← Chapters

အခန်း (၅၂၃၁-၅၂၃၅)

Vol. 265 Ch. 5231-5235

အခန်း (၅၂၃၁-၅၂၃၅)

Vol. 265 Ch. 5231-5235

Chapter 5231

စိတ်ဝိညာဉ်ရှာဖွေခြင်းနည်းစနစ်သည် အမှန်အားဖြင့် နတ်ဆိုးနည်းစနစ်တစ်ခုပင်။

ဤသည်မှာ လူတစ်ဦး၏စိတ်ဝိညာဉ်ကို လွှမ်းမိုးပြီး သူ လိုအပ်သော မှတ်ဥာဏ်များကို ထုတ်ယူရန် ရည်ရွယ်ချက်ဖြင့် လုယွီက ဖန်တီးခဲ့ခြင်း ဖြစ်သည်။

ထိုစိတ်ဝိညာဉ်၏ကံကြမ္မာကိုမူ လုယွီက ဂရုစိုက်နေမည် မဟုတ်ချေ။

ဤသည်မှာ သဘာဝတရား၏ အစီအစဉ်ကျမှုကို အလွန်အန္တရာယ်ဖြစ်စေသောကြောင့်... လုယွီသည် ထိုကဲ့သို့ နည်းစနစ်များကို မကြာခဏ အသုံးမပြုပေ။ သူသည် အဓိကရန်သူတော်ကြီးတချို့နှင့် တွေ့ဆုံသည့်အချိန်တွင်ပင် သူတို့၏ ရုပ်ခန္ဓာကိုယ်များနှင့်စိတ်ဝိညာဉ်များကို လုံးလုံးလျားလျား ပျက်စီးသွားစေရန်သာ ပြုလုပ်ခဲ့သည်။

ကျန်းကျွင်းဘုရင်၏စိတ်ဝိညာဉ်မှ လုယွီသည် မှတ်ဥာဏ်အမြောက်အများကို ဖတ်ရှုခဲ့ရသည်။

ပထမဆုံးအနေဖြင့် သူ့ကိုသတ်ခြင်းသည် အမှားအယွင်းတစ်ခု မဟုတ်ပေ။

ကျန်းကျွင်းဘုရင်ကျိုးလင်၏ ချမ်းသာကြွယ်ဝမှုများအနက် တချို့သည် စစ်ရေးအောင်မြင်မှုများမှ ရရှိသော ဆုလာဘ်များ ဖြစ်သော်လည်း ပိုများသောအပိုင်းမှာမူ အကျင့်ပျက်ခြစားမှုနှင့် ခေါင်းပုံဖြတ်မှုများမှ ရရှိလာခြင်း ဖြစ်ပေ၏။

ကျန်းကျွင်းဘုရင်၏တပ်စခန်းတွင် လူများ နေထိုင်၍မရနိုင်သည့် အခြေအနေနီးပါးသို့ ရောက်ရှိနေခဲ့ပြီး နေရာတိုင်းတွင် ဓားပြများ ရှိနေသည်။ သန်းရာပေါင်းများစွာသော ပြည်သူများသည် သူတစ်ဦးတည်းကို ထောက်ပံ့ခဲ့ရပြီး သူ့အား အချိန်တိုအတွင်း အလွန်အမင်း ချမ်းသာကြွယ်ဝစေခဲ့သည်။

အကယ်၍ ချီမင်းသားကျိုးထုံသည် ထန်အင်ပါယာကို တွယ်ကပ်ခဲ့သူဖြစ်လျှင် ကျန်းကျွင်းဘုရင်ကျိုးလင်သည် ရက်စက်ကြမ်းကြုတ်သော အာဏာရှင်တစ်ဦးပင်။ သူ၏ အပိုင်စားနယ်မြေအတွင်းတွင် မရေမတွက်နိုင်သော အခွန်အမျိုးအစားများ ရှိခဲ့၏။ စိတ်ဝိညာဥ်ကျောက်တုံးဆယ်တုံး ရှာဖွေနိုင်သော လူများသည် ကျိုးလင်အား အခွန်အခအဖြစ် ကိုးတုံး ပေးဆောင်ခဲ့ရပြီး သူတို့ အသက်ဆက်ရှင်သန်ရန် မဖြစ်နိုင်တော့သည့် အခြေအနေသို့ ရောက်ရှိခဲ့သည်။

ထိုမျှသာမက ထွက်ပြေးရန် စီစဉ်သူတိုင်းကို ကင်းလှည့်စစ်သားများက ဖမ်းဆီးပြီး မိုင်းတွင်းများသို့ ပို့ဆောင်ကာ ပင်ပန်းကြမ်းတမ်းသော အလုပ်များကို စေခိုင်းခဲ့သည်။ မရေမတွက်နိုင်သော လူများသည် ထိုနေရာတွင် ပင်ပန်းနွမ်းနယ်မှုကြောင့် သေဆုံးသွားခဲ့ကြပြီး အရိုးများ တောင်ပုံရာပုံဖြစ်နေခဲ့လေ၏။

ဤသည်မှာ ကျန်းကျွင်းဘုရင် ကျူးလွန်ခဲ့သော မကောင်းမှုများ၏ ပင်လယ်ရေမျက်နှာပြင်ပေါ်မှ ရေခဲတောင်၏အစွန်အဖျားမျှသာ ဖြစ်သည်။

နွေဦးနှင့်ဆောင်းဦး တစ်ဆယ့်ခုနစ်နှစ်တွင် သက်သေအထောက်အထား အမြောက်အများကို စုဆောင်းပြီးနောက် တော်ဝင်နန်းတွင်းသည် ကျိုးလင်အပေါ် နှိမ်နင်းမှုကိုစတင်ရန် အသင့်ဖြစ်နေခဲ့သည်။

တော်ဝင်နန်းတွင်းသည် ကျိုးလင်၏ နံဘေးပတ်ဝန်းကျင်ရှိ စစ်ဗိုလ်ချုပ်တချို့ကို ဦးစွာ ဆက်သွယ်ခဲ့ပြီးနောက် သံချပ်ကာတပ်များကို တိတ်တဆိတ် စေလွှတ်ကာ ကျိုးလင်၏ တပ်စခန်းအနီးသို့ လျှို့ဝှက်စွာ ရွှေ့ပြောင်းစေခဲ့သည်။

မမျှော်လင့်ဘဲ ကျိုးလင်က ဦးစွာပုန်ကန်ခဲ့ပြီး သူ၏စစ်တပ်ကို ဦးဆောင်၍ ဝန်းရံထားသည်ကို ဖောက်ထွက်ကာ တော်ဝင်မြို့တော်သို့ တန်းတန်းမတ်မတ် ဦးတည်ခဲ့သည်။ လမ်းတလျှောက်တွင် သူသည် မရေမတွက်နိုင်သော လူများကို မီးရှို့ သတ်ဖြတ်ခဲ့လေ၏။ အဆုံးသတ်တွင် ထိုက်ချန်ဧကရာဇ်နှင့် စာပေသူတော်စင်တို့ အတူတကွ ထွက်ပေါ်လာမှသာ သူ့အား နှိမ်နင်းနိုင်ခဲ့သည်။

ကျိုးလင်ထံတွင် ပုန်ကန်ရဲသော သတ္တိ ရှိရသည့် အကြောင်းအရင်းမှာ လောကနှစ်ခုတောင်တန်း၏ အပြင်ဘက်မှ ရှေးဟောင်းနတ်ဆိုးများကြောင့်ပင်။

ရှေးဟောင်းနတ်ဆိုးများသည် ကျိုးလင်အား အကယ်၍ သူ ကူညီပေးရန် ဆန္ဒရှိပါက သူတို့သည် သူ့အား အနာဂတ်တွင် မျိုးနွယ်အားလုံး၏အုပ်စိုးသူအရှင် ဖြစ်လာစေရမည်ဟု ကတိပေးခဲ့သည်။

ရှေးဟောင်းနတ်ဆိုးများ၏အစီအစဉ်အရ လောကနှစ်ခုတောင်တန်းကို ဖြတ်ကျော်ပြီးနောက် ကောင်းကင်ဘုံနယ်မြေသို့ ဝင်ရောက်ပြီး သူတို့သည် မျိုးနွယ်များ အားလုံးကို သူတို့အား အမှုထမ်းပေးရန် ကျွန်များအဖြစ် သတ်မှတ်ပေမည်။ အင်မော်တယ်များ နတ်ဆိုးသားရဲများ ဗုဒ္ဓများ လူသားများ သို့မဟုတ် နတ်ဆိုးများ ဖြစ်စေ သူတို့အားလုံးသည် မဟာနတ်ဆိုးဘိုးဘေး၏အမိန့်ကို နာခံရပေမည်။

ကျိုးလင်သည် နတ်ဆိုးမျိုးနွယ်၏ ကိုယ်စားလှယ် ဖြစ်လာခဲ့သည်။

အကျပ်အတည်းသို့ ကျရောက်နေပြီဖြစ်သော ကျိုးလင်သည် လွယ်လွယ်ကူကူ သဘောတူခဲ့ပြီး နတ်ဆိုးမျိုးနွယ်၏ ရုပ်သေးတစ်ဦးဖြစ်သွားကာ အရာများစွာကို လုပ်ဆောင်ခဲ့သည်။

"တန်ဖိုးအပြည့်အဝ အသုံးချခံပြီးသား ရုပ်သေးတစ်ရုပ်ပဲ... မင်းကို ကယ်ဖို့ ဘယ်သူမှ မလာတာ အံ့အားသင့်စရာ မရှိတော့ဘူး"

လုယွီက အရေးမစိုက်သော မျက်နှာအမူအယာဖြင့် ပြောဆိုလိုက်၏။

ကျိုးလင်၏ပုန်ကန်မှုကြောင့်ပင် နတ်ဆိုးမျိုးနွယ်အုပ်စုငယ်တစ်စုသည် ပရမ်းပတာ အခြေအနေကို အခွင့်ကောင်းယူပြီး လောကနှစ်ခုတောင်တန်းကို ဖြတ်ကျော်ကာ ကောင်းကင်ဘုံနယ်မြေသို့ ခိုးဝင်ခဲ့ကြသည်။ ဤသည်ကြောင့်လွန်ခဲ့သော နှစ်အနည်းငယ်က "ရှေးဟောင်းနတ်ဆိုးများ၏ပရမ်းပတာစစ်ပွဲ"ကို ဖြစ်ပွားစေခဲ့သည်။

သို့ရာတွင် ကျိုးလင်သည် နောက်ပိုင်းတွင် ထိုက်ချမ်ဧကရာဇ်၏ဖမ်းဆီးခြင်းကို ခံခဲ့ရပြီး ဤနေရာတွင် ချိတ်ပိတ်ခံခဲ့ရကာ ယခုအချိန်အထိ လှောင်ပိတ်ခံထားရခြင်း ဖြစ်သည်။

ထိုက်ချန်ဧကရာဇ်၏ ယခင်အစီအစဉ်အရ သူသည် ကျိုးလင်အား ငါးစာအဖြစ် အသုံးပြု၍ ရှေးဟောင်းနတ်ဆိုးများကို သူ့အား လာရောက်ကယ်တင်ရန်အတွက် ဆွဲဆောင်နိုင်ရန် ရည်ရွယ်ခဲ့သည်။ ကံမကောင်းစွာဖြင့် ဤနှစ်များတလျှောက် ရှေးဟောင်းနတ်ဆိုးများသည် သူ့အား ကယ်တင်ရန် တစ်ဦးတစ်ယောက်မျှ မလာခဲ့ကြချေ။ သူတို့သည် ကျိုးလင်အား စွန့်လွှတ်လိုက်သည်မှာ သိသာထင်ရှားလှ၏။

"သူ သေသင့်တယ်"

လုယွီ၏မျက်လုံးများတွင် အေးစက်စက် အလင်းတန်းတစ်တန်း ဖြတ်ပြေးသွားသည်။ သူသည် သူ၏လက်ကိုမြှောက်ပြီး ဖမ်းဆုပ်လိုက်ရာ ကျိုးလင်၏စိတ်ဝိညာဉ်ကို ချက်ချင်းကြေမွှပျက်စီးသွားစေခဲ့သည်။

ဤအချိန်မှစ၍ ကျန်းကျွင်းဘုရင် လုံးလုံးလျားလျား သေဆုံးသွားခဲ့လေပြီ။

ပတ်ဝန်းကျင်ရှိ ထိတ်လန့်နေဆဲဖြစ်သော ကျင့်ကြံသူများကို တစ်ချက် ကြည့်လိုက်ပြီးနောက် လုယွီသည် ခေါင်းခါယမ်းလိုက်ကာ လူတိုင်း၏အမြင်အာရုံအောက်မှ ချက်ချင်း ပျောက်ကွယ်သွားသည်။

"အိုး ဘုရားရေ... ငါက အစစ်အမှန်အင်မော်တယ်တစ်ယောက်ကို မြင်လိုက်တာလား"

ကျင့်ကြံသူတစ်ဦးက ထိတ်လန့်တုန်လှုပ်မှုမှ အသိဝင်လာရန် အချိန်အတော်ကြာ ယူပြီးနောက် တီးတိုးရေရွတ်လိုက်၏။

...

နွေဦးနှင့်ဆောင်းဦး ဒုတိယနှစ် ဆယ်လပိုင်း ဆယ့်ခုနစ်ရက်နေ့တွင် လုယွီသည် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်သို့ သွားရောက်ခဲ့ပြီး ဖန်မင်ကျဲ့နှင့်သုံးရက်ကြာ တိုင်ပင်ဆွေးနွေးခဲ့သည်။ ထို့နောက် ဖန်မင်ကျဲ့သည် ကျောင်းတော်မှ နုတ်ထွက်ကြောင်း ကြေညာခဲ့ပြီး ကျောင်းအုပ်ကြီးအသစ်နေရာတွင် လုအဖွဲ့အစည်းမှ မဟာကွန်ဖြူးရှပ်ပညာရှင်တစ်ဦးဖြင့် အစားထိုးခဲ့သည်။

နွေဦးနှင့်ဆောင်းဦး ဒုတိယနှစ် ဆယ်လပိုင်း နှစ်ဆယ့်လေးရက်နေ့တွင် လုယွီသည် ဆေးပညာမဟာမိတ်အဖွဲ့တွင် ဧကရာဇ်အဆင့် ဆေးလုံးတစ်လုံးကို ဖော်စပ်ခဲ့ပြီး လူတိုင်းကို အံ့အားသင့်စေခဲ့သည်။ သူ့အား ဆေးပညာမဟာမိတ်အဖွဲ့မှ "ဆေးနတ်ဘုရား" ဟူသော ဘွဲ့ထူးကို ချီးမြှင့်ခဲ့လေ၏။

နွေဦးနှင့်ဆောင်းဦး ဒုတိယနှစ် ဆယ်လပိုင်း နှစ်ဆယ့်ခြောက်ရက်နေ့တွင် လုယွီသည် သူ့ဆွေမျိုးဆယ့်ငါးဦးကို ဘွဲ့ထူးများ ချီးမြှင့်ခဲ့သည်။ လုယွီ၏မိဘများနှင့်ဆွေမျိုးတချို့သည် တာယွီအင်ပါယာ၏ ကံကြမ္မာစွမ်းအားကို ခံစားနိုင်ကြပေမည်။

လုယွီ၏အစ်မ လုလန်ရွှမ်းအား "ဝူအန်လုံမင်းသမီး" အဖြစ် ချီးမြှင့်ခဲ့သည်။

နျူနျူ "လုမုန်လီ" ကို "ချန်လဲ့မင်းသမီး" အဖြစ် ချီးမြှင့်ခဲ့သည်။

လုယွီတွင် လက်ရှိ ရင်သွေး မရှိသောကြောင့် ဤနှစ်ဦးအား ထီးနန်းဆက်ခံသူများအဖြစ် ယာယီ သတ်မှတ်ခဲ့ပြီး တင်းကြပ်သော အကာအကွယ်များ ပေးအပ်ခဲ့လေ၏

နွေဦးနှင့်ဆောင်းဦး ဒုတိယနှစ် ဆယ်လပိုင်း နှစ်ဆယ့်ရှစ်ရက်နေ့တွင် လုယွီသည် "ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း" ကို အတွင်းဝန်အဖွဲ့ထံ တင်သွင်းခဲ့ပြီး ပြီးပြည့်စုံအောင် ချက်ချင်းလုပ်ဆောင်ရန် အတွင်းဝန်အဖွဲ့ကို အမိန့်ပေးခဲ့သည်။

...

အချိန်များ ကုန်လွန်သွားပြီး အရာအားလုံး ပြောင်းလဲသွားပေ၏။

မျက်စိတစ်မှိတ်အတွင်း အချိန်သည် နွေဦးနှင့်ဆောင်းဦး ဒုတိယနှစ် ဆယ့်တစ်လပိုင်း ဆယ့်ကိုးရက်နေ့သို့ ရောက်ရှိသွားခဲ့သည်။

လေနှင့်နှင်းများ ကျနေသော ညတစ်ညတွင် လီစစ်က ထျန်းတအိမ်တော်၏တံခါးကို ခေါက်လိုက်သည်။

"အရှင်ဧကရာဇ်.. အရှင်ကို အစီရင်ခံပါတယ်... အဲ့ဒီလူအိုကြီးက အရှင်ကို တွေ့ဖို့ သဘောတူလိုက်ပြီ"

လီစစ်သည် အနည်းငယ် စိတ်လှုပ်ရှားနေပြီး လုယွီကို ကြည့်လိုက်စဉ်တွင် သူ၏မျက်လုံးများ တောက်ပနေသည်။

Chapter 5232

တောက်ပနေမင်းကြယ်မြစ်...ကျိမန်ကြယ်နယ်မြေ။

ဤနေရာသည် တောက်ပနေမင်းကြယ်မြစ်၏ အဓိကဗဟိုချက်မ ဖြစ်ပြီး ရှန်းယန်မြို့သည် အရှေ့အောင်နိုင်ခြင်းကြယ်မြစ်၌ တည်ရှိသကဲ့သို့ပင် တောက်ပနေမင်းကြယ်မြစ်အရှင်၏အိမ်တော် တည်ရှိရာနေရာလည်း ဖြစ်သည်။

ဖူကျစ်ရွှယ်သည် စုရု ဝင်စားပြီးနောက်ပိုင်းတွင် လောကီရေးရာများကို ဂရုမစိုက်တော့ဘဲ နေထိုင်ခဲ့သည်။ လုယွီသည်လည်း သူ့စီနီယာအစ်ကိုဖြစ်သူ၏ စိတ်နေသဘောထားကို သိရှိထားပေ၏။ သူသည် အရာတစ်ခုကို လုပ်ရန် ဆုံးဖြတ်ပြီးပါက သေချာပေါက် လုပ်ဆောင်တတ်သူပင်။ ထို့ကြောင့် သူသည် ကျိမန်ကြယ်နယ်မြေ၏ ကြယ်နယ်မြေအရှင်အား ကြယ်မြစ်အုပ်ချုပ်သူအရှင်တစ်ဦး၏ တာဝန်ဝတ္တရားများကို ကိုယ်စားဆောင်ရွက်စေခဲ့သည်။

"အရှင်ဧကရာဇ်... ဒါက ကျိရှာကျောင်းတော်ပါ"

တောက်ပနေမင်းကြယ်မြစ်၏ ယာယီအုပ်ချုပ်သူအရှင် ကျိုးကျီသည် တောက်ပနေမင်းကြယ်မြစ်၏ အရပ်ဖက်နှင့် စစ်ဖက်ဆိုင်ရာ အရာရှိများကို ခေါ်ဆောင်လျက် လုယွီအား လမ်းပြခေါ်ဆောင်လာခဲ့သည်။

လုယွီသည် တောက်ပနေမင်းသို့ ရောက်ရှိချိန်တွင် သူ၏သရုပ်မှန်ကို ဖုံးကွယ်မထားခဲ့ချေ။ ထို့ကြောင့် ကျိုးကျီသည် သူ၏လူများကိုခေါ်ဆောင်ကာ နတ်ဘုရားတံခါးဝ၏အပြင်ဘက်၌ မနက်စောစောကတည်းက လုယွီကို လာရောက်ကြိုဆိုနေခဲ့သည်။

လုယွီ၏ရှေ့တွင် မိုင်ပေါင်းများစွာ ကျယ်ဝန်းသော ကြီးမားသည့် ကျောင်းတော်ကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။

ခမ်းနားထည်ဝါသော အဆောက်အဦးများသည် တစ်စုတစ်ဝေးတည်း တည်ရှိနေကြ၏။ ထိုအရာများသည် အလွန်ခမ်းနားထည်ဝါခြင်း မရှိသော်လည်း သာမာန်မဟုတ်ချေ။ ကျောင်းတော်၏မျှော်စင်အထက်၌ မှိန်ဖျော့သော တိမ်တိုက်များ ရစ်ဝဲနေပြီး စာဖတ်သံများသည် အထွတ်အထိပ် ကောင်းကင်ဘုံနန်းတော်မှ အသံများကဲ့သို့ ပဲ့တင်ထပ်နေလေ၏။

ဤသည်မှာ ကျိရှာကျောင်းတော်ပင်။

ဤနေရာသည် ကျိမန်ကြယ်နယ်မြေတွင်သာမက တောက်ပနေမင်းကြယ်မြစ်တစ်ခုလုံးတွင် အဆင့်မြင့်ဆုံးကျောင်းတော်ဖြစ်သည်။ ဤကျောင်းတော်တွင် ရှည်လျားသော သမိုင်းကြောင်းရှိပြီး အလယ်ခေတ်ကာလမှ အင်ပါယာအမြောက်အများ၏ "မဟာပညာသင်ကြားရေး" နေရာတစ်ခု ဖြစ်ခဲ့ဖူးသည်။

သို့ရာတွင် အလယ်ခေတ်ကာလ စစ်ပွဲများ၏ ပရမ်းပတာဖြစ်မှုများနှင့်အတူ ကျိရှာကျောင်းတော် ပျက်စီးခဲ့ရသည်။ အစစ်အမှန်ဂိုဏ်းခေတ်ကာလတွင် တောက်ပနေမင်းစီရင်စု၏ အုပ်ချုပ်သူအရှင်က ဤကျောင်းတော်ကို ပြန်လည်၍ တည်ဆောက်ခဲ့လေ၏။

ပြန်လည်တည်ဆောက်ထားသော ကျိရှာကျောင်းတော်သည် အတိတ်ကဲ့သို့ စည်ကားခြင်း မရှိတော့သော်လည်း အကောင်းဆုံး ကျောင်းတော်တစ်ခု ဖြစ်နေဆဲပင်။ တောက်ပနေမင်းကြယ်မြစ်ရှိ အဆင့်မြင့်ကျောင်းတော်သား အမြောက်အများသည် ဤနေရာမှ ဆင်းသက်လာကြခြင်း ဖြစ်သည်။ အကယ်၍ တော်ဝင်ကျောင်းတော်နှင့် ကျောင်းတော်ကြီးငါးခုသည် "ပါရမီရှင်တို့၏ပုခက်" ဖြစ်လျှင် ကျိရှာကျောင်းတော်သည် "သာမန်လူတို့၏နဂါးဂိတ်တံခါး" ဖြစ်ပေ၏။ ဤနဂါးဂိတ်တံခါးကို ကျော်ဖြတ်နိုင်လျှင် သာမန်လူတစ်ဦး ဖြစ်နေပါစေ အဆင့်အတန်း မြင့်မားလာနိုင်သည်။

သူ မည်သည်ကြောင့် ထိုသို့ ပြောရသနည်းဆိုလျှင် ကျောင်းတော်သို့ ဝင်ရောက်ရန် သတ်မှတ်ချက်များ မတူညီသောကြောင့်ပင်။

တော်ဝင်ကျောင်းတော်နှင့် မဟာကျောင်းတော်ကြီးငါးခုစလုံးသည် ပါရမီရှင်များကို လိုအပ်သောကြောင့် ကျောင်းတော်သို့ ဝင်ရောက်ရန် သတ်မှတ်ချက် အလွန်မြင့်မားသည်။ အတိတ်တွင် လုယွီသည် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်သို့ ဝင်ရောက်နိုင်ခဲ့ခြင်းမှာလည်း သူသည် အလွန်တင်းကြပ်သော ရွေးချယ်မှုစမ်းသပ်စစ်ဆေးခြင်းကို ဝင်ရောက်ဖြေဆိုခဲ့သောကြောင့်ပင်။

ကျိရှာကျောင်းတော်နှင့် ပတ်သက်၍မူ ထိုနေရာသည် လူတစ်ဦး၏ ဇွဲလုံ့လနှင့်အရည်အသွေးကို အလေးထားပေ၏။ လူတစ်ဦးသည် လုံလောက်သော ခိုင်မာသည့် စိတ်ဓာတ် ရှိနေသရွေ့ သူသည် ကျိရှာကျောင်းတော်သို့ ဝင်ရောက်ပြီး ကျင့်ကြံနိုင်သည်။

ထို့ကြောင့် ကျိရှာကျောင်းတော်၏ တပည့်များအနက် အများစုသည် သာမန်ပါရမီသာ ရှိကြသည်။ သို့ရာတွင် ဤနေရာရှိ စစ်ဆေးမှုသည်လည်း အလွန်တင်းကြပ်ပေ၏။ အချိန်အတိုင်းအတာတစ်ခု ရောက်တိုင်း တင်းကြပ်သော စာမေးပွဲတစ်ခု ရှိနေတတ်သည်။ ထိုစာမေးပွဲကို အောင်မြင်သူများသာလျှင် ကျိရှာကျောင်းတော်တွင် ဆက်လက်၍ကျင့်ကြံခွင့် ရရှိကြပေမည်။

"မင်းတို့အားလုံး သွားလို့ရပြီ... ငါတစ်ယောက်တည်းပဲ ဝင်သွားလိုက်မယ်"

လုယွီက တမင်သက်သက် အလေးပေး၍ ပြောဆိုလိုက်သည်။

"ဒီလောက်ကြီး အုတ်အော်သောင်းတင်း ဖြစ်နေဖို့ မလိုဘူး... မင်းရဲ့လူတွေ အားလုံးကို ပြန်ခိုင်းလိုက်တော့"

"ဒီအရာရှိက အမိန့်တော်အတိုင်း လုပ်ဆောင်ပါ့မယ်"

ကျိုးကျီက သူ၏လက်နှစ်ဖက်ကို ပူးဆုပ်ကာအရိုအသေပြုလိုက်ပြီး နံဘေးပတ်ဝန်းကျင်ရှိ လူများကို ချက်ချင်းထွက်ခွာခိုင်းလိုက်သည်။

လုယွီသည် တောက်ပနေမင်းကြယ်မြစ်၏ယာယီအုပ်ချုပ်သူကို တစ်ချက်ကြည့်လိုက်ပြီး ကျိုးကျီကို သူ၏စိတ်ထဲတွင် မှတ်သားထားလိုက်၏။

ဖူကျစ်ရွှယ်သည် ယခင်က ဝန်ထမ်းရေးရာဌာန၏အရာရှိတစ်ဦး ဖြစ်ခဲ့ပြီး လူများကို အကဲဖြတ်ရာတွင် အလွန်တိကျသူတစ်ယောက်ပင်။ ကျိမန်ကြယ်နယ်မြေ၏ ကြယ်နယ်မြေအရှင် ဖြစ်လာရန် သူ ရွေးချယ်လိုက်သောသူများသည် များသောအားဖြင့် ထူးချွန်သော အရည်အချင်းများ ရှိကြသည်။ အမှန်တကယ်တွင်လည်း ဤှအရှင်ကျိုးသည် တောက်ပနေမင်းကြယ်မြစ်တွင် အလွန်နာမည်ကျော်ကြားပေ၏။ လိမ်လည်လှည့်ဖြားမှုများကို ဖယ်ရှားခြင်း အရာရှိများကို အုပ်ချုပ်ခြင်း နတ်ဆိုးဂိုဏ်းများကို သုတ်သင်ခြင်းမှစ၍ သူသည် တောက်ပနေမင်းကြယ်မြစ်ကို စနစ်တကျ စီမံခန့်ခွဲနိုင်ခဲ့သည်။

လုယွီ၏ရှေ့တွင် နှိမ့်ချခြင်းမရှိ မာန်မာနလည်း မရှိသူဟူ၍ လူနည်းစုသာ ရှိပေ၏။

အထူးသဖြင့် လုယွီသည် ရွှမ်အင်မော်တယ်နယ်ပယ် အလယ်အလတ်အဆင့်သို့ ရောက်ရှိကျင့်ကြံနိုင်ခဲ့ပြီး ရှေးဟောင်းအစစ်အမှန်အင်မော်တယ်ဖြစ်လာချိန်တွင်ဖြစ်သည်။ အစစ်အမှန်အင်မော်တယ်တစ်ပါး၏ဖိအားအရှိန်အဝါသည် နှောင်းပိုင်းမျိုးဆက်မှ အတုအယောင်အင်မော်တယ်များအတွက် အလွန်ကြီးမားနေဆဲပင်။

သို့ရာတွင် ကျိုးကျီသည် တည်ငြိမ်သော အမူအယာကို ထိန်းသိမ်းထားနိုင်ဆဲဖြစ်ပြီး ဤသည်က ထိုလူထံတွင် အလွန်ခိုင်မာသော စိတ်ဆန္ဒရှိကြောင်း သက်သေပြနေသည်။ သူသည် အစစ်အမှန်အင်မော်တယ်နှင့် အတုအယောင်အင်မော်တယ်ကြားက ကွာဟချက်ကိုပင် လျစ်လျူရှုထားနိုင်ခဲ့သည်။

"စီနီယာအစ်ကို... ခင်ဗျားက ကျွန်တော့်အတွက် နေရာကောင်းတစ်ခုကို ချန်ထားခဲ့တာပဲ"

လုယွီသည် စိတ်လှုပ်ရှားစွာဖြင့် သက်ပြင်းချလိုက်သည်။

တာယွီအင်ပါယာမှ ထိန်းချုပ်ထားသော နယ်မြေများအနက် တောက်ပနေမင်းကြယ်မြစ်သည် အတည်ငြိမ်ဆုံးနှင့် အချမ်းသာဆုံး ဖြစ်ပြီး အရှေ့အောင်နိုင်ခြင်းကြယ်မြစ်သည်ပင် နှိုင်းယှဉ်၍ မရနိုင်ချေ။

Chapter 5233

သစ်ရွက်တစ်ရွက် ကြွေသည်ကို ကြည့်ရုံဖြင့် ဆောင်းဦးရောက်တော့မည်ကို သိရှိနိုင်သကဲ့သို့ပင် ဤှနေရာကိုကြည့်ရုံဖြင့် တောက်ပနေမင်းကြယ်မြစ်အရာရှိများ၏ စွမ်းဆောင်ရည်ကိုလည်း မြင်တွေ့နိုင်သည်။

လုယွီသည် အချိန်တခဏကြာမျှ စဉ်းစားလိုက်ပြီးနောက် ကျိရှာကျောင်းတော်ထဲသို့ လျှောက်လှမ်းဝင်ရောက်ခဲ့သည်။

ကျိရှာကျောင်းတော်၏အပြင်ဘက်တွင် တံခါးစောင့်တစ်ဦးတည်းသာ ရှိလေ၏။ သူသည် လမ်းပေါ်တွင် ထိုင်၍ နေပူဆာလှုံနေသော အဘိုးအိုတစ်ဦးနှင့် တူညီနေသည်။

သို့ရာတွင် ထိုတံခါးစောင့်၏ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော စွမ်းအားကြီးမားသည့် မှော်စွမ်းအင်အရှိန်အဝါကို လုယွီ ခံစားမိသည်။

ဤတံခါးစောင့်သည် အမှန်တကယ်ကိုပင် ရွှမ်အင်မော်တယ်တစ်ယောက် ဖြစ်နေခဲ့ပေ၏။

ထိုကဲ့သို့ ကျင့်ကြံဆင့်မျိုးသည် တော်ဝင်နန်းတွင်း၌ ရှိနေပါက နယ်စားအဖြစ် ဘွဲ့ထူးပေးအပ်ခံရနိုင်ပြီး အမတ်ကြီးရာထူးကိုပင် ရရှိနိုင်သည်။

သို့ရာတွင် ထိုကဲ့သို့ ထိပ်သီးကျင့်ကြံသူတစ်ဦးသည် ကျိရှာကျောင်းတော်၏အရှေ့တွင် ထိုင်၍ တံခါးစောင့်ပေးရန် ဆန္ဒရှိနေခြင်းက ဤကျောင်းတော်သည် မည်မျှထိ ဆွဲဆောင်မှုရှိကြောင်း မြင်တွေ့ရန် လုံလောက်သည်။

လီစစ် ပေးအပ်လိုက်သော အထောက်အထားတံဆိပ်ပြားကို ပြသပြီးနောက် လုယွီသည် ထိုနေရာကို လျင်မြန်စွာ ဖြတ်ကျော်သွားခဲ့သည်။

လုယွီသည် ရွှမ်ရှန့် နေထိုင်သည့်နေရာကို စုံစမ်းမေးမြန်းပြီးနောက် ထိုနေရာသို့ တန်းတန်းမတ်မတ် သွားရောက်ခဲ့သည်။

ရွှမ်ရှန့်၏နေအိမ်သည် ကျိရှာကျောင်းတော်၏ အနက်ရှိုင်းဆုံးနေရာရှိ လေထုအတွင်းတွင် ပျံဝဲနေသော ကျွန်းတစ်ကျွန်းပေါ်၌ တည်ရှိသည်။

ထိုမျောလွင့်ကျွန်းပေါ်တွင် ရိုးရှင်းပြီး တင့်တယ်သော ခြံဝန်းတစ်ခု ရှိနေပေ၏။ ခြံဝန်းအတွင်း၌ စိမ်းလန်းသော မိုးမခပင်နှစ်ပင်သည် လေပြည်နှင့်အတူ ယိမ်းနွဲ့နေကြကာ ရိုးရှင်းပြီး ဟန်ဆောင်မှု ကင်းမဲ့သည်။

အကယ်၍ မျက်မြင်ကိုယ်တွေ့ မမြင်ခဲ့ရပါက ကြီးမြတ်သော စာပေသူတော်စင်ကြီးသည် ဤမျှထိ ရိုးရှင်းပြီး ကြမ်းတမ်းသော ပတ်ဝန်းကျင်တွင် နေထိုင်လိမ့်မည်ဟု ပြင်ပလူများအနေဖြင့် တွေးကြည့်ရန် ခက်ခဲပေလိမ့်မည်။

ရှည်လျားသော လှေကားထစ်များသည် မျောလွင့်ကျွန်းထံသို့ တန်းတန်းမတ်မတ် ဦးတည်နေသည်။

ယခုအချိန်တွင် လှေကားထစ်များ၏အဝင်ဝ၌ ကျောင်းသား ငါးဆယ်ကျော်သည် စားပွဲခုံများနောက်တွင် ပလ္လင်ခွေထိုင်ပြီး တစ်စုံတစ်ခုကို ရေးသားနေကြသည်အား လုယွီ မြင်တွေ့လိုက်ရသည်။

သူတို့အနက်မှ အများစုထံတွင် စိုးရိမ်ပူပန်နေသော အမူအယာများရှိပြီး သူတို့၏နားရွက်များနှင့် ပါးများကို ကုတ်ခြစ်နေကြလေသည်။ ထို့ထက်ပို၍ဆိုးသည်မှာ အတွေးလွန်ခြင်းသည် သူတို့၏စိတ်ဝိညာဉ်များကို ထိခိုက်စေသောကြောင့် သူတို့၏မျက်နှာများ ခရမ်းရောင် သန်းနေကြခြင်းပင်

"မင်းလည်း စာမေးပွဲလာဖြေတာလား... ထိုင်ပါ"

စာပေပညာရှင်ကြီးတစ်ဦးက ထိပ်ဆုံးနေရာတွင် ထိုင်နေသည်။ သူသည် ကြင်နာသော မျက်နှာအမူအယာရှိပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှ စိုးရိမ်ပူပန်မှုကင်းမဲ့သော အငွေ့အသက်ကို ထုတ်လွှတ်ထားသည်။

လုယွီက ပြောဆိုသည်။

"ကျွန်တော် ဒီကို ပထမဆုံးအကြိမ် လာဖူးတာပါ... ဒီနေရာမှာ ဘယ်လိုစည်းမျဉ်းတွေ ရှိသလဲဆိုတာ မေးလို့ရမလား"

စာပေပညာရှင်ကြီးက လျစ်လျူရှုထားသော အမူအယာဖြင့် ပြောဆိုလိုက်၏။

"ရိုးရှင်းပါတယ်... စာရွက်ပေါ်က မေးခွန်းကို ဖြေပြီးရင် ဒီလူအိုကြီးကို ပေးကြည့်ပါ... ဒီလူအိုကြီးရဲ့ စိတ်နှလုံးသားနဲ့ ကိုက်ညီသရွေ့ မင်း ဝင်သွားလို့ ရတယ်"

"ဒီနေ့ အောင်မြင်စွာ ဝင်ရောက်သွားနိုင်သူ ငါးယောက် ရှိတယ်... ရွှမ်ရှန့်က သူတို့ကို လက်ရှိမှာ သင်ကြားပေးနေတယ်... နှစ်နာရီတောင် ရှိသွားပြီ... မင်း မြန်မြန်မလုပ်ရင် အဆုံးသတ်ကိုတောင် မကြားရတော့မှာကို ငါ စိုးရိမ်မိတယ်"

ရုတ်ချည်းဆိုသလိုပင် သူသည် လုယွီ၏ရှေ့တွင် စားပွဲတစ်လုံးကို ချပေးလိုက်ပြီး ထိုအရာ၏အပေါ်တွင် စာရွက်များ စုတ်တံများနှင့် မင်ရည်များ ရှိနေသည်။

လုယွီကသူ၏ရှေ့မှ နည်းလမ်းသည် အလွန်ဆန်းသစ်နေသည်ဟု ခံစားလိုက်ရသည်။

သာမန်လူများအတွက် သူတော်စင်တစ်ပါးကို တွေ့မြင်ရန်မှာ အလွန်ခက်ခဲသည်။ ဤသည်မှာ ထိုသူတော်စင်သည် မာန်မာနကြီးသောကြောင့် မဟုတ်ဘဲ စာပေသူတော်စင်အဆင့်သို့ ရောက်ရှိထားသောကြောင့်ပင်။ သူသည် ကောင်းကင်နှင့်မြေပြင်ကြားရှိ အနက်ရှိုင်းဆုံး ပြဿနာများကို အစဥ်အမြဲ တွေးတောနေရသဖြင့် အရေးမပါသော လူများအပေါ် အချိန်ဖြုန်းရန် ပိုလျှံသော စွမ်းအင်မရှိတော့ခြင်းဖြစ်သည်။

အတိတ်က တော်ဝင်မြို့တော်တွင် စာပေသူတော်စင်သည် သင်ခန်းစာသင်ကြားမည့်အချိန်တိုင်း ကြိုတင်၍အသိပေးလေ့ရှိသည်။ ထိုအချိန်တွင် တပည့်များသည် စုရုံးရောက်ရှိလာပြီး ဟောပြောပွဲကို တက်ရောက်ကြသည်။

သူတော်စင်တစ်ယောက်၏ စကားလုံးများသည် အမှန်တကယ်ကို တန်ဖိုးရှိပေ၏။

များသောအားဖြင့် စာပေသူတော်စင်၏စကားလုံး အနည်းငယ်မျှဖြင့် လူတစ်ဦး၏ ပြဿနာကို ဖြေရှင်းပေးနိုင်သည် သို့မဟုတ် လူအများကို အချိန်ကြာမြင့်စွာ ဒုက္ခပေးနေသော ပြဿနာကိုပင် ဖြေရှင်းပေးနိုင်သည်။

သို့ရာတွင် သူ၏ရှေ့ရှိ ရွှမ်ရှန့်၏ သင်ကြားမှုနည်းစနစ်မှာမူ အလွန်ကွဲပြားနေသည်။

သူသည် အများပြည်သူအား သင်ကြားပေးနေသော်လည်း ဝင်ပေါက်သတ်မှတ်ချက်တစ်ခုကို ပြင်ဆင်ထားခဲ့သည်။ ထိုသတ်မှတ်ချက်ကို ကျော်ဖြတ်နိုင်သူများသာ ဝင်ရောက်ခွင့် ရှိပေသည်။

လုယွီသည် အလွန်သိချင်စိတ်ပြင်းပြလာပြီး ချက်ချင်း ထိုင်လိုက်၏။

စာရွက်ဖြူပေါ်တွင် စာတစ်ကြောင်းတည်းသာ ပါရှိသည်။

"ကျင့်ဝတ်ထုံးတမ်းဟူသည်မှာ အဘယ်နည်း...."

စာတစ်ကြောင်းသာ ရှိသော်လည်း စာလုံးများသည် အားမာန်ပါပြီး အစွမ်းထက်သည်။ ထိုအရာများကို လက်ရေးလှပညာရှင်တစ်ဦးက ရေးသားထားကြောင်း သိသာထင်ရှားသည်။

လုယွီသည် နားရွက်များနှင့်ပါးများကို ကုတ်ခြစ်နေကြသော ကျောင်းသားများကို တဖန်ပြန်ကြည့်လိုက်ကာ နောက်ဆုံးတွင် သူ နားလည်သဘောပေါက်သွားခဲ့သည်။

ဤစာမေးပွဲ၏ အကြောင်းအရာသည် အလွန် စိတ်ကူးယဉ်ဆန်လွန်းပြီး မည်သို့ ရေးသားရမည်ကို သူ မသိချေ။

ကျင့်ဝတ်ထုံးတမ်းသည် ကွန်ဖြူးရှပ်ဂိုဏ်း ကျင့်ကြံသူများ၏ ရည်မှန်းချက်ပင်။ အလယ်ခေတ်ကာလ ကွန်ဖြူးရှပ်ဂိုဏ်း၏ ဂန္တဝင်ကျမ်းခြောက်စောင်အနက် တစ်ခုမှာ ကွန်ဖြူးရှပ်ဂိုဏ်း ကျင့်ကြံသူတိုင်း မသင်မနေရ သင်ခန်းစာတစ်ခုဖြစ်သည့် 'ကျင့်ဝတ်ထုံးတမ်း' ပင်။

Chapter 5234

သို့ရာတွင် ထိုအကြောင်းအရာသည် ကျယ်ပြန့်လွန်းသဖြင့် ရေးသားရန် ခက်ခဲစေသည်။

လုယွီသည် အရပ်မျက်နှာအဘက်ဘက်သို့ နားစွင့်လိုက်ရာ ကျောင်းတော်သားများ တီးတိုးပြောဆိုနေသည်ကို ကြားလိုက်ရသည်။ သူတို့သည် သုံးကြိမ်တိုင်တိုင် ကြိုးစားခဲ့ပြီးပြီ ဖြစ်သော်လည်း မည်သည့်အကြိမ်တွင်မျှ သူတို့၏ရှေ့မှ ကွန်ဖြူးရှပ်ပညာရှင်ကို စိတ်ကျေနပ်စေနိုင်ခြင်း မရှိခဲ့ချေ။

"ဒါကြောင့် အဲ့လို ဖြစ်နေတာကိုး... ဒီမေးခွန်းက တကယ်တော့ လူစစ်ထုတ်တဲ့ သက်ရောက်မှု ရှိတာပဲ... ရွှမ်ရှန့် အသိအမှတ်ပြုတဲ့လူတွေကိုသာ အတွင်းထဲကို ခေါ်ဆောင်သွားပြီး သူ့ရဲ့ဟောပြောချက်ကို နားထောင်ခွင့် ပေးတာပဲ..."

ရှင်းလင်းစွာ တွေးတောပြီးနောက် လုယွီသည် ဆက်လက်၍တွန့်ဆုတ်မနေတော့ဘဲ လျင်မြန်စွာ စတင်ရေးသားလိုက်သည်။

တခြားကျောင်းတော်သားများသည်လည်း လုယွီကို သတိထားမိသွားကြသည်။

သူတို့အားလုံးသည် ရေးသားနေသည်ကို ရပ်တန့်လိုက်ပြီး လုယွီကို ထိတ်လန့်တုန်လှုပ်စွာ ကြည့်လိုက်ကြ၏။

"သူက ဘယ်လိုလုပ်ပြီးတော့ ဒီလောက်ထိ မြန်မြန် ရေးနိုင်ရတာလဲ... သူ့ရဲ့စိတ်ထဲမှာ အကြံအစည်တစ်ခု ရှိနေလို့ ကြိုတင်ပြင်ဆင်လာတာများလား"

"ဒီလူက ကြည့်ရတာ နည်းနည်း စိမ်းနေတယ်... အရင်က ကျောင်းတော်မှာ ဒီလိုလူမျိုးကို မြင်ဖူးတယ်လို့ ငါ မထင်ဘူး"

လူများအားလုံး လုယွီ၏စုတ်တံ လျင်မြန်စွာ ရွေ့လျားနေသည်ကိုသာ မြင်လိုက်ရသည်။သူ၏စာရွက်ပေါ်တွင် လှပပြီး သေသပ်သော စာလုံးများဖြင့် ပြည့်နှက်နေလေပြီ။

သို့ရာတွင် အရေးကြီးဆုံးအရာမှာ လုယွီ၏ တွေးခေါ်မှုပင်။

သူသည် စဉ်းစားရန်ပင် မလိုအပ်သကဲ့သို့ ဖြစ်နေပြီး စာတစ်ကြောင်း ရေးပြီးသည်နှင့် ချက်ချင်းပင် နောက်တစ်ကြောင်းကို ဆက်လက်၍ရေးသားလေ၏။

"ဘယ်သူသိမှာလဲ... သူက အဓိပ္ပာယ်မရှိတာတွေ လျှောက်ရေးပြီးတော့ အခွင့်ကောင်းယူချင်နေတာ ဖြစ်မယ်...တကယ်လို့ အဲ့ဒီကိစ္စကို ရှာတွေ့သွားရင် အရည်အချင်းစစ်ဆေးမှု ကျရှုံးမှာဖြစ်ပြီး သူ့ရဲ့ဘဝတစ်သက်တာလုံး သူတော်စင်တစ်ပါးရဲ့ဟောပြောချက်ကို နားထောင်နိုင်တော့မှာ မဟုတ်ဘူး"

လူတစ်ဦးက လက်ပိုက်ပြီး လှောင်ပြောင်သရော်လိုက်သည်။

အပြင်ဘက်တွင် ကျန်ရစ်ခဲ့သော လူများသည် အကြိမ်ပေါင်းများစွာ ကြိုးစားခဲ့သော်လည်း ကျရှုံးခဲ့သူများပင်။

တံခါးစောင့်နေသော စာပေပညာရှင်ကြီးသည် ကြည့်ရသည်မှာ ဖော်ရွေပုံပေါက်သော်လည်း အလွန်အမင်းစည်းကမ်းတင်းကြပ်သူ ဖြစ်သည်။

အဓိပ္ပာယ်မရှိသော စာလုံးများကို ရဲရဲတင်းတင်း ရေးသားသူ မည်သူမဆို ပြင်းပြင်းထန်ထန် ဝေဖန်ခံရပေလိမ့်မည်။ အကယ်၍ ပို၍လေးနက်ပါက သူတို့သည် ကျိရှာကျောင်းတော်၏ သီးသန့်အကျဉ်းထောင်၌ပင် ပိတ်လှောင်ခြင်းခံရနိုင်သည်။

ပတ်ဝန်းကျင်ရှိ ကျောင်းတော်သားများသည် ပြပွဲကောင်းတစ်ခုကို ကြည့်ရှုရန် အသင့်ပြင်သည့်အနေဖြင့် ချက်ချင်းဝိုင်းအုံလာကြသည်။

အာရုံစိုက်နေသော လူတချို့သည် လုယွီ၏စာရွက်ပေါ်မှ စာလုံးများကို ကြည့်လိုသဖြင့် ကြိုးစားလိုက်ကြ၏။

သို့ရာတွင် သူတို့၏မျက်လုံးများကို တစ်စုံတစ်ခုက ထိုးစိုက်လိုက်သကဲ့သို့ ခံစားလိုက်ရပြီး သူတို့အားလုံး မျက်လုံးစုံမှိတ်လိုက်ရသည်။

ဤသည်မှာ လုယွီ ရေးသားလိုက်သော စာလုံးများထဲတွင် ပါဝင်နေသည့် သတ်ဖြတ်ခြင်းအငွေ့အသက်ကြောင့်ပင်။

သူ ရေးသားသော စကားလုံးများသည် သင့်လျော်မှန်ကန်ပေ၏။

စကားလုံးများကို အသုံးပြုပြီး တခြားသူများကို နာကျင်စေခြင်း....

ဤသည်မှာ ကွန်ဖြူးရှပ်တာအို၏ နည်းလမ်းပင်။

ကွန်ဖြူးရှပ်တာအို ကျင့်ကြံသူတချို့သည် ရန်သူနှင့်ရင်ဆိုင်ရချိန်တွင် စာရွက်နှင့်စုတ်တံကို အသုံးပြု၍ ရင်ဆိုင်လေ့ရှိသည်။ ထိုစာလုံးများအတွင်း၌ ပါဝင်သော စွမ်းအားသည် ပြိုင်ဘက်ကင်း ကျင့်ကြံသူတစ်ဦးကို သတ်ဖြတ်ရန် လုံလောက်ပေ၏။

အထူးသဖြင့် မဟာပြီးပြည့်စုံခြင်းအဆင့်သို့ ကျင့်ကြံထားသော ထိပ်သီးကျင့်ကြံသူများအတွက်ဖြစ်သည်။ ဥပမာအားဖြင့် ထန်အင်ပါယာ၏ အဆင့်မြင့်တာအိုသခင် ယန်ကျန်းချင်သည် လုယွီ ခဲယဉ်းစွာ ခုခံကာကွယ်ရသည်အထိ ဖိအားပေးရန်အတွက် စာလုံးအနည်းငယ် ရေးသားရန်သာ လိုအပ်ခဲ့သည်။

"လက်ရေးက မဆိုးဘူး... ဒါပေမဲ့ ငါ ကြည့်နေတာက မင်းရဲ့လက်ရေး ဘယ်လောက်ကောင်းလဲဆိုတာ မဟုတ်ဘူး"

တခြားကျောင်းတော်သားများသည် လုယွီ၏အနီးသို့ စုရုံးရောက်ရှိလာပြီး သူတို့၏မျက်နှာများပေါ်တွင် အေးစက်စက်အပြုံးများ ထင်ဟပ်သည်။ သူတို့သည် သူတို့၏စွမ်းအားများကို အသုံးပြု၍ သူတို့၏မျက်လုံးများကို အားဖြည့်ကာ ထိုစာရွက်ကို အတင်းအကြပ် ကြည့်ရှုကြသည်။

လုယွီ ရေးသားထားသော ဆောင်းပါးကို မြင်တွေ့ချိန်၌ သူတို့၏မျက်နှာအမူအယာများ ရုတ်တရက် ပြောင်းလဲသွားသည်။ ဤသည်မှာ သူတို့သည် သရဲတစ္ဆေတစ်ကောင်ကို မြင်တွေ့နေရသည့်အလားပင်။

ကွန်ဖြူးရှပ်ဂိုဏ်းကျောင်းတော်သားများအနက်မှ တစ်ဦး၏မျက်နှာ နီမြန်းသွားကာ သူသည် ဒေါသတကြီး အော်ဟစ်လိုက်၏။

"ရပ်လိုက်စမ်း... အဓိပ္ပာယ်မရှိတာတွေ လျှောက်မရေးနဲ့"

သူတို့သည် ရှေ့သို့တိုးပြီး သူ့ကို ဟန့်တားလိုကြသည်။ သို့ရာတွင် အံ့အားသင့်စရာကောင်းစွာပင် စင်မြင့်ပေါ်ရှိ မဟာကွန်ဖြူးရှပ်ပညာရှင်က သူ၏အင်္ကျီလက်ကို ခါယမ်းလိုက်ပြီး ထိုကျောင်းတော်သားတချို့ကို မီတာတစ်ရာအကွာသို့ မောင်းထုတ်လိုက်သည်။

"ဆူညံတဲ့သူတွေကို ကျောင်းထုတ်မယ်"

မဟာကွန်ဖြူးရှပ်ပညာရှင်က လျစ်လျူရှုထားသော အမူအယာဖြင့် ပြောလိုက်သည်။

ကျောင်းတော်သားများသည် ချက်ချင်းဆိုသလိုပင် ဆူညံသံများ မပြုလုပ်ရဲကြတော့ဘဲ မြေပြင်ပေါ်တွင် လိမ်လိမ်မာမာ ထိုင်လိုက်ကြ၏။

သို့သော် သူတို့ထံ၌ စာရေးသားရန် စိတ်အခြေအနေမျိုး မရှိကြတော့ချေ။ သူတို့အားလုံး တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ နတ်ဘုရားစိတ်အာရုံဖြင့် ဆက်သွယ်ပြောဆိုနေကြသည်။

လုယွီ ရေးသားလိုက်သော အရာသည် သူတို့၏ နားလည်နိုင်စွမ်းထက် ကျော်လွန်သွားခဲ့သည်မှာ သိသာထင်ရှားလှ၏။

အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းချိန်စာခန့် ကြာမြင့်ပြီးနောက် လုယွီက စာရေးသားခြင်းကို ရပ်တန့်လိုက်သည်။

စာရွက်ဖြူပေါ်တွင် စာလုံးရေတစ်ထောင်ခန့်ကို ရေးသားထားသည်။

အကြောင်းအရာကို ဦးစွာမကြည့်ဘဲ စာလုံးများကို ကြည့်ရုံဖြင့် လူအများကို ယစ်မူးသွားစေရန် လုံလောက်ပေ၏။

ဤစာလုံးများသည် သဘာဝကျပြီး သန်မာထက်မြက်ကာ ရေပြင်ညီနှင့်ဒေါင်လိုက် စုတ်ချက်များကြားတွင် ကောင်းကင်အထိ မြင့်မားသော ဓားစိတ်ဆန္ဒ ပါဝင်နေပုံရသည်။

Chapter 5235

"ကျွန်တော် ပြီးပြီ... ဘယ်လိုလဲ"

လုယွီက မတ်တတ်ထရပ်ပြီး ရိုးရှင်းစွာ မေးလိုက်သည်။

လုယွီ ရေးသားနေစဉ်တွင် မဟာကွန်ဖြူးရှပ်ပညာရှင်၏ နတ်ဘုရားစိတ်အာရုံသည် သူ၏စာရွက်ပေါ်တွင် ရှိနေသည်အား သူ သတိထားမိခဲ့သည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။

ဖြစ်နိုင်သည်မှာ မဟာကွန်ဖြူးရှပ်ပညာရှင်သည် လုယွီ ရေးသားခဲ့သမျှ အားလုံးကို မြင်တွေ့ပြီးဖြစ်ပေမည်။

တခြားလူများအားလုံးသည် ဤမြင်ကွင်းကို မြင်တွေ့ချိန်၌ စတင်၍လှောင်ပြောင်လိုက်ကြ၏။

တခြားလူများသည် သူတို့၏စာရွက်များကို လက်နှစ်ဖက်ဖြင့်ကိုင်ကာ ရိုသေလေးစားစွာ တင်ပြကြသည်။

သို့ရာတွင် ယခုချိန်၌ လုယွီသည် အမှန်တကယ်ကိုပင် မတ်တတ်ထရပ်လိုက်ပြီး ယဉ်ကျေးမှုလုံးဝမရှိဘဲ တဲ့တိုးမေးမြန်းလိုက်သည်။

မေးခွန်းမှာ "ကျင့်ဝတ်ထုံးတမ်းဟူသည် အဘယ်နည်း"ဟုပင်။ သို့ရာတွင် လုယွီ၏ လက်ရှိအပြုအမူကို ကြည့်လျှင် ဤသည်မှာ ကျင့်ဝတ်ထုံးတမ်းနှင့် လုံးဝမပတ်သက်ချေ။

သို့ရာတွင် ရုတ်တရက် အားပါးတရ ရယ်မောသံတစ်ခု ထွက်ပေါ်လာပြီး လူများအားလုံး၏အတွေးများကို ဖြတ်တောက်လိုက်သည်။

"ဟား ဟား ဟား ဟား.... ငါ စောင့်နေတာ တစ်ရက်နီးပါး ရှိတော့မယ်... နောက်ဆုံးတော့ ငါ့ရဲ့မျက်လုံးကို ဖမ်းစားနိုင်တဲ့ လူတစ်ယောက် ထွက်ပေါ်လာပြီပဲ"

စင်မြင့်ပေါ်တွင် ပလ္လင်ခွေထိုင်နေခဲ့သော မဟာကွန်ဖြူးရှပ်ပညာရှင်ကြီးသည် ရုတ်တရက် မတ်တတ်ထရပ်လိုက်ပြီး ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်သည်။

သူသည် လုယွီကို စိတ်ကျေနပ်အားရသော မျက်နှာအမူအယာဖြင့် ကြည့်လိုက်၏။

"မင်း အခု တက်သွားလို့ရပြီ"

"ဟုတ်ကဲ့"

လုယွီက ခေါင်းညိတ်ပြပြီး လှေကားထစ်များအတိုင်း လျှောက်လှမ်းသွားလိုက်သည်။

ရုတ်ချည်းဆိုသလိုပင် ကျောင်းတော်သားများအားလုံး နေရာမှာတင် အေးခဲတောင့်တင်းသွားကြသည်။ သူတို့အားလုံး ကြက်သေသေသွားပြီး မည်ကဲ့သို့ လုပ်ဆောင်ရမည်ကို မသိတော့ချေ။

သူတို့သည် ဤနေရာသို့ ရောက်ရှိနေသည်မှာ အချိန်မည်မျှထိ ကြာမြင့်နေပြီကြောင်း မသိတော့ချေ။ လူအမြောက်အများသည် ဆောင်းပါးများစွာ ရေးသားခဲ့ကြသော်လည်း အဆုံးသတ်တွင် သူတို့သည် ဤနေရာ၌သာ ရှိနေဆဲပင်။

လုယွီနှင့်ပတ်သက်၍မူ သူသည် ဆောင်းပါးတစ်ပုဒ်သာ ရေးသားခဲ့သော်လည်း အမှန်တကယ်ကို အောင်မြင်သွားပြီး အထဲသို့ ဝင်ရောက်သွားနိုင်ခဲ့သည်။

ဤသည်မှာ သူတို့ စဉ်းစား၍ မရနိုင်သော အရာတစ်ခုပင်။

"သူ ဘာတွေများ ရေးလိုက်တာလဲ"

လူအများသည် ငြိမ်ငြိမ်ထိုင်မနေနိုင်ကြတော့ချေ။ သူတို့အားလုံးသည် စားပွဲဆီသို့ လျှောက်လှမ်းသွားပြီး ထိုစာရွက်ကိုကြည့်ရှုရန် ဟန်ပြင်လိုက်ကြသည်။

သို့ရာတွင် သူတို့၏ရှေ့ရှိ စာရွက်ပေါ်မှ စာလုံးများကို မြင်လိုက်ရချိန်၌ သူတို့၏ မျက်နှာအမူအယာများ ချက်ချင်းပြောင်းလဲသွားသည်။ သူတို့၏မျက်လုံးများကိုပင် သူတို့ မယုံကြည်နိုင်ကြတော့ချေ။

ဤအချိန်အခိုက်အတန့်တွင် လေပြည်တစ်ချက် ရုတ်တရက် တိုက်ခတ်လာသည်။ စားပွဲပေါ်ရှိ စာရွက်သည် ထိုလေပြည်နှင့်အတူ အမှုန်အမွှားအဖြစ်သို့ ပြောင်းလဲသွားပေ၏။

လူများအားလုံးသည် ထိတ်လန့်တုန်လှုပ်သွားကြသည်။

"မင်းတို့ကို ပိုပြီး ကျင့်ကြံပါလို့ ငါပြောခဲ့တယ်... ဒါပေမဲ့ မင်းတို့က နားထောင်ဖို့ ငြင်းဆန်ခဲ့ကြတယ်... အခု ငါ့ရှေ့က ကြီးမြတ်တဲ့လူကို မြင်လိုက်ရတော့ ဘာတွေဖြစ်နေလဲဆိုတာတောင် မင်းတို့ မသိကြတော့ဘူး"

မဟာကွန်ဖြူးရှပ်ပညာရှင်ကြီး၏ အေးစက်စက် ဆူပူကြိမ်းမောင်းသံကို သူတို့အားလုံး ကြားလိုက်ရသည်။

ကျောင်းတော်သားတစ်ဦးက အံ့အားတသင့် ပြောဆိုသည်။

"ဒီစာရွက်ကို ကျောင်းတော်က ဝယ်ထားတယ်ဆိုတာ ကျွန်တော် မှတ်မိတယ်... ဘာလို့ အမှုန်အမွှားတွေအဖြစ် ပြောင်းသွားတာလဲ"

ဤစာရွက်သည် ကျန်းမိသားစု၏ ခရမ်းရွှေရောင်စာရွက်လောက် ကောင်းမွန်ခြင်းမရှိသော်လည်း အလွန်ခိုင်ခံ့ပြီး အဆင့်မြင့်သော စာရွက်တစ်ရွက် ဖြစ်နေဆဲပင်။ ကျိရှာကျောင်းတော်ကဲ့သို့ ထိပ်တန်းအင်အားစုများသာလျှင် ဤကဲ့သို့ စာရွက်မျိုးကို ပမာဏများများ အသုံးပြုနိုင်သော ဘဏ္ဍာရေးအရင်းအမြစ်များ ရှိကြသည်။

မဟာကွန်ဖြူးရှပ်ပညာရှင်က နှာခေါင်းရှုံ့ပြီး ပြောဆိုလိုက်၏။

"တွင်းအောင်းဖားလို ကောင်တွေ ...ခုဏက အဲ့ဒီလူငယ်လေး ရေးလိုက်တဲ့ ဆောင်းပါးကို စာရွက်က တောင့်မခံနိုင်တာကြောင့် အလိုအလျောက် ကြေမွှပျက်စီးသွားတာပဲ"

"သူက ကျင့်ဝတ်ထုံးတမ်းကို တကယ်ကြီး နားမလည်ဘူးလို့ မင်းတို့ ထင်နေကြတာလား... တကယ်လို့ သူသာ အဲ့ဒါကို ကိုင်ထားမယ်ဆိုရင် စာရွက်က အဲ့ဒီအချိန်မှာတင် အမှုန်အမွှားတွေအဖြစ် ပြောင်းလဲသွားနိုင်လောက်တယ်... မင်းတို့ကောင်တွေက မသိနားမလည်တဲ့အပြင် အရည်အချင်း မရှိကြဘူး... မင်းတို့က စာများများဖတ်ပြီး ဗဟုသုတကို ချဲ့ထွင်သင့်တယ်"

ဤဆူပူကြိမ်းမောင်းသံကို ကြားလိုက်ရချိန်၌ လက်ရှိနေရာတွင် ရှိနေသော ကျောင်းတော်သားများအားလုံး ကြက်သေသွားကြသည်။ သူတို့သည် မြေပြင်ပေါ်တွင် အမြစ်တွယ်နေသကဲ့သို့ မတ်တတ်ရပ်နေကြ၏။

ဤအချိန်အခိုက်အတန့်တွင် လုယွီသည် စာပေသူတော်စင်၏အိမ်တော်သို့ ရောက်ရှိနေလေပြီ။

သူ မြင်လိုက်ရသည်မှာ အလွန်ရိုးရှင်းသော လယ်တောခြံဝန်းတစ်ခု ဖြစ်သည်။ ဤသည်မှာ ရွှမ်ရှန့်၏နေအိမ်နှင့် အတိအကျ တူညီသော်လည်း အပြင်ဘက်တွင် စိုက်ပျိုးထားသော သီးနှံများ မရှိချေ။

ဤအချိန်အခိုက်အတန့်တွင် လယ်တောခြံဝန်းထဲ၌.....

ကျိရှာကျောင်းတော်၏ တပည့်ငါးဦးသည် ရွှမ်ရှန့်၏ဟောပြောမှုကို နားထောင်နေကြသည်။

သူတော်စင်၏အသံသည် သုံးရက်တိုင်တိုင် မရပ်မနား ပဲ့တင်ထပ်နေပေ၏။ အသံတိုင်းသည် ပတ်ဝန်းကျင်ရှိ ကောင်းကင်နှင့်မြေပြင်၏ ဥပဒေသများကို တုန်ခါသွားစေနိုင်ပုံရပြီး အလွန်နက်နဲသိမ်မွေ့သည်။

လုယွီသည် တံခါးအပြင်ဘက်တွင် မတ်တတ်ရပ်ပြီး တိတ်ဆိတ်ငြိမ်သက်စွာ နားထောင်နေခဲ့သည်။ မသိလိုက်ဘာသာဖြင့် သူသည် ထိုဟောပြောမှုအတွင်းတွင် နှစ်မြှုပ်နေလေပြီ။

အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းချိန်စာခန့် ကြာမြင့်ပြီးနောက် ရွှမ်ရှန့်၏အသံ ရုတ်တရက် ရပ်တန့်သွားသည်။ ထို့နောက် လူအိုကြီးတစ်ယောက်၏အသံ ထွက်ပေါ်လာပေ၏။

"ပြန်ပြီး သေချာ ကျင့်ကြံကြတော့... သွားကြတော့"

တပည့်ငါးဦးသည် မတ်တတ်ထရပ်ပြီး ဦးညွှတ်အရိုအသေပြုလိုက်ကြသည်။ သူတို့သည် ထွက်ခွာရန် ဟန်ပြင်လိုက်ချိန်တွင် တံခါးအပြင်ဘက်၌ မတ်တတ်ရပ်နေသော လုယွီကို ရုတ်တရက် မြင်တွေ့လိုက်ကြသည်။

"သူတော်စင်ရဲ့ ဟောပြောမှု ပြီးသွားပြီ... ဂျူနီယာညီလေး... မင်း ပြန်သင့်ပြီ"

တပည့်များအနက်မှ တစ်ဦးက လုယွီကို စာနာသနားသောအကြည့်ဖြင့် ကြည့်ပြီး ခေါင်းခါယမ်းလိုက်သည်။

All Chapters