ဝူရှန်ဂိတ်
Vol. 12 Ch. 113
လီစစ်ဖုန်း၏ ခံစားချက်များကို အတည်ပြုပြီးနောက် လီချင်းချိုး ထိုကိစ္စအတွက် စိတ်မပူတော့ပေ။ လီစစ်ဖုန်းဘက်က လက်ထပ်ရန် အလျင်လိုခြင်း မရှိဘဲ တစ်နှစ်စောင့်ရန် အစ်ကိုကြီး၏ အစီအစဉ်ကို လိုက်နာခဲ့သည်။ သူ ထိုကာလအတွင်း ကိုယ်ပိုင် စွမ်းအားကိုလည်း မြှင့်တင်နိုင်ခဲ့သည်။
လီစစ်ဖုန်း ထိုနေ့မှစ၍ စွမ်းရည်များကို ဝီရိယရှိရှိ စတင် ကျင့်ကြံလာသည်။ ဤပြောင်းလဲမှုက ရှီးလျန့်ခန်းမမှ တပည့်များကို စိတ်ဓာတ်တက်ကြွစေခဲ့သည်။ ယခင်က လီစစ်ဖုန်း အကြာကြီး ပျောက်ကွယ်နေခြင်းကြောင့် ရှီးလျန့်ခန်းမ၏ စွမ်းဆောင်ရည် အနည်းငယ် လျော့ရဲခဲ့ပြီး ခန်းမကြီး ၇ ခုတွင် အဆင့်အနိမ့်ဆုံး ဖြစ်ခဲ့သည်။
လီစစ်ဖုန်းက ကျင့်ကြံမှုကို ဦးဆောင်ပြီး ဓားပျံတစ်ဆယ့်သုံးလက် အဖွဲ့ပါ ပူးပေါင်းလိုက်သဖြင့် ရှီးလျန့်ခန်းမသည် နောက်ဆုံးတွင် အသွင်ပြောင်းလဲရန် အသင့် ဖြစ်နေပြီ ဖြစ်သည်။
ချင်းရှောင်ဂိုဏ်း ပုံမှန် ဖွံ့ဖြိုးတိုးတက်နေပြီး ဖေဖော်ဝါရီလ ကုန်တွင် လီချင်းချိုးက ခန်းမကြီး ၇ ခုကို တပည့် ၁၀ ဦးစီ ထပ်မံ လက်ခံရန် ခွင့်ပြုလိုက်ရာ ဂိုဏ်းအတွင်း လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားခဲ့သည်။
ခန်းမကြီး ၇ ခုမှ တပည့်များ၏ ခံစားခွင့်က တပည့်ရင်းလောက် မကောင်းမွန်သော်လည်း အတွင်းစည်းတပည့်ထက် များစွာ သာလွန်နေသေးသည်။ သူတို့တွင် ငွေကြေးသာမက အာဏာပါ ရှိသဖြင့် တပည့်အများစု ယှဉ်ပြိုင်လိုသော အဆင့်အတန်း ဖြစ်နေသည်။
တောအုပ်ထဲတွင်.
ကျောက်ကျိန်းနှင့် လီရန်တို့ နတ်နဂါးအသွင်ပြောင်းခြင်း ပညာဖြင့် ယှဉ်ပြိုင်နေကြသည်ကို လီချင်းချိုး ကြည့်နေသည်။ ရွှေနဂါးနှစ်ကောင် အကြိမ်ကြိမ် ဝင်တိုက်မိပြီး တောအုပ်ကို တုန်ခါစေကာ ဖုန်မှုန့်များ လွင့်ပျံစေသည်မှာ ခမ်းနားသော မြင်ကွင်းတစ်ခု ဖြစ်သည်။
လီချင်းချိုး၏ ဝတ်ရုံနှင့် ဆံပင်နက်များလည်း လေတိုက်၍ ပြင်းထန်စွာ လွင့်ပျံနေသည်။
လီချင်းချိုး ဘေးတွင် ရပ်နေသော ကျန်းယွီချွန်းကလည်း ကျောက်ကျိန်းနှင့် လီရန်တို့ နတ်နဂါးအသွင်ပြောင်းခြင်း ပညာဖြင့် တိုက်ခိုက်သည်ကို ယခင်က မြင်ဖူးသည်။ အစပိုင်းတွင် သူ အံ့သြသွားသော်လည်း အကြိမ်ကြိမ် ကြည့်ပြီးနောက် သိပ်မအံ့သြတော့ပေ။ သို့သော် သူ့အကြည့်များက ထိုဘက်သို့ ရောက်နေဆဲပင်
ကျောက်ကျိန်းက ဂါထာအဖြစ် ပြောင်းလဲလိုက်ပြီးနောက် နတ်နဂါးအသွင်ပြောင်းခြင်း ပညာက အလွန် ဖျော်ဖြေမှု ကောင်းသည်ဟု ပြောရမည်။ ကျန်းယွီချွန်းပင် သင်ယူချင်ခဲ့သော်လည်း ကံဆိုးစွာဖြင့် ကျောက်ကျိန်း၏ လျှို့ဝှက်သိုင်းကျမ်း ရှိသော်လည်း သူ ဘယ်လောက် ကြိုးစားကြိုးစား မတတ်မြောက်နိုင်ခဲ့ပေ။
"အစ်ကိုကြီး... အဲဒီမိသားစုကြီးတွေက တကယ် ဖြုန်းတီးလွန်းတယ်... ခန်းမကြီး ၇ ခုက နေရာတစ်နေရာ အတွက် ရွှေချောင်း သောင်းနဲ့ချီ သုံးရဲကြတယ်... ဒါက တပည့်ဘယ်နှယောက်လောက်ကို ထောက်ပံ့လို့ ရလိုက်မလဲ..."
ကျန်းယွီချွန်း ဒေါသထွက်နေချေပြီ။ မိသားစုကြီးများနှင့် ပတ်သက်လေလေ ကမ္ဘာလောကကြီး ရက်စက်ကြမ်းကြုတ်ကြောင်း ပိုမို ခံစားလာရလေ ဖြစ်သည်။ မိသားစုကြီးများ၏ ကြွယ်ဝချမ်းသာမှုများက သာမန်လူများ စိတ်ကူး၍ပင် မရနိုင်လောက်အောင်ပင် များပြားလှသည်။ တပည့်အများစုက ကျောင်းမနေဖူးကြသဖြင့် သူတို့ ပစ်ပေးလိုက်သော ငွေပမာဏကိုပင် ရေတွက်နိုင်မည် မဟုတ်ပေ။
"ဒီကိစ္စတွေက ရှောင်လွှဲလို့ မရဘူး... မင်း ငြင်းနိုင်ပေမဲ့ တခြားသူတွေလည်း ငြင်းမယ်လို့ အာမမခံနိုင်ဘူး..."
တာ့လီမင်းဆက်တွင် ရွှေအလေးချိန်က ယခင် မင်းဆက်များနှင့် ကွဲပြားပြီး ရှေးခေတ်ကမ္ဘာနှင့် ပိုမို ဆင်တူသည်။ ထို့အပြင် ရွှေသည် ရွှေစစ်စစ် မဟုတ်ဘဲ အထူးပြုလုပ်ထားသော ရွှေနီ ဖြစ်သည်။ ရွှေချောင်း တစ်သောင်းသည် ပိဿာ တစ်ထောင်ခန့် အလေးချိန် ရှိသည်။ သို့တိုင်အောင် ၎င်းသည် အလွန် များပြားသော ပိုင်ဆိုင်မှု ဖြစ်နေဆဲပင်။
"ဒါဆို ဘာလုပ်မလဲ... တကယ်လို့ ဒီလို အစဉ်အလာ ဖြစ်သွားရင် မိသားစုကြီးတွေက သူတို့ လုပ်ချင်တာ လုပ်လို့ ရသွားမှာ မဟုတ်ဘူးလား..."
ကျန်းယွီချွန်း စိုးရိမ်တကြီး မေးလိုက်တော့.
"ဘာကိုကြောက်နေတာလဲ... ဒီကိစ္စကို ကျီဖှာခန်းမဆီ လွှဲလိုက်... မင်း စိုးရိမ်ပြီး ဝင်ပါဖို့ ကြိုးစားလေလေ ကျီဖှာခန်းမအတွက် ပိုခက်ခဲလေလေ ဖြစ်မှာ..."
လီချင်းချိုး ပြန်ဖြေလိုက်ချိန်မှာ ရွှေနဂါးနှစ်ကောင် ရပ်တန့်သွားကာ နဂါးချီစွမ်းအင်များ ပျောက်ကွယ်သွားပြီး ကျောက်ကျိန်းနှင့် လီရန်တို့၏ ပုံသဏ္ဍာန်မှန် ပေါ်ထွက်လာသည်ကို တွေ့လိုက်ရသည်။
"ကျီဖှာခန်းမ..."
ကျန်းယွီချွန်း မှင်သက်သွားပြီး ချိုင်ယွင်ရှန်း၏ ပုံရိပ်နှင့် အသံ သူ့စိတ်ထဲတွင် အလိုအလျောက် ပေါ်လာသဖြင့် စိုးရိမ်တကြီး မေးလိုက်လေသည်။
"ချိုင်ယွင်ရှန်းရဲ့ စိတ်တိုတတ်တဲ့ အကျင့်နဲ့ဆိုရင် လူတွေနဲ့ ရန်သူ ဖြစ်မသွားနိုင်ဘူးလား..."
"ရန်သူ ဖြစ်တော့ ဘာဖြစ်လဲ... ငါတို့ စည်းကမ်းကို ချိုးဖောက်ရဲတာက စိန်ခေါ်တာပဲ... ကဲ... ဒီကိစ္စအတွက် စိတ်မပူနဲ့... မင်းရဲ့ မူဝါဒတွေကိုပဲ ဆုပ်ကိုင်ထား... တစ်နေ့ကျရင် ချိုင်ယွင်ရှန်းက မင်းရှေ့ကို မင်းရဲ့ ပြစ်မှု သက်သေအထောက်အထားတွေ လာပစ်ချတာကို စောင့်မနေနဲ့..."
"ချင်းရှောင်ဂိုဏ်းက ကျွန်တော်တို့ဂိုဏ်းပါ... ငွေကြေးအတွက်နဲ့ ဂိုဏ်းရဲ့ အကျိုးစီးပွားကို ကျွန်တော် ဘယ်လိုလုပ် ထိခိုက်အောင် လုပ်မှာလဲ..."
"ခံစားချက်လို့ ခေါ်တဲ့ အရာတစ်ခု ရှိတယ်... ခံစားချက်ရဲ့ စွမ်းအားက ကြောက်စရာ ကောင်းတယ်... လူတွေကို မူဝါဒတွေ ပျောက်ဆုံးစေပြီး စိတ်နေသဘောထား ပြောင်းလဲသွားစေနိုင်တယ်..."
လီချင်းချိုး တိုးတိုးလေး ပြောလိုက်ပြီး ရှေ့တိုးကာ ကျောက်ကျိန်းတို့ဆီ လျှောက်သွားလိုက်သည်။
ကျန်းယွီချွန်း လီချင်းချိုး၏ စကားကို စဉ်းစားရင်း ရှေ့မတိုးဘဲ နေလိုက်သည်။
ကျောက်ကျိန်းက ခါးထောက်ပြီး ဂုဏ်ယူစွာ ပြုံးလိုက်ကာ
"ဘယ်လိုလဲ... ကျွန်တော့်ရဲ့ နတ်နဂါးအသွင်ပြောင်းခြင်းက ပိုသန်မာသေးတယ် မဟုတ်လား..."
လီရန် နဖူးပေါ်မှ ချွေးများကို သုတ်လိုက်ပြီး လေးစားအားကျစွာ ကြည့်ကာ.
"မင်းက တကယ်ပဲ ပိုသန်မာပါတယ်... ငါ စဉ်းစားမိတာက မင်း ခန္ဓာကိုယ်က သေးသေးလေး ရှိသေးတာ... ဘယ်လိုလုပ် ငါနဲ့ ကွာဟချက်ကို ထိန်းထားနိုင်တာလဲ..."
သူ့ကိုယ်ပိုင် ကြိုးစားအားထုတ်မှုနှင့် ရုပ်ပိုင်းဆိုင်ရာ အားသာချက်များဖြင့် ကျောက်ကျိန်းကို ကျော်တက်နိုင်မည်ဟု ထင်ခဲ့သော်လည်း ထိုသို့ မဟုတ်ခဲ့ပေ။
ကျောက်ကျိန်းသည် ၉ နှစ်သာ ရှိသေးသော်လည်း တိုက်ပွဲအတွင်း လီရန်ကို ကြီးမားသော ဖိအား ပေးနိုင်ခဲ့သည်။ ကျောက်ကျိန်းက သူ့လှုပ်ရှားမှု အားလုံးကို မြင်နိုင်သည်ဟုပင် ခံစားရပြီး တိုက်ခိုက်ရ ခက်ခဲစေသည်။
လီရန် အရှုံးပေးသည်ကို မြင်သောအခါ ကျောက်ကျိန်းက ချောင်းအနည်းငယ် ဟန့်လိုက်ပြီး.
"တကယ်တော့... ခင်ဗျားသာ နဂါးဝိညာဉ်ကို သုံးခဲ့ရင် ကျွန်တော် နိုင်ချင်မှ နိုင်မှာ..."
နဂါးဝိညာဉ် အကြောင်း ပြောရရင် သူ နားမလည်နိုင် ဖြစ်နေသည်။ ဒီအရာက သိုင်းပညာနှင့် မတူဘဲ တစ္ဆေတစ်ကောင်နှင့် ပိုတူနေသည်။
တစ္ဆေတွေကို လူတွေ အသုံးပြုလို့ ရတာလား...
ကျောက်ကျိန်း ဝေဝါးဝါး အကြံတစ်ခု ရလိုက်သည်။
"နဂါးဝိညာဉ် အကူအညီ ပါရင်တောင် မင်းကြီးပြင်းလာတဲ့အခါ မင်းကို အနိုင်ယူဖို့ ခက်ခဲလိမ့်မယ်..."
လီရန် ခေါင်းခါပြီး ရယ်မောလိုက်သည်။
အသက်အရွယ် ကွာခြားသော်လည်း သူတို့နှစ်ဦး အလွန် ရင်းနှီးကြပြီး ယခုအခါ ခွဲမရအောင် ဖြစ်နေကြသည်။ ဤအချက်က ကျောက်ကျိန်းကို ယွမ်လီနှင့် ဝေးကွာသွားစေပြီး လီရန်သည်လည်း ဝမ်းကွဲညီမနှင့် တွေ့ဆုံချိန် လျော့နည်းသွားစေသည်။
လီချင်းချိုးကလည်း တပည့်များ၏ ပုဂ္ဂိုလ်ရေး ဆက်ဆံမှုကို ဝင်ရောက် စွက်ဖက်ခြင်း မပြုခဲ့ပေ။ ကျောက်ကျိန်းနှင့် လီရန် ပိုမို ရင်းနှီးလာခြင်းက မကောင်းသော ကိစ္စ မဟုတ်ပေ။ အမြဲတမ်း တစ်ယောက်တည်း ဖြစ်နေသော ယွမ်လီအတွက်သာ သနားစရာ ကောင်းနေသည်။
"ငါလည်း နတ်နဂါးအသွင်ပြောင်းခြင်း ကို သင်ထားတယ်... မင်းတို့နှစ်ယောက် ပေါင်းပြီး ငါနဲ့ ယှဉ်ပြိုင်ကြည့်မလား..."
လီချင်းချိုး လျှောက်လာပြီး ပြောတော့ ကျောက်ကျိန်းနှင့် လီရန် အကြည့်ချင်း ဖလှယ်လိုက်ကြပြီး နှစ်ယောက်စလုံး၏ မျက်လုံးထဲတွင် စိတ်လှုပ်ရှားမှုများကို မြင်တွေ့လိုက်ရသည်။
ကျန်းယွီချွန်းကတော့ သူတို့ကို မနှောင့်ယှက်ဘဲ တိတ်တဆိတ် ထွက်ခွာသွားလေသည်။
...
မတ်လ အလယ်တွင် သတင်းတစ်ပုဒ်က ပြည်နယ်ကိုးခုကို မုန်တိုင်းအလား ဖြတ်သန်းသွားပြီး ချင်းရှောင်ဂိုဏ်းသို့လည်း ရောက်ရှိလာသည်။
သိုင်းလေ့ကျင့်ရေးကွင်း ရှေ့တွင် ပြိုင်ပွဲ စတင်မည်ကို စောင့်ဆိုင်းနေသော တပည့်များနှင့် ဘုရားဖူးများက ကမ္ဘာလောကကို တုန်လှုပ်စေသော အဖြစ်အပျက် တစ်ခုကို ဆွေးနွေးနေကြသည်။
"ကြားပြီးပြီလား... ဝေမင်းသားက ပြည်နယ်ခုနစ်ခု မဟာမိတ်တပ်ကို ဦးဆောင်ပြီး ကျုံးထျန်းစီရင်စုက ဝူရှန်ဂိတ်ကို တိုက်ခိုက်နေတာ ကြာပြီ... ဒါပေမဲ့ အခုထိ မသိမ်းနိုင်သေးဘူးတဲ့..."
"ကြားတာပေါ့... နန်းတွင်းမှာ စစ်သူကြီး တစ်ယောက် ရှိတယ်လို့ ပြောကြတယ်... သူက တိုက်ပွဲပေါင်း ၅၂ ပွဲ ဆက်တိုက် နိုင်ထားပြီး သိုင်းလောကက ပြိုင်ဘက်ကင်း ဆရာသခင်တွေတောင် သူ့ပြိုင်ဘက် မဟုတ်ဘူးတဲ့..."
"ဝူရှန်ဂိတ်ကိုတောင် မကျော်နိုင်ရင် နတ်ဆိုးဧကရာဇ်ကို ဘယ်လို ဖမ်းမလဲ..."
"ဟူး... မြောက်ဘက် သိုင်းလောကမှာ နတ်ဆိုးဂိုဏ်း သောင်းကျန်းနေတယ်... အရင်ကတော့ ဖုံးဖုံးဖိဖိ လုပ်ပေမဲ့ အခုတော့ နေ့ခင်းကြောင်တောင် ကလေးတွေကို ပြန်ပေးဆွဲပြီး မိသားစုလိုက် သတ်ဖြတ်နေကြပြီ... ဒီလောကကြီးက ပိုပိုပြီး ကြောက်စရာ ကောင်းလာပြီ..."
"အခုဆိုရင် ကုကျိုးစီရင်စုက အလုံခြုံဆုံး ပြည်နယ် ဖြစ်နေပြီပေါ့... ဒုက္ခသည်တွေ၊ မိသားစုကြီးတွေနဲ့ ကုန်သည်တွေ ကုကျိုးစီရင်စုဆီ ရွှေ့ပြောင်းလာနေကြတယ်..."
ယခုအချိန်တွင် လင်းရှောင်ခြံဝင်း အတွင်း၌ လီချင်းချိုးနှင့် ကျန်းယွီချွန်းတို့ စားပွဲရှည်တွင် ထိုင်နေကြပြီး မျက်နှာချင်းဆိုင်တွင် အမျိုးသား သုံးဦး ထိုင်နေကြသည်။ ထိုအထဲမှ တစ်ယောက်မှာ ချင်ယဲ့၏ ဖခင် ချင်ကျွယ် ဖြစ်သည်။
ချင်ကျွယ်က ဘေးမှ လူနှစ်ယောက်နှင့် အကြည့်ချင်း ဖလှယ်လိုက်ပြီးနောက်.
"ဂိုဏ်းချုပ်... ချင်းရှောင်ဂိုဏ်းက လောကီအရှုပ်အထွေးတွေထဲမှာ မပါဝင်ချင်ဘူးဆိုတာ ကျွန်တော် သိပါတယ်... ချင်းရှောင်ဂိုဏ်းက ငြိမ်းချမ်းတဲ့ နေရာပါ... ဒါပေမဲ့ ဘယ်သူမှ ကမ္ဘာ့ကပ်ဘေးကနေ မလွတ်မြောက်နိုင်ပါဘူး... နတ်ဆိုးဧကရာဇ် ကျောက်ကျိက တိုင်းပြည်ကို လစ်လျူရှုထားပြီး ပြည်သူတွေကို နှစ်သိမ့်မပေးတဲ့အပြင် နတ်ဆိုးဂိုဏ်းကို ပြည်သူတွေရဲ့ ကလေးတွေကို မဆင်မခြင် လိုက်ဖမ်းခိုင်းနေပါတယ်...နတ်ဆိုးဂိုဏ်းက ကုကျိုးစီရင်စုမှာ ကျူးလွန်ခဲ့တဲ့ မကောင်းမှုတွေကို ဂိုဏ်းချုပ်လည်း မှတ်မိဦးမှာပါ... မကြာခင်မှာ နတ်ဆိုးဂိုဏ်းက တောင်ဘက်ကို ဆင်းလာမှာ.. အဲဒီအချိန်ကျရင် ချင်းရှောင်ဂိုဏ်းက နတ်ဆိုးဂိုဏ်းနဲ့ တိုက်ခိုက်ရမှာကို ရှောင်လွှဲလို့ရမှာ မဟုတ်ဘူး.."
"ဝူရှန်ဂိတ်ကို ဖြိုခွင်းပြီး ကျန်းယန်ဧကရာဇ်မြို့တော်ကို တိုက်ခိုက်မှသာ နတ်ဆိုးဧကရာဇ်က သူ့အင်အား အားလုံးကို စုစည်းပြီး မဟာမိတ်တပ်နဲ့ အသေအကြေ တိုက်ခိုက်မှာ... တကယ်လို့ ချင်းရှောင်ဂိုဏ်းက ကျွမ်းကျင်သူ တစ်ယောက် စေလွှတ်ပြီး အဲဒီ နတ်ဆိုးစစ်သူကြီးကို သတ်ပေးနိုင်ရင် မဟာမိတ်တပ်တွေ အတားအဆီးမရှိ ရှေ့ဆက်နိုင်ပြီး နတ်ဆိုးဂိုဏ်းက ခံစစ်အနေအထား ရောက်သွားလိမ့်မယ်.... ဒါက လူအများကြီးကို ကယ်တင်ရာ ရောက်ပါတယ်..."
သူ့ဘေးမှ လူနှစ်ယောက်ကလည်း ထိုစကားကို ထောက်ခံကြသည်။ ဤလူနှစ်ယောက်က မတူညီသော မိသားစုကြီးများမှ လာကြပြီး ရိုးသားမှုကို ပြသသည့်အနေဖြင့် ရွှေငွေ ရတနာများဖြင့် ပြည့်နေသော သေတ္တာကြီးများကို ခြံဝင်းထဲတွင် ချပေးထားသည်။
လီချင်းချိုးက.
"အဲဒီ နတ်ဆိုးစစ်သူကြီး အကြောင်း ပိုပြောပြပါဦး... သူ ဘယ်လောက် စွမ်းအားကြီးလဲ..."
ချင်ကျွယ်၏ ဘယ်ဘက်ရှိ ဖေမိသားစုဝင်က ချက်ချင်းပင် ထိုမေးခွန်းကိုပြန်ဖြေပေးခဲ့သည်။
"အဲဒီ နတ်ဆိုးစစ်သူကြီး နာမည်က လျဲ့ဝူပါ... သူက ထိုက်ဝူဂိုဏ်းကနေ သိုင်းပညာ သင်ခဲ့ပြီး နောက်ပိုင်း စစ်တပ်ထဲပြီး နယ်စပ်မှာ ဆယ်နှစ်ကျော် တိုက်ပွဲဝင်ခဲ့ပါတယ်... အရင်က စွမ်းအားကြီးပေမဲ့ ဒီလောက်ကြီးတော့ မဟုတ်ပါဘူး... အခု သူ့ခွန်အားက အရမ်းသန်မာလွန်းလို့ နတ်ဆိုးတစ်ကောင်လိုတောင် တင်စားနေကြတယ်..... သူ့အသားကို ထိမှန်တဲ့ သာမန်မြားတွေဆိုရင် တန်းပြီး ပြန်ကန်ထွက်သွားတယ်... စစ်မြေပြင်မှာ သူက ငြင်းလို့မရတဲ့ အပြောင်းအလဲ တစ်ခုဖြစ်ပြီး သတ်ဖြတ်ဖို့အတွက် ထက်မြက်တဲ့ လက်နက်တစ်ခုလိုပဲ... သူ့ကို တိုက်ခိုက်နိုင်ရင် သူ့တိုက်ခိုက်ရေး စွမ်းရည်ကို ကန့်သတ်နိုင်ပြီး အသေအပျောက် လျှော့ချနိုင်မှာပါ..."
ထိုအဖြေကိုကြားပြီးနောက် လီချင်းချိုး စဉ်းစားခန်း ဝင်သွားသည်။
ချန်ဟွေ့လန်က ချွေ့မိသားစုအတွက် သိုင်းနတ်ဘုရားဆေးလုံး ဖော်စပ်ပေးခဲ့ဖူးကြောင်းနှင့် သိုင်းနတ်ဘုရားဆေးလုံး၏ အာနိသင်က လျဲ့ဝူ၏စွမ်းရည်နှင့် အလွန် ဆင်တူကြောင်း ပြောဖူးသည်ကို သူ သတိရလိုက်သည်။
ချင်ကျွယ်နှင့် အဖော်နှစ်ဦးတို့ လီချင်းချိုး၏အဖြေစကားကို စိုးရိမ်တကြီး စောင့်ဆိုင်းနေကြသည်။ ရှေ့တန်း အခြေအနေ အရေးကြီးနေသည်။ သူတို့တွေ ဂိုဏ်းပေါင်းစုံမှ ကျွမ်းကျင်သူ အများအပြားကို ဖိတ်ခေါ်ခဲ့သော်လည်း အားလုံး လျဲ့ဝူ လက်ချက်ဖြင့် သေဆုံးခဲ့ရသည်။ထို့ကြောင့် ချင်းရှောင်ဂိုဏ်းကသာ ယခုအခါ သူတို့၏ အကြီးမားဆုံး မျှော်လင့်ချက် ဖြစ်လာသည်။
"ခင်ဗျားတို့ ပြန်လို့ ရပြီ... မနက်ဖြန် ဝူရှန်ဂိတ်ကို လိုက်သွားဖို့ တစ်ယောက်ယောက် စီစဉ်ပေးလိုက်မယ်..."
ထိုစကားကို ကြားသောအခါ ချင်ကျွယ်နှင့် အခြားနှစ်ဦးတို့ အလွန် ဝမ်းသာသွားကြပြီး လီချင်းချိုးကို ကျေးဇူးတင်ကြောင်း အမြန် မတ်တတ်ရပ် ပြောလိုက်ကြသည်။
ကျန်းယွီချွန်းက သူတို့သုံးဦးကို နေရာချထားပေးရန် အောက်ထပ်သို့ ချက်ချင်း ခေါ်ဆောင်သွားပြီး လီချင်းချိုးကမူ ထိုင်ခုံပေါ်တွင် ထိုင်လျက် ဘယ်သူ့ကို လွှတ်ရမလဲ စဉ်းစားနေသည်။
ဒါက ချင်းရှောင်ဂိုဏ်းရဲ့ သိုင်းပညာကို မြှင့်တင်ဖို့ အခွင့်အရေးကောင်းပဲ... ဒုက္ခရောက်နေတဲ့ ပြည်သူတွေကို ကယ်တင်တဲ့ နည်းလမ်းလို့လည်း ယူဆလို့ ရတယ်...
ခဏကြာသောအခါ ကျန်းယွီချွန်း ခြံဝင်းထဲသို့ ပြန်ရောက်လာပြီး လီချင်းချိုး အနားသို့ ရောက်လာခဲ့သည်။
"ချင်ကျွယ်ခေါ်လာတဲ့ လူနှစ်ယောက်က ရိုးရှင်းမနေဘူး... ဖေရွှမ်ထန်ဆိုတာ ဖေမိသားစုရဲ့ နာမည်ကြီး ပညာရှင်ပဲ... သူက နိုင်ငံတော် စာမေးပွဲမှာ ထိပ်ဆုံးက အောင်မြင်ခဲ့ဖူးပြီး ကျုံးထျန်းစီရင်စုမှာ အရမ်း နာမည်ကြီးတယ်... လုယီဆိုတဲ့တယောက်ကလည်း ထူးချွန်တဲ့ စစ်ရေးအောင်မြင်မှုတွေ ရှိတဲ့ စစ်သူကြီးပဲ... သူက မြင်းစီးတပ်သား ငါးထောင်ပါဝင်တဲ့ အထက်တန်းလွှာ တပ်ဖွဲ့ကို ကွပ်ကဲတယ်..."
"ငါ လီစစ်ဖုန်းနဲ့ ဝူမန်အာကို လွှတ်မလို့ စဉ်းစားနေတာ... မင်း ဘယ်လိုထင်လဲ..."
ထိုစကားကို ကြားသောအခါ ကျန်းယွီချွန်း မျက်မှောင်ကြုတ်လိုက်မိသည်။
"သူတို့က မူလအားဖြည့်နယ်ပယ် ပဉ္စမအဆင့်တွေဆိုတော့ သိုင်းပညာ အတွက်တော့ မပူပါဘူး... သူတို့ရဲ့ စိတ်နေသဘောထား မပြည့်ဝသေးလို့ အကွက်ဆင်ခံရမှာကိုပဲ စိုးရိမ်တာ..."
"ဒါဆို ကျန်းယွီကို ဖိတ်ခေါ်လိုက်ကြတာပေါ့... သူလည်း ဗဟုသုတ တိုးပွားချင်နေတာ မဟုတ်လား..."
"ဒါဆို အဆင်ပြေတယ်... ကျန်းယွီက ဉာဏ်များပြီး ပညာရှိတယ်... သူ ပါသွားရင် ကျွန်တော် ပိုစိတ်ချရတယ်..."
ကျန်းယွီသည် သူတို့အတွက် နှစ်ပေါင်းများစွာ အလုပ်လုပ်ပေးခဲ့ပြီး ယုံကြည်စိတ်ချရသူ ဖြစ်သည်။
"သူတို့ကို ဒီကိစ္စ ပြောပြလိုက်... ကြိုတင် ပြင်ဆင်ပြီး မနက်ဖြန် မနက်စောစော ထွက်ခွာဖို့ ပြောလိုက်..."
"ဟုတ်ကဲ့..."
ကျန်းယွီချွန်း စိတ်လှုပ်ရှားစွာ ထွက်ခွာသွားပြီးနောက် လီချင်းချိုး မော့ကြည့်လိုက်ရာ ကောင်းကင်ကြီးတခုလုံး ပြာလဲ့နေပြီး အခြား ကမ္ဘာတစ်ခုနှင့် တူနေသည်။
..
ထိုနေ့ညနေတွင် လီချင်းချိုးနှင့် အခြား ခြောက်ဦးတို့ လင်းရှောင်ခြံဝင်းတွင် ညစာ စားရန် စုဝေးခဲ့ကြသည်။ လီတုန်းယွဲ့က ဝူမန်အာ ဘေးတွင် ထိုင်ပြီး တတွတ်တွတ် ပြောဆိုနေကာ လီစစ်ကျင်ကမူ ဝူမန်အာကို သေချာ စောင့်ကြည့်ရန် လီစစ်ဖုန်းကို သတိပေးနေသည်။
"ဟေး... ငါ တောင်အောက်ဆင်းတာ ခဏခဏပဲ... ပဉ္စမစီနီယာအစ်ကိုကလည်း အရမ်း စွမ်းအားကြီးတယ်... ဘာပူစရာရှိလဲ... လျဲ့ဝူ တစ်ယောက်မကလို့ နောက်ထပ် ဆယ်ယောက် လာရင်တောင် စစ်မြေပြင်မှာ ငါတို့ သတ်ပစ်လို့ ရတယ်..."
လီစစ်ဖုန်းက ယုံကြည်မှု အပြည့်ဖြင့် ကျယ်လောင်စွာ ပြောလိုက်တော့ ဝူမန်အာကလည်း တခစ်ခစ် ရယ်မောပြီး.
"ဟုတ်တယ်... ငါတို့ မကြောက်ဘူး... ငါတို့ အရမ်း သန်မာတယ်..."
သူသည် ရင့်ကျက်မှု မရှိသော်လည်း ကိုယ်ပိုင် အတွေးအခေါ်များ ရှိသည်။ တကယ်တော့ ငယ်စဉ်ကတည်းက ပြင်ပကမ္ဘာကို စူးစမ်းလိုစိတ် ရှိခဲ့သော်လည်း စီနီယာအစ်ကို၊ အစ်မများ စိတ်ပူနေကြသဖြင့် သူတို့ စိတ်မပူစေရန် တစ်ခါမျှ ထုတ်မပြောခဲ့ပေ။
"တကယ်လို့ မဖြစ်မနေ လိုအပ်လာရင် ကျွန်တော်လည်း လိုက်သွားမယ်... သူတို့ကို အရိပ်ထဲကနေ ကာကွယ်ပေးပြီး သူတို့ရဲ့ အောင်မြင်မှုကို မခိုးယူပါဘူး..."
ကျန်းကျောက်ရှားက လီချင်းချိုး ဘေးတွင် ဝင်ထိုင်ပြီး အသံတိုးတိုးဖြင့် မေးလိုက်တော့ လီချင်းချိုးက ဝူမန်အာကို ကြည့်ပြီး တိုးတိုးလေး ရယ်မောလိုက်သည်။
"မလိုပါဘူး..."
"အစ်ကိုကြီး... ပြန်ပြင်လို့မရတဲ့ အကျိုးဆက်တွေ မဖြစ်ရအောင် သတိထားတာ ပိုကောင်းမယ်..."
လီချင်းချိုး သူ့ဘက် လှည့်ကြည့်ပြီး ပါးစပ်ဟလိုက်ရာ ကျန်းကျောက်ရှား မျက်လုံးများ ပြူးကျယ်သွားသည်။
ချက်ချင်း ဆိုသလိုပင် တစ်စုံတစ်ရာ မှားယွင်းနေကြောင်း သူ သတိပြုမိလိုက်သည်။ သူ အခြားသူများကို ဝေ့ကြည့်လိုက်ရာ မည်သူမျှ သူတို့ကို ကြည့်မနေကြဘဲ လီချင်းချိုး ယခု ပြောလိုက်သည့် စကားကို မကြားလိုက်သည့်အတိုင်းပင်