← Chapters

အံ့သြဖွယ် အထင်လွဲမှားမှုနှင့် ရှောင်လီ၏ အစွမ်း

Vol. 11 Ch. 108

အံ့သြဖွယ် အထင်လွဲမှားမှုနှင့် ရှောင်လီ၏ အစွမ်း

Vol. 11 Ch. 108

သားရေချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသော လူငယ်သည် နောက်ဆုံးတွင်တော့ လုချင်း၏ ဓားချက်တစ်ချက်တည်းဖြင့် ခေါင်းဖြတ်အသတ်ခံလိုက်ရသည်။

ခေါင်းပြတ်ကြီး လေထဲသို့ လွင့်ပျံသွားသည်ကို မြင်လိုက်ရသောအခါ၌ မာကူးသည် တုန်လှုပ်ခြင်းနှင့် ရှုပ်ထွေးသော ခံစားချက်များကို တပြိုင်နက် ခံစားလိုက်ရသည်။

လုချင်း၏ လက်ရှိ အင်အားသည် ဤမျှ ကြောက်မက်ဖွယ် အဆင့်သို့ ရောက်ရှိနေလိမ့်မည်ဟု သူ မထင်ထားခဲ့သောကြောင့် တုန်လှုပ်မိခြင်း ဖြစ်သည်။

လုချင်းမှာ သားရေချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသော လူငယ်ကဲ့သို့ ကြောက်စရာကောင်းသော ပြိုင်ဘက်တစ်ဦးကိုပင် အလွယ်တကူ သတ်ဖြတ်နိုင်ခဲ့သည်။

သူစိတ်ရှုပ်ထွေးနေသည်ကတော့ သူ့ကို စိတ်ပျက်အားလျော့လုနီးပါး ဖြစ်စေခဲ့သော တစ်ချိန်က အားကောင်းခဲ့သည့် ရန်သူက မျက်တောင်တစ်ခတ်အတွင်းမှာပဲ သေဆုံးသွားသည်ကို မြင်လိုက်ရသဖြင့် လွမ်းဆွတ်သလို ခံစားလိုက်ရခြင်းကြောင့် ဖြစ်သည်။

သို့သော် မာကူးတစ်ယောက် သူ့အတွေးများထဲတွင် ဆက်လက် နစ်မြောမနေနိုင်ခင်မှာပင်...

"ဆရာတူ ညီလေး"

ဝမ်းနည်းပက်လက် အော်ဟစ်သံသည် တောင်ကြားအထက်မှ ပဲ့တင်ထပ်လာပြီး တောင်တန်းများနှင့် တောအုပ်များတစ်လျှောက် ဟိန်းထွက်လာတော့သည်။

ချက်ချင်းပင် ပုံရိပ်တစ်ခုသည် တောင်ကြားထိပ်မှ ခုန်ဆင်းလာပြီး ချောက်ကမ်းပါး မျက်နှာပြင်မှ အရှိန်ကို အကြိမ်ကြိမ် ယူကာ တောင်ကြားထဲသို့ ဆင်းသက်လာသည်။

ကြီးမားသော ဆင်းသက်အားသည် တောင်ကြားအောက်ခြေတွင် ကြီးမားသော ကျင်းနှစ်ခုကို တိုက်ရိုက် ဖြစ်ပေါ်စေခဲ့ပြီး လှိမ့်ဝင်လာသော ချီနှင့်သွေး စွမ်းအင်သည် မာကူးကို ကြောက်ရွံ့မှုကြောင့် ကျောချမ်းသွားစေသည်။

၎င်းသည် ကြမ်းတမ်းသော မျက်နှာထားနှင့် ဗလတောင့်တင်းပြီး ဖရိုဖရဲ ဖြစ်နေသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ဖြစ်သည်။

"ကိုယ်တွင်းအင်္ဂါအဆင့်ပဲ"

လုချင်း၏ မျက်နှာထားလည်း လေးနက်သွားသည်။ သူ ချက်ချင်းပင် သူ့နတ်မျက်စိစွမ်းရည်ကို အသက်သွင်းလိုက်ပြီး လူသစ်ဘက်သို့ ကြည့်လိုက်သည်။

မကြာမီ မှိန်ဖျဖျ အနီရောင် အလင်းတန်းတစ်ခုက လူသစ်၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာခဲ့၏။

[ဝမ်ချင်းရှန် : မြောက်ပိုင်းနယ်စပ် ထျန်းချန်းဂိုဏ်း၏ တပည့်၊ မွေးရာပါနယ်ပယ် သိုင်းပညာရှင် ဝမ်ချန်းယီ၏ မွေးစားသား။ သူသည် ဗိုလ်ကျစိုးမိုးတတ်သည်၊ အကာအကွယ်ပေးတတ်သည်၊ ရက်စက်ကြမ်းကြုတ်သည်။

သူ၏ ကျင့်ကြံမှု : မွေးဖွားပြီးနယ်ပယ် ကိုယ်တွင်းအင်္ဂါအဆင့်၊ တိုက်ခိုက်ရေး အင်အားကို ယာယီ နှစ်ဆတိုးစေနိုင်သော ပေါက်ကွဲအားသုံး လျှို့ဝှက်နည်းစနစ်ကို ပိုင်ဆိုင်ထားသည်။ ထုန်ချန်းလန်၏ တမင် မြှောက်ပင့်ပြောဆိုမှုများကြောင့် ဝမ်ချင်းရှန်သည် သူ့ကို ညီရင်းအစ်ကိုကဲ့သို့ သဘောထားသည်။]

ကိုယ်တွင်းအင်္ဂါအဆင့်ရဲ့ အောင်မြင်မှုအသေးစားအဆင့်တဲ့လား။

လူသစ်၏ ကျင့်ကြံမှုအဆင့်ကို မြင်လိုက်ရသောအခါ လုချင်း၏ စိတ်နှလုံး လေးလံသွားရသည်။

ထိုကဲ့သို့သော ပြိုင်ဘက်မျိုးသည် သူ ကိုင်တွယ်နိုင်သောသူ မဟုတ်ပေ။

သူ၏ ဓားသိုင်းစွမ်းရည် သာလွန်လျှင်ပင် ကျင့်ကြံမှု ကွာဟချက်မှာ ကြီးမားလွန်းလှပေ၏။

အင်အား ကွာခြားချက် ကြီးမားလွန်းသောအခါ စစ်မှန်သော အင်အားသည် မည်သည့် ကျွမ်းကျင်မှုကိုမဆို ကျော်လွှားနိုင်သည်။

သို့သော်...

လုချင်း၏ မျက်လုံးများသည် အခြား သတင်းအချက်အလက် တစ်ခုကိုလည်း သတိထားမိလိုက်ပါ၏။

ကြည့်ရတာ ဒီ မြောက်ပိုင်းနယ်စပ် ထျန်းချန်းဂိုဏ်းသည် ဖြောင့်မတ်သော ဂိုဏ်းတစ်ခု မဟုတ်ပုံရသည်။ သူတို့၏ တပည့်များသည် အဘယ်ကြောင့် ဤမျှ ရက်စက်ပြီး သွေးဆာနေရသနည်း။

ထိုကဲ့သို့သော တပည့်များကို သင်ကြားပေးနိုင်သော ဂိုဏ်းတစ်ခု ဆိုသည်မှာ မွေးရာပါနယ်ပယ် ဝမ်ချန်းယီ ဆိုသူသည်လည်း ကြင်နာတတ်သူ မဖြစ်နိုင်ပေ။

"ဆရာတူ ညီလေး"

လူလတ်ပိုင်းအရွယ် အမျိုးသားသည် မြေပြင်ပေါ်ရှိ ခေါင်းပြတ်ကို ဝမ်းနည်းပက်လက် ကြည့်နေပြီး သူ့ကို အမြဲ လေးစားမှု ပြသခဲ့သော ဆရာတူ ညီငယ်လေး ဖြစ်ကြောင်း အတည်ပြုလိုက်သည်။ ထို့နောက်၌ အကန့်အသတ်မဲ့သော ဒေါသများ သူ့ရင်ထဲတွင် ဗလောင်ဆူလာတော့၏။

"မင်းကများ ငါ့ ဆရာတူ ညီလေးကို သတ်ရဲတယ်ပေါ့"

လူလတ်ပိုင်းအရွယ် အမျိုးသား၏ မျက်လုံးများသည် ဒေါသကြောင့် နီရဲလာပြီး လုချင်းကို ကြည့်လိုက်သည်။

"ကောင်လေး... မင်း သေပြီလို့သာမှတ်။ ဒီကမ္ဘာမှာ မင်းကို ဘယ်သူမှ မကယ်နိုင်တော့ဘူး။ ငါ မင်းရဲ့ ခြေလက်တွေကို ချိုးပသ်မယ်၊ အရေခွံခွာပစ်မယ်၊ ပြီးတော့ ငါ့ဆရာတူ ညီလေးရဲ့ ဝိညာဉ် ကျေနပ်သွားအောင် သူ့အုတ်ဂူရှေ့မှာ မင်းကို ၇ ရက်လုံးလုံး နှိပ်စက်မယ်။ မင်း သေဖို့ တောင်းပန်ရင်တောင် လွတ်မြောက်ခွင့်မပေးဘူး"

ယင်းမုန်းတီးဖွယ်ကောင်းသော ရက်ရက်စက်စက်စကားများသည် မာကူး၏ ကျောရိုးတစ်လျှောက် စိမ့်သွားစေလေ၏။

ပြီးပြီ

ဤအခိုက်၌ မာကူး၏ စိတ်နှလုံးသည် စိတ်ပျက်အားလျော့မှုထဲသို့ ထပ်မံ ကျဆင်းသွားသည်။

သားရေချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသော လူငယ်ကို သတ်ပြီးနောက် ပိုမိုသန်မာသော ဆရာတူ အစ်ကိုကြီးတစ်ယောက် ပေါ်လာလိမ့်မည်ဟု သူ ထင်မထားခဲ့ပေ။

ပြိုင်ဘက်ထံမှ ကြောက်မက်ဖွယ်ကောင်းသော ချီနှင့်သွေး စွမ်းအင်ကို အာရုံခံမိပြီးနောက် မာကူး ကောင်းကောင်း သိလိုက်သည်။

သူတို့ရှေ့က လူသည် ကြွက်သားနှင့်အရိုးအဆင့်ကိုတောင် ကျော်လွန်သော ထိပ်တန်း ကျွမ်းကျင်သူ၊ ကိုယ်တွင်းအင်္ဂါအဆင့် သိုင်းပညာရှင်တစ်ဦး ဖြစ်ရမည်။

ထိုကဲ့သို့သော ရန်သူမျိုးကို သူတို့ မည်သို့ ကိုင်တွယ်နိုင်မည်နည်း။

"ငါတို့ကို သတ်ဖို့လုပ်မှတော့ အသတ်ခံရမှာပဲလေ။ ခင်ဗျားရဲ့ဆရာတူ ညီလေးက ငါ့ကို တိုက်ခိုက်ဖို့လုပ်ပြီဆိုကတည်းက သူ့ကိုယ်သူ အသတ်ခံရဖို့ကိုလည်း စိတ်ပြင်ဆင်ထားသင့်တယ်လေ။ ခင်ဗျားဆရာက ဒီသဘောတရားတွေကို မသင်ပေးဘူးလား။"

လူလတ်ပိုင်းအရွယ် အမျိုးသားထံမှ သတ်ဖြတ်လိုစိတ်ကို ရင်ဆိုင်ရင်း လုချင်းသည် တုန်လှုပ်ခြင်းမရှိဘဲ တည်ငြိမ်စွာ ပြောလိုက်သည်။

"ပြောတတ်လိုက်တာ။ ဒါဆိုရင် ငါ့လက်နဲ့ နှိပ်စက်ခံရပြီး သေဖို့ကိုကော အသင့်ပြင်ထားပြီးပြီလား။"

လူလတ်ပိုင်းအရွယ် အမျိုးသားသည် မဲ့ပြုံးပြုံးလိုက်ရာ မျက်လုံးများတွင် ရက်စက်မှုများ လက်ခနဲ ဖြစ်သွားသည်။ ထို့နောက်၌ သူ၏ ချီနှင့်သွေးများ ပေါက်ကွဲထွက်လာပြီး လေထုကို တုန်ခါစေလျက် လုချင်းထံသို့ ခုန်ဝင်လိုက်တော့၏။

ယပ်တောင်လောက် ကြီးမားသော လက်ဖဝါးသည် လေပြင်းမုန်တိုင်းတစ်ခုအသွင် ဖန်တီးလိုက်ပြီးနောက် လုချင်း၏ လည်ပင်းကို တိုက်ရိုက် ချိန်ရွယ်လိုက်သည်။

လူလတ်ပိုင်းအရွယ် အမျိုးသား၏ ခုန်ဝင်မှုသည် လှောင်အိမ်ထဲမှ ခုန်ထွက်လာသော ရက်စက်သည့် ကျားတစ်ကောင်ကဲ့သို့နှယ် အလွန်ပင် ခြိမ်းခြောက်မှု ရှိလှ၏။ စစ်မှန်သော ရက်စက်ကြမ်းကြုတ်မှုက မာကူးကို ဆက်တိုက်နောက်ဆုတ်သွားစေမိခဲ့သည်။

"လာစမ်း"

လူလတ်ပိုင်းအရွယ် အမျိုးသား၏ အလွန် ရက်စက်သော တိုက်ခိုက်မှုကို ရင်ဆိုင်နေရတာတောင်မှ လုချင်းသည် ကြောက်ရွံ့မှုကို တစိုးတစိမျှ မပြပေ။ ထိုအစား သူ့မျက်လုံးများ တောက်ပလာသည်။

လူလတ်ပိုင်းအရွယ် အမျိုးသား ပေါ်လာကတည်းက လုချင်း၏စုစည်းထားသော အင်အားသည်လည်း နောက်ဆုံးတွင် ပေါက်ကွဲထွက်လာသည်။

သူ၏ ချီနှင့်သွေး အပြည့်အဝ လည်ပတ်သွားကာ ခန္ဓာကိုယ်အနှံ့ရှိ အဓိက သွေးကြောအမှတ်များကို လှုံ့ဆော်လိုက်သည်။

ပေါက်ကွဲချီနည်းစနစ်ကို အသက်သွင်းမယ်။

ထို့နောက် လှိမ့်ဝင်လာသော စွမ်းအားသည် အဆပေါင်းများစွာ တိုးပွားလာပြီး လုချင်းကို အားဖြည့်ပေးလိုက်သည်။

လုချင်းသည် ခန္ဓာကိုယ်ကို နှိမ့်လိုက်ပြီး ပခုံးများကို လျှော့ချကာ လေးမျက်နှာဓားသိုင်း၏ အစပျိုး အနေအထားကို ယူလိုက်တော့သည်။

သူ၏ ကြွက်သားများနှင့် အရိုးများ အပြည့်အဝ ချိတ်ဆက်သွားပြီးနောက်တွင်တော့ ပေါက်ကွဲသံများ ဆက်တိုက် ထွက်ပေါ်လာတော့၏။

နောက်တစ်ခဏတွင်တော့ မျက်စိကျိန်းလောက်သော ဓားသွားအလင်းတန်းတစ်ခု ပေါ်လာပြီး လုချင်းရှေ့ရှိ လေစီးကြောင်းအားလုံးကို ဖြတ်တောက်ကာ လူလတ်ပိုင်းအရွယ် အမျိုးသားထံသို့ ပိုင်းချလိုက်တော့လေ၏။

ဟမ်

ထိုအခိုက်၌ လူလတ်ပိုင်းအရွယ် အမျိုးသား၏ ရက်စက်သော မျက်လုံးများတွင် အံ့သြမှု အရိပ်အယောင်တစ်ခု လက်ခနဲ ဖြစ်သွားသည်။

လုချင်း၏ ဓားချက်သည် သူ၏ လှုပ်ရှားမှု အားလုံးကို ပိတ်ဆို့ထားပြီး သူ ဘယ်ဘက်ကို ရွေ့ရွေ့ လုချင်း၏ ဓားနှင့် တိုက်မိမည်ဟု ခံစားလိုက်ရသည်။

ဒီကောင်လေးရဲ့ ဓားသိုင်းက ဒီလောက်တောင် ပြောင်မြောက်နေတာလား။

လူလတ်ပိုင်းအရွယ် အမျိုးသားမှာ အနည်းငယ် အံ့သြသွားခဲ့လေ၏။

သို့သော် ပြောင်မြောက်တဲ့ နည်းစနစ်က ဘာအသုံးဝင်မှာလဲ

အံ့သြပြီးနောက် လူလတ်ပိုင်းအရွယ် အမျိုးသား၏ မျက်လုံးများသည် ရက်စက်မှုများဖြင့် ပြန်လည် ပြည့်နှက်သွားသည်။

လုချင်း၏ ပြောင်မြောက်သော ဓားချက်ကို ရင်ဆိုင်ရင်း သူ အရှိန်မလျှော့ပေ။ လုချင်း၏ လည်ပင်းကို လှမ်းနေသော လက်သည် လမ်းကြောင်းပြောင်းသွားပြီး လုချင်း၏ ဓားဘေးဘက်ကို ရိုက်ချလိုက်သည်။

လူလတ်ပိုင်းအရွယ် အမျိုးသား၏ အင်အားနှင့်ဆိုလျှင် ဤရိုက်ချက်သာ ထိမှန်ပါက ကောင်းစွာ လုပ်ထားသော သံမဏိဓားပင်လျှင် ကျိုးသွားလောက်သည်။

သို့သော် အကြမ်းနှင့်အနုကို ပေါင်းစပ်ထားသည့် အဆင့်နှင့် စေ့စပ်သေချာသော တိကျမှုအဆင့်သို့ ရောက်ရှိနေသော ဓားသိုင်းပိုင်ရှင် လုချင်းအား ထိုမျှလွယ်ကူစွာ အနိုင်ယူ၍ မရပေ။

အရေးကြီးသော အခိုက်အတန့်တွင် သူသည် လက်ကောက်ဝတ်ကို အနည်းငယ် လှည့်လိုက်ပြီး ဓားကို ပြောင်းပြန်လှန်ကာ လူလတ်ပိုင်းအရွယ် အမျိုးသား၏ လက်ဖဝါးကို ရင်ဆိုင်လိုက်သည်။

ဘာ…..

လူလတ်ပိုင်းအရွယ် အမျိုးသား၏ မျက်လုံးများတွင် အံ့သြမှုများ ထပ်မံ၍ လက်ခနဲ ဖြစ်သွားရပြန်၏။

လုချင်း၏ တန်ပြန်လှုပ်ရှားမှုသည် သူ့မျှော်မှန်းချက်ကို ထပ်မံ၍ ကျော်လွန်သွားပြန်ပြီပင်။

လုချင်း၏ စွမ်းအားအပေါ် ထိန်းချုပ်နိုင်စွမ်းသည် ဤမျှ ချောမွေ့ပြီး လွယ်ကူနေလိမ့်မည်ဟု သူ ထင်မထားခဲ့ပေ။

ဤကဲ့သို့ ကျဉ်းမြောင်းသော နေရာတွင် လှုပ်ရှားမှု ပြောင်းလဲခြင်းကို လုပ်ဆောင်နိုင်သည်မှာ အံ့မခန်းပင်။

အကယ်၍ သူသာ မရှောင်တိမ်းလျှင် သူ့လက် ပြတ်သွားမည်ကိုပါ မြင်လိုက်ရသည်။

သူသည် ကိုယ်တွင်းအင်္ဂါအဆင့် ကျွမ်းကျင်သူတစ်ဦး ဖြစ်သော်လည်း သူ့ခန္ဓာကိုယ်မှာ အသွေးနှင့်အသားနှင့် ဖြစ်ပြီး ထိခိုက်မှု မရှိနိုင်သည် မဟုတ်ပေ။

မလိုလားသော်လည်း လူလတ်ပိုင်းအရွယ် အမျိုးသားသည် လက်ချောင်းများကို ပတ်ထုတ်လိုက်ရပြီး ဓား၏ ကျောဘက်ကို ရိုက်ကာ ဓားသွားကို ရှောင်ရှားပြီး နောက်ဆုတ်လိုက်ရသည်။

ဤ အပြန်အလှန် တိုက်ခိုက်မှုသည် လူလတ်ပိုင်းအရွယ် အမျိုးသား နောက်ဆုတ်ခြင်းဖြင့် အဆုံးသတ်သွားခဲ့လေ၏။

ဘေးမှ ကြည့်နေသော မာကူးတောင်မှ မျက်လုံးပြူးမျက်ဆံပြူးဖြစ်သွားရှာသည်။

သူ အခု ဘာမြင်လိုက်တာလဲ။

ညီလေးလုချင်းက အဲ့ဒီ လူလတ်ပိုင်းအရွယ် အမျိုးသားကို ဓားချက်တစ်ချက်တည်းနဲ့ နောက်ဆုတ်သွားအောင် တကယ် လုပ်လိုက်တာလား။

အခု ဘာဖြစ်သွားတာလဲ

လုချင်းနှင့် လူလတ်ပိုင်းအရွယ် အမျိုးသားကြားမှ အပြန်အလှန် တိုက်ခိုက်မှုသည် အလွန် လျင်မြန်စွာ ဖြစ်ပျက်ခဲ့သည်။

ကြွက်သားနှင့်အရိုးအဆင့်တွင် ရှိနေသော မာကူးပင်လျှင် နက်နဲရှုပ်ထွေးမှုများကို သဘောမပေါက်နိုင်ပေ။

သို့သော် ကြီးမားသော တုန်လှုပ်မှုကို ခံစားရခြင်းမှ မတားဆီးနိုင်ပေ။

အဘယ်ကြောင့်ဆိုသော် ကြွက်သားနှင့်အရိုးအဆင့်သာ ရှိသော လုချင်းသည် ထိပ်တန်း ကိုယ်တွင်းအင်္ဂါအဆင့် သိုင်းပညာရှင်တစ်ဦးကို ယာယီ နောက်ဆုတ်သွားအောင် မည်သို့ လုပ်ဆောင်နိုင်သည်ကို သူ စဉ်းစား၍ပင် မရသောကြောင့် ဖြစ်သည်။

"မထင်ထားဘူး၊ မင်းက ကြွက်သားနဲ့အရိုးအဆင့်မှာပဲ ရှိသေးတာတောင် ဒီလို နက်နဲတဲ့ ဓားသိုင်းကို နားလည်သဘောပေါက်နေပြီကိုး"

ကိုယ့်ကိုယ်ကိုယ် တည်ငြိမ်အောင် လုပ်ပြီးနောက် လူလတ်ပိုင်းအရွယ် အမျိုးသားသည် လုချင်းကို အံ့သြစွာ ကြည့်လိုက်၏။

လုချင်း၏ ကျင့်ကြံမှုသည် သူ့မျက်လုံးထဲတွင် အရေးမပါသော်လည်း၊ စောစောက ပြသခဲ့သော ဓားသိုင်းနည်းစနစ်ကတော့ သူ အလေးအနက် ထားရမည့် အရာတစ်ခု ဖြစ်သည်။

တစ်ချိန်တည်းမှာပင် သူ့စိတ်နှလုံးသည် အံ့သြမှင်သက်မှုများဖြင့် ပြည့်နှက်နေလေ၏။

ဓားသိုင်း မဟာသခင်

သူ့ရှေ့က ကောင်လေးသည် နားလည်သဘောပေါက်မှုတွင် ဓားသိုင်း မဟာသခင် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

သူသည် ကိုယ်တွင်းအင်္ဂါအဆင့် အောင်မြင်မှုအသေးစားသို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း၊ သူ၏ သိုင်းပညာ စွမ်းရည်များကတော့ ထိုအဆင့်သို့ မရောက်ရှိသေးပေ။

သူ့ရှေ့က ဒီကောင်လေးက ဘယ်လိုများ လေ့ကျင့်ခဲ့တာလဲ။

ယခုအချိန်တွင် လူလတ်ပိုင်းအရွယ် အမျိုးသားသည် ဤမျှ ကျင့်ကြံမှုရှိသော သူ့ ဆရာတူ ညီလေးက ကြွက်သားနှင့်အရိုးအဆင့်သို့ ဝင်ကာစ လုချင်း၏ လက်ချက်ဖြင့် ဘာကြောင့် သေဆုံးခဲ့ရသလဲ ဆိုတာကို နောက်ဆုံး၌ နားလည်သွားတော့သည်။

ဓားသိုင်း မဟာသခင်။

ဒီလို မကောင်းဆိုးဝါးကောင်မျိုးရဲ့ ပစ်မှတ်ထားခြင်းကို ခံရမှတော့ သူ့ဆရာတူ ညီလေးလည်း ဘယ်လိုလုပ် မရှုံးဘဲ နေမလဲ။

"ကောင်လေး... မင်းက တကယ်ပဲ ဘယ်သူများလဲ။"

မသိစိတ်လိုက်ပါဘဲ လူလတ်ပိုင်းအရွယ် အမျိုးသား၏ မျက်နှာထားမှာ လေးနက်သွားခဲ့သည်။

ဒီလောက် အသက်ငယ်ငယ်လေးနဲ့ မဟာသခင်အဆင့် ဓားသိုင်းကို နားလည်သဘောပေါက်တယ် ဆိုတာက……..

ဒီလို သိုင်းပညာ ပါရမီရှင်မျိုး သူ တစ်ခါမှ မကြားဖူးခဲ့ပေ။

အဓိက သိုင်းပညာဂိုဏ်းကြီးတွေကြားမှာတောင် ဒီလောက် ထူးချွန်ထက်မြက်သည့် တပည့်မျိုး မရှိပေ။

ရှိခဲ့လျှင်တောင်မှ ထိုလျှို့ဝှက်ဆန်းကြယ်သော ဂိုဏ်းများကသာ ဒီလို ပါရမီရှင် မကောင်းဆိုးဝါးကောင်မျိုးကို ပြုစုပျိုးထောင်နိုင်လိမ့်မည်။

သူ့ရှေ့က ဒီကောင်လေးက လေ့ကျင့်ဖို့ ထွက်လာတဲ့ အဲ့ဒီလျှို့ဝှက်ဆန်းကြယ်သော နေရာတွေက တပည့်တစ်ယောက်များ ဖြစ်နေမလား။

ထိုသည်ကို တွေးမိရင်း လူလတ်ပိုင်းအရွယ် အမျိုးသား၏ စိတ်နှလုံး တင်းကျပ်သွားတော့သည်။

ကောလာဟလများအရ ထိုလျှို့ဝှက်ဆန်းကြယ်သော နေရာများသည် သာမန် စံနှုန်းများဖြင့် ဆုံးဖြတ်၍ မရနိုင်သော ပါရမီရှင်များကို မွေးထုတ်ပေးလေ့ရှိသည်။

သူတို့တွင် လျှို့ဝှက်ဆန်းကြယ်သော ကျွမ်းကျင်သူ အစောင့်အရှောက်များ ရှိတတ်ကြသည်။

အကယ်၍ လုချင်းသာ ထိုလျှို့ဝှက်ဆန်းကြယ်သော နေရာများမှ တပည့်တစ်ဦး အမှန်တကယ် ဖြစ်လျှင် အနီးအနားတွင် ပုန်းအောင်းနေသော သိုင်းပညာ ကျွမ်းကျင်သူတစ်ဦး ရှိနေနိုင်သည်။

လူလတ်ပိုင်းအရွယ် အမျိုးသားသည် ချက်ချင်းပင် ပတ်ဝန်းကျင်ကို အကဲခတ်လိုက်ပြီး ထို လျှို့ဝှက်ဆန်းကြယ်သော ကျွမ်းကျင်သူ၏ ခြေရာလက်ရာများကို ရှာဖွေရန် ကြိုးစားလိုက်သည်။

ထိုစဉ် လုချင်းမှာတော့ သူ၏ ဓားသိုင်း ပြသမှုက လူလတ်ပိုင်းအရွယ် အမျိုးသားအား ထူးဆန်းသော အထင်လွဲမှားမှုများ ဖြစ်စေခဲ့ကြောင်းကို မသိသေးပေ။

သူသည် သူ၏ ချီနှင့်သွေးကို တိတ်ဆိတ်စွာ လည်ပတ်စေပြီး လက်မောင်းမှ ထုံကျင်မှုကို သက်သာအောင် လုပ်လိုက်သည်။

တစ်ချိန်တည်းမှာပင် ကိုယ်တွင်းအင်္ဂါအဆင့် ကျွမ်းကျင်သူတစ်ဦး၏ အင်အားကို သူ အံ့သြနေမိလေ၏။

လက်ချောင်းဖြင့် ပတ်ထုတ်လိုက်ရုံနှင့် သူ့လက်မောင်းကို ထုံကျင်သွားစေခဲ့တာပင်။

အကယ်၍ ပေါက်ကွဲချီနည်းစနစ်သာ မရှိခဲ့လျှင် ထိုလှုပ်ရှားမှု တစ်ခုတည်းနှင့်ပင် သူ့လက်နက် လွတ်ကျသွားနိုင်သည်။

အမှန်ပင်၊ ဓားသိုင်းသက်သက်ဖြင့် ကိုယ်တွင်းအင်္ဂါအဆင့် ကျွမ်းကျင်သူတစ်ဦးကို ရင်ဆိုင်ရန် စဉ်းစားခြင်းမှာ ရည်မှန်းချက်ကြီးလွန်းရာ ကျပေသည်။

ကျင့်ကြံမှု၏ အထောက်အပံ့ မပါဘဲ အမြင့်ဆုံးအဆင့် နည်းစနစ် ဖြစ်လျှင်တောင်မှ လေထဲတွင် တိုက်အိမ်ဆောက်သည့်အလားနှယ် ဖြစ်သွားပေလိမ့်မည်။

ချီနှင့်သွေးကို ခဏကြာ လည်ပတ်ပြီးနောက် လက်မောင်း ပြန်ကောင်းသွားပြီဟု ခံစားလိုက်ရမှ လုချင်းသည် လူလတ်ပိုင်းအရွယ် အမျိုးသား၏ မေးခွန်းကို နောက်ဆုံး၌ ပြန်ဖြေလိုက်တော့၏။

"ကျွန်တော်က သာမန်ရွာသားတစ်ယောက်ပါ၊ ပြောပလောက်တဲ့သူ မဟုတ်ပါဘူး။"

"ဟမ့်။ လျှို့ဝှက်ဆန်းကြယ်တဲ့ နေရာက တပည့်တစ်ယောက်က ဒီလောက် ရှောင်ဖယ်ဖယ် လုပ်ပြီး ကိုယ့်ဆရာကိုတောင် ဝန်မခံရဲဘဲဖြစ်နေမယ်လို့ ထင်မထားမိဘူး။"

လူလတ်ပိုင်းအရွယ် အမျိုးသားက မဲ့ကာ ပြောလိုက်ပြီး လုချင်း၏ စကားများကို မယုံကြည်ပေ။

"ဒါပေမဲ့ မင်းက လျှို့ဝှက်ဆန်းကြယ်တဲ့ နေရာက တပည့်တစ်ယောက် ဖြစ်ရင်တောင် ငါ့ ဆရာတူ ညီလေးကို သတ်တဲ့ အမှားကို ကျူးလွန်ခဲ့တယ်။ ငါ မင်းကို ဖမ်းပြီး ငါ့ဂိုဏ်းဆီ ပြန်ခေါ်သွားမယ်၊ ပြီးရင် မင်းဆရာကို ငါတို့ ထျန်းချန်းဂိုဏ်းကို ဖြေရှင်းချက်ပေးခိုင်းမယ်"

လူလတ်ပိုင်းအရွယ် အမျိုးသားက သေချာ စဉ်းစားပြီးပြီ ဖြစ်သည်။

ယခုချိန်၌ သူ့ဆရာတူ ညီလေး သေဆုံးသွားပြီဖြစ်သလို သူလည်း လုချင်းကို တိုက်ခိုက်ပြီးပြီ ဖြစ်သည်။

ရန်ငြိုးက ဖွဲ့ပြီးပြီဖြစ်ရာ လွယ်လွယ်နှင့် ပြေလည်တော့မည် မဟုတ်ပေ။

ထို့ကြောင့် ဦးအောင် တိုက်ခိုက်ပြီး လုချင်းကို ဖမ်းဆီးကာ သူ့ဆရာထံ ခေါ်သွားတာက ပိုကောင်းလိမ့်မည်။

အနည်းဆုံးတော့ အနီးအနားမှာ အစောင့်အရှောက် ကျွမ်းကျင်သူ ရှိ ၊ မရှိ စမ်းသပ်နိုင်မည်ပင်။

ထိုသို့ ပြောပြီးနောက် လူလတ်ပိုင်းအရွယ် အမျိုးသားသည် လက်လှမ်းလိုက်ပြီး ခါးမှ သံလက်အိတ်တစ်စုံကို ယူကာ ဝတ်ဆင်လိုက်သည်။

လုချင်း၏ ဓားသိုင်းသည် အလွန် ပြောင်မြောက်လွန်းသည်။ သူပင်လျှင် လုချင်းကို လက်ဗလာဖြင့် အလွယ်တကူ ဖမ်းဆီးနိုင်မည် မဟုတ်ပေ။

ခဏတာ ပေါ့ဆလိုက်ခြင်းက ရှုံးနိမ့်မှုဆီသို့ ဦးတည်သွားနိုင်သည်။

ထို့ကြောင့် လူလတ်ပိုင်းအရွယ် အမျိုးသားသည် အစွမ်းကုန် တိုက်ခိုက်ပြီး လုချင်းကို တတ်နိုင်သမျှ အမြန်ဆုံး ဖမ်းဆီးရန် ဆုံးဖြတ်လိုက်သည်။

လုချင်း အဖမ်းခံလိုက်ရသည်နှင့် အစောင့်အရှောက် ကျွမ်းကျင်သူ ပေါ်လာလျှင်တောင်မှ သူ့တွင် ညိနှိုင်းဖို့ အားသာချက် ရှိနေပြီ ဖြစ်သည်။

ထျန်းချန်းဂိုဏ်း၏ အဓိက တပည့်တစ်ဦးအနေဖြင့် လူလတ်ပိုင်းအရွယ် အမျိုးသားသည် ထို လျှို့ဝှက်ဆန်းကြယ်သော နေရာများ၏ စည်းမျဉ်းအချို့ကို သိထားသည်။

လေ့ကျင့်ရန် ထွက်လာသော တပည့်များကို ကျွမ်းကျင်သူများက စောင့်ရှောက်ပေးသော်လည်း အသက်အန္တရာယ်ရှိသော အခြေအနေများတွင်သာ ကယ်တင်ခွင့် ရှိသည်။

လုချင်းကို သတ်ရန် မရည်ရွယ်သရွေ့ အစောင့်အရှောက်က ဝင်ရောက်စွက်ဖက်ချင်မှ စွက်ဖက်မည်ပင်။

ဝင်ပါခဲ့လျှင်လည်း သူ မကြောက်ပေ။

မွေးရာပါနယ်ပယ် ကျွမ်းကျင်သူများက မွေးရာပါနယ်ပယ်အောက် လူများကို မတိုက်ခိုက်ရဟူသော စည်းမျဉ်းကို မြင့်မြတ်သောတောင်တော်က ချမှတ်ထားသည်။

ယင်းကို လျှို့ဝှက်ဆန်းကြယ်သော နေရာများကပင် လိုက်နာရသည်။

အကယ်၍ အစောင့်အရှောက်က မွေးရာပါနယ်ပယ် ကျွမ်းကျင်သူ ဖြစ်နေလျှင် သူ့ကို သတ်ရဲမှာ မဟုတ်ချေ။

အကယ်၍ မွေးဖွားပြီးနယ်ပယ် ဖြစ်လျှင် အထွတ်အထိပ်အဆင့် ဖြစ်နေရင်တောင်မှ သူ လွတ်အောင် ပြေးနိုင်သေးပါ၏။

ဒါကို တွေးမိပြီး လူလတ်ပိုင်းအရွယ် အမျိုးသားသည် ချက်ချင်းပင် လက်မောင်းများကို ကွေးလိုက်ပြီး လုချင်းထံသို့ ထပ်မံ ခုန်ဝင်လိုက်ပြန်၏။

ပြိုင်ဘက်၏ သဘောထားက သတ်ဖြတ်လိုစိတ်မှ ဖမ်းဆီးရုံသက်သက်သို့ ဘာကြောင့် ပြောင်းလဲသွားသလဲ ဆိုတာ လုချင်း မသိသော်လည်း ၊ လူလတ်ပိုင်းအရွယ် အမျိုးသားက လက်နက်ထုတ်သုံးလာသည်ကို မြင်လိုက်ရသောအခါ၌ လုချင်းသည် သဘာဝကျစွာပင် ထပ်မံ၍ တိုက်ခိုက်ချင်စိတ် မရှိတော့ပေ။

ထိုလူ ခုန်ဝင်လာစဉ် လုချင်းသည် ပေါ့ပါးစွာ နောက်ဆုတ်လိုက်ပြီး တိုးညှင်းစွာ ခေါ်လိုက်တော့၏။

"ရှောင်လီ..."

ဤ နားမလည်နိုင်သော စကားလုံးသည် လူလတ်ပိုင်းအရွယ် အမျိုးသားကို အနည်းငယ် တုံ့ဆိုင်းသွားစေသော်လည်း ရုတ်တရက် သူ၏ နှလုံးသားမှ ထိတ်လန့်ဖွယ် အေးစက်မှုကို ခံစားလိုက်ရသည်။

သူ ချက်ချင်းပင် ထိတ်လန့်သွားပြီး လုချင်းအား ဖမ်းဆီးမည့်အကြောင်းကိုပင် မေ့သွားတော့သည်။

သူသည် လက်မောင်းများကို ရင်ဘတ်ရှေ့တွင် အလျင်အမြန် ကြက်ခြေခတ်လိုက်ရင်း ကာကွယ်လိုက်သည်။

နောက်တစ်ခဏတွင် အေးစက်သော အလင်းတန်းတစ်ခု လက်ခနဲ ဖြစ်သွားပြီး အဖြူရောင် လက်သည်းတစ်ခုသည် လူလတ်ပိုင်းအရွယ် အမျိုးသားရှေ့ရှိ လေဟာနယ်ထဲမှ ထွက်ပေါ်လာကာ သူ့နှလုံးကို ချိန်ရွယ်လိုက်သည်။

ဒါ ဘာကြီးလဲ

ရုတ်တရက်နှင့် ထူးဆန်းသော အဖြစ်အပျက် အပြောင်းအလဲသည် လူလတ်ပိုင်းအရွယ် အမျိုးသား၏ အိပ်မက်ရိုင်းများထက်ပင် ကျော်လွန်နေသည်။

သို့သော် နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့ပြီးနောက် သူ၏ ဗီဇတုံ့ပြန်မှုက အလုပ်လုပ်သွားသည်။

တစ်စက္ကန့်မျှပင် မစဉ်းစားဘဲ သူသည် အဖြူရောင်လက်သည်း၏တိုက်ခိုက်မှုကို ကာကွယ်လိုက်၏။

ရွှပ်

သူသည် ထူးဆန်းသော လက်သည်းကို ပိတ်ဆို့နိုင်လိမ့်မည်ဟု ထင်ခဲ့သော်လည်း ပို၍ ထိတ်လန့်စရာ ကောင်းသည်မှာ သန့်စင်သော သံမဏိဖြင့် ပြုလုပ်ထားသော သံလက်အိတ်များသည် တို့ဟူးကဲ့သို့ လှီးဖြတ်ခံလိုက်ရခြင်းပင်။

သူ့လက်တစ်ဖက်မှာလည်း ထိုနည်းလည်းကောင်းပင်။

"အား"

သူ့လက်တစ်ဖက် မြေကြီးပေါ်သို့ ပြုတ်ကျသွားသဖြင့် လူလတ်ပိုင်းအရွယ် အမျိုးသားမှာ မနေနိုင်တော့ဘဲ နာကျင်စွာ ညည်းညူလိုက်မိတော့၏။

လက်တစ်ဖက် ဆုံးရှုံးလိုက်ရသော နာကျင်မှုသည် ကိုယ်တွင်းအင်္ဂါအဆင့် ကျွမ်းကျင်သူတစ်ဦးအတွက်ပင် ခံနိုင်ရည် မရှိပေ။

သို့သော် နာကျင်မှုထက် လူလတ်ပိုင်းအရွယ် အမျိုးသားကို ပိုမို ထိတ်လန့်စေသည်မှာ သူ့ကို ဒဏ်ရာရစေပြီးနောက် အဖြူရောင် လက်သည်းများ ပျောက်ကွယ်သွားခြင်း ဖြစ်သည်။

လေဟာနယ်ထဲသို့ ပေါင်းစပ်သွားရင်း ပျောက်ကွယ်သွားသည်ကို သူ မြင်လိုက်ရ၏။

ခြောက်ခြားဖွယ် မြင်ကွင်းက လူလတ်ပိုင်းအရွယ် အမျိုးသားကို တစ်ကိုယ်လုံး အေးစက်သွားစေခဲ့လေ၏။

အဘယ်ကြောင့်ဆိုသော် ထိုအေးစက်မှုကိုဖြစ်စေသော တည်ရှိမှုကို ပတ်ဝန်းကျင်တွင် ခံစားနေရဆဲ ဖြစ်သောကြောင့်ပင်။

လက်သည်းပိုင်ရှင်သည် အနီးအနားတွင် ရှိနေသေးသည်။

သို့သော် သူ မည်မျှပင် အာရုံခံပါစေ ၊ ၎င်း၏ ခြေရာလက်ရာပင် မတွေ့ရပေ။

"နေဦး"

လူလတ်ပိုင်းအရွယ် အမျိုးသားက အော်ဟစ်လိုက်သည်။

သို့သော် သူ စကားမဆုံးခင်မှာပင် နှလုံးသားဆီမှ နောက်ထပ် အေးစက်မှုကို ခံစားလိုက်ရပြီး အဖြူရောင် လက်သည်းကလည်း ထပ်မံ ပေါ်လာကာ သူ့နှလုံးကို ချိန်ရွယ်လိုက်ပြန်သည်။

ဒီတစ်ခါ ပစ်မှတ်က သူ့နှလုံး ဖြစ်နေဆဲပင်။

အဖြူရောင် လက်သည်း၏ ရွေ့လျားမှုက မြန်ဆန်လွန်းသဖြင့် ကိုယ်တွင်းအင်္ဂါအဆင့် ကျွမ်းကျင်သူ ဖြစ်သော သူပင်လျှင် မရှောင်တိမ်းနိုင်ပေ။

မတတ်သာဘဲ သူသည် အခြား အကောင်းတိုင်း ကျန်နေသော လက်တစ်ဖက်ကို အသုံးပြုပြီး ရင်ဆိုင်လိုက်ရသည်။

ရွှပ်

နောက်ထပ် အေးစက်သော အလင်းတန်းတစ်ခု လက်ခနဲ ဖြစ်သွားပြီးနောက် ဒီတစ်ကြိမ်တွင်လည်း လူလတ်ပိုင်းအရွယ် အမျိုးသား ကံမကောင်းခဲ့ပေ။

သူ့လက်တစ်ဖက်လုံးသည် လက်ကောက်ဝတ်မှနေ၍ အဖြူရောင် လက်သည်းဖြင့် ဖြတ်တောက်ခံလိုက်ရလေ၏။

ကိုယ်တွင်းအင်္ဂါအဆင့်၏ ကြွက်သားများနှင့် အရိုးများသည် ခံနိုင်ရည် မရှိခဲ့ပေ။

မျက်တောင်တစ်ခတ်အတွင်းမှာပဲ လူလတ်ပိုင်းအရွယ် အမျိုးသားသည် လက်နှစ်ဖက်စလုံး ဆုံးရှုံးလိုက်ရလေ၏။

All Chapters