← Chapters

အခန်း (၅၃၀၆-၅၃၁၀)

Vol. 269 Ch. 5306-5310

အခန်း (၅၃၀၆-၅၃၁၀)

Vol. 269 Ch. 5306-5310

Chapter 5306

ချင်ဧကရာဇ်၏လုပ်ရပ်သည် အမှန်တကယ်ကို လွန်ကဲလွန်းသည်။

ချင်အင်ပါယာ၏နယ်မြေအတွင်းမှ ဘုန်းတော်ကြီးတစ်ပါးက နောက်ဆုံးတွင် ရှေ့ထွက်၍ စကားပြောဆိုလာခဲ့သည်။

ဤပုဂ္ဂိုလ်သည် ဉာဏ်အလင်းရရှိထားသော ဆရာတော်ရွှမ်ကျန်းဆိုသူပင်။ ဗုဒ္ဓဂိုဏ်းတွင် သူ၏အဆင့်အတန်းသည် ကြောက်ခမန်းလိလိ မြင့်မားပေ၏။ သူသည် စိတ်ဝိညာဉ်တောင်သို့ မတက်လှမ်းရသေးသော်လည်း ဗုဒ္ဓအရှင်တစ်ပါး ဖြစ်လာရန် နီးစပ်နေလေပြီ။

ထို့ထက်ပို၍အရေးကြီးသည်မှာ ဆရာတော်ရွှမ်ကျန်းသည် အုပ်ချုပ်ရေးရုံးမှ ချီးမြှင့်ထားသော တရားဝင် ဘုန်းတော်ကြီးလက်မှတ်ကို ပိုင်ဆိုင်ထားသည်။ သူသည် တရားဝင် ဘုန်းတော်ကြီးတစ်ပါး ဖြစ်သောကြောင့် ဗုဒ္ဓဂိုဏ်းကို ဆန့်ကျင်ရေး လှုပ်ရှားမှု၏ သက်ရောက်ခြင်းကို မခံရချေ။

"ငါတို့ ဗုဒ္ဓဂိုဏ်းက မေတ္တာတရားနဲ့ သူတစ်ပါးကို ကယ်တင်ဖို့ ကိုယ်ကျိုးစွန့်တာကို အလေးပေးပါတယ်...ဘုန်းတော်ကြီးတွေ သီလရှင်တွေနဲ့ ဗုဒ္ဓအရှင်တွေက အသားမစားဘူး သက်ရှိတွေကို မသတ်ဘူး လိမ်မပြောဘူး ကောင်းချီးမင်္ဂလာရဖို့ နေ့တိုင်းတရားစာတွေကို ရွတ်ဆိုကြတယ်... ချင်ဧကရာဇ်က သတ်ဖြတ်တာ များလွန်းနေပြီ...အခု သူက ထန်အင်ပါယာကို အနိုင်ယူပြီးပြီဆိုတော့ ဗုဒ္ဓဂိုဏ်းလေးကိုတောင် အလွတ်မပေးချင်တော့ဘူးလား"

ဆရာတော်ရွှမ်ကျန်း၏အသံသည် ဝမ်းနည်းကြေကွဲဖွယ် ဖြစ်နေပြီး ဗုဒ္ဓဂိုဏ်းကို ဆန့်ကျင်ရေး လှုပ်ရှားမှုတွင် ပါဝင်နေသော သူ၏ တပည့်တပန်းများအတွက် အသနားခံလိုခြင်းပင်။

သူ၏ စကားများသည် ချင်အင်ပါယာ အုပ်ချုပ်ရေးဌာနများ၏ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်ခဲ့လေ၏။

မည်သို့ပင်ဆိုစေကာမူ ဆရာတော်ရွှမ်ကျန်းသည် လောကီရေးရာတွင် အလွန်မြင့်မားသော ဂုဏ်သတင်းရှိသူပင်။ သူ၏စိတ်ဆန္ဒကြောင့် နယ်မြေဒေသအသီးသီးမှ တန်ပြန်တိုက်ခိုက်မှုများကို ဖြစ်ပေါ်စေနိုင်သည်။

အမတ်ချုပ်ကြီးလီစစ်သည် တရားရေးရာ ဝန်ကြီးဌာနကို အကြောင်းကြားပြီး အပြစ်ပေးခံရသော ဘုန်းတော်ကြီးများအားလုံး၏ ပြစ်မှုများကို ထုတ်ပြန်ကြေညာကာ ကောင်းကင်ဘုံနယ်မြေတစ်ခုလုံးသို့ အလွန် လျင်မြန်သော နှုန်းဖြင့် ဖြန့်ဝေလိုက်သည်။

အချိန်တခဏအတွင်းတွင် ကောင်းကင်ဘုံနယ်မြေတစ်ခုလုံး ဆူညံပွက်လောရိုက်သွားခဲ့သည်။

ထုတ်ပြန်ကြေညာထားသော ပြစ်မှုများအနက် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း ပြန်ပေးဆွဲခြင်းနှင့် အတင်းအဓမ္မ သိမ်းပိုက်ခြင်းကဲ့သို့ကြီးလေးသော ပြစ်မှုများ ပါဝင်သည်။

အပြင်ပန်းတွင် သီလရှိပုံရသော ထိုဗုဒ္ဓဂိုဏ်းဘုန်းတော်ကြီးများသည် ကန့်လန့်ကာနောက်ကွယ်တွင် ကြီးမားသော စီးပွားရေးလုပ်ငန်းများကို ထိန်းချုပ်ထားပေ၏။ သူတို့သည် မိန်းမလှလေးများကိုပင် သိမ်းပိုက်ထားကာ သူတို့ ကျူးလွန်ထားသည့် သွေးစွန်းသော အမှုအခင်းများစွာ ရှိနေသည်။

ထိုမျှသာမက တောင်ပေါ်တွင် သီးခြားနေထိုင်ပြီး လောကီရေးရာများနှင့် မပတ်သက်သယောင် ရှိနေသော ထိုဗုဒ္ဓဂိုဏ်းမှ ဘုရားကျောင်းများသည် မြေနေရာအမြောက်အများကို တိတ်တဆိတ် သိမ်းပိုက်ခဲ့ကြသည်။ ဂိုဏ်းအမြောက်အများ တိတ်တဆိတ် ပျောက်ကွယ်သွားပြီး နောက်ဆုံးတွင် ဗုဒ္ဓဂိုဏ်း၏ဘုရားကျောင်းများအဖြစ် ပြောင်းလဲသွားခဲ့ကြ၏။

"တစ်ချိန်က ထင်ရာစိုင်းသောင်းကျမ်းခဲ့ဖူးတဲ့ သွေးမိစ္ဆာအိုကြီးက တကယ်တော့ ဘုန်းတော်ကြီးယင်ကျန့် ဖြစ်နေတာပဲ.... ငါက သူ့ရဲ့တရားပွဲတွေကိုတောင် နားထောင်ဖူးသေးတယ်"

"ဝမ်လန်ဘုရားကျောင်းရဲ့ အနောက်မှာ အရိုးတောင်တွေ ရှိနေတယ်.... တကယ်တော့ အဲ့ဒီမြေက အတင်းအကြပ် သိမ်းယူခံရပြီးတော့ အစကရှိခဲ့တဲ့ ချန်အိမ်တော်က ဖျက်ဆီးခံလိုက်ရတာပဲ.... ချန်မိသားစုက လူရာနဲ့ချီပြီးတော့ အသတ်ခံရပြီး သူတို့ရဲ့ အရိုးတွေကို ဘုရားကျောင်းရဲ့နောက်မှာ ဝှက်ထားကြတယ်.... သူတို့ရဲ့ အငြိုးကြီးစိတ်ဝိညာဉ်တွေကို ဗုဒ္ဓရုပ်ပွားတော်တွေနဲ့ ဖိနှိပ်ထားတာကြောင့် သူတို့က ပြန်လည်ဝင်စားဖို့ အခွင့်အရေးတောင် မရကြဘူး"

လူအများသည် သူတို့ မြင်တွေ့လိုက်ရသော အရာများကြောင့် အံ့အားသင့်သွားခဲ့ကြသည်။ တရားရေးရာဝန်ကြီးဌာနမှ ထုတ်ပြန်သော သတင်းများသည် အလွန် ဆိုးရွားလွန်းသဖြင့် ဗုဒ္ဓဂိုဏ်းအပေါ် သူတို့၏နားလည်မှုကို လုံးလုံးလျားလျား ပြောင်းလဲသွားစေခဲ့သည်။

လီစစ်က အေးစက်တင်းမာစွာ ပြောဆိုသည်။

"ဘုရားကျောင်းအသီးသီးက ဘုန်းတော်ကြီးတွေက အမှန်ဆိုရင် တရားစာရွတ်ပြီးတော့ ငြိမ်ငြိမ်သက်သက် ကျင့်ကြံနေသင့်တယ်... ဒါပေမဲ့ သူတို့က အရင်းအမြစ်တွေနဲ့ မြေတွေကို အတင်းအကြပ် သိမ်းပိုက်ကြတယ်...အဆင်းရဲဆုံး နေရာတွေမှာတောင် ခမ်းနားထည်ဝါတဲ့ ဘုရားကျောင်းတွေ တည်ဆောက်ကြတယ်... သူတို့ရဲ့လောဘက အကန့်အသတ် မရှိဘူး...သူတို့က ဟန်ဆောင်ကောင်းတယ်... ဥပဒေက တားမြစ်ထားတဲ့ လုပ်ရပ်တွေ အများကြီးကို လုပ်တယ်...နတ်ဆိုးဝိညာဉ်တွေကို လက်ခံထားပြီး ညစ်ညမ်းမှုတွေကို ဖုံးကွယ်ထားကြတယ်.... သူတို့က အင်ပါယာရဲ့ အရိုးထဲက လောက်ကောင်တွေ ဖြစ်နေပြီ"

သူက ထပ်မံ၍ ပြောဆိုသည်။

"အရှင်ဧကရာဇ်ရဲ့အမိန့်တော်က 'ဗုဒ္ဓဂိုဏ်းကို ဖျက်ဆီးခြင်း' လို့ ခေါ်ပေမယ့် ဖျက်ဆီးခံရတာက ဗုဒ္ဓလမ်းစဥ်ကို လျှောက်လှမ်းတဲ့ အသွင်ယူပြီး​တော့ မလျော်ကန်တဲ့ လုပ်ရပ်တွေကို လုပ်နေတဲ့ အရှက်မဲ့တဲ့ လူယုတ်မာတွေပဲ... တရားရေးရာ ဝန်ကြီးဌာနက ဘုရားကျောင်းတစ်ခုကို ဖျက်ဆီးမယ်ဆိုရင် တင်းကြပ်ပြီး ခိုင်လုံတဲ့ သက်သေအထောက်အထားတွေ အမြဲတမ်းရှိတယ်...ဘယ်အပြစ်မဲ့သူမှ မှားယွင်းစွပ်စွဲခံရမှာ မဟုတ်ဘူး"

ထို့နောက် ဖန်းဝိုင်ကျောင်းတော်၏ ညွှန်ကြားရေးမှူးလန်ဝူရှန်းသည် မီးရှို့ဖျက်ဆီးခံရသော ဘုရားကျောင်းများမှ သိမ်းဆည်းရမိသော ရတနာစာရင်းကို အတွင်းဝန်အဖွဲ့ထံသို့ တင်ပြလိုက်၏။

ထိုပမာဏသည် တွက်ချက်၍ မရနိုင်လောက်အောင် များပြားသည်။

ဤချမ်းသာကြွယ်ဝမှုဖြင့် ချင်အင်ပါယာသည် နောက်ထပ် တပ်မကြီးရာပေါင်းများစွာကို လက်နက်များတပ်ဆင်ပေးရန် လုံလောက်ပေ၏။

ဆရာတော်ရွှမ်ကျန်းသည် ထိုစာရင်းကို ကြည့်ပြီး တရားစာများရွတ်ဆိုကာ စကားမပြောနိုင် ဖြစ်သွားခဲ့သည်။

သူ၏စိတ်ထဲတွင် ဗုဒ္ဓဂိုဏ်းသည် သူကဲ့သို့ပင် ရှေးဟောင်းဗုဒ္ဓဂိုဏ်း၏ အမွေအနှစ်ကို ထိန်းသိမ်းပြီး ပြင်ပအရာများကို စွန့်လွှတ်ကာ အတွင်းစိတ်ကိုသာ ကျင့်ကြံသင့်သည်ဟု ယူဆထားသည်။

လူများ၏စိတ်နှလုံးသားများ ယခင်နှင့် မတူညီတော့သည်မှာ ဝမ်းနည်းဖွယ်ရာပင်။ ယနေ့ခေတ်တွင် သူကဲ့သို့ ခြိုးခြံချွေတာသည့် ဘုန်းတော်ကြီးများသည် ရှားပါးပေ၏။

"လူတွေမှာ ယုံကြည်ချက် ရှိနိုင်တယ်.... ဒါပေမဲ့ နတ်ဘုရားတွေနဲ့ ဗုဒ္ဓတွေအားလုံးက ချင်အင်ပါယာ စည်းမျဥ်းဥပဒေနဲ့အညီ လိုက်နာဆောင်ရွက်ရမယ်... စည်းမျဥ်းဥပဒေကို အာခံရဲသူ ဘယ်သူမဆို ပြင်းပြင်းထန်ထန် အပြစ်ပေးခံရမယ်"

လီစစ်၏ စကားများသည် ပြတ်သားပြီး အေးစက်သော သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒကို ဖော်ပြနေသည်။

ဤစကားကို ကြားချိန်၌ လူအမြောက်အများသည် ထိတ်လန့်ကြောက်ရွံ့မှုကို ခံစားမိလေ၏။

နတ်ဘုရားများနှင့် ဗုဒ္ဓများပင်လျှင် ယခုမှစ၍ ချင်အင်ပါယာ၏စည်းမျဥ်းဥပဒေကို နာခံရတော့ပေမည်။

Chapter 5307

"မဟုတ်တာတွေ.... ဒါတွေအားလုံးက ချင်အင်ပါယာက ငါတို့ ဗုဒ္ဓဂိုဏ်းဝင်တွေကို နှိပ်စက်နေတာပဲ"

ကြယ်မြစ်တစ်ခုထဲတွင် အဆုံးမရှိသော အမုန်းတရားများ ပြည့်နှက်နေသည့် အံကြိတ်သံတစ်သံ ထွက်ပေါ်လာခဲ့သည်။

ဤသည်မှာ ချင်အင်ပါယာ တရားရေးရာ ဝန်ကြီးဌာန၏ လိုက်လံဖမ်းဆီးခြင်းကို ခံနေရသော ဘုန်း​တော်ကြီးတစ်စုပင်။ သူတို့အနက်မှ တချို့သည် ကြီးလေးသော ပြစ်မှုများစွာတွင် ပါဝင်ပတ်သက်နေကြသည်။ အကယ်၍ သူတို့ အဖမ်းခံရပါက အပေါ့ပါးဆုံး ပြစ်ဒဏ်မှာ ကျင့်ကြံဆင့်စွမ်းအား ဖျက်သိမ်းခံရပြီး ကြမ်းတမ်းသော နေရာများသို့ အလုပ်ကြမ်း လုပ်ရန် ပို့ဆောင်ခံရခြင်း ဖြစ်နိုင်ချေရှိသည်။

သူတို့၏ လျှို့ဝှက်ချက်များ ပေါက်ကြားသွားသည်ကို မြင်တွေ့ချိန်၌ သူတို့သည် ချက်ချင်း ထိတ်လန့်တုန်လှုပ်သွားပြီး နေရာအနှံ့အပြား၌ ကောလဟလများကို ဖြန့်ကြလေ၏။

"ဒါတွေအားလုံးက မင်းတို့ချင်အင်ပါယာ နန်းတော်ရဲ့ တစ်ဖက်သတ် စကားတွေပဲ...မင်းတို့ပြောတာ မှန်မမှန် ဘယ်သူက သိမှာလဲ"

"အမှန်ပဲ...မင်းတို့ပြောတာ အမှန်တွေ ဟုတ်လို့လား....မင်းတို့က တစ်ယောက်ယောက်ကို ပစ်မှတ်ထားချင်ရင် သက်သေအတုတွေ လုပ်ပြီး အရေးယူလို့ ရတာပဲ မဟုတ်လား"

လူအများအပြားသည် တရားရေးရာ ဝန်ကြီးဌာနနှင့် ဖန်းဝိုင်ကျောင်းတော်ကို စတင်၍ တိုက်ခိုက်လာကြသည်။ ပြည်သူ့အသံသည် ရွှေကို အရည်ပျော်စေနိုင်သည် ဆိုသည့်အလား ယခင်က ဗုဒ္ဓဂိုဏ်းကို ဒေါသထွက်နေသူများ စတင်၍ယိမ်းယိုင်လာကြသည်။

သို့သော် မကြာမီမှာပင် လင်းယုန်ကြယ်မြစ်၏ နက်ရှိုင်းသော နေရာမှ အေးစက်စက် လှောင်ပြောင်သံတစ်သံ ထွက်ပေါ်လာခဲ့သည်။

"သက်သေအစစ်အမှန် မရှိရင် ဘယ်သူက မင်းတို့ကို အကွက်ဆင်မှာလဲ...မင်းတို့က ကိုယ့်ကိုယ်ကိုယ် ဘယ်သူတွေလို့ ထင်နေလို့လဲ"

ထိုစကားကို ပြောဆိုလိုက်သူမှာ လူစကား ပြောနိုင်သော ခွေးနက်ကြီးတစ်ကောင်ပင်။

တချို့လူများသည် ဤခွေး၏လည်ပင်းတွင် ရွှေဆွဲကြိုးအထူကြီးများ ဝတ်ဆင်ထားပြီး နံဘေးတွင် အစေခံမလေး ဆယ်ယောက်ကျော် ပါရှိကာ သွားလေရာရာ၌ သူဌေးကြီးတစ်ဦးကဲ့သို့ ပြုမူနေသည်ကို မျက်မြင်ကိုယ်တွေ့ မြင်တွေ့ခဲ့ကြရသည်။

အခွန်ဘဏ္ဍာရေးရာအမတ်ကြီး ဖေးထျန်ကွမ်းသည် ဤခွေးနက်ကြီး၏သတင်းကို ကြားချိန်၌ စားပွဲခုံကို ရိုက်ပုတ်လိုက်သည်။

"သောက်ကျိုးနည်း... အဲ့ဒီခွေးစုတ် သူက ထွက်လာရဲသေးတယ်ပေါ့"

ဖေးထျန်ကွမ်း၏ အဆင့်အတန်းသည် အလွန်မြင့်မားသော်လည်း ဖေထျန်းကွမ်သည် မဆဲဆိုဘဲ မနေနိုင်တော့ချေ။

ခွေးနက်ကြီးသည် ရှန်းယန်မြို့တွင် မနေခဲ့ချေ။ လုယွီက ဗုဒ္ဓဂိုဏ်းကို ဖျက်ဆီးရန် အမိန့်ထုတ်ပြန်လိုက်သည်ကို ကြားသည်နှင့် သူသည် ချင်အင်ပါယာ တရားရေးရာဝန်ကြီးဌာန၏ အရာရှိတစ်ဦးအဖြစ် အသွင်ပြောင်းကာ ဘုရားကျောင်း အသီးသီးကို ဦးစွာရှာဖွေခဲ့သည်။

ချင်အင်ပါယာ တရားရေးရာဝန်ကြီးဌာနမှ အရာရှိအစစ်များ ရောက်လာချိန်၌ အတွင်းခံဘောင်းဘီသာ ဝတ်ဆင်ထားပြီး အေးစက်သော လေတိုက်ခတ်မှုအောက်တွင် တုန်ရီနေသော ဘုန်းတော်ကြီးတစ်စုကိုသာ မြင်တွေ့လိုက်ရသည်။

"ရပ်ပါတော့... ငါတို့ အညံ့ခံပါ့မယ်"

ထိုဘုန်းတော်ကြီးများသည် မည်သို့သော နှိပ်စက်မှုကို ခံခဲ့ရမှန်း မသိဘဲ အဆက်မပြတ် ငိုယိုအော်ဟစ်နေကြသည်။

ရက်အနည်းငယ်အတွင်း ခွေးနက်ကြီးသည် မရေမတွက်နိုင်သော ဘုရားကျောင်းများကို မွှေနှောက်ဖျက်ဆီးခဲ့ပြီး မြေကြီးသုံးပေအနက်အထိ တူးထုတ်၍ ပစ္စည်းများအားလုံးကို ယူဆောင်သွားခဲ့သည်။ သူ သွားလေရာရာ၌ လေပွေမုန်တိုင်း တိုက်ခတ်သွားသကဲ့သို့ ဖြစ်ပြီး ချင်အင်ပါယာ နန်းတော်အတွက် အစအနမျှပင် မကျန်ရစ်ခဲ့ချေ။

"ဒါက ရက်စက်လွန်းတယ်"

တရားရေးရာ ဝန်ကြီးဌာနမှ အရာရှိတချို့၏ မျက်ခွံများ တဆတ်ဆတ် တုန်ရီနေသည်။

သူတို့သည် ယခင်က ပစ္စည်းသိမ်းဆည်းခြင်းများ ပြုလုပ်ဖူးသော်လည်း မည်သူမျှ ခွေးနက်ကြီးကဲ့သို့ အစမှအဆုံး အကုန်ပြောင်စင်အောင် သိမ်းဆည်းနိုင်သည့် အဆင့်ကို မမီပေ။

ခွေးနက်ကြီး ရောက်သွားခဲ့သော ဘုရားကျောင်းတချို့သည် ယခင်က ပုံစံနှင့် လုံးလုံးလျားလျား မတူတော့ပေ။ တရားရေးရာဝန်ကြီးဌာနမှ အရာရှိတချို့သည် သူတို့ ရောက်ရှိနေသည်မှာ သူတောင်းစားတဲ မဟုတ်ဘဲ ဘုရားကျောင်း ဖြစ်ကြောင်း သိရှိရန် အကြိမ်ကြိမ် အတည်ပြုခဲ့ကြရသည်။

ဘုရားကျောင်းများမှ သိမ်းဆည်းရမိသော ပစ္စည်းဥစ္စာ အားလုံးကို အခွန်ဘဏ္ဍာရေးရာ ဝန်ကြီးဌာနက စုဆောင်းပြီး ဘဏ္ဍာတိုက်တွင် သိမ်းဆည်းထားသည်။

ခွေးနက်ကြီး ရှိနေခြင်းကြောင့် အမှန်တကယ် ရရှိသော ပစ္စည်းဥစ္စာသည် မျှော်မှန်းထားသည်ထက် များစွာလျော့နည်းနေပြီး ဆယ်ရာခိုင်နှုန်း အတိအကျ လိုအပ်နေသည်။

သို့ရာတွင် ဤသည်က ဒေါသထွက်ဖွယ် ကောင်းသော်လည်း ဖေထျန်ကွမ်းက ခွေးနက်ကြီးသည် လုယွီနှင့် အတူပါလာသောခွေးဖြစ်ကြောင်း သိထားသဖြင့် ဤကိစ္စကို ဧကရာဇ်ထံသာ တင်ပြပြီး လူသိရှင်ကြား ထုတ်ပြန်ခြင်း မပြုခဲ့ပေ။

ခွေးနက်ကြီးသည် ကြယ်မြစ်တစ်ခုထဲတွင် အာဏာပြနေပြီး ချင်အင်ပါယာအခွန်ဘဏ္ဍာရေးရာ ဝန်ကြီးဌာန၏ ပစ်မှတ်ထားခြင်းကို ခံနေရသည်ကို လုံးဝမသိရှိချေ။

"ဟန်ဆောင်ကောင်းတဲ့ကောင်တွေက လူယုတ်မာ အစစ်တွေထက် ပိုပြီးမုန်းဖို့ကောင်းတယ်....သူတို့က ပိုင်ဆိုင်မှုတွေကို ကြိုတင် လွှဲပြောင်းထားကြတယ် ....မင်းတို့ရဲ့ ဘိုးဘေးကို အလကားသက်သက် ခရီးထွက်ခိုင်းတာပဲ"

ခွေးနက်ကြီးက မရပ်မနား ဆဲဆိုနေသည်။ သတင်းကြားသည်နှင့် သူ လျှင်မြန်စွာ လှုပ်ရှားခဲ့သော်လည်း ကံဆိုးစွာဖြင့် လက်ဗလာနှင့် ပြန်လာခဲ့ရသဖြင့် ယခုချိန်၌ သူ ဒေါသထွက်နေခြင်းဖြစ်သည်။

အမဲလိုက်ခြင်းခံနေရဆဲ ဖြစ်သော ဘုန်းတော်ကြီးတချို့သည် အရှက်ရမှုကြောင့် ဒေါသထွက်လာကြသည်။ သူတို့သည် ဒေါသတကြီး အော်ဟစ်လိုက်ကြ၏။

"ခွေးနက်ကြီး...မင်း တရားလွန်မလာနဲ့နော်"

သူတို့သည် ခွေးနက်ကြီးကို တွေးမိသည်နှင့် မနှစ်မြို့ဖွယ်ရာ ကိစ္စတချို့နှင့် ချက်ချင်း ဆက်စပ်မိကြသည်။

"တရားလွန်မလာနဲ့ ဟုတ်လား... မင်းတို့က ငါတို့ထက်တောင် ပိုပြီးတရားလွန်တဲ့ ကိစ္စတွေကို လုပ်ခဲ့တာ မဟုတ်လား"

ခွေးနက်ကြီးသည် ကြောက်ရွံ့ခြင်း မရှိချေ။ သူသည် စိတ်ဝိညာဉ်တောင် မြင့်မြတ်နယ်မြေ အတွင်းတွင် ဖုံးကွယ်ထားသော ပုံရိပ်ယောင်မြင်ကွင်းတစ်ခုကို ပြသရန် သလင်းကျောက်လုံးတစ်လုံးကို တိုက်ရိုက်အသုံးပြုလိုက်သည်။

ထိုပုံရိပ်ယောင်မြင်ကွင်းအတွင်းတွင် ငရဲနယ်မြေကဲ့သို့ ဖြစ်နေပြီး နေရာအနှံ့အပြား၌ သွေးကွက်ကြီးများကို မြင်တွေ့နေရသည်။

Chapter 5308

စိတ်ဝိညာဥ်တောင်နှင့် လီရှစ်ရာ အကွာအဝေးရှိသော ခြင်္သေ့ကုလားအုတ်တောင်တန်းတွင် သန်းပေါင်းများစွာသော အလောင်းများနှင့် အရိုးများ ရှိနေကြသည်။

အရိုးစုများသည် တောင်များအဖြစ် ပြောင်းလဲသွားပြီး အရိုးများက တောအုပ်သဖွယ် စုပုံနေသည်။ သွေးစွန်းနေသော မြေပြင်ပေါ်တွင် လူ့အရေခွံများနှင့် ပြတ်တောက်နေသော ခြေလက်အင်္ဂါများကို ရံဖန်ရံခါ တွေ့မြင်နေရသည်။ စူးရှသော သွေးညှီနံ့သည် ပုံရိပ်ယောင်မြင်ကွင်းကို ဖောက်ထွင်းပြီး လက်တွေ့ဘဝထဲသို့ ရောက်ရှိလာသကဲ့သို့ ခံစားရသည်။

နတ်ဆိုးများသည် သက်ရှိလူသားများကို ဖမ်းဆီးကာ အသွေးအသားများကို လှီးဖြတ်ပြီး စားသောက်ကြသည်။ အစွမ်းထက်သော နတ်ဆိုးများသည် သက်ရှိလူသားများကို သံအိုးကြီးများထဲသို့ တိုက်ရိုက်ထည့်ပြီး ချက်ပြုတ်ကြသည်။ သေဆုံးသွားသူများသည် မသေဆုံးမီက ပြင်းထန်သော နာကျင်မှုကို ခံစားနေရသည့် မျက်နှာအမူအယာများကို ထိန်းသိမ်းထားဆဲပင်။

ဤသည်မှာ သက်ရှိလူသားများကို တိရစ္ဆာန်များသဖွယ် သဘောထားပြီး နတ်ဆိုးများက စိတ်ကြိုက်သတ်ဖြတ်နေသော သက်ရှိငရဲနယ်မြေပင်။

သို့ရာတွင် လူတိုင်း၏စိတ်အာရုံကို ပို၍ဆွဲဆောင်နိုင်သည်မှာ ခြင်္သေ့ကုလားအုတ် တောင်တန်း၏အဝေးမှ တိမ်တိုက်များကြားတွင် ရပ်တည်နေသော ရွှေရောင်ဗုဒ္ဓခန်းမဆောင် တစ်စုဖြစ်သည်။

ဤသည်က မဟာမိုးခြိမ်းသံ ဘုရားကျောင်းပင်။

ဤခြင်္သေ့ကုလားအုတ်တောင်တန်းသည် မဟာမိုးခြိမ်းသံ ဘုရားကျောင်း၏ ခြေရင်းတွင် ရှိပြီး ထိုဘုန်းတော်ကြီးများ၏ စောင့်ကြည့်မှုအောက်တွင် ရှိနေခြင်း ဖြစ်ပေ၏။

"ဘယ်လိုလဲ....ဒါက မင်းတို့ရဲ့ ဗုဒ္ဓဂိုဏ်း မြင့်မြတ်နယ်မြေထဲက မြင်ကွင်းပဲ...နောက်ထပ် လူသားဘယ်လောက်များများကို အဲဒီ သားရဲယုတ်သုံးကောင်ရဲ့ ဗိုက်ထဲရောက်အောင် မင်းတို့က လှည့်စားအုံးမှာလဲ"

ခွေးနက်ကြီးက ပို၍မောက်မာထောင်လွှားလာပြီး သူ၏အသံ ပို၍ကျယ်လောင်လာသည်။

ဤတစ်ကြိမ်တွင်မူ ဗုဒ္ဓကျင့်ကြံသူများအားလုံး တိတ်ဆိတ်သွားကြသည်။

လူအများသည် သူတို့၏ဘဝတလျှောက်လုံး စိတ်ဝိညာဉ်တောင် မြင့်မြတ်နယ်မြေသို့ ဝင်ရောက်ခွင့် မရရှိခဲ့ကြပေ။ သူတို့၏ စိတ်ထဲတွင် စိတ်ဝိညာဉ်တောင်သည် သဟဇာတဖြစ်ပြီး ငြိမ်းချမ်းကာ ဒုက္ခများ ကင်းဝေး၍ သက်ရှိများအားလုံးအပေါ် ကြင်နာတတ်သော အန္တိမသုခဘုံပင်။

သို့ရာတွင် သူတို့ရှေ့မှ မြင်ကွင်းသည် သူတို့၏ နားလည်မှုကို လုံးလုံးလျားလျား ပြောင်းလဲသွားစေခဲ့သည်။

"လောကကြီးထဲမှာ ရိုသေလေးစားခံရတဲ့ ဗုဒ္ဓအရှင်တို့.... တပည့်တို့ အမြဲတမ်း လိုက်နာကျင့်သုံးနေခဲ့တဲ့ အရာတွေအားလုံးက မှားယွင်းနေတာလား"

"ကျေးဇူးပြုပြီး ရှင်းပြပေးပါ ဗုဒ္ဓအရှင်...."

မရေမတွက်နိုင်သော ဘုန်းတော်ကြီးများသည် ဗုဒ္ဓအရှင်များထံမှ ဖြေရှင်းချက်များရရှိရန် ဗုဒ္ဓခန်းမဆောင်များအတွင်းတွင် ဝပ်တွားနေကြသည်။

သို့ရာတွင် သူတို့သည် မည်သည့် ပူဇော်မှုများ ပြုလုပ်သည်ဖြစ်စေ မည်သည့် ဆုတောင်းမှုမျိုး ပြုလုပ်သည်ဖြစ်စေ အရာအားလုံး အချည်းနှီးသာ ဖြစ်ပေ၏။

ဗုဒ္ဓရုပ်ပွားတော်များအားလုံး တိတ်ဆိတ်နေကြသည်။

ဤသည်မှာ မကြုံစဖူး ဖြစ်ရပ်တစ်ခုပင်။

သူတို့ အစဥ်အမြဲ ယုံကြည်ကိုးကွယ်ခဲ့သော ဗုဒ္ဓသည် သူတို့ကို စွန့်ပစ်လိုက်သကဲ့သို့ ဖြစ်နေသည်။

မရေမတွက်နိုင်သော ဘုရားကျောင်းများ အတွင်း၌ ငိုကြွေးသံများ ပဲ့တင်ထပ်နေသည်။ ဤသည်မှာ ယုံကြည်ချက် ပြိုလဲခြင်း၏ အသံပင်။ ဘုန်းတော်ကြီးအမြောက်အများ၏ ကျင့်ကြံဆင့်များ ကျဆင်းသွားပြီး တချို့သည် သွေးအန်ကာ ချက်ချင်း သတိလစ်မေ့မြောသွားကြ၏။

ထိုအချိန်တွင် ဤကဲ့သို့ ပုံရိပ်ယောင်မြင်ကွင်းကို စိတ်ဝိညာဉ်တောင် မြင့်မြတ်နယ်မြေသို့ ပို့ဆောင်လိုက်ချိန်၌ ကြီးမားသော ရုတ်ရုတ်သဲသဲနိုင်မှုများကိုလည်း ဖြစ်ပေါ်စေခဲ့လေသည်။

"အဲ့ဒါက ဗုဒ္ဓအရှင်ရဲ့လက်အောက်က နတ်ဆိုးဧကရာဇ်သုံးပါးရဲ့ တာအိုနယ်မြေ မဟုတ်လား..."

"ဘယ်လိုလုပ်ပြီး ဒီလို ဖြစ်နိုင်မှာလဲ....စိတ်ဝိညာဉ်တောင်ရဲ့ ခြေရင်းမှာ ဒီလိုနေရာမျိုး တကယ် ရှိနေတာလား"

စိတ်ဝိညာဉ်တောင် မြင့်မြတ်နယ်မြေအတွင်း၌ နေထိုင်သော လူများအားလုံးသည် ခြင်္သေ့ကုလားအုတ်တောင်တန်း ရှိနေကြောင်း မသိရှိကြပေ။

သူတို့သည် သလင်းကျောက်လုံးမှ ပြသလိုက်သော ပုံရိပ်ယောင်ကို ကြည့်ပြီး သူတို့၏မျက်လုံးများထဲတွင် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေသည်။ သူတို့၏ရှေ့မှ မြင်တွေ့နေရသော အရာသည် အစစ်အမှန် ဖြစ်ကြောင်း မယုံကြည်ရဲကြချေ။

ကြင်နာမှုနှင့် လူအများအပေါ် ကောင်းမွန်စွာ ဆက်ဆံရန် ဟောပြောသော စိတ်ဝိညာဉ်တောင်သည် နောက်ဆုံးတွင် နတ်ဆိုးများ ပျော်ပါးရန်အတွက် အသူရာငရဲနယ်မြေ ဖြစ်လာခဲ့သည်။

ဘုန်းတော်ကြီးတချို့၏ တာအိုနှလုံးသားများသည် မတည်မြဲနိုင်တော့ဘဲ ရုတ်တရက် ပြိုလဲသွားသည်။ အပြင်ဘက်မှ လုယွီ၏ ဆက်တိုက်တိုက်ခိုက်မှုများနှင့် ပေါင်းစပ်လိုက်ချိန်၌ ဘုန်းတော်ကြီးများအားလုံးကို ကြီးမားသော စိတ်ပိုင်းဆိုင်ရာ ဖိအားများ ဖြစ်ပေါ်စေခဲ့သည်။

တချို့လူများ၏စိတ်နှလုံးသားများ စတင်၍ တုန်လှုပ်ချောက်ချားလာပြီး စိတ်ဝိညာဉ်တောင် မြင့်မြတ်နယ်မြေ၏ အပြင်ဘက်ရှိ ရွှေရောင်အလင်းဝင်္ကပါသည် ယိမ်းယိုင်စပြုလာခဲ့သည်။

"ဟမ့်...."

မဟာတောက်ပခြင်းဗုဒ္ဓသည် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သောအသံဖြင့် တင်းမာခက်ထန်စွာ အော်ဟစ်လိုက်၏။

"ငါရဲ့တပည့်တွေအားလုံး.... နတ်ဆိုးတွေရဲ့ လှည့်စားတာကို မခံကြနဲ့"

ထိုသို့ပြောဆိုပြီးနောက် မဟာတောက်ပခြင်းဗုဒ္ဓက သူ၏လက်ကို မြှောက်ပြီး ဖမ်းဆုပ်လိုက်သည်။ သူ၏ ကြီးမားသော လက်ဝါးအတွင်းတွင် မဟာတာအိုဝင်္ကပါပုံစံများ မှိန်ဖျော့ဖျော့ ပေါ်ထွက်လာပြီး ယှက်နွယ်ကာ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားတစ်ရပ်က ပတ်ဝန်းကျင်ကို လွှမ်းခြုံသွားတော့သည်။

ရုတ်ချည်းဆိုသလိုပင် စိတ်ဝိညာဉ်တောင် မြင့်မြတ်နယ်မြေအတွင်း၌ နေထိုင်သော လူသားများအားလုံး၏ခန္ဓာကိုယ်များ အားနည်းသွားသကဲ့သို့ ခံစားလိုက်ရသည်။ သူတို့အနက်မှတချို့သည် မြေပြင်ပေါ်သို့ အားအင်ချည့်နဲ့ စွာ လဲကျသွားကြ၏။

"ငါ့ စိတ်ဝိညာဉ်တောင် သုခဘုံကို ကာကွယ်ဖို့ သက်ရှိတွေအားလုံးရဲ့ စွမ်းအားကို ငှားရမ်းမယ်"

သောင်းနှင့်ချီသော ယုံကြည်ကိုးကွယ်ခြင်း စွမ်းအားတန်းများကို မဟာတောက်ပခြင်းဗုဒ္ဓက အတင်းအဓမ္မ ထုတ်ယူလိုက်ပြီး အဆုံးမရှိသော စွမ်းအားများအဖြစ် စုစည်းကာ စိတ်ဝိညာဉ်တောင် မြင့်မြတ်နယ်မြေကို ပို၍တောက်ပသွားစေခဲ့သည်။

သာမန်နေ့များတွင် စိတ်ဝိညာဉ်တောင်မှ သက်ရှိများသည် နေ့စဥ်နေ့တိုင်း ဗုဒ္ဓကျမ်းစာများရွတ်ဆိုကြရာ သူတို့၏ ယုံကြည်ကိုးကွယ်ခြင်း စွမ်းအားသည် ဤကြီးမားသော စိတ်ဝိညာဉ်တောင်နှင့် ချိတ်ဆက်နေသည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။

သူတို့သည် ဗုဒ္ဓဂိုဏ်း၏ထိန်းချုပ်မှုကို ခံထားရပြီး ရုပ်သေးများအလား အမွှေးနံ့သာစွမ်းအားများကို ဆက်သနေရသော အစေခံတစ်စုမျှသာ ဖြစ်ပေ၏။

Chapter 5309

စိတ်ဝိညာဉ်တောင် မြင့်မြတ်နယ်မြေ၏အပြင်ဘက်၌....

လုယွီ၏တိုက်ခိုက်မှုများသည် မရပ်မနား ဖြစ်နေပြီး ရိုက်ချက်တိုင်းသည် စိတ်ဝိညာဉ်တောင်ကို အနည်းငယ် တုန်ခါသွားစေခဲ့သည်။

"ပိုရွှင်... မင်း ထွက်မလာသေးဘူးလား"

လုယွီက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

သူသည် ထိုနတ်ဆိုးကို မဟာမိုးခြိမ်းသံဘုရားကျောင်းထဲမှ ထွက်လာအောင် မျှားခေါ်ချင်နေသည်။ အကြောင်းအရင်းမှာ ဘုရားကျောင်းအတွင်းတွင် ထောင်ချောက်များစွာ ရှိနေသောကြောင့်ပင်။ ပိုရွှင်သည် ဗုဒ္ဓဂိုဏ်း၏မြင့်မြတ်နယ်မြေကို သိမ်းပိုက်ထားသည်မှာ ကြာမြင့်နေပြီဖြစ်သောကြောင့် ကြိုတင်ပြင်ဆင်မှုများစွာ ပြုလုပ်ထားမည်မှာ သေချာပေါက်ပင်။

သို့ရာတွင် မဟာဗုဒ္ဓအရှင်သည် တစ်ကြိမ်တစ်ခါမျှ ထွက်မလာချေ။ သူသည် စိတ်ဝိညာဉ်တောင် မြင့်မြတ်နယ်မြေ၏ နက်ရှိုင်းသောနေရာတွင် ပုန်းအောင်းနေပြီး လုယွီ၏ တိုက်ခိုက်မှုများကို ရှောင်တိမ်းနေသကဲ့သို့ ဖြစ်နေသည်။

"ပိုရွှင်... ငါကိုယ်တိုင် ဒီနေရာကို ရောက်လာခဲ့ပြီ... မင်းရဲ့လက်အောက်က ယင်ကောင်ငယ်လေးတွေကို အသေခံခိုင်းမနေနဲ့... မင်းကိုယ်တိုင် ငါ့ဆီ ထွက်လာခဲ့စမ်း...."

လုယွီသည် နောက်ထပ်လက်သီးတစ်ချက် ထိုးနှက်လိုက်ရာ မိုးခြိမ်းသံကဲ့သို့ တုန်ခါသွားသည်။

ကြောက်မက်ဖွယ်ကောင်းသော ပဲ့တင်သံနှင့်အတူ အော်ငေါက်သံကြီးက အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားခဲ့သည်။

မဟာမိုးခြိမ်းသံဘုရားကျောင်းရှေ့တွင် ငိုကြွေးသံများ နေရာအနှံ့အပြား၌ ထွက်ပေါ်နေသည်။ ဗုဒ္ဓဂိုဏ်းမှ အဆင့်မြင့်ဘုန်းတော်ကြီး အဆင့်အောက်ရှိ သက်ရှိများသည် မြေပြင်ပေါ်တွင် ဝပ်တွားနေရုံသာ တတ်နိုင်ပြီး မတ်တတ်ရပ်ရန် အင်အားပင် မရှိတော့ချေ။

မျောက်ရောက်ရှိလာပြီး ပန်းသီးတောင်မှ နတ်ဆိုးသားရဲများကို ခေါ်ဆောင်လာကာ ကြီးမားသော အရှိန်အဝါကို ဖန်တီးလိုက်သည်။

"လုယွီ....ငါ မင်းကို ဒီအတွက် အကြွေးတင်သွားပြီ"

မျောက်၏ မျက်လုံးများ အနည်းငယ် နီရဲနေသည်။ အချိန်အတော်ကြာ ခွဲခွာပြီးနောက် သူ၏ဟန်ပန် များစွာပြောင်းလဲသွားခဲ့သည်။

"ငါတို့ကြားမှာ အကြွေး မရှိပါဘူး"

လုယွီက ပြောဆိုသည်။

မျောက်က ခေါင်းညိတ်လိုက်သည်။ လွမ်းဆွတ်နေရမည့်အချိန်မဟုတ်ကြောင်း သူ သိရှိသဖြင့် တည်ကြည်လေးနက်စွာ ပြောဆိုလိုက်၏။

"စိတ်ဝိညာဉ်တောင်ထဲက ငါ့ရဲ့သူလျှိုတွေဆီက သတင်းအရဆိုရင် မဟာမိုးခြိမ်းသံဘုရားကျောင်းထဲက ဗုဒ္ဓအလင်းရောင်က မှိန်ဖျော့နေတယ်....အရင်တုန်းကလို ထူးခြားတဲ့ သဘာဝလွန်ဖြစ်စဉ်တွေ မရှိတော့ဘူး... မဟာဗုဒ္ဓအရှင်က မဟာမိုးခြိမ်းသံ ဘုရားကျောင်းထဲမှာ ရှိပုံမရဘူး"

ထိုစကားကိုကြား၌ လုယွီ အံ့အားသင့်သွားသည်။

သူသည် စိတ်ဝိညာဉ်တောင်သို့ ရောက်လာပြီးနောက် မဟာဗုဒ္ဓအရှင်က ပြင်းပြင်းထန်ထန် ခုခံလိမ့်မည်ဟု သူ မျှော်လင့်ထားခဲ့သည်။ ပိုရွှင်သည် စိတ်ဝိညာဉ်တောင်ကို စွန့်ခွာသွားမည်ဟု သူ လုံးဝထင်မှတ်မထားခဲ့ချေ။

"ငါတို့ ပူးပေါင်းတိုက်ခိုက်ပြီးတော့ ဝင်္ကပါကို ချိုးဖျက်ကြမယ်"

လုယွီက နဂါးနက်ကို ပုတ်လိုက်သည်။

မိုးကောင်းကင်ယံကို တုန်ခါစေသော နဂါးဟိန်းသံကြီးက တိမ်တိုက်များကို ဖြတ်ကျော်၍ ပဲ့တင်ထပ်သွားသည်။ အဆုံးမရှိသော သွေးနီရောင် အလင်းတန်းများက နဂါးနက်ကြီးဆီမှ ရုတ်တရက် ထွက်ပေါ်လာသည်။ ဤသည်က ညအချိန်တွင် သွေးရောင်အလင်းတန်းတစ်တန်း ရုတ်တရက် ထွက်ပေါ်လာသည့်အလား အလွန်ကျောချမ်းဖွယ်ကောင်းပေ၏။

နဂါးနက်ကြီးက ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး အထွတ်အထိပ်စွမ်းအားဖြင့် ရှေ့သို့ တိုးဝင်တိုက်ခိုက်လိုက်သည်။ အင်မော်တယ်ကွပ်မျက်ဓားနှင့် ချင်အင်ပါယာ၏ ကံကြမ္မာစွမ်းအားတို့ ပေါင်းစပ်လိုက်ချိန်၌ နဂါးနက်၏စွမ်းအားကို စိတ်ကူးမယဉ်နိုင်လောက်သော အဆင့်သို့ ရောက်ရှိစေခဲ့သည်။

"ဝုန်း...."

ကြောက်မက်ဖွယ်ကောင်းသော အသံကြီးက အရပ်မျက်နှာအဘက်ဘက်တွင် ဆက်တိုက် ပဲ့တင်ထပ်နေပေ၏။

ရွှေရောင်အလင်းဝင်္ကပါသည် ပြင်းထန်စွာ တုန်ခါသွားပြီး မျက်နှာပြင်ပေါ်တွင် ထိတ်လန့်ဖွယ်ရာ အက်ကွဲကြောင်းများ ထွက်ပေါ်လာသည်။ ချင်အင်ပါယာ နဂါးသွေးကြောသည် အင်မော်တယ်ကွပ်မျက်ဓားကို ဗဟိုပြုပြီး ဖွဲ့စည်းထားသဖြင့် တားဆီး၍ မရနိုင်ချေ။ နဂါးနက်ကြီးသည် ရိုက်ချက်တစ်ချက်တည်းဖြင့် ရွှေရောင်အလင်းဝင်္ကပါကို လုံးလုံးလျားလျား ချိုးဖျက်လိုက်သည်။

"ဖူး...."

ထိုစွမ်းအား၏သက်ရောက်မှုကြောင့် စိတ်ဝိညာဉ်တောင် မြင့်မြတ်နယ်မြေရှိ မရေမတွက်နိုင်သော ဘုန်းတော်ကြီးများသည် သွေးအန်ကာ မြေပြင်ပေါ်သို့ လဲကျသွားကြသည်။ သူတို့၏ ယုံကြည်ချက်နှင့် စိတ်ဝိညာဉ်များသည် စိတ်ဝိညာဉ်တောင် မြင့်မြတ်နယ်မြေနှင့် မြဲမြံစွာ ချိတ်ဆက်ထားသည်။ ယခုချိန်၌ စိတ်ဝိညာဉ်တောင်၏ ဝင်္ကပါကြီး ကျိုးပျက်သွားချိန်တွင် သူတို့သည်လည်း ဒဏ်ရာအပြင်းအထန် ရရှိသွားပေ၏။

"ချင်ဧကရာဇ်... မင်း မလာခဲ့သင့်ဘူး"

မဟာတောက်ပခြင်းဗုဒ္ဓ၏ မျက်လုံးများထဲတွင် မီးတောက်နှစ်ခု လောင်ကျွမ်းနေသည့်အလား စူးရှတောက်ပနေသည်။ သူသည် ခမ်းနားထည်ဝါသော ပုံပန်းသွင်ပြင်ရှိပြီး ရွှေရောင်အလင်းတန်းအမြောက်အများက သူ့ကို ဝန်းရံထားသည်။

ထိုဗုဒ္ဓအလင်းတန်းများအတွင်းတွင် အဆုံးမရှိသော ဗုဒ္ဓအခြေခံသဘောတရားများ ယှက်နွယ်နေပြီး ရှေ့သို့ ပြင်းထန်စွာ တိုးဝင်လာသည်။ ထိုကြောင့် လေထုထဲတွင် မီးတောက်များတငွေ့ငွေ့ လောင်ကျွမ်းနေသော လမ်းကြောင်းများကို ချန်ထားခဲ့လေ၏။

"ဟမ့်...."

လုယွီက အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။ ဝင်္ကပါကျိုးပျက်သွားသည်နှင့် သူသည် ရှေ့သို့ပြေးဝင်သွားပြီး လက်သီးဖြင့် ထိုးနှက်လိုက်ရာ ဗုဒ္ဓအလင်းတန်းများ ချက်ချင်းကြေမွှပျက်စီးသွားခဲ့သည်။

"ဘုန်း...ဘုန်း....ဘုန်း..."

အဆုံးမရှိသော ဗုဒ္ဓအလင်းတန်းများသည် လုယွီ၏နံဘေးသို့ ရောက်သည်နှင့် လုံးလုံးလျားလျား ပျက်စီးသွားပြီး ကြွင်းကျန်ရစ်ခြင်း မရှိတော့ချေ။ သူ ခြေတစ်လှမ်းချင်း လျှောက်လှမ်းလာပြီး ဗုဒ္ဓဂိုဏ်းမှ မရေမတွက်နိုင်သော အစွမ်းထက်ကျင့်ကြံသူများသည် သူ့ကို ယှဉ်နိုင်စွမ်း မရှိကြချေ။

"ချင်ဧကရာဇ်....အရင်က ငါတို့ကြားမှာရှိခဲ့တဲ့ အငြိုးအတေးတွေကို ဆွေးနွေးလို့ ရပါတယ်"

မဟာတောက်ပခြင်းဗုဒ္ဓသည် ရုတ်တရက် သူ၏ဒေါသထွက်နေသော မျက်နှာအမူအယာကို ဖယ်ရှားပြီး လုယွီကို တည်ကြည်လေးနက်သော အကြည့်ဖြင့် ကြည့်လိုက်သည်။

"ငါတို့ကြားမှာ ဘာဆွေးနွေးစရာမှ မရှိဘူး"

လုယွီသည် ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ပြီး အင်မော်တယ်သုတ်သင်ဓားချီသည် မိုးကောင်းကင်ယံသို့ မြင့်တက်သွားကာ တုန်ခါသံများ ထွက်ပေါ်လာပြီး မဟာတောက်ပခြင်းဗုဒ္ဓ၏ခေါင်းကို ချက်ချင်းဖြတ်လိုက်တော့သည်။

ဗုဒ္ဓအရှင်တစ်ပါး သေဆုံးသွားသည်နှင့် စိတ်ဝိညာဉ်တောင် မြင့်မြတ်နယ်မြေ၏ အထက်တွင် ထူးခြားသော သဘာဝလွန်ဖြစ်စဉ်များ ချက်ချင်းထွက်ပေါ်လာပြီး တိမ်မည်းများ တလိမ့်လိမ့်တက်လာသည်။

"ဒီနေ့ ငါက စိတ်ဝိညာဉ်တောင်ကို ဖျက်ဆီးမယ်"

လုယွီ အသံသည် စိတ်ဝိညာဉ်တောင် မြင့်မြတ်နယ်မြေ၏ အရပ်မျက်နှာအဘက်၌ ပဲ့တင်ထပ်သွားတော့သည်။

Chapter 5310

စိတ်ဝိညာဉ်တောင်ပေါ်တွင် ဇင်ဗုဒ္ဓကျမ်းစားသံများ ကျယ်လောင်စွာ ထွက်ပေါ်နေသည်။ ထောင်နှင့်ချီသော အလင်းတန်းများသည် မိုးကောင်းကင်ယံတွင် ယှက်နွယ်နေကာ လောကကြီးပျက်သုဥ်းတော့မည့် ပုံရိပ်တစ်ခုကို ဖန်တီးနေပေ၏။

လုယွီ၏ပုံရိပ်သည် စိတ်ဝိညာဉ်တောင်ပေါ်ရှိ ဘုန်း​တော်ကြီးများ၏ မျက်လုံးများထဲတွင် ထွက်ပေါ်လာသည်။ ထိုအနက်ရောင်နဂါးဝတ်ရုံသည် လူများအားလုံး၏စိတ်ဝိညာဉ်ကို ဖမ်းယူနေသော ဝိညာဥ်နုတ်သရဲတစ္ဆေတစ်ကောင်အလားပင်။

မဟာတောက်ပခြင်းဗုဒ္ဓသည် ပြန်လည်ခုခံရန် အချိန်ပင် မရလိုက်ဘဲ ချက်ချင်းအသတ်ခံလိုက်ရသည်။ သူ နားလည်သဘောပေါက်ထားသော ဗုဒ္ဓလမ်းစဉ်သည် လုယွီ၏ရှေ့တွင် အနည်းငယ်မျှ မလုံလောက်ခဲ့ချေ။

ဗုဒ္ဓဂိုဏ်းတွင် ဗုဒ္ဓအရှင်သုံးထောင်ရှိသည်ဟု လူသိများသော်လည်း လက်တွေ့တွင် ဗုဒ္ဓအရှင်တိုင်းသည် ပြိုင်ဘက်ကင်း မဟုတ်ချေ။

ပိုရွှင်သည် ရှေးဟောင်းဗုဒ္ဓဂိုဏ်း၏ အခြေခံအုတ်မြစ်ကို သိမ်းပိုက်ပြီး ကိုယ့်ကိုယ်ကိုယ် ဗုဒ္ဓဟု ခေါ်ဆိုခဲ့သည်။ ရှေးဟောင်းခေတ် ဗုဒ္ဓနယ်မြေရှိ ဗုဒ္ဓအရှင်သုံးထောင် အရေအတွက် ပြည့်မီစေရန်အတွက် သူသည် ဘုန်းတော်ကြီးတစ်စုကို အတင်းအကြပ် ရာထူးတိုးပေးခဲ့သည်။

သူတို့၏စွမ်းအားများသည် မူလက ဗုဒ္ဓတစ်ပါး၏ လိုအပ်ချက်များနှင့် မကိုက်ညီသော်လည်း သူတို့ကို အချိန်မတန်မီ ကြီးထွားလာအောင် ဖိအားပေးပြီး အတင်းအကြပ် ဗုဒ္ဓဖြစ်စေခဲ့လေသည်။

ထိုကဲ့သို့ ဗုဒ္ဓများသည် ယခင်က ရှမိသားစုမှ အထွတ်အထိပ် အကြီးအကဲများကဲ့သို့ သူတို့ကို ခြေလှမ်းတစ်ဝက်တာအိုသခင်များဟုသာ သတ်မှတ်နိုင်ပြီး သူတို့၏စွမ်းအားသည် အစစ်အမှန်တာအိုသခင်များနှင့် နှိုင်းယှဉ်၍ မရနိုင်ချေ။

"ပိုရွှင်.... ငါ စိတ်ဝိညာဉ်တောင်ပေါ်ကို ရောက်နေပြီ...မင်း ဘယ်မှာလဲ"

လုယွီက ကျယ်လောင်စွာ အော်ဟစ်လိုက်ရာ သူ၏အသံသည် မိုးခြိမ်းသံအလားပင်။

သူသည် မဟာတောက်ပခြင်းဗုဒ္ဓကို သတ်ပြီးနောက် သတ်ဖြတ်ခြင်းကိုလုပ်ဆောင်ခဲ့သည်။ သူ၏နည်းစနစ်များသည် ပြတ်သားပြီး ပြိုင်ဘက်ကင်းပေ၏။ သူ ဖြတ်သန်းသွားသော နေရာတိုင်းရှိ မြေပြင်ပေါ်၌ ဗုဒ္ဓသွေးများဖြင့် စွန်းထင်းနေတော့သည်။

မရေမတွက်နိုင်သော ဗုဒ္ဓဂိုဏ်းမှ အစွမ်းထက်ကျင့်ကြံသူများ အော်ဟစ်ပြီး လုယွီကို တားဆီးရန် ကြိုးစားကြသော်လည်း အင်မော်တယ်သုတ်သင်ဓားချီသည် အလွန်ထက်ရှပေ၏။ ထိုအရာ ဖြတ်သန်းသွားသော နေရာတိုင်းတွင် တားဆီး၍ မရနိုင်ဘဲ ဗုဒ္ဓဂိုဏ်း၏ အစွမ်းထက်ကျင့်ကြံသူများအားလုံးကို ချက်ချင်း သတ်ဖြတ်လိုက်သည်။ သူတို့၏ ခေါင်းများသည် မြေပြင်ပေါ်သို့ တလိမ့်လိမ့်ကျဆင်းသွားပေ၏။

အထက်မိုးကောင်းကင်ယံတွင် လင်းလက်နေသော လမင်းတစ်စင်း ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

အေးစက်စက်လရောင်သည် မြေပြင်ပေါ်သို့ ဖြာကျလာပြီး အေးစက်မှုနှင့်အထီးကျန်ဆန်မှု ခံစားချက်ကို ပို၍ပေါ်လွင်စေခဲ့သည်။

လင်းလက်နေသော လမင်းကြီး၏ နံဘေးတွင် ဗုဒ္ဓတစ်ပါးက မောက်မာထောင်လွှားစွာ မတ်တတ်ရပ်နေသည်။ ပြင်းထန်သော လေတိုက်ခတ်မှုကြောင့် သူ၏သင်္ကန်းများ ပျံ့လွင့်နေပြီး သူ၏နောက်တွင် ရွှေရောင်အလင်းကွင်းတစ်ခု ထွက်ပေါ်လာကာ ကောင်းကင်နှင့် မြေပြင်ကြားတွင် နက်နဲသိမ်မွေ့သော မှော်စွမ်းအားများ ပျံ့နှံ့နေတော့သည်။

ဤသည်မှာ စိတ်ဝိညာဉ်တောင်ပေါ်တွင် ကျန်ရှိနေသော ကျင့်ကြံဆင့်နက်နဲသိမ်မွေ့သည့် ပေါင်ယွဲ့ဗုဒ္ဓပင်။

သူသည် လက်တစ်ဖက်ဖြင့် လက်စည်းတံဆိပ်တစ်ခု ဖော်ဆောင်ထားပြီး အခြားလက်တစ်ဖက်ဖြင့် လက်သင်္ကေတတစ်ခုကို ပြုလုပ်ကာ မြင့်မားသော နေရာမှ ဆင်းသက်လာပြီး လုယွီကို လက်ဝါးဖြင့် ရိုက်နှက်လိုက်၏။

"ဘုန်း"

ဤလက်ဝါးရိုက်ချက်သည် လျှပ်စီးကဲ့သို့ မြန်ဆန်ပြီး လရောင်၏နက်နဲသော စွမ်းအားကို သယ်ဆောင်ကာ နတ်ဆိုးဆန်သောစွမ်းအားဖြင့် ရုတ်တရက် ကျရောက်လာသည်။

"သေစမ်း...."

လုယွီသည် ကြောက်ရွံ့ခြင်းမရှိဘဲ သွေးချီစွမ်းအားများ သူ၏ခန္ဓာကိုယ်မှ ပွင့်အံ့ထွက်လာသည်။ ထိုစွမ်းအားများသည် ကောင်းကင်အုပ်စိုးသူအရှင်၏ ကြယ်ရောင် အင်မော်တယ်စွမ်းအားများနှင့် ရောနှောပြီး သူသည်လည်း လက်ဝါးရိုက်ချက်တစ်ချက်ဖြင့် တုံ့ပြန်တိုက်ခိုက်လိုက်၏။

"ဝုန်း..."

လက်ဝါးနှစ်ဖက် ပြင်းထန်စွာ ထိပ်တိုက်တွေ့ဆုံသွားသော်လည်း စွမ်းအားချင်း ယှဉ်ပြိုင်မှုတွင်မည်သူက ပို၍သန်မာပြီး မည်သူက ပို၍အားနည်းသည်မှာ သိသာထင်ရှားနေလေပြီ။

ပေါင်ယွဲ့ဗုဒ္ဓ၏လက်တစ်ဖက်ကို လုယွီက အတင်းအကြပ် ဆုတ်ဖြဲလိုက်၏။ သွေးများယိုစီးကျလာပြီး ပြင်းထန်သော နာကျင်မှုကြောင့် ပေါင်ယွဲ့ဗုဒ္ဓက အော်ငေါက်လိုက်သည်။

"ဒီအခြေအနေထိ ရောက်နေတာတောင် မင်းက ကိုယ့်ရဲ့စွမ်းအားကို သုံးဖို့ ဝန်လေးနေတုန်းပဲလား"

လုယွီ၏ မျက်လုံးများသည် လေဟာနယ်ကို ထွင်းဖောက်မြင်နိုင်သဖြင့် မြင်ကွင်းတစ်ခုကို မြင်လိုက်ရချိန်တွင် သူ ဒေါသမထွက်ဘဲ မနေနိုင်တော့ချေ။

ပေါင်ယွဲ့ဗုဒ္ဓ၏ အစောပိုင်းက တိုက်ခိုက်မှုသည် သက်ရှိများ၏ ယုံကြည်ကိုးကွယ်ခြင်းစွမ်းအားကို အသုံးပြုခဲ့ခြင်းပင်။ လုယွီက ပေါင်ယွဲ့ဗုဒ္ဓ၏တိုက်ခိုက်မှုကို ချိုးဖျက်လိုက်ချိန်၌ ဒဏ်ရာရသွားသူများမှာ သူ့အား ယုံကြည်ကိုးကွယ်သူများပင်။

ယခင်က ဗုဒ္ဓကို ကိုးကွယ်ပြီး ဗုဒ္ဓကျမ်းစာများကို ရွတ်ဆိုခဲ့ကြသော မရေမတွက်နိုင်သော ကိုးကွယ်ယုံကြည်သူများသည် ယခုအချိန်၌ မြေပြင်ပေါ်တွင် သတိလစ်နေကြ၏။ သူတို့အနက်မှတချို့သည် အဆက်မပြတ် သွေးအန်နေကာ ဒဏ်ရာအပြင်းအထန် ရရှိထားကြသည်။

"ဒါက သက်ရှိတွေရဲ့ ဆန္ဒပဲ.... သူတို့က ဗုဒ္ဓအရှင်အတွက် သူတို့ကိုယ်သူတို့ စွန့်လွှတ်ထားကြတယ်...ဒါကို မင်း နားလည်မှာ မဟုတ်ဘူး"

ပေါင်ယွဲ့ဗုဒ္ဓ၏မျက်လုံးများ အေးစက်တင်းမာနေသည်။ သူ့ထံ၌ လက်တစ်ဖက်သာ ကျန်တော့သော်လည်း သူသည် လက်ကို မြှောက်ကာ လက်သင်္ကေတတစ်ခုကို ပြုလုပ်ပြီး လုယွီကို တိုက်ခိုက်ရန် ဟန်ပြင်လိုက်၏။

လရောင်အလင်းတန်းများက ဗုဒ္ဓလက်ဝါးကြီးကို လွှမ်းခြုံထားသည်။ ပြင်းထန်သော လေတိုက်ခတ်မှုနှင့်အတူ ပြင်းထန်သော တိုက်ခိုက်မှုတစ်ခု ရုတ်တရက် ကျရောက်လာသော်လည်း လုယွီက သူ၏လှည့်ကွက်ကို ကြိုမြင်ပြီးဖြစ်သည်။ သူသည် လက်သီးတစ်ချက် ထိုးနှက်လိုက်ရာ ပေါင်ယွဲ့ဗုဒ္ဓ၏တခြား လက်တစ်ဖက် ချက်ချင်းပေါက်ကွဲသွားတော့သည်။

"ဟန်ဆောင်ကောင်းတဲ့ လူတစ်စုက သေသင့်တယ်"

လုယွီက အေးစက်စက် အော်ဟစ်လိုက်ပြီး သူ၏လက်သီးစွမ်းအားက လေဟာနယ်ကို ကွဲအက်သွားစေသည်။ သူသည် အထွတ်အထိပ် လက်သီးအင်အားကို အသုံးပြုပြီး ပေါင်ယွဲ့ဗုဒ္ဓကို သေသည်အထိ တစစီကြေမွှပျက်စီးသွားစေသည်။

ဗုဒ္ဓသွေးများ အရပ်မျက်နှာအဘက်ဘက်သို့ ပြန့်ကျဲသွားပြီး လေဟာနယ်အတွင်းတွင် ပြင်းထန်သော သွေးနံ့များဖြင့် ပြည့်နှက်သွားသည်။ နေရာအနှံ့အပြား၌ ကိုးကွယ်ထားသော ပေါင်ယွဲ့ဗုဒ္ဓ၏ရုပ်ထုများအားလုံးလည်း ကွဲကြေသွားတော့သည်။

All Chapters