အခန်း (၅၃၂၁-၅၃၂၅)
Vol. 269 Ch. 5321-5325
Chapter 5321
ခေါင်းဆောင်မဲ့နေသော ဘုန်းတော်ကြီးများသည် တာယွီစစ်သည်များအတွက် ပြိုင်ဘက်မဟုတ်ကြချေ။
စစ်သည်များသည် ကျားများနှင့်ဝံပုလွေများအလား လူအုပ်ကြီးထဲသို့ ဝင်ရောက်တိုက်ခိုက်ကြပြီး မြင်သမျှလူတိုင်းကို သတ်ဖြတ်ကြသည်။ ဘုန်းတော်ကြီးများ၏ အလောင်းများသည် ရိတ်သိမ်းခံရသော မြက်ပင်များအလား လဲကျသွားပြီး သွေးများသည် မြစ်တစ်စင်းကဲ့သို့ စီးဆင်းနေပေ၏။
"ဒီနေရာမှာ ဗုဒ္ဓဂိုဏ်းရဲ့အကြွင်းအကျန်တွေ ရှိသေးတယ်.... သတ်ပစ်လိုက်စမ်း"
စစ်ဗိုလ်ချုပ်တစ်ဦးသည် လုယွီ ထွက်လာသည်ကို သတိပြုမိသဖြင့် သူ့ကို လက်ညှိုးညွှန်ကာ အော်ဟစ်လိုက်သည်။
"ဝှစ်...ဝှစ်...ဝှစ်..."
ရုတ်ချည်းဆိုသလိုပင် အကန့်အသတ်မဲ့သော သတ်ဖြတ်လိုခြင်း စိတ်ဆန္ဒများနှင့် ထက်ရှမှုများ ပြည့်နှက်နေသော ထူထပ်သိပ်သည့်သည့် မြှားမိုးသည် လုယွီထံသို့ ဦးတည်၍ ပျံသန်းလာတော့သည်။
"ဟမ့်...."
လုယွီက အေးစက်စက် နှာမှုတ်လိုက်ပြီး သူ၏လက်ကို မြှောက်လိုက်ရာ သူ၏ရှေ့ရှိ ထူထပ်သိပ်သည်းသော မြှားမိုးသည် လေထဲတွင် ချက်ချင်းတောင့်တင်းသွားခဲ့သည်။
ဤသည်မှာ မမြင်ရသော လက်ကြီးတစ်ဖက်က လုယွီရှေ့ရှိ လေဟာနယ်ကို ပိတ်ဆို့ဟန့်တားလိုက်သည့်အလားပင်။ မြှားများအားလုံးသည် လေထဲတွင် ရပ်တန့်နေပြီး တစ်လက်မမျှပင် ရှေ့ဆက်မတိုးနိုင်ချေ။
ထို့နောက် လုယွီက လက်သီးဆုပ်လိုက်ရာ ထိုလေဟာနယ်သည် ချက်ချင်းပေါက်ကွဲသွားပြီး အတွင်းရှိ မြှားများအားလုံးကို ခြေမွှဖျက်ဆီးလိုက်၏။
"သူက ထိပ်သီးကျင့်ကြံသူ တစ်ယောက်ပဲ"
စစ်ဗိုလ်ချုပ်သည် ကြောက်မက်ဖွယ်ကောင်းသော ရန်သူနှင့် ရင်ဆိုင်နေရသည်ကို သတိပြုမိသွားသဖြင့် သူ၏လူများကို ဦးဆောင်ကာ ချက်ချင်းဝိုင်းရံလိုက်သည်။
သူတို့၏ဘက်၌ စစ်သည်အင်အား ရာပေါင်းများစွာရှိနေပြီး လုယွီကို တင်းကြပ်စွာဝိုင်းရံထားကာ သူတို့၏မျက်နှာများပေါ်တွင် သတ်ဖြတ်လိုခြင်း အရိပ်အယောင်များ ထင်ဟပ်နေသည်။
ဤစစ်သည်များသည် မှော်လက်နက်အမျိုးမျိုးကို သယ်ဆောင်ထားကြ၏။ ယခင်က တာယွီစစ်တပ်တွင် ဤသို့ဖြစ်လေ့မရှိဘဲ စံသတ်မှတ်ထားသော မှော်လက်နက်များကိုသာ ကိုင်ဆောင်ကြသည်။ သို့ရာတွင် ရှန်လင်းလုံ အာဏာရယူပြီးနောက် အင်ပါယာဘဏ္ဍာတိုက်သည် ကုန်ခမ်းနေသည်မှာ အချိန်ကြာမြင့်နေပြီ ဖြစ်သဖြင့် တာယွီစစ်တပ်၏ လက်နက်တပ်ဆင်မှုသည် အထွတ်အထိပ်အချိန်ကနှင့် များစွာကွာခြားနေသည်။
မျောက်သည် ဗုဒ္ဓကျမ်းစာများကို ရွတ်ဆိုပြီး ရှေ့သို့တက်လှမ်းရန် ဟန်ပြင်လိုက်သော်လည်း လုယွီက တားဆီးလိုက်သည်။
"မင်းက ဗုဒ္ဓဂိုဏ်းကို ပြန်ပြီးအားကောင်းလာအောင်လုပ်ဖို့ စီစဉ်ထားမှတော့ ဝင်မပါနဲ့တော့.... ဒါက ငါ့ကိစ္စပါ"
လုယွီက ပြောဆိုသည်။
မျောက်က ခေါင်းညိတ်လိုက်သည်။ သူ၏ရှေ့မှ လူများသည် လုယွီအတွက် ပြိုင်ဘက် မဟုတ်ကြချေ။
"ဝုတ် ဝုတ် ဝုတ်..."
အဝေးတစ်နေရာမှနေ၍ အရေးတကြီး ခွေးဟောင်သံများ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
ခွေးနက်ကြီးသည် အရပ်ရှစ်မျက်နှာ ချိတ်ပိတ်ခြင်းဝင်္ကပါ အတွင်းတွင် ပိတ်မိနေပြီး အဝေးတစ်နေရာကိုကြည့်ကာ ရူးသွပ်စွာဟောင်နေပေ၏။
အဝေးတစ်နေရာရှိ ဘုရားကျောင်းတချို့တွင် စစ်သည်တစ်စု ထွက်ပေါ်လာပြီး အတွင်းရှိ ရတနာများကို စတင်၍ သယ်ဆောင်နေကြသည်။
သူတို့သည် ရွှေ့ပြောင်း၍ရသော မည်သည့်အရာမဆို ချက်ချင်းယူဆောင်သွားကြသည်။ သူတို့ မယူဆောင်နိုင်သော အရာများဆိုလျှင် ရိုက်ချိုးပြီး တစ်ပိုင်းစီ သယ်ဆောင်သွားကြ၏။
ခွေးနက်ကြီးသည် သူ၏ရှေ့တွင် တခြားလူများက ရတနာများကို လုယူသွားအား မြင်ရသည်ကို အမုန်းဆုံးပင်။ အရပ်ရှစ်မျက်နှာ ချိတ်ပိတ်ခြင်းဝင်္ကပါ၏စွမ်းအားကသာ သူ့ကို တားဆီးမထားလျှင် ထိုခွေးနက်ကြီးသည် ယခင်ကတည်းက ခုန်ထွက်သွားပြီး ဖြစ်ပေမည်။
"ဒါက ဘာသဘောလဲ"
လုယွီက ရှေ့သို့ တက်လှမ်းလိုက်ပြီး သူ၏ခြေထောက်အောက်မှ မိုးကြိုးစွမ်းအားများ ဖြာထွက်လာသည်။
ဝုန်း....
ပြင်းထန်သော တုန်ခါမှုကြီးနှင့်အတူ စစ်သည် အမြောက်အများသည် ခြေမခိုင်တော့ဘဲ မြေပြင်ပေါ်သို့ လဲကျသွားကြသည်။ ထို့နောက် လုယွီက သူ၏အင်္ကျီလက်စကို ခါယမ်းလိုက်ရာ ပြင်းထန်သော လေပြင်းတစ်ချက် တိုက်ခတ်လာပြီး စစ်သည်များအားလုံးကို လွင့်ထွက်သွားစေခဲ့သည်။
"ထိပ်သီးကျင့်ကြံသူ ရှိတယ်... ထိပ်သီးကျင့်ကြံသူ ရှိတယ်"
အဝေးတစ်နေရာမှ စူးရှသော လေချွန်သံများ ထွက်ပေါ်လာပြီးနောက် မရေမတွက်နိုင်သော စစ်သည်များ လိုက်ပါလာကာ အသားနှင့် သွေးနံ့ ရသော ဝံပုလွေများအလား ခုန်အုပ်လာကြသည်။
သူတို့သည် လမ်းတစ်လျှောက်တွင် ပြင်းထန်သော ခုခံမှုမျိုးကို မကြုံတွေ့ခဲ့ရချေ။ ယခုချိန်၌ လုယွီ၏ အစွမ်းထက်သော တိုက်ခိုက်မှုကို မြင်တွေ့ချိန်တွင် သူတို့သည် သူ့ကို ဗုဒ္ဓဂိုဏ်း၏ အစွမ်းထက်ကျင့်ကြံသူတစ်ဦးအဖြစ် ချက်ချင်း သတ်မှတ်လိုက်ကြသည်။
"ဝှစ်...."
ထိုအချိန်မှာပင် လေထုကို ထိုးဖောက်လာသော အသံတစ်သံက မိုးကောင်းကင်တွင် ပဲ့တင်ထပ်သွားသည်။
လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် အနီရောင်အရာရှိဝတ်ရုံကြီးကို ဝတ်ဆင်ထားပြီး တိမ်တိုက်များပေါ်တွင် စီးနင်းကာ ရောက်ရှိလာသည်ကို မြင်တွေ့လိုက်ရသည်။ သူ၏ဟန်ပန်အမူအယာတိုင်းမှ ကြွယ်ဝမှု မြင့်မြတ်မှုနှင့် လွှမ်းမိုးမှု အရှိန်အဝါများကို ထုတ်လွှတ်ထားပြီး ဤသည်က အခွင့်အာဏာကို နှစ်ပေါင်းများစွာကြာအောင် ကိုင်ဆောင်ထားမှသာ ရရှိနိုင်သော အရာဖြစ်သည်။
"လမ်းဖယ်ကြစမ်း...."
ထိုလူလတ်ပိုင်းအရွယ် အမျိုးသားက စကားပြောဆိုလိုက်ရာ သူ၏အသံတွင် အကန့်အသတ်မဲ့သော အင်မော်တယ်စွမ်းအားများဖြင့် ပြည့်နှက်နေသည်။
တခြားစစ်သည်များသည် ပြန်မပြောရဲဘဲ လျင်မြန်စွာ လူစုခွဲလိုက်ကြသော်လည်း အဝေးသို့ထွက်မသွားဘဲ အနီးအနားသို့သာ ဆုတ်ခွာကာ စောင့်ကြပ်နေကြ၏။
"ဘယ်သူများလဲလို့ ရှကွေ့ကျုံးရဲ့ နောက်လိုက်ဟောင်းကိုး....ရှကွေ့ကျုံးတောင် သေသွားပြီ...မင်းက ရှန်လင်းလုံအတွက် အသက်စွန့်ဖို့ ကြံစည်နေတုန်းလား"
လူလတ်ပိုင်းအရွယ် အမျိုးသားကို မြင်တွေ့ချိန်၌ လုယွီက ပေါ့ပေါ့ပါးပါး ပြောဆိုလိုက်သည်။
ဤလူလတ်ပိုင်းအရွယ် အမျိုးသားသည် တခြားလူ မဟုတ်ချေ။
ယခင်က တာယွီတော်ဝင်နန်းတွင်းတွင် အမတ်ကြီးများအားလုံး၏ အထက်တွင် နတ်ဘုရားအမတ်ကြီးရှစ်ယောက်ရှိခဲ့ပြီး အမှန်တကယ်ကို အသန်မာဆုံးများအနက်မှ အသန်မာဆုံးလူများပင်။
ထို့ပြင် သူတို့၏ရှေ့က ဤလူလတ်ပိုင်းအရွယ် အမျိုးစားသည် ရှန့်ဖူအမတ်ကြီး တန့်ထုန်ပင်။
Chapter 5322
ရှန်ဖူအမတ်ကြီးသည် စစ်ဘက်ရေးရာ အမတ်ကြီးများအနက်မှ တစ်ဦးပင်။
သို့ရာတွင် အတိတ်၌ သူသည် အလွန်အေးစက်သော နယ်စပ်ဒေသများကို အမြဲတစေ စောင့်ကြပ်ခဲ့ရသည်။ သူသည် ရှကွေ့ကျုံးကို မျက်နှာလိုမျက်နှာရလုပ်ပြီး ညှိနှိုင်းမှုများ ပြုလုပ်ပြီးမှသာ နန်းတွင်းသို့ ပြန်လည်ပြောင်းရွှေ့ခံရပြီး စစ်ဘက်ရေးရာ အမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခွင့် ရခဲ့ခြင်း ဖြစ်ပေ၏။
နောက်ပိုင်းတွင် ရှန်လင်းလုံသည် လူသားဧကရာဇ်ဓားကို လက်လွတ်ဆုံးရှုံးခဲ့ရပြီး သူမ၏ အခွင့်အာဏာ လျင်မြန်စွာ ကျဆင်းသွားခဲသည်။
ယခင်က အတွင်းဝန်ရုံးကို လွှမ်းမိုးခဲ့သော စစ်ဘက်ရေးရာ ဝန်ကြီးဌာနသည် တာယွီအင်ပါယာ၏ အဓိကကိစ္စရပ်များကို စီမံခန့်ခွဲနိုင်ခြင်း မရှိတော့ချေ။ ထိုဌာနသည် ရှန်လင်းလုံ၏ အကြံပေးအဖြစ်သာ ဆောင်ရွက်နိုင်ပြီး လက်တွေ့ကျသော လုပ်ဆောင်ချက်များ ဆုံးရှုံးသွားခဲ့သည်။
"ချင်ဧကရာဇ်...ငါက ကောင်းကင်ဘုံဧကရီလင်းလုံ ခန့်အပ်ထားတဲ့ တော်ဝင်သံတမန် ဖြစ်ပြီးတော့ စိတ်ဝိညာဉ်တောင်က ဗုဒ္ဓဂိုဏ်းရဲ့ကိစ္စရပ်တွေကို ကြီးကြပ်ဖို့ အမိန့်ပေးခံထားရတယ်"
ရှန်ဖူအမတ်ကြီး စကားပြောဆိုလိုက်သည့်အချိန်၌ သူ၏မျက်လုံးထဲတွင် ရှေးဟောင်းအက္ခရာများ ဖြတ်ပြေးသွားပြီး သူ၏မှော်စွမ်းအားသည် အလွန်ကြီးမားပေ၏။
"သူက ဘာကို ဆိုလိုချင်တာလဲ"
လုယွီက အရေးမစိုက်သော လေသံဖြင့် ပြောဆိုသည်။
ရှန်ဖူအမတ်ကြီးက အေးစက်စက်လေသံဖြင့် ပြောဆိုသည်။
"ဒီနှစ်တွေတလျှောက်မှာ ဗုဒ္ဓဂိုဏ်းက မကောင်းမှုတွေ တော်တော်များများ ကျူးလွန်ခဲ့တယ်...အခု ဗုဒ္ဓဂိုဏ်းကို ဖျက်ဆီးလိုက်တာက လောကကြီးထဲက သာမန်ပြည်သူတွေအတွက် ချင်ဧကရာဇ်က ကောင်းမှုတစ်ခုကို လုပ်ပေးလိုက်တာပဲ....ဒီနေရာက တခြားကိစ္စတွေကို တာယွီအင်ပါယာဆီ လွှဲပြောင်းပေးလိုက်ပါ... ချင်ဧကရာဇ် မင်း ထွက်သွားလို့ရပြီ"
ရှန်ဖူနယ်စား၏စကား အဆုံးသတ်သည်နှင့် ပြင်းထန်သော ဖိအားတစ်ရပ်က လုယွီ၏ရှေ့သို့ ရုတ်တရက် ကျရောက်လာသည်။
အထက်မိုးကောင်းကင်ယံတွင် ကြက်သွေးရောင်အလင်းတန်းများ လင်းလက်သွားပြီး ဤအစွမ်းထက်ကျင့်ကြံသူများ၏ ကြီးမားသော ဖိအားအရှိန်အဝါကို တောင့်မခံနိုင်သည့်အလားပင်။
ထိုအချိန်တွင် ခွေးနက်ကြီးက ဆဲရေးတိုင်းထွာလိုက်သည်။
"အရှက်မရှိတဲ့ကောင်တွေ...ငါတို့ စိတ်ဝိညာဉ်တောင်ကို တိုက်ခိုက်နေတုန်းက မင်းတို့ရဲ့အရိပ်တောင် မမြင်ရဘူး... အကျိုးအမြတ် ရမယ့်အချိန်ကျမှ ပေါ်လာတာလား"
သူသည် ဒေါသတကြီးဖြစ်နေပြီး သူ့အကြောင်းကို သူ ပြန်ပြောဆိုနေမိခြင်း မဟုတ်သည့်အလားပင်။
ရှန်ဖူအမတ်ကြီးက စကားမပြောဘဲ ရှေ့သို့ခြေတစ်လှမ်း တိုးလိုက်သည်။ သူ၏နောက်တွင် ဝါးတဝါးပုံရိပ်တချို့လည်း ထွက်ပေါ်လာပေ၏။
ထိုလူများသည် အတိတ်က တာယွီအင်ပါယာ၏ အမတ်ကြီးများ ဖြစ်ကြပြီး သူတို့အားလုံးသည် ရက်စက်ကြမ်းကြုတ်မှုကြောင့် နာမည်ကျော်ကြားကာ အလွန်မြင့်မားသော မှော်စွမ်းအားများကို ပိုင်ဆိုင်ထားကြသည်။
"ငါ ထွက်မသွားရင်ရော ဘာဖြစ်မလဲ"
လုယွီက မေးမြန်းလိုက်သည်။
"ကျေးဇူးပြုပြီး ထွက်သွားပေးပါ ချင်ဧကရာဇ်"
အမတ်ကြီးတစ်ဦးက ပြောဆိုသည်။
"မင်း ထွက်မသွားရင် ငါတို့က အတိတ်မှာရှိခဲ့တဲ့ ရဲဘော်ရဲဘက်သံယောဇဉ်ကို မထောက်ထားဘူးလို့ အပြစ်မတင်နဲ့"
လုယွီက ရုတ်တရက် ပြုံးလိုက်သည်။
"ရှန်လင်းလုံဆီမှာ လူမကျန်တော့လို့ မင်းတို့ကို ငါ့ဆီ လွှတ်လိုက်တာလား"
သူသည် သူ၏ရှေ့မှ အမတ်ကြီးများကို ကြည့်လိုက်၏။ သူ တော်ဝင်မြို့တော်သို့ ပထမဆုံး ရောက်ရှိလာစဉ်က သူတို့သည် မြင့်မြတ်ပြီး အစွမ်းထက်သော ပုဂ္ဂိုလ်ကြီးများ ဖြစ်ကြသော်လည်း ယခုချိန်၌ လုယွီ၏ မျက်လုံးထဲတွင် သူတို့ကို အစွမ်းထက်သူများဟု မသတ်မှတ်နိုင်တော့ချေ။
"ဝှစ်...ဝှစ်....ဝှစ်...."
လုယွီ စကားပြောဆိုလိုက်သည့် အချိန်တခဏအတွင်းမှာပင် ထိုအမတ်ကြီးတစ်စုက ချက်ချင်း တိုက်ခိုက်လိုက်ကြသည်။ သူတို့ ထုတ်လွှတ်လိုက်သော မှော်စွမ်းအားများသည် ပတ်ဝန်းကျင်နေရာတဝိုက်လုံးကို တုန်ခါသွားစေသည်။
သို့သော် ဤမျှထိ ပြင်းထန်သော တိုက်ခိုက်မှုများကို ရင်ဆိုင်ရချိန်တွင် လုယွီက လက်သီးတစ်ချက်သာ ထိုးနှက်လိုက်၏။
ဝုန်း....
ထိုလက်သီးတစ်ချက်ကြောင့် အရပ်ရှစ်မျက်နှာအဘက်ဘက်၌ ပြင်းပြင်းထန်ထန် တုန်ခါသွားခဲ့သည်။
ကြောက်မက်ဖွယ်ကောင်းသော လက်သီးစွမ်းအားသည် မိုးကောင်းကင်ယံသို့ တန်းတန်းမတ်မတ် မြင့်တက်သွားသည်။ အမတ်ကြီးကိုးယောက်၏ ခန္ဓာကိုယ်များသည် သွေးမြူမှုန်များအဖြစ် ကြေမွှပျက်စီးသွားပြီး အလောင်းပင် ကြွင်းကျန်ခြင်း မရှိခဲ့ချေ။
ထိုလူများအနက် ရှန်ဖူအမတ်ကြီးတစ်ဦးတည်းသာလျှင် သူ၏ အစွမ်းထက်သောမှော်စွမ်းအားကို အားကိုးပြီး လုယွီ၏လက်သီးစွမ်းအားမှ ပွတ်ကာသီကာ လွတ်မြောက်လာခဲ့သည်။
"လုယွီ... ဒါက ချင်အင်ပါယာ မဟုတ်ဘူး မင်း စည်းကျော်နေပြီ"
ရှန်ဖူနယ်စားသည် ဒဏ်ရာအပြင်းအထန် ရရှိထားပြီး ဒေါသနှင့် ထိတ်လန့်တုန်လှုပ်မှုတို့ကို ရောယှက်၍ ခံစားနေရသည်။ လုယွီ၏စွမ်းအားသည် သူ တွေးထင်ထားသည်ထက် များစွာပို၍ ကျော်လွန်နေပေ၏။
"ဒါက ချင်အင်ပါယာ မဟုတ်ဘူးလို့ ဘယ်သူ ပြောလဲ....ဒီကိစ္စပြီးသွားရင် ချင်သံချပ်ကာမြင်းတပ်က လင်းယုန်ကြယ်မြစ် တစ်ခုလုံးကို လွှမ်းခြုံသွားလိမ့်မယ်"
လုယွီက အေးစက်တင်းမာစွာ တုံ့ပြန်လိုက်သည်။
ရှန်ဖူအမတ်ကြီး၏မျက်လုံးများ ပြူးကျယ်သွားသည်။ သူသည် လက်ဦးမှုကို ရယူထားနိုင်သည်ဟု ထင်မှတ်ခဲ့သော်လည်း လုယွီတွင် သူတို့၏နယ်မြေကို သိမ်းပိုက်မည့် ရည်မှန်းချက်မျိုး ရှိနေကြောင်း သူ ထင်မှတ်မထားခဲ့ချေ။
သူသည် ဆက်လက်၍ တောင့်မခံနိုင်တော့ပေ။ လုယွီ၏ လက်သီးချက်မှစွမ်းအားက သူ၏စိတ်ဝိညာဥ်ကို ခြေမွှဖျက်ဆီးလိုက်ပြီး သူ ချက်ချင်း သေဆုံးသွားတော့သည်။
ကြွင်းကျန်သော စစ်ဗိုလ်ချုပ်များသည် သူတို့၏ခေါင်းဆောင် သေဆုံးသွားသည်ကို မြင်တွေ့ချိန်၌ ကြောင်အမ်းသွားပြီး ဘာလုပ်ရမှန်း မသိ ဖြစ်သွားကြသည်။
ထိုအချိန်မှာပင် အဝေးရှိ စိတ်ဝိညာဉ်တောင် မြင့်မြတ်နယ်မြေ၏ဝင်ပေါက်တွင် စစ်ဗုံသံများက ရုတ်တရက် မိုးခြိမ်းသံအလား ထွက်ပေါ်လာသည်။ ထို့နောက် နတ်ဆိုးသားရဲများကို စီးနင်းထားသော ချင်သံချပ်ကာမြင်းတပ်သည် အားမာန်တက်ကြွစွာဖြင့် ချီတက်လာကြ၏။
ယခုဝင်ရောက်လာသော ချင်သံချပ်ကာမြင်းတပ်သည် ရှန်လင်းလုံ ထိန်းချုပ်ထားသော တာယွီစစ်တပ်ထက် များစွာပို၍သန်မာကြောင်း သိသာထင်ရှားသည်။ သူတို့ ဝင်ရောက်လာသည်နှင့် တာယွီစစ်သားများအားလုံးကို ဖိနှိပ်ပြီး လက်နက်များကို သိမ်းဆည်းလိုက်ကြ၏။
လုယွီ စိတ်ဝိညာဉ်တောင်သို့ ရောက်ရှိလာချိန်၌ စစ်ဘက်ရေးရာဝန်ကြီးဌာနသည် ချင်စစ်တပ်ကို လိုက်ပါသွားရန် ချက်ချင်း အမိန့်ပေးခဲ့သည်။ ပထမဆုံးအသုတ်ဖြစ်သော ချင်သံချပ်ကာမြင်းတပ်သည် နယ်စပ်ကို ဖြတ်ကျော်ပြီး စိတ်ဝိညာဉ်တောင်သို့ ရောက်ရှိလာခဲ့သည်။
ချင်စစ်တပ် ဝင်ရောက်လာသည်နှင့်အမျှ စိတ်ဝိညာဉ်တောင်သည် တဖြည်းဖြည်း တိတ်ဆိတ်သွားပေ၏။
"လုယွီ ငါ သွားသင့်ပြီ"
ထိုအခြေအနေကို မြင်တွေ့ချိန်၌ မျောက်က ပြောဆိုသည်။ သူသည် ရုတ်တရက် အသက်ပြင်းပြင်းရှိုက်ပြီး နှုတ်ဆက်ရန် ဟန်ပြင်လိုက်သည်။
လုယွီက အလျင်အမြန် ပြောဆိုသည်။
"မင်း အခု သွားတော့မလို့လား... မင်း ဒဏ်ရာရထားတယ်.... ခဏလောက် အနားယူပြီးမှ သွားပါလား"
"မလိုတော့ဘူး... ပိုရွှင် ဘယ်ရောက်နေလဲ မသိရသေးဘူး ....ငါ သူ့ကို မကြာခင် ရှာတွေ့မှာပါ" မျောက်၏မျက်လုံးအကြည့်သည် ခက်ခဲကြမ်းတမ်းသော လေ့ကျင့်မှုကို ပြုလုပ်နေသည့် ကျင့်ကြံသူတစ်ဦးအလား ခိုင်မာပြတ်သားနေသည်။
မျောက်ကို ဖျောင်းဖျ၍ မရကြောင်း လုယွီက သိရှိထားသဖြင့် ဆေးလုံးတချို့ကို ပြင်ဆင်ပေးပြီး မျောက်၏လက်ထဲသို့ အတင်းအကြပ် ထိုးထည့်ပေးလေသည်။
"ဒါတွေက မိတ်ဆွေတစ်ယောက်အနေနဲ့ ပေးတာပါ.... မင်း ငါ့ကို မိတ်ဆွေလို့ သဘောထားတယ်ဆိုရင် လက်ခံလိုက်ပါ"
ထိုမြင်ကွင်းကို မြင်တွေ့ချိန်၌ မျောက်က လက်ခံလိုက်ရသည်။ ဤဆေးလုံးများအနက် အဆင့်နိမ့်ဆုံးသည် စိတ်ဝိညာဉ်ချိတ်ဆက်ခြင်းအဆင့် ဆေးလုံးများဖြစ်ပြီး ပြင်ပလောကတွင် တန်ဖိုးမဖြတ်နိုင်သော ရတနာများပင်။
တစ်ချိန်တည်းမှာပင် လုယွီသည် မျောက်ထံမှ သဲလွန်စတချို့ ရှာဖွေရန် ရည်ရွယ်ချက်ဖြင့် ရှေးဟောင်းခေတ်မှ အဖြစ်အပျက်များကို ပြောပြလိုက်သည်။
"မင်းပြောတဲ့ နွားရိုင်းစီးအဘိုးအိုကို ငါ မှတ်မိတယ်"
မျောက် ရုတ်တရက် ပြောဆိုလိုက်သော စကားသည် အံ့အားသင့်ဖွယ် ကောင်းပေ၏။
"ဘာ...."
လုယွီ၏စိတ်နှလုံးသား တုန်ရီသွားသည်။
သူ့အတွက်ကမူ ထိုနွားရိုင်းစီးအဘိုးအိုထက် ပို၍အံ့အားသင့်ဖွယ် ကောင်းသည့်အရာ မရှိတော့ချေ။
လူသားဧကရာဇ်ပင်လျှင် နွားရိုင်းစီးအဘိုးအိုကို ယှဉ်ပြိုင်နိုင်ရန် မလွယ်ကူချေ။ သူသည် ကောင်းကင်နှင့်မြေပြင်ကြားတွင် အစွမ်းထက်ဆုံး ပြိုင်ဘက်ကင်းသော သက်ရှိတစ်ဦးအလားပင်။
"တိတိကျကျ ပြောရရင် သူက ရှေးဟောင်းခေတ်က ဗုဒ္ဓဂိုဏ်းကို ဖြိုဖျက်ခဲ့တဲ့ တရားခံပဲ.... ပိုရွှင်က အခြေအနေကို အခွင့်ကောင်းယူလိုက်ရုံပါပဲ"
မျောက်က တည်ကြည်လေးနက်သော အသံဖြင့် ပြောလိုက်သည်။
"ငါ့စိတ်ထဲမှာ အကွဲကွဲအပြားပြား ဖြစ်နေတဲ့ မှတ်ဉာဏ်တစ်ခု ရှိတယ်...အဲ့ဒီ နွားရိုင်းစီးအဘိုးအိုက ဗုဒ္ဓဂိုဏ်းကို ဖျက်ဆီးခဲ့ရုံတင်မကဘူး.....ငါ့ကို ဆေးမီးဖိုထဲ ထည့်ပိတ်ပြီးတော့ သန့်စင်ချင်ခဲ့တယ်...."
"ဒါပေမဲ့ ကံကောင်းစွာနဲ့ သူ မတော်တဆမှု တစ်ခု ဖြစ်ပြီး လမ်းတစ်ဝက်မှာ ထွက်သွားခဲ့တယ်...ဒီကံဆိုးမှုကြောင့် ငါက ကံကြမ္မာကောင်းတစ်ခုကို ရခဲ့တယ်..... ငါက ဆေးမီးဖိုထဲမှာ မီးတောက်မျက်လုံး ရွှေရောင်အကြည့်ကို ကျင့်ကြံနိုင်ခဲ့ပြီး အဲ့ဒီဆေးမီးဖိုအဖုံးကို ချိုးဖျက်နိုင်ခဲ့တယ်"
ထိုသို့ပြောပြီးနောက် မျောက်က ရုတ်တရက် လက်မြှောက်လိုက်ရာ စိတ်ဝိညာဉ်အလင်းတန်း တစ်ခုကသူ၏လက်ချောင်းထိပ်မှ ပျံ့လွင့်လာပြီး လုယွီ၏စိတ်ထဲသို့ ဝင်ရောက်သွားသည်။
"သူက အဲ့ဒီဆေးမီးဖိုကို ပြန်မယူသွားခဲ့ဘူး... အခု ဆေးမီးဖိုက အဲ့ဒီနေရာမှာ ရှိနေလောက်တယ်.... မင်းက အင်မော်တယ်ကွပ်မျက်ဓားကို ထိန်းချုပ်နိုင်တာကြောင့် မင်းရဲ့ကံကြမ္မာက သူတို့ကို နှိမ်နင်းနိုင်တယ်ဆိုတာ သက်သေပြနေတယ် ငါ့မှာ တန်ဖိုးရှိတာ ဘာမှမရှိဘူး....ဒီမှတ်ဉာဏ်ကိုပဲ ပေးနိုင်တယ်.... ဒီဆေးမီးဖိုကို ရှာတွေ့နိုင်မတွေ့နိုင် ဆိုတာကတော့ မင်းရဲ့ကံတရားအပေါ် မူတည်တယ်"
Chapter 5323
ကြီးမားသော မှတ်ဉာဏ်တစ်ခုက လုယွီ၏ စိတ်ထဲသို့ တိုးဝင်လာသည်။
မိုးကောင်းကင်ယံသည် အဆုံးမရှိ ကျယ်ပြန့်ပြီး ကျယ်ပြောလှသော မိုးနှင့်မြေကြားတွင် ရှေးဟောင်းဆန်ပြီး အစွမ်းထက်သော အရှိန်အဝါများ ယှက်နွယ်နေပေ၏။
သူ၏မျက်လုံးရှေ့တွင် မြင့်မားသောတောင်ကြီးများ ထွက်ပေါ်လာပြီး တောင်ထိပ်များပေါ်တွင် ရွှေရောင်ခန်းမဆောင် ထောင်ပေါင်းများစွာ တည်ရှိနေသည်။ သို့ရာတွင် သေချာကြည့်ရှုလျှင် ထိုရွှေရောင်ခန်းမဆောင်များသည် ကျိုးပဲ့ပြီး အပျက်အစီးများ ဖြစ်နေသည်ကို မြင်တွေ့ရပေမည်။
မရေမတွက်နိုင်သောဗုဒ္ဓများ ခေါင်းဖြတ်ခံထားရပြီး ဗုဒ္ဓသွေးများသည် ရွှေရောင်သန်းနေကာ သွေးပင်လယ်ကြီးအဖြစ် စုဝေးနေလေသည်။ ထိုသွေးပင်လယ်သည် မှိန်ဖျော့သော မိုးကောင်းကင်ကို ရောင်ပြန်ဟပ်နေပြီး ရှေးဟောင်းပုံရိပ်တစ်ခုက လေထုထဲတွင် မတ်တတ်ရပ်နေသည်။
ထိုအဘိုးအိုသည် ယခုအချိန်တွင် နွားရိုင်းစိမ်းကို စီးနင်းမထားဘဲ ဖျော့တော့သော တာအိုဝတ်ရုံကို ဝတ်ဆင်ထားကာ နှင်တံတစ်ချောင်းကို ကိုင်ဆောင်ထားပြီး ဝိုးတဝါး ပုံရိပ်တစ်ခုအဖြစ်သာ မြင်တွေ့နိုင်သည်။
သို့ရာတွင် လုယွီ၏မျက်လုံးငယ်အိမ်များ အနည်းငယ် ကျဥ်းမြောင်းသွားသည်။
"နွားရိုင်းစီးအဘိုးအို...."
လုယွီသည် ထိုပုံရိပ်၏မူရင်းဇစ်မြစ်ကို မှတ်မိပေ၏။
မရေမတွက်နိုင်သော သန်းခေါင်ယံအချိန်များတွင် ရှေးဟောင်းချင်အင်ပါယာသို့ ပြန်ရောက်သွားသကဲ့သို့ လုယွီ ခံစားခဲ့ရပြီး တိမ်တိုက်များကြားတွင် မောက်မာထောင်လွှားစွာ မတ်တတ်ရပ်နေသော ထိုအစွမ်းထက်တည်ရှိမှုကြီးကို ပြန်လည်၍ မြင်တွေ့ခဲ့ရသည်။
အဘိုးအိုသည် ကောင်းကင်နှင့်မြေပြင်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် လုယွီ ရှိရာဘက်သို့ ကြည့်ကာ လှည့်ထွက်သွားလေ၏။
သူ ထွက်ခွာသွားပြီးနောက် ရှေးဟောင်း ဗုဒ္ဓဂိုဏ်း၏အထက်ရှိ ကောင်းကင်ယံတခွင်လုံး မီးများဖြင့် ဖုံးလွှမ်းသွားတော့သည်။
မီးတောက်များသည် မိုးကောင်းကင်ယံသို့ မြင့်တက်သွားပြီး လောကကြီးအတွင်းရှိ အရာအားလုံးကို လောင်ကျွမ်းသွားစေသည်။
ပူပြင်းပြီး ပြင်းထန်သော မီးတောက်များကြားတွင် ဆေးမီးဖိုတစ်လုံး ပွင့်သွားပြီး သွေးများဖြင့် ဖုံးလွှမ်းနေသော မျောက်သည် ခက်ခဲစွာ တွားထွက်လာသည်။
သူ ကျယ်လောင်စွာ ဟိန်းဟောက်ပြီး ဆေးမီးဖိုကို သူ၏လက်သီးဖြင့် ထိုးလိုက်သည်။ လက်ရာမြောက်သော ဆေးမီးဖိုသည် မျောက်၏စွမ်းအားကို တောင့်မခံနိုင်ဘဲ မြင့်မားသောမိုးကောင်းကင်ယံမှ တန်းတန်းမတ်မတ် ပြုတ်ကျသွားပေ၏။
မြေပြင်မှ နားကွဲလုမတတ် မြည်ဟီးသံကြီး ထွက်ပေါ်လာပြီး ပင်လယ်လေးစင်းနှင့်ကန္တာရရှစ်ခုလုံး တုန်ခါသွားသည်။ ဆေးမီးဖိုသည် မြေပြင်ပေါ်သို့ ကျရောက်သွားရာ မိုင်တစ်ရာ ပတ်လည်ရှိ မြင့်မားသော တောင်တစ်လုံးကို ချက်ချင်းမီးလောင်ကျွမ်းစေပြီး ပြင်းထန်သော မီးတောက်များသည် မိုးကောင်းကင်သို့ တန်းတန်းမတ်မတ် မြင့်တက်သွားတော့သည်။
"ဒါက ခွန်းလွန်လျှို့ဝှက်နယ်မြေပဲ"
လုယွီ၏မျက်လုံးသူငယ်အိမ်များ အနည်းငယ် ကျဥ်းမြောင်းသွားလေသည်။ ပတ်ဝန်းကျင်ရှိ မြေအနေအထားကို ကြည့်ပြီး သူသည် ဤနေရာ၏ တည်နေရာကို တိကျစွာ ဆုံးဖြတ်လိုက်၏။
အကယ်၍ တခြားလူတစ်ယောက်သာဆိုလျှင် အကြမ်းဖျင်း တည်နေရာကို သိရှိရန် အရင်ဦးဆုံး လူလွှတ်ပြီး ရှာဖွေရမည်မှာ သေချာပါက်ပင်။
သို့သော် လုယွီတွင် လျှို့ဝှက်ဆန်းကြယ် မိုးကောင်းကင်ကျမ်းစာရှိပြီး ရှေးဟောင်းခေတ်မှ ယနေ့အထိ အသိပညာဗဟုသုတများစွာကို ပိုင်ဆိုင်ထားသည်။ နှစ်တစ်သောင်း ကုန်ဆုံးသွားသည်မှာ ကြာမြင့်ပြီ ဖြစ်ပြီး လောကကြီး ပြောင်းလဲသွားကာ အနိမ့်အမြင့်များ လှည့်ပတ်နေသော်လည်း လုယွီသည် ထိုကိစ္စမှ သဲလွန်စတစ်ခုကို ရိပ်စားမိလိုက်သည်။
မျောက် ပြောဆိုသည်မှာ အမှန်ပင်။ ကောင်းကင်နှင့်မြေပြင်ကြားတွင် ထိုဆေးမီးဖို၏ တည်နေရာကို ရှာတွေ့နိုင်မည့်သူရှိလျှင် ဤသည်က သူသာ ဖြစ်ပေလိမ့်မည်။
"ဒါက အရမ်းတန်ဖိုးရှိလွန်းတယ်"
လုယွီက အံ့အားတသင့် ရေရွတ်လိုက်သည်။
ရှေးဦးသက်ရှိတစ်ဦးမှ ဗုဒ္ဓတစ်ပါးကို သန့်စင်ရန် အသုံးပြုနိုင်သော မြင့်မြတ်သော အရာတစ်ခုသည် မည်မျှထိ အစွမ်းထက်မည်နည်း။
အင်မော်တယ်ကွပ်မျက်ဓား တစ်ခုတည်းနှင့်ပင် ကောင်းကင်ဘုံသို့ ရောက်ရှိနေသော ခံစားချက်မျိုး လုယွီ ခံစားရသည်။ နွားရိုင်းစီးအဘိုးအို ကိုယ်တိုင် အသုံးပြုခဲ့သော အရာဆိုလျှင် ထည့်ပြောရန်ပင် မလိုတော့ချေ။
ဤသည်မှာ ပြိုင်ဘက်ကင်း ရတနာတစ်ပါး ဖြစ်ပြီး ငွေကြေးဖြင့် တိုင်းတာ၍ မရနိုင်ပေ။
မျောက်က ပြောဆိုသည်။
"ငါတို့က မိတ်ဆွေတွေလို့ မင်းပဲ ပြောခဲ့တာလေ.... ဒါကြောင့် မိတ်ဆွေတစ်ယောက်ဆီက လက်ဆောင်ကို မငြင်းပါနဲ့"
လုယွီက လက်ခံလိုက်ရုံသာ တတ်နိုင်တော့သည်။
မျောက်သည် လုယွီကို ဦးညွှတ်ပြီးနောက် တိမ်တိုက်များပေါ်သို့ တက်လှမ်းကာ ထွက်ခွာသွားလေ၏။
ရှေးဟောင်းဗုဒ္ဓဂိုဏ်း ပြိုကွဲသွားပြီးနောက် တစ်စုံတစ်ခု ဖြစ်ပျက်ခဲ့မည်မှာ သေချာသည်ဟု လုယွီက ခံစားမိသည်။ ထိုသို့မဟုတ်ပါက မျောက်သည် ကျောက်တုံးချိတ်ပိတ်မှုမှ လွတ်မြောက်လာသည်နှင့် ဗုဒ္ဓဂိုဏ်းအပေါ် ဤမျှထိ မုန်းတီးမှုမျိုး ရှိမည် မဟုတ်ချေ။
ယနေ့ခေတ် ဗုဒ္ဓဂိုဏ်းသည် ကျီးကန်းသိုက်ကို ဝင်ရောက်သိမ်းပိုက်ထားသော ဗုဒ္ဓဂိုဏ်းအတုအယောင်သာဖြစ်ကြောင်း သူ ကြိုတင်မျှော်လင့်ထားပုံရလေသည်။ ထို့ကြောင့် ကျောက်တုံးကြီးမှ ထွက်လာသည့် အချိန်မှစ၍ ဤအယောင်ဆောင်သူများကို ဖျက်ဆီးရန် သူ ရည်မှန်းထားခြင်း ဖြစ်သည်။
"မျောက်စုတ် ထွက်သွားပြီလား"
ခွေးနက်ကြီးသည် အရပ်ရှစ်မျက်နှာ ချိတ်ပိတ်ခြင်းဝင်္ကပါထဲမှ ရုန်းထွက်လာသည်။
လုယွီသည် စွမ်းအားအပြည့် မသုံးခဲ့သဖြင့် အရပ်ရှစ်မျက်နှာ ချိတ်ပိတ်ခြင်းဝင်္ကပါသည် ခွေးနက်ကြီးကို အချိန်ကာလတစ်ခုအထိသာ ချိတ်ပိတ်ထားပြီး အလိုအလျောက် ပျက်ပြယ်သွားခဲ့သည်။
"ဟုတ်တယ်...သူ ထွက်သွားပြီ"
လုယွီက သက်ပြင်းချလိုက်၏။
မိတ်ဆွေဟောင်းများသည် အစောပိုင်းကမှ တွေ့လိုက်ရသော်လည်း မျက်စိတစ်မှိတ်အတွင်း ပြန်လည်ခွဲခွာရတော့ပေမည်။
မျောက်ကို နောက်တစ်ကြိမ် ပြန်တွေ့ရန် မလွယ်ကူတော့ဟု သူ တွေးတောမိသည်။
"ထူးဆန်းတယ်.... သူ တော်တော်လေး ပြောင်းလဲသွားတယ်လို့ ငါ ဘာလို့ခံစားရတာလဲ ...သူ အရင်တုန်းက အကြောင်းတွေ ပြန်မမှတ်မိပါစေနဲ့လို့ ငါ မျှော်လင့်မိတယ်"
ခွေးနက်ကြီးသည် တီးတိုးရေရွတ်ရင်း အမြှီးကုပ်နေကာ မည်သည့်အရာကို တွေးတောနေမှန်း မသိနိုင်ချေ။
အတိတ်တွင် သူ မျောက်ကို အကြိမ်ကြိမ် လှည့်စားခဲ့ဖူးသည်။ ယခုချိန်၌ မျောက်သည် သူ၏မှတ်ဉာဏ်များကို ပြန်လည်ရရှိစ ပြုလာသဖြင့် ခွေးနက်ကြီး ချက်ချင်းလိမ္မာသွားပေ၏။
Chapter 5324
"ချင်စစ်တပ်ရဲ့ တပ်မ၇၁က တပ်မှူးဟုန်ရှောက်ဝူက အရှင်ဧကရာဇ်ကို အရိုအသေပြုပါတယ်"
လေးလံသော သံချပ်ကာကို ဝတ်ဆင်ထားသည့် တောင့်တင်းခိုင်မာသော တပ်မှူးတစ်ဦး လျှောက်လှမ်းလာပြီး သူ၏ သံမဏိသံခမောက်ကို ချွတ်ကာ ဒူးတစ်ဖက်ထောက်၍ အလေးပြုလိုက်သည်။
သူ၏နောက်တွင် စစ်ဗိုလ်ချုပ်လေးယောက်ရှိပြီး သူတို့၏ အနက်ရောင်သံချပ်ကာများသည် ထူးခြားသော ဖိနှိပ်ချုပ်ကိုင်နိုင်မှု အရှိန်အဝါကို ပေးစွမ်းနေပေ၏။
သူတို့၏စစ်လက်နက်များကို အနီးကပ် လေ့လာကြည့်လျှင် တာယွီစစ်တပ်နှင့် အခြေခံကျသော ကွာခြားချက်ကို တွေ့မြင်နိုင်သည်။
ချန်စစ်ဗိုလ်ချုပ်တစ်ယောက်စီ၏ သံချပ်ကာကို ကောင်းမွန်သော သံမဏိဖြင့် ပြုလုပ်ထားပြီး ထိုအရာပေါ်တွင် ဝင်္ကပါဆရာသခင်တစ်ဦးမှ မှော်သင်္ကေတအက္ခရာများ ရေးထိုးထားသည်။ သူတို့၏ခါးတွင် ပတ်ထားသော အိတ်များထဲတွင် မြှားများ လက်နက်ပုန်းများ အဆောင်လက်ဖွဲ့များနှင့် တိုက်ခိုက်ရန် တခြားပစ္စည်းများသာမက ဆေးလုံးများနှင့်ပတ်တီးစများကဲ့သို့ ဆေးဘက်ဆိုင်ရာ ပစ္စည်းများလည်း ပါဝင်သဖြင့် အလွန်ပြည့်စုံသည်။
လီစစ်၏ အပြည့်အဝ မြှင့်တင်မှုအောက်တွင် လက်နက်ပြုလုပ်သောဂိုဏ်း အမြောက်အများသည် စစ်ဘက်ရေးရာ ဝန်ကြီးဌာနနှင့် ပူးပေါင်းခဲ့သည်။ ထိုဂိုဏ်းများသည် ချင်စစ်တပ်အတွက် သီးသန့်စစ်လက်နက်များ ထုတ်လုပ်ရန် အင်ပါယာ၏ လက်အောက်ခံဂိုဏ်းများအဖြစ် ဖွဲ့စည်းခဲ့ပေ၏။ မှော်လက်နက်များနှင့် သံချပ်ကာများမှအစ ဖိနပ်တစ်ရံအထိ တင်းကျပ်သော စံချိန်စံညွှန်းများ ရှိနေသည်။
ထိုကဲ့သို့သော စစ်လက်နက်များဖြင့် ဖွဲ့စည်းထားသော ကြီးမားသည့် တပ်မကြီးသည် အံ့အားသင့်ဖွယ်ကောင်းသောအင်အားကို ပိုင်ဆိုင်ထားသည်။
"ကောင်းတယ်...မင်းတို့က အချိန်မီ ရောက်လာကြတာပဲ"
လုယွီက ချီးကျူးလိုက်သည်။
ရှန်လင်းလုံသည် လင်းယုန်ကြယ်မြစ်တွင် တပ်အင်အား အမြောက်အများ ချထားပြီး တောင်ဘက်မှ ဝင်ရောက်လာမည့် ရန်သူများကို ကာကွယ်ရန် ကာကွယ်ရေးခံတပ်တစ်ခုကိုပင် ဖွဲ့စည်းထားပေ၏။
သူမ၏အမိန့်သည် ချင်စစ်တပ်ကြီး လင်းယုန်ကြယ်မြစ်ဘက်သို့ ချီတက်လာသည်ကို တားဆီးရန်ပင်။ သို့ရာတွင် တာယွီစစ်တပ်ဘက်မှ စိတ်ဝိညာဉ်တောင်ကို ချိုးဖျက်ဝင်ရောက်လိုက်သည်နှင့် အနောက်မှနေ၍ ချင်စစ်တပ်က အမီလိုက်လာလိမ့်မည်ဟု သူမ တွေးထင်ထားမိမည် မဟုတ်ချေ။
ဟုန်ရှောက်ဝူ အနည်းငယ် စိတ်လှုပ်ရှားနေသည်။
"အရှင်ဧကရာဇ်ရဲ့အမိန့်ကို ရတာနဲ့ ကျွန်တော် တပ်တွေကို ချက်ချင်း ခေါ်လာခဲ့တာပါ...အပြင်က ရန်သူစစ်သားတွေက ငါးငယ်လေးတွေပါပဲ....စစ်တပ်ကို ဦးဆောင်တဲ့ တာယွီဗိုလ်ချုပ်တွေကို ကျွန်တော် သတ်လိုက်လိုက်တာနဲ့ သူတို့အားလုံး ထွက်ပြေးသွားကြတယ်"
ဤချင်စစ်တပ်မှ စစ်သားအများစုသည် ပုန်းကွယ်နဂါးစစ်တပ်မှ အလံပြောင်းပြီး ပြန်လည် ဖွဲ့စည်းထားခြင်းပင်။
နောက်ပိုင်းတွင် ဖွဲ့စည်းထားသည့် ချင်စစ်တပ်မှ တပ်မကြီးများအတွက် တပ်မမှူးများပင်လျှင် လုယွီကို တွေ့ခွင့်ရရန် မလွယ်ကူလှချေ။
ယခုချိန်၌ လုယွီကို မျက်မြင်တွေ့လိုက်ရသဖြင့် ဟုန်ရှောက်ဝူ အလွန်စိတ်လှုပ်ရှားနေပြီး သူ့နောက်မှ စစ်ဗိုလ်ချုပ်များ၏ မျက်နှာများသည်လည်း နီမြန်းနေပေ၏။
ဟုန်ရှောက်ဝူ၏ခန္ဓာကိုယ်ပေါ်တွင် သွေးကွက်များ ရှိနေသေးသည်ကို လုယွီက သတိပြုလိုက်မိသည်။ သူသည် ထိုသွေးများကို သန့်စင်အောင်ပင် မသုတ်ဘဲ အပြေးအလွှား ရောက်လာခဲ့ခြင်းဖြစ်ကြောင်း သိသာထင်ရှားသည်။
သူသည် စစ်မြေပြင်တွင် အချိန်အတော်ကြာ ရှိနေခဲ့သဖြင့် ဖရိုဖရဲ ဖြစ်နေသော်လည်း ဤသည်မှာ အလွန်ငယ်ရွယ်သော စစ်ဗိုလ်ချုပ်တစ်ဦးပင်။
သူ၏မုတ်ဆိတ်မွှေးများ ပြည့်နေသော မျက်နှာတွင် ကြည်လင်သော မျက်လုံးတစ်စုံ ရှိနေသည်။ ဤဗိုလ်ချုပ်သည် အသက်သိပ်ကြီးပုံ မရချေ။
"မင်း စစ်ထဲကို ဘယ်တုန်းက ဝင်တာလဲ"
လုယွီက ပေါ့ပေါ့ပါးပါး မေးမြန်းလိုက်သည်။
"ကျွန်တော် ဒီနှစ်မှ စစ်တပ်ထဲကို ဝင်တာပါ...ဒါက ကျွန်တော့်ရဲ့ ပထမဆုံး တိုက်ပွဲပါ"
ဟုန်ရှောက်ဝူ၏အသံသည် အလွန်ကျယ်လောင်ပေ၏။
"ကျွန်တော်က ရွေးချယ်ခံအရာရှိကနေ စစ်ဘက် ရာထူးကို ပြောင်းရွှေ့ခဲ့တာပါ.... သိုင်းပညာ စမ်းသပ်မှုမှာ ပထမရခဲ့လို့ တပ်မမှူးရာထူးကို တိုက်ရိုက်ခန့်အပ်ခံရတာပါ"
ဟုန်ရှောက်ဝူက အားမာန်အပြည့်နှင့် ပြောဆိုလိုက်သည်။
ဤသည်မှာ လုအဖွဲ့အစည်းဝင်တစ်ဦးဖြစ်ပြီး ငယ်ရွယ်ပြီး အလားအလာရှိကာ အားမာန်များ ပြည့်ဝနေသည်။
သူသည် အင်ပါယာ၏ အရပ်ဘက်ဝန်ထမ်းလောကတွင် ကောင်းမွန်သော အသက်မွေးဝမ်းကျောင်းမှုကို ပြုလုပ်နိုင်သော်လည်း ကလောင်တံကို စွန့်လွှတ်ပြီး ဓားကို ကိုင်ဆွဲကာ စစ်ဘက်တွင် သူ့ကိုယ်သူ မြှုပ်နှံရန် ပြတ်သားစွာ ရွေးချယ်ခဲ့ပေ၏။
" သိုင်းပညာ စမ်းသပ်မှုမှာ မင်းက ပထမအနေနဲ့ ဘယ်လို ရွေးချယ်ခံခဲ့ရတာလဲ"
လုယွီက မေးမြန်းသည်။
"ရေခဲနယ်မြေမှာ ထန်စစ်တပ်နဲ့ ကျွန်တော်တို့ အင်ပါယာကြားက တိုက်ပွဲတုန်းက ကျွန်တော် နောက်ဘက်ကနေ ရန်သူစစ်စခန်းထဲကို ဝင်ရောက်ပြီးတော့ ဖူကူဝေ့အန်းရဲ့ ကိုယ်ရံတော် ရှစ်ယောက်ကို သတ်ခဲ့ပါတယ်...သူ့ကို မသတ်နိုင်ခဲ့တာတော့ နှမြောစရာပဲ"
ဟုန်ရှောက်ဝူက အနည်းငယ် နောင်တရနေသောအသံ ပေါ့ပေါ့ပါးပါး ပြောဆိုလိုက်သည်။
ဤသည်မှာ ရိုးရှင်းသော စကားနှစ်ခွန်း ဖြစ်ပုံရသော်လည်း အချက်အလက်များစွာကို ဖော်ပြနေသည်။
ဖူကူဝေ့အန်သည် လော့ရွှေကြယ်မြစ် မှ ဖူကူမိသားစု၏ ခေါင်းဆောင်ပင်။ တော်ဝင်မိသားစုဝင်မဟုတ်သော သူ့အနေဖြင့် သူသည် တာနင်း နယ်စားမင်းသားအဖြစ် ခန့်အပ်ခြင်း ခံခဲ့ရသည်။ ယခုချိန်၌ ထန်မင်းဆက်တွင် စစ်ဘက်ဆိုင်ရာ ကြယ်ပွင့်များ ကျဆုံးသွားသဖြင့် သူသည် ကောင်းရှစ်ကျီး လီကွမ်ပိနှင့် တခြားလူများ၏ ရာထူးကိုဆက်ခံပြီး ထန်စစ်တပ်၏ စစ်သေနာပတိချုပ် ဖြစ်လာခဲ့သည်။
သူကဲ့သို့ ထိပ်သီးကျင့်ကြံသူများအတွက် သူ့ကျင့်ကြံခြင်းအဆင့် နက်နဲသိမ်မွေ့ရုံသာမက သူ၏နံဘေးပတ်ဝန်းကျင်ရှိ ကာကွယ်ရေး အင်အားသည်လည်း အလွန်တင်းကြပ်ပေ၏။
ဟုန်ရှောက်ဝူအနေဖြင့် အတားအဆီး အလွှာပေါင်းစုံကို ကျော်ဖြတ်ပြီး ရန်သူစစ်သေနာပတိချုပ်ကို နောက်ကျောမှ တိုက်ခိုက်နိုင်ခြင်းသည် ပြိုင်ဘက်ကင်းသော အောင်မြင်မှုတစ်ခု ဖြစ်နေလေပြီ။
သူ တပ်မမှူး ချက်ချင်းဖြစ်လာသည်မှာ အံ့အားသင့်စရာ မဟုတ်တော့ချေ။
လုကျင်းရှန့်၏ လူရွေးချယ်မှုသည် သမားရိုးကျ မဟုတ်ဘဲ အလွန်မှန်ကန်သည်။ သူသည် ဤဟုန်ရှောက်ဝူကို အတည်ပြုပေးခဲ့သဖြင့် ဤလူထံတွင် ထူးခြားသော အရည်အချင်းများ ရှိနေရပေမည်။
Chapter 5325
"မင်း ဒီလောက် စောစောရောက်လာတာ အရှင်ဧကရာဇ်ကို ပြောစရာ ရှိလို့လား"
လုယွီက ပြုံးလိုက်ပြီး သူ၏ရှေ့မှ လူငယ်စစ်ဗိုလ်ချုပ်ကို အလွန်စိတ်ဝင်စားစရာ ကောင်းသည်ဟု တွေးထင်မိသည်။
အမှန်အားဖြင့် အသက်အရွယ်အရ ပြောရလျှင် လုယွီနှင့်ဟုန်ရှောက်ဝူတို့သည် တူညီကြပေ၏။
သူတို့၏ အဆင့်အတန်းကွာဟချက်မှာ အလွန်ကြီးမားနေသည်။ လက်ရှိတွင် လုယွီသည် ကောင်းကင်ဘုံနယ်မြေရှိ ထိပ်သီးတည်ရှိမှုများစာရင်းတွင် ပါဝင်နေပြီဖြစ်ပြီး ဟုန်ရှောက်ဝူကို သူ၏ရှေ့တွင် ဂျူနီယာတစ်ဦးအဖြစ်သာ သတ်မှတ်နိုင်သည်။
ဟုန်ရှောက်ဝူ၏ တောက်ပနေသောမျက်လုံးများကို ကြည့်ရုံဖြင့် သူ့ထံ၌ ပြောစရာရှိကြောင်း လုယွီ သိလိုက်သည်။
သူ မျှော်လင့်ထားသည့်အတိုင်း လုယွီ၏စကားဆုံးသည်နှင့် ဟုန်ရှောက်ဝူက နောက်တစ်ကြိမ် ဦးညွှတ်အရိုအသေပြုလိုက်၏။
"ဟုတ်ကဲ့....ဒီလက်အောက်ငယ်သားက အမတ်ကြီးဘွဲ့ထူးကို ချီးမြှင့်ခံချင်ပါတယ်... နတ်ဘုရားအမတ်ကြီးအဆင့်နဲ့ တူညီတဲ့ အထူးအဆင့် အမတ်ကြီးဆိုရင် ပိုကောင်းပါတယ်... ပြီးတော့ မျိုးရိုးစဉ်ဆက် ဆက်ခံခွင့် ရှိရင် အကောင်းဆုံးပါပဲ"
ဟုန်ရှောက်ဝူက ပြုံးဖြဲဖြဲဖြင့် သူ၏ရည်ရွယ်ချက်များကို ဗြောင်ကျကျ ထုတ်ဖော်ပြောဆိုလိုက်သည်။
"တပ်မမှူးဟုန်...."
ဟုန်ရှောက်ဝူ၏နောက်မှ စစ်ဗိုလ်ချုပ်တချို့ အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားကြသည်။
သူတို့၏တပ်မမှူးသည် ရဲတင်းလွန်းပေ၏။ လုယွီကို မျက်နှာချင်းဆိုင်ပြီး အမတ်ကြီးဘွဲ့ကိုပင် တောင်းရဲသည်။
လုယွီ၏နောက်သို့လိုက်ပြီး နှစ်ပေါင်းများစွာ တိုက်ပွဲဝင်ခဲ့ကြသော ပုန်းကွယ်နဂါးစစ်တပ်မှ စစ်ဗိုလ်ချုပ်တချို့ပင်လျှင် လုယွီကို မျက်နှာသာပေးရန် မတောင်းဆိုရဲကြချေ။
လုယွီ အရေးမစိုက်သောလေသံဖြင့် ပြောဆိုသည်။
"ဖူကူဝေ့အန်းရဲ့ ကိုယ်ရံတော် ရှစ်ယောက်လောက်နဲ့ မင်းက မျိုးရိုးစဉ်ဆက် အမတ်ကြီးဘွဲ့နဲ့ လဲချင်တာလား....ငါ့ချင်အင်ပါယာရဲ့ အမတ်ကြီးဘွဲ့ကို မင်းက ဘာမှတ်နေတာလဲ"
လုယွီသည် ဒေါသ မထွက်သော်လည်း လူများအားလုံး နဂါးဟိန်းသံကို ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။
ဤသည်မှာ ကျင့်ကြံခြင်းသည် အဆင့်တစ်ခုသို့ ရောက်ရှိသွားခြင်း၏ရလဒ်ဖြစ်ပြီး ဒေါသမထွက်ဘဲနှင့်ပင် သဘာဝအတိုင်း အခွင့်အာဏာကို ပိုင်ဆိုင်ထားပေ၏။ သူ ပုံမှန်အတိုင်း စကားပြောလျှင်ပင် လူအများအား ကြီးမားသောဖိအားကို ပေးစွမ်းနိုင်သည်။
"အရှင်ဧကရာဇ် စိတ်ချပါ....ပြီးခဲ့တဲ့တစ်ခေါက်က ဖူကူဝေ့အန်း လွတ်သွားတယ်...ကျွန်တော်ကို လက်ရွေးစင်စစ်သည် တစ်ထောင်လောက် ပေးရင် ကျွန်တော်က လော့ရွှေကြယ်မြစ်ကို အခုပဲ သွားပြီး သူ့ရဲ့ခေါင်းကို ဖြတ်ယူခဲ့ပါ့မယ်"
ဟုန်ရှောက်ဝူက သူ၏ရင်ဘတ်ကို ပုတ်ပြီး အာမခံလိုက်၏။
"ဖူကူဝေ့အန်းရဲ့ကိစ္စကို ခဏထားလိုက်အုံး...ဒီ အရှင်က အခုလောလောဆယ်မှာ ထန်အင်ပါယာနဲ့ ထိပ်တိုက်ရင်ဆိုင်ဖို့ အစီအစဉ် မရှိသေးဘူး.... မင်းက ဒီနေရာကို ပထမဆုံး ဝင်လာတဲ့လူဖြစ်လို့ လင်းယုန်ကြယ်မြစ်ကို ငြိမ်းချမ်းအောင် လုပ်ရမယ့်သူက မင်းပဲ ဖြစ်ရမယ်"
လုယွီက ထိုစကားဆုံးသည်နှင့် ဖြည့်စွက်၍ ပြောဆိုလိုက်သည်။
"ဒီနေရာက အနာဂတ်မှာ ငါတို့ချင်အင်ပါယာရဲ့ နယ်မြေ ဖြစ်လာလိမ့်မယ်...နယ်မြေသိမ်းပိုက်ဖို့ကို အာရုံစိုက်ပြီးတော့ သတ်ဖြတ်တာကို လျှော့စမ်း"
"ဟုတ်ကဲ့... ဒီငယ်သားရဲ့တာဝန် ထားလိုက်ပါ"
ဟုန်ရှောက်ဝူက ရယ်မောလိုက်ပြီး ပေါ့ပါးလွယ်ကူသော တာဝန်တစ်ခုကို ယူဆောင်လိုက်ရသည့်အလားပင်။
သူ၏နောက်မှ စစ်ဗိုလ်ချုပ်များကမူ မိဘများ ဆုံးရှုံးလိုက်ရသည့်အလားပင်။ သူတို့သည် တပ်မကြီးတစ်ခုတည်းသာ ဖြစ်သဖြင့် ဤမျှထိ ကြီးမားသော ကြယ်မြစ်တစ်ခုကို သိမ်းပိုက်ရန် ကြိုးစားခြင်းသည် သူတို့၏ စွမ်းဆောင်ရည်ထက် ကျော်လွန်နေပေမည်။
"မင်းတို့တွေ ဘာမှရှုံမဲ့မနေကြနဲ့....အဲ့ဒီထိပ်ပြောင်မြည်းတွေနဲ့ မြောက်ပိုင်းဧကရာဇ်ရဲ့ စစ်တပ်ကို အနောက်ဘက်ကို မောင်းထုတ်လိုက်... ဒါဆိုရင် အနောက်က တပ်မကြီးတွေကို လက်လွှဲပြောင်းပြီး တာဝန်ယူခိုင်းလိုက်ရုံပဲ....ဒီသုံ့ပန်းတွေကြောင့် ငါတို့ နှောင့်နှေးမခံနိုင်ဘူး"
ဟုန်ရှောက်ဝူက စစ်သည်များကို ကျယ်လောင်စွာ အားပေးလိုက်ကာ သူ၏စိတ်ဓာတ်များ တက်ကြွနေပေ၏။
ခွေးနက်ကြီးသည် လုယွီ၏နံဘေးသို့ ချဥ်းကပ်လာပြီး တိတ်တဆိတ် သတင်းစကား ပေးပို့လိုက်သည်။
"လုယွီ....အဲ့ဒီ ဟုန်ဆိုတဲ့ ကောင်လေးမှာ အစစ်အမှန် အင်မော်တယ်စွမ်းအားတွေ ရှိနေတယ်.... ဒါပေမဲ့ သူက ရှေးဟောင်းကောင်းကင်ဘုံနန်းတော်ရဲ့ ကျင့်ကြံနည်းစနစ်တွေကို ကျင့်ကြံထားပုံရတယ်"
လုယွီက ခေါင်းညိတ်လိုက်သည်။ သူသည် လည်း ဤကိစ္စကို မြင်တွေ့ခဲ့သည်။
သို့သော် ဤသည်မှာ တစ်ဖက်လူ၏ အခွင့်အရေးပင်။ လုယွီသည် ထိုအရာကို မြင်တွေ့သော်လည်း လုယူရန် ရည်ရွယ်ချက် မရှိချေ။
သူ ရရှိထားသည်မှာ ကောင်းကင်ဘုံဧကရာဇ်၏ အမွေအနှစ်ပင်။
အတိတ်ရှိ ရှေးဟောင်းကောင်းကင်ဘုံနန်းတော်မှ မဟာမိုးကောင်းကင် ရွှေအင်မော်တယ်များ ချန်ထားခဲ့သော အမွေအနှစ်များပင်လျှင် လုယွီ၏အမွေအနှစ်နှင့် မယှဉ်နိုင်ချေ။
ထို့ပြင် ကံကောင်းသော အခွင့်အရေးများကို ရရှိနိုင်သူမှာ သူတစ်ယောက်တည်း မဟုတ်ပေ။ ကောင်းကင်ဘုံနယ်မြေသည် ကြီးမားကျယ်ပြန့်ပြီး ပါရမီရှင်များ အဆုံးမရှိ ထွက်ပေါ်နေသည်။ ဟုန်ရှောက်ဝူကဲ့သို့သော ပုဂ္ဂိုလ်မျိုး ထွက်ပေါ်လာခြင်းသည် ထူးဆန်းသော ကိစ္စတစ်ရပ် မဟုတ်ချေ။
"ချင်အင်ပါယာမှာ ပါရမီရှင်တွေ အများကြီး ရှိတာက ကောင်းတဲ့ကိစ္စပဲ"
လုယွီက ထပ်မံ၍ ပြောဆိုသည်။
ခွေးနက်ကြီးက သူ၏လက်များကို ပွတ်သပ်ပြီး သူ၏ပုံစံအမှန်ကို ရုတ်တရက် ထုတ်ပြလိုက်၏။
"လုယွီ....မင်း အရင်သွားနှင့်တော့...ငါ ဒီနေရာကို နောက်တစ်ခေါက် ထပ်ကြည့်လိုက်အုံးမယ်"
လုယွီသည် သူ့ကို မည်သည်ကြောင့် ဆက်နေခွင့်ပေးနိုင်မည်နည်း။ ဤခွေးနက်ကြီးသာ ဆက်နေလျှင် စိတ်ဝိညာဉ်တောင်တစ်တောင်လုံး ပြောင်သလင်းခါသွားလောက်သည်။
"မင်း ဘယ်ကိုမှ သွားခွင့်မရှိဘူး....နောက်ရက်နည်းနည်းကြာတဲ့အထိ ငါ့ရဲ့ကမ္ဘာငယ်လေးထဲမှာပဲ နေလိုက်တော့"
လုယွီက ခွေးနက်ကြီးကို သူ၏သိုလှောင်အိတ်ထဲသို့ တိုက်ရိုက်ထည့်လိုက်၏။
Thank For Reading.