← Chapters

အင်မော်တယ်နယ်မြေသို့ ဝင်ရောက်ခွင့်

Vol. 12 Ch. 117

အင်မော်တယ်နယ်မြေသို့ ဝင်ရောက်ခွင့်

Vol. 12 Ch. 117

ဤအဖြေက ကျန်းချန်ကိုအံ့အားသင့်သွားစေသည်။

"ဟင်းလင်းပြင်အင်မော်တယ်နယ်မြေက အဲဒီလောက်တောင် ဝင်ရခက်တာလား"

"ဝင်ရခက်တာမဟုတ်ဘူး၊ ရှာလို့ကိုမရတာ"

လန်ယီက သက်ပြင်းချလိုက်ပြီး

"ဟင်းလင်းပြင်အင်မော်တယ်နယ်မြေက ဟင်းလင်းပြင်လောကထဲမှာ ဖုံးကွယ်နေပြီး သူ့ရဲ့တည်နေရာက အမြဲတမ်းရွေ့လျားနေတာ။ တစ်ကယ်လို့ ရှာတွေ့ခဲ့ရင်တောင် ဝင်ပေါက်ကိုဖွင့်ဖို့အတွက် မှော်ရတနာတစ်ခု လိုအပ်တယ်"

"ဘာရတနာလဲ... လေးမျက်နှာကမ္ဘာဦးဆေးမီးဖိုလား"

လန်ယီက အလိုက်တာဟူသည့်အကြည့်ဖြင့်ကြည့်လိုက်ပြီး

"ဘယ်လိုလုပ် အဲဒါဖြစ်နိုင်မှာလဲ... လေးမျက်နှာကမ္ဘာဦးဆေးမီးဖိုကသာ အဲဒီလောက်အစွမ်းထက်မယ်ဆိုရင် လွန်ခဲ့တဲ့နှစ်ပေါင်းရာချီကတည်းက တခြားမြင့်မြတ်နယ်မြေတွေ သိမ်းပိုက်သွားကြမှာပေါ့။ ကျွန်မတို့ဆီကို ဘယ်တော့မှရောက်လာမှာမဟုတ်ဘူး"

သူမက ဆက်ပြောသည်

"ဟင်းလင်းပြင်အင်မော်တယ်နယ်မြေကို ရှာတွေ့ဖို့ဆိုရင် အင်မော်တယ်အကြွင်းအကျန်မျိုးနွယ်စုရဲ့ မျိုးနွယ်ကိုးစုမှာရှိတဲ့ အမွေအနှစ်ရတနာကိုးခုကို စုစည်းဖို့လိုအပ်တယ်။ ပြီးတော့ ဝင်ပေါက်ကိုဖွင့်ဖို့ဆိုရင်လည်း အဲဒီရတနာကိုးခုရဲ့ပေါင်းစပ်အင်အား လိုအပ်တာပဲ"

ကျန်းချန် ရိပ်မိသွား၏...

"အဲဒီရတနာကိုးခုက အရင်တုန်းကဆင်းသက်လာခဲ့တဲ့ အင်မော်တယ်ကိုးပါး ချန်ထားခဲ့တဲ့ အရာတွေပေါ့"

"အတိအကျပဲ"

လန်ယီကခေါင်းညိတ်ပြသည်။

"သူတို့မထွက်ခွာခင်မှာ တစ်ယောက်ချင်းစီက အမွေအနှစ်ရတနာတစ်ခုစီ ချန်ထားခဲ့ကြတယ်။ ကျွန်မတို့ စုန်းမျိုးနွယ်စုရဲ့ အရိုးချေဖျက်အလံကလည်း အဲဒီထဲကတစ်ခုပဲ"

ကျန်းချန်က စိတ်ဝင်တစားမေးလိုက်သည်

"အဲဒီရတနာက ဘယ်အဆင့်လဲ"

လန်ယီကဂုဏ်ယူစွာဖြင့်

"အရိုးချေဖျက်အလံက အဆင့်မြင့်မှော်ရတနာပဲ။ အဲဒါက ကျင့်ကြံမှုအဆင့်တစ်ခုလုံးကွာခြားနေတဲ့ ရန်သူကိုတောင် အတင်းအကျပ် ကျိန်စာတံဆိပ်ရိုက်နှိပ်နိုင်တယ်။ အကယ်၍ ကျွန်မသာ အဲဒီရတနာကိုသုံးနိုင်ရင် သူတော်စင်အဆင့်ကိုတောင် ကြောက်စရာမလိုဘူး..."

ကျန်းချန်သည် စုန်းအတတ်အကြောင်း အများကြီးမသိသော်လည်း နယ်ပယ်တစ်ခုလုံးကျော်လွန်ပြီး ပြိုင်ဘက်ကိုနှိမ်နင်းနိုင်သည်ဟူသောအချက်မှာ မည်မျှအစွမ်းထက်ကြောင်း နားလည်သည်။ အဆင့်မြင့် မှော်ရတနာကတော့ အစွမ်းထက်လှ၏။

"မင်းက မျိုးနွယ်စုခေါင်းဆောင်ပဲဟာ။ စုန်းမျိုးနွယ်စုရဲ့ ဦးသျှောင်ဆိုတော့ အရိုးချေဖျက်အလံက မင်းလက်ထဲမှာရှိရမှာမဟုတ်ဘူးလား"

ထိုအကြောင်းကိုပြောလိုက်သည်နှင့် လန်ယီသည် ရုတ်တရက် စိတ်ဓာတ်ကျသွားဟန်ရသည်။

"လွန်ခဲ့တဲ့နှစ်ပေါင်းသုံးသန်းက စုန်းမျိုးနွယ်စုရဲ့ခေါင်းဆောင်ဟာ ပြင်ပလူတစ်ယောက်ရဲ့ လှည့်ဖြားမှုကိုခံလိုက်ရပြီး အရိုးချေဖျက်အလံကို လိမ်ပြီးယူသွားတာခံလိုက်ရတယ်။ အဲဒီကတည်းက အခုထိပြန်မရသေးဘူး"

ရတနာအတွက် သတ်ဖြတ်ကြခြင်းမှာ ကျင့်ကြံခြင်းလောကတွင် နေ့စဉ်ဖြစ်ပျက်နေသော ကိစ္စဖြစ်သည်။ ကျန်းချန် ဘာပြောရမှန်းမသိတော့ပေ။

"စိတ်မကောင်းပါဘူး"

"စိတ်မကောင်းတာက နောက်မှထားစမ်းပါ..."

"အရိုးချေဖျက်အလံမရှိတော့တာက ကျွန်မတို့ စုန်းမျိုးနွယ်အတွက် လက်နက်ကောင်းတစ်ခု ဆုံးရှုံးသွားတာတင်မဟုတ်ဘူး၊ ကျွန်မတို့ရဲ့အမွေအနှစ်ကလည်း မပြည့်စုံတော့ဘူး။ အဲဒီကတည်းက ကျွန်မတို့မျိုးနွယ်စုက ပြန်မဦးမော့နိုင်တော့တာ"

"ဒါဆို မင်းမျက်စိသုံးလုံးကျားအကြောင်း ခဏခဏပြောနေတာက သူကမင်းကို အရိုးချေဖျက်အလံပြန်လုပေးဖို့ မျှော်လင့်လို့လား"

"မဟုတ်ဘူး၊ အရိုးချေဖျက်အလံကိုခိုးသွားတဲ့သူက အခုဆို သူတော်စင်ဖြစ်နေပြီ..."

လန်ယီက နောင်တရစွာ ခေါင်းခါယမ်းလိုက်၏...

"စီနီယာကျားဘုရင်က နယ်မြေတွေကိုဖြတ်ကျော်လာရတာမို့လို့ သူ့ရဲ့ခွန်အားက နိယာမတွေကြောင့် ဖိနှိပ်ခံထားရတယ်။ အဲဒါကိုပြန်လုဖို့ဆိုတာ မဖြစ်နိုင်ဘူး"

"အစကမျှော်လင့်ခဲ့တာက စီနီယာမျက်စိသုံးလုံးကျားက လေးမျက်နှာကမ္ဘာဦးဆေးမီးဖို သိမ်းပိုက်နိုင်အောင် ကူညီပေးဖို့ပဲ"

"ကံကောင်းတာက အခုတော့ အဲဒါကကျွန်မလက်ထဲရောက်နေပြီ"

ကျန်းချန်က စူးစမ်းစွာမေးလိုက်ပြန်သည်

"လေးမျက်နှာကမ္ဘာဦးဆေးမီးဖိုက ဘာအတွက်အသုံးဝင်လို့လဲ"

သူမပြောပုံအရ လေးမျက်နှာကမ္ဘာဦးဆေးမီးဖိုမှာ အဆင့်နိမ့်ပုံရပြီး ဟင်းလင်းပြင်အင်မော်တယ်နယ်မြေနှင့် မသက်ဆိုင်သလိုဖြစ်နေသောကြောင့်ပင်။

"အရင်တုန်းက အင်မော်တယ်ကိုးပါးတက်လှမ်းသွားပြီးနောက် အင်မော်တယ်အကြွင်းအကျန်မျိုးနွယ်စုကိုးစုဟာ ဟင်းလင်းပြင်အင်မော်တယ်နယ်မြေကိုဖွင့်ဖို့ အင်အားချင်းပေါင်းခဲ့ဖူးတယ်"

"ပြီးတော့ရော... အင်မော်တယ်ဖြစ်သွားကြလား"

"မဖြစ်ဘူး။ အဲဒီအချိန်က အထဲကိုဝင်သွားပြီးတဲ့နောက် မျိုးနွယ်ကိုးစုက လူအများအပြား သေဆုံးခဲ့ကြတယ်"

ကျန်းချန် မှင်သက်သွားသည်။

"အထဲမှာ ရန်သူတွေရှိလို့လား"

"အတိအကျတော့မဟုတ်ဘူး။ ဟင်းလင်းပြင်အင်မော်တယ်နယ်မြေဟာ အင်မော်တယ်နယ်မြေနဲ့ အောက်လောကကြားမှာရှိနေတော့ ဟင်းလင်းပြင်က မတည်ငြိမ်ဘူး၊ နိယာမတွေကလည်း ရှုပ်ထွေးနေတယ်။ အကယ်၍ အဲဒီတုန်းက ရတနာကိုးခုရဲ့အကာအကွယ်သာမရှိခဲ့ရင် တစ်ယောက်မှအသက်ရှင်မှာမဟုတ်ဘူး"

လန်ယီက ဆက်ပြောသည်

"အဲဒီတစ်ကြိမ်ပဲ သူတို့ဝင်ဖူးကြတာ။ အင်မော်တယ်ဘိုးဘေးကိုးပါးထွက်ခွာသွားပြီးနောက်မှာ မျိုးနွယ်စုကိုးစုကြားမှာ ပဋိပက္ခတွေဖြစ်လာခဲ့တယ်။ သူတို့ရဲ့ကံကြမ္မာတွေကလည်း အမျိုးမျိုးကွဲပြားသွားပြီး နောက်ပိုင်းမှာဝင်ပေါက်ဖွင့်ဖို့ တစ်ခါမှ အင်အားချင်းမပေါင်းဖြစ်ကြတော့ဘူး"

ကျန်းချန် နောက်ဆုံးတွင် နားလည်သွားသည်။

"မင်း လေးမျက်နှာကမ္ဘာဦးဆေးမီးဖိုကို လိုချင်တာက အဲဒီထဲကယုံကြည်မှုစွမ်းအားက ဟင်းလင်းပြင်အင်မော်တယ်နယ်မြေထဲရောက်တဲ့အခါ မင်းကိုကာကွယ်ပေးနိုင်ဖို့ပေါ့"

"ဟုတ်တယ်။ လေးမျက်နှာကမ္ဘာဦးဆေးမီးဖိုက ကံကြမ္မာကောင်းချီးပေးခံထားရတော့ နိယာမစွမ်းအားတွေရဲ့တိုက်စားမှုကို အများကြီးလျှော့ချပေးနိုင်တယ်"

ယခုသူမသည် ဤရတနာကိုရရှိသွားပြီဖြစ်ရာ ရည်မှန်းချက်အောင်မြင်သွားပြီဖြစ်သည်။

နောက်တစ်ဆင့်မှာ ဟင်းလင်းပြင်အင်မော်တယ်နယ်မြေ ပွင့်လာမည့်အချိန်ကို စောင့်ဆိုင်းကာ ဝင်ရောက်ရန်ပင်။

"ဒါပေမဲ့မင်းပြောတော့ အရိုးချေဖျက်အလံက အခိုးခံရတယ်ဆို... အင်မော်တယ်အကြွင်းအကျန်မျိုးနွယ်စုက ရတနာကိုးခုလုံးစုပြီးတော့ ဝင်ပေါက်ကို ဘယ်လိုဖွင့်မှာလဲ"

သူမပြောပုံအရ ရတနာကိုးခုမစုံလျှင် ဟင်းလင်းပြင်အင်မော်တယ်နယ်မြေ၏ တည်နေရာကိုပင် ရှာတွေ့နိုင်မည်မဟုတ်။

ထိုအကြောင်းပြောလိုက်သည်နှင့် လန်ယီက အေးစက်စွာဆိုလိုက်သည်

"အရိုးချေဖျက်အလံကို ခိုးသွားတဲ့သူကလည်း ဒီလျှို့ဝှက်ချက်ကိုသိသွားတယ်။ နှစ်တွေတစ်လျှောက်မှာ သူက တခြားမျိုးနွယ်စုရှစ်စုကို တိတ်တဆိတ်ဆက်သွယ်ခဲ့ပြီး သူတို့ကြားမှာ သဘောတူညီချက် ရသွားကြပြီ"

"ရက်တွက်ကြည့်ရင် ဝင်ပေါက်ဖွင့်ဖို့ တစ်နှစ်တောင်မလိုတော့ဘူး"

ကျန်းချန်က ထိုသူမှာ ရတနာခိုးသွားသောရန်သူဖြစ်ရာ တခြားမျိုးနွယ်စုများက မည်သို့ ပူးပေါင်းနိုင်မည်နည်းဟု မေးရန်ပြင်လိုက်သော်လည်း၊ ၎င်းမှာ အင်မော်တယ်ဖြစ်ခွင့်ဟူသော အခွင့်အရေးဖြစ်နေသည်ကို ပြန်တွေးမိလိုက်၏။

"မင်းက တာအိုနန်းတော်အဆင့်ပဲရှိသေးတာ၊ သူတော်စင်အဆင့်နဲ့ ဝေးသေးတယ်။ တကယ်လို့ အင်မော်တယ်နယ်မြေကို ရောက်သွားရင်တောင် အောက်ခြေမှာပဲရှိနေမှာ မဟုတ်ဘူးလား"

"အင်မော်တယ်နယ်မြေမှာ အင်မော်တယ်တွေချည်းပဲရှိတာမဟုတ်ဘူး၊ အဲဒီအင်မော်တယ်တွေမှာ သားသမီးမြေးမြစ်တွေရှိကြတယ်။ သူတို့အသက်ရှင်နိုင်ရင် ကျွန်မလည်းအသက်ရှင်နိုင်တာပေါ့..."

လန်ယီ၏အကြည့်များမှာ ခိုင်မာနေသည်။ မည်သို့ပင်ဆိုစေကာမူ အင်မော်တယ်နယ်မြေတွင် ကျင့်ကြံရခြင်းမှာ အောက်လောကထက် အဆပေါင်းများစွာသာလွန်ပေလိမ့်မည်။

"မင်း ငါ့ကို ဒါတွေအကုန်ပြောပြနေတာက ငါ့ကိုပါအတူခေါ်သွားချင်လို့လား"

"ဟုတ်တယ်။ ဒီအခွင့်အရေးလက်လွတ်သွားရင် နောက်တစ်ခါ ဘယ်တော့မှလာတော့မှာမဟုတ်ဘူး။ လေးမျက်နှာကမ္ဘာဦးဆေးမီးဖိုက အဆင့်နိမ့်မှော်ရတနာဖြစ်နေတော့ အများဆုံး လူသုံးယောက်ကိုပဲ ကာကွယ်ပေးနိုင်တယ်။ ဆေးမီးဖိုထဲက ကံကြမ္မာစွမ်းအားကို နင်ထီကနှိုးဆွပေးရမှာဆိုတော့ နောက်ထပ်လူတစ်ယောက်အတွက် နေရာလွတ်ကျန်သေးတယ်"

သူမကပြုံးလိုက်ပြီး

"ရှင်ကျွန်မတို့နဲ့အတူ အင်မော်တယ်နယ်မြေကိုလိုက်ခဲ့လို့ရပါတယ်"

ကျန်းချန်မှာ ဤအမျိုးသမီးလေးကို အနည်းငယ်ဇဝေဇဝါဖြစ်သွားရသည်။ သူမသည် သူ့လူအဖြစ် အသိအမှတ်ပြုခံရရန် သဘောမတူသော်လည်း၊ သူ့အပေါ်တွင် အလွန်ကောင်း၏။

ဤတတိယမြောက် ဝင်ရောက်ခွင့်နေရာသာပေါ်လာပါက လူအများအပြား ရူးသွပ်သွားကြမည်ဖြစ်သော်လည်း သူမက သူ့ကို ဒီတိုင်းပေးလိုနေခြင်းဖြစ်သည်။

အမှန်တကယ်တော့ ကျန်းချန်အတွက် ဟင်းလင်းပြင်အင်မော်တယ်နယ်မြေထဲဝင်ရန် ရတနာ၏အကာအကွယ်မလိုပေ။ အဆိုးဆုံးမှာ အထဲရောက်လျှင် တစ်ကြိမ်သေပေးလိုက်ရုံဖြင့် စနစ်ကဖြေရှင်းပေးမည်ဖြစ်သည်။ သို့သော် လန်ယီ၏စေတနာကိုမူ သူခံစားမိပါသည်။

"ဒါဆို မင်းရဲ့ နောက်ထပ်အစီအစဉ်ကဘာလဲ"

သူမ၏စေတနာကို သူ ချက်ချင်းငြင်းပယ်ခြင်းမပြုခဲ့ပေ။

"ကျွန်မ စုန်းမျိုးနွယ်စုဆီကို အရင်ပြန်လိုက်ဦးမယ်။ ရှင်ရော"

"ငါလည်း ဖေးရှန်ဂိုဏ်းကိုပြန်ရမှာပေါ့။ မင်းသိတဲ့အတိုင်း ငါကဂိုဏ်းချုပ်ဆိုတော့ လုပ်စရာတွေ အများကြီးရှိသေးတယ်"

"ကောင်းပါပြီ။ ဘာပဲဖြစ်ဖြစ် ဝင်ပေါက်ဖွင့်မယ့်ရက်က လိုသေးတာပဲ။ အချိန်ကျရင် ကျွန်မ ရှင့်ကိုလာရှာမယ်"

သူမ၏ပုံရိပ်လေး ပျောက်ကွယ်သွားသည်ကိုကြည့်ကာ ကျန်းချန်လှည့်ထွက်လာခဲ့သည်။ သူသည် တည်နေရာရွှေ့ပြောင်းခြင်းကို နှိပ်လိုက်ရာ အလင်းတစ်ချက်လင်းသွားပြီးနောက် ဖေးရှန်ဂိုဏ်းသို့ တိုက်ရိုက်ရောက်ရှိသွား၏။ အဆင့် ၄ တည်နေရာရွှေ့ပြောင်းခြင်းက အလွန်အဆင်ပြေသည်။

"ဂိုဏ်းချုပ်..."

"ဂိုဏ်းချုပ်ပြန်လာပြီ..."

"သူနဲ့အတူ မင်းသမီးနင်ထီ ပါမလာဘူးလား"

တပည့်များမှာ ဝမ်းသာအားရဖြင့် တစ်ယောက်ပြီးတစ်ယောက် ပျံသန်းလာကြသည်။ ရက်အနည်းငယ်အတွင်းမှာပင် သူတို့၏ ကျင့်ကြံမှုအဆင့်များမှာ သိသိသာသာပြောင်းလဲသွားသည်ကို ကျန်းချန်တွေ့လိုက်ရသည်။

ဒုတိယမျိုးဆက် အကြီးအကဲများမှာ ဝိညာဉ်ခွဲထုတ်ခြင်းအဆင့်သို့ အသီးသီးရောက်ရှိနေကြပြီဖြစ်သည်။ တတိယမျိုးဆက် တပည့်များမှာလည်း မူလဖြစ်တည်ခြင်းအဆင့်သို့ ရောက်ရှိနေကြလေပြီ။

လင်းနင်မှာ ဝိညာဉ်အခြေတည် အဆင့် ၈ သို့ ရောက်နေပြီး၊ ကျိလင်းဟန်မှာမူ ကောင်းကင်ကံကြမ္မာ၏ အတားအဆီးကို ဖြတ်ကျော်ကာ ကောင်းကင်ကံကြမ္မာအဆင့် ၁ သို့ ရောက်ရှိနေ၏။

စနစ်မှတ်တမ်းကိုဖွင့်ကြည့်လိုက်ရာ သူတို့အဆင့်တက်ချိန်တွင် အမှတ်ဆုလာဘ်များ ရရှိထားသည်ကိုတွေ့ရသည်။ အထူးသဖြင့် ကျိလင်းဟန်၏အဆင့်တက်မှုက အမှတ် ၃ သိန်း ပေး၏။

ဖေးရှန်ဂိုဏ်း၏ အဆင့် ၅ ဝိညာဉ်သွေးကြောနှင့် ဆေးလုံးများ၊ ဝိညာဉ်ကျောက်တုံးများ အလျှံပယ်ရှိနေလျှင်ပင် သူတို့၏တိုးတက်မှုမှာ အံ့ဖွယ်တစ်ခုဟုဆိုရပေမည်။ ကျင့်ကြံခြင်းတွင် ဝိညာဉ်စွမ်းအားရှိရုံနှင့်မရဘဲ နယ်ပယ်အသိအမြင်ရှိမှသာ အဆင့်တက်နိုင်ခြင်းဖြစ်သည်။

ချောမွေ့နေသောမေးစေ့ကိုပွတ်ကာပြုံးနေသည့် အကြီးအကဲမိုချန်ကို ကြည့်လိုက်ရုံဖြင့် သူ၏လက်ချက်ဖြစ်ကြောင်း ကျန်းချန်သိလိုက်သည်။ အင်မော်တယ်တစ်ယောက်အတွက် အောက်လောကကျင့်ကြံသူလေးများကို လမ်းညွှန်ပေးရခြင်းမှာ အမှန်တကယ်လွယ်လွန်းလှသည်မဟုတ်ပါလား။

All Chapters