← Chapters

ကျန်းနတ်ဆရာ၊ ယင်းဝိညာဉ်ဆေးလုံး

Vol. 12 Ch. 118

ကျန်းနတ်ဆရာ၊ ယင်းဝိညာဉ်ဆေးလုံး

Vol. 12 Ch. 118

နောက်ဆုံးတွင် တစ်စုံတစ်ယောက်က ချင်းရှောင်ဂိုဏ်း၏ အစီအရင်ကို စတင် အသက်သွင်းလိုက်ပြီဖြစ်ရာ လီချင်းချိုး အလွန် ဝမ်းသာသွားပြီး ဤအနက်ရောင် ဝတ်စုံနှင့် လူများကို အမြန်ဆုံး အဆုံးစီရင်ပေးရန် ဆုံးဖြတ်လိုက်သည်။ထိုအခါ သူ့အကြည့်များ ပြောင်းလဲသွားပြီး ဓားကွက်များ ပိုမို ကြမ်းတမ်းလာသည်။ ဂါထာများကို မသုံးဘဲ လျင်မြန်မှုနှင့် တိုက်ကွက်များကိုသာ အသုံးပြု၍ ရန်သူများကို သတ်ဖြတ်နေသည်။

ဓားတစ်ချက်၊ လူတစ်ယောက်!

မကြာမီ အားလုံး လီချင်းချိုး၏ ဓားချက်ဖြင့် သေဆုံးသွားကြသော်လည်း

ခေါင်းဆောင်ဖြစ်သူကတော့ လီချင်းချိုး ရှေ့တွင် ဒူးထောက်လျက် ရှိနေပြီး လက်တစ်ဖက်က ကောင်းကင်သက်တံဓား၏ ဓားသွားကို ဆုပ်ကိုင်ထားဆဲ ဖြစ်သည်။

လီချင်းချိုးက ဓားဖြင့် သူ့လည်ပင်းကို ထောက်ထားပြီး လဲကျမသွားအောင် ထိန်းထားလိုက်သည်။

ချက်ချင်းပင် လီချင်းချိုးက ခေါင်းဆောင်အပေါ် ဝိညာဉ်ချုပ်ကျိန်စာကို အသုံးပြုလိုက်ရာ လင်းချွမ်နှင့် နန်ကုန်းအာတို့ သူ့ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာကြသည်။

ဝိညာဉ်ကျွန်များက သခင်နှင့် လုံးဝ ခွဲခွာ၍ မရနိုင်သဖြင့် လီချင်းချိုး ခရီးဝေး သွားသောအခါ သူတို့ကို ခေါ်ဆောင်သွားရသည်။ ပုံမှန် နေ့ရက်များတွင် သူတို့နှစ်ဦး လီချင်းချိုး၏ ခန္ဓာကိုယ်ထဲတွင် နေထိုင်ကြပြီး မူလချီဖြင့် အားဖြည့်နေကြသည်။

လီချင်းချိုးတွင် ဝိညာဉ်ကျွန်များအတွက် စိတ်ကူးများစွာ ရှိပြီး တစ်ခုပြီးတစ်ခု စမ်းသပ်နေသည်။

ခေါင်းဆောင်၏ မှတ်ဉာဏ်များ လီချင်းချိုး၏ စိတ်ထဲသို့ ဝင်ရောက်လာသဖြင့် လျှို့ဝှက်မြို့စားမင်းနှင့် ဧကရာဇ် ကျောက်ကျိတို့ကို မြင်တွေ့လိုက်ရသည်။

ချွေ့မိသားစုက ဧကရာဇ်ကို အမှန်တကယ် အမှုထမ်းနေခြင်း ဖြစ်သည်။ သူတို့က သိုင်းနတ်ဘုရားဆေးလုံးကို ဆက်သပြီးနောက် ဧကရာဇ်က အလွန် သဘောကျကာ ချွေ့မိသားစုကို ရာထူးတိုးပေးခဲ့သည်။ သူတို့ကို စစ်ပွဲအတွက် ထောက်ပံ့ပို့ဆောင်ရေး တာဝန်လည်း ပေးအပ်ခဲ့သည်။ ဖန်မြို့ရှိ ချွေ့မိသားစုအိမ်တော်က သိုင်းနတ်ဘုရားဆေးလုံး ထောက်ပံ့ပေးသော စခန်းများအနက် တစ်ခု ဖြစ်သည်။

မှတ်ဉာဏ်ထဲတွင် သူ့ကိုယ်သူ ကျန်းနတ်ဆရာဟု ခေါ်သော တာအိုဆရာတစ်ဦးကိုလည်း တွေ့လိုက်ရသည်။ ထိုသူက ဧကရာဇ်အတွက် မသေဆေး ဖော်စပ်ပေးရန် တာဝန်ယူထားသော သဘာဝလွန် ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။ သူသည် ဂါထာမန္တန်များကို ကျွမ်းကျင်သည်ဟု ဆိုသော်လည်း ခေါင်းဆောင်၏ မှတ်ဉာဏ်ထဲတွင် ကျန်းနတ်ဆရာ ဂါထာသုံးသည်ကို တစ်ခါမျှ မမြင်ဖူးပေ။

ခေါင်းဆောင်၏ မှတ်ဉာဏ်များက လီချင်းချိုးကို လျှို့ဝှက်မြို့စားမင်းနှင့် ကျင်းဝူအစောင့်တပ်အကြောင်း ပိုမို နက်ရှိုင်းစွာ နားလည်စေခဲ့သည်။ ဧကရာဇ်၏ လက်အောက်တွင် အဓိကကျသော ပုဂ္ဂိုလ် အနည်းငယ် ရှိပြီး သူတို့က လျှို့ဝှက်မြို့စားမင်းကို အပြန်အလှန် ထိန်းကျောင်းထားကြကာ စွမ်းရည်မြင့်မားကြသည်။ သို့သော် သိုင်းပညာအရဆိုလျှင် လျှို့ဝှက်မြို့စားမင်းသည်သာ အစွမ်းအထက်ဆုံး ဖြစ်သည်။

မှတ်ဉာဏ်များကို ဖတ်ပြီးနောက် လီချင်းချိုးက လင်းချွမ်နှင့် နန်ကုန်းအာကို ဝိညာဉ်များ စိတ်ကြိုက် ဝါးမြိုခွင့် ပြုလိုက်သည်။

ဤ ကျင်းဝူအစောင့်တပ်သားများက လက်တွင် သွေးစွန်းနေသူများ ဖြစ်ပြီး မကောင်းမှုများစွာ ကျူးလွန်ခဲ့ကြသဖြင့် သေသင့်သူများ ဖြစ်သည်။

ကျင်းဝူအစောင့်တပ်သား ဖြစ်လာရန် ပထမအဆင့်မှာ မိမိ၏ ရင်းနှီးသော ဆွေမျိုးများကို ကိုယ်တိုင် သတ်ဖြတ်ရခြင်း ဖြစ်သည်။ ၎င်းသည် အလွန် ရက်စက်ပြီး သူတို့အားလုံး မိမိသဘောဆန္ဒ အလျောက် နတ်ဆိုးများ ဖြစ်လာကြခြင်း ဖြစ်သည်။

လီချင်းချိုး လှည့်ထွက်လာပြီး ကျောက်ကမ်းပါး အစွန်းသို့ ရောက်ရှိလာကာ ဝူရှန်ဂိတ်ကို ငုံ့ကြည့်လိုက်သည်။ ဝူရှန်ဂိတ် ကျိုးပေါက်သွားပြီ ဖြစ်ပြီး မြို့တံခါး နောက်ဘက် ဧရိယာသည်လည်း စစ်မြေပြင် ဖြစ်လာခဲ့သည်။ နန်းတွင်းစစ်တပ် အများအပြား ဝင်ရောက်လာကြပြီး မင်းဆက် တည်ထောင်ပြီးကတည်းက မကြုံစဖူး စစ်ပွဲကြီး တစ်ခုအတွက် ပြင်ဆင်နေကြပြီဖြစ်သည်။

အချိန်များ ဖြည်းညင်းစွာ ကုန်ဆုံးသွားကာ နေဝင်ခါနီးတွင် အောက်ဘက်ရှိ တိုက်ပွဲ ပြီးဆုံးသွားပြီး နန်းတွင်းစစ်တပ် ဆုတ်ခွာသွားခဲ့သည်။ ဝူရှန်ဂိတ်ကို သိမ်းပိုက်လိုက်သော ပြည်နယ်ခုနစ်ခု မဟာမိတ်တပ်က ရန်သူကို လိုက်လံ တိုက်ခိုက်ခြင်း မပြုဘဲ စခန်းချကာ အနားယူကြသည်။

လီချင်းချိုး ကောင်းကင်ယံ အဝေးတွင် မည်းမှောင်သော အရိပ်တစ်ခုကို တွေ့လိုက်ရသဖြင့် လေချွန်လိုက်လေရာ ရှောင်ပါး ကြားလိုက်ရပြီး ချက်ချင်း ပျံသန်းလာသည်။

...

ညရောက်သောအခါ....

ထင်ရှားသော ပုဂ္ဂိုလ်တစ်ဦး လင်းရှောင်ခြံဝင်းထဲသို့ ဝင်ရောက်လာပြီး ရှန်ယွဲ့လည်း ရောက်လာကာ စားပွဲရှည်၏ အစွန်းတွင် ပုံမှန်အတိုင်း ဝင်ထိုင်လိုက်သည်။

လီချင်းချိုး တောင်နောက်ဘက် တောအုပ်ထဲမှ ထွက်လာရာ ခန်းမသခင် အားလုံး မတ်တတ်ရပ်ပြီး သူ့ကို ဦးညွှတ်လိုက်ကြသည်။ သူ့ဂျူနီယာညီလေး၊ ညီမလေးများလည်း ထိုနည်းတူ ပြုလုပ်ကြသည်။ ကျန်းယွီ၏ စကားအရ ဂိုဏ်းချုပ်၏ ဂုဏ်သိက္ခာက ဂိုဏ်း၏ အရှိန်အဝါနှင့် သက်ဆိုင်သဖြင့် လူတိုင်း ဂိုဏ်းချုပ်ကို ဦးညွှတ်ရမည် ဖြစ်သည်။

လီချင်းချိုး ထိုင်ခုံတွင် ထိုင်လိုက်ပြီး လူတိုင်းကို ဝေ့ကြည့်ကာ လွန်ခဲ့သော နှစ်ရက်အတွင်း ကြုံတွေ့ခဲ့ရသည်များကို ပြန်ပြောပြလိုက်သည်။ ဝူမန်အာက လျဲ့ဝူကို သုံးကွက်တည်းဖြင့် သတ်ဖြတ်ခဲ့ကြောင်း ကြားသိရသောအခါ အားလုံး ဝမ်းသာသွားကြသည်။

ရှန်ယွဲ့က သက်ပြင်းချလိုက်ပြီး...

"အဲဒီကောင်လေးရဲ့ ခန္ဓာကိုယ်က တကယ် ထူးခြားတာပဲ... ဝူမိသားစုက ရာစုနှစ်တစ်ခုကြာ ဖန်တီးခဲ့တဲ့ စစ်လက်နက်ဆိုတာ ဟုတ်မှန်နေပြီ..."

ဝူမန်အာ၏ ဇစ်မြစ်က လျှို့ဝှက်ချက် မဟုတ်ပေ။ ဝူမိသားစု မျိုးဖြုတ်သတ်ဖြတ်ခံရခြင်းကလည်း ဧကရာဇ်နှင့် သက်ဆိုင်နေပုံ ရသည်။

"ဧကရာဇ်က ငါတို့ကို အရေးယူဖို့ ပြင်ဆင်နေပြီ... ဒီနှစ်အတွင်း ချင်းရှောင်ဂိုဏ်းကို အပြတ်ရှင်းရမယ်ဆိုပြီး သေမိန့် ပေးထားတယ်..."

ထိုအခါ ကျန်းကျောက်ရှားက လှောင်ပြောင်သောလေသံဖြင့် ....

"နန်းတွင်းမှာ ငါတို့ကို တိုက်ဖို့ စစ်တပ်ကြီး စုဆောင်းဖို့ အချိန်ရှိသေးလို့လား..."

အခြားသူများလည်း ဂရုမစိုက်ကြပေ။ သူတို့၏ ယုံကြည်မှုက ကမ္ဘာ့ရေစီးကြောင်းကြောင့်သာမက ချင်းရှောင်ဂိုဏ်း၏ ဖွံ့ဖြိုးတိုးတက်မှုကြောင့်လည်း ဖြစ်သည်။

ချင်းရှောင်ဂိုဏ်းက ယခုဆို မူလတည်ထောင်သူ ဂိုဏ်းသုံးဂိုဏ်းထက်ပင် သာလွန်ပြီး ကမ္ဘာပေါ်တွင် နံပါတ်တစ် ဂိုဏ်းဖြစ်နေပြီ ဆိုတာကို ရှန်ယွဲ့ပင် ဝန်ခံရသည်။ ချင်းရှောင်ဂိုဏ်းအတွက် လိုအပ်နေသည်မှာ ဂုဏ်သတင်းနှင့် အချိန်သာ ဖြစ်သည်။

"ဧကရာဇ်က မူလတည်ထောင်သူ ဂိုဏ်းသုံးဂိုဏ်းနဲ့ ကျင်းဝူအစောင့်တပ်ကို ငါတို့ကို တိုက်ခိုက်ဖို့ အမိန့်ပေးထားတယ်... သူတို့က သိုင်းနတ်ဘုရားဆေးလုံးနဲ့ ယင်ဝိညာဉ်ဆေးလုံးကို အသုံးပြုဖို့ များတယ်... သိုင်းနတ်ဘုရားဆေးလုံးက လူတစ်ယောက်ရဲ့ သိုင်းပညာနဲ့ ချီစွမ်းအင်ကို အကြီးအကျယ် တိုးမြှင့်ပေးနိုင်တယ်... လျဲ့ဝူက သိုင်းနတ်ဘုရားဆေးလုံးကို အားကိုးပြီး ရန်သူတွေကို တားဆီးနိုင်ခဲ့တာ... ယင်ဝိညာဉ်ဆေးလုံးက လူတစ်ယောက်ကို နာကျင်မှု မသိဘဲ ကန့်သတ်ချက်ထက် ပိုမြန်မြန် လှုပ်ရှားနိုင်တဲ့ ကလဲ့စားချေလိုတဲ့ တစ္ဆေတစ်ကောင် အဖြစ် ပြောင်းလဲပေးနိုင်တယ်..."

လီချင်းချိုး၏ သတင်းအချက်အလက် အားလုံးက ထိုခေါင်းဆောင်ထံမှ ရရှိခဲ့ခြင်း ဖြစ်သည်။

"ယင်ဝိညာဉ်ဆေးလုံး ဟုတ်လား... ချန်ဟွေ့လန် ဖန်တီးခဲ့တာလား..."

ကျူးယန်က မျက်မှောင်ကြုတ်ကာ မေးလိုက်ခြင်းဖြစ်သည်။

အခြားသူများလည်း ယင်းဝိညာဉ်ဆေးလုံး အကြောင်း ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်သည်။

လီချင်းချိုး ခေါင်းခါလိုက်ပြီး ....

"ဒါကို ကျန်းနတ်ဆရာလို့ခေါ်တဲ့ နတ်ဆိုးတာအိုဆရာတစ်ယောက်က ဖန်တီးခဲ့တာ... အဖိုးတန် ဆေးဖက်ဝင် ပစ္စည်းတွေ အပြင် မိန်းမပျိုလေးတွေရဲ့ သွေးကို လိုအပ်တယ်... ပြီးတော့ သူတို့က အာဃာတတွေ ပြည့်နှက်နေတဲ့ အချိန်မှာ သွေးကို ဖောက်ယူရတာ... ဒါကြောင့် အဲဒီ မိန်းကလေးတွေ မသေခင် လူမဆန်တဲ့ နှိပ်စက်မှုတွေကို ခံစားခဲ့ရတယ်..."

ထို ကျန်းနတ်ဆရာကလည်း ထိုနည်းလမ်းကို ကျင့်ကြံသူ တစ်ဦးထံမှ အမွေအနှစ် ရရှိခဲ့သည်မှာ ထင်ရှားသော်လည်း သူကိုယ်တိုင် ကျင့်ကြံခြင်း ရှိမရှိကို လီချင်းချိုး မသေချာသေးပေ။

လက်ရှိ ရရှိထားသော သတင်းအချက်အလက်များအရ ကျန်းနတ်ဆရာသည် ဝေတောက်ကျန့်လိုပင် ကျင့်ကြံခြင်း လမ်းကြောင်းပေါ်သို့ မရောက်ရှိသေးဘဲ ဧကရာဇ်ထံမှ အကျိုးအမြတ် ရယူရန် အခွင့်အရေးကို အသုံးချနေသူ ဖြစ်ပုံရသည်။

"ဒါက ဘယ်လို ထူးဆန်းတဲ့ ဆေးနည်းလဲ... တစ်ခါမှ မကြားဖူးဘူး..."

ဟုယန်ကျွယ်တိန်က မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

ဧကရာဇ်၏ လက်အောက်ရှိ ထူးခြားသော ပုဂ္ဂိုလ်များက လိမ်လည်လှည့်ဖြားသူများ သက်သက် မဟုတ်ကြောင်းလည်း သူ ရုတ်တရက် သဘောပေါက်လိုက်သည်။

ကျန်းကျောက်ရှားက လီချင်းချိုးကို ကြည့်ပြီး ....

"ယင်ဝိညာဉ်ဆေးလုံး သောက်ပြီးရင် သူတို့ကို ကိုင်တွယ်ဖို့ အတွင်းအား ဘယ်နှဆင့် လိုမလဲ..."

ထိုအခါ လူတိုင်း သတိပြန်ဝင်လာပြီး လီချင်းချိုးကို စိုးရိမ်တကြီး ကြည့်လိုက်ကြသည်။

သူတို့က လီချင်းချိုး၏ သတင်းအချက်အလက်များကို မေးခွန်းမထုတ်သလို ဘယ်က ရသလဲ ဆိုတာကိုလည်း မမေးကြပေ။ လီချင်းချိုး၏ နည်းလမ်းများနှင့် စေ့စပ်သေချာမှုကို သူတို့ ယုံကြည်ကြသည်။

"ယင်ဝိညာဉ်ဆေးလုံး သောက်သုံးသူရဲ့ စွမ်းအားက မသောက်ခင် သူတို့ရဲ့ စွမ်းအားအပေါ် မူတည်တယ်... ငါ့အမြင်အရဆိုရင် သူတို့ကို အောင်မြင်ဖို့ အခွင့်အလမ်းရှိစေချင်ရင် အနည်းဆုံး မူလအားဖြည့်နယ်ပယ် တတိယအဆင့် ရောက်ဖို့ လိုတယ်..."

လီချင်းချိုး၏ အဖြေကြောင့် လူတိုင်း၏ မျက်နှာထား လေးနက်သွားသည်။

ယန်ကျွယ်တိန်က....

"လူဘယ်နှယောက်လောက် ယင်းဝိညာဉ်ဆေးလုံး သောက်ထားလဲ..."

"အဲဒါတော့ မရှင်းလင်းဘူး... သေချာတာကတော့ လူနည်းနည်းလေးတော့ မဟုတ်ဘူး..."

မသိရသော ရန်သူသည် အမြဲတမ်း ဖိအားကို ယူဆောင်လာတတ်သဖြင့် ဤစကားလုံးများက လူတိုင်းအပေါ် ဖိအား ဖြစ်စေသည်။

"စစ်သားတွေ လာရင် တားဆီးမယ်... ရေကြီးရင် တာတမံ တည်ဆောက်မယ်... ကင်းလှည့်တာတွေ ဆက်လုပ်ပါ... ဧကရာဇ်က လူအများကြီး လွှတ်လိုက်ပြီ... သူတို့ ချင်းရှောင်တောင်ပေါ်ကို ခိုးဝင်လို့ မရစေရဘူး..."

ရှန်ယွဲ့က .....

"ကျုပ်က ဓားဂိုဏ်းသားတွေကို ဓားသိုင်းကျွမ်းကျင်အောင် သင်ပေးပြီးပြီ... အခု ဘာမှ လုပ်စရာ မရှိတော့ဘူး... ဒါကြောင့် ကင်းလှည့်တာကို တာဝန်ယူပြီး ထိုက်ခွန်းတောင်တန်းရဲ့ ရှုခင်းတွေကို ခံစားလိုက်ဦးမယ်... ဒီကို ရောက်နေတာ ကြာပြီ... တောင်အောက်ဆင်းပြီး မကြည့်ရသေးဘူး..."

သူ တာဝန်ယူရန် မိမိသဘောဆန္ဒ အလျောက် ပြောလာသဖြင့် လူတိုင်း အံ့အားသင့်သွားကြသည်။

ချင်းရှောင်ဂိုဏ်းတွင် နေထိုင်သည်မှာ ကြာပြီ ဖြစ်သော်လည်း ရှန်ယွဲ့က အမြဲတမ်း သီးခြားနေတတ်သော သဘောထား ရှိခဲ့သည်။

လူအများ၏ အကြည့်များကို ရင်ဆိုင်ရင်း ရှန်ယွဲ့ ချောင်းအနည်းငယ် ဟန့်လိုက်ပြီး ....

"ဘာပဲဖြစ်ဖြစ် ကျုပ်ကလည်း ချင်းရှောင်ဂိုဏ်းသား တစ်ယောက်ပဲလေ... ချင်းရှောင်ဂိုဏ်းကို ကာကွယ်တာ ပြဿနာ ရှိလို့လား..."

ကျန်းယွီချွန်းက ရယ်မောလိုက်ပြီး ....

"ပြဿနာ မရှိပါဘူး... အရမ်း ကောင်းတာပေါ့... တပည့်တွေကို ကင်းလှည့်ခိုင်းရတာ ကျွန်တော် စိတ်ပူနေတာ..."

ရွှီနင်းက ရှန်ယွဲ့ကို စိုက်ကြည့်ပြီး .....

"ကျွန်မ အမြင်တော့ ရှင်က အခု ဘယ်လောက် စွမ်းရည်ရှိလဲဆိုတာ စမ်းသပ်ချင်နေတာ နေမှာ..."

ရှန်ယွဲ့ကတော့ စားပွဲကို ကြည့်ပြီး မုတ်ဆိတ်မွေးကို သပ်ကာ တိတ်ဆိတ်နေလိုက်သည်။

ထိုအခါမှသာ ရှန်ယွဲ့သည်လည်း ဟွမ်ယွမ်ကျမ်းစာကို အချိန်အတော်ကြာ ကျင့်ကြံခဲ့ပြီး ဖြစ်ရာ သူ့လက်ရှိ စွမ်းအားများက ယခင်ကထက် သေချာပေါက် ပိုမို ကြောက်မက်ဖွယ် ကောင်းနေမည် ဖြစ်ကြောင်း လူတိုင်း သဘောပေါက်လိုက်ကြသည်။

ကျန်းကျောက်ရှားကလည်း....

"ကျွန်တော်လည်း ကင်းလှည့်မယ်... မတူညီတဲ့ လမ်းကြောင်းတွေကို တာဝန်ယူကြတာပေါ့... ဘယ်သူက ဘယ်သူနဲ့ တွေ့မလဲ ကြည့်ကြတာပေါ့..."

သူသည် မူလအားဖြည့်နယ်ပယ် သတ္တမအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း ရှန်ယွဲ့၏ စွမ်းအားအစစ်အမှန်ကို မမြင်နိုင်သေးသဖြင့် မကျေနပ်နိုင် ဖြစ်နေသည်။

"မင်းတို့ ကူညီပေးမယ်ဆိုတော့ ကောင်းတာပေါ့..."

ဂိုဏ်းသုံးဂိုဏ်းနှင့် ကျင်းဝူအစောင့်တပ်တို့ တိုက်ခိုက်လာသောအခါ ရှန်ယွဲ့ သို့မဟုတ် ကျန်းကျောက်ရှား တစ်ယောက်ယောက်နှင့် တွေ့ဆုံပြီး တားဆီးခံရမည့် မြင်ကွင်းကို သူ မျှော်လင့်နေပြီ ဖြစ်သည်။ ဆိုးယုတ်သော ဆေးလုံးများ သောက်သုံးထားသူများသေချာပေါက် ပြိုလဲသွားကြပေလိမ့်မည်။

အခြားသူများလည်း ဖိအားများ လျော့ကျသွားသည်ဟု ခံစားရသည်။ သူတို့အားလုံး ရှန်ယွဲ့နှင့် ကျန်းကျောက်ရှား၏ စွမ်းရည်ကို ယုံကြည်ကြသည်။

ကိစ္စ ပြီးပြတ်သွားသည်ကို မြင်သောအခါ ကျူးယန်က.....

"ဂိုဏ်းချုပ်... ဂိုဏ်းချုပ် အရင်က ပြောဖူးတဲ့ ဝိညာဉ်စုစည်းမှုအစီအရင် ကို ဖန်တီးခဲ့တဲ့ တပည့်တစ်ယောက် ထျန်းကုန်းခန်းမမှာ ရှိနေပါတယ်... ကျွန်မ စမ်းသပ်ကြည့်ပြီးပါပြီ... ကောင်းကင်နှင့် မြေကြီး ဝိညာဉ်ချီတွေကို တကယ် စုစည်းပေးနိုင်ပြီး ကျင့်ကြံမှုကို ပိုမို လွယ်ကူစေပါတယ်..."

လူတိုင်း လှည့်ကြည့်လိုက်ကြပြီး ဤ ဝိညာဉ်စုစည်းမှု အစီအရင် ကို အလွန် စိတ်ဝင်စားသွားကြသည်။

လီချင်းချိုးကလည်း သူမ ဒီအကြောင်း ပြောလာမည်ကို စောင့်ဆိုင်းနေခြင်း ဖြစ်သည်။

"ဘယ်သူ ဖန်တီးတာလဲ..."

"မင်းကွမ်းဆိုတဲ့ တပည့်ပါ..."

မင်းကွမ်း?

လီချင်းချိုး ဒီတပည့်ကို သိပ်မှတ်မိခြင်း မရှိပေ။ သူ့ပါရမီနှင့် ဉာဏ်ပညာတို့က သာမန် ဖြစ်ကြောင်း ထင်ရှားပြီး အထူးကံကြမ္မာ ပါရှိပုံ မရပေ။

ကျန်းယွီချွန်းက ရုတ်တရက် သဘောပေါက်သွားပြီး .....

"ကျွန်တော် ဒီတပည့်ကို မှတ်မိပြီ... သူက မိဘမဲ့ ဖြစ်ပြီး အရင်က နာမည်တောင် မရှိဘူး... ကျွန်တော် သူ့ကို နာမည် ပေးခဲ့တာ... သူ ဒီလောက် ဉာဏ်ကောင်းလိမ့်မယ်လို့ မထင်ထားခဲ့ဘူး..."

ဝိညာဉ်စုစည်းမှု အစီအရင်က အမှန်တကယ် ထိရောက်ကြောင်း သက်သေပြနေသည့် ယခင် အရိပ်အမြွက်များကို မြင်တွေ့ခဲ့ရပြီး ဖြစ်သဖြင့် လီချင်းချိုး တိုက်ရိုက် ကြေညာလိုက်သည်။

"ဒီနေ့ကစပြီး မင်းကွမ်းကို တပည့်ရင်း အဖြစ် ရာထူးတိုးပေးလိုက်မယ်... ဒါ့အပြင် ထျန်းကုန်းခန်းမ အနေနဲ့ သူ့ကိုဂုဏ်ပြုဖို့ ကျောက်တိုင် စိုက်ထူပေးပြီး သူ့လုပ်ဆောင်ချက်တွေကို ကမ္ပည်းထိုးပြီး ရွှမ်ရှင်းခန်းမရှေ့က လမ်းဘေးမှာ ထားရှိရမယ်... အနာဂတ်မှာ ထူးခြားတဲ့အကျိုးပြုနိုင်သူ ဘယ်တပည့်မဆို သူတို့ရဲ့ အကျိုးပြုမှုတွေကို မှတ်တမ်းတင်ထားနိုင်ပြီး နောင်လာနောက်သား တပည့်တွေ အမှတ်ရနေစေရမယ်..."

ထိုစကားကို ကြားသောအခါ အားလုံး ဝမ်းသာအားရ အော်ဟစ်လိုက်ကြသည်။

လီစစ်ကျင်ကလည်း မျက်လုံးများ အရောင်လက်သွားပြီး......

"ဒါဆိုရင် ရွှမ်ရှင်းခန်းမ ရှေ့က လမ်းက အနာဂတ်မှာ နာမည်ကြီး နေရာတစ်ခု ဖြစ်လာနိုင်တယ်... ဂုဏ်ပြုလမ်းလို့ နာမည်ပေးလိုက်ရင် မကောင်းဘူးလား..."

"ဂုဏ်ပြုလမ်းဆိုတာက သာမန်ဆန်လွန်းတယ်... ဒါပေမဲ့ မင်းရဲ့ စိတ်ကူးက ကောင်းပါတယ်... နောက်ကျရင် နာမည် ပေးလို့ ရတာပေါ့... တပည့်များကို စိတ်ဓာတ်တက်ကြွစေသော လမ်း ..."

"ကျွန်မ ဝိညာဉ်ဆေးပင်တွေ စိုက်ပျိုးရင် ကျောက်တိုင် စိုက်ထူလို့ ရမလား..."

"ဒါပေါ့ ရတာပေါ့... ဒါပေမဲ့ အခုတော့ မလုံလောက်သေးဘူး... ပိုကြိုးစားဦး..."

လီချင်းချိုး၏ အဖြေကို ကြားသောအခါ လီစစ်ကျင် နှုတ်ခမ်းဆူလိုက်မိသည်။ အခြားသူများကမူ မည်သို့သော အကျိုးပြုမှုမျိုးက ကျောက်တိုင် စိုက်ထူခွင့် ရသလဲ ဆိုတာကို အတင်းမေးမြန်းနေကြသည်။

လီချင်းချိုးက ခေတ်ပြောင်းလဲစေနိုင်သော၊ ဂိုဏ်း၏ ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ပေးနိုင်သော စွမ်းရည်များသာ လက်ခံနိုင်ပြီး သာမန် စွမ်းရည်များကို ထည့်သွင်းစဉ်းစားမည် မဟုတ်ကြောင်း၊ အကဲဖြတ်မှု စံနှုန်း အတိအကျက သူ့လက်ထဲတွင်သာ ရှိကြောင်း ပြောလိုက်သည်။

ရှန်ယွဲ့ တွေးတောနေပုံ ရသဖြင့် ကျန်းကျောက်ရှားက သူ့အကြည့်ကို သတိပြုမိပြီး လိုက်ပါ စဉ်းစားနေသည်။

ထို့နောက် လီချင်းချိုးက မေးခွန်းအနည်းငယ် မေးပြီးနောက် ခန်းမသခင်များကို ပြန်လွှတ်လိုက်သည်။

လီတုန်းယွဲ့ကတော့ မပြန်သေးပေ။ သူမ လီချင်းချိုး ဘေးတွင် ဝင်ထိုင်ပြီး......

"အစ်ကိုကြီး... ဧကရာဇ်က သိုင်းနတ်ဘုရားဆေးလုံးနဲ့ ယင်ဝိညာဉ်ဆေးလုံးကို ပိုင်ဆိုင်ထားတယ်... ကျန်းယန်ဧကရာဇ်မြို့တော်က အလွန် အန္တရာယ်များမှာ သေချာတယ်... ဟိုကောင်လေးနှစ်ယောက် အန္တရာယ် ရှိနိုင်မလား... သူတို့ကို ကူညီဖို့ တခြားလူ လွှတ်သင့်လား..."

"သေချာပေါက် အန္တရာယ် ရှိတာပေါ့... ဒါပေမဲ့ ဒါက သူတို့အတွက် စမ်းသပ်မှု တစ်ခုပဲ... ပြီးတော့ သူတို့ရဲ့ အင်အားကို မင်း ယုံကြည်ရမယ်... သူတို့ ပြိုင်ဘက် မဟုတ်ရင်တောင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်စွမ်း ရှိကြပါတယ်..."

ထိုစကားကိုကြားပြီးနောက် လီတုန်းယွဲ့ အဓိပ္ပာယ် ရှိသည်ဟု ခံစားရပြီး ထပ်မမေးတော့ပေ။

"စတုတ္ထဂျူနီယာညီမလေး... မနက်ဖြန် မနက်စောစော ငါနဲ့အတူ နေရာတစ်ခု လိုက်ခဲ့..."

"ဘယ်ကိုလဲ..."

"မနက်ဖြန်ကျရင် သိရလိမ့်မယ်..."

လီချင်းချိုးက ထို့ထက်ပိုပြီး ဘာမှ ဆက်မပြောဘဲ သူ့အိမ်ဆီသို့ တန်းတန်းမတ်မတ် လျှောက်သွားလိုက်သည်။

သူ တမင်တကာ ဖုံးကွယ်ထားခြင်း မဟုတ်ပေ။ ကံကောင်းခြင်းစနစ်ကို မဖွင့်ရသေးသဖြင့် မည်သည့် ကံကောင်းခြင်းမျိုး ဖြစ်မည်ကို သူ မသိသေးသောကြောင့် ဖြစ်သည်။

အခန်းထဲ ပြန်ရောက်သောအခါ တံခါးပိတ်လိုက်ပြီး ကုတင်ပေါ်တွင် ထိုင်ကာ တာအိုမျိုးဆက်စနစ်ကို ဖွင့်လိုက်ရာ စာတန်းများ သူ့မျက်စိရှေ့တွင် ပေါ်လာသည်။

[သင့် ကံကောင်းခြင်း ဆုလာဘ်ကို ရယူပါ]

[ကံကောင်းခြင်း စတင်မည်]

[ကံကောင်းခြင်း စမ်းသပ်မှု စတင်မည်]

[ကံကောင်းခြင်း ရှာဖွေတွေ့ရှိသည်... အဆင့်နိမ့် မိစ္ဆာနယ်မြေ ကို တွေ့ရှိသည်... ကံကောင်းခြင်း လမ်းညွှန်မှုကို လက်ခံမလား]

All Chapters