← Chapters

အခန်း (၅၂၅၁-၅၂၅၅)

Vol. 266 Ch. 5251-5255

အခန်း (၅၂၅၁-၅၂၅၅)

Vol. 266 Ch. 5251-5255

Chapter 5251

ရှေးဟောင်းအင်မော်တယ်များသည် အင်မော်တယ်အရှိန်အဝါနှင့် တာအိုအရိုးများကို ပိုင်ဆိုင်ထားကြသည်။

ဤှသည်မှာ အခြေအမြစ်မရှိသော ဖော်ပြချက်မဟုတ်ဘဲ လူတစ်ယောက်၏ ရုပ်ပိုင်းဆိုင်ရာ အသွင်အပြင် အစစ်အမှန်ပြောင်းလဲသွားမှုပင်။

အထူးသဖြင့် ရွှမ်အင်မော်တယ်နယ်ပယ်သို့ ရောက်ရှိသောအခါ ကျင့်ကြံဆင့်တစ်ဆင့်စီသည် ကျော်ဖြတ်ရန် အလွန်ခက်ခဲသော သဘာဝ ချောက်ကမ်းပါးကြီးတစ်ခုအလားပင်။

ပုံမှန်အားဖြင့် ဤကျင့်ကြံမှုနယ်ပယ်ကို ဖြတ်ကျော်နိုင်ချိန်၌ ငါးတစ်ကောင်သည် နဂါးတံခါးကို ခုန်ကျော်သကဲ့သို့ ဖြစ်ပြီး မမျှော်လင့်ထားသော တိုးတက်မှုများကို ရရှိပေလိမ့်မည်။

"ဘုန်း"

ဤအချိန်တွင် လုယွီ၏မှော်စွမ်းအားများ လောင်ကျွမ်းလုနီးပါး ဖြစ်နေသည်။

သူ၏ခန္ဓာကိုယ်နံဘေးပတ်လည်တွင် ရွှေရောင်မီးတောက်များ ရစ်သိုင်းလွှမ်းခြုံထားသည့်အလားပင်။ ဤကဲ့သို့သော ထူးဆန်းသည့် သဘာဝလွန်ဖြစ်စဉ်သည် သူ၏မှော်စွမ်းအားများ ပုံမှန်ထက်ပို၍ ပြည့်နှက်နေချိန်မှသာ ထွက်ပေါ်လာနိုင်သည်။

သံသရာပန်း၏ တလိမ့်လိမ့်ထနေသော မှော်စွမ်းအားများကို အတင်းအကြပ်တောင့်ခံနိုင်ခြင်းမှာ လုယွီ၏ရုပ်ခန္ဓာကိုယ်သည် သိုင်းပညာအင်မော်တယ် ပြီးပြည့်စုံခြင်းအဆင့်၌ ရှိနေသောကြောင့်ပင်။ အကယ်၍ တခြားလူသာဆိုလျှင် ယခင်ကတည်းက ခန္ဓာကိုယ်ပေါက်ကွဲပြီး သေဆုံးသွားပေလိမ့်မည်။

ရွှေနဂါးကိုးကောင်သည် လုယွီ၏ခန္ဓာကိုယ် နံဘေးပတ်လည်တွင် ပျံဝဲနေပေ၏။ ဖီးနစ် ကျားဖြူနှင့် လိပ်နက် စသည့် မြင့်မြတ်သော နတ်ဘုရားသားရဲအမျိုးမျိုး၏ ပုံရိပ်ယောင်များလည်း တပြိုင်နက်တည်း ထွက်ပေါ်လာသည်။

ဤပုံရိပ်ယောင်များသည် ပျံ့လွင့်နေသော မှော်စွမ်းအားများဖြင့် ဖွဲ့စည်းထားခြင်းပင်။

"ခရက်...ခရက်..."

ကြီးမားကျယ်ပြန့်ပြီး အကန့်အသတ်မရှိသော မှော်စွမ်းအားသည် ပင်လယ်တစ်စင်းအလား လုယွီ၏ခန္ဓာကိုယ်ထဲသို့ စီးဝင်လာပြီးနောက် အက်ကွဲသံများ ရုတ်တရက် ထွက်ပေါ်လာသည်။

ဤသည်မှာ မဟာတာအို၏အတားအဆီး အက်ကွဲသွားခြင်းပင်။ သူသည် ကျင့်ကြံဆင့် နောက်တစ်ဆင့်သို့ တက်လှမ်းလိုလျှင် ဤအတားအတီးကို ဖြတ်ကျော်ရပေမည်။

သို့ရာတွင် ရုတ်တရက် လုယွီ၏ခန္ဓာကိုယ်မှ သွေးများ ယိုစီးကျလာသည်။

သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် ချက်ချင်းဆိုသလိုပင် သွေးများဖြင့် စိုရွှဲသွားပေ၏။ သူ၏ ရိုးရှင်းသော အဖြူရောင်အဝတ်အစားများသည် သွေးစွန်းသောဝတ်စုံအဖြစ်သို့ လုံးလုံးလျားလျား ပြောင်းလဲသွားသည်။

သူသည် သိုင်းပညာအင်မော်တယ်တစ်ယောက် ဖြစ်သဖြင့် သူ၏ရုပ်ခန္ဓာကိုယ်သည် ဖျက်ဆီး၍မရနိုင်ချေ။

သို့ရာတွင် ယခုချိန်၌ တလိမ့်လိမ့်ထနေသော မှော်စွမ်းအားများ၏ ဖျက်ဆီးမှုအောက်တွင် လုယွီသည် ဒဏ်ရာအပြင်းအထန် ရရှိနေဆဲပင်။

အကယ်၍ တစ်စုံတစ်ယောက်သည် ယခုအချိန်တွင် လုယွီ၏ခန္ဓာကိုယ်ကို နတ်ဘုရားစိတ်အာရုံဖြင့် ကြည့်ရှုပါက သူ၏ခန္ဓာကိုယ်သည် မီးပြင်းဖိုတစ်ခုအဖြစ် ပြောင်းလဲသွားသည်ကို မြင်တွေ့မိပြီး ထိတ်လန့်သွားပေလိမ့်မည်။

သူ၏ခန္ဓာကိုယ်တွင်းကလီစာများ ခြေလက်အင်္ဂါများနှင့် အရိုးများသည် ဤမီးပြင်းဖိုထဲတွင် သန့်စင်ခြင်းခံနေရပြီး အညစ်အကြေးများအားလုံးကို ဖယ်ရှားကာ ပြန်လည်မွေးဖွားရန် စောင့်ဆိုင်းနေသည်။

လုယွီ၏စိတ်ဝိညာဉ်ပင်လျှင် ဤမီးပြင်းဖိုထဲသို့ ပို့ဆောင်ခြင်းခံနေရပြီး ဆက်တိုက်သန့်စင်ခြင်းကို ခံယူနေရသည်။

ဤကဲ့သို့ နာကျင်မှုမျိုးသည် သာမန်လူများ စိတ်ကူးယဉ်တွေးတောနိုင်သည်ထက် များစွာပို၍ကျော်လွန်နေသည်။

လုယွီသည် ဤနာကျင်မှုထဲတွင် သူ့ကိုယ်သူ အဆက်မပြတ် သန့်စင်နေသော်လည်း မျက်မှောင်တစ်ချက် မကြုတ်ချေ။ သူသည် အဆင့်တက်ရန်အတွက် သူ၏အာရုံစိုက်မှုအားလုံးကို စူးစိုက်ထားပြီးဖြစ်သည်။

ထိုစိတ်ဝိညာဥ်စွမ်းအားများသည် လုယွီ၏မရီဒါန်းများနှင့် ရုပ်ခန္ဓာကိုယ်ကို သန့်စင်ပြီးနောက် သူ၏မှော်စွမ်းအားများကိုလည်း တိုးတက်လာစေသည်။

လုယွီ၏ရုပ်ခန္ဓာကိုယ်မှနေ၍ တောက်ပသော အလင်းတန်းများ ဖြာထွက်လာသည်။ သူသည် မိုးကောင်းကင်ရှိ တောက်ပသော နေမင်းကြီးကဲ့သို့ လေဟာနယ်အတွင်းတွင် မတ်တတ်ရပ်နေပြီး မိုးမြေဖျက်ဆီးနန်းတော်၏အမှောင်ထုကိုပင် ဖြိုခွင်းလိုက်၏။

အကယ်၍ တစ်စုံတစ်ယောက်မှ ဂရုတစိုက်ကြည့်ရှုပါက လုယွီ၏ခန္ဓာကိုယ်တစ်ခုလုံးရှိ မွှေးညှင်းပေါက်များမှ မရေမတွက်နိုင်သော ရှေးဟောင်းစာလုံးများ ထွက်ပေါ်နေသည်ကို တွေ့ရှိရပေလိမ့်မည်။

သေမျိုးလူသားခန္ဓာကိုယ်ကို သန့်စင်ပြီး လောကီအင်မော်တယ်တစ်ယောက် ဖြစ်လာကာ အင်မော်တယ်စိတ်ဝိညာဉ်ကို သန့်စင်ပြီး ရွှမ်အင်မော်တယ် ဖြစ်လာသည်။

ဤအချိန်တွင် လုယွီ၏ ရုပ်ခန္ဓာကိုယ်နှင့် မှော်စွမ်းအားနှစ်ခုလုံး၏ ကျင့်ကြံမှုသည် အတော်အသင့် မြင့်မားသော အဆင့်သို့ ရောက်ရှိနေလေပြီ။ သူ၏လက်ရှိ ရုပ်ပိုင်းဆိုင်ရာခွန်အားသည် သာမာန်သိုင်းပညာအင်မော်တယ်တစ်ယောက်ထက် ကျော်လွန်သွားလေပြီ။

ဤသည်မှာ သိုင်းအာဏာရှင်တစ်ယောက်၏ ရုပ်ခန္ဓာကိုယ်ပင်။

လွန်ခဲ့သော အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းချိန်စာအကြာက သူသည် သိုင်းအာဏာရှင်နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်နိုင်ခဲ့သည်။

သူ၏စွမ်းအားများအားလုံးသည် အလွန်အမင်းလျှင်မြန်စွာ တိုးတက်လာပေ၏။

"ဒါက သိုင်းအာဏာရှင်အဆင့် ရုပ်ခန္ဓာကိုယ်လား"

လုယွီ၏မျက်လုံးများ တောက်ပလာသည်။ သူသည် သူ၏ လက်ကောက်ဝတ်ကို အနည်းငယ် လှုပ်ခတ်လိုက်ရာ သူ၏ခန္ဓာကိုယ်မှနေ၍ ပြင်းထန်သော အားလှိုင်းတစ်ရပ် ထွက်ပေါ်လာသည်ကို ခံစားမိသည်။

သူသည် သူ၏ခွန်အား ပြောင်းလဲသွားမှုကို ပီပြင်ရှင်းလင်းစွာ ခံစားမိပေ၏။

အစစ်အမှန်နဂါးတစ်ကောင်၏ခွန်အားကို အတိုင်းအတာတစ်ခုအနေဖြင့် အသုံးပြုပါက သိုင်းပညာအင်မော်တယ်တစ်ယောက်၏ ခွန်အားသည် အစစ်အမှန်နဂါးသုံးထောင်ခန့် ရှိပေမည်။

သိုင်းအာဏာရှင်တစ်ယောက် ဖြစ်လာပြီးနောက် လုယွီ၏ခွန်အားသည် အစစ်အမှန်နဂါး ငါးထောင်ခွန်အားအထိ ရောက်ရှိသွားပြီဖြစ်ကာ ယခင်ထက် နှစ်ဆတိုးလာသည်။

သို့ရာတွင် လုယွီသည် ဤအရာကြောင့် စိတ်ကြီးဝင်သွားခြင်းမရှိချေ။ သူ ရွှမ်အင်မော်တယ်နယ်ပယ် နှောင်းပိုင်းအဆင့်သို့ ချိုးဖျက်ဝင်ရောက်သော လုပ်ငန်းစဉ်သည် မပြီးဆုံးသေးချေ။

Chapter 5252

သူသည် ရွှမ်အင်မော်တယ်နယ်ပယ် နှောင်းပိုင်းအဆင့်သို့ လုံးလုံးလျားလျား ချိုးဖျက်ဝင်ရောက်လိုလျှင် ပထမဦးစွာ သူ၏ရုပ်ခန္ဓာကိုယ်ကို သန့်စင်ရပေမည်။ ထို့နောက် သူသည် ကျင့်ကြံဆင့် နောက်တစ်ဆင့်သို့ ချိုးဖျက်ဝင်ရောက်ပြီး နောက်ဆုံးတွင် သူ၏မူလဝိညာဉ်ကို အားဖြည့်ရပေမည်။

ဤသည်မှာ လုံးလုံးလျားလျား ကွဲပြားခြားနားသော အဆင့်သုံးဆင့်ပင်။ ဤအဆင့်သုံးဆင့်ကို အပြည့်အဝ ကျော်ဖြတ်နိုင်မှသာ ရွှမ်အင်မော်တယ်နယ်ပယ် နှောင်းပိုင်းအဆင့်သို့ တရားဝင် ဝင်ရောက်သည်ဟု သတ်မှတ်နိုင်ပေမည်။

ရွှမ်အင်မော်တယ်နယ်ပယ် နှောင်းပိုင်းအဆင့်ကို "ကောင်းကင်အုပ်စိုးသူ အရှင်သခင်" ဟု ခေါ်ဆိုကြပြီး မိုးကောင်းကင်ယံက ရိုသေလေးစားသော ပုဂ္ဂိုလ်ဖြစ်ကာ ရွှေအင်မော်တယ်အောက်တစ်ဆင့်သာနိမ့်သည်ဟု ဆိုလိုသည်။

ဤအဆင့်တွင် ကျင့်ကြံသူတစ်ယောက်၏စွမ်းအားသည် မှော်စွမ်းအားအဆင့်နှင့် တိုင်းတာသည်ထက် ကျော်လွန်သွားပြီဖြစ်ပြီး ကောင်းကင်နှင့်မြေပြင်၏ မဟာတာအိုအပေါ် နားလည်သဘောပေါက်မှုနှင့် အဓိက သက်ဆိုင်သည်။

တာအိုသခင်အဆင့်ချင်း တူညီသည့်တိုင် တစ်စုံတစ်ယောက်သည် ဥပဒေသများကို ပို၍နားလည်သဘောပေါက်ပါက တခြားလူများထက် ပို၍အားကောင်းပေလိမ့်မည်။

"နောက်တစ်ဆင့်က ကျင့်ကြံဆင့်ချိုးဖျက်ဖို့ အချိန်ရောက်ပြီ"

လုယွီက သူ၏မျက်လုံးများကို စုံမှိတ်လိုက်ပြီး သူ၏စိတ်ကို ငြိမ်သက်စေကာ တိုးပွားလာသော စွမ်းအားများကို ဆက်လက်၍ လေ့လာဆင်ခြင်လိုက်၏။

ဤအချိန်တွင် သူ၏ခန္ဓာကိုယ်တစ်ကိုယ်လုံးသည် အထွတ်အထိပ် ရွှေရောင်အလင်းတန်းများအကြားတွင် နစ်မြုပ်နေသည့်အလားပင်။သူ၏နက်မှောင်သောဆံပင်များသည် နတ်ဘုရားတစ်ပါး မိုးကောင်းကင်ယံမှ ဆင်းသက်လာသည့်အလား လူးလွန့်နေသည်။

သို့ရာတွင် လုယွီသည် မှော်မန္တန်တချို့ကို ရွတ်ဆိုပြီးနောက် ပတ်ဝန်းကျင်တွင် အပြောင်းအလဲများ မရှိတော့ချေ။

"ကောလဟာလတွေအရ ကောင်းကင်အုပ်စိုးသူ အရှင်သခင်အဆင့်ကို ချိုးဖျက်ဝင်ရောက်တဲ့အချိန်ကျရင်...မိုးကောင်းကင်မှာ ကြိုးကြာဖြူတွေ ပျံသန်းတာ လိပ်နက်တွေ စကားပြောတာစတဲ့ ထူးဆန်းတဲ့ သဘာဝလွန်ဖြစ်စဉ်တွေ အများကြီး ရှိလိမ့်မယ်...အဲ့ဒီသဘာဝလွန်ဖြစ်စဉ်တွေအားလုံး စုပေါင်းပြီးတော့ နောက်ဆုံးမှာ ကောင်းကင်ဘုံတံခါးတစ်ခု ဖြစ်လာလိမ့်မယ်.. အဲ့ဒီ ကောင်းကင်ဘုံတံခါးကို ဖြတ်ကျော်ပြီးတာနဲ့ အစစ်အမှန်အင်မော်တယ်တစ်ယောက် ဖြစ်လာပြီးတော့ အရပ်မျက်နှာအနှံ့အပြားကို အုပ်စိုးနိုင်လိမ့်မယ်"

"ဒါပေမယ့် ငါက ကောင်းကင်ဘုံတံခါး ရှိနေတာကို ဘာလို့ အာရုံမခံနိုင်ရတာလဲ"

လုယွီက သူ၏လက်သီးကို တင်းတင်းကြပ်ကြပ်ဆုပ်လိုက်သည်။

သူသည် အရပ်မျက်နှာအနှံ့အပြားရှိ သိပ်သည်းကြွယ်ဝသော မှော်စွမ်းအားများကို အာရုံခံစားမိသည်။ သို့ရာတွင် သူ စိတ်ကူးယဥ်တွေးတောထားသကဲ့သို့ ပြောင်းလဲမှုများ ဖြစ်မလာချေ။

"ကျင့်ကြံဆင့်ချိုးဖျက်မယ့် လမ်းကြောင်းကို ပိတ်ဆို့ထားတာက ဘာများလဲ...."

လုယွီ၏မျက်လုံးထဲတွင် နားလည်သဘောပေါက်မှု အရိပ်အယောင်တစ်ရပ် ဖြတ်ပြေးသွားသည်။

သူသည် လေထုထဲသို့ ခုန်တက်ပြီး မိုးကောင်းကင်ယံသို့ ရောက်ရှိသွားသည်။ ဤအချိန်တွင် ပတ်ဝန်းကျင်ရှိ မိုးကြိုးများသည် တုန်ခါနေပြီး လျှပ်စီးမိုးကြိုးလှိုင်းများက သူ၏ ခန္ဓာကိုယ်ကို အဆက်မပြတ် ရိုက်ခတ်နေပေ၏။

သို့ရာတွင် ဤအချိန်အခိုက်အတန့်၌ ထိုလျှပ်စီးမိုးကြိုးလှိုင်းများသည် လုယွီအပေါ် ကြီးမားသော ထိခိုက်မှု မဖြစ်စေနိုင်ချေ။

ဧရာမ မိုးကြိုးသားရဲကြီးတစ်ကောင်သည် ပါးစပ်ကို ကျယ်လောင်စွာ ဖွင့်ပြီး လုယွီထံသို့ ခုန်ဝင်လာသော်လည်း သူ၏လက်သီးချက်ကြောင့် အစိတ်စိတ်အမွှာမွှာ ကြေမွှပျက်စီးသွားသည်။

ထို့နောက် ဒုတိယနှင့်တတိယ မိုးကြိုးသားရဲများ ပြေးဝင်လာကြသည်။ ထိုသားရဲများသည် စုဝေးလာကြပြီး ကြောက်မက်ဖွယ်ကောင်းသောစွမ်းအားလှိုင်းများကို ဖွဲ့စည်းကာ ဟိန်းဟောက်၍ လုယွီထံသို့ တိုးဝင်တိုက်ခိုက်ကြသည်။

ဤသည်မှာကောင်းကင်ဘုံကပ်ဘေးမိုးကြိုး၏ စွမ်းအားသည် အတိုင်းအတာတစ်ခုအထိ ရောက်ရှိပြီးနောက် အသွင်ပြောင်းလဲလာသော သားရဲများပင်။

ကောင်းကင်ဘုံကပ်ဘေးမိုးကြိုးတွင် ဉာဏ်ရည်ဉာဏ်သွေး ရှိပြီး ထိုအရာ၏ စွမ်းအားသည် လောကကြီးကို တုန်လှုပ်ချောက်ချားစေနိုင်သည်။ ထိုမိုးကြိုးသားရဲများထံမှ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ရပ် ထွက်ပေါ်လာပြီး လေဟာနယ်တစ်ခုလုံးကို တုန်ခါသွားစေသည်။

"ထွက်သွားစမ်း...."

လုယွီသည် သူ၏သတ်ဖြတ်လိုခြင်း စိတ်ဆန္ဒကို ထုတ်လွှတ်လိုက်ပြီး သူ၏စွမ်းအားဖြင့် အတင်းအကြပ် ရှေ့သို့တွန်းပို့လိုက်၏။

လုယွီကို ပိတ်ဆို့ဟန့်တားထားသော မိုးကြိုးသားရဲများအားလုံးသည် တစ်ကောင်ပြီးတစ်ကောင် အမှုန်အမွှားဖြစ်သွားပြီး မည်သည့်အရာမျှ မရှိတော့သော အခြေအနေသို့ ပြောင်းလဲသွားသည်။

ဤအချိန်တွင် လုယွီသည် ကောင်းကင်မိုးကြိုးထက် အဆရာထောင်ချီပြီး ပို၍ရက်စက်ကြမ်းတမ်းသော သားရဲတစ်ကောင်အလားပင်။

"ဝုန်း...."

အထက်မိုးကောင်းကင်တွင် ရောင်စုံအလင်းတန်းများ နေရာအနှံ့အပြား၌ ပျံသန်းနေသည်။ တောက်ပသော အလင်းတန်းများကြားမှနေ၍ မြင်းစီးထားသော မိုးကြိုးနတ်ဘုရားသုံးထောင် ထပ်မံ၍ ဆင်းသက်လာပေ၏။

သူတို့သည် ယခင်က ရက်စက်ကြမ်းတမ်းသော သားရဲများနှင့် မတူညီချေ။ သူတို့အနက်မှ တချို့သည် လူသားမျိုးနွယ်၏ကျင့်ကြံနည်းစနစ်များကိုပင် ကျွမ်းကျင်ကြပြီး လျှို့ဝှက်ဆန်းကြယ်သော မှော်မန္တန်များကို အသုံးပြုကြသည်

သူတို့သည် ရှေးဟောင်းဘာသာစကားကို ပြောဆိုကြပြီး ခွင့်ပြုချက်မရှိဘဲ မိုးကြိုးလှိုင်းများအကြားသို့ ကျူးကျော်ဝင်ရောက်လာသော လုယွီကို သတ်ဖြတ်လိုပေ၏။

"သတ်...သတ်...သတ်.."

လုယွီက ရုတ်တရက် ဒေါသတကြီး အော်ငေါက်လိုက်သည်။ သူသည် မှော်စွမ်းအားများကို အသုံးပြုပြီး မီတာသုံးသောင်းမြင့်သော ရွှေရောင်ခန္ဓာကိုယ်ကြီးအဖြစ် ပြောင်းလဲလိုက်သည်။ ထို့နောက် သူသည် လက်သီးတစ်ချက် ထိုးနှင်ပြီး သူ၏ရှေ့မှ မိုးကြိုးနတ်ဘုရားတစ်ပါးကို သတ်ဖြတ်လိုက်သည်။

သို့ရာတွင် ကြေမွှပျက်စီးသွားသော မိုးကြိုးသည် ပျောက်ကွယ်မသွားချေ။ ထိုအစား ကြက်သွေးရောင် မိုးကြိုးလျှပ်စီးတန်းအဖြစ် ပြောင်းလဲပြီး လုယွီ၏ခန္ဓာကိုယ်ကို ရိုက်ခတ်လိုက်၏။

ပြင်းထန်သော နာကျင်မှုတစ်ခုက သူ၏ ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့သွားသည်။

ဤအချိန်တွင် လုယွီသည် လုံးလုံးလျားလျား အလေးအနက်ထား၍ ရင်ဆိုင်လိုက်သည်။

မရေမတွက်နိုင်သော လျှပ်စီးမိုးကြိုးများသည် သက်ရှိသတ္တဝါများအဖြစ် ပြောင်းလဲကာ လုယွီထံသို့ တစ်ကောင်ပြီးတစ်ကောင် ခုန်အုပ်နေသဖြင့် အလွန်ထိတ်လန့်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခုပင်။

"ဒီ ကောင်းကင်ဘုံ မိုးကြိုးသားရဲတွေကို ငါ အကုန် မသတ်နိုင်ဘူး"

လုယွီသည် ကျရောက်လာတော့မည့် အန္တရာယ်ကို ကြည့်နေသော်လည်း သူ၏စိတ်သည် ထိုအရာအပေါ်၌ အာရုံစိုက်မနေချေ။ သူ၏ မျက်ခုံးနှစ်ခုကြားတွင် ကံကြမ္မာဟောကိန်းထုတ်သော မျဥ်းကြောင်းများ ဖြတ်ပြေးသွားပေ၏။

Chapter 5253

လုယွီသည် အပြောင်းအလဲကျမ်းစာကို အသုံးပြုပြီး သူ၏နတ်ဘုရားအာရုံကို ထုတ်လွှတ်လိုက်သည်။

အစွမ်းထက်သော နတ်ဘုရားစိတ်အာရုံသည် ပတ်ဝန်းကျင်နေရာတဝိုက်လုံးကို ချက်ချင်း လွှမ်းခြုံသွားသည်။ အချိန်တခဏအတွင်းမှာပင် လုယွီ၏မျက်လုံးအကြည့်သည် စကြဝဠာကို ဖောက်ထွင်းပြီး လူအများစုသည် တစ်ကြိမ်တစ်ခါမျှ မရောက်ဖူးသော နေရာတစ်ခုသို့ ရောက်ရှိသွားသည့်အလားပင်။

သို့ရာတွင် နည်းလမ်းများစွာကို အသုံးပြုပြီးသည့်တိုင် လုယွီ၏အမြင်အာရုံအတွင်း၌ အကန့်အသတ်မရှိသော လျှပ်စီးမိုးကြိုးများဖြင့် ပြည့်နှက်နေဆဲပင်။

"ကောင်းကင်ဘုံတံခါးက ဘယ်မှာလဲ..."

လုယွီ၏မျက်လုံးများသည် သွေးနီရောင်သို့ ပြောင်းလဲသွားပေ၏။

သူ ကောင်းကင်အုပ်စိုးသူ အရှင်သခင်နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်ရာ၌ အနှောင့်အယှက် မရှိသေးချေ။ ဤသည်မှာ သူသည် ကောင်းကင်ဘုံကို လှည့်စားသည့် လှည့်ကွက်တစ်ခုကို အသုံးပြုနေခြင်းပင်။ အစစ်အမှန်အင်မော်တယ်များ သောင်းနှင့်ချီပြီး ကျင့်ကြံ​ဆင့်ချိုးဖျက်မှုကို တပြိုင်နက်တည်း ပြုလုပ်ခဲ့ကြသဖြင့် ကောင်းကင်ဘုံနယ်မြေရှိ လူများကို စောင့်ကြည့်နေသော မူလဘူတသက်ရှိများကို လုံးလုံးလျားလျား လှည့်စားနိုင်ခဲ့ပေ၏။ ရလဒ်အနေဖြင့် ထိုသွေးနီရောင်မျက်လုံးသည် သူ့ကို ယခုအချိန်ထိ ရှာမတွေ့သေးချေ။

သို့ရာတွင် ဤအရာသည် ယာယီသာဖြစ်ကြောင်း လုယွီက သိရှိထားသည်။ သွေးနီရောင်မျက်လုံးသည် ကောင်းကင်ဘုံနယ်မြေရှိ အရာအားလုံးကို စောင့်ကြည့်နိုင်သဖြင့် သူ့ကို ရှာဖွေတွေ့ရှိရန် နည်းလမ်းတစ်ခု ရှိနေပေမည်။ လုယွီထံ၌ ဝှက်ဖဲများ အမြောက်အများ မကျန်တော့ချေ။ ယခုချိန်၌ သူ ရရှိထားသော အခွင့်အရေးသည် အချိန်ခဏတာမျှသာ ဖြစ်သည်။ ရှေးဟောင်းခေတ်မှ မူလဘူတသက်ရှိများကို လှည့်စားရန် တူညီသော နည်းလမ်းကို အသုံးပြုလိုခြင်းသည် စိတ်ကူးယဉ်သက်သက်သာဖြစ်ကြောင်း သိသာထင်ရှားပေ၏။

"ငါ့ရဲ့သက်တမ်း နှစ်သုံးရာကို လောင်ကျွမ်းစေပြီး​တော့ ကောင်းကင်ဘုံတံခါး တည်နေရာကို တွက်ချက်စမ်း...."

လုယွီသည် စိတ်ပိုင်းဖြတ်ထားပြီးလေပြီ။ အကယ်၍ ယနေ့တွင် သူသည် ကောင်းကင်ဘုံတံခါးကို မတွေ့ပါက ရွှမ်အင်မော်တယ်နယ်ပယ် နှောင်းပိုင်းအဆင့်သို့ ချိုးဖျက်ဝင်ရောက်ရန် မဖြစ်နိုင်တော့ချေ။

မူလဘူတသက်ရှိများသည် ဤနေရာရောက်ရှိလာမည်မှာ အနှေးနှင့်အမြန်ပင်။ သူသည် သူတို့ကို သူ၏အထွတ်အထိပ် အခြေအနေဖြင့် ရင်ဆိုင်ရပေမည်။ ထိုသို့မဟုတ်ပါက သူ ကျင့်ကြံဆင့်ချိုးဖျက်နေစဉ် မူလဘူတသက်ရှိများနှင့် တိုက်ခိုက်ရလျှင် သူ ဆိုးဆိုးရွားရွား ရှုံးနိမ့်သွားပေလိမ့်မည်။

သူသည် အပြောင်းအလဲကျမ်းစာ၏စွမ်းအားကို အကန့်အသတ်အထိရောက်အောင် တွန်းပို့လိုက်၏။

မရေမတွက်နိုင်သော ကံကြမ္မာဟောကိန်းတွက်ချက်မှု မျဥ်းကြောင်းများသည် လောကကြီး၏အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသည်။ တစ်ချိန်တည်းမှာပင် လုယွီသည် မရေမတွက်နိုင်သော သက်ရှိများ၏ကံကြမ္မာကို ဖမ်းဆုပ်မိသည်။

အိုမင်းမှု နာကျင်မှု ကြွယ်ဝမှုနှင့် ဆင်းရဲမွဲတေမှု....

ဤအချိန်တွင် မရေမတွက်နိုင်သော လူများ၏ ကံကြမ္မာများသည် လုယွီ၏လက်ထဲတွင် ရှိနေသည့်အလားပင်။

သို့ရာတွင် ဤအရာများအားလုံးသည် လုယွီ လိုချင်သော အရာများ မဟုတ်ချေ။ သူ၏နတ်ဘုရားစိတ်အာရုံသည် ဆက်လက်၍ပျံ့နှံ့နေပြီး အပြောင်းအလဲကျမ်းစာ၏စွမ်းအား စတင်၍ အသက်ဝင်လာသည်။

လုယွီ၏မျက်လုံးထဲတွင် ထူထပ်သိပ်သည်းသော ကံကြမ္မာကြိုးမျှင်များ၏အဆုံးသတ်များသည် ကောင်းကင်ဘုံတံခါးနှင့် ချိတ်ဆက်နေပေ၏။

သို့ရာတွင် ဤသည်မှာ ဝင်္ကပါတစ်ခုအလား ဖြစ်နေသည်။ သူသည် ဝင်ပေါက်ကိုသာ သိသော်လည်း အဆုံးသတ်ကို ရှာမတွေ့ချေ။

"မလုံလောက်သေးဘူး....ဒါက မလုံလောက်သေးဘူး"

လုယွီ၏မျက်လုံးများသည် လုံးလုံးလျားလျား နီမြန်းနေပြီး သူ၏အသက်စွမ်းအားကို လောင်ကျွမ်းနေကာ ရူးသွပ်နေသော နတ်ဆိုးတစ်ကောင်အလားပင်။

နှစ်လေးရာ.... နှစ်ငါးရာ...နှစ်ခြောက်ရာ....

ဤှသည်မှာ သဲနာရီတစ်လုံးကို ဖွင့်ချလိုက်သည့်အလား အကန့်အသက်မဲ့သော သက်တမ်းများသည် အရူးအမူး စီးဆင်းသွားပေ၏။

တစ်ချိန်တည်းမှာပင် လုယွီ၏အပြည့်အဝ ထိန်းချုပ်မှုအောက်၌ အပြောင်းအလဲကျမ်းစာ၏စွမ်းအား အထွတ်အထိပ်သို့ ရောက်ရှိသွားသည်။

လောကကြီးတွင် တာအိုသဘောတရားများ၌ အစွမ်းထက်ဆုံးမှာ နံပါတ်တစ် အသက် နံပါတ်နှစ် ကံကြမ္မာ နံပါတ်သုံး ဖုန်းရွှေ နံပါတ်လေး ကုသိုလ်ကောင်းမှု နံပါတ်ငါး ကွန်ဖြူးရှပ်ဟူ၍ အစဥ်လိုက်တည်ရှိသည်။

နံပါတ်နှစ်နေရာရှိ ကံကြမ္မာသည် လောကကြီးတွင် အထူးဆန်းဆုံးအရာပင်။ ကံကြမ္မာကို ဆုပ်ကိုင်ထားနိုင်သော မည်သူမဆို ဤလောကရှိ အစွမ်းထက်ဆုံး ဥပဒေသများကို ဆုပ်ကိုင်နိုင်ပေလိမ့်မည်။ ထို့ကြောင့် ဤလောကတွင် ကံကြမ္မာကို ထိန်းချုပ်သူများ အားလုံးသည် သမိုင်းတွင် ဂုဏ်သတင်းကြီးမားစွာ ချန်ထားရစ်ခဲ့သော ပုဂ္ဂိုလ်ကြီးများ ဖြစ်ကြသည်။

သို့သော် လောကကြီးအတွင်း၌ စည်းမျဉ်းများကို ကြိုတင်သတ်မှတ်ထားပြီး ဖြစ်သည်။ ကံကြမ္မာကို ဆုပ်ကိုင်လိုလျှင် သက်ဆိုင်ရာ တန်ဖိုးကို ပေးဆပ်ရပေမည်။

လုယွီသည် အပြောင်းအလဲကျမ်းစာ၏ စွမ်းအားကို အသုံးပြုပြီး ကောင်းကင်ဘုံတံခါးကို ရှာဖွေလိုသည်။ သူသည် ဖြစ်နိုင်ခြေမရှိဟု သတ်မှတ်ထားသော အရာတစ်ခုကို လုပ်ဆောင်ရပေမည်။ သူ၏သက်တမ်း အမြောက်အများကုန်ဆုံးသွားပြီ ဖြစ်ရာ အကယ်၍ နှောင်းပိုင်းမျိုးဆက်မှ အတုအယောင်အင်မော်တယ် တစ်ယောက်သာဆိုလျှင် သူ၏သက်တမ်းများ ကုန်ဆုံးသွားပြီး ဖြစ်ပေမည်။ သူ၏ရုပ်ခန္ဓာကိုယ်နှင့်တာအိုသည်လည်း ပျောက်ကွယ်သွားလောက်လေပြီ။

လုယွီအတွက်မူ သူသည် သက်တမ်းနှစ်တစ်သောင်း ရှိသော အစစ်အမှန်အင်မော်တယ် ဖြစ်ပြီး သူ၏သက်တမ်းသည် အတုအယောင်အင်မော်တယ်တစ်ယောက်ထက် များစွာပို၍ရှည်လျားသည်။

ထိုသို့ဖြစ်နေသည့်တိုင် လုယွီ၏အာရုံခံစားမှုထဲ၌ သူ့ရှေ့မှ ကံကြမ္မာလမ်းကြောင်းတွင် ထူထပ်သိပ်သည်းသော မြူခိုးများ လွှမ်းခြုံနေဆဲပင်။ သူသည် ဝိုးတဝါးခံစားနေရပြီး ကောင်းကင်ဘုံတံခါးကို ရှာမတွေ့သေးချေ။

"ထွက်ပေါ်လာစမ်း...."

လုယွီ၏မျက်လုံးများမှ သွေးစီးကြောင်းနှစ်ကြောင်း ယိုစီးကျလာသည်။ သူ၏ ဆံပင်နက်များသည် အချိန်တခဏအတွင်းတွင် ဖြူဖျော့သွားပေ၏။ သူ၏ ဆံပင်ဖြူများသည် လေပြေနှင့်အတူ ပျံလွင့်နေပြီး ဘဝ၏ အဆုံးသတ်သို့ ရောက်နေသော သူရဲကောင်းတစ်ဦး၏ အထီးကျန်ဆန်သော ခံစားမှုကို ဖော်ပြနေသည့်အလားပင်။ သက်တမ်းနှစ်တစ်ထောင်သည် မျက်စိတစ်မှိတ် အတွင်း ပျောက်ကွယ်သွားတော့သည်။

ဤအချိန်တွင် ဝေးကွာသော မိုးကုပ်စက်ဝိုင်း၌ ရောင်စုံအလင်းတန်းများ ရုတ်တရက် ထွက်ပေါ်လာသည်။ အင်မော်တယ်ကြိုးကြာများသည် တညီတညွတ်တည်း ပျံသန်းနေပြီး မျောက်ဝံများက မက်မွန်သီးများကို ခူး​ဆွတ်နေကြ၏။ ထိုထူးဆန်းသော သဘာဝလွန်ပုံရိပ်များကြားတွင် ကြီးမားသော ကောင်းကင်ဘုံတံခါး တစ်ချပ်က နောက်ဆုံးတွင် ထွက်ပေါ်လာခဲ့သည်။

Chapter 5254

ကြီးမားသော ကောင်းကင်ဘုံတံခါးသည် ရှေးကျပြီး ဟောင်းနွမ်းနေပေ၏။ ထိုအရာအပေါ်တွင် နဂါးများ ချီလင်များနှင့် လိပ်နက်များ၏ ပုံသဏ္ဍာန်များကို ထွင်းထုထားသည်။ ထို့ပြင် ထူးခြားဆန်းကြယ်သော ရှေးဟောင်းစာလုံးတချို့ကိုလည်း ရေးထွင်းထားပေ၏။

ကောင်းကင်ဘုံတံခါး၏နံဘေးပတ်လည်တွင် ရစ်သိုင်းလွှမ်းခြုံနေသော ထူးဆန်းသည့် သဘာဝလွန်ဖြစ်စဉ်များသည် ရှေးဟောင်းတာအိုကျမ်းစာများတွင် မှတ်တမ်းတင်ထားသည့်အတိုင်း အတိအကျပင်။

လုယွီ၏မျက်နှာသည် အနည်းငယ် ဖြူဖျော့နေပေ၏။ သူသည် သက်တမ်းနှစ်တစ်ထောင်ကျော်ကို သုံးစွဲခဲ့ရသဖြင့် အစစ်အမှန်အင်မော်တယ်တစ်ယောက် ဖြစ်သည့်တိုင် သူ၏အသက်စွမ်းအား များစွာထိခိုက်သွားခဲ့သည်။

ရှေးဟောင်းခေတ်မှ ယခုအချိန်အထိ မည်သူမျှ ဤရှေးဟောင်းကောင်းကင်ဘုံတံခါးကို ဆင့်ခေါ်နိုင်ခြင်းမရှိခဲ့ကြချေ။

"ဘာလို့ ဒီလို ဖြစ်သွားခဲ့တာလဲ...."

လုယွီက ရုတ်တရက် အသက်ပြင်းပြင်း ရှိုက်လိုက်သည်။ ပထမဆုံးအကြိမ်အဖြစ် မျှော်လင့်ချက်မဲ့မှု အရိပ်အယောင်တစ်ရပ်က သူ၏မျက်လုံးထဲတွင် ဖြတ်ပြေးသွားပေ၏။

ကောင်းကင်ဘုံတံခါးကို တုတ်ခိုင်သော သံကြိုးများဖြင့် တင်းကျပ်စွာ ချိတ်ပိတ်ထားသည်။

ထို့ပြင် ကောင်းကင်ဘုံတံခါးပေါ်တွင် သွေးနီရောင် ရှေးဟောင်းစာလုံး ရာပေါင်းများစွာကို ထူထပ်သိပ်သည်းစွာ ရေးသားထားသည်။ ဤသည်မှာ အလွန်ထိတ်လန့်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခုပင်။

ကောင်းကင်ဘုံတံခါး၏ရှေ့တွင် အထိမ်းအမှတ်ကျောက်တိုင်တစ်ခုကို စိုက်ထူထားသည်။

ထိုအရာအပေါ်တွင် အနက်ရောင်သွေးများဖြင့် စာလုံးတချို့ကို ရေးသားထားပေ၏။

ကောင်းကင်ဘုံပြစ်ဒဏ်...လောကရှိ သက်ရှိအားလုံးကို ချုပ်နှောင်ခြင်း....

ထိုစာလုံးများကို လုယွီ မြင်တွေ့ချိန်၌ ရူးသွပ်သော ဟိန်းဟောက်သံတစ်သံက သူ၏နားထဲတွင် ပဲ့တင်ထပ်သွားသည်။ ထိုအသံတွင် ရူးသွပ်မှု ရန်လိုမှုများဖြင့် ပြည့်နှက်နေသည်။

ထို့နောက် အစွမ်းထက်သော စိတ်ဆန္ဒတစ်ခုသည် အထိမ်းအမှတ်ကျောက်တိုင်မှ ပွင့်အံ့ထွက်လာပြီး လုယွီ၏ခန္ဓာကိုယ်ကို ရိုက်ခတ်လိုက်၏။

သိုင်းအာဏာရှင်ရုပ်ခန္ဓာကိုယ်ကို သန့်စင်ပြီးဖြစ်သော လုယွီသည် မိုင်ပေါင်းများစွာအကွာသို့ လွင့်ထွက်သွားကာ သူ၏ပါးစပ်ထောင့်မှ သွေးစအချို့ ယိုစီးကျလာသည်။

"မူလဘူတသက်ရှိတွေ.... ဒီအထိမ်းအမှတ်ကျောက်တိုင်ကို ဒီနေရာမှာ ထားခဲ့တာက သူတို့ပဲ"

လုယွီ၏အသက်ရှူသံ တဖြည်းဖြည်း မြန်ဆန်လာသည်။ သူ၏ရှေ့မှ မြင်ကွင်းသည် သူ၏ မျှော်မှန်းချက်ထက် များစွာပို၍ ကျော်လွန်နေသည်။

ကောင်းကင်ဘုံအလွန်မှ ရောက်ရှိလာသော ထိုမူလဘူတသက်ရှိများသည် အစစ်အမှန်အင်မော်တယ်တစ်ယောက်၏ အမွေအနှစ်ကို ဖျက်ဆီးခဲ့ပြီး အစစ်အမှန်အင်မော်တယ်များ ဖြစ်လာနိုင်သည့် နောက်ဆုံးလမ်းကြောင်းကို လုံးလုံးလျားလျား ပိတ်ဆို့ခဲ့သည်။

ကောင်းကင်ဘုံတံခါးကို မဖွင့်နိုင်ပါက အစစ်အမှန်အင်မော်တယ်တစ်ယောက် ဖြစ်လာရန် နည်းလမ်း မရှိချေ။

ထိုအရာသည် ကောင်းကင်ဘုံနယ်မြေရှိ သက်ရှိများအားလုံး၏လည်ပင်းကို ပြင်းထန်စွာ ဆွဲညှစ်ထားသော သံကြိုးတစ်ချောင်းအလားပင်။

အထိမ်းအမှတ်ကျောက်တိုင်ပေါ်ရှိ စာလုံးများသည် ထိတ်လန့်ဖွယ် ကောင်းပေ၏။

ဤသည်မှာ အစစ်အမှန်အင်မော်တယ်များ၏ လမ်းကြောင်းကို လုံးလုံးလျားလျား ဖြတ်တောက်လိုက်ခြင်းပင်။

လုယွီသည် မူလဘူတသက်ရှိကို အမှန်တကယ် လှည့်စားထားနိုင်ခဲ့သော်လည်း သူသည် တံခါးရှေ့တွင် ပိတ်မိနေပြီး ဝင်ရောက်နိုင်ခြင်း မရှိပေ။

"ရှေ့က လမ်းကြောင်း ပိတ်နေရင်တောင် ဘာဖြစ်လဲ.... ငါက ဒီလမ်းကို လျှောက်ကို လျှောက်ရမယ်"

လုယွီက ရုတ်တရက် ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး သူ၏သွေးချီများ အကန့်အသတ်အထိရောက်အောင် မြင့်တက်လာသည်။

သူထံမှ ကြီးမားသော သွေးချီစွမ်းအားများ ရုတ်တရက် ပွင့်အံ့ထွက်လာပြီး အခိုးအငွေ့များအဖြစ်သို့ ပြောင်းလဲသွားသည်။ တစ်ချိန်တည်းမှာပင် ကြီးမားသော အင်မော်တယ်ချီစွမ်းအားများသည် လုယွီ၏ခန္ဓာကိုယ်ကို ရစ်သိုင်းလွှမ်းခြုံ​ထားပေ၏။

လုယွီက သူ၏လက်သီးကို တင်းတင်းကြပ်ကြပ်ဆုပ်လိုက်ရာ ရှေးဟောင်း အစစ်အမှန်နဂါးငါးထောင်၏ခွန်အားများ ပွင့်အံ့ထွက်လာသည်။ ဤသည်ကြောင့် လေဟာနယ်ကို တစ်လက်မစီ အက်ကွဲသွားစေကာ ​လေဟာနယ်တွင်းနက်များကို ဖြစ်ပေါ်လာစေသည်။

"ဝုန်း....ဝုန်း....ဝုန်း..."

လုယွီသည် ခွန်အားကုန်အသုံးပြု၍ လက်သီးချက်များကို ထိုးနှက်လိုက်၏။ သူ၏လက်သီးတစ်ချက်တိုင်းတွင် လောကကြီးကို ဖျက်ဆီးနိုင်သော စွမ်းအားများ ပါဝင်နေသည်။

သို့သော် အထိမ်းအမှတ်ကျောက်တိုင်ပေါ်ရှိ သွေးနီရောင်စာလုံးများသည် ကြီးကျယ်ခမ်းနားပြီး တည်ကြည်လေးနက်နေကာ ဖီဆန်၍မရသော စိတ်ဆန္ဒတစ်ရပ်ကို သယ်ဆောင်ထားသည်။

ကောင်းကင်ဘုံပြစ်ဒဏ်.... ဤသည်မှာ လောကကြီးအတွင်း၌ရှိ သော သက်ရှိများအားလုံးကို ချုပ်နှောင်ထားရန်အတွက်ပင်။

ဤစာလုံးအနည်းငယ်သည် ထက်ရှသော ဓားသွားများကဲ့အလား လုယွီ၏လက်သီးချက်များအားလုံးကို ခံယူလိုက်သည်။ ထို့ပြင် ထိုအရာများသည် လုယွီ၏ခန္ဓာကိုယ်ကို ဖြတ်ကျော်သွားသော အလွန်အစွမ်းထက်သည့် စွမ်းအားတစ်ရပ်ကိုပင် ထုတ်လွှတ်လိုက်၏။

လုယွီ၏ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာတချို့ ထွက်ပေါ်လာကာ ရွှေရောင်သွေးများ ယိုစီးကျလာသည်။ ဤသည်မှာ လူသားဧကရာဇ်၏ အစစ်အမှန်သွေးစက်ပင်။ ထိုအရာသည် အလွန် တန်ဖိုးရှိသော်လည်း ဤအချိန်အခိုက်အတန့်တွင် လုယွီ၏ဒဏ်ရာများနှင့်အတူ ဖိတ်စင်ကျလာသည်။

"နှစ်ပေါင်းတစ်သောင်း ကြာပြီးတဲ့နောက်မှာ လူသားဧကရာဇ်သွေးရဲ့ စွမ်းအားတောင် အားနည်းသွားပြီ.... မင်းတို့အားလုံးက ကောင်းကင်ကြီးလို အသက်ရှည်နိုင်မယ်လို့ ငါ မယုံဘူး"

လုယွီက ဒေါသတကြီး အော်ငေါက်လိုက်သည်။ သူ၏ ခန္ဓာကိုယ်သည် တောက်လောင်နေသော နေမင်းကြီးကဲ့သို့ ဖြစ်နေပြီး သူ၏ တလိမ့်လိမ့်ထနေသော မှော်စွမ်းအားများသည် လုံးလုံးလျားလျား လောင်ကျွမ်းနေပေ၏။ ဤသည်မှာ သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို ကြီးမားသောမီးတောက်များဖြင့် ဝန်းရံထားသည့်အလားပင်။ သူသည် သွေးချီစွမ်းအားများနှင့် မှော်စွမ်းအားများကို အကုန်အစင် ထုတ်လွှတ်လိုက်ပြီး ကောင်းကင်နှင့်မြေပြင်ကို ဖျက်ဆီးနိုင်သော အရှိန်အဝါတစ်ရပ် ထွက်ပေါ်လာသည်။

"ဝေါင်း...."

နဂါးဟိန်းသံတစ်သံသည် ကောင်းကင်နှင့်မြေပြင်ကို တုန်ခါသွားစေသည်။ ပေကိုးထောင်ခန့်ရှည်လျားသော ရွှေနဂါးများသည် လုယွီ၏ နောက်တွင် ထွက်ပေါ်လာပေ၏။ သူတို့၏ အကြေးခွံများသည် တလက်လက် တောက်ပနေပြီး ထောင်ပေါင်းများစွာသော ရွှေရောင်အလင်းတန်းများသည် မိုးကောင်းကင်ယံကို လင်းထိန်သွားစေသည်။

ဤသည်မှာ ဧကရာဇ်နဂါး အသွင်ပြောင်းလဲခြင်း နည်းစနစ်ပင်။

Chapter 5255

ဤှသည်မှာ ဝူဧကရာဇ် စွန်းကျန်းမု၏ ရှေးဟောင်းသိုင်းပညာနည်းစနစ် ဖြစ်သည်။

လုယွီသည် အထီးကျန်လူရိုင်းကမ္ဘာတွင် ထိုအရာကို ရရှိခဲ့ပြီးနောက် ချက်ချင်းဆိုသလိုပင် လေ့ကျင့်ရန် အာရုံစိုက်ခဲ့သည်။ နောက်ဆုံးတွင် သူသည် ဤပြိုင်ဘက်ကင်း သိုင်းပညာနည်းစနစ်ကို သင်ယူနိုင်ခဲ့သည်။

ဧကရာဇ်မှ နဂါးအသွင် ပြောင်းလဲချိန်တွင် သူ၏ ခန္ဓာကိုယ်ထဲရှိ မှော်စွမ်းအားများအားလုံးကို ရွှေနဂါးများအဖြစ် စုစည်းလိုက်သည်။ အချိန်ကျလာချိန်၌ သူသည် လျှို့ဝှက်နည်းစနစ်နှင့် တူညီသော စွမ်းအားအကုန်အစင်ကို ထုတ်လွှတ်နိုင်ပေလိမ့်မည်။

ရွှေနဂါးသည် စွမ်းအားအကုန်အစင်ကို အပြည့်အဝ ထုတ်လွှတ်လိုက်ရာ အစစ်အမှန်နဂါးကိုးထောင်၏စွမ်းအားထက် သာလွန်ပြီး အစစ်အမှန်နဂါးတစ်သောင်း၏ စွမ်းအားနှင့် ယှဉ်နိုင်သည်။

"ဘုန်း......"

ရွှေနဂါးကိုးကောင်သည် အထိမ်းအမှတ်ကျောက်တိုင်ကို ဝင်တိုက်လိုက်ရာ အကြိမ်အနည်းငယ်ခန့် လှုပ်ခတ်သွားသော်လည်း ထိုအရာကို ဖြိုဖျက်နိုင်ခြင်း မရှိချေ။

လုယွီသည် စိတ်ဓာတ်ကျမသွားချေ။ သူ၏ လက်ဝါးထဲတွင် မဟာတာအိုစွမ်းအားများ ထွက်ပေါ်လာပြီး သူ၏ခန္ဓာကိုယ်သည် ခရမ်းရောင်သို့ ပြောင်းလဲသွားပေ၏။ သူသည် ကြယ်ခုနစ်လုံး၏ပုံရိပ်ယောင်များကို နင်းလျှောက်ပြီး ခုနစ်စင်ကြယ်ပုံသဏ္ဍာန်အဖြစ် ပြောင်းလဲလိုက်သည်။ သူသည် အထိမ်းအမှတ်ကျောက်တိုင်ကို ဦးတည်၍ ရာနှင့်ချီသော တိုက်ခိုက်မှုများကို ပြုလုပ်လိုက်သည်။

"ကျစ်ဝေမဟာဆုတ်ဖြဲခြင်း လက်သီးနည်းစနစ်...."

ရှေးဟောင်း မဟာတာအိုကျမ်းစာသုံးခုအနက် လျှို့ဝှက်ဆန်းကြယ် မိုးကောင်းကင်ကျမ်းစာသည် အသိပညာဗဟုသုတကို ပိုင်ဆိုင်ထားပြီး ထိုက်ဟွာကျမ်းစာကမူ စွမ်းအားကို ပိုင်ဆိုင်ထားသည်။

လက်သီးတစ်ချက် ထိုးနှက်လိုက်တိုင်း ရောင်စုံအလင်းတန်းတစ်တန်းက လုယွီ၏ခန္ဓာကိုယ်မှနေ၍ အငွေ့ပျံသွားသည်။ ဤသည်မှာ သူ၏မှော်စွမ်းအားများ လျင်မြန်စွာ ကုန်ဆုံးသွားသည်ကို ကိုယ်စားပြုခြင်းပင်။

လုယွီအတွက် မှော်စွမ်းအား ကုန်ဆုံးမှုသည် သူအသုံးပြုလိုက်သော သိုင်းပညာနည်းစနစ်များကြောင့် အလွန်ကြီးမားသည်။ သို့ရာတွင် သံသရာပန်း၌ ပါဝင်သော စိတ်ဝိညာဉ်စွမ်းအားများသည် နှိုင်းယှဉ်၍မရအောင် ထူထပ်သိပ်သည်းပြီး သူ၏မှော်စွမ်းအားများကို ဆက်လက်၍ ထိန်းသိမ်းထားနိုင်ရန် ထောက်ပံ့ပေးနေသည်။

သူသည် လက်သီးချက်ပေါင်း ရာနှင့်ချီ၍ ထိုးနှက်လိုက်သော်လည်း အထိမ်းအမှတ်ကျောက်တိုင်၏မျက်နှာပြင်ပေါ်တွင် အကာအကွယ်အလွှာတစ်ခု ရှိနေဆဲဖြစ်ပြီး တုန်ခါသွားခြင်း မရှိပေ။

"အား..."

လုယွီ၏ဆံပင်ဖြူများသည် လေထဲတွင် ပျံလွင့်နေပြီး သူ၏မျက်လုံးများသည် လျှပ်စီးကဲ့သို့ စူးရှတောက်ပနေပေ၏။

သူ​က လက်နှစ်ဖက်လုံးကို ဝှေ့ယမ်းလိုက်သည်။ သူ၏ ဘယ်ဘက်လက်သည် ယင်ဖြစ်ပြီး ညာဘက်လက်သည် ယန်ဖြစ်သည်။ ယင် နှင့် ယန် ကြားတွင် လျှို့ဝှက်ဆန်းကြယ်ပြီး အကန့်အသတ်မဲ့သော ထိုက်ကျိအမှတ်အသား ထွက်ပေါ်လာသည်။

ထိုက်ကျိချီစွမ်းအားသည် လောကကြီးတွင် ရှေးအကျဆုံးနှင့်လျှို့ဝှက်ဆန်းကြယ်ဆုံး ချီ စွမ်းအားပင်။ *ထိုက်ကျိသည် ဓာတ်ကြီးနှစ်ပါးကို မွေးဖွားပေးကာ ဓာတ်ကြီးနှစ်ပါးမှ ရုပ်သွင်လေးပါးကို မွေးဖွားပေးသည်။ ရုပ်သွင်လေးပါးမှ ပါးကွရှစ်ပါးကို မွေးဖွားပေးသည်။ သဘောတရားအရဆိုလျှင် ထိုက်ကျိသည် လောကကြီး၏ အစစ်အမှန် အရင်းအမြစ်ပင်။

လုယွီသည် ယခင်ဘဝ ကျဆုံးခဲ့ချိန်မှစ၍ ထိုက်ချမ်ဧကရာဇ်ထံမှ ဤထိုက်ကျိအမှတ်အသားကို အမွေဆက်ခံခဲ့သည်။ ထို့နောက်တွင် သူ အောင်မြင်လာခဲ့ကာ မြေကမ္ဘာနတ်ဆိုးဘိုးဘေး၏ ကြောက်မက်ဖွယ်ကောင်းသော နည်းလမ်းများအောက်တွင်ပင် သူ ရှင်သန်နိုင်ခဲ့သည်။

"ပေါက်ကွဲစမ်း"

လုယွီသည် ထိုက်ကျိချီစွမ်းအားကို လှည့်ပတ်ပြီး အထိမ်းအမှတ်ကျောက်တိုင်ကို ပြင်းထန်စွာ တိုက်ခိုက်လိုက်၏။

အချိန်တခဏအတွင်းမှာပင် အထိမ်းအမှတ်ကျောက်တိုင်သည် ပြင်းထန်စွာ လှုပ်ခတ်လာသည်။ ထိုအရာ၏မျက်နှာပြင်ပေါ်ရှိ တောက်ပသော အနီရောင်စာလုံးအနည်းငယ်သည် ထိုက်ကျိချီစွမ်းအား၏တိုက်စားမှုကို ခံလိုက်ရသည့်အလားပင်။

တစ်ချိန်တည်းမှာပင် ပို၍အစွမ်းထက်သော စွမ်းအားတစ်ရပ် စုဝေးလာပြီး လုယွီကို ပြန်လည်၍တိုက်ခိုက်သည်။

"ဖူး....."

လုယွီသည် မိုးကြိုးပစ်ခံရသကဲ့သို့ သွေးတစ်လုတ် အန်ထုတ်လိုက်သည်။ သူသည် အသက်စွမ်းအား အမြောက်အများကို အသုံးပြုထားပြီးဖြစ်ရာ ယခုချိန်၌ ဤအစွမ်းထက်သော တိုက်ခိုက်မှုကို တဖန်ထပ်၍ ခံယူလိုက်ရသဖြင့် သူ၏ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများ ပို၍ပြင်းထန်လာသည်။

အထိမ်းအမှတ်ကျောက်တိုင်၏ ထောင့်တစ်နေရာ စုတ်ပြဲသွားပြီး ထိုအရာပေါ်တွင် ထွင်းထုထားသော အနီရောင်စာလုံးတချို့သည် တောက်ပစွာ လင်းလက်နေခြင်း မရှိတော့ချေ။

နောက်ဆုံးတွင် လုယွီသည် ကြီးမားသော တန်ဖိုးကို ပေးဆပ်ခဲ့ရသော်လည်း သူသည် မူလဘူတသက်ရှိများ၏နည်းလမ်းများကို ထိုးဖောက်နိုင်ခဲ့သည်။

လုယွီသည် မောပန်းနေသော ခန္ဓာကိုယ်ကို တရွတ်တိုက်ဆွဲကာ အထိမ်းအမှတ်ကျောက်တိုင်ကို ကျော်ဖြတ်ပြီး သူ၏လက်ကို ဓားအဖြစ် အသုံးပြုကာ ကောင်းကင်ဘုံတံခါးကို ခုတ်ပိုင်းလိုက်၏။

"ချွင်....ချွင်... ချွင်..."

ရှုပ်ထွေးနေသော သံကြိုးများမှ ဆွေးမြေ့နေသော ရှေးဟောင်းအငွေ့အသက်ကို ထုတ်လွှတ်ထားသည်။ ဤအချိန်တွင် ထိုအရာများသည် ရုတ်တရက် ပြတ်တောက်သွားပြီး မြေပြင်ပေါ်သို့ ကျသွားကာ ကြည်လင်ပြတ်သားသော အသံတစ်သံ ထွက်ပေါ်လာသည်။

ကောင်းကင်အုပ်စိုးသူ အရှင်သခင် ဖြစ်လာမည့် လမ်းကြောင်းသည် သူတို့ရှေ့တည့်တည့်တွင် ရှိနေပေ၏။

လုယွီက သူ၏လက်ဝါးကို ပြင်းထန်စွာ ရိုက်နှက်လိုက်ပြီး ကောင်းကင်ဘုံတံခါးကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။

သို့ရာတွင် ကောင်းကင်ဘုံတံခါး၏ နောက်ကွယ်တွင် ဗလာသက်သက်ဖြစ်ပြီး ခြောက်ကပ်နေသော လေဟာနယ်တစ်ခု ရှိနေသည်။

"အင်မော်တယ်ဖြစ်မယ့် လမ်းကြောင်းက တကယ့်ကို ပြတ်တောက်သွားတာလား"

လုယွီက အသက်ပြင်းပြင်းရှိုက်လိုက်ပြီး တီးတိုးရေရွတ်လိုက်၏။

သူသည် ကြီးမားသောတန်ဖိုးကို ပေးဆပ်ခဲ့ပြီး သူ၏နည်းလမ်းများအားလုံးကို အသုံးပြုခဲ့သည်။ သို့ရာတွင် နောက်ဆုံး၌ ဤအရာသည် သူ ရရှိနိုင်သည့် တစ်ခုတည်းသော ရလဒ် ဖြစ်နေသည်။

"ဝုန်း...."

သို့ရာတွင် ဤအချိန်၌ မိုးကြိုးလှိုင်းတစ်ချက်သည် လေဟာနယ်ကို ဖြတ်ကျော်ပြီး လုယွီ၏ခန္ဓာကိုယ်ကို ရိုက်ခတ်လိုက်သည်။

အနက်ရောင်တိမ်တိုက်များသည် ပတ်ဝန်းကျင်တွင် ရုတ်တရက် ထွက်ပေါ်လာပြီး သရဲတစ္ဆေများ၏ ငိုကြွေးသံနှင့် ဟိန်းဟောက်သံများကို ကြားနေရသည်။ အဆုံးမဲ့မိုးကြိုးလှိုင်းများ၏ အလယ်ဗဟိုတွင် ကြီးမားသော သွေးနီရောင်မျက်လုံးတစ်ခုက မိုးကောင်းကင်ယံ၌ ပျံဝဲနေသည်။

ထိုသွေးနီရောင်မျက်လုံးတွင် သွေးများဖြင့် ပြည့်နှက်နေပြီး ကြောက်မက်ဖွယ်ကောင်းသည်။ထိုအရာသည် လုယွီကို စူးစိုက်၍ ကြည့်နေပေ၏။

"ငါက မင်းဆီမှာ အရူးလုပ်ခံရလုနီးပါးပဲ... ဒီတစ်ကြိမ်တော့ မင်းနဲ့ စာရင်းရှင်းရမယ်"

ရက်စက်ကြမ်းကြုတ်သော အသံတစ်သံက မိုးကောင်းကင်ယံမှ ထွက်ပေါ်လာသည်။

ရုတ်ချည်းဆိုသလိုပင် ထောင်ပေါင်းများစွာသော မိုးကြိုးများ ပစ်ခတ်ပြီး လုယွီကို ဝါးမျိုလိုက်တော့သည်။

*** ထိုက်ကျိအကြောင်း ရှင်းပြချက်ပါ

လျန်ယီ (Liang Yi) - ဓာတ်ကြီးနှစ်ပါး

"ယင် နဲ့ ယန်" (Yin & Yang) မူလဓာတ်ခံ နှစ်ခုကို ဆိုလိုခြင်း ဖြစ်သည်။ သင်္ကေတအနေဖြင့် မျဉ်းကြောင်းများ ဖြင့် ဖော်ပြလေ့ရှိသည်။

ယန် (Yang): ——— (ပြတ်တောက်မှုမရှိသော မျဉ်းတစ်ကြောင်း)။ ခိုင်မာခြင်း၊ ကောင်းကင်၊ အဖိုဓာတ်။

ယင်း (Yin): — — (အလယ်က ပြတ်နေသော မျဉ်းတစ်ကြောင်း)။ ပျော့ပျောင်းခြင်း၊ မြေကြီး၊ အမဓာတ်။

၂။ စစ်ရှန် (Si Xiang) - ရုပ်သွင်ကြီးလေးပါး

ယင်း နှင့် ယန် ဓာတ်ကြီးနှစ်ပါး အပြန်အလှန် ပေါင်းစပ်လိုက်သောအခါ ရာသီဥတုလေးမျိုး သို့မဟုတ် အရပ်မျက်နှာလေးမျိုးကို ကိုယ်စားပြုသော ရုပ်သွင်ကြီးလေးပါး ပေါ်ထွက်လာသည်။

ထိုက်ယန် (Tai Yang - Greater Yang): (အောက်က ယန်၊ အပေါ်ကလည်း ယန်)

အပူဆုံးအချိန်၊ နွေရာသီ၊ မွန်းတည့်ချိန်၊ တောင်ဘက်အရပ်။

ရှောက်ယင်း (Shao Yin - Lesser Yin): (အောက်က ယန်၊ အပေါ်က ယင်)

ပူရာမှ အေးစပြုလာချိန်၊ ဆောင်းဦးရာသီ၊ ညနေခင်း၊ အနောက်ဘက်အရပ်။

ထိုက်ယင်း (Tai Yin - Greater Yin): (အောက်က ယင်၊ အပေါ်ကလည်း ယင်)

အအေးဆုံးအချိန်၊ ဆောင်းရာသီ၊ သန်းခေါင်ယံ၊ မြောက်ဘက်အရပ်။

ရှောက်ယန် (Shao Yang - Lesser Yang): (အောက်က ယင်၊ အပေါ်က ယန်)

အေးရာမှ နွေးစပြုလာချိန်၊ နွေဦးရာသီ၊ နံနက်ခင်း၊ အရှေ့ဘက်အရပ်။

၃။ ပါးကွ (Bagua) - ကွရှစ်ပါး (သို့) ရှစ်ခွင်

ရုပ်သွင်ကြီးလေးပါးပေါ်တွင် နောက်ထပ် မျဉ်းတစ်ကြောင်းစီ ထပ်ဆင့်လိုက်သောအခါ နာမည်ကျော် ပါးကွ (Bagua) ခေါ် ကွရှစ်ပါး ဖြစ်ပေါ်လာသည်။ ၎င်းတို့သည် သဘာဝတရား၏ အခြေခံ ဓာတ်သဘော (၈) မျိုးကို ကိုယ်စားပြုသည်။

အမည် အဓိပ္ပာယ် ကိုယ်စားပြုသည့် သဘာဝ ဓာတ်သဘော

Qian (ချန်) ဖန်တီးသူ ကောင်းကင် (Heaven) ဖခင်၊ ခေါင်းဆောင်

Kun (ခွန်) လက်ခံသူ မြေကြီး (Earth) မိခင်၊ ပြုစုပျိုးထောင်ခြင်း

Li (လီ) တွယ်ကပ်သူ မီး (Fire) အလင်းရောင်၊ ဉာဏ်ပညာ

Kan (ခန်း) နက်ရှိုင်းသူ ရေ (Water) အန္တရာယ်၊ လျှို့ဝှက်ဆန်းကြယ်မှု

Zhen (ကျိန့်) လှုပ်နှိုးသူ မိုးကြိုး (Thunder) လှုပ်ရှားမှု၊ အစပြုခြင်း

Xun (ရွှန်) ဝင်ရောက်သူ လေ (Wind) နူးညံ့သိမ်မွေ့မှု

Gen (ကိန့်) တည်ငြိမ်သူ တောင် (Mountain) ရပ်တန့်ခြင်း၊ တည်ငြိမ်ခြင်း

Dui (သွေ့) ရွှင်လန်းသူ အိုင်/ရေကန် (Lake) ပျော်ရွှင်မှု၊ စကားပြောဆိုခြင်း

မှတ်ချက်: အိမ်ရှေ့တွင် ချိတ်ဆွဲလေ့ရှိသော "ပါကွာမှန်" (Bagua Mirror) သည် ဤသင်္ကေတ (၈) ခုကို စီတန်းထားခြင်း ဖြစ်ပါသည်။

၄။ ဝူရှင်း (Wu Xing) - ဓာတ်ကြီးငါးပါး

ထိုက်ကျိပညာတွင် ယင်း-ယန် ပြီးလျှင် အရေးအကြီးဆုံးမှာ ဓာတ်ကြီးငါးပါး သဘောတရားဖြစ်သည်။ ၎င်းတို့သည် တစ်ခုကိုတစ်ခု ဖန်တီးပေးခြင်း (Generation) နှင့် ထိန်းချုပ်ခြင်း (Control) သဘောဖြင့် လည်ပတ်နေသည်။

သစ် (Wood): ကြီးထွားခြင်း (မီးကို မွေးဖွားပေးသည်)

မီး (Fire): ပူနွေးခြင်း (မြေကို မွေးဖွားပေးသည်)

မြေ (Earth): တည်ငြိမ်ခြင်း (သတ္တုကို မွေးဖွားပေးသည်)

သတ္တု (Metal): ခိုင်မာခြင်း (ရေကို မွေးဖွားပေးသည်)

ရေ (Water): စီးဆင်းခြင်း (သစ်ကို မွေးဖွားပေးသည်)

အနှစ်ချုပ်ရလျှင် ထိုက်ကျိ (စက်ဝိုင်း) → ယင်/ယန် (၂ ပါး) → ရုပ်သွင် (၄ ပါး) → ပါးကွ (၈ ပါး) → ဓာတ်ကြီး (၅ ပါး) ဟူ၍ ဆက်စပ် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

All Chapters