ခိုင်းလိုက်တော့....ဒီကိစ္စကို လက်တွေ့အကောင်အထည်ဖော်တာနဲ့ ပြဿနာတွေ ရှိလာမှာ သေချာတယ်... ဒါကြောင့် သူ့ကို လိုက်လျောညီထွေဖြစ်အောင် လုပ်ခိုင်းလိုက်..."
လုယွီက သူ၏လက်ကို ဝှေ့ယမ်းလိုက်ပြီး သူ၏နတ်ဘုရားစိတ်အာရုံကို ထုတ်လွှတ်ကာ ရုံးစာရွက်စာတန်းများအားလုံးကို ချက်ချင်း ဖတ်ရှုလိုက်သည်။
ဤနည်းလမ်းသည် အံ့အားသင့်ဖွယ်ကောင်းသော်လည်း အစစ်အမှန်အင်မော်တယ်တစ်ဦး၏ စိတ်ဝိညာဉ်အတွက်မူ ဤသည်မှာ ထူးထူးခြားခြား မဟုတ်လှချေ။
"ရှန်းယန်မြို့က အခု မြေတစ်လက်မကို ရွှေတစ်ကျပ်သား ဖြစ်နေပါပြီ... မြို့ဆင်ခြေဖုံးက မြေဈေးတွေတောင် အဆနှစ်ဆယ်ကျော် တက်သွားပြီးတော့ လူတော်တော်များများက မြေဈေးကြောင့် တစ်ညတည်းနဲ့ ချမ်းသာသွားကြတယ်... ကျွန်တော်က အတင့်ရဲပြီးတော့ အရှင်ဧကရာဇ်ရဲ့အတွေးကို ခန့်မှန်းပါရစေ... အရှင်က မြို့တော်ကို ရှန်းယန်ဆီ ပြောင်းရွှေ့ဖို့ စီစဉ်နေတာလား"
မြို့တော်သည် အင်ပါယာတစ်ခု၏အခြေခံအုတ်မြစ် ဖြစ်၏။ တခြားလူများသည် သူ၏နောက်ကွယ်တွင်သာ ထင်ကြေးပေးဝံ့ကြသော်လည်း လီစစ် တစ်ဦးတည်းကသာ လူယွီ၏ မျက်နှာကို စေ့စေ့ကြည့်၍ မေးမြန်းဝံ့ပေ၏။
"မင်းက ခန့်မှန်းမိပြီးသား မဟုတ်လား.. ဘာလို့ ငါ့ကို အတိအလင်း ထုတ်ပြောခိုင်းနေသေးလဲ"
"ရှန်းယန်က အရှေ့အောင်နိုင်ခြင်းကြယ်မြစ်အတွက် အာဏာတည်တဲ့နေရာ ဖြစ်တဲ့အပြင် အရှင်ဧကရာဇ် အုပ်ချုပ်ခဲ့တဲ့မြေလည်း ဖြစ်တယ်... ဒါ့ပြင် ရှန်းယန်မှာ ထိပ်သီးမိသားစုတွေနဲ့ တခြားအင်အားစုတွေရဲ့ ဩဇာအာဏာလွှမ်းမိုးမှုက အရမ်းအားနည်းတယ်... အဲ့ဒီနေရာကို အင်ပါယာရဲ့မြို့တော်အဖြစ် သတ်မှတ်လိုက်တာက တစ်ချက်ခုတ် နှစ်ချက်ပြတ်ပဲ"
"ဒါပေမဲ့ အရှင်ဧကရာဇ်က မြို့တော်ရွှေ့ဖို့ တစ်ဖက်သတ်ဆုံးဖြတ်လိုက်ရင်... ဒါက ဆန့်ကျင်ဘက်အသံတွေကို ဆွဲဆောင်သလို ဖြစ်လာမှာ သေချာတယ်... အဲ့ဒီ ထိပ်သီးမိသားစုတွေနဲ့ အင်အားစုကြီးတွေက သဘောမတူကြမှာကို ကျွန်တော် စိုးရိမ်မိတယ်"
Chapter 5214
"သူတို့ကို ဂရုစိုက်မနေနဲ့"
"ဒီထိပ်သီးမိသားစုတွေက သူတို့အတွက် ကိုယ်ကျိုးရှာဖို့နဲ့ သူတို့ရဲ့လိုအင်ဆန္ဒတွေကိုပဲ ဂရုစိုက်ကြတာ... ငါသာ သူတို့ရဲ့ သဘောထားကို ဂရုစိုက်နေရရင် ဒီဧကရာဇ် ဖြစ်လာမှာ မဟုတ်ဘူး"
လုယွီ၏စကားကို ကြားချိန်တွင် လီစစ်၏စိတ်နှလုံးသားအတွင်း၌ ချက်ချင်းထိတ်လန့်တုန်လှုပ်သွားသည်။
သူသည် အစမ်းသဘောဖြင့် မေးမြန်းရုံသာဖြစ်ပြီး လုယွီထံတွင် မြို့တော်ကိုရွှေ့ပြောင်းရန် အကြံအစည် အမှန်တကယ် ရှိနေလိမ့်မည်ဟု သူ မျှော်လင့်မထားမိချေ။
ရှေးဟောင်းအလယ်ခေတ်မှစ၍ အင်ပါယာအမြောက်အများမှ ဧကရာဇ်များသည် သူတို့၏ မြို့တော်များကို ရွှေ့ပြောင်းခဲ့ကြသည်။ သို့ရာတွင် ထိုသို့ ပြုလုပ်ခြင်းသည် မကြာခဏဆိုသလို အင်ပါယာတစ်ခုလုံး၏ အာဏာ ဖွဲ့စည်းပုံကို ပြောင်းလဲစေပြီး ကံကြမ္မာစွမ်းအားအပေါ် နက်ရှိုင်းသော သက်ရောက်မှု ရှိစေသည်။
ရုတ်တရက် လုယွီက စာရွက်တစ်ထပ်ကို ထုတ်ယူပြီး လီစစ်ထံသို့ ပေးလိုက်၏။
ထိုစာရွက်များသည် အလွန်ထူထဲပြီး အပြင်ဘက်တွင် နတ်ဆိုးသားရဲသားရေဖြင့် ပတ်ထားသဖြင့် အတွင်းမှ အကြောင်းအရာများကို ရှင်းလင်းစွာ မမြင်နိုင်ပေ။
"ဒါက ဘာလဲ"
လီစစ်က လုယွီအား ကြည့်လိုက်သည်။
လုယွီ၏မျက်နှာအမူအယာသည် တည်ငြိမ်နေပြီး သူက ဖြည်းညှင်းစွာ ပြောဆိုသည်။
"ငါ့ကို ဒီစာကို သူတော်စင်ရွှမ်ဆီ ပို့ပေးပါ"
ပြတင်းပေါက်အပြင်ဘက်မှ ကျဆင်းနေသော နှင်းများကို ကြည့်ရင်း လုယွီက ပြောဆိုလိုက်၏။
"သူတော်စင်ရွှမ်က 'ကံကြမ္မာကို ထိန်းချုပ်ပြီး အသုံးချ' လို့ တစ်ချိန်က ပြောခဲ့ဖူးတယ်... အခု လူသားမျိုးနွယ်စုက ကန့်သတ်ခံထားရတယ်... သက်ရှိအားလုံးက ကောင်းကင်လမ်းစဥ်ရဲ့ ထိန်းချုပ်မှုအောက်မှာ ပိတ်မိနေပြီးတော့ လွတ်လွတ်လပ်လပ် သွားလာလို့ မရဘူး... ငါက လောကကြီးမှာရှိတဲ့ လူတိုင်းအတွက် ဒီကောင်းကင်လမ်းစဉ် အတုအယောင်ကို ဖယ်ရှားပစ်ဖို့ ရည်ရွယ်ထားတယ်"
"အရှင်ဧကရာဇ်က ဘာတွေ လုပ်ဖို့ စီစဉ်နေတာလဲ"
လီစစ် ရုတ်တရက် စိတ်လှုပ်ရှားသွားသည်။ လူယွီ၏စကားများသည် စကားပြောဆိုခြင်းနှင့် မတူဘဲ ထွက်ခွာသွားရန် နှုတ်ဆက်နေခြင်းနှင့် ပို၍တူညီနေသည်။
"ဒီစာကို သူတော်စင်ရွှမ်ကို ပေးလိုက်ပါ... သူ နားလည်သွားလိမ့်မယ်"
လုယွီက မတ်တတ်ထရပ်လိုက်ပြီး စာကြည့်ခန်း၏တံခါးကို တွန်းဖွင့်လိုက်သည်။
ရုတ်ချည်းဆိုသလိုပင် အေးစက်စက်လေသည် နှင်းပွင့်များနှင့်အတူ သူ၏မျက်နှာပေါ်သို့ တိုက်ခတ်လာသည်။
"နန်းတွင်းအခြေအနေကို ငါ ဖြေရှင်းပြီးသွားပြီ... အခု ငါက မိတ်ဆွေဟောင်းတွေနဲ့ သွားတွေ့ပြီးတော့ ကျန်ရှိနေသေးတဲ့ ကိစ္စတွေကို ဖြေရှင်းသင့်ပြီ"
လုယွီ၏အသံသည် ဆက်လက်၍ပဲ့တင်ထပ်နေပြီးနောက် သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် စာကြည့်ခန်းထဲမှ ပျောက်ကွယ်သွားပေ၏။
လီစစ်သည် သူ၏လက်ထဲမှ စာကို ပျောက်ဆုံးသွားမည်အား စိုးရိမ်သဖြင့် ချက်ချင်းဆိုသလိုပင် တင်းကြပ်စွာဆုပ်ကိုင်လိုက်သည်။
သူ၏မျက်နှာပေါ်တွင် ကြောက်ရွံ့မှု အရိပ်အယောင်တစ်ရပ် ဖြတ်ပြေးသွားပြီးနောက် သူသည် ချက်ချင်းမတ်တတ်ထရပ်ကာ အဝေးသို့ ပျံသန်းသွားတော့သည်။
တော်ဝင်မြို့တော် ရှားဟို အိမ်တော်...
ဤသည်မှာ လဲ့ကျင်းမြို့စားကြီး ရှားဟိုလီ၏အိမ်တော်ပင်။
မြို့စားမိသားစုတစ်စုအနေဖြင့် ရှားဟိုအိမ်တော်၏တပည့်များသည် တစ်နှစ်ပတ်လုံး သိုင်းပညာလေ့ကျင့်သည့် အလေ့အထကို ထိန်းသိမ်းထားကြသည်။ အိမ်တော်တံခါးဝရှေ့တွင် လှံရှည်ကြီးတစ်ချောင်းကို အမြဲတစေ စိုက်ထူထားပြီး အိမ်တော်သခင်၏ ထူးချွန်သောစွမ်းဆောင်မှုများကို အမှတ်အသား ပြုထားသည်။
သို့သော် ဤအချိန်၌ ရှားဟိုအိမ်တော်တွင် အဖြူရောင်ပိတ်စများဖြင့် လွှမ်းခြုံထားပြီး အဖြူရောင်မီးပုံးများ ချိတ်ဆွဲထားကာ နေရာတိုင်းတွင် ဝမ်းနည်းပူဆွေးမှု အငွေ့အသက်များ ထုတ်လွှတ်နေသည်။
"လူငယ်လေး... အိမ်တော်မှာ ဈာပနပွဲ ကျင်းပနေတာ... ငါတို့က ဧည့်သည်တွေ လက်မခံဘူး"
တံခါးစောင့်သည် သူ၏လက်ကို ဝှေ့ယမ်းလိုက်ပြီး လုယွီအား ထွက်ခွာသွားရန် ပြောဆိုလိုက်၏။
လုယွီက မျက်မှောင်ကြုတ်လိုက်သည်။
"အိမ်တော်ထဲမှာ ဘယ်သူ ဆုံးပါးသွားတာလဲလို့ မေးလို့ရမလား"
"ဒါက ငါတို့ရဲ့အိမ်တော်သခင်ပဲ... လွန်ခဲ့တဲ့ရက်ပိုင်းလောက်က ရေခဲနယ်မြေတိုက်ပွဲမှာ ကျဆုံးသွားခဲ့တယ်... ဟူး... ငါ့ရဲ့သခင်ကြီးက သူ့ဘဝရဲ့အချိန်အများစုကို စစ်တပ်ထဲမှာ ကုန်ဆုံးခဲ့တယ်...နောက်ဆုံးတော့ သူ အမတ်ကြီးအဖြစ် ရာထူးတိုးခံရခါနီးမှ ဒီလိုမျိုး ဖြစ်သွားခဲ့တယ်"
တံခါးစောင့်က အကြိမ်ကြိမ် သက်ပြင်းချလိုက်သည်။ တခြားအစောင့်များသည်လည်း စိတ်မကောင်း ဖြစ်နေပုံရပေ၏။
ရှားဟိုလီ သေပြီဟု ဆိုသလော...
လုယွီသည် နေရာမှာပင် ကြက်သေသေကာ မတ်တတ်ရပ်နေပြီး အချိန်အတော်ကြာသည့်တိုင် သတိမဝင်နိုင် ဖြစ်နေသည်။
အတိတ်မှ မြင်ကွင်းများသည် သူ၏ စိတ်ထဲတွင် မနေ့တစ်နေ့ကမှ ဖြစ်ပျက်ခဲ့သကဲ့သို့ အသက်ဝင်နေဆဲပင်။ သို့ရာတွင် မျက်စိတစ်မှိတ်အတွင်း အရာအားလုံး ပြောင်းလဲသွားခဲ့ပြီး လူများလည်း မရှိတော့ချေ။
လုယွီ ကောင်းကင်ဘုံနယ်မြေသို့ ပထမဆုံး ရောက်ရှိလာသည့် အချိန်တွင် သူသည် ရှားဟိုလီ၏လက်အောက်၌ အမှုထမ်းခဲ့သည်။
လုယွီ၏စိတ်နှလုံးသားထဲတွင် ရှားဟိုလီသည် အလွန်ဖြူစင်သော ကျွမ်းကျင်စစ်သားတစ်ဦးပင်။ သူ့ထံတွင် ရှုပ်ထွေးသော အတွေးအခေါ်များ များများစားစား မရှိပေ။ သူသည် ရှားဟို မိသားစုအား တော်ဝင်မြို့တော်တွင် ခြေကုပ် ရရှိစေရန်အတွက် စစ်တပ်ထဲတွင် သူ၏ဘဝသက်တမ်းတစ်ဝက်ခန့်ကို ကုန်ဆုံးခဲ့သည်။
ရှားဟိုလီသည် သူ၏မိသားစုကို ကောင်းစွာ ဂရုစိုက်ပေးရန် လုယွီအား တစ်ချိန်က တောင်းဆိုခဲ့ဖူးသည်။ ထို့နောက် သူသည် စစ်ရေးဌာနမှ အမိန့်ကို လက်ခံပြီး လော့ရွှေကြယ်မြစ်ရှေ့တန်းသို့ သွားခဲ့လေ၏။ နောက်ပိုင်းတွင် သူတို့နှစ်ဦးကြား၌ အဆက်အသွယ် ပြတ်တောက်သွားခဲ့သည်။
လော့ရွှေမြစ်တိုက်ပွဲတွင် တာယွီ စစ်တပ်သည် ဆိုးဆိုးရွားရွား ရှုံးနိမ့်ခဲ့သည်။
ကျိုးမိသားစုအတွင်း၌ အစွမ်းထက်ဆုံး တာအိုသခင်ဖြစ်သည့် မင်းသားစုသည်လည်း ထိုစစ်ပွဲတွင် ပြင်းထန်စွာ ဒဏ်ရာရခဲ့သည်။ ထို့ကြောင့် ရှန်လင်းလုံသည်လည်း လော့ရွှေကြယ်မြစ်နယ်စပ်တွင် နေရစ်ခဲ့ပြီး ထိုအချိန်မှစ၍ တော်ဝင်မြို့တော်သို့ ပြန်မလာခဲ့ချေ။
ရှားဟိုလီသည် ရှေ့တန်းမှထွက်ခွာခဲ့ပြီး ရေခဲနယ်မြေသို့ ပြောင်းရွှေ့တာဝန်ကျခဲ့သော်လည်း မမျှော်လင့်ဘဲ ထန်စစ်တပ်၏ အဓိကတပ်ဖွဲ့များနှင့် ထိပ်တိုက်တွေ့ဆုံခဲ့သည်။
Chapter 5215
ရှားဟိုလီ၏ အမည်သည် ရှည်လျားသော စာရင်းတစ်ခုပေါ်တွင် ရှိနေ၏။ ဤသည်မှာ ထန်ယွီစစ်ပွဲတွင် ကျဆုံးခဲ့သော စစ်ဗိုလ်ချုပ်များ၏ စာရင်းပင်။
ဤစစ်ပွဲကို ဝမ်းနည်းဖွယ်ရာတစ်ခုဟု ရိုးရှင်းစွာ ဖော်ပြ၍ မရတော့ချေ။ ကျင့်ကြံသူများအကြားရှိ တိုက်ပွဲများသည် အမြဲတစေ မယုံနိုင်လောက်အောင် ရက်စက်ကြမ်းကြုတ်ပြီး တိုက်ပွဲတစ်ပွဲတည်းတွင် လူသေဆုံးမှုပေါင်း သောင်းနှင့်ချီ သိန်းနှင့်ချီ၍ ဖြစ်ပေါ်စေလေ့ ရှိသည်။
"ငါက မြို့စားကြီးရဲ့မိတ်ဆွေဟောင်း တစ်ယောက်ပါ... သူ့ရဲ့ ရုပ်အလောင်းကို ဂါရဝပြုဖို့ လာခဲ့တာ"
"ခင်ဗျား..."
တံခါးစောင့်သည် လုယွီအား စုန်ချည်ဆန်ချည်ကြည့်လိုက်ပြီးနောက် ပြောဆိုပြီး နောက်သို့လှည့်ထွက်သွားသည်။
"ဒီမှာ ခဏစောင့်အုံး... ကျွန်တော်က တစ်ယောက်ယောက်ကို သွားပြီးအကြောင်းကြားလိုက်မယ်"
ရှားဟိုအိမ်တော်၏အပြင်ဘက်တွင် အဖြူရောင်နှင်းပွင့်များ ဝေ့ဝဲကျဆင်းနေပြီး အေးစက်သော လေများ တစ်ချက်တစ်ချက် တိုက်ခတ်နေသည်။
လုယွီသည် အေးစက်စက် လေများအတွင်းတွင် မတ်တတ်ရပ်နေသည်။ အရပ်မျက်နှာအဘက်ဘက်မှ အေးစိမ့်သောလေလှိုင်းများကို ခံစားနေရသော်လည်း သူ၏မျက်နှာအမူအယာသည် ပြောင်းလဲမသွားချေ။
အမွှေးတိုင်နှစ်တိုင်လောင်ကျွမ်းချိန်စာ ကြာမြင့်ပြီးနောက်တွင် ရှားဟိုအိမ်တော်၏ တံခါးသည် နောက်ဆုံးတွင် တွန်းဖွင့်ခြင်း ခံလိုက်ရလေ၏။
"မြို့စားကြီးမှာ မိတ်ဆွေဟောင်းတွေ မရှိတာ ကြာပြီ... မင်းက ပြဿနာ ရှာဖို့ လာတာဆိုရင်တော့ ငါ့ကို အရင် ကျော်သွားရလိမ့်မယ်"
ရှားဟိုအိမ်တော်တပည့်တစ်ဦး၏ အသံသည် အေးစက်တင်းမာနေပြီး သူသည် ဓားရှည် တစ်ချောင်းကို ကိုင်ဆောင်၍ ပြင်ပသို့ ထွက်လာသည်။
တံခါးစောင့်က သူ၏နောက်မှနေ၍ တီးတိုးပြောဆိုလေသည်။
"သခင်လေးကိုး... အဲ့ဒါက သူပဲ... သူက မြို့စားကြီးရဲ့မိတ်ဆွေဟောင်းလို့ ပြောတယ်"
"မင်း..."
ရှားဟိုအိမ်တော်တပည့်သည် လုယွီအား မြင်တွေ့ချိန်၌ ရုတ်တရက် ထိတ်လန့်သွားပြီး သူ၏လက်ထဲမှဓားရှည်သည် မြေပြင်ပေါ်သို့ ချက်ချင်းပြုတ်ကျသွားပေ၏။
သူသည် သူ၏မျက်လုံးများကို ပွတ်သပ်ပြီးနောက် ရှေ့သို့ တိုးကာ ရောက်ရှိလာသောဧည့်သည်ကို သေချာ စစ်ဆေးကြည့်လိုက်သည်။ ရုတ်ချည်းဆိုသလိုပင် သူ၏စိတ်နှလုံးသားသည် ပြင်းထန်စွာတုန်ခါသွားပြီး သူ ဒူးထောက်၍ ဦးညွှတ်အရိုအသေပြုရန် ဟန်ပြင်လိုက်သည်။
"မလိုဘူး... ငါက ဒီနေ့ မြို့စားကြီးကို နှုတ်ဆက်ဖို့ လာခဲ့တာ... ငါ့ကို မြို့စားကြီးရဲ့ သာမန် မိတ်ဆွေဟောင်း တစ်ယောက်လိုပဲ ဆက်ဆံပါ"
လုယွီက ရှားဟိုအိမ်တော် တပည့်အား ထူမပေးလိုက်သည်။
"ဟုတ်ကဲ့... ဟုတ်ကဲ့... ကျွန်တော်က ရှားဟိုရှောင်ပါ... ကျွန်တော်က အရှင့်ကို အရင်က တစ်ခါ တွေ့ဖူးပါတယ်...အရှင် အိမ်တော်ကို ကြွလာတာက ကျွန်တော်တို့အတွက် ဂုဏ်ယူစရာပါပဲ... ကျေးဇူးပြုပြီး ကြွပါ"
ရှားဟိုရှောင်သည် လေးစားသော အမူအယာကို ပြသပြီး လုယွီအား အိမ်တော်အတွင်းသို့ ဖိတ်ခေါ်လိုက်၏။
သူတို့နှစ်ဦးသည် ခြံဝန်းအတွင်း၌ အတူတကွ လျှောက်လှမ်းလာကြသည်။ အိမ်တော် အတွင်း၌ အဖြူရောင် စျာပနဝတ်စုံများကို ဝတ်ဆင်ထားသော အစေခံများအား နေရာတိုင်းတွင် တွေ့မြင်နိုင်သည်။ သူတို့သည် အဖြူရောင် မီးပုံးများကို လက်ထဲတွင်ကိုင်ဆောင်ထားကြပြီး ခေါင်းငုံ့ကာ လျင်မြန်စွာ လမ်းလျှောက်နေကြသည်။
လုယွီက နံဘေးပတ်လည်ကို ကြည့်လိုက်သည်။ အိမ်တော်တစ်ခုလုံးတွင် ဝမ်းနည်းပူဆွေးမှု အငွေ့အသက်များဖြင့် ပြည့်နှက်နေသည်။
အတိတ်တွင် ရှားဟိုအိမ်တော်တပည့်များ၏ မျက်နှာများပေါ်၌ ယုံကြည်မှုရှိသော အပြုံးများဖြင့် အမြဲတစေ ဝင်းပနေခဲ့သည်။
သို့ရာတွင် ယခုချိန်၌မူ လူတိုင်းသည် စိတ်ပျက်လက်ပျက် ဖြစ်နေကြပြီး ယခင်ကနှင့် လုံးလုံးလျားလျား ကွဲပြားခြားနားသော ညှိုးငယ်သည့်အမူအယာများ ရှိနေကြသည်။
ဤအချိန်၌ ဈာပနခန်းမအတွင်းတွင် လူများဖြင့် ပြည့်ကျပ်နေလေပြီ။
ရှားဟိုအိမ်တော်၏ မိသားစုခွဲအသီးသီးမှ မိသားစုဝင်များသည် ရှားဟိုလီအား နှုတ်ဆက်ရန် ဤနေရာတွင် စုရုံးရောက်ရှိနေကြသည်။
နားကွဲလုမတတ် ဈာပနတေးသီချင်းသံများသည် ပတ်ဝန်းကျင်တွင် ပဲ့တင်ထပ်နေပြီး မရေမတွက်နိုင်သော ရှားဟိုမိသားစုဝင်များသည် မြေပြင်ပေါ်တွင် ဒူးထောက်ကာ မရပ်မနား ငိုယိုနေကြသည်။
လုယွီသည် ရှားဟိုမိသားစုစုဝင်များအားလုံး၏ မျက်လုံးများကို ကြည့်လိုက်ရာ အမှန်တကယ် ဝမ်းနည်းပူဆွေးနေသူ အနည်းငယ်သာ ရှိသည်ကို သတိပြုမိလေ၏။ အများစုမှာမူ သူတို့၏ မျက်လုံးများထဲ၌ ကောက်ကျစ်သော အရိပ်အယောင်များ ပြသပြီး ဝမ်းနည်းဟန်ဆောင်နေကြသည်ကို သူ တွေ့ရှိလိုက်ရသည်။
လုယွီက သက်ပြင်းတစ်ချက် ချလိုက်သည်။
ရှားဟိုလီသည် စစ်တပ်ထဲတွင် ဘဝသက်တမ်းတစ်ဝက်ကို ကုန်ဆုံးခဲ့ပြီး သူ၏အတွေးအခေါ် အားလုံးနီးပါးကို သူ၏မိသားစုအတွက် မြှုပ်နှံခဲ့သည်။ သို့ရာတွင် မမျှော်လင့်ဘဲ သူ သေဆုံးပြီးနောက်တွင်ပင် ငြိမ်းချမ်းမှုကို မတွေ့ခဲ့ရပေ။ ရှားဟိုအိမ်တော်သည် မငြိမ်သက်သောကာလတစ်ခုကို ဖြတ်သန်းရဖွယ်ရှိသည်။
"မြို့စားကြီးက ထန်အင်ပါယာက ပြိုင်ဘက်ကင်းကျင့်ကြံသူတစ်ယောက်နဲ့ တွေ့ဆုံခဲ့တယ်လို့ ဆိုတယ်... သူ့ရဲ့ခေါင်းတောင် ကြေမွသွားခဲ့ပြီးတော့ ကိုယ်လက်အင်္ဂါအပြည့်အစုံတောင် မကျန်ခဲ့ဘူး... ကျွန်တော်တို့က စစ်တပ်ထဲက လူတွေကို မြို့စားကြီးရဲ့ရုပ်အလောင်းကို စုဆောင်းခိုင်းခဲ့ရတယ်... သူ့ရဲ့ခန္ဓာကိုယ်ကို အရင်လိုပုံစံမျိုးဖြစ်အောင် ပြန်ဆက်ဖို့တောင် လဝက်လောက် အချိန်ယူခဲ့ရတယ်"
ရှားဟိုရှောင်၏ အသံသည် အနည်းငယ် တုန်ရီနေပြီး သူ၏မျက်လုံးများထဲတွင် မျက်ရည်များ ဝဲတက်လာသည်။
လုယွီသည် ခေါင်းခါလိုက်ပြီးနောက် မည်သည့်စကားမျှ မပြောတော့ဘဲ စျာပနတက်ရောက်လာသူများအကြားတွင် မတ်တတ်ရပ်ကာ သူ့မိတ်ဆွေဟောင်း၏ ကြေမွပျက်စီးနေသော မျက်နှာကို ကြည့်နေလိုက်သည်။
ခေါင်းတလားရှေ့တွင် အဖြူရောင်ဝတ်စုံဝတ်ဆင်ထားသော အမျိုးသမီး တစ်ဦးသည် အစေခံတစ်ဦး၏ထောက်ပံ့မှုဖြင့် မတ်တတ်ရပ်နေပေ၏။ သူမ၏မျက်နှာသည် ဖြူဖျော့နေပြီး အဆက်မပြတ်ငိုကြွေးနေသည်။
ဤသည်မှာ သခင်မကြီးရှားဟိုပင်။
လုယွီ၏မှတ်ဥာဏ်များအတွင်းတွင် သခင်မကြီးရှားဟိုသည် ရှားဟိုလီ ပြင်ပသို့ထွက်၍ တိုက်ပွဲများကို တိုက်ခိုက်နေသည့် အချိန်တွင် ရှားဟို မိသားစုကို တည်ငြိမ်အောင် ထိန်းသိမ်းစောင့်ရှောက်ခဲ့သည်။ သူမသည် အတွင်းစိတ် ခိုင်မာပြီး အပြင်ပန်းအလှတရား ရှိသော အမျိုးသမီး တစ်ဦး ဖြစ်ပေ၏။
သို့ရာတွင် ယခု၌မူ အလွန်အမင်း ဝမ်းနည်းပူဆွေးမှုကြောင့် သခင်မကြီးရှားဟို၏ဆံပင်များသည် တစ်ညတည်းဖြင် ဖြူဖွေးသွားခဲ့ပြီး သူမသည် ရပ်တည်၍မရနိုင်လောက်အောင် ဖြစ်နေသည်။