← Chapters

အခန်း (၅၃၀၁-၅၃၀၅)

Vol. 268 Ch. 5301-5305

အခန်း (၅၃၀၁-၅၃၀၅)

Vol. 268 Ch. 5301-5305

Chapter 5301

ထိုအဖြစ်အပျက်ပြီးနောက် ထန်စစ်တပ်သည် ရေခဲနယ်မြေမှ ဆုတ်ခွာကြောင်း ကြေညာလိုက်သဖြင့် တော်ဝင်နန်းတော်တစ်ခုလုံး အောင်ပွဲခံလိုက်ကြသည်။

ဤသည်မှာ တာယွီအင်ပါယာ၏ခေတ်ကာလကုန်ဆုံးချိန်တွင် ပြင်ပစစ်ပွဲ၌ ပထမဆုံးအကြိမ် အောင်ပွဲရရှိခြင်းဖြစ်ရာ လူအမြောက်အများသည် လမ်းမများပေါ်သို့ ပြေးလွှားကာ အောင်ပွဲရရှိကြောင်း သတင်းစကားများကို ဖြန့်ဝေကြ၏။

"အရှင်ဧကရာဇ်က နောက်ဆုံးတော့ ရှေ့တစ်လှမ်းတိုးပြီး အင်ပါယာကို ပြောင်းလဲလိုက်နိုင်ပြီ"

"ငါတို့ အရင်က ရွေးချယ်မှုတွေ မမှားခဲ့ဘူးပဲ"

လေ့ကျင့်ရန်အတွက် ရေခဲနယ်မြေသို့ စေလွှတ်ခြင်းခံရသော ရွေးချယ်ခံအရာရှိအဖွဲ့သည် ဤအချိန်တွင် အလွန်စိတ်လှုပ်ရှားနေကြသည်။

သူတို့သည် အဆင့်နိမ့်ရာထူးနေရာအချို့သာ ရရှိထားပြီး အခြေခံကျသော အလုပ်များကိုသာ လုပ်ဆောင်ခဲ့ရသော်လည်း သူတို့၏အရေးပါမှုမှာ ပြောစရာမလိုအောင် ထင်ရှားသည်။

ယခုအချိန်၌ ထန်စစ်တပ် ဆုတ်ခွာသွားပြီဖြစ်သောကြောင့် သူတို့သည် တန်ဖိုးရှိကြောင်း သက်သေပြနိုင်ခဲ့ပြီဖြစ်ရာ အနာဂတ် မဟာချင်အင်ပါယာတွင် သေချာပေါက် နေရာပေးခြင်း ခံရပေလိမ့်မည်။

ချိုင်လုံရှင်းသည်လည်း လုယွီအား သစ္စာခံကြောင်း ချက်ချင်းကျိန်ဆိုလိုက်သည်။ ချိုင်မိသားစုသည် ပြင်ပဘုရင်မိသားစုအဖြစ် ရပ်တည်နေဆဲဖြစ်ပြီး ချိုင်လုံရှင်း၏ပတ်သက်ဆက်နွယ်မှုကြောင့် ချိုင်မိသားစုသည် ကာလရှည်ကြာ ပို၍တိုးတက်ကြီးပွားလာပေမည်။

တော်ဝင်မြို့တော်မှ ရှန်းယန်မြို့အထိ ကြယ်နယ်မြေစီရင်စုတိုင်းလိုလိုတွင် မီးပုံးများ မီးရှူးမီးပန်းများဖြင့် အလှဆင်ထားကြပြီး လုယွီ၏ ဂုဏ်သတင်းသည် အထွတ်အထိပ်သို့ ရောက်ရှိသွားလေပြီ။

မိုးမြေဖျက်ဆီးနန်းတော်မှတိုက်ပွဲ အဆုံးသတ်ပြီးနောက် သူတော်စင်ရီနှင့်သူတော်စင်ရွှမ်တို့သည် တော်ဝင်မြို့တော်တွင် နေထိုင်ကာ ကွန်ဖြူးရှပ်တာအိုကို ဟောကြားပို့ချပေးခဲ့သည်။

စာပေသူတော်စင်နှစ်ပါး၏ ဟောပြောပို့ချမှုများကြောင့် တော်ဝင်မြို့တော်တွင် လှုပ်ခတ်မှုများ ဖြစ်စေခဲ့သည်။ ရက်အနည်းငယ်ကြာ ဟောပြောပြီးနောက် လူအမြောက်အများသည် စာပေသူတော်စင်များ၏ မြင့်မြတ်သော စကားများကို နားထောင်ရန်အတွက် မိုင်ပေါင်းထောင်နှင့်ချီ၍ ခရီးနှင်လာကြ၏။

"ဒီတိုက်ပွဲပြီးရင် နတ်ဆိုးမျိုးနွယ်ရဲ့ ထိုးစစ်ဆင်မှုတွေ သေချာပေါက် လျော့နည်းသွားလိမ့်မယ်.... ဒါက လူသားမျိုးနွယ်အတွက် ရှားပါးတဲ့ အသက်ရှူပေါက်ရတဲ့ အခွင့်အရေးပဲ....ဒီအခွင့်အရေးကို ဘယ်လို ဆုပ်ကိုင်မလဲဆိုတာကတော့ မင်း ဘယ်လို ကိုင်တွယ်မလဲဆိုတဲ့အပေါ်မှာပဲ မူတည်တော့တယ်"

သူတော်စင်ရီက လုယွီကို တည်ကြည်လေးနက်သော အဓိပ္ပါယ်ဖြင့် ကြည့်လိုက်သည်။ ဤတပည့်အတွက် သူသည် စိတ်သက်သာရာ ရခဲ့သည့်အပြင် အနည်းငယ်လည်း စိတ်ထိခိုက်ရသည်။

ကောင်းကင်နှင့်မြေပြင်၏ကံတရား သက်ရှိများအားလုံး၏ကံတရားများသည် သူ၏ရှေ့ရှိ ဤလူငယ်လေး၏ပခုံးပေါ်တွင် တည်ရှိနေသည့်အလားပင်။ သူသည် လွတ်လပ်ပေါ့ပါးပုံ ရသော်လည်း သက်ရှိများအားလုံး၏ဝန်ထုတ်ဝန်ပိုးကို ထမ်းထားရလေ၏။

"ဆရာ စိတ်ချပါ....ဒီတပည့်က အရာအားလုံးကို ကိုင်တွယ်ဖြေရှင်းပါ့မယ်"

လုယွီက ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။

ဤအချိန်တွင် သူ၏အရှိန်အဝါသည် ယခင်ကဲ့သို့ ရိုးသားသော ကျောင်းတော်သားတစ်ယောက်နှင့် မတူတော့ဘဲ နက်နဲသိမ်မွေ့သော စိတ်ထားဖြင့် ပုန်းအောင်းနေသည့် ရွှေနဂါးတစ်ကောင်ကဲ့သို့ ခန့်မှန်းရခက်နေသည်။

လွှမ်းမိုးချုပ်ကိုင်နိုင်မှု အရှိန်အဝါတစ်ရပ်သည် လုယွီ၏နံဘေးပတ်လည်တွင် ဝန်းရံနေသဖြင့် မည်သူမျှ ပုန်ကန်လိုသော အတွေးများ မတွေးရဲကြချေ။

"မင်း ဆုံးဖြတ်ပြီးပြီဆိုမှတော့ သွားလုပ်တော့... ရှေ့ခရီးလမ်းက ကြမ်းတမ်းပေမယ့် လူတစ်ယောက်ရဲ့ယုံကြည်ချက်ကသာ ရှေ့ကို ဆက်လျှောက်စေနိုင်တာပါ"

သူတော်စင်ရီထံတွင် စိတ်ခံစားမှုများ ပြည့်နှက်နေပြီး လုယွီ၏ပခုံးကို ပုတ်လိုက်သည်။

လွန်ခဲ့သော နှစ်အနည်းငယ်က အောက်ဘုံမှ ထူးခြားမှုမရှိသော သာမန်လူငယ်လေးတစ်ယောက်သည် ယနေ့၌ ဤမျှအထိ ကြီးထွားလာလိမ့်မည်ဟု မည်သူမျှ ထင်မှတ်မထားခဲ့ကြချေ။

ယနေ့ လုယွီ၏အောင်မြင်မှုများသည် သူ၏ ယခင်ဘဝ အတွေ့အကြုံကြောင့်သာ မဟုတ်ဘဲ အခွင့်အရေးများနှင့် သူ၏ ကိုယ်ပိုင်ကြိုးစားအားထုတ်မှုများကြောင့်လည်း ဖြစ်ပြီး ထိုအရာအားလုံးကို ခွဲခြား၍ မရနိုင်ချေ။

"ဆရာ....သူတော်စင်ရွှမ်...နောက်ရက်အနည်းငယ်ဆိုရင် မီးထွန်းပွဲတော် ရောက်တော့မယ်"

လုယွီက စကားစလိုက်ပြီး စာပေသူတော်စင်နှစ်ပါးအား ပွဲတော်ကို အတူတကွ ဆင်နွှဲရန် ရှန်းယန်မြို့သို့ ဖိတ်ခေါ်လိုက်သည်။

စာပေသူတော်စင်နှစ်ပါးသည် ဤကိစ္စကို ငြင်းပယ်ခြင်း မရှိကြပေ။

သူတို့သည် ပုံမှန်အားဖြင့် သီးသန့်နေထိုင်ရသည်ကို နှစ်သက်ကြသော်လည်း လောကီကိစ္စများကို တမင်သက်သက် ငြင်းပယ်နေခြင်းမျိုး မဟုတ်ချေ။ ထို့ပြင် လုယွီ ကိုယ်တိုင် ကောင်းကင်ဘုံသို့ တက်ရောက်ပြီး အင်မော်တယ်ကွပ်မျက်ဓားဝိညာဉ်ကို ဖျက်ဆီးခဲ့သည့် လုပ်ရပ်သည် စာပေသူတော်စင်နှစ်ပါး၏ အသိအမှတ်ပြုမှုကို ရရှိခဲ့ပြီးဖြစ်သည်။

ချင်ဧကရာဇ်ယွီ...နန်းတက်နှစ် ပထမလ ၁၅ ရက်နေ့...

လုယွီနှင့် စာပေသူတော်စင်နှစ်ပါးသည် ရှန်းယန်မြို့သို့ တပြိုင်နက်တည်း ရောက်ရှိလာကြ၏။

ထိုနေ့တွင် ဖေးထျန်ကွမ်းသည် ရှန်းယန်မြို့၏ အရပ်ဘက်နှင့်စစ်ဘက်ဆိုင်ရာ အရာရှိများကို ဦးဆောင်ပြီး ရှန်းယန်ကောင်းကင်တံခါး၏ပြင်ပ၌ သူတို့ကို ကြိုဆိုခဲ့သည်။ သန်းပေါင်းများစွာသောလူများသည် ထိုမြင့်မြတ်သော လူများကို အချိန်တခဏကြာမျှ မြင်တွေ့ခွင့်ရရန်အလို့ငှာ တိုးဝှေ့၍ကြည့်ရှုနေကြ၏။

သူတော်စင်ရွှမ်နှင့်သူတော်စင်ရီတို့၏ ပုံပန်းသွင်ပြင်မှာ အလွန်ရိုးရှင်းသည်။ သူတို့သည် ရိုးရိုးရှင်းရှင်း အဝတ်အစားများကို ဝတ်ဆင်ထားကာ အိမ်တွင် အေးအေးလူလူ နေထိုင်တတ်သော အဘိုးအိုနှစ်ယောက်အလား လုယွီ၏နောက်မှ ပြုံးရွှင်စွာ လျှောက်လှမ်းလာကြသည်။ သူတို့သည် မည်သည့် သယ်ယူပို့ဆောင်ရေးယာဉ်ကိုမျှ အသုံးမပြုသည့်အပြင် မာန်မာနလည်း တစိုးတစိမျှ မရှိကြချေ။

ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသော လူအမြောက်အများသည် လုယွီအပေါ် အသိအမှတ်ပြုမှု အလွန်မြင့်တက်လာသည်။ ဤလောကကြီးတွင် မရေမတွက်နိုင်သော ကွန်ဖြူးရှပ်ဂိုဏ်း ကျင့်ကြံသူများ ရှိကြပြီး စာပေသူတော်စင်များ၏ အသိအမှတ်ပြုမှုကို ရရှိခြင်းက လုယွီသည် ကွန်ဖြူးရှပ်ဂိုဏ်း အတွင်း၌ ကြီးမားသော အသိအမှတ်ပြုမှုကို ရရှိထားပြီးဖြစ်ကြောင်း ဖော်ပြနေသည်။

Chapter 5302

စာပေသူတော်စင်နှစ်ပါး ဘုရင်နန်းတော်သို့ ရောက်ရှိလာခြင်းသည် လုမိသားစုအတွင်း၌ ကြီးမားသော လှုပ်ခတ်မှုကို ဖြစ်ပေါ်စေခဲ့သည်။

လုမိသားစုဝင်များအားလုံးကို ခေါ်ထုတ်လိုက်ချိန်၌ သူတို့၏မျက်နှာများတွင် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေကြသည်။ သူတို့သည် ကောင်းကင်ဘုံနယ်မြေ၌ နေထိုင်လာသည်မှာ ကြာမြင့်ပြီဖြစ်သောကြောင့် ဤအဘိုးအိုနှစ်ယောက်သည် မည်သည့်အရာကို ကိုယ်စားပြုကြောင်း သိရှိထားကြ၏။

သူတို့သည် ဧကရာဇ်များနှင့် တန်းတူအဆင့်တွင်ရှိသော တည်ရှိမှုကြီးများပင်။ နှစ်ပေါင်းတစ်သောင်းကာလအတွင်း၌ ဧကရာဇ်များသည် များပြားသော်လည်း သူတော်စင်များကမူ မများပြားလှချေ။ သူတို့သည် လူသားမျိုးနွယ်၏ အဓိကထောက်တိုင်များအနက်မှ တစ်ခု ဖြစ်နေလေပြီ။

"မြန်မြန်လေး...ဘိုးဘိုးကြီးလို့ ခေါ်လိုက်ကြ..."

လုမိသားစုဝင်တချို့က သူတို့၏ကလေးများကို ရှေ့သို့ တွန်းပို့ကာ စာပေသူတော်စင်၏ မျက်နှာသာပေးမှုကို ရရှိရန် မျှော်လင့်ပြီး သူတော်စင်၏ရှေ့သို့ ပို့ဆောင်ကြသည်။

ဤသည်မှာ အောက်ဘုံ၌ရှိစဉ်က သူတို့ စိတ်ကူးပင် မယဉ်ရဲသော အရာဖြစ်သည်။ ထိုစဉ်က မုန့်ကျူးယွင်သည် စာပေသူတော်စင်၏ အမည်ခံတပည့်အဖြစ်သာ အဆင့်အတန်း ရရှိခဲ့သော်လည်း အောက်ဘုံတွင် ဗိုလ်ကျစိုးမိုးနိုင်ခဲ့သည်။ ယခုချိန်၌ သူတို့သည် သူတော်စင်များကို မျက်မြင်ကိုယ်တွေ့ ကြုံလိုက်ရချိန်၌ ပို၍ပင် စိတ်လှုပ်ရှားနေကြ၏။

ကလေးတစ်သိုက်သည် ကလေးသဘာဝအတိုင်း စကားများနေကြသော်လည်း လုမိသားစုသည် နက်ရှိုင်းသော စာပေအမွေအနှစ် ရှိသူများဖြစ်သဖြင့် အလွန် ယဉ်ကျေးသိမ်မွေ့သော ကလေးသံလေးများဖြင့် နှုတ်ဆက်လိုက်ကြသည်။

"သူတော်စင်ဘိုးဘိုးကို အရိုအသေပြုပါတယ်..."

"ကောင်းတယ်....မင်းတို့အားလုံးက ကလေးလိမ္မာလေးတွေပဲ"

သူတော်စင်ရီ၏မျက်နှာပေါ်တွင် ကြင်နာသော အပြုံးတစ်ခု ထင်ဟပ်လာသည်။

သူသည် လောကနှစ်ခုတောင်တန်း၌ တပ်စွဲခဲ့ပြီး သတ်ဖြတ်မှုအမြောက်အများကို မြင်တွေ့ခဲ့ရသည်။ ယခုချိန်၌ ဤကလေးများကို မြင်တွေ့ချိန်တွင် သူသည် လူသားမျိုးနွယ်၏မျှော်လင့်ချက်ကို မြင်တွေ့လိုက်ရသည့်အလားပင်။

သို့ရာတွင် သူတော်စင်ရွှမ်ကမူ ရှေ့သို့တိုးမလာပေ။ သူသည် လူအုပ်ကြီးကို ဝေ့ဝိုက်၍ကြည့်ရှုလိုက်ပြီးနောက် ရုတ်တရက် ကလေးတစ်ယောက်ကို ညွှန်ပြကာ ပြောဆိုသည်။

"ဒါက ဘယ်သူ့ရဲ့ကလေးလဲ"

သူ ညွှန်ပြလိုက်သော ကလေးသည် ကျောက်စိမ်းဖြင့် ထွင်းထုထားသကဲ့သို့ နူးညံချောမွတ်ပြီး ခန္ဓာကိုယ်တစ်ခုလုံး ပန်းရောင်သန်းနေသော မိန်းကလေးငယ်တစ်ဦးပင်။ ဤသည်မှာ နျူနျူမှလွဲ၍ တခြားလူ မဟုတ်ချေ။

လုယွီက အပြုံးနှင့် ပြောဆိုသည်။

"သူတော်စင်ရွှမ်... ဒါက ကျွန်တော့်ရဲ့ညီမလေးပါ"

နျူနျူကို သခင်မကြီးယွီရုံက သမီးအရင်းကဲ့သို့ မွေးစားထားပြီး လုမုန်လီဟူသော အမည်ကို ပေးထားသည်။

သူတော်စင်ရွှမ်သည် နျူနျူကို ဂရုတစိုက်ကြည့်လိုက်ပြီး လက်ယပ်ခေါ်ကာ သူ၏ လက်ကောက်ဝတ်မှ လက်ကောက်တစ်ကွင်းကို ချွတ်၍ နျူနျူ၏လက်ထဲသို့ ထည့်ပေးလိုက်၏။

"ဒါက အရမ်းတန်ဖိုးကြီးလွန်းတယ်"

ထိုမြင်ကွင်းကို မြင်တွေ့ရချိန်၌ လုယွီသည် အသက်ပြင်းပြင်းမရှိုက်ဘဲ မနေနိုင်တော့ချေ။

သူတော်စင်ရွှမ်၏လက်ကောက်ဝတ်တွင် ဝတ်ဆင်ထားသော လက်ကောက်သည် မည်မျှ ထိအဖိုးတန်ကြောင်း သူ ပြောဆိုနိုင်သည်။

ဒဏ္ဍာရီများအရ ကောင်းကင်နှင့်မြေပြင်ကြားတွင် အပြစ်အနာအဆာကင်းသော ကျောက်စိမ်းဖြူရှိသည်။ ထိုအရာဖြင့် သွန်းလုပ်ထားသော မှော်လက်နက်များသည် ကွန်ဖြူးရှပ်ဂိုဏ်း၏ ကြီးမားသောစွမ်းအင်များကို သိုလှောင်ထားနိုင်ပေ၏။ ထိုပြင် ဤလက်ကောက်သည် စာပေသူတော်စင်နှင့်အတူ ကာလကြာရှည် လိုက်ပါခဲ့သဖြင့် ခန့်မှန်းရခက်သော စွမ်းအားများပါရှိသည့် မြင့်မြတ်သော သူတော်စင်ပစ္စည်းတစ်ခု ဖြစ်နေခဲ့လေပြီ။

"ကိစ္စမရှိဘူး... ဒီကလေးက အနာဂတ်မှာ ကြီးမားတဲ့ အောင်မြင်မှုတစ်ခုကို သေချာပေါက် ရရှိလိမ့်မယ်"

သူတော်စင်ရွှမ်က အပြုံးနှင့် ပြောဆိုလိုက်သည်။

လူများအားလုံး အံ့အားသင့်သွားကြသည်။ နျူနျူသည် သူတော်စင်ရွှမ်၏ချီးကျူးမှုကို အမှန်တကယ် ရရှိခဲ့သည်။

ကွန်ဖြူးရှပ်ဂိုဏ်းတွင် သူတော်စင်ရွှမ်၏ အဆင့်အတန်းသည် သူတော်စင်ရီထက်ပင် မြင့်မားသည်။ လက်ရှိလူသားမျိုးနွယ်တွင် သူသည် ထိပ်ဆုံးပုဂ္ဂိုလ်ဖြစ်သည်ဟုပြောဆိုလျှင် လွန်မည်မဟုတ်ချေ။

နျူနျူသည် သူမ၏ဝိုင်းစက်သောမျက်လုံးများကို ဖွင့်ပြီး ခန္ဓာကိုယ်ကိုညွှတ်ကိုင်းကာ သူတော်စင်ရွှမ်အား ဦးညွှတ်လိုက်သည်။

"ကျေးဇူးတင်ပါတယ် သူတော်စင်ဘိုးဘိုး...."

ထိုလက်ကောက်သည် နျူနျူ၏သွယ်လျသော လက်ကောက်ဝတ်အတွက် ကျယ်လွန်းသော်လည်း လှုပ်ရှားနေပြီး သူမ၏ဓမ္မအစောင့်အရှောက်အလား သူမ၏နံဘေးပတ်လည်တွင် ပျံဝဲနေသည်။

"ဒီမှော်လက်နက်က သူ့ကို ကာကွယ်ပေးထားရင်.... ဒီကလေး ဘေးကင်းကင်းနဲ့ ကြီးပြင်းလာနိုင်ဖို့ ငါ မျှော်လင့်မိတယ်"

သူတော်စင်ရွှမ်က စိတ်ခံစားမှုပါဝင်သော အသံဖြင့် ပြောဆိုသည်။

လုယွီ ထိတ်လန့်သွားသည်။ သူတော်စင်ရွှမ်သည် ကောင်းကင်ဘုံ၏လျှို့ဝှက်ချက်များကို သိရှိထားသူဖြစ်ရာ တစ်စုံတစ်ခုကို မြင်တွေ့ခဲ့၍သာ နျူနျူကို ဤရတနာအား ပေးသနားခဲ့ခြင်း ဖြစ်ပေလိမ့်မည်။

သူတော်စင်ရီကလည်း သူ၏မုတ်ဆိတ်မွှေးကို ပွတ်သပ်လိုက်သည်။ သူ၏ဆရာဦးလေးသည် အကြောင်းပြချက်မရှိဘဲ မည်သည့်အခါမျှ ပြုမူမည်မဟုတ်ကြောင်း သိရှိသောကြောင့် သူသည်လည်း တခြားကလေးများအား ရတနာများ ပေးသနားလိုက်ရာ လူများအားလုံး ပျော်ရွှင်သွားကြ၏။

"ဆရာ နျူနျူရဲ့ကံတရားက တခြားလူတွေနဲ့ ဘာကွဲပြားနေတယ်ဆိုတာ ပြောပြနိုင်မလား"

လုယွီက အနည်းငယ်စိုးရိမ်သွားကာ မေးမြန်းလိုက်သည်။

သူသည် သူ၏မိသားစုကို အေးချမ်းစွာ နေထိုင်စေလိုသော်လည်း အကယ်၍ အနာဂတ်တွင် သူတို့၏ကံတရားသည် ထူးခြားနေမည်ဆိုလျှင် ဘဝ၏ အတက်အကျ အကွေ့အကောက်များစွာကို ဖြတ်သန်းရပေလိမ့်မည်။

သူတော်စင်ရီက ခေါင်းခါယမ်းလိုက်သည်။

"ဒီအဘိုးကြီးလည်း ထွင်းဖောက်မမြင်နိုင်ဘူး....ဒီကလေးက သာမန်လူတွေနဲ့ မတူဘူးလို့ပဲ ခံစားရတယ်"

ထိုသို့ပြောဆိုပြီးနောက် သူတော်စင်ရီသည် ဓားရှည်တစ်လက်ကို ထုတ်ယူကာ လုယွီအား လက်ကမ်းပေးလိုက်သည်။

လုယွီက ထိုအရာကို လှမ်းယူလိုက်ချိန်၌ ဓားရှည်ဆီမှ တည်ငြိမ်သော ဖိအားတစ်ရပ် ထွက်ပေါ်လာသည်ကို ချက်ချင်းခံစားလိုက်ရပြီး အလွန်အမင်း အံ့အားမသင့်ဘဲ မနေနိုင်တော့ချေ။

"မသေမျိုးအဆင့် မှော်လက်နက်လား...."

Chapter 5303

မသေမျိုးအဆင့် မှော်လက်နက်များသည် မှော်လက်နက်များကြားမှ အထွတ်အထိပ်တည်ရှိမှုများပင်။

ထိုအရာများသည် လက်ရှိ​လောကကြီးတွင် သွန်းလုပ်နိုင်သော အစွမ်းအထက်ဆုံး မှော်လက်နက် ဖြစ်နေလေပြီ။

လုယွီ၏ ယခင်ဘဝ၌ပင် မသေမျိုးအဆင့် မှော်လက်နက် လက်တစ်ဆုပ်စာသာ ရှိခဲ့ပြီး တာအိုသခင်အဆင့် ကျင့်​ကြံသူများ၌ မသေမျိုးအဆင့်မှော်လက်နက် တစ်ခု သို့မဟုတ် နှစ်ခုရှိလျှင်ပင် ကောင်းနေလေပြီ။

"ဒီကလေးမှာ ကြင်နာတတ်တက်တဲ့ စရိုက်ရှိတာကို ဒီအဘိုးကြီးက မြင်နိုင်တယ်.... ဒါပေမယ့် ဒီလောကကြီးမှာ ရိုးရှင်းပြီး ကြင်နာတာက ဆင်းရဲဒုက္ခကို ဖြစ်စေနိုင်တယ်... ဒီဓားက သူ့ရဲ့ ထက်မြက်မှုကို ဖြည့်ဆည်းပေးနိုင်လိမ့်မယ်"

သူတော်စင်ရီက ဖြည်းညှင်းစွာ ပြောဆိုလိုက်သည်။

ထိုဓားရှည်သည် ထက်ရှပြီး အေးစက်စက်တောက်ပနေကာ အရည်အသွေးအားဖြင့် အလွန်ထူးခြားပုံရသည်။

လုယွီသည် နျူနျူအတွက် ဓားကို လက်ခံလိုက်ပြီး သူ၏သိုလှောင်လက်စွပ်ထဲသို့ ထည့်ပေးလိုက်သည်။ လူကြီးတစ်ယောက်၏ လက်ဆောင်ကို ငြင်းပယ်၍ မရသည့်အပြင် လုယွီသည် နျူနျူ၏ဘေးကင်းလုံခြုံရေးအတွက်လည်း အလွန်စိုးရိမ်မိသည်။

သူမ ဘေးကင်းလုံခြုံစွာနှင့် ကြီးပြင်းလာနိုင်ရန် သူ မျှော်လင့်မိသည်။ သို့ရာတွင် သူမ၏အနာဂတ်နှင့် ပတ်သက်လျှင်မူ သူ အလွန်အမင်း ဝင်ရောက်စွက်ဖက်မည် မဟုတ်ချေ။

လုယွီက သက်ပြင်းရှည်ကြီးချလိုက်သည်။ သူ့၏မိသားစုဝင် တစ်ဦးစီတိုင်းတွင် ကိုယ်ပိုင်ကံတရား ရှိကြသည်။ သူလုပ်ပေးနိုင်သည်မှာ နောက်ကွယ်မှ ပံ့ပိုးပေးပြီး တွန်းအားပေးရန်သာ ဖြစ်ပေ၏။

မီးထွန်းပွဲတော်၏ မိသားစုစားသောက်ပွဲတွင် လုမိသားစုတစ်စုလုံး ပျော်ရွှင်ကြည်နူးနေကြပြီး ရယ်မောသံများ နေရာအနှံ့အပြား၌ ပဲ့တင်ထပ်နေသည်။

လုယွီသည် စာပေသူတော်စင်နှစ်ပါးအား ဂုဏ်သရေရှိထိုင်ခုံများတွင် ထိုင်စေလိုသော်လည်း သူတို့က ငြင်းပယ်ခဲ့ကြသည်။ သူတော်စင်ရွှမ်က သူတို့သည် ဧည့်သည်များသာ ဖြစ်ပြီး အိမ်ရှင်၏နေရာကို မယူလိုကြောင်း ပြောဆိုခဲ့သည်။

နောက်ဆုံးတွင် လုမိသားစု၌ ရာထူးအကြီးဆုံး အကြီးအကဲဖြစ်သော လုဝူသိက ဂုဏ်သရေရှိ ထိုင်ခုံတွင် ဝင်ထိုင်လိုက်ရသည်။ လူများအားလုံးသည် မိုးလင်းသည်အထိ ပျော်ရွှင်စွာ သောက်စားရင်း အောင်ပွဲခံခဲ့ကြသည်။

ခွေးနက်ကြီး မရှိသည်မှာ နှမြောစရာပင်။ ထိုခွေးနက်ကြီးသည် ရှန်းယန်မြို့တွင် ကောင်းမွန်စွာ မနေခဲ့ဘဲ နောက်ဆုံး၌ ခြေရာလက်ရာမကျန် ထွက်ပြေးသွားခဲ့သည်ဟု ဆိုကြ၏။

မိသားစုစားသောက်ပွဲပြီးနောက် စာပေသူတော်စင်နှစ်ပါးက လုယွီကို နှုတ်ဆက်လိုက်ကြသည်။ သူတို့တွင် ကိုယ်ပိုင် အစီအစဉ်များ အသီးသီး ရှိနေသည်။

သူတော်စင်ရွှမ်သည် ကျီရှားကျောင်းတော် သို့ ပြန်သွားသည်။ သူသည် တပည့်များကို ကျယ်ကျယ်ပြန့်ပြန့် ခေါ်ယူပြီး လူသားမျိုးနွယ်၏ အလုံးစုံစွမ်းအားကို မြှင့်တင်ရန်အတွက် တံခါးပိတ်ကျင့်ကြံခြင်း မပြုတော့ရန် ဆုံးဖြတ်လိုက်သည်။

သူတော်စင်ရီကမူ လောကနှစ်ခုတောင်တန်းသို့ ပြန်ရပေမည်။ ယခုတစ်ကြိမ်တွင် သူ၏ ခန္ဓာကိုယ်အစစ်အမှန်ဖြင့် လာရောက်ခဲ့ခြင်းဖြစ်ရာ အရာအားလုံး စိတ်ချရစေရန် အမြန်ဆုံး ပြန်သွားရပေမည်။

"လုယွီ....အနာဂတ်မှာ ငါတို့ ပြန်ဆုံတွေ့ကြအုံးမှာပါ"

သူတော်စင်ရွှမ်သည် လေထဲမှတဆင့် ပျံသန်းထွက်ခွာသွားပြီး သူတော်စင်ရီကလည်း နှုတ်ဆက်စကား ဆိုလေသည်။

လုယွီသည် သူတို့ကို ရှန်းယန်မြို့ပြင်အထိ လိုက်လံပို့ဆောင်ပြီးနောက် မဟာချင်နန်းတော် တည်ဆောက်မှု ပြီးစီးမည့်အချိန်ကို စောင့်ဆိုင်းရန် ရှန်းယန်မြို့တွင် ကျန်ရစ်ခဲ့သည်။

ရှန်းယန်မြို့၏မြောက်ဘက်တွင် မဟာချင်နန်းတော်ကို စတင်၍ တည်ဆောက်နေလေပြီ။

ဤနန်းတော်အတွက် ဆောက်လုံးရေးကို တာဝန်ယူထားသည်မှာ အလုပ်သမားရေးရာ အမတ်ကြီး လျှူပင်းကျုံးပင်။ မိုးမြေဖျက်ဆီးနန်းတော် ကို တည်ဆောက်ပြီးနောက် လုယွီ၏ချီးကျူးမှုကို ရရှိခဲ့ကတည်းက သူ၏စိတ်နှလုံးသား အကြီးအကျယ် လှုပ်ရှားနေခဲ့သည်။ သူသည် မဟာချင်နန်းတော် တည်ဆောက်ခြင်းကို သူ့ဘဝ၏ အကြီးမားဆုံး ရည်မှန်းချက်အဖြစ် သတ်မှတ်ထားသည်။ ဤအတွက်ကြောင့် သူသည် ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် နေထိုင်သကဲ့သို့ ဖြစ်နေပြီး သူ၏ တောက်ပသော အနီရောင် အရာရှိဝတ်ရုံကို အလုပ်သမားသုံး အဝတ်ကြမ်းများနှင့် လဲလှယ်ဝတ်ဆင်ထားပေ၏။ သူ့ထံ၌ အတွင်းဝန်ကြီးများအဖွဲ့မှ အကြီးအကဲတစ်ယောက်၏ အမူအယာမျိုး လုံးဝမကျန်တော့ချေ။

သို့သော် လတ်တလော တည်ငြိမ်နေခြင်းသည် အေးချမ်းသည်ဟု မဆိုလိုပေ။

လုယွီက ဗုဒ္ဓအရှင်ထောင်ပေါင်းများစွာကို သတ်ဖြတ်ခဲ့သည့် သတင်းသည် နောက်ဆုံးတွင် ပျံ့နှံ့သွားခဲ့သည်။

ကောင်းကင်ဘုံနယ်မြေတခွင်လုံးမှ လူများအားလုံး ထိတ်လန့်တုန်လှုပ်သွားကြ၏။ ဗုဒ္ဓဂိုဏ်းတွင် ထိပ်သီးအစွမ်းထက်ပုဂ္ဂိုလ်များ ယုံကြည်ကိုးကွယ်သူများနှင့် အမြဲတစေ ပြည့်နှက်နေခဲ့သည်။ ထိုက်ချမ်ဧကရာဇ်ကဲ့သို့ စွမ်းအားကြီးသော ဧကရာဇ်များပင်လျှင် ဗုဒ္ဓဂိုဏ်းကို စစ်ခင်းခြင်း မပြုခဲ့ကြချေ။

မိုးမြေဖျက်ဆီးနန်းတော်၏အပြင်ဘက်တွင် ဗုဒ္ဓအလောင်းများသည် တောင်လိုပုံနေပြီး အလွန်အမင်း ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းသည်။ လုယွီသည် သူ၏လုပ်ရပ်များဖြင့် ဗုဒ္ဓဂိုဏ်းကို စစ်ကြေညာနေခြင်းပင်။

"စည်းမျဥ်းမရှိဘဲ ရှုပ်ထွေးနေတဲ့ ဧကရာဇ်က ဗုဒ္ဓအရှင်တွေကို မလေးမစား လုပ်ရဲတယ်ပေါ့"

"ဒါ...ဒါ...ဒါက အရမ်းဒေါသထွက်စရာပဲ....သူက ဘယ်လိုတောင် လုပ်ရဲတာလဲ"

ကောင်းကင်နှင့်မြေပြင်ကြားတွင် မရေမတွက်နိုင်သော ဗုဒ္ဓဂိုဏ်းကျင့်ကြံသူများ ဒေါသထွက်နေကြသည်။ ဘုန်းတော်ကြီးတချို့သည် ရှေ့ထွက်လာပြီး လုယွီကို ပြစ်တင်ရှုတ်ချကြ၏။

ထိုဘုန်းတော်ကြီးများသည် များသောအားဖြင့် ဉာဏ်အလင်းရထားသော ထင်ရှားသည့် ဘုန်း​တော်ကြီးများဖြစ်ပြီး နောက်လိုက်အမြောက်အများ ရှိကြရာ မကြာမီမှာပင် အတော်အသင့် ကြီးမားသော လှုပ်ရှားမှုကြီးတစ်ခု ဖြစ်ပေါ်လာသည်။

"သမိုင်းတလျှောက်မှာ ဧကရာဇ်တွေက ဗုဒ္ဓကို လေးစားကိုးကွယ်ခဲ့ကြတယ်...ငါတို့ရဲ့ ဗုဒ္ဓက သက်ရှိသတ္တဝါအားလုံးကို ကယ်တင်တဲ့ မေတ္တာရှင်ပဲ...ဒါက လုယွီရဲ့ အမှောင်ဘက်ခြမ်းနဲ့ ပဋိပက္ခ ဖြစ်နေတာပဲ....ဒီလူ ထွက်ပေါ်လာတာနဲ့ လောကကြီးထဲမှာ ပဋိပက္ခတွေ ဖရိုဖရဲဖြစ်မှုတွေကို လှုံ့ဆော်ပြီး မရေမတွက်နိုင်တဲ့ သေဆုံးဒဏ်ရာရမှုတွေကို ဖြစ်စေခဲ့တယ်... ဒီဘုန်းတော်ကြီးရဲ့အမြင်အရတော့ ဒီလူက ဒီလောကကြီးရဲ့ အကြီးမားဆုံး နတ်ဆိုးပဲ"

ထင်ရှားကျော်ကြားသော ဘုန်းတော်ကြီးတစ်ပါးက ယုံကြည်ချက်ရှိစွာ ပြောဆိုလိုက်သည်။

ဤသည်မှာ မရေမတွက်နိုင်သော ယုံကြည်သူများ၏ ဒေါသကို ဆွပေးလိုက်သကဲ့သို့ ဖြစ်သွားပြီး နေရာအနှံ့အပြားရှိ မဟာချင်အုပ်ချုပ်ရေးရုံးတော်များနှင့် တပ်စခန်းများအပေါ် သူတို့၏ဒေါသများကို ပုံချလိုက်ကြ၏။

Chapter 5304

စီရင်စုရုံးတော် အမြောက်အများ၏ တံခါးများတွင် ညစ်ပတ်သောရေများနှင့် ပက်ခံရပြီး ဆေးကြော၍ မစင်ကြယ်နိုင်အောင် ဖြစ်နေသည်။

တသီးတခြား ဖြစ်နေသော ချင်စစ်သည်တချို့သည်လည်း အစွန်းရောက် ဗုဒ္ဓဂိုဏ်းဝင်များ၏ တိုက်ခိုက်ခြင်းကိုခံရပြီး ဒဏ်ရာများနှင့်သွေးအလိမ်းလိမ်း ဖြစ်နေကြ၏။

"အဲဒီနေ့က တော်ဝင်မြို့တော် အပြင်ဘက်က သွေးရောင်အလင်းတန်းက မဟာဗုဒ္ဓအရှင်ရဲ့အမျက်ဒေါသပဲ...သူက ဗုဒ္ဓကို ဒေါသထွက်စေခဲ့လို့ သူ့အမှားကို သတိပြုမိပြီး ပြင်ဆင်နိုင်အောင် ပြစ်ဒဏ်ချမှတ်ခဲ့တာ ...ဒီလူက နတ်ဆိုးလမ်းစဉ်ကို ဒီလောက်ထိ နက်နက်ရှိုင်းရှိုင်း ရောက်နေပြီးတော့ ဗုဒ္ဓအရှင်တွေကိုတောင် သတ်ဖြတ်ခဲ့မယ်လို့ ဘယ်သူက သိမှာလဲ...ဒါက တိရစ္ဆာန်တစ်ကောင်ရဲ့ အပြုအမူပဲ"

"မဟာဗုဒ္ဓအရှင်ကို မလေးစားရင် သူက နတ်ဆိုးပဲ...သူက နတ်ဆိုးဆိုရင် လူတွေအားလုံးက သူ့ကို သတ်ဖြတ်သင့်တယ်...လုယွီကို သတ်မှပဲ လူသားမျိုးနွယ် စည်ပင်ဝပြောပြီးတော့ လောကကြီး အေးချမ်းလိမ့်မယ်"

"ကောလာဟလတွေအရ သူက ပြင်ပကောင်းကင်ဘုံကနေ ဓားတစ်လက် ရထားတယ်တဲ့....အဲဒီဓားက အစက မဟာဗုဒ္ဓအရှင်က ပိုင်ဆိုင်တာ...ဒါပေမယ့် သူက ယုတ်မာတဲ့ နည်းလမ်းနဲ့ အတင်းအကြပ် လုယူသွားခဲ့တာ"

ဗုဒ္ဓဂိုဏ်းမှ ကျင့်ကြံသူအမြောက်အများ၏ သွေးထိုးလှုံ့ဆော်မှုကြောင့် အမှန်တရားကို မသိနားမလည်သော လူအများသည် ကောလာဟလများကို ယုံကြည်လာကြပြီး လုယွီကို ပြင်းပြင်းထန်ထန် ဆန့်ကျင်လာကြသည်။

"ချင်ဧကရာဇ်လုယွီ ဓားကိုပြန်ပေးစမ်း"

"မဟာဗုဒ္ဓအရှင် ပိုင်ဆိုင်တဲ့အရာကို ပြန်ပေးစမ်း"

ဘုန်းတော်ကြီးတစ်ပါးက တရားမျှတသောဟန်ပန်ဖြင့် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

သို့ရာတွင် လုယွီကမူ သူတို့ကို ဂရုမစိုက်ချေ။ သူသည် သူ၏မိသားစုနှင့် အတူနေထိုင်ရင်း အင်ပါယာသစ်၏ကိစ္စအဝဝကို ကိုင်တွယ်ဖြေရှင်းနေသည်။

သို့ရာတွင် အင်ပါယာတဝှမ်းရှိ ဗုဒ္ဓဂိုဏ်းသည် ထိန်းထိန်းသိမ်းသိမ်း မရှိသည့်အပြင် သူတို့၏ လုပ်ရပ်များကို ပို၍အရှိန်မြှင့်တင်လာကြသည်။

"လုယွီက ဘာလို့ ဒီလောက် မြန်မြန်ကြီးထွားလာနိုင်တာလဲဆိုရင် သူက နတ်ဆိုးတွေရဲ့ပူးကပ်တာကို ခံထားရလို့ပဲ....သူက ဒီလောကကြီးရဲ့ အကြီးမားဆုံး နတ်ဆိုးပဲ"

"ကောင်းကင်ဘုံက အင်မော်တယ်ဓားက သီလရှိတဲ့သူနဲ့ပဲ ထိုက်တန်တယ်...ဒီလောကကြီးမှာ သီလအရှိဆုံးက မဟာဗုဒ္ဓအရှင်ကလွဲပြီး ဘယ်သူရှိအုံးမှာလဲ"

ထိုစကားများကို ကြားချိန်၌ လုယွီသည် ခေါင်းခါယမ်းလိုက်ကာ သူ၏မျက်လုံးများတွင် အေးစက်စက်အလင်းရောင်များ ဖြတ်ပြေးသွားသည်။

"ဗုဒ္ဓက အင်မော်တယ်ကွပ်မျက်ဓားကို လက်လျှော့အရှုံးပေးမယ့်ပုံ မပေါ်ဘူးပဲ"

ပြင်ပကောင်းကင်ဘုံမှ ဆင်းသက်လာသော ဤအင်မော်တယ်ဓားသည် ယုံကြည်နိုင်စရာမရှိလောက်အောင် အစွမ်းထက်သော စွမ်းအားကို ပိုင်ဆိုင်ထားသည်။ မဟာချင်၏လက်ရှိ ခိုင်မာသော ကံကြမ္မာစွမ်းအားကို ကြည့်ခြင်းအားဖြင့် ဤအချက်ကို အနည်းငယ် ရိပ်စားမိနိုင်သည်။

လုယွီသည် စားပွဲခုံကိုလက်ချောင်းဖြင့် ခေါက်လိုက်သည်။ ထို့နောက် ​​တော်ဝင်အမိန့်တော်တစ်ခုသည် မှော်စွမ်းအားဖြင့် ပျံ့လွင့်သွားပြီး ချက်ချင်းထွက်ပေါ်လာသည်။

"မဟာချင်ဧကရာဇ် အမိန့်တော်...ဗုဒ္ဓဂိုဏ်းကို သုတ်သင်ရှင်းလင်းစေ"

မဟာချင်အင်ပါယာ အတွင်း၌ တရားဝင်စာရင်းမသွင်းထားသော ဗုဒ္ဓဂိုဏ်း၏ ဘုရားကျောင်းများကို ဖြိုဖျက်ပြီး အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်များကို ဖျက်ဆီးရန် အမိန့်ပေးခဲ့သည်။ ထို့ပြင် ဘုရားကျောင်းများက ပိုင်ဆိုင်သော ပစ္စည်းဥစ္စာများ ခြံမြေများနှင့် ငွေစာရင်းဌာနများကို သိမ်းဆည်းလိုက်၏။ ထို့နောက် ဘုရားကျောင်းများက ထိန်းသိမ်းထားသော အစေခံများနှင့် လုပ်သားများအားလုံးကို လွှတ်ပေးရန် အမိန့်ထုတ်လိုက်သည်။

ထိုမျှသာမက တရားရေးဝန်ကြီးဌာနနှင့် တာ့လီဘုရားကျောင်းတို့သည် တရားမဝင် လုပ်ဆောင်မှုများ ပြုလုပ်နေသော ဘုန်းတော်ကြီးများကို စုံစမ်းစစ်ဆေးရန် အရပ်မျက်နှာအနှံ့အပြားသို့ထွက်ခွာသွားကြသည်။ ရာဇဝတ်မှုကျူးလွန်ပြီး ဥပဒေချိုးဖောက်သော မည်သူမဆို ပြင်းထန်စွာ အပြစ်ပေးခြင်း ခံရပေမည်။

အရပ်မျက်နှာအသီးသီးမှ ချင်စစ်တပ်သည် အမိန့်ကို စောစီးစွာ ရရှိထားပြီးဖြစ်သောကြောင့် ကျားများ ဝံပုလွေများကဲ့သို့ နေရာအနှံ့အပြားရှိ ဘုရားကျောင်းများသို့ ဝင်ရောက်စီးနင်းကာ ရှာဖွေဖမ်းဆီးမှုများကို ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်ကြသည်။

ဤအချိန်တွင် မဟာချင်အင်ပါယာအတွင်း၌ စာရင်းသွင်းထားသော ဘုရားကျောင်းသုံးထောင်နှစ်ရာကျော်သာ ကျဲပါးစွာ ကျန်ရှိတော့သည်။ ထိုဘုရားကျောင်းများမှ ဘုန်းတော်ကြီးများသည် ဗုဒ္ဓကျမ်းစာများမှ ရှေးဟောင်းခေတ် ဗုဒ္ဓကျင့်ကြံသူများသာဖြစ်ပြီး လက်ရှိဘုရားကျောင်းဂိုဏ်းခွဲများနှင့် မတူညီကြချေ။

လုယွီသည် မည်သူ့ကိုမျှ မတရား မလုပ်ခဲ့ချေ။

စုံစမ်းစစ်ဆေးပြီးနောက် ဘုရားကျောင်းတိုင်းလိုလိုသည် မရေမတွက်နိုင်သော သွေးထွက်သံယို အမှုအခင်းများတွင် ပါဝင်ပတ်သက်နေကြသည်။ ဘုရားကျောင်းများ တည်ထောင်သည့် လုပ်ငန်းစဉ်တွင် မရေမတွက်နိုင်သော သတ်ဖြတ်မှုများ ပါဝင်နေလေ့ရှိပေ၏။ အေးချမ်းသော ဘုရားကျောင်းများဟု ထင်ရသော်လည်း နောက်ကွယ်တွင် ငွေအပ်နှံ့ဌာနများ လောင်းကစားရုံများနှင့် တခြားသော စီးပွားရေးလုပ်ငန်းအများအပြား၌ ပါဝင်ပတ်သက်နေသည်။

လက်ရှိ အတုအယောင်ဗုဒ္ဓဂိုဏ်း သည် ရှေးဟောင်း ဗုဒ္ဓဂိုဏ်း၏လမ်းစဥ်မှ အဝေးကြီး သွေဖည်သွားခဲ့လေပြီ။ သက်သတ်လွတ်စားပြီး ဗုဒ္ဓကျမ်းစာ ရွတ်ဖတ်ခြင်းသည် အပေါ်ယံသက်သက် ဖြစ်လာပြီး သူတို့၏ကိုယ်ကျိုးစီးပွားကသာ အရေးအကြီးဆုံး ဖြစ်လာသည်။

ချင်စစ်တပ်သည် ဘုရားကျောင်းတစ်ကျောင်းကို ဝင်ရောက်စီးနင်းတိုင်း အံ့အားသင့်ဖွယ်ရာ စည်းစိမ်ဥစ္စာများကို တွေ့ရှိရသည်။ မိုင်ပေါင်းတစ်ထောင်ပတ်လည်၌ မြေယာများ မြုံနေသော ဆင်းရဲသည့် ဒေသများတွင်ပင် ဘုရားကျောင်းများ၏ ကြွယ်ဝချမ်းသာမှုသည် ထိတ်လန့်တုန်လှုပ်ဖွယ် ကောင်းနေဆဲပင်။

"ငါတို့ နောက်ကွယ်မှာ စိတ်ဝိညာဥ်တောင် ရှိတယ်.... အာဏာရှင်ဧကရာဇ်...မင်းရဲ့ ကောင်းကင်အင်ပါယာ ပြိုလဲသွားတာကို လိုချင်နေတာလား"

ဘုန်း​တော်ကြီးတစ်ပါးက ရင်ကွဲလုမတတ် ဟိန်းဟောက်လိုက်သည်။ သူသည် လုယွီအကြောင်း မုသားများစွာကို နောက်ကွယ်တွင် လုပ်ကြံဖန်တီးခဲ့သော်လည်း လုယွီ အမှန်တကယ် လုပ်ရဲလိမ့်မည်ဟု တစ်ကြိမ်တစ်ခါမျှ တွေးထင်မထားခဲ့ချေ။

ဧကရာဇ်အပေါ် အသရေဖျက်မှုနှင့် အလွန်အမင်း မလေးစားသော ပြစ်မှုများအတွက် သူ့ကို ချင်စစ်တပ်က ကျင့်ကြံခြင်းစွမ်းအားများ ရုပ်သိမ်းလိုက်ပြီး ကြမ်းတမ်းအေးစက်သောဒေသသို့ အလုပ်ကြမ်းလုပ်ရန် ပြည်နှင်ဒဏ် ပေးလိုက်၏။

"ဟုတ်လား....ဒါဆိုရင် မင်းတို့ရဲ့နောက်ကွယ်က အထောက်အပံ့ကို ငါ ဖျက်ဆီးပေးမယ်"

လုယွီက လျစ်လျူရှုသည့်ဟန်ဖြင့် တုံ့ပြန်လိုက်ပြီး စိတ်ဝိညာဥ်တောင် မြင့်မြတ်နယ်မြေသို့ ထွက်ခွာသွားသည်။

ကြီးမားသော နဂါးနက်ကြီး ဆင်းသက်လာပြီး နဂါးဟိန်းသံတစ်သံက စိတ်ဝိညာဥ်တောင် အပြင်ဘက်တွင် ပဲ့တင်ထပ်သွားသည်။ လုယွီသည် နဂါးနက်ကြီး၏ကျောပေါ်တွင် မတ်တတ်ရပ်နေပြီး သူ၏အမူအယာသည် အေးစက်တင်းမာနေပေ၏။

ကောင်းကင်နှင့်မြေပြင်ကြားတွင် ဆူညံပွက်လောရိုက်သည်အထိ အော်ဟစ်နေကြသော ဘုန်းတော်ကြီးများအားလုံး အံ့အားသင့်သွားကြသည်။ လုယွီသည် စိတ်ဝိညာဥ်တောင်သို့ ကိုယ်တိုင်ကိုယ်ကျ လာရဲလိမ့်မည်ဟု သူတို့ တစ်ကြိမ်တစ်ခါမျှ ထင်မှတ်မထားခဲ့ကြချေ။

Chapter 5305

ချင်ဧကရာဇ်သည် စိတ်ဝိညာဥ်တောင် မြင့်မြတ်နယ်မြေသို့ ဆင်းသက်လာသဖြင့် ကောင်းကင်ဘုံနယ်မြေတခွင်လုံး ထိတ်လန့်တုန်လှုပ်သွားသည်။

မရေမတွက်နိုင်သောလူများ၏ အကြည့်များသည် လုယွီ၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာသည်။ မဟာချင်ကောင်းကင်အင်ပါယာသည် ယခုမှ တည်ထောင်ခါစ ရှိသေးသော်လည်း ဗုဒ္ဓဂိုဏ်းကဲ့သို့ ရှေးဟောင်းတည်ရှိမှုကြီးနှင့် ထိပ်တိုက်တွေ့ဆုံရန် ရွေးချယ်လိုက်ခြင်းက လူများအားလုံးကို ထိတ်လန့်တုန်လှုပ်သွားစေသည်။

ထိုက်ချန်ဧကရာဇ်ကဲ့သို့ စွမ်းအားကြီးသော ဧကရာဇ်များပင်လျှင် စိတ်ဝိညာဥ်တောင်ကို ချိတ်ပိတ်ရုံမျှသာ ပြုလုပ်ထားခဲ့ပြီး ဗုဒ္ဓဂိုဏ်း အပေါ် အရေးယူမှုများစွာ မပြုလုပ်ခဲ့ကြချေ။

နဂါးနက်ကြီးသည် မိုးကောင်းကင်ကို ဖြတ်ကျော်၍ ပျံသန်းလာပြီး စူးရှသော သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ ထုတ်လွှတ်ထားကာ နဂါးမျက်လုံးတစ်စုံသည် အဝေးရှိ စိတ်ဝိညာဥ်တောင် မြင့်မြတ်နယ်မြေကို တန်းတန်းမတ်မတ် စိုက်ကြည့်နေသည်။

ပြင်းထန်သော ဖိအားအရှိန်အဝါတစ်ရပ်သည် စိတ်ဝိညာဥ်တောင် မြင့်မြတ်နယ်မြေ၏ အရပ်လေးမျက်နှာကို လွှမ်းခြုံသွားပေ၏။ ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများသည် ဆောင်းတွင်းမှ ပုစဉ်းရင်ကွဲများကဲ့သို့ တိတ်ဆိတ်နေကြကာ အနားသို့ မချဥ်းကပ်ရဲကြပေ။

"ဒီလူက အခု ဘယ်အဆင့်ထိ ကျင့်ကြံထားပြီးပြီလဲ"

"အဲဒီတုန်းက နတ်ဘုရားအမတ်ကြီးရှကွေ့ကျုံးက ဒီလူရဲ့လက်ထဲမှာ သေခဲ့ရတယ်....ကျိုးမိသားစုတောင် ခေါင်းငုံ့ပြီး အညံ့ခံခဲ့ရတယ်"

"သူက အခု အသက်ဘယ်လောက်ရှိသေးလို့လဲ... ဘယ်လိုလုပ်ပြီးတော့ ဒီအဆင့်ထိရောက်အောင် ကျင့်ကြံနိုင်ခဲ့တာလဲ"

မရေမတွက်နိုင်သော လူများသည် အချင်းချင်း စကားပြောဆိုနေကြပြီး လုယွီ၏စွမ်းအားကို အံ့အားသင့်နေကြ၏။ တချိန်တည်းမှာပင် လုယွီ နောက်ထပ်ဘာဆက်လုပ်မည်ကို သူတို့ စောင့်ကြည့်လိုကြသည်။

နက်ရှိုင်းသော အမွေအနှစ်ရှိသည့် ဗုဒ္ဓဂိုဏ်း နှင့် ယှဉ်လျှင် လုယွီ၏အခြေခံအုတ်မြစ်သည် အနည်းငယ် အားနည်းနေသည်။

"ချင်ဧကရာဇ်က ငါ့ရဲ့မြင့်မြတ်နယ်မြေကို ကျူးကျော်ပြီး ဝင်လာရဲတယ်... ဒါက တကယ့်ကို ကြီးလေးတဲ့ ရာဇဝတ်မှုပဲ....သူ ဒီအတွက် တန်ကြေးပြန်ပေးဆပ်ရလိမ့်မယ်"

အဆင့်မြင့်ဘုန်းတော်ကြီးတစ်ပါးသည် ယခင်က ကြင်နာတတ်သော အမူအယာကို စွန့်လွှတ်လိုက်ပြီး မျက်လုံးအပြူးသားဖြင့် ဒေါသတကြီး အော်ဟစ်လိုက်ရာ သူ၏အသံသည် အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားပေ၏။

သို့ရာတွင် ဤတစ်ကြိမ်၌ မည်သူမျှ သူ့ကို ပြန်လည်တုံ့ပြန်ရဲခြင်း မရှိကြဘဲ လူအများသည် ထိုအဆင့်မြင့်ဘုန်းကြီးကို ထူးဆန်းသောမျက်လုံးများဖြင့် ကြည့်နေကြသည်။

ဤသည်မှာ ဗုဒ္ဓဂိုဏ်းအတွက် ကြီးမားသော ကပ်ဘေးတစ်ခုပင်။ ချင်ဧကရာဇ်သည် တက်လှမ်းလာသည့် ခရီးတလျှောက်၌ ပြိုင်ဘက်ကင်းသော အနေအထားဖြင့် တည်ရှိမှုများအားလုံးကို ချေမှုန်းလာခဲ့သည်။ ဗုဒ္ဓဂိုဏ်း အနေဖြင့် ဘေးကင်းလုံခြုံစွာ ရှိနိုင်မည်ဟုတ်မဟုတ်ကို ပြောဆိုနိုင်ရန် အလွန်ခက်ခဲသည်။

လုယွီသည် နဂါးနက်ကြီးပေါ်တွင် ပလ္လင်ခွေထိုင်နေပြီး နောက်ထပ်မည်သည့်အရာကိုမျှ မလုပ်ဆောင်ချေ။ သို့ရာတွင် သူ၏ ပြိုင်ဘက်ကင်းသော ရက်စက်ကြမ်းကြုတ်သည့် ဧကရာဇ်အရှိန်အဝါသည် စိတ်ဝိညာဥ်တောင် မြင့်မြတ်နယ်မြေ၏နေရာတိုင်းကို ပြည့်နှက်သွားစေသည်။

ဤအချိန်တွင် စိတ်ဝိညာဥ်တောင် မြင့်မြတ်နယ်မြေ အတွင်း၌ ခေါင်းလောင်းသံများ ထပ်ခါတလဲလဲ မြည်ဟီးလာပြီး အရေးပေါ် အချက်ပေးသံများသည် နေရာတိုင်း၌ ပဲ့တင်ထပ်နေပေ၏။ မရေမတွက်နိုင်သော ဗုဒ္ဓဂိုဏ်းမှ ထိပ်သီးကျင့်ကြံသူများ စုဝေးရောက်ရှိလာပြီး အသင့်ပြင်ထားကြသည်။

မရေမတွက်နိုင်သော ရွှေရောင်အလင်းတန်းများကြားတွင် ဗုဒ္ဓသင်္ကေတများဖြင့် ပြည့်နှက်နေသည်။ ကြီးမားသော မှော်စွမ်းအားများ ထုတ်လွှတ်ထားသည့် ရွှေရောင်အလင်းတန်းများသည် စိတ်ဝိညာဥ်တောင်ကို ရစ်သိုင်းလွှမ်းခြုံထားသည်။ ဗုဒ္ဓကျင့်ကြံသူများသည် ဤဗုဒ္ဓဂိုဏ်း မြင့်မြတ်နယ်မြေကို ခံတပ်တစ်ခုအလား အခိုင်အမာ စောင့်ကြပ်နေကြသည်။

လုယွီသည် မြေပြင်ပေါ်တွင် ပလ္လင်ခွေထိုင်ကာ သူ၏လက်ကို အနည်းငယ်မြှောက်လိုက်ပြီး လက်စည်းတံဆိပ်တစ်ခုကို ပြင်းထန်စွာ ရိုက်ချလိုက်၏။ ထိုအရာသည် စိတ်ဝိညာဥ်တောင် မြင့်မြတ်နယ်မြေကို ဝန်းရံထားသော ရွှေရောင်အလင်းတန်း အကာအကွယ်ပေါ်သို့ ကျရောက်သွားသည်။

ဝုန်း....

စိတ်ဝိညာဥ်​တောင်တစ်တောင်လုံး တုန်ခါသွားပြီး အသံလှိုင်းများက အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသည်။

ထိုအကာအကွယ်ဝင်္ကပါကြီးကို ထိန်းချုပ်နေသော မရေမတွက်နိုင်သည့် ဗုဒ္ဓကျင့်ကြံသူများသည် သွေးအန်ကာ သတိလစ်မေ့မြောလုနီးပါး ဖြစ်သွားကြ၏။

ဤအချိန်တွင် ဗုဒ္ဓကျမ်းစာရွတ်ဖတ်သံတစ်ခုသည် အရပ်မျက်နှာအဘက်ဘက်၌ ပဲ့တင်ထပ်လာပြီး ဗုဒ္ဓအမည်နာမတော်တစ်ခုကို ရွတ်ဆိုကာ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

"နတ်ဆိုးတစ်ကောင်က စိတ်ဝိညာဥ်တောင်ကို ရောက်လာပြီ.... ဒါက ငါတို့ဗုဒ္ဓဂိုဏ်းအတွက် အကြီးမားဆုံး စမ်းသပ်မှုပဲ....လူတိုင်းက ဗုဒ္ဓဂိုဏ်းရဲ့ မြင့်မြတ်နယ်မြေကို ကာကွယ်ဖို့ အကောင်းဆုံး လုပ်ဆောင်ကြပါ"

ဤသည်မှာ ဗုဒ္ဓအရှင်သုံးထောင်အနက်မှ တစ်ပါးဖြစ်သည့် မဟာရောင်စဉ်တော်ဗုဒ္ဓပင်။ သူ၏ခန္ဓာကိုယ်အစစ်အမှန်သည် လေဟာနယ်ထဲတွင် ထွက်ပေါ်လာပြီး ခံစစ်ဝင်္ကပါကို ဦးစီးနေသည်။

"ပိုရွှင် ဘယ်မှာလဲ...သူ့ကို ထွက်လာခိုင်းလိုက်စမ်း"

လုယွီ၏အသံသည် အေးစက်တင်းမာနေပြီး အပြင်ဘက်မှနေ စိတ်ဝိညာဥ်တောင်အတွင်းသို့ ဝင်ရောက်သွားကာ တဝုန်းဝုန်းမြည်သံများက်ု ဖြစ်ပေါ်စေသည်။

မဟာရောင်စဉ်တော်ဗုဒ္ဓသည် စကားမပြောဘဲ မျက်လုံးမှိတ်ကာ ကျမ်းစာများကို ရွတ်ဖတ်နေသည်။ သို့ရာတွင် လုယွီ၏လက်ချက်ကြောင့် ဒဏ်ရာအနည်းငယ် ရရှိထားသဖြင့် သူ၏ပါးစပ်ထောင့်မှ သွေးများယိုစီးကျလာသည်။

ဗုဒ္ဓကျမ်းစာရွတ်ဖတ်သံများသည် အရပ်မျက်နှာ အဘက်ဘက်၌ ပဲ့တင်ထပ်နေသည်။ စိတ်ဝိညာဥ်တောင် မြင့်မြတ်နယ်မြေရှိ မရေမတွက်နိုင်သော သက်ရှိများသည် မြေပြင်ပေါ်တွင် ဒူးထောက်ပြီး ညီညာသောအသံဖြင့် ဗုဒ္ဓကျမ်းစာများကို ရွတ်ဖတ်နေကြ၏။ သူတို့သည် လုယွီ၏ တိုက်ခိုက်မှုကို တားဆီးရန်အတွက် ပြင်းထန်သော စိတ်စွမ်းအားများကို ထုတ်လွှတ်ထားကြသည်။

သို့ရာတွင် လုယွီသည် ကြောက်ရွံ့ခြင်းမရှိဘဲ လက်ဝါးချက်များကို တစ်ချက်ပြီးတစ်ချက် ရိုက်နှက်နေဆဲပင်။ သူ၏လက်ဝါးချက်တိုင်းတွင် ပြင်းထန်သော စွမ်းအားများ ပါဝင်ပြီး သွေးစွမ်းအားနှင့်အင်မော်တယ်စွမ်းအားများ ရောယှက်နေကာ အလွန်ကြောက်မက်ဖွယ်ကောင်းသည်။

ထိုလက်ဝါးရိုက်ချက်တစ်ချက်စီတိုင်း၏အသံသည် ကြယ်တာရာကောင်းကင်ယံ၌ ပဲ့တင်ထပ်နေသည်။ စိတ်ဝိညာဥ်တောင် မြင့်မြတ်နယ်မြေ တည်ရှိရာ လင်းယုန်ကြယ်မြစ်သည် ချက်ချင်းဆိုသလိုပင် ရုတ်ရုတ်သဲသဲ ဖြစ်သွားပေ၏။

လူအများသည် ယခင်က အငြင်းပွားမှုများနှင့်နာကြည်းချက်များ အားလုံးကို ဤအချိန်တွင် ဘေးဖယ်ထားလိုက်ကြသည်။ မရေမတွက်နိုင်သော အင်အားစုများသည် ကင်းထောက် အမြောက်အများကို စေလွှတ်၍ စုံစမ်းစစ်ဆေးစေသည်။ လောကကြီးသည် မကြာခင် ပြောင်းလဲသွားတော့မည်ဟု သူတို့ ခံစားနေကြရသည်။

သူတို့ကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ ကြုံရခြင်းထက် ပို၍ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းသော အရာဟူ၍ မရှိတော့ချေ။ လူအမြောက်အများသည် လုယွီ၏လက်ဝါးရိုက်ချက်များကို ငေးမော၍ကြည့်ရှုနေကြ၏။ အကယ်၍ ဤလက်ဝါးစည်းတံဆိပ်သာ သူတို့အပေါ်သို့ ကျရောက်လာပါက သူတို့ကို လူ့လောကမှ ချက်ချင်းပျောက်ကွယ်သွားစေလိမ့်မည်ဟု ခံစားနေကြရသည်။

Thank For Reading.

All Chapters