← Chapters

အခန်း (၂၅၉)

Vol. 23 Ch. 259

အခန်း (၂၅၉)

Vol. 23 Ch. 259

တကယ်တော့ လင်းပိုင်ဖန်သည် ဤမျှအထိ တောင့်ခံထားနိုင်ခြင်းမှာ သူမအတွက် အလွန်ကြီးမားသော အံ့အားသင့်စရာပင် ဖြစ်သည်။ ယခင်က ဓားအဖိုးအို ပြသခဲ့သည့် အစွမ်းဖြစ်စေ၊ ယခု စစ်ဗျူဟာ အခင်းအကျင်း၏ အစွမ်းဖြစ်စေ အသက်ရှူမှားလောက်အောင်ပင် ကောင်းမွန်လှသည်။ ယနေ့သာ သူတို့ အောင်မြင်ခဲ့လျှင် မဟာရှနိုင်ငံသည် အင်အားကြီးသော မင်းဆက်တစ်ခု ဖြစ်လာမည်မှာ မြေကြီးလက်ခတ်မလွဲပေ။

အခြားသော ကြည့်ရှုသူများလည်း မဟာရွှယ် ဧကရာဇ်၏ ရည်ရွယ်ချက်ကို သတိထားမိသွားကြသည်။

“မဟာရွှယ် ဧကရာဇ်က နောက်ကနေ ပတ်တိုက်ဖို့ လုပ်နေပြီ”

“သူသာ အောင်မြင်သွားရင် စစ်ဗျူဟာ အခင်းအကျင်းက အလိုလို ပျက်သွားမှာပဲ”

“တစ်ယောက်ယောက် တားကြပါဦး၊ ဟို မိုက်မဲတဲ ဧကရာဇ်က ဘာလို့ ငြိမ်နေရတာလဲ”

“သူတော့ သွားပြီထင်တယ်၊ မဟာရွှယ် ဧကရာဇ်ရဲ့ အရှိန်ကို ကြည့်ဦး၊ သာမန်လူတစ်ယောက်ဖြစ်တဲ့ မိုက်မဲတဲ့ ဧကရာဇ်က အချိန်မီ တုံ့ပြန်နိုင်ပါ့မလား”

ထိုအချိန်တွင် မဟာရွှယ် ဧကရာဇ်သည် မဟာရှစစ်တပ်၏ နောက်ကျောဘက်သို့ ရောက်ရှိသွားပြီဖြစ်သည်။ အကာအကွယ်မဲ့နေသော စစ်သည်များကို ကြည့်ကာ သူက ရက်စက်စွာ ပြုံးလိုက်ပြီး - “ မိုက်မဲတဲ့ ဧကရာဇ်... မင်းရဲ့ စစ်သားတွေကို ငါအရင်သတ်မယ်၊ ပြီးမှ မင်း ငါ့ကို ဘယ်လိုယှဉ်မလဲဆိုတာ ကြည့်ရသေးတာပေါ့”

“မင်းလာမှာကို ငါစောင့်နေတာ”

လင်းပိုင်ဖန်က ရုတ်တရက် လှည့်လိုက်ပြီး ဓားကို နောက်တစ်ကြိမ် ဝှေ့ယမ်းကာ တိုးညှင်းစွာ ရေရွတ်လိုက်သည် - “ဓားကွက် ၂၃... မင်းကို နတ်ပြည်ပို့ပေးလိုက်မယ်”

ကြောက်မက်ဖွယ်ကောင်းသော ဓားဆန္ဒတစ်ခု ထပ်မံ ထွက်ပေါ်လာခဲ့သည်။ မဟာရွှယ် ဧကရာဇ်သည် အန္တရာယ်ကြီးတစ်ခုကို ခံစားလိုက်ရသဖြင့် ရှောင်ရန် ပြင်လိုက်သော်လည်း သူ၏ ခန္ဓာကိုယ်မှာ လုံးဝ လှုပ်ရှား၍ မရတော့ကြောင်း တွေ့လိုက်ရသည်။ နက်ရှိုင်းလှသော စွမ်းအားတစ်ခုက သူ့ကို ဟင်းလင်းပြင်ထဲ၌ ချုပ်နှောင်ထားသကဲ့သို့ပင်။ သူသည် မိမိရင်ဘတ်ဆီသို့ တိုးဝင်လာသော ဓားဆန္ဒကို အကူအညီမဲ့စွာ ကြည့်နေရတော့သည်။

“မလုပ်နဲ့…!!!”

“ဝုန်း….!”

နောက်တစ်ကြိမ် မြေပြင်ကြီး အက်ကွဲသွားပြီး ဖုန်မှုန့်များ ကောင်းကင်သို့ လွင့်တက်သွားလေခဲ့သည်။ ထို့နောက်တွင်တော့ မဟာရွှယ် ဧကရာဇ်ကို မတွေ့ရတော့ချေ။ ကြည့်ရှု့သူအားလုံး ထိတ်လန့်တကြား ဖြစ်သွားကုန်ကြသည်။

“မဟာရွှယ် ဧကရာဇ် သေသွားပြီလား”

“သူ့ကို မိုက်မဲတဲ့ ဧကရာဇ်က သတ်လိုက်တာလား”

“အဟွတ်... အဟွတ်...” ရုတ်တရက် စစ်မြေပြင် အလယ်မှ အားနည်းသော အသံတစ်ခု ထွက်ပေါ်လာသည်။ လူတိုင်း လှမ်းကြည့်လိုက်သောအခါ မဟာရွှယ် ဧကရာဇ်ကို တွေ့လိုက်ရသည်။ သူ သေမသွားသေးသော်လည်း ခန္ဓာကိုယ်မှာ အပိုင်းပိုင်းအပြတ်ပြတ် ဖြစ်နေပြီဖြစ်သည်။ ခြေလက်များ ပြတ်တောက်ကာ ခေါင်းနှင့် ကိုယ်ထည်သာ ကျန်တော့ပြီး သေလုမျောပါး ဖြစ်နေချေလေပြီ။ သူသည် လင်းပိုင်ဖန်ကို မယုံကြည်နိုင်မှု၊ နောင်တရမှုတို့ဖြင့် စိုက်ကြည့်နေပြီး - “မင်းက... တကယ်တော့... ကောင်းကင်...”

လင်းပိုင်ဖန်၏ နတ်ဓားမှာ လျင်မြန်စွာ ပျံထွက်သွားပြီး မဟာရွှယ် ဧကရာဇ်၏ လည်ပင်းကို တစ်ခဏချင်းမှာပင် ဖောက်ထွက်သွားလေခဲ့သည်။ နာကျင်စွာ အော်ဟစ်လိုက်ပြီး - “အား….”

“ပိုင်ဇူ... မဟာရွှယ်ရဲ့ လူယုတ်မာကတော့ အစွယ်ကျိုးသွားပြီ၊ အခု မင်းအလှည့်ပဲ၊ မင်းရဲ့ အမုန်းတရားတွေကို အပြတ်အသတ် ရှင်းပစ်လိုက်တော့”

“ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး”

ပိုင်ဇူသည် ကိုယ်ဖော့ပညာဖြင့် ပျံဝင်သွားပြီး မဟာရွှယ် ဧကရာဇ်၏ အကြွင်းအကျန်ကို ဓားဖြင့်ထိုးကာ အနီးရှိ တောင်ကုန်းချိုင့်ဝှမ်းတစ်ခုထဲသို့ သယ်သွားသည်။ မကြာမီမှာပင် နောက်ထပ် နာကျင်စွာ အော်ဟစ်သံတစ်ခု ထွက်ပေါ်လာတော့သည်။

တစ်ချိန်တည်းမှာပင် လင်းပိုင်ဖန်က မဟာရွှယ်နိုင်ငံ၏ စစ်သည်တော် တစ်သန်းကို လှည့်ကြည့်ကာ အေးစက်စက် ပြုံးလိုက်သည်။ မဟာရွှယ်၏ စစ်တပ်တစ်ခုလုံးမှာ ထိတ်လန့်တုန်လှုပ်နေကြပြီ ဖြစ်ချေသည်။

“ငါတို့ ဧကရာဇ် သေပြီ၊ ပြေးကြဟေ့”

“မဟာရှနိုင်ငံက တကယ့်ကို ကြောက်စရာကြီးပဲ”

၎င်းတို့ထဲမှ ချီဖွဲ့တည်ခြင်းအဆင့်များမှာ အရင်ဆုံး ထွက်ပြေးကြသည်။ လင်းပိုင်ဖန်က နတ်ဓားကို ပြန်ကိုင်ကာ စစ်သည် တစ်သန်း၏ ခွန်အားကို အသုံးပြု၍ ထွက်ပြေးနေသော သိုင်းပညာရှင်များကို တစ်ဦးချင်း လိုက်လံသုတ်သင်ခဲ့သည်။ ခဏအတွင်းမှာပင် မဟာရွှယ်နိုင်ငံမှ အဆင့်မြင့် သိုင်းပညာရှင်အားလုံး ရှင်းလင်းခံလိုက်ရတော့သည်။

ထိုအခါမှ လင်းပိုင်ဖန် ကျေနပ်သွားပြီး အမိန့်ပေးလိုက်သည် - “စစ်သည်တို့ နားထောင်ကြ၊ မဟာရွှယ်ရဲ့ လက်ကျန်စစ်တပ်ကို အမြစ်ပြတ်အောင် ချေမှုန်းပြီး မဟာရွှယ်အင်ပါယာကို မဟာရှနိုင်ငံထဲ ပေါင်းထည့်စေ၊ ငါတို့ကို တားဆီးတဲ့သူ ဘယ်သူ့ကိုမဆို မညှာမတာ သတ်စေ”

“အမိန့်တော်အတိုင်းပါ အရှင်မင်းကြီး”

ဤဖြစ်ရပ်ကို ကြည့်နေသူများ အကုန် တိတ်ဆိတ်သွားကြသည်။ ရှေးယခင်ကတည်းက အနိုင်ရသူက မင်းဖြစ်ပြီး အရှုံးသမားက ချေမှုန်းခံရမည် ဖြစ်သည်။ ကောင်းကင်အဆင့် သိုင်းပညာရှင်ရှိသော မဟာရွှယ်မင်းဆက်မှာ ရှုံးနိမ့်သွားပြီး ကောင်းကင်အဆင့် မရှိသော မဟာရှနိုင်ငံက အနိုင်ရရှိသွားသည်။ မဟာရှနိုင်ငံတွင် ကောင်းကင်အဆင့် သိုင်းပညာရှင် မရှိသော်လည်း ကောင်းကင်အဆင့်ကို သတ်နိုင်သော စွမ်းအားရှိကြောင်း ကမ္ဘာက သိသွားကြပြီဖြစ်သည်။

စုန့်ယွီဖေးသည် သက်ပြင်းတစ်ချက်ကို အသာအယာ ချလိုက်ပြီး - “အရှင်မင်းကြီး... အရှင်က ကျွန်မ ထင်ထားတာထက် အမြဲ ပိုတော်နေတာပဲ” သူမသည် လင်းပိုင်ဖန်ကို ဂုဏ်ပြုချင်သော်လည်း ယခုအချိန်တွင် သူ အလုပ်များနေမည်ကို သိသဖြင့် နောက်မှတွေ့ရန် ဆုံးဖြတ်ကာ တိတ်တဆိတ် ထွက်ခွာသွားခဲ့သည်။

တောင်ထိပ်ပေါ်တွင် ယောင်ယောင်မှာ စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်နေလေသည် - “ဆရာ...ငတုံး ဧကရာဇ်လေး အနိုင်ရသွားပြီ၊ သူ ကောင်းကင်အဆင့်ကို သတ်လိုက်ပြီ”

လှပသော ဆရာမကလည်း အံ့သြစွာ ရေရွတ်မိသည် - “ဟုတ်တယ်... သူ သတ်လိုက်ပြီ၊ သိုင်းပညာမရှိတဲ့ စာပေသမားတစ်ယောက်က မြင့်မြတ်တဲ့ ကောင်းကင်အဆင့်ကို သတ်လိုက်တာပဲ။ တကယ့်ကို ရှေးရော နောက်ရောမှာ မရှိတဲ့သူပဲ

ဤသတင်းသည် တစ်ကမ္ဘာလုံးသို့ လျင်မြန်စွာ ပျံ့နှံ့သွားပြီး လူတိုင်းကို တုန်လှုပ်စေခဲ့သည်။ အထူးသဖြင့် ဧကရာဇ်မင်းများမှာ စစ်ဗျူဟာ အခင်းအကျင်း၏ အစွမ်းကို မြင်တွေ့သွားသဖြင့် ထိုနည်းလမ်းကို ရရှိရန် နည်းမျိုးစုံဖြင့် ကြိုးပမ်းကြလေတော့သည်။

ပြင်ပလောကတွင် ဘာတွေဖြစ်နေပါစေ လင်းပိုင်ဖန်ကမူ စိတ်ဝင်စားခြင်း မရှိပေ။ ယခုအချိန်တွင် သူသည် ၎င်း၏ 'အင်ပါယာ မြေပုံ' ကို အသုံးပြု၍ သူ၏ စစ်တပ်များ နယ်မြေချဲ့ထွင်နေသည်ကို ကြည့်ရင်း အရင်းအမြစ်များကို တိတ်တဆိတ် သယ်ယူစုဆောင်းနေလေတော့သည်။

All Chapters