← Chapters

အခန်း (၅၂၂၁-၅၂၂၅)

Vol. 264 Ch. 5221-5225

အခန်း (၅၂၂၁-၅၂၂၅)

Vol. 264 Ch. 5221-5225

Chapter 5221

"မလုပ်ပါနဲ့"

သခင်မကြီးရှားဟိုက စိတ်ပျက်အားငယ်စွာဖြင့် အော်ဟစ်လိုက်သည်။

သူမသည် ထိုအစွမ်းထက်သော လက်ဝါးရိုက်ချက်သည် သူမယောကျ်ား၏ခေါင်းတလားကို ရိုက်ခတ်မိတော့မည်အား ကူကယ်ရာမဲ့စွာ ကြည့်နေမိသည်။

"ဘန်း..."

သို့ရာတွင် ထိုအချိန်မှာပင် အနက်ရောင်ပုံရိပ်တစ်ခု ရုတ်တရက် ဖြတ်ပြေးသွားပြီး လက်တစ်ဖက်ကိုမြှောက်ပြီး သူ၏အင်္ကျီလက်ကို ခါယမ်းလိုက်ရာ ထိုလက်ဝါးရိုက်ချက်ကို ချက်ချင်းပျောက်ကွယ်သွားစေသည်။

လူများအားလုံး အံ့အားသင့်သွားကြသည်။

ရှားဟိုလီ၏ခေါင်းတလားရှေ့တွင် မတ်တတ်ရပ်နေသူသည် ရိုးရှင်းသောပိုးထည်ဝတ်ရုံကို ဝတ်ဆင်ထားပြီး သူ၏လက်ထဲတွင် သွေးစွန်းနေသော ဦးခေါင်းပြတ်တစ်လုံးကို ကိုင်ဆောင်ထားသည့် လူငယ်တစ်ဦးဖြစ်သည်။

ဤလူသည် တခြားသူမဟုတ်ဘဲ လုယွီပင်။

"မင်းတို့ ရှားဟိုအိမ်တော်ရဲ့ ကာကွယ်ရေးက ပိုကောင်းအောင် လုပ်ဖို့ လိုသေးတယ်... သူခိုးတစ်ယောက်က ခြံဝန်းထဲ ဝင်လာတာတောင် မင်းတို့ မသိကြဘူး"

လုယွီက တည်ငြိမ်သောလေသံဖြင့် ပြောဆိုပြီး သူ၏လက်ကိုမြှောက်ကာ ဦးခေါင်းပြတ်ကို မြေပြင်ပေါ်သို့ ပစ်ချလိုက်သည်။

သူ အိမ်တော်အတွင်းသို့ ရောက်သည်နှင့် တပြိုင်နက်တည်း ရှားဟိုအိမ်တော်၏နောက်ဖေးခြံဝန်းမှ နတ်ဆိုးအငွေ့အသက်တစ်ခု ထွက်ပေါ်လာသည်ကို သူ ခံစားမိသည်။

ဤနေရာသို့ နတ်ဆိုးကျင့်ကြံသူတစ်ဦး ခိုးဝင်လာခဲ့သည်ဖြစ်ရာ လုယွီသည် လျစ်လျူရှုမနေနိုင်ချေ။ ထို့ကြောင့် သူသည် ချက်ချင်း နောက်ဖေးခြံဝန်းသို့ သွားကာ ရှားဟိုမိသားစုအတွက် လျှို့ဝှက်အန္တရာယ်ကို ဖယ်ရှားရှင်းလင်းပေးခဲ့သည်။

"ဒါ... ဒါ ချင်းချန်ဘိုးဘေး မဟုတ်လား"

"ဟုတ်တယ်... ဒါက တရားရေးဌာနက နှစ်ပေါင်းများစွာကြာအောင် အလိုရှိနေတဲ့ နတ်ဆိုး ကျင့်ကြံသူပဲ... သူက တကယ်ကြီး ငါတို့အိမ်တော်ထဲကို ခိုးဝင်လာခဲ့တာပဲ"

ရှားဟိုမိသားစုဝင်များသည် မြေပြင်ပေါ်မှ ဦးခေါင်းပြတ်ကို မြင်တွေ့ချိန်တွင် ခန်းမအတွင်း၌ အံ့အားတသင့်ရေရွတ်သံများဖြင့် ပြည့်နှက်သွားတော့သည်။

လုယွီ သတ်ဖြတ်ခဲ့သော နတ်ဆိုးကျင့်ကြံသူသည် ကျင့်ကြံခြင်းလောကတွင် နာမည်ဆိုးဖြင့် ကျော်ကြားသော ပုဂ္ဂိုလ်တစ်ဦးပင်။ သူ၏ ပစ်မှတ်ထားခြင်း ခံရသော မိသားစုများသည် မျိုးတုံးပျက်စီးသွားရန် သေချာသလောက်နီးပါးပင်။

ရှားဟိုမိသားစုဝင်များအားလုံး ထိတ်လန့်တုန်လှုပ်သွားကြသည်။

ချင်းချန်ဘိုးဘေးသာ အမှန်တကယ် လှုပ်ရှားခဲ့လျှင် သူတို့အိမ်တော်တစ်ခုလုံးတွင် လူတစ်ဦးတစ်ယောက်မျှ အသက်ရှင်ကျန်ရစ်နိုင်ခြေ မရှိပေ။

ချန်းလင်မြို့စားကြီး၏အကြည့်သည် မြေပြင်ပေါ်တွင် လူးလိမ့်နေသော ဦးခေါင်းပြတ်ပေါ်သို့ ကျရောက်သွားပြီးနောက် သူ မျက်မှောင်ကြုတ်လိုက်သည်။

သို့ရာတွင် သူ မော့ကြည့်လိုက်ပြီးနောက် လုယွီအား မြင်တွေ့ချိန်တွင် သူ၏ခန္ဓာကိုယ်သည် ရုတ်တရက် ပြင်းထန်စွာ တုန်ခါသွားပေ၏။

"ကောင်လေး... မင်းက ငါတို့ ရှားဟိုမိသားစုက မဟုတ်ဘူး... မင်း ဘယ်က ရောက်လာတာလဲ"

ရှားဟိုယန်က ရှေ့သို့တိုးလာပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

မိသားစုခွဲများမှအကြီးအကဲများသည်လည်း ရှေ့သို့တိုးလာကြပြီး လုယွီအား စတင်၍ စွပ်စွဲပြစ်တင်လိုက်ကြသည်။

သို့ရာတွင် ထိုအချိန်မှာပင်...

ချန်းလင်မြို့စားကြီးသည် ရုတ်တရက် သူ၏ သံခမောက်ကို ချွတ်လိုက်ပြီး ဒူးတစ်ဖက် ထောက်လိုက်သည်။

"မြို့စားကြီး... ခင်ဗျား ဘာလုပ်နေတာလဲ"

ရှားဟိုယန် အလွန်အံ့အားသင့်သွားသည်။

တခြားရှားဟိုမိသားစုဝင်များသည်လည်း ကြက်သေသေသွားကြပြီး မည်ကဲ့သို့ပြုလုက်ရမည်ကို မသိတော့ချေ။

"ခေါင်းတလားက စောင်းနေတယ်... သွားပြီးပြန်တည့်လိုက်စမ်း"

လုယွီက တည်ငြိမ်စွာ ပြောဆိုသည်။

"ဟုတ်ကဲ့"

ချန်းလင်မြို့စားကြီးသည် အနည်းငယ်မျှ တွန့်ဆုတ်မနေဘဲ ချက်ချင်းရှေ့သို့တိုးကာ ခေါင်းတလားကို ပြန်လည်၍တည့်မတ်လိုက်သည်။

ထိုရိုသေလေးစားသော အမူအယာသည် သခင်ကို တွေ့လိုက်ရသော အစေခံတစ်ဦးကဲ့သို့ ဖြစ်ပြီး မကျေမနပ်မပြောဘဲ ကြိုးစားလုပ်ကိုင်ရန် ဆန္ဒရှိနေကာ ကြောက်ရွံ့ရိုကျိုးပြီး အရာအားလုံးကို သတိကြီးစွာ ပြုမူနေသည်။

လူများအားလုံး တိတ်ဆိတ်ငြိမ်သက်သွားကြသည်။

ရှားဟိုရှောင်သည် အလွန်ဝမ်းသာသွားပြီး အကြီးအကဲအုပ်စုကိုကြည့်ကာ ဒေါသတကြီး အော်ဟစ်လိုက်သည်။

"ခင်ဗျားတို့ တွေ့လား... ဒါက မြို့စားကြီးရဲ့ မိတ်ဆွေဟောင်းပဲ... မြို့စားကြီးရဲ့ အဆက်အသွယ်တွေက ခင်ဗျားတို့ စိတ်ကူးနိုင်တာထက် အများကြီးပိုတယ်"

ရှားဟိုယန်နှင့်အကြီးအကဲအုပ်စုသည် စကားပြောနေခြင်းကို ရပ်တန့်လိုက်ကြ၏။

သူတို့သည် ချန်းလင်မြို့စားကြီးမှ ခေါင်းတလားကို နာခံရို့ကျိုးစွာ တည့်မတ်နေသည်ကို ကြည့်ရင်း သူတို့အားလုံး အံ့အားသင့်သွားကာ စကားတစ်ခွန်းမျှ မပြောဝံ့ကြချေ။

ချန်းလင်မြို့စားကြီးသည် မည်မျှထိ မာန်မာနကြီးသော တည်ရှိမှုကြီး ဖြစ်သနည်း။

မြို့စားကြီးတစ်ဦး ဖြစ်သော ရှားဟိုလီပင်လျှင် ချန်းလင်မြို့စားကြီး၏မျက်လုံးထဲတွင် အသေးအမွှားဟု သတ်မှတ်ခံရသည်။

သို့ရာတွင် ထိုသို့ မယုံနိုင်လောက်အောင် မာန်မာနကြီးသော အစွမ်းထက်ပုဂ္ဂိုလ်သည် ယခုချိန်၌ သူတို့၏ရှေ့မှ လူငယ်အား ဦးညွှတ်အရိုအသေပြုနေသည်။

"မင်း... မင်းက ဘယ်သူလဲ"

ရှားဟိုယန်သည် တုန်ရီသော အသံဖြင့် အော်ဟစ်လိုက်ပြီး အပြင်ပန်းတွင် သူ၏လေသံသည် ကြမ်းတမ်းသော်လည်း သူ၏စိတ်ထဲတွင်မူ ထိတ်လန့်ကြောက်ရွံ့နေသည်။

"မင်းက ငါ့ကို ပြောနေတာလား"

လုယွီက ရှားဟိုယန်အား ကြည့်လိုက်သည်။

ရုတ်ချည်းဆိုသလိုပင် ကြီးမားသော ဖိအားတစ်ရပ်သည် ရုတ်တရက် ကျရောက်လာပြီး ရှားဟိုယန်နှင့်အကြီးအကဲအုပ်စုသည် မြေပြင်ပေါ်သို့ ဒူးထောက်ရက်သားလဲကျသွားကြသည်။

ဤသည်မှာ မြင့်မားသောတောင်ကြီးတစ်လုံး သူတို့အပေါ်သို့ ကျရောက်လာသည့်အလား သူတို့ ခံစားလိုက်ရပြီး အသက်ပင်မရှူနိုင်လောက်အောင် သူတို့ကို ဖိနှိပ်ထားသည်။

မလှမ်းမကမ်းတွင် သခင်မကြီးရှားဟိုသည် သူမ၏ပါးစပ်ကို လက်ဖြင့် အုပ်ထားပြီး သူမ၏ မျက်လုံးများတွင် မျက်ရည်များ ပြည့်နှက်နေသည်။ သူမ၏ခန္ဓာကိုယ်သည် စိတ်လှုပ်ရှားမှုကြောင့် အနည်းငယ်တုန်ရီနေပေ၏။

ဤအချိန်တွင်...

ချန်းလင်မြို့စားကြီးသည် ခေါင်းတလားကို တည့်မတ်လိုက်ပြီး လုယွီ၏နံဘေးသို့ လျင်မြန်စွာ ရောက်ရှိလာသည်။

"ကျွန်တော်က... အရှင်ဧကရာဇ် ဒီနေရာမှာ ရှိနေမှန်း မသိခဲ့ဘူး... ကျေးဇူးပြုပြီးတော့ ကျွန်တော်ကို ခွင့်လွှတ်ပေးပါ"

ချန်းလင်မြို့စားကြီး၏အသံသည် တုန်ရီနေပြီး သူ၏နဖူးပေါ်တွင် ချွေးစေးအလွှာတစ်လွှာ စိမ့်ထွက်နေလေပြီ။

Chapter 5222

ဈာပနခန်းမတစ်ခုလုံး ချက်ချင်း တိတ်ဆိတ်သွားပေ၏။

လူအများသည် လက်ရှိအခြေအနေမှ ယာယီအသိမဝင်နိုင်ဘဲ လုယွီအား ကြောင်ကြည့်နေကြသည်။

"အရှင်ဧကရာဇ်ကို အရိုအသေပြုပါတယ်"

သခင်မကြီးရှားဟိုက စိတ်ရှုပ်ထွေးနေသော မျက်လုံးများဖြင့် လုယွီအား ကြည့်လိုက်၏။

ထိုစဥ်က လဲ့ကျင့်မြို့စားရှားဟိုလီ ခေါ်ဆောင်လာခဲ့သော လူငယ်လေးသည် နှစ်အနည်းငယ်အတွင်း၌ ဤအဆင့်သို့ ကြီးထွားလာလိမ့်မည်ဟု မည်သူက တွေးထင်ထားမိမည်နည်း။

သူသည် တာယွီဧကရာဇ်ဖြစ်ကာ လူသားဧကရာဇ်ဓား၏အရှင်သခင်ဖြစ်ပြီး မိုးကောင်းကင်ယံအောက်တွင် လေးစားမှုအခံရဆုံးပုဂ္ဂိုလ်ပင်။။

လက်ရှိချိန်၌ လုယွီသည် သခင်မကြီးရှားဟို မော့ကြည့်ရမည့် တည်ရှိမှုတစ်ခု ဖြစ်နေခဲ့လေပြီ။

"ဒါက အရှင်လုယွီပဲ"

"ဟုတ်တယ်... သူ ရှားဟိုအိမ်တော်ထဲမှာ ရှိနေတုန်းက ငါ တစ်ခါတွေ့ဖူးတယ်... သူက တကယ့်ကို အများကြီး ပြောင်းလဲသွားတာပဲ"

ရှားဟိုမိသားစုဝင်များသည် သူတို့အချင်းချင်း တိုင်ပင်ဆွေးနွေးနေကြပြီး သူတို့၏မျက်နှာများပေါ်တွင် အံ့အားသင့်နေသော အမူအယာများ ထင်ဟပ်နေသည်။

လုယွီ၏ပြောင်းလဲမှုသည် အမှန်တကယ်ကို အလွန်ကြီးမားသည်။

အထူးသဖြင့် သိုင်းအင်မော်တယ်တစ်ဦး ဖြစ်လာပြီးနောက် သူ၏ရုပ်ခန္ဓာကိုယ်သည် မယုံနိုင်လောက်အောင် အစွမ်းထက်လာပြီး သူ၏ ရုပ်ရည်ပင်လျှင် သိမ်မွေ့သောပြောင်းလဲမှုများ ဖြစ်ပေါ်လာခဲ့သည်။ သိုင်းအင်မော်တယ်ရုပ်ခန္ဓာကိုယ်သည် အင်မော်တယ်တစ်ဦး၏ အငွေ့အသက်နှင့် တာအိုပညာရှင်တစ်ဦး၏ ဟန်ပန်ကို ပိုင်ဆိုင်ထားပေ၏။ သူ၏ပုံပန်းသွင်ပြင်သည် အလွန်အမင်း ပြောင်းလဲသွားကာ လွတ်လပ်ပေါ့ပါးပြီး သန့်စင်နေသည်။

နှစ်အနည်းငယ်သာ ကြာသွားသော်လည်း လုယွီ၏ ပုံပန်းသွင်ပြင်နှင့်အရှိန်အဝါတို့တွင် ကြီးမားသော ပြောင်းလဲမှုတစ်ခု ဖြစ်သွားခဲ့သည်။

ဤအချက်ကြောင့် ရှားဟိုမိသားစုဝင်အများစုသည် လုယွီ ဈာပနအခမ်းအနားသို့ ရောက်ရှိလာသော်လည်း သူ့ကို ချက်ချင်းမမှတ်မိကြခြင်း ဖြစ်သည်။

"ရှားဟိုလီက အရင်က ငါအရှင်အပေါ်မှာ ကျေးဇူးရှိခဲ့ဖူးတယ်... သူ့ရဲ့မိသားစုကို အနှောက်အယှက်မပေးကြနဲ့"

လုယွီ၏အသံသည် အလွန်တည်ငြိမ်ပြီး ဒေါသအရိပ်အယောင် တစိုးတစိမျှ ရှိမနေချေ။

သို့ရာတွင် ချန်းလင်မြို့စားသည် အလွန်အမင်း ထိတ်လန့်တုန်လှုပ်နေပေ၏။

"ကျွန်တော်က လဲ့ကျင့်မြို့စားကြီးနဲ့ အရှင်ဧကရာဇ်ကြားမှာ အတိတ်က ပတ်သက်ဆတ်နွယ်မှုတွေ ရှိခဲ့တာကို တကယ်မသိခဲ့ပါဘူး... ကျွန်တော်လည်း အလိမ်ခံခဲ့ရတာပါ... စိတ်ချပါ အရှင်ဧကရာဇ်... ကျွန်တော်က ဒီဘဝမှာ ရှားဟိုအိမ်တော်ထဲကို ခြေတစ်လှမ်းတောင် မနင်းတော့ပါဘူး"

လုယွီက ခေါင်းညိတ်လိုက်ပြီး သူ၏အကြည့်သည် ရှားဟိုယန်နှင့်တခြားလူများအပေါ်သို့ ကျရောက်သွားသည်။

ယခုချိန်၌ ရှားဟိုယန်နှင့်ရှားဟိုယင်းတို့သည် မြေပြင်ပေါ်၌ လဲကျနေပြီး သူတို့၏ခြေထောက်များ မရပ်မနား တုန်ယင်နေကာ သူတို့နှစ်ဦးလုံး ငိုကြွေးမိတော့လုနီးပါးပင်။

ရှားဟိုလီ သေဆုံးသွားသည်နှင့် သူတို့သည် ရှားဟိုမိသားစု၏ ပင်မမျိုးရိုးကို လွယ်လင့်တကူ ခြယ်လှယ်နိုင်မည်ဟု သူတို့ တွေးထင်ခဲ့ကြသည်။

မမျှော်လင့်ဘဲ ရှားဟိုလီထံတွင် ဤကဲ့သို့ မိတ်ဆွေဟောင်းတစ်ဦး အမှန်တကယ် ရှိနေခဲ့သည်။ ဤသည်မှာ သူတို့ မမျှော်လင့်ထားသည့် အရာတစ်ခုပင်။

"အရှင်ဧကရာဇ်... ကျွန်တော်တို့လည်း မသိခဲ့ပါဘူး"

ရှားဟိုယန်၏အသံသည် တုန်ယင်နေပြီး လွန်ခဲ့သော အချိန်တခဏက ရှိခဲ့သည့် မာနထောင်လွှားသော အမူအယာသည် လုံးလုံးလျားလျား ပျောက်ကွယ်သွား၏။

လုယွီ၏ရှေ့မှောက်တွင် ချန်းလင်မြို့စားပင်လျှင် ဦးညွှတ်နေရသဖြင့် သူတို့ကို ထည့်သွင်းပြောဆိုရန်ပင် မလိုတော့ချေ။

"စည်းစိမ်ဥစ္စာတွေကို မတော်မတရား စုဆောင်းတဲ့ မိသားစုက ဘေးဒုက္ခတွေ ကျရောက်လာမှာ မလွဲမသွေပဲ... မင်းတို့က ဆွေမျိုးတွေကို ဒီလိုဆက်ဆံရင် မင်းတို့ သေဆုံးတဲ့ တစ်နေ့မှာလည်း ဒီလိုမျိုး ဆက်ဆံခံရမှာကို မကြောက်ကြဘူးလား.... ဆွေမျိုးတွေအနေနဲ့ မင်းတို့က အချင်းချင်း ကူညီထောက်ပံ့သင့်တယ်... ဆွေမျိုးတစ်ယောက်ရဲ့ပိုင်ဆိုင်မှုကို တပ်မက်ပြီး တော့ မဆင်မခြင် သိမ်းပိုက်တာက မိသားစုကို ဘယ်လိုလုပ်ပြီး အားကောင်းစေနိုင်မှာလဲ.. .မင်းတို့က အမြင်အရမ်းကျဥ်းတယ်..."

"ငါက မင်းတို့ရဲ့ မိသားစုရေးရာကိစ္စတွေကို ဝင်မစွက်ဖက်သင့်ဘူး...ဒါပေမဲ့ ရှားဟိုလီက ငါ့အပေါ်မှာ ကျေးဇူးရှိခဲ့ဖူးတာကြောင့် ငါ ဒါကို လျစ်လျူရှုမထားနိုင်ဘူး...မင်းတို့ နားထောင်ကြစမ်း...တကယ်လို့ တစ်ယောက်ယောက်က ရှားဟိုလီရဲ့မိသားစုကို ထပ်ပြီးပစ်မှတ်ထားပြီးတော့ ဒီနေ့ ဖြစ်ပျက်ခဲ့သလိုမျိုး လုပ်ခဲ့ရင် ငါအရှင်က အဲ့ဒီလူရဲ့ မိသားစုတစ်စုလုံးကို အမြစ်ပြတ်သုတ်သင်မယ်...မင်းတို့ နားလည်ကြလား..."

လုယွီသည် သူ့ကိုယ်သူ 'ငါအရှင်' ဟု သုံးနှုန်းသည်အား ကြားချိန်၌ လူအများ၏စိတ်နှလုံးသားများ တင်းကြပ်သွားပေ၏။

"ကျွန်တော်တို့က အမိန့်တော်ကို နာခံပါတယ်"

လူများအားလုံး မြေပြင်ပေါ်၌ ဒူးထောက်ကာ ဦးညွှတ်အရိုအသေပြုလိုက်ပြီး သဘောတူလိုက်ကြသည်။

လုယွီ ထုတ်လွှတ်ထားသော ဖိအားအရှိန်အဝါသည် အလွန်ကြီးမားသဖြင့် သူတို့ထံတွင် အရှုံးပေးရုံမှတပါး တခြားရွေးချယ်စရာ မရှိတော့ချေ။

"ငါ့ရဲ့အမိန့်တော်အရ သခင်မကြီးရှားဟိုကို ပထမအဆင့် တော်ဝင်အမျိုးသမီးဘွဲ့ ချီးမြှင့်ပြီးတော့ သူ့ကို တော်ဝင်အမိန့်တော် ပေးအပ်မယ်”

လုယွီက ဆက်လက်၍ ပြောဆိုသည်။

ရုတ်ချည်းဆိုသလိုပင် ကောင်းကင်နှင့်မြေပြင်အကြားရှိ အရပ်မျက်နှာအဘက်ဘက်မှ ကံကြမ္မာစွမ်းအားများသည် ရုတ်တရက် စုဝေးလာပြီး ထိုအရာများအားလုံး သခင်မကြီးရှားဟိုအပေါ်သို့ သက်ရောက်သွားသည်။

သခင်မကြီးရှားဟို၏နံဘေးပတ်လည်မှ ထူးဆန်းပြီးအစွမ်းထက်သော ဖိအားတစ်ရပ် ရုတ်တရက် ပေါ်ထွက်လာပြီး သက်တံရောင် ဖီးနစ်ငှက်တစ်ကောင်က သူမအား ပူးကပ်ကာအရပ်မျက်နှာအဘက်ဘက်ကို လွှမ်းမိုးချုပ်ကိုင်ထားသည့်အလားပင်။

ဤအချိန်မှစ၍ သခင်မကြီးရှားဟိုသည် တရားဝင် ပထမအဆင့် တော်ဝင်အမျိုးသမီးတစ်ဦး ဖြစ်လာပြီး သူမသည် အရာရှိများနှင့် တွေ့ဆုံလျှင်ပင် ဦးညွှတ် အရိုအသေပြုရန် မလိုအပ်တော့ချေ။

အရေးကြီးဆုံးအချက်မှာ သူမ၏ အဆင့်အတန်းကို အသိအမှတ်ပြုထားခြင်းပင်။

ယနေ့မှစ၍ သခင်မကြီးရှားဟိုသည် ဧကရာဇ် ကိုယ်တိုင် အသိအမှတ်ပြုထားသော ပထမအဆင့် တော်ဝင်အမျိုးသမီးတစ်ဦးဖြစ်ပြီး သူမအား အန္တရာယ်ပြုလိုသူတိုင်း လုယွီ၏မျက်နှာကို ထောက်ထားရပေမည်။

Chapter 5223

ဤအချိန်မှစ၍ သခင်မကြီးရှားဟို၏ အနေအထားသည် တောင်ကြီးတစ်လုံးကဲ့သို့ တည်ငြိမ်ပြီး ယိမ်းယိုင်သွားမည် မဟုတ်တော့ချေ။

"ဒီကိစ္စကိုသာ ကြိုသိခဲ့ရင် ငါက ချန်းလင်မြို့စားကြီးနဲ့ ပူးပေါင်းနေဖို့တောင် မလိုဘူး"

ရှားဟိုယန်သည် သူ၏ရှေ့မှ မြင်ကွင်းကို ကြည့်ရင်း သူ၏မျက်လုံးများ မနာလိုမှုကြောင့် ပြူးကျယ်နေသည်။

ပထမအဆင့် တော်ဝင်အမျိုးသမီးတစ်ဦး၏ အဆင့်အတန်းသည် အလွန်မြင့်မားပေ၏။ သူမသည် ဧကရာဇ်ကိုယ်တိုင် ချီးမြှင့်ထားသော ဘွဲထူးကိုရရှိထားသဖြင့် ကံကြမ္မာစွမ်းအားများကို ခံစားခွင့်နှင့် ရက်ရောသော ထောက်ပံ့ကြေးများကို ရရှိနိုင်သည်။

သခင်မကြီးရှားဟို၏ဘဝ ပို၍ကောင်းမွန်လေလေ သူတို့၏စိတ်များအတွင်းတွင် နောင်တပို၍ရလေလေပင်။

ဤကဲ့သို့ ဖြစ်လာမည်ကိုသာ ကြိုသိခဲ့ပါက သူတို့သည် ရှားဟိုမိသားစု၏ပင်မမျိုးရိုးမှ နှစ်သက်စေရန် အရာအားလုံးကို ပြုလုပ်ခဲ့ကြပေမည်။

သို့ရာတွင် ယခု၌မူ အချိန်နှောင်းသွားခဲ့လေပြီ။

"အရှင်ဧကရာဇ်ရဲ့ ကြီးမြတ်တဲ့ ချီးမြှင့်မြှောက်စားမှုအတွက် ကျေးဇူးတင်ပါတယ်"

သခင်မကြီးရှားဟို၏မျက်လုံးများအတွင်းတွင် စိတ်လှုပ်ရှားမှုမျက်ရည်များ ပြည့်နှက်နေကာ ဦးညွှတ်အရိုအသေပြုလိုက်၏။

လုယွီ၏စကားများသည် သခင်မကြီးရှားဟို၏ အနေအထားကို လုံးလုံးလျားလျား အခိုင်အမာ ဖြစ်စေခဲ့သည်။ ယခုချိန်မှစ၍ ရှားဟိုမိသားစုတွင်သာမက တော်ဝင်မြို့တော်၌ပင်လျှင် မည်သူကမျှ သူမအား ထပ်မံ၍ အနိုင်ကျင့်ဝံ့တော့မည် မဟုတ်ချေ။

...

ရှားဟိုလီအတွက် ဈာပနပွဲကို စီစဥ်ပြီးနောက် လုယွီက တော်ဝင်မြို့တော်မှ ထွက်ခွာခဲ့သည်။

ရှေးဟောင်းဖုန်မှုန့်ကြယ်သည် ကြယ်မြစ်၏ အထက်တွင် တည်ရှိနေပြီး တောက်ပနေသော ကြယ်နယ်မြေများကြားတွင် အလွန်မထင်မရှား ဖြစ်နေသည်။

ထိုကြယ်နယ်မြေတစ်ခုလုံးတွင် အစွမ်းထက်ဆုံး ကျင့်ကြံသူသည် လောကီအင်မော်တယ်နယ်ပယ်တွင်သာ ရှိပေ၏။

လုယွီသည် မည်သူ့ကိုမျှ အသိမပေးဘဲ ရှေးဟောင်းဖုန်မှုန့်ကြယ်သို့ ရောက်ရှိလာခဲ့သည်။

သူ၏မှတ်ဉာဏ်အတိုင်း သူသည် ထူထပ်သိပ်သည်းသောတောအုပ်အတွင်း၌ ပုန်းကွယ်နေသော မြို့ပျက်ကြီးထံသို့ လျှောက်လှမ်းလာခဲ့၏။

ထိုစဥ်က လုယွီသည် ကောင်းကင်ဘုံနယမြေသို့ ပထမဆုံး ရောက်ရှိခဲ့စဥ်တွင် ဤနေရာ၌ လုပ်ကြံသတ်ဖြတ်သူများ၏ လိုက်လံသတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။

မမျှော်လင့်ဘဲ လုယွီသည် မြို့ပျက်ကြီးတစ်ခုကို တွေ့ရှိခဲ့ပြီး ဤနေရာ၌ သူသည် အတိတ်က ကျိုးထျန်းယင်၏ဖိနှိပ်ခြင်းကို ခံခဲ့ရသော မင်းသားနှင့် တွေ့ဆုံခဲ့သည်။

ကျန်းကျွင်းဘုရင် ကျိုးလင်...

ထိုအချိန်က လုယွီ၏စွမ်းအားသည် အလွန် နိမ့်ကျနေသဖြင့် တာအိုသခင်တစ်ဦးဖြစ်သော ကျိုးလင်အား ရင်မဆိုင်နိုင်ခဲ့ချေ။

စိတ်ပျက်လက်ပျက်ဖြင့် သူသည် ဓားငှားပြီး လူသတ်သည့် နည်းပရိယာယ်ကို အသုံးပြုကာ ကျိုးလင်၏လက်ကို အသုံးပြု၍ သူ့အား လိုက်လံသတ်ဖြတ်နေသော လုပ်ကြံသတ်ဖြတ်သူများကို ရှင်းလင်းစေခဲ့သည်။ ထိုမှတစ်ဆင့် သူသည် သူ့ကိုယ်သူ လွတ်မြောက်စေခဲ့ပေ၏။

ယနေ့တွက် ဤနေရာသို့ လာခြင်းမှာ လုယွီသည် ဤကံကြမ္မာအကြွေးကို ဖြေရှင်းရန်ပင်။

"ဒီနေရာမှာ လူတွေ ဘယ်လိုလုပ်ပြီး ရှိနိုင်တာလဲ"

လုယွီသည် အဝေးရှိ မြို့အပျက်အစီးများကို လှမ်းကြည့်လိုက်ပြီး သူ၏မျက်ခုံးများ ရုတ်တရက် တွန့်ကွေးသွားသည်။

လုယွီ၏အမြင်အရ ဤနေရာသည် လူသူကင်းမဲ့ပြီး ဆိတ်ငြိမ်သော နေရာတစ်နေရာပင်။

သို့ရာတွင် ယခုချိန်၌မူ တောအုပ်၏အပြင်ဘက်တွင် ကျင့်ကြံသူတစ်စုသည် မတ်တတ်ရပ်ပြီးစောင့်ဆိုင်းနေကြ၏။

ဤကျင့်ကြံသူများသည် အလွန်တင်းကြပ်စွာ စောင့်ကြပ်နေကာ တောအုပ်၏အပြင်ဘက်တွင် ခေါက်တုံ့ခေါက်ပြန်ကင်းလှည့်ရင်း အထူးသတိထားနေကြသည်။

"ရပ်လိုက်စမ်း... မျက်ခုံးဖြူဂိုဏ်းက ဒီနေရာကို သိမ်းပိုက်ထားတယ်... ဖြတ်သွားဖြတ်လာတွေက ကျေးဇူးပြုပြီး ရှောင်ကွင်းသွားပါ"

ကျင့်ကြံသူတစ်ဦးသည် လုယွီ ချဥ်းကပ်လာသည်ကို မြင်တွေ့ချိန်၌ ချက်ချင်းရှေ့တိုးလာပြီး သူ့အား တားဆီးလိုက်သည်။

လုယွီသည် သူ၏ရှေ့မှ ကျင့်ကြံသူများကို ဝေ့ဝိုက်၍ကြည့်လိုက်ရာ သူတို့အားလုံးသည် လောကီအင်မော်တယ်နယ်ပယ်အောက်မှ ကျင့်ကြံသူများဖြစ်ကြောင်း တွေ့ရှိလိုက်ရသည်။

ထိုကဲ့သို့ကျင့်ကြံသူများသည် သူတို့၏ ဘဝတသက်တာတွင် ရှေးဟောင်းဖုန်မှုန့်ကြယ်မှ ထွက်ခွာသွားနိုင်ရန် အခွင့်အရေး အလွန်နည်းပါးသည်။

ရုတ်တရက် လုယွီ၏အကြည့်သည် အဝေးရှိ မြို့အပျက်အစီးများပေါ်သို့ ကျရောက်သွား၏။

ထိုပျက်စီးနေသော မြို့ပျက်ကြီးမှနေ၍ အနက်ရောင်လေစီးကြောင်းများ ထွက်ပေါ်နေကာ နတ်ဆိုးစွမ်းအားများဖြင့် ရောယှက်နေပြီး မိုးကောင်းကင်သို့ တန်းတန်းမတ်မတ် ပျံ့လွင့်သွားသည်။

"မင်းက ထွက်လာချင်သေးတာလား"

လုယွီက အေးစက်စက်နှာမှုတ်လိုက်ပြီး လေးညှို့မှ ပစ်လွှတ်လိုက်သော မြှားတစ်စင်းအလား အနက်ရောင်အရိပ်တစ်ခုအဖြစ် ပြောင်းလဲကာ ရှေ့သို့ပျံသန်းသွားသည်။

"ရပ်လိုက်စမ်း...."

"သေစမ်း... သူက အထဲကို ပြေးဝင်သွားပြီ... ဂိုဏ်းချုပ်ကို မြန်မြန်အကြောင်းကြားလိုက်တော့"

အပြင်ဘက်တွင် မတ်တတ်ရပ်နေသော ကျင့်ကြံသူများသည် လုယွီ ရုတ်တရက် ပြေးဝင်သွားသည်ကို မြင်တွေ့ချိန်၌ အလွန်အမင်းထိတ်လန့်တုန်လှုပ်သွားကြသည်။

လုယွီက ဤအဆင့်နိမ့်ကျင့်ကြံသူများကို လုံးလုံးလျားလျား လျစ်လျူရှုလိုက်သည်။

သူသည် မြို့ပျက်ကြီး၏အပျက်အစီးများကို ဖြတ်သန်းသွားပြီး နက်ရှိုင်းသောနေရာသို့ ရောက်ရှိသွားပေ၏။

ဤသည်မှာ ယခင်က ပြိုကျနေသော လှိုဏ်ဂူဝင်ပေါက်ပင်။ လုယွီက လျင်မြန်သောခြေလှမ်းများဖြင့် ထိုနေရာသို့ အလျင်အမြန်ရောက်ရှိသွားသည်။

လှိုဏ်ဂူဝင်ပေါက်သို့ ဝင်လိုက်သည်နှင့် အေးစက်စက်အရှိန်အဝါတစ်ရပ်က သူ့ထံ တိုးဝင်လာသည်။

ပတ်ဝန်းကျင်တွင် ထူထပ်သိပ်သည်းပြီး ပေါကြွယ်ဝသော နတ်ဆိုးချီစွမ်းအားများဖြင့် ပြည့်နှက်နေပြီး ဂူတစ်ဂူလုံးကို အသူရာငရဲနယ်မြေအလား ခံစားရစေကာ တစ်စုံတစ်ယောက်၏ ကျောရိုးကို ချမ်းစိမ့်သွားစေနိုင်သည်။

ဘုန်း...ဘုန်း...ဘုန်း...

လှိုဏ်ဂူ၏နက်ရှိုင်းသောနေရာမှ ပြင်းထန်သော ထုနှက်သံများကို ကြားနေရသည်။

ဤသည်မှာ မိုင်းတွင်းတစ်ခုနှင့် တူညီပြီး မရေမတွက်နိုင်သော မိုင်းတွင်းလုပ်သားများက ညလုံးပေါက် မရပ်မနား အလုပ်လုပ်နေကြသည့်အလားပင်။

Chapter 5224

"ပိုပြီးမြန်မြန် အလုပ်လုပ်ကြစမ်း... အဲ့ဒီတောင်နံရံပေါ်က ကျောက်တုံးတွေအားလုံးကို ခွာချပစ်စမ်း"

"မြန်မြန်လုပ်ကြစမ်း..."

အဝေးမှနေ၍ ဆဲဆိုသံများကို ကြားနေရသည်။

လုယွီက ရှေ့သို့လျှောက်လှမ်းသွားလိုက်ရာကျောက်ဂူအတွင်း၌ ကျင်းကြီးတစ်ခု ရှိနေသည်ကို တွေ့မြင်လိုက်ရသည်။

ဤနေရာကို လူအင်အားဖြင့် တူးဖော်ထားခဲ့ပြီး လှိုဏ်ဂူ၏အတိုင်းအတာသည် လုယွီ ယခင်က ဤနေရာတွင် ရှိခဲ့စဥ်ကထက် အဆပေါင်းများစွာ ပို၍ကျယ်ပြန့်နေသည်မှာ သိသာထင်ရှားပေ၏။

စုတ်ပြတ်နေသော အလုပ်သမားများအပြားသည် သူတို့၏လက်ထဲရှိ ပေါက်ပြားများကို လွှဲယမ်းကာ မြေအောက်နက်ရှိုင်းသောနေရာသို့ ထွင်းဖောက်ရန် ကြိုးစားနေသည့်အလား ပတ်ဝန်းကျင်နေရာတဝိုက်ကို တူးဖော်နေကြသည်။

သူတို့၏နံဘေးတွင် ကျင့်ကြံသူအမြောက်အများက ခေါက်တုံ့ခေါက်ပြန်လမ်းလျှောက်ကာ ကင်းလှည့်နေကြသည်။

သူတို့၏အဝတ်အစားများကို ကြည့်လျှင် အပြင်ဘက်တွင် စောင့်ကြပ်နေသော ကျင့်ကြံသူများနှင့် တစ်အုပ်စုတည်းဖြစ်သည်မှာ သိသာထင်ရှားပေ၏။

"မင်းက ဘယ်သူလဲ... မင်းကို ဘယ်သူက ဝင်လာခိုင်းလိုက်တာလဲ"

ထိုကျင့်ကြံသူများသည် လုယွီကို မြင်တွေ့ချိန်၌ ချက်ချင်းဆိုသလိုပင် အံ့အားသင့်သွားကာ ဒေါသတကြီးဖြင့် သူ့ကို လက်ညှိုးထိုးပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်ကြသည်။

"ဖယ်ကြစမ်း..."

လုယွီက ရုတ်တရက် သူ၏အင်္ကျီလက်ကို ဝှေ့ယမ်းပြီး ထိုကျင့်ကြံသူအားလုံးကို လွင့်ထွက်သွားစေသည်။

ထို့နောက် လုယွီသည် ခြေတစ်လှမ်းရှေ့လှမ်းလိုက်ပြီး လှိုဏ်ဂူ၏နက်ရှိုင်းသောနေရာသို့ ရောက်ရှိသွားပေ၏။

သူ၏မျက်စိရှေ့တွင် မြင်တွေ့လိုက်ရသည်မှာ ထူထပ်တုတ်ခိုင်သော သံကြိုးများပင်။

ဤသံကြိုးတစ်ခုစီပေါ်တွင် ထူထပ်သိပ်သည်းသော မှော်သင်္ကေတများကို ထွင်းထုထားပြီး မှော်စွမ်းအားအရိပ်အယောင်များ ထွက်ပေါ်နေသည်။

သံကြိုးများအားလုံး၏အလယ်ဗဟိုတွင် ပိန်လှီလှီအဘိုးအိုတစ်ဦးကို ချည်နှောင်ထားသည်။

ထိုပိန်လှီလှီအဘိုးအို၏စွမ်းအားများအားလုံးကို ထိုသံကြိုးများဖြင့် စုပ်ယူခံထားရပုံရပေ၏။ သူသည် အလွန်အားနည်းနေပုံရပြီး သူ၏မျက်လုံးများကို စုံမှိတ်ထားကာ သတိလစ်မေ့မြောနေသည့်အလားပင်။

သို့ရာတွင် လုယွီတစ်ယောက်တည်းကသာ ဤပိန်လှီလှီအဘိုးအိုသည် မည်ကဲ့သို့ တည်ရှိမှုမျိုး ဖြစ်သည်ကို သိရှိထားသည်။

ကျန်းကျွင်းဘုရင် ကျိုးလင်...

သူသည် အတိတ်တွင် ထိုက်ချမ်ဧကရာဇ်ကျိုးထျန်းယင်၏ဦးရီးတော်ပင်။ သူသည် ဒေသတစ်ခုကို အုပ်ချုပ်ခဲ့သော်လည်း မမျှော်လင့်ဘဲ သူ၏စစ်တပ်ကို ဦးဆောင်၍ ပုန်ကန်ခဲ့ပြီး နောက်ဆုံးတွင် ထိုက်ချမ်ဧကရာဇ်၏ ဖိနှိပ်ခြင်းကို ခံခဲ့ရသည်။ ထို့နောက် သူသည် ဤလှိုဏ်ဂူအတွင်းတွင် ချုပ်နှောင်ခြင်းခံခဲ့ရကာ နေ့အလင်းရောင်ကို ဘယ်တော့မှ ပြန်မမြင်ရတော့ချေ။

ဤအချိန်အခိုက်အတန့်တွင် ပိန်လှီလှီအဘိုးအို၏နံဘေးပတ်လည်၌ ထိုသံကြိုးများကို ဖျက်ဆီးနိုင်ရန် ကြိုးစားနေသော ကျင့်ကြံသူတစ်စုလည်း ရှိနေသည်။

ဤနေရာတွင် ကျင့်ကြံသူသုံးလေးရာခန့် စုဝေးနေပေ၏။

သူတို့၏ပူးပေါင်းကြိုးပမ်းမှုဖြင့် သံကြိုးတစ်ချောင်းတွင် မြင်နိုင်သော အက်ကွဲကြောင်းတစ်ကြောင်း ထွက်ပေါ်လာပြီး ထိုအရာသည် မကြာမီမှာပင် ပျက်စီးသွားတော့ပေမည်။

"မင်းတို့ ဘာလုပ်နေကြတာလဲ"

လုယွီက ရှေ့သို့ခြေတစ်လှမ်းတိုးလိုက်ပြီး အေးစက်တင်းမာစွာ အော်ဟစ်လိုက်သည်။

လုယွီ၏ ရုတ်တရက်ဝင်ရောက်လာမှုသည် လက်ရှိနေရာတွင် ရှိနေသူများ အားလုံးကို ထိတ်လန့်သွားစေသည်။

အဝေးတွင် ကြီးကျယ်ခမ်းနားသော အဝတ်အစားများ ဝတ်ဆင်ထားသည့် လူလတ်ပိုင်းအရွယ်အမျိုးသားတစ်ဦး ရှိနေသည်။ သူသည် လုယွီ ဝင်လာသည်ကို မြင်တွေ့ချိန်၌ မျက်မှောင်အနည်းငယ်ကြုတ်လိုက်ပြီး အသံနက်ကြီးဖြင့် အော်ဟစ်လိုက်သည်။

"သူ့ကို သတ်လိုက်ကြစမ်း... အချိန် မနှောင့်နှေးစေနဲ့"

"ဟုတ်ကဲ့"

ပတ်ဝန်းကျင်မှ ကျင့်ကြံသူများသည် ချက်ချင်းဆိုသလိုပင် သူတို့၏အလုပ်ကို ဘေးဖယ်ပြီး လုယွီအား သတ်ဖြတ်ရန် တဟုန်ထိုး ပြေးဝင်လာကြသည်။

ဤလူများသည် သူတို့၏တိုက်ခိုက်မှုများတွင် အလွန်ရက်စက်ကြမ်းကြုတ်သည်။ လုယွီကို ရင်ဆိုင်ရာတွင် သူတို့သည် အသေသတ်သည့်တိုက်ကွက်များကို ချက်ချင်းထုတ်ဖော်အသုံးပြုလိုက်ကြသည်။

မှော်မန္တန်များသည် မိုးကောင်းကင်ယံအတွင်း၌ ပြည့်နှက်သွားပြီး အောက်သို့ ချက်ချင်းကျရောက်လာသည်။ ထိုအရာများသည် အလွန်အမင်းတောက်ကာ ကြောက်မက်ဖွယ် မှော်စွမ်းအားများဖြင့် ပြည့်နှက်နေသည်။

ဘုန်း...ဘုန်း...ဘုန်း...

ရုတ်ချည်းဆိုသလိုပင် ထူထပ်သိပ်သည်းသော မှော်မန္တန်များသည် လုယွီ၏အနီးသို့ ရောက်ရှိလာခဲ့လေပြီ။

လုယွီ၏မျက်လုံးများ အနည်းငယ်အေးစက်သွားပြီး သူက ရုတ်တရက် အော်ငေါက်လိုက်သည်။

"ထွက်သွားကြစမ်း..."

ဝုန်း..

ဤအချိန်အခိုက်အတန့်တွင် နဂါးဟိန်းသံကဲ့သို့ ကျယ်လောင်သောအသံသည် မြေပြင်တစ်ခုလုံး၏အောက်တွင် ပဲ့တင်ထပ်သွားကာ အချိန်အတော်ကြာသည့်အထိ အသံလှိုင်းများ တုန်ခါနေသည်။

လုယွီအနီးသို့ ချဥ်းကပ်လာသော ကျင့်ကြံသူများအားလုံး ဒယိမ်းဒယိုင်ဖြင့် မြေပြင်ပေါ်သို့ လဲကျသွားပြီး သတိလစ်မေ့မျောသွားကြသည်။

ကျွန်အဖြစ် ခိုင်းစေခံရသော အလုပ်သမားများပင်လျှင် မြေပြင်ပေါ်သို့ တစ်ဦးပြီးတစ်ဦး လဲကျသွားပေ၏။

အချိန်တခဏတာအတွင်းတွင် လုယွီ၏ရှေ့၌ မည်သူမျှ မတ်တတ်မရပ်နိုင်တော့ချေ။

ယခင်က လုယွီအား သတ်ဖြတ်မည်ဟု ခြိမ်းခြောက်ခဲ့သော လူလတ်ပိုင်းအရွယ် အမျိုးသားပင်လျှင် သူ၏မျက်နှာ ဖြူဖျော့သွားပြီး မြေပြင်ပေါ်သို့ ပုံရက်သား လဲကျသွားသည်။

သို့ရာတွင် သူ၏ကျင့်ကြံမှုသည် အတော်အသင့် နက်နဲသိမ်မွေ့ပေ၏။ သူသည် လောကီအင်မော်တယ်နယ်ပယ်သို့ ရောက်ရှိနေခဲ့ပြီးဖြစ်ရာ ရှေးဟောင်းဖုန်မှုန့်ကြယ်ကဲ့သို့သော နေရာငယ်လေးတွင် ထိပ်တန်းကျင့်ကြံသူတစ်ဦးဟု ယူဆနိုင်သည်။

"ငါက လျှိုပိုင်မေ့ပဲ... မင်းက ဘယ်သူလဲ... ဒီနေရာကို ဘာလာလုပ်တာလဲ"

သူသည် ရှေးဟောင်းဖုန်မှုန့်ကြယ် နံပါတ်တစ် ထိပ်သီးကျင့်ကြံသူပင်။

သို့သော် တစ်ကြိမ်ထိပ်တိုက်ရင်ဆိုင်ရုံမျှဖြင့် လုယွီ၏ဖိနှိပ်ခြင်းကို ခံရမည်ဟု သူ တစ်ကြိမ်တစ်ခါမျှ မျှော်လင့်မထားမိချေ။ ဟိန်းဟောက်သံတစ်သံတည်းဖြင့် သူ့အား မြေပြင်ပေါ်သို့ ပြိုလဲကျသွားစေခဲ့သည်။

Chapter 5225

"လျှိုပိုင်မေ့... ငါ မကြားဖူးဘူး...မင်းတို့က ဒီနေရာမှာ သူ့ကို လွှတ်ပေးဖို့ ကြိုးစားနေတာလား"

လုယွီသည် သံကြိုးများဖြင့် ချည်နှောင်ခံထားရသော ကျန်းကျွင်းဘုရင်ကို လက်ညှိုးထိုးပြပြီး အေးစက်တင်းမာစွာ ပြောဆိုလိုက်၏။

လုယွီက သူ၏လျှို့ဝှက်ချက်ကို ဖော်ထုတ်လိုက်သည်အား မြင်တွေ့ချိန်၌ လျှိုပိုင်မေ့၏မျက်နှာပေါ်တွင် မကောင်းဆိုးဝါးဆန်သော အမူအယာတစ်ရပ် ဖြတ်ပြေးသွားသည်။

သို့ရာတွင် သူသည် လုယွီ၏စွမ်းအားကို စိုးရိမ်နေသဖြင့် သူ့အား စူးစိုက်ကြည့်ပြီး အလေးအနက်ထားသော လေသံဖြင့် မေးမြန်းလိုက်သည်။

"မင်း ရှေးဟောင်းဖုန်မှုန့်ကြယ်က မဟုတ်ဘူး... ဟုတ်တယ်မလား"

"ငါက မင်းကို မေးခွန်းထုတ်နေတာ..."

လုယွီက အေးစက်တင်းမာစွာ တုံ့ပြန်သည်။

လျှိုပိုင်မေ့၏မျက်နှာပေါ်တွင် ဝေခွဲရခက်နေသော အမူအယာတစ်ရပ် ထင်ဟပ်လာသည်။ အချိန်အတော်ကြာ တွေဝေတုံ့ဆိုင်းနေပြီးနောက် သူက ပြောဆိုလိုက်၏။

"ဒီနေရာကို ငါတို့မျက်ခုံးဖြူဂိုဏ်းက အရင်ဆုံး တွေ့ရှိခဲ့တာ... စီနီယာတစ်ယောက်က လှိုဏ်ဂူထဲမှာ ပိတ်မိနေတာကြောင့် သူ့ကို ကယ်တင်ဖို့အတွက် ငါတို့က လုပ်ဆောင်နေကြတာပဲ"

ထိုစကားကိုပြောပြီးနောက် လျှိုပိုင်မေ့က လုယွီကို အကဲခတ်လိုက်သည်။

"မင်းရဲ့စွမ်းအားက မဆိုးဘူး...ဒီစီနီယာကို ကယ်တင်ဖို့အတွက် ငါတို့ အတူပူးပေါင်းပြီး လုပ်ကြမလား... သူ ငါ့ကို ကတိပေးထားပြီးပြီ... ငါ သူ့ကို ကယ်တင်နိုင်သရွေ့ သူက ငါ့ကို ပြိုင်ဘက်ကင်းကျင့်ကြံခြင်းနည်းစနစ်တွေနဲ့ ကြီးမားတဲ့ ချမ်းသာကြွယ်ဝမှုတွေ ပေးလိမ့်မယ်...ဒါက နှစ်တစ်ရာမှာတစ်ကြိမ်တောင် မရနိုင်တဲ့ အခွင့်အရေးပဲ....မင်း ကြိုးစားကြည့်ချင်လား"

လုယွီက ခေါင်းခါပြီး အေးစက်စက်လေသံဖြင့် အော်ငေါက်လိုက်သည်။

"မိုက်မဲလိုက်တာ.. "

ဤလူများသည် အလွန်နုံအပေ၏။

လောကတွင် အလကားရသော နေ့လယ်စာ ဟူ၍ မရှိပေ။

ကျန်းကျွင်းဘုရင်ကျိုးလင်သည် အပြင်ဘက်မှ လူများကို မည်သို့ ဆက်သွယ်ခဲ့သည်အား သူ မသိရှိပေ။ သို့ရာတွင် သူ လွတ်မြောက်သွားသည်နှင့် ဤလူများကို ကူညီပြီး ကံကြမ္မာကောင်းများ ပေးအပ်မည်မှာ မည်သို့ ဖြစ်နိုင်မည်နည်း။

ဖြစ်နိုင်ခြေအများဆုံးမှာ သူ ထွက်လာပြီးနောက် ပထမဆုံးလုပ်မည့်အရာမှာ မျက်မြင်သက်သေများအားလုံးကို သတ်ဖြတ်ပြီးနောက် သူ၏စွမ်းအားများကို ပြန်လည်ရရှိလာသည်အထိ အချိန်အတော်ကြာ ပုန်းအောင်းနေခြင်းပင်။

လုယွီ၏အော်ငေါက်သံကို ကြားချိန်၌ လျှိုပိုင်မေ့၏မျက်နှာပေါ်တွင် ဒေါသအရိပ်အယောင်တစ်ရပ် ချက်ချင်းဖြတ်ပြေးသွားသည်။

သို့ရာတွင် လုယွီ၏စွမ်းအားကြောင့် လျှိုပိုင်မေ့သည် သူ့အား တိုက်ရိုက် ရင်မဆိုင်ဝံ့ချေ။ သူသည် အေးစက်စက် နှာမှုတ်ပြီး ပြောဆိုလိုက်၏။

"မင်းက ဝင်မပါချင်မှတော့... ငါတို့ကို ဘာလို့ တားဆီးဖို့ ကြိုးစားနေတာလဲ"

လုယွီသည် ဤလူအား ရှင်းပြရန်ပင် ပျင်းရိငြီးငွေ့နေလေပြီ။

သူသည် သတိလစ်နေပုံရသော သံကြိုးများအကြားမှ အဘိုးအိုကို စူးစိုက်၍ကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြောဆိုလိုက်သည်။

"ကျန်းကျွင်းဘုရင်... မင်း ဒီအတိုင်း အိပ်ချင်ယောင်ဆောင်နေဦးမှာလား"

"ဟူး..."

ကျန်းကျွင်းဘုရင်၏ အိုမင်းသောခန္ဓာကိုယ်မှ သက်ပြင်းရှိုက်သံတစ်သံ ထွက်ပေါ်လာသည်။

ဤအသံကိုကြားချိန်၌ လျှိုပိုင်မေ့သည် ချက်ချင်းဆိုသလိုပင် အလွန်ပျော်ရွှင်သွားပြီး မေးမြန်းလိုက်၏။

"စီနီယာ... ခင်ဗျား နိုးလာပြီလား"

ကျန်းကျွင်းဘုရင်က သူ၏မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။ သူ၏ တိမ်ဖုံးနေသောမျက်လုံးများသည် လုယွီကို မြင်တွေ့ချိန်၌ သူ၏မျက်လုံးသူငယ်အိမ်များ ရုတ်တရက် ကျဥ်းမြောင်းသွားသည်။

"မင်းလား... မင်း မသေသေးဘူးလား"

"ငါ မသေတာ သေချာတာပေါ့... ကျန်းကျွင်းဘုရင်... ငါ ဒီနေ့ ဒီကို လာခဲ့တာ အရင်က ကံကြမ္မာအကြွေးကို ဖြေရှင်းဖို့ပဲ"

လုယွီက တည်ငြိမ်စွာ ပြောဆိုလိုက်သည်။

"မင်းနဲ့ငါကြားမှာ ဘာကံကြမ္မာအကြွေး ရှိလို့လဲ... မင်း အဲ့ဒီတုန်းက ဒီနေရာကို မတော်တဆ ဝင်လာပြီးတော့ ငါ့ရဲ့စည်းစိမ်ဥစ္စာတွေ အကုန်လုံးကို ယူသွားခဲ့တယ်... မင်းက ငါ သတိမထားမိခင် ထွက်ပြေးသွားခဲ့တယ်...ဒီဘုရင်က မင်းလို ပုရွက်ဆိတ်တစ်ကောင်ကို အရေးလုပ်ဖို့ ပျင်းနေခဲ့တာကြောင့် မင်း လွတ်မြောက်သွားခဲ့တာပဲ"

ကျန်းကျွင်းဘုရင်သည် လုယွီအား အကဲခတ်လိုက်ပြီး ရုတ်တရက် ပြောဆိုလိုက်၏။

"မင်းက ငါ့ရဲ့စည်းစိမ်ဥစ္စာတွေကို သုံးပြီးတော့ မင်းရဲ့စွမ်းအားကို တိုးတက်အောင် လုပ်ခဲ့ပုံရတယ်... မင်းက ငါ့ရှေ့မှာတောင် ထပ်ပြီးပေါ်လာရဲတဲ့ သတ္တိမျိုး ရှိနေတာပါလား"

ဤလူငယ်သည် ယခင်က ဤနေရာကို ရောက်ဖူးသည်ဟု ဆိုသလော...

လျှိုပိုင်မေ့သည် လုယွီကို ကြည့်လိုက်ပြီး သူ၏ မျက်လုံးထဲတွင် လောဘအရိပ်အယောင်တစ်ရပ် ဖြတ်ပြေးသွားပေ၏။

ကျန်းကျွင်းဘုရင်သည် သူ့အား တစ်ချိန်က ပြောခဲ့ဖူးသည်မှာ လူငယ်တစ်သည် ဤနေရာသို့ ကျူးကျော်ဝင်ရောက်လာပြီး သူ၏စည်းစိမ်ဥစ္စာအားလုံးကို ယူသွားခဲ့သည်ဟုပင်။

မမျှော်လင့်ဘဲ ထိုလူငယ်သည် ဤနေရာသို့ တဖန်ပြန်၍ ရောက်ရှိလာခဲ့သည်။

ကျန်းကျွင်းဘုရင် ပြောခဲ့သော စည်းစိမ်ဥစ္စာ ပမာဏကို တွေးမိချိန်၌ လျှိုပိုင်မေ့၏စိတ်နှလုံးသားသည် စိတ်လှုပ်ရှားမှုဖြင့် တုန်ခါသွားပေ၏။

သို့ရာတွင် ဤနေရာတွင် လျှိုပိုင်မေ့သည် သေးငယ်သော တည်ရှိမှုတစ်ခုမျှသာ ဖြစ်ပြီး သူ၏ အတွေးများကို မည်သူမျှ အာရုံမစိုက်ကြချေ။

"ထိုက်ချမ်သက္ကရာဇ် တစ်ဆယ့်ခုနစ်နှစ်မှာ မင်းက စစ်တပ်တွေကို ကွပ်ကဲပြီးတော့ အရှေ့အောင်နိုင်ခြင်းကြယ်မြစ်မှာ စခန်းချခဲ့တယ်... နောက်တော့ မင်းက ရုတ်တရက်ကြီး ပုန်ကန်ခဲ့တယ်....ဘာအကြောင်းအရင်းကြောင့်လဲ"

လုယွီ ကျယ်လောင်စွာ အော်ဟစ်ပြီး မေးခွန်းထုတ်လိုက်သည်။

ကျန်းကျွင်းဘုရင် အူလှိုက်သည်းလှိုက် ရယ်မောလိုက်ပြီး ပြောဆိုသည်။

"ဟား ဟား ဟား...မင်းက ဘာကောင်မလို့လဲ... ငါ့ကို လာပြီး မေးခွန်းထုတ်ရဲတယ်... ဒီဘုရင်က ဧကရာဇ် ဖြစ်ချင်တယ်...ဒါက မရဘူးလား"

"မဟုတ်ဘူး...မင်း ဧကရာဇ် မဖြစ်နိုင်တာကို မင်း သိတယ်"

လုယွီက ကျန်းကျွင်းဘုရင်ကို ကြည့်ပြီး အေးစက်တင်းမာစွာ ပြောဆိုသည်။

"အတိတ်က ကိစ္စတွေကို မင်း ပြန်သတိရအောင် ငါ ကူညီပေးမယ်...အဲ့ဒီအချိန်တုန်းက မင်းရဲ့လက်အောက်မှာ သံမျက်နှာဖုံးစွပ် စစ်ရေးအကြံပေး ဆယ့်ရှစ်ယောက် ရှိခဲ့တယ်.. သူတို့က ဘယ်တော့မှ မျက်နှာအစစ်အမှန်ကို မပြခဲ့ဘူး... ဒါပေမဲ့ သူတို့ရဲ့ စစ်နည်းဗျူဟာတွေက ထိပ်တန်းကျပြီးတော့ မမျှော်လင့်တဲ့ နည်းလမ်းတွေနဲ့ အောင်ပွဲကို မကြာခဏ ရယူနိုင်ခဲ့တယ်...သူတို့က တာယွီစစ်တပ်ကို အကြီးအကျယ် ဒုက္ခပေးခဲ့တယ်"

"မင်း သူတို့ရဲ့ဇစ်မြစ်ကို မမေ့သေးဘူး မဟုတ်လား"

ဤစကားကိုကြားချိန်၌ ကျန်းကျွင်းဘုရင်၏ မျက်နှာအမူအယာ ရုတ်တရက် ပြောင်းလဲသွားပေ၏။

Thank For Reading.

All Chapters