← Chapters

တစ်မိနစ်အတွင်း မည်မျှစွမ်းဆောင်နိုင်သနည်း

Vol. 12 Ch. 112

တစ်မိနစ်အတွင်း မည်မျှစွမ်းဆောင်နိုင်သနည်း

Vol. 12 Ch. 112

ကျန်းချန်၏စိတ်အာရုံတွင် အံ့ဩချီးကျူးမှုတစ်ခုသာရှိနေ၏။ ဤအတတ်သည် အလွန်တရာအစွမ်းထက်လှသည်။

"ရပ်"

ဟူသော စကားတစ်ခွန်းတည်းဖြင့် ကွင်းပြင်အတွင်းရှိ သက်ရှိသက်မဲ့အားလုံး ရုတ်တရက် ရပ်တန့်သွားကြသည်။ အချုပ်အနှောင်ခံထားရသူတို့တွင် အသိစိတ်ရှိနေသေးသည်မှအပ အချိန်တစ်ခုလုံး ရပ်တန့်သွားသကဲ့သို့ပင်။

တစ်ခုတည်းသောချွင်းချက်မှာ လှောင်အိမ်နှင့် သံကြိုးများပင်ဖြစ်သည်။ ကျိန်စာအတတ်အချင်းချင်းတွင် ပိုမိုအစွမ်းထက်သော အတတ်ပေါ်ပေါက်လာပါက ယခင်အတတ်မှာ အလိုအလျောက်ပျက်ပြယ်သွားသည့်သဘောဖြစ်ဟန်တူသည်။

သို့ဖြစ်ရာ "ရပ်" ဟုဆိုလိုက်သည်နှင့် လန်ယီကိုချုပ်နှောင်ထားသော လှောင်အိမ်နှင့် သံကြိုးများမှာ လေထုအတွင်း၌ပင် ပျောက်ကွယ်သွားတော့သည်။

ဤအင်မော်တယ်အဆင့်ကျိန်စာအတတ်မှာ အမှန်ပင်အံ့ချီးဖွယ်ကောင်းလှသဖြင့် ကျန်းချန်ကိုယ်တိုင်ပင် အလွန်အမင်းအထင်ကြီးလေးစားသွားရသည်။ သူသည် စနစ်ကိုပင် ငကြွားတို့၏ဘုရင်ပလ္လင်ပေါ်၌ ခဏတာတင်မြှောက်လိုစိတ် ပေါ်ပေါက်သွားရသည်အထိပင်။

"ပျက်ပြယ်စေ"

မဟာဝင်္ကပါကြီးမှာ ချက်ချင်းပင်ပျောက်ကွယ်သွားတော့သည်။ ရွှေရောင်ဝင်းပနေသော လေးမျက်နှာကမ္ဘာဦးဆေးမီးဖိုမှာလည်း အောက်သို့ပြုတ်ကျလာပြီး လက်ဖဝါးခန့်သာရှိသော ကြေးမီးဖိုလေးအဖြစ်ပြောင်းလဲကာ ကျန်းချန်၏လက်အတွင်းသို့ ရောက်ရှိလာ၏။

တစ်ချိန်တည်းမှာပင် ခန်းမကြီးအတွင်းရှိ ဝိညာဉ်စွမ်းအင်များမှာလည်း လုံးဝကွယ်ပျောက်သွားတော့သည်။

ကျန်ရှိနေသော ရန်သူလေးဦးမှာလည်း နောက်ဆုံးတွင် လှုပ်ရှားနိုင်ခွင့်ပြန်လည်ရရှိလာကြသည်။

"မင်း..."

ဧကရာဇ်သည် ထိတ်လန့်တုန်လှုပ်စွာဖြင့် ကျန်းချန်မည်သို့ပြန်လည်ရှင်သန်လာသနည်းဟု မေးမြန်းရန် ပြင်လိုက်သော်လည်း...

"ဒူးထောက်စေ"

ဘုန်း... ဘုန်း...

ရန်သူလေးဦးစလုံးမှာ မထိန်းချုပ်နိုင်ဘဲ ဒူးထောက်ချလိုက်ရသဖြင့် ကျောက်သားကြမ်းပြင်ကြီးပင် အက်ကွဲသွားတော့သည်။ လန်ယီတစ်ဦးတည်းသာလျှင် ချွင်းချက်အနေဖြင့် ကျန်ရစ်ခဲ့၏။ ကျန်းချန်က သူမကို ကျိန်စာ၏ပစ်မှတ်အဖြစ် မသတ်မှတ်ထားသောကြောင့်ပင်။

"ဖြေလျော့စေ"

"အိပ်မက်"

မြင့်မြတ်သားတော်နှစ်ပါးမှာ ထိတ်လန့်တုန်လှုပ်စွာဖြင့် တစ်ဦးကကျိန်စာကိုဖြေဖျောက်ရန် ကြိုးပမ်းပြီး၊ အခြားတစ်ဦးက ကျန်းချန်ကို အိပ်မက်နယ်ပယ်အတွင်းသို့ ပြန်လည်ပို့ဆောင်ရန် ကြိုးစားကြသည်။ သို့သော် သူတို့၏ကြိုးပမ်းမှုများမှာ စူဠလိပ်ကိုရေထဲလွှတ်လိုက်သကဲ့သို့ပင် ထူးခြားမှုမရှိတော့ပေ။

"ဒါ... ဒါကို ဘယ်လိုများလုပ်လိုက်တာလဲ"

လန်ယီမှာ အံ့ဩဝမ်းသာဖြစ်နေသကဲ့သို့ ၎င်းသည် အမှန်တကယ် ဖြစ်နိုင်ပါ့မလားဟုပင် မယုံကြည်နိုင်အောင် ဖြစ်နေရသည်။

သူမကိုယ်တိုင်လည်း ကျိန်စာအကြောင်း အနည်းငယ်သိရှိသော်လည်း မိမိနှင့်နယ်ပယ်တူ ကျွမ်းကျင်သူများကို စကားတစ်လုံးတည်းဖြင့် ဒူးထောက်ခိုင်းရန်မှာ သူမ မစွမ်းဆောင်နိုင်သည့် ကိစ္စဖြစ်သည်။ ၎င်းအပြင် ကျန်းချန်မှာ လူတိုင်းထက် ကျင့်ကြံမှုနယ်ပယ် တစ်ဆင့်နိမ့်နေသည် မဟုတ်ပါလား။

"တွားသွားစေ"

အမိန့်စကားအဆုံးတွင် ဧကရာဇ်၊ မင်းသမီးနှင့် မြင့်မြတ်သားတော်နှစ်ပါးတို့မှာ ကိုယ့်ကိုယ်ကိုယ် မထိန်းချုပ်နိုင်ဘဲ ကျန်းချန်ရှိရာသို့ လက်နှင့်ခြေထောက်များကိုအသုံးပြုကာ တရွတ်တိုက် တွားသွားကြရတော့သည်။

"ကျန်းချန်... မင်း ဘာလုပ်နေတာလဲ..."

ယွီလျန်က ဒေါသတကြီးအောဟစ်လိုက်၏။ သူ၏လည်ပင်းရှိ သွေးကြောများမှာလည်း ဖောင်းကားထွက်လာသည်။

"ငါမင်းကို သေချာပေါက်သတ်မယ်... မင်းရဲ့ ဆွေမျိုးတစ်စုလုံးကိုပါ အမြစ်ပြတ်အောင် သုတ်သင်မယ်"

ဧကရာဇ်သည် နာကျည်းစွာအော်ဟစ်နေတော့သည်။ သူသည် ဧကရာဇ်တစ်ပါးဖြစ်သည်နှင့်အညီ သူတစ်ပါးတို့ကသာ သူ၏ရှေ့တွင်ဒူးထောက်ခဲ့ကြသည်။ ယခုကဲ့သို့ အရှက်ရဖွယ်အခိုက်အတန့်မျိုးကို သူတစ်ခါမျှမကြုံတွေ့ခဲ့ဖူးပေ။

"မင်း သေခြင်းဆိုးနဲ့သေရမှာ"

"မြင့်မြတ်သားတော်ကို စော်ကားရဲသလား... မြင့်မြတ်နယ်မြေက မင်းကို ဘယ်တော့မှအလွတ်ပေးမှာမဟုတ်ဘူး"

ဟန်ဟွာယွမ်သည် သူ၏ဝိညာဉ်စွမ်းအင်နှင့် တာအိုနန်းတော်ကို အသည်းအသန် လည်ပတ်စေသော်လည်း ကျိန်စာ၏ထူးဆန်းသောစွမ်းအားကိုမူ လုံးဝမတွန်းလှန်နိုင်ပေ။ နင်ထီမှာမူ အခြေအနေကိုချက်ချင်းရိပ်မိကာ အရင်ဆုံးအသနားခံတော့သည်။

"ကျန်းချန်... ကျွန်မ မှားသွားပါပြီ..."

သို့သော် ကျန်းချန်က ထိုစကားကို နားယောင်မည်လော။ ဤလေးဦးစလုံးမှာ ယခုအခါ 'တွားသွားစေ' ဟူသော အမိန့်တစ်ခုတည်းကိုသာ နာခံနေရသည့် ရုပ်သေးရုပ်များကဲ့သို့ ဖြစ်နေကြ၏။ ပျံသန်းခြင်း၊ လက်နက်ထုတ်ခြင်း သို့မဟုတ် ကိုယ့်ကိုယ်ကိုယ် သတ်သေခြင်းကိုပင် မပြုလုပ်နိုင်ကြတော့ပေ။

"တိရစ္ဆာန်ကောင်... ရပ်စမ်း"

ဟန်ဟွာယွမ်၏ဦးခေါင်းထက်တွင် မုတ်ဆိတ်ဖြူ၊ ဆံပင်ဖြူနှင့် အဖိုးအိုတစ်ဦး၏ ဝိညာဉ်အသိစိတ်တစ်ခု ရုတ်တရက်ပေါ်ထွက်လာသည်။

လန်ယီ၏ မျက်နှာအမူအရာမှာ ချက်ချင်းပြောင်းလဲသွား၏။

"ဒါက သူတော်စင်အဆင့်ဆရာကြီးကျင့်ဟွမ်းရဲ့ စစ်မှန်တဲ့ဝိညာဉ်အသိစိတ်ပဲ။ သူ့ရဲ့ ဝိညာဉ်အသိစိတ် အနည်းငယ်ကတောင် တာအိုနန်းတော်အဆင့်ကျွမ်းကျင်သူတွေ မခုခံနိုင်တဲ့အရာပဲ"

မြင့်မြတ်သားတော်နှစ်ပါးက သူတို့ကိုအနိုင်ယူရန် မည်သည့်အတွက်ကြောင့် ဤမျှ ယုကြည်မှုရှိနေကြသနည်းဟူသောအချက်ကို သူမ ယခုမှသိရှိလိုက်ရသည်။ အသံမဲ့မြင့်မြတ်နယ်မြေသည် နောက်ဆုံးဝှက်ဖဲတစ်ခုကို ချန်ထားခဲ့၏။

"ဆရာကြီး... ကျွန်တော့်ကိုကယ်ပါဦး"

"သူ့ကို သတ်လိုက်ပါ..."

မြင့်မြတ်သားတော်နှစ်ပါးမှာ မျှော်လင့်ချက် ပြန်လည်ရရှိလာကြသည်။

"သူ့ကို ပြာအဖြစ်ပြောင်းလဲပစ်စမ်း"

ထိုမသေနိုင်သော၊ နက်နဲလှသောအရိပ်အယောင်ကိုရင်ဆိုင်ရင်း ကျန်းချန်ပြုံးလိုက်သည်။

သူတော်စင်အဆင့်ဟူသည် ကြားရုံနှင့်ပင် အလွန်ကြောက်စရာကောင်းလှပေသည်။

"လွင့်စေ"

ဆရာကြီးကျင့်ဟွမ်း တိုက်ကွက်မထုတ်ဖော်နိုင်မီမှာပင် ကျန်းချန်က နောက်ထပ် အမိန့်စကားတစ်ခွန်းကို ဆိုလိုက်သည်။ ထိုအခါ သူတော်စင်အဆင့်၏ ဝိညာဉ်အသိစိတ်မှာလည်း မျက်နှာပျက်သွားရကာ ဟင်းလင်းပြင်၌ မထိန်းချုပ်နိုင်ဘဲ ဒလိမ့်ခေါက်ကွေး လိမ့်နေရလေ၏။

ဇောက်ထိုးတစ်ခါ၊ ဖင်ဘူးတောင်းထောင်တစ်လှည့်ဖြင့် တော်တော်လေး စံချိန်မီလှသော လိမ့်နည်းမျိုးစုံဖြင့် လိမ့်နေခြင်းဖြစ်သည်။ ကျန်းချန်က ရပ်ရန်အမိန့်မပေးသရွေ့ သူလုံးဝရပ်တန့်၍မရ။

"တိရစ္ဆာန်ကောင်... မင်းငါ့ကို ဒီလိုစော်ကားရဲတယ်ပေါ့"

"ရပ်စမ်း"

ဆရာကြီးကျင့်ဟွမ်း၏ ဝိညာဉ်အသိစိတ်မှာ ရူးမတတ်ဖြစ်နေရရှာသည်။ သူလုံးဝမခုခံနိုင်ပေ။

၎င်းသည် အင်မော်တယ်အဆင့်ကျိန်စာဖြစ်ရာ သူသာ အင်မော်တယ်တစ်ဦးဖြစ်ခဲ့ပါက ခုခံနိုင်ကောင်းခုခံနိုင်လိမ့်မည်ဖြစ်သော်လည်း သူတော်စင်အဆင့်မျှဖြင့် မခုခံနိုင်ပေ။

မြင့်မြတ်သားတော်နှစ်ပါးနှင့် ဧကရာဇ်တို့၏ကမ္ဘာကြီးမှာ ပြိုလဲသွားခဲ့လေပြီ။ မြင့်မြတ်လှသော သူတော်စင်အဆင့်ဆရာကြီးတစ်ဦးမှာ မည်သည့်နေရာတွင်မဆို အဆုံးမဲ့လေးစားကြည်ညိုခံရသူဖြစ်သည်။

သူပေါ်လာပါက လူတိုင်းကို လက်တစ်ချက်ဝှေ့ရုံဖြင့် သုတ်သင်ပြီး ခန့်ညားထည်ဝါစွာ ပြန်လည်ထွက်ခွာသွားလိမ့်မည်ဟု အားလုံးကမျှော်လင့်ခဲ့ကြ၏။

သို့သော်ယခု...

အဖိုးအိုကြီးမှာ ဘီးတစ်လုံးသဖွယ် ခန်းမအတွင်း အဆက်မပြတ်လိမ့်နေရတော့သည်။

လန်ယီမှာလည်း မှင်သက်နေရကာ အားပေးရမည်လော သို့မဟုတ် ထိတ်လန့်ရမည်လောဟုပင် မဝေခွဲနိုင်တော့ပေ။

ကျားတစ်ကောင်ကဲ့သို့ ကြောက်စရာကောင်းသော ရန်သူက ဤကဲ့သို့ ကစားစရာဖြစ်နေရသည်မှာ အိပ်မက်ပင်ဖြစ်နေသလော။

ဘုန်း

ထိုဝိညာဉ်အသိစိတ် ပေါက်ကွဲသွား၏။ အသံမဲ့မြင့်မြတ်နယ်မြေရှိ လျှို့ဝှက်အခန်းအတွင်းမှ ဆရာကြီးကျင့်ဟွမ်း၏ မူလခန္ဓာကိုယ်မှာ ဒေါသတကြီးအော်ဟစ်လိုက်သဖြင့် ပတ်ဝန်းကျင်ရှိ တောင်တန်းများမှာပင် ပြာအဖြစ်ပြောင်းလဲသွားရသည်။

ထပ်မံ၍ အရှက်ရခြင်းမှကင်းဝေးစေရန် သူကိုယ်တိုင်ပင် သူ၏ဝိညာဉ်အသိစိတ်ကို ဖျက်ဆီးပစ်လိုက်ရခြင်းပင်။ သို့သော် ဤအရှက်တရားကို သူမည်သို့မျှမေ့ပျောက်နိုင်မည်မဟုတ်။

ဤဘက်တွင်မူ ကျန်းချန်က အတော်လေးနှမြောတသဖြစ်နေသည်။ ထိုဝိညာဉ်အသိစိတ်ကို အခြားနည်းလမ်းများဖြင့်ကစားရန် ကြံရွယ်ထားသော်လည်း အဖိုးအိုကြီးက ဤမျှအထိအရှုံးမပေးနိုင်ဘဲဖြစ်လိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။

ဝိညာဉ်အသိစိတ် ကွယ်ပျောက်သွားသည်နှင့် ကျန်ရှိသောလေးဦးမှာလည်း မျှော်လင့်ချက် လုံးဝကုန်ဆုံးသွားကြတော့သည်။

လန်ယီက ကျန်းချန်၏အနီးသို့ အမြန်ရောက်ရှိလာကာ မယုံကြည်နိုင်စွာမေးမြန်းလိုက်သည်

"ရှင်ကဘယ်လိုလုပ် ကျိန်စာအတတ်တွေကို တတ်မြောက်နေရတာလဲ။"

ကျန်းချန် ပြန်မဖြေနိုင်ပေ။ သူသည် ယခုအခါ အင်မော်တယ်အဆင့်သို့ တစ်မိနစ်သာရောက်ရှိနေသဖြင့် သူပြောသမျှစကားတိုင်းမှာ ကျိန်စာဖြစ်သွားမည်ဖြစ်သည်။

"နင်ထီကို အသက်ချမ်းသာပေးလို့ရမလား။ သူမကို သုံးဖို့ရှိသေးတယ်၊ ဒီလောက်လွယ်လွယ်နဲ့ မသေစေချင်ဘူး။ ပြီးတော့ ဒါက ဘယ်လိုအဆင့်ကျိန်စာလဲ၊ ဘာလို့ ကျွန်မတို့စုန်းမျိုးနွယ်ထက်တောင် ပိုပြီးအစွမ်းထက်နေရတာလဲ။"

ကျန်းချန် စိတ်ပျက်သွား၏။

မိန်းကလေး... ငါ့ကိုလာမနှောင့်ယှက်နဲ့ဦး... ငါ့မှာတစ်မိနစ်ပဲအချိန်ရတာ၊ အခု စက္ကန့် ၂၀ ကုန်သွားပြီ...

သူက သူမကို ဘုကြည့်ကြည့်လိုက်ပြီး...

"ချီးမွမ်းစေ"

လန်ယီ၏မျက်နှာအမူအရာမှာ ချက်ချင်းပြောင်းလဲသွားကာ ခရမ်းရောင်မျက်ဝန်းများ ဝိုင်းစက်သွားတော့သည်။ ထို့နောက် သူမ မထိန်းချုပ်နိုင်ဘဲ သူ့ကို ချီးမွမ်းခန်းများဖွင့်ဆိုတော့သည်။

"ကျန်းချန်... ရှင်က ကျွန်မမြင်ဖူးသမျှထဲမှာ အချောဆုံးနဲ့ အခန့်ဆုံး အမျိုးသားပါ၊ ကောင်းကင်နဲ့ မြေကြီးကြားမှာ တစ်ဦးတည်းသောသူပါပဲ..."

"ရှင့်ရဲ့ပါရမီက အနှိုင်းမဲ့လှပါတယ်..."

"ရှင့်ရဲ့ မြင့်မြတ်တဲ့စရိုက်လက္ခဏာဟာ ခေတ်အဆက်ဆက်မှာ ပြိုင်ဖက်ကင်းပဲ၊ သူတော်စင်တွေတောင် ရှင့်ကိုမမီနိုင်ဘူး..."

လန်ယီ၏ လှပသောမျက်နှာလေးမှာ ရှုံ့မဲ့နေသော်လည်း ကိုယ့်ကိုယ်ကိုယ် မထိန်းချုပ်နိုင်ပေ။ သူမသည် အင်မော်တယ်အဆင့်ကျိန်စာကိုမခုခံနိုင်သဖြင့် ကျန်းချန်ကိုသတ်ချင်ဖြတ်ချင်သောအကြည့်ဖြင့်ကြည့်ရင်း အံကြိတ်ကာ ဆက်လက်ချီးမွမ်းနေရတော့သည်။

ကျန်းချန်ကမူ သူ၏ဘဝတွင် ယခုကဲ့သို့သက်သောင့်သက်သာဖြင့် ကြွားလုံးထုတ်နိုင်ခဲ့ခြင်းမျိုး တစ်ခါမျှမရှိခဲ့ဖူးဟုပင် မှတ်ချက်ပြုလိုက်၏။ အချိန်ကာလမှာလည်း ကုန်ဆုံးလုနီးနေပြီဖြစ်သည်။

"သတ်ကြစေ"

သူက ထပ်မံအမိန့်ပေးလိုက်ရာ ဧကရာဇ်နှင့် မြင့်မြတ်သားတော်နှစ်ပါးတို့မှာ တစ်ဦးကိုတစ်ဦး ပြန်လည်တိုက်ခိုက်ကြတော့သည်။ ၁၀ စက္ကန့်ခန့်အကြာတွင် တာအိုနန်းတော်အဆင့် ၆ သာရှိသော ဧကရာဇ်မှာ အရင်ဆုံးသေဆုံးသွား၏။

သူ သေဆုံးသွားသည်နှင့် ကျိန်စာအာနိသင် ကုန်ဆုံးသွားပါကလည်း ကျန်းချန်တို့ဘက်မှ အောင်နိုင်မည်မှာ သေချာသည်။

လေးမျက်နှာကမ္ဘာဦးဆေးမီးဖိုမှာ ပိုင်ရှင်မဲ့သွားပြီဖြစ်သကဲ့သို့ နဂါးဝိညာဉ်မဟာအစီအရင်မှာလည်း ကျန်းချန်၏လက်အတွင်းသို့ ပြန်လည်ရောက်ရှိနေလေပြီ။

သို့သော် ကျန်းချန်က ဤမျှအထိအားစိုက်ထုတ်ရန် မရည်ရွယ်ပေ။ စက္ကန့်အနည်းငယ်သာ ကျန်ရှိတော့သည်ကိုမြင်သောအခါ သူကလက်ဝှေ့ယမ်းလိုက်ပြီး...

"ပေါက်ကွဲစေ"

All Chapters