ရွှေအမြုတေအဆင့် တရားသူကြီးတစ်ယောက်အဖြစ် နောက်ဆုံးရက်သတ္တပတ် (၁၂)
Vol. 2 Ch. 12
ဝမ်ချန်၏ မေးခွန်းကို ချန်ယွမ်သည် စိုးရိမ်ပူပန်မှုများစွာဖြင့် ခေါင်းခါယမ်းရုံသာ တုံ့ပြန်နိုင်ခဲ့သည်။
"နင်ကတော့ အစားအသောက်အကြောင်းပဲ စဉ်းစားနေတာပဲ။ ခေါင်းလေးနည်းနည်းလောက် သုံးကြည့်လို့မရဘူးလား။ ဒီအတောအတွင်း ဂိုဏ်းထဲမှာ ထူးခြားတာတွေ၊ ကြီးမားတဲ့ပြောင်းလဲမှုတွေ ဖြစ်နေတာကို နင်တစ်ခါမှ သတိမထားမိဘူးလား"
ဝမ်ချန်က နှာခေါင်းတစ်ချက် ရှုံ့လိုက်ရင်း စိတ်ထဲမှ တိတ်တဆိတ် တွေးနေမိသည်။
"ဒီလူအိုကြီးချန်ယွမ်က ငါ့ကိုဘာဖြစ်စေချင်တာလဲ။ ငါက နွားလေ... အစားအသောက်အကြောင်း မစဉ်းစားရင် ငါ့မျိုးရိုးကို စော်ကားရာရောက်မှာပေါ့။ ဂိုဏ်းထဲမှာ သူတော်စင်ကြီးလို မျက်နှာပေးနဲ့ ဟိုဟိုဒီဒီ လျှောက်သွားပြီး လူတွေကို အကဲခတ်တာတို့၊ ခန့်ညားတဲ့ စကားလုံးတွေနဲ့ ကျင့်ကြံခြင်းအကြောင်း လျှောက်အကြံပေးနေတာတို့ လုပ်နိုင်မှာကျလို့။ အထူးသဖြင့် ငါ့အသံကို အက်ရှရှဖြစ်အောင် လုပ်တဲ့ အဲဒီ အဆင့်မမီတဲ့ အသံလွှင့်ပုတီးစေ့ကို သုံးပြီးတော့လေ"
သူမ၏ အမူအရာကို မြင်သောအခါ ချန်ယွမ်သည် လက်လျှော့လိုက်ပြီး အကြောင်းအရာများကို ဖြည်းဖြည်းချင်း ရှင်းပြလိုက်သည်။ တရားရုံးအနေဖြင့်လည်း အခြေအနေအရပ်ရပ်ကို ရှင်းလင်းစွာ သိရှိနိုင်ရန် သူရှင်းပြဖို့ လိုအပ်ပေသည်။
"ငါ မြူနွံဂိုဏ်းရဲ့ ဂိုဏ်းချုပ်ရာထူးကို စတင်တာဝန်ယူကတည်းက ဂိုဏ်းကို အခုရှိနေတဲ့ အဆင့်ထက် ပိုမြင့်အောင် တွန်းတင်ဖို့ အမြဲ အိပ်မက်မက်ခဲ့တာ။ ဒီနေ့အထိတော့ အဲဒီအိပ်မက်ကို အကြီးအကဲဖုန်းကျန်းနဲ့ အတူတူ မျှဝေထားတယ်လို့ ငါထင်ခဲ့တာ။ အရင်ဂိုဏ်းချုပ်မှာ တပည့် ၃ ယောက် ရှိခဲ့တယ်။ ဖုန်းကျန်း၊ ငါနဲ့ ကျိုးဝမ်တို့ပေါ့။ ဒါပေမဲ့ ကျိုးဝမ်ကတော့ ဂိုဏ်းရဲ့ တာဝန်တစ်ခု ထမ်းဆောင်ရင်း ကွယ်လွန်သွားခဲ့တယ်။”
“ငါတို့ ငယ်ငယ်တုန်းက ဖုန်းကျန်းက ဂိုဏ်းချုပ်ဖြစ်ဖို့ အလားအလာအကောင်းဆုံးပဲ။ သူ့ရဲ့ ပါရမီက ငါ့ထက် အများကြီး သာလွန်တယ်။ ငါ့မှာ ရှိတာက ကြိုးစားအားထုတ်မှု တစ်ခုထဲပဲ။ အဲဒီ အစောပိုင်းနှစ်တွေမှာ သူက ကျင့်ကြံခြင်းမှာ ငါ့ထက် အမြဲ ရှေ့ကိုရောက်နေခဲ့တာ။”
“ငါတို့ ကျင့်ကြံခြင်းကို တစ်ချိန်တည်းမှာ စခဲ့ကြတာတောင် ငါက အဆင့် ၇ ချီ သန့်စင်ခြင်း အဆင့်မှာပဲ ရှိသေးချိန် သူက အခြေတည်အဆင့် ကိုချိုးဖောက်ဝင်ရောက်သွားပြီ။ ငါတို့ ဆရာက ကွာဟချက် ရှိပေမဲ့ ငါ့ရဲ့ လေ့ကျင့်မှုတွေကို လမ်းညွှန်ပေးဖို့ ဘယ်တော့မှ လျစ်လျူမရှုခဲ့တာက ငါ့အတွက်တကယ်ကို ကံကောင်းခဲ့ပါတယ်။ ဆရာ့ရဲ့ မပျက်မကွက် လမ်းညွှန်မှုကြောင့်သာ ငါလည်း အခြေတည်အဆင့်ကို ရောက်ခဲ့တာပါ။ အဲဒီအချိန်မှာ ဖုန်းကျန်းက အဆင့် ၃ ကို ရောက်နေပြီ။
“ဒါပေမဲ့ သူ ရှေ့ဆက်အဆင့်တက်တဲ့နှုန်းက နှေးကွေးလာပြီး ငါ့ရဲ့နှုန်းကတော့ အဆင့်မြင့်လာလေ ပိုမြန်လာလေ ဖြစ်လာတယ်။ ၅ နှစ်မပြည့်ခင်မှာပဲ ငါက သူ့ကို အမီလိုက်နိုင်ခဲ့ပြီး ငါတို့နှစ်ယောက်စလုံး အခြေတည်အဆင့် ၅ ကို ရောက်ခဲ့ကြတယ်။ အဲဒီနောက်မှာ ငါတို့ရဲ့ ကျင့်ကြံခြင်း အဆင့်တွေက ငယ်ငယ်တုန်းကနဲ့ ပြောင်းပြန် ဖြစ်သွားတော့တာပဲ။ ဒီတစ်ခါတော့ ငါက ရှေ့က ဦးဆောင်နေခဲ့တယ်။ အချိန်ကြာလာတာနဲ့အမျှ ကွာဟချက်က ပိုကြီးလာပြီး ငါက အခြေတည်အဆင့် အထွတ်အထိပ်ကို ရောက်ချိန်မှာ သူက အဆင့် ၈ မှာပဲ တန့်နေခဲ့တယ်။
အဲ့ဒီမှာတင် ငါက သူ့ထက်အဆင့် ၄ ဆင့်လောက် သာသွားခဲ့တာ။ ဒါပေမဲ့ ဒီအတောအတွင်း သူ တစ်ခါမှ မကျေမနပ်ဖြစ်တာ ဒါမှမဟုတ် မနာလိုဝန်တိုတဲ့ အရိပ်အယောင် ပြတာမျိုး မရှိခဲ့ဘူး။ သူက အမြဲတမ်း ဖော်ဖော်ရွေရွေ ရှိပြီး ကျင့်ကြံခြင်းနဲ့ ဂိုဏ်းအရေးကိစ္စတွေကိုပဲ အာရုံစိုက်နေခဲ့တယ်။ ငါတို့ဆရာကလည်း သူ့ကို ငါ့လိုပဲ အရင်းအမြစ်တွေကို အတူတူပေးခဲ့တာပါ။ ဆရာက ငါတို့နှစ်ယောက်အပေါ် အမြဲတမ်း မျှမျှတတ ဆက်ဆံဖို့ ကြိုးစားခဲ့ပါတယ်။”
“ငါအခြေတည်အဆင့် အထွတ်အထိပ်ကို ရောက်သွားတဲ့ အချိန်ကျမှ ဆရာက သူ့ရဲ့ ဂိုဏ်းချုပ်နေရာကို ဆက်ခံဖို့ ငါ့ကို စပြီး လေ့ကျင့်ပေးခဲ့တာ။ ဆရာက အသက်ကြီးလာပြီဖြစ်သလို အချိန် သိပ်မကျန်တော့ဘူး။ ဆရာက အမြုတေဖွဲ့စည်းခြင်းအဆင့် ပညာရှင်တစ်ယောက် ဖြစ်ပေမဲ့တိုက်ပွဲတစ်ခုမှ အမြုတေကိုအက်ကြောင်းထင်စေတဲ့အထိ ပြင်းထန်တဲ့ ဒဏ်ရာတစ်ခု ရခဲ့တယ်။”
“အကယ်၍ ဆရာ့ရဲ့ အမြုတေသာ ကောင်းမွန်နေမယ်ဆိုရင် သူကအသက် ၃,၅၀၀ ကနေ ၅,၀၀၀ အထိ နေနိုင်မှာ။ ဒါပေမဲ့ အမြုတေ အက်နေတာကြောင့် အသက် ၁,၀၀၀ လောက်ပဲ နေနိုင်တော့ပြီး အဲဒီအချိန်ကလည်း ကုန်ခါနီးနေပြီ။ ဂိုဏ်းရဲ့ စွမ်းဆောင်ရည်နဲ့က ဆရာ့ကို ကုသပေးဖို့ နည်းလမ်းရှာဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ။ ဒါကြောင့် အရင်ဂိုဏ်းချုပ် ငါရဲ့ဆရာက မဖြစ်နိုင်တဲ့အရာကို အာရုံစိုက်နေမယ့်အစား သူ့ရဲ့ ကျန်ရှိတဲ့ အချိန်နဲ့ ခွန်အားတွေကို အသုံးချပြီး ငါ ဒါမှမဟုတ် ဖုန်းကျန်း တစ်ယောက်ယောက်က အမြုတေဖွဲ့စည်းခြင်းအဆင့်ကို ရောက်ရှိပြီး သူ့ရဲ့ ဂိုဏ်းချုပ်နေရာကို ဆက်ခံနိုင်ဖို့ သေချာအောင် လုပ်ဆောင်ခဲ့တယ်။”
“နောက်ဆုံးမှာ ငါ အမြုတေဖွဲ့စည်းခြင်းအဆင့်ကို ချိုးဖောက်ဝင်ရောက်နိုင်ခဲ့တာကြောင့် ဆရာ့ရဲ့ မနားမနေ ကြိုးပမ်းမှုတွေက အရာထင်ခဲ့ပါတယ်။ ဒါက ဆရာ့အတွက် စိတ်သက်သာရာရစရာ ဖြစ်ခဲ့ပြီး သူ ထမ်းထားရတဲ့ ဝန်ထုပ်ဝန်ပိုးတွေလည်း လျော့ကျသွားပုံရတယ်။ ရက်အနည်းငယ်အကြာမှာပဲ ဆရာက ကွယ်လွန်သွားခဲ့ပြီး ငါကပဲ ငယ်ငယ်ရွယ်ရွယ်နဲ့ဂိုဏ်းကို ဆက်လက် ဦးဆောင်ခဲ့ရတယ်။”
“ငါ ဂိုဏ်းချုပ်ရာထူးကို တာဝန်ယူတုန်းက အရမ်းငယ်သေးသလို အကူအညီတွေ အများကြီး လိုအပ်တယ်ဆိုတာကိုလည်း သိတယ်။ အဲဒီစိတ်နဲ့ပဲ ငါ့ရဲ့ စီနီယာအစ်ကို ဖုန်းကျန်းကို အကူအညီ တောင်းခဲ့တာ။ ငါတို့ အတူတူ ကြီးပြင်းခဲ့ပြီး ဆရာတစ်ယောက်တည်းဆီမှာ သင်ကြားခဲ့တာ။ ငါ့ဘဝမှာ ယုံကြည်ရဆုံးလူ ရှိရင် အဲဒါ သူပဲ။ သူကလည်း ဂိုဏ်းရဲ့ ဝန်ထုပ်ဝန်ပိုးတွေကို ငါနဲ့အတူ ထမ်းပိုးဖို့ ဝမ်းမြောက်ဝမ်းသာ သဘောတူခဲ့တယ်။”
“ငါတို့နှစ်ယောက်နဲ့အတူ နောက်ပိုင်း ပူးပေါင်းလာသူတွေနဲ့ ပေါင်းပြီး ဂိုဏ်းကို ဒီနေ့ ဒီအခြေအနေအထိ ရောက်အောင် မြှင့်တင်နိုင်ခဲ့တာ။ အဲဒီကာလတွေမှာ ငါတို့ဟာ ပျော်ရွှင်မှု၊ ဝမ်းနည်းမှု၊ ရှုံးနိမ့်မှုတွေကို အတူတူ မျှဝေခဲ့ကြသလို တစ်ယောက်နဲ့တစ်ယောက် အသက်ကို အကြိမ်ကြိမ် ကယ်ခဲ့ကြဖူးတယ်။ ဖုန်းကျန်း အမြုတေဖွဲ့စည်းဖို့ ကြိုးစားရင်း ပြင်းထန်တဲ့ ဒဏ်ရာရခဲ့တုန်းက သူ့ရဲ့ အခြေခံကို ပြန်ပြုပြင်နိုင်ဖို့ ဂိုဏ်းရဲ့ နယ်မြေချဲ့ထွင်မှုကိုတောင် စတေးပြီး အရင်းအမြစ်တွေ အကုန်ပေးခဲ့ဖူးတယ်။”
“ဖုန်းကျန်းက အမြုတေဖွဲ့စည်းခြင်းအတွက် အဓိက ဆေးဖက်ဝင် ပစ္စည်း ၂ မျိုးထဲက တစ်ခုဖြစ်တဲ့ တောက်ပကြယ်ပွင့်ပန်းကို ရှာတွေ့ခဲ့တယ်လို့ ငါ့ကို ပြောပြတုန်းက ငါဘယ်လောက် ဝမ်းသာခဲ့လဲဆိုတာ မှတ်မိသေးတယ်။ ဒါကြောင့်လည်း ရတနာသိုလှောင်ရုံရဲ့ ပုံရိပ်ထဲမှာ အဲဒါကို မြင်လိုက်ရတော့ ငါ အံ့သြသွားတာ။
ဖုန်းကျန်းအတွက် နောက်တစ်ဆင့် တက်ဖို့ ဘယ်လောက် အရေးကြီးလဲဆိုတာနဲ့ ပထမတစ်ခါ မအောင်မြင်တုန်းက သူ ဘယ်လောက် စိတ်ဓာတ်ကျခဲ့လဲဆိုတာ ငါ သိတယ်။ သူကတော့ မေ့ပစ်လိုက်ပြီလို့ ဟန်ဆောင်နေပေမဲ့ ငါတို့က ငယ်ငယ်လေးကတည်းက သိလာတာ၊ သူက အရှုံးပေးတတ်တဲ့လူ မဟုတ်ဘူး။ သူ့ရဲ့ ကျင့်ကြံခြင်းအပေါ် ထားတဲ့ စိတ်အားထက်သန်မှုက ငါ့ထက်တောင် ပိုကြီးသေးတယ်။”
“ကဲ... ခုနကနင် မေးနေတဲ့ တခြား အထက်တန်းစား မြေကမ္ဘာအဆင့် ဆေးပင်တွေအကြောင်း ပြောရရင် ဝမ်ချန်... အဲဒါတွေအားလုံးက ဂိုဏ်းကို ရှေ့တိုးဖို့အတွက်ပဲ။ အရင်ဂိုဏ်းချုပ်က ငါနဲ့ ဖုန်းကျန်းအပေါ်မှာပဲ မျှော်လင့်ချက်တွေ အကုန်ပုံအောခဲ့တာ။ စေတနာ ကောင်းပေမဲ့ လူ ၂ ယောက်တည်းအပေါ်မှာပဲ ပုံအောတာက အရမ်း အန္တရာယ်များတယ်။ အဲဒါက အောင်မြင်ကောင်း အောင်မြင်နိုင်ပေမဲ့ ဂိုဏ်းရဲ့ အခြေခံက အမြဲတမ်း ယိုင်နဲ့နေလိမ့်မယ်။”
“ဒါကြောင့် ဂိုဏ်း အခြေအနေ တည်ငြိမ်လာတာနဲ့ ငါ့ရဲ့ အရင်းအမြစ်တွေကို ပိုကျယ်ပြန့်တဲ့ နေရာတွေမှာ သုံးမယ်လို့ ကိုယ့်ကိုယ်ကိုယ် ကတိပေးခဲ့တယ်။ ဒီအကြောင်းကြောင့်ပဲ ငါ့ရဲ့ ကြိုးစားမှုတွေကို အမာခံတပည့် တွေအပေါ် အာရုံစိုက်ခဲ့တာ။”
“ပါရမီရှိတဲ့လူတွေရော၊ ပါရမီ သိပ်မပါပေမဲ့ အနည်းငယ် ထူးချွန်တဲ့ ပျမ်းမျှလူတွေကိုပါ ရနိုင်အောင် အမာခံတပည့်အဖြစ် ရာထူးတိုးမြှင့်တဲ့ သတ်မှတ်ချက်တွေကို ငါ လျှော့ချခဲ့တယ်။ ဒါမှသာ ငါတို့က ပါရမီရှင်တွေကို အာရုံစိုက်နေချိန်မှာ ဂိုဏ်းရဲ့ အခြေခံ အင်အားကလည်း လိုအပ်ချက် ရှိမှာ မဟုတ်ဘူး။”
“အဲ့တာကြောင့်ပဲ ဂိုဏ်းထဲမှာ ကန့်ကွက်မှုတွေ အများကြီး ကြုံခဲ့ရတယ်။ ဘာလို့လဲဆိုတော့ ငါရဲ့စီမံကိန်း အောင်မြင်ဖို့အတွက် အကြီးအကဲတွေနဲ့ တချို့သော ဌာနတွေ ရနေကျ အရင်းအမြစ်တွေကို လျှော့ချခဲ့ရလို့ပဲ။ အဲဒီနောက်မှာ နင် ရောက်လာတော့ အခြေအနေက ပိုခက်သွားပြန်ရော၊ ငါတို့ ပိုပြီး ခြစ်ကုတ် သုံးခဲ့ရတယ်။ ဒါပေမဲ့ ဒီလို ရုန်းကန်ခဲ့ပြီးနောက်မှာတော့ အကျိုးရလဒ်တွေက စပြီး ပေါ်လာခဲ့တယ်။ အဲဒီ အထက်တန်းစား မြေကမ္ဘာအဆင့် ဆေးပင်တွေက အဲဒီအတွက် အများကြီး ကူညီပေးလိမ့်မယ်။”
“အရင်က အခြေတည်အဆင့် ကျင့်ကြံသူ ၁၆ ယောက်ပဲ ရှိခဲ့ရာကနေ အခု ၅၀ ရှိလာပြီ။ အခြေခံစွမ်းအင်နဲ့ ခန္ဓာကိုယ် သန့်စင်ခြင်း ကျွမ်းကျင်သူ ရာပေါင်းများစွာ ရှိနေပြီ။ အဲဒီ ၅၀ ထဲမှာ အမြုတေဖွဲ့စည်းခြင်းအဆင့်ကို အောင်အောင်မြင်မြင် ချိုးဖောက်နိုင်စွမ်းရှိတဲ့ ပါရမီရှင်တချို့တောင် ပါနေပြီ။”
“အခြေတည်အဆင့် တပည့်တွေ အများကြီး ထွက်ပေါ်လာတာနဲ့ အဲဒီ ၃၄ ယောက်ကို ဂိုဏ်းရဲ့ အဓိက နေရာတွေမှာ ငါ ခန့်ထားဖို့ ကြိုးစားတာတွေကြောင့် တချို့ အကြီးအကဲတွေက သူတို့ရဲ့ ရာထူးတွေ ခြိမ်းခြောက်ခံရတယ်လို့ ခံစားလာကြတယ်။ တချို့ဆိုရင် ငါတို့ဂိုဏ်းမှာ အကြီးအကဲဖြစ်ဖို့ အနိမ့်ဆုံး သတ်မှတ်ချက်ဖြစ်တဲ့ အခြေတည်အဆင့် ၇ ကိုတောင် ရောက်နေကြပြီ။ သူတို့ရဲ့ စိတ်ဓာတ်နဲ့ ခွန်အားက ကျေနပ်စရာကောင်းပြီဆိုတာနဲ့ ငါသူတို့ကို ရာထူးတိုးပေးခဲ့တယ်။ ဒါကြောင့် လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်း ဂိုဏ်းရဲ့ အကြီးအကဲအသစ်တွေ အားလုံးဟာ လူငယ်တွေ ဖြစ်နေကြတာ။”
“ဒါက သက်ကြားအိုအုပ်စုတစ်စုရဲ့ မကျေနပ်မှုကို ပိုတိုးစေခဲ့တယ်။ အကျယ်ဆုံး အော်ဟစ်ခဲ့တဲ့သူတွေကတော့ နင် အခုလေးတင် ပြောလိုက်တဲ့လူတွေပဲ။ အကြီးအကဲဂွီပင်းဝမ်က စည်းကမ်းထိန်းသိမ်းရေးဌာနရဲ့ ဒုတိယအကြီးအကဲ ရာထူးမှာ သူ့တာဝန်တွေကို လျှော့ချပြီး အသစ်တက်လာတဲ့ အကြီးအကဲကို ပေးလိုက်လို့ မကျေမနပ်ဖြစ်နေတာ။
အကြီးအကဲကျာထင်ဖုန်း ကတော့သူ တပည့်စုဆောင်းဖို့ အမာခံတပည့်တွေကို လေ့ကျင့်ပေးနေတဲ့ တာဝန်ကို ငါ လွှဲယူလိုက်လို့ မကျေနပ်တာ။ အကြီးအကဲ ဟောင်ယဲ့ ရဲ့ ဆေးဖော်စပ်ခြင်း စမ်းသပ်မှုတွေအတွက် ပေးထားတဲ့ ဆေးပင်အရေအတွက်ကို ငါ့ရဲ့ ရည်မှန်းချက်တွေနဲ့ ကိုက်ညီတဲ့ တခြားအကြီးအကဲတွေကို ခွဲဝေပေးလိုက်လို့ သူက မကျေနပ်တာ။ အကြီးအကဲ တုန်းယန်လင် ကတော့ ဂိုဏ်းရဲ့ ပြင်ပရေးရာတွေကို ကိုင်တွယ်တာ။
ငါ သိသလောက်တော့ ငါတို့ကြားမှာ ဘာရန်ငြိုးရန်စမှ မရှိပါဘူး။ ဒါပေမဲ့ သူ့အမည် ပါလာတာကိုတော့ ငါ မအံ့သြပါဘူး၊ ဘာလို့လဲဆိုတော့ သူက အဲဒီအချိန်က သူ့ရဲ့ ခွန်အားက အကြီးအကဲဖြစ်ဖို့ အရည်အချင်းမပြည့်မှီသေးပေမဲ့ စီနီယာအကိုဖုန်းကျန်းရဲ့ ထောက်ခံချက်နဲ့ အကြီးအကဲ ဖြစ်လာခဲ့တာလေ။ စီနီယာအကိုဖုန်းကျန်းက သူဟာ လူမှုရေး ကောင်းမွန်ပြီး တခြားဂိုဏ်းတွေ ဒါမှမဟုတ် ကျင့်ကြံခြင်း အဖွဲ့အစည်းတွေနဲ့ ဆက်ဆံရေး တည်ဆောက်ရာမှာ ဂိုဏ်းကို ကူညီနိုင်လိမ့်မယ်လို့ ဆိုပြီးထောက်ခံချက်ပေးခဲ့တာ။”
“ငါတို့ အကြံဉာဏ်တွေ ယူနေတဲ့ သားရဲယဉ်ပါးအောင် ပြုလုပ်တဲ့ ဂိုဏ်းအချို့ကိုလည်း သူ့ရဲ့ ကြိုးစားမှုကြောင့် ငါတို့ ဖိတ်ကြားနိုင်ခဲ့တာပါ။”
“နောက်ဆုံး ကောင်းကင်အဆင့် ဆေးပင်တွေအကြောင်း ပြောရရင်တော့... ၃ ပင်ကတော့ အမြုတေဖွဲ့စည်းခြင်း အထွတ်အထိပ်ကို အရင်ဆုံး ရောက်တဲ့သူဟာ သူတို့ရဲ့ အခြေခံကို ပိုမို သန့်စင်စေပြီး အမြုတေအဆင့်ကို ချိုးဖောက်နိုင်မဲ့ အခွင့်အလမ်း ပိုများအောင် သုံးဖို့အတွက်ပဲ။ ကျန်တဲ့ ၃ ပင်ကိုတော့ ရွှေဝါးရတနာခန်းမ နဲ့ ငါ သဘောတူညီချက် တစ်ခု လုပ်ထားတယ်။ အဲဒီ ကောင်းကင်အဆင့် ဆေးပင် ၃ ပင်ကို အနည်းဆုံး နှစ် ၅၀၀၀ သက်တမ်းရှိတဲ့ ရောင်စုံတိမ်တိုက်သစ်ပင် ရဲ့ ၁၀ မီတာရှည်တဲ့ သစ်ကိုင်းနဲ့ အရွက်တွေနဲ့ လဲလှယ်ဖို့ပဲ။”
“အဲဒီသစ်ပင်ရဲ့ အရွက်တွေနဲ့ သစ်ကိုင်းတွေက နင့်ရဲ့ သွေးမျိုးဆက် ပါရမီတွေကို နိုးထစေဖို့ ဂျုပလိုပင်ရဲ့ အရွက်တွေထက်တောင် ပိုပြီး အသုံးဝင်တယ်။”
“သားရဲယဉ်ပါးဂိုဏ်းတွေက ဝိညာဉ်သားရဲ ကျင့်ကြံခြင်းအကြောင်း ငါ့ထက် ပိုသိကောင်း သိနိုင်ပေမဲ့ ဂျုပလို အပင်အကြောင်း ဆိုရင်တော့ ဒီဂိုဏ်းမှာ ဘယ်သူမှ ငါ့ကို မယှဉ်နိုင်ဘူး။ သူတို့က ဂျုပလို အရွက်တွေက ကူညီပေးနိုင်တယ်လို့ ပြောခဲ့ပေမဲ့ သူတို့လည်း သေချာ မသိကြဘူး၊ သူတို့ ကြားဖူးနားဝ ရှိတဲ့ အစွမ်းသတ္တိတွေပေါ်မှာပဲ အခြေခံပြီး ခန့်မှန်းကြတာ။”
ဒါပေမဲ့ ငါက အဲဒီအပင်နဲ့ သူတို့ထက် ပိုကြာကြာ ထိတွေ့ခဲ့သလို ဖုန်းကျန်းလည်း အတူတူပဲ။ အဲဒီမှာ ဖုန်းကျန်းက ငါနင့်ကို အမှန်တရား ဖုံးကွယ်ထားတယ်လို့ပဲ ပြောပြီး နင့်ကို ပြောဖို့ ပျက်ကွက်ခဲ့တာ တစ်ခု ရှိတယ်။ နှစ်တွေတစ်လျှောက် ဂိုဏ်းက ဂျုပလိုပင်ရဲ့အရွက်တွေကို သုံးဖို့ ကြိုးစားခဲ့ကြတယ်။ အဲဒီကနေတစ်ဆင့် ငါတို့ ရှာတွေ့ခဲ့တာက အဲဒီအပင်ရဲ့ အရွက်တွေမှာ ထူးဆန်းတဲ့ ဓာတ်မတည့်မှု ဂုဏ်သတ္တိ ရှိနေတာပဲ။
“ လူတစ်ယောက်အတွက်တော့ ဘယ်လောက် ပြင်းထန်တဲ့ ဒဏ်ရာဖြစ်ပါစေ ကုသပေးနိုင်တာ၊ ခန္ဓာကိုယ်ကို သန့်စင်ပေးတာ၊ အခြေခံစွမ်းအင်ကို အာရုံခံနိုင်စွမ်းနဲ့ သန့်စင်နိုင်စွမ်း တိုးလာစေတာ စတဲ့ အကျိုးကျေးဇူးတွေ ပေးနိုင်ပေမဲ့ နောက်တစ်ယောက်အတွက်ကျတော့ အဲဒီအရွက်တွေကပဲ အခြေခံစွမ်းအင် အဆိပ်သင့်တာ၊ သွေးကြောတွေကို ပိတ်ဆို့တာ၊ ဒါမှမဟုတ် ပိုဆိုးရင် အခြေခံကို ဖျက်ဆီးပစ်တာမျိုးတွေ ဖြစ်စေနိုင်တယ်။”
“ဒါက ဘာလို့ တစ်ချို့အတွက် အကျိုးရှိပြီး တစ်ချို့အတွက်ကျတော့ အန္တရာယ်ဖြစ်စေလဲဆိုတာ ငါတို့ မသိဘူး။ ဒါကြောင့် နင့်ကို အဲဒီအရွက်တွေ ကျွေးပြီး အဲဒီ ဆိုးကျိုးတွေ ဖြစ်လာမှာစိုးလို့ ငါတို့က မစွန့်စားရဲတာ။”
“ငါတို့ စိုက်ထုတ်ခဲ့သမျှ ကြိုးစားမှုတွေက အချည်းနှီး ဖြစ်သွားနိုင်တယ်လေ။ အဲဒီတုန်းက ဆွေးနွေးပွဲမှာ ပါဝင်ခဲ့တဲ့ ဖုန်းကျန်းနဲ့ တခြား အကြီးအကဲတွေလည်း ဒါကို သဘောတူခဲ့ကြတာ။ နင့်ကို ဂျုပလို အရွက်တွေ မကျွေးဖို့ကငါတို့ အားလုံးရဲ့ ဆုံးဖြတ်ချက်ပဲ။”
“ဒါပေမဲ့ ဒါတွေအားလုံးက အခုတော့ အရေးမကြီးတော့ပါဘူး။ စီနီယာအကိုဖုန်းကျန်းက ဂိုဏ်းဘဏ္ဍာတိုက်ကို အကုန်ရှင်းသွားပြီလို့ ငါသံသယရှိသလို၊ ဂျုပလို အပင်ကိုတောင် ခိုးသွားပြီ ထင်တယ်။ ငါ မျှော်လင့်နိုင်တာကတော့ သူအမာခံတပည့်တွေကို သတ်ပြီး ငါတို့ရဲ့ အခြေခံကို မဖျက်ဆီးလိုက်ဖို့ပါပဲ။ အကယ်၍ သူသာ အဲဒီလို လုပ်ခဲ့မယ်ဆိုရင် မြူနွံဂိုဏ်းကတော့ တကယ်ကို အဆုံးသတ်ပြီ" ဟု ချန်ယွမ်က အဆုံးသတ်တွင် ညည်းတွားလိုက်သည်။
တစ်ချိန်တည်းမှာပင် ဝမ်ချန်၏ မျက်နှာသည် ထုံထိုင်းအကျပ်ရိုက်နေသော အမူအရာ ဖြစ်သွားသည်။ သူမကြားလိုက်ရသမျှကို သူမ မယုံကြည်နိုင်အောင် ဖြစ်နေရသည်။ သူမ သိထားသမျှ၊ ယုံကြည်ထားသမျှ အရာအားလုံးက ပြောင်းပြန် ဖြစ်သွားခဲ့ပြီ။
အကယ်၍ ဂိုဏ်းချုပ်ချန်ယွမ် ပြောတာသာ မှန်မယ်ဆိုရင် သူမဟာ ဂိုဏ်းရဲ့ အကြီးမားဆုံး အပြစ်သား ဖြစ်သွားတော့မည်။ သူမရဲ့ မသိနားမလည်မှုကြောင့် ဂိုဏ်းအပေါ် ဖြစ်ပေါ်စေခဲ့သော ပျက်စီးဆုံးရှုံးမှုများကို သူမ၏တစ်ကိုယ်လုံးခမ်းခြောက်သွားသည့်အထိ မြစိမ်းနွားနို့များညှစ်ထုတ်ပေးရင်တောင်မှ ပြန်ပြီး ပေးဆပ်ရန်မလုံလောက်တော့ပေ။
သူမ၏ စိတ်အခြေအနေသည် မတည်မငြိမ် ဖြစ်လာပြီး ဧရာမခန္ဓာကိုယ်ကြီးကို ဝန်းရံထားသော ချီစွမ်းအင်များမှာလည်း ကြမ်းတမ်းစွာ လှုပ်ခတ်လာတော့သည်။