← Chapters

တရားရုံး ခေတ္တနားချိန်

Vol. 2 Ch. 14

တရားရုံး ခေတ္တနားချိန်

Vol. 2 Ch. 14

"ဖု့န်ရှင်းက ကျန်တဲ့တရားခံတွေကို ခေါ်လာဖို့ စောင့်နေရင်းနဲ့ ကျွန်တော်တို့ ခဏလောက် နားသင့်တယ်လို့ ထင်တယ်။ ဖု့န်ရှင်းက သူ့စိတ်သူ ထိန်းနိုင်ပြီး အဲဒီလူတွေကို အကုန် သတ်မပစ်လိုက်ဖို့ပဲ မျှော်လင့်ရတာပေါ့" ယန်ချင်းက မတ်တပ်ရပ်ရင်း ပြောလိုက်သည်။

ထိုစကားကို ကြားသောအခါ ချန်ယွမ်မှာ သိသိသာသာပင်တွန့်သွားသည်။

"ယီကျဲ၊ မော့ယွင်ရု... ဘယ်လိုလဲ။ ငါ နည်းနည်း ဗိုက်ဆာနေပြီ။ ဒီမနက် ယီကျဲ ငါ့ကို အလောတကြီး လာခေါ်လို့ မနက်စာကို သေချာမစားလိုက်ရဘူး။ 'ရနံ့တစ်ထောင် စားသောက်ဆိုင်' ကို သွားကြစို့။ ကျန်တဲ့ အမှုတွေကို ဒီအမှု ပြီးပြတ်သွားမှပဲ ဆက်လုပ်တော့မယ်။ ဒီအမှုက တန်းလန်းကြီး ဖြစ်နေတုန်း ကျန်တာတွေ စမလုပ်ချင်ဘူး။

ဂိုဏ်းချုပ်ချန်ယွမ်... ခင်ဗျားလည်း ကျွန်တော်တို့နဲ့ လိုက်ခဲ့ပါလား။ ဒီက အစားအသောက်တွေကို မြည်းစမ်းကြည့်ပါဦး၊ ခဏတာပဲ ဖြစ်ဖြစ် ခင်ဗျားရဲ့ စိတ်ကို ငြိမ်သက်သွားစေနိုင်သလို ဝိညာဉ်အနှစ်သာရတွေလည်း ကြွယ်ဝပါတယ်။

ဒီက အစားအသောက်တွေက တကယ့်ကို အရသာရှိတယ်၊ အဆာခံဆေးလုံးတွေ၊ တခြား ကျင့်ကြံခြင်းဆေးလုံးတွေ စားရတာထက် အများကြီး သာတယ်။ ခင်ဗျားတို့ဂိုဏ်းက ထုတ်တဲ့ ဝိညာဉ်ဆန်လောက်တော့ မကောင်းတာ သေချာပေမဲ့ ဒီက စားဖိုမှူးတွေလည်း အကောင်းဆုံး ကြိုးစားထားကြပါတယ်" ယန်ချင်းက ချန်ယွမ်၏ ပခုံးကို ပုတ်ရင်း ပြောလိုက်သည်။

ချန်ယွမ်မှာမသေချာသော်လည်း တစ်ခုခုကြောင့် ယန်ချင်းက သူတို့ဂိုဏ်း၏ထုတ်ကုန် ဝိညာဉ်ဆန်အကြောင်း ပြောလိုက်ချိန်တွင် ယန်ချင်း၏ မျက်လုံးထဲ၌ ကြယ်ရောင်ကဲ့သို့ တောက်ပမှုတစ်ခုကို တွေ့လိုက်ရသည်။ ထိုအရာကပင် ဂိုဏ်းချုပ်ကို အနည်းငယ် ဇဝေဇဝါ ဖြစ်စေသည်။ ဟုတ်ပေသည်... သူတို့ရဲ့ ဝိညာဉ်ဆန်က အရသာရှိပြီး ဆေးရည်တွေ၊ ဆေးပင်တွေပြီးရင် ဂိုဏ်းရဲ့ အဓိက ဝင်ငွေရလမ်းတစ်ခုဆိုတာ မှန်သော်လည်း ကြီးမြတ်လှသော 'အမိန့်တော်အဖွဲ့'မှတရားသူကြီးတစ်ဦး၏ အာရုံကို ဖမ်းစားနိုင်လောက်အောင် ကောင်းမွန်လိမ့်မယ်လို့တော့ သူ မထင်ထားခဲ့ပေ။

ချန်ယွမ်သည် သူ၏ခဏတာ အံ့သြမှုမှအမြန်ရုန်းထွက်ပြီး သူအဓိက စိုးရိမ်နေရသည့် ဝမ်ချန်၏ ကိစ္စကို အာရုံပြန်စိုက်လိုက်သည်။

"တရားသူကြီးမင်း... ဝမ်ချန်ကရော ဘယ်လိုလုပ်မလဲ။ ကျွန်တော် သူ့ကို တစ်ယောက်တည်း မထားခဲ့ချင်ဘူး။ ဒီလို တစ်ယောက်တည်း ထားခဲ့တာ အန္တရာယ် မများဘူးလား။ တစ်ခုခု ဖြစ်သွားရင် ဘယ်လိုလုပ်မလဲ" ချန်ယွမ်က လုံးဝ မလှုပ်မယှက် ငြိမ်သက်နေသော ဧရာမ အနက်ရောင် အလုံးကြီးကို စိုက်ကြည့်ရင်း စိုးရိမ်တကြီး မေးလိုက်သည်။

"ဂိုဏ်းချုပ်ကို စိတ်မပူနဲ့လို့တော့ ကျွန်တော် မပြောပါဘူး၊ ဘာလို့လဲဆိုတော့ သူ့အခြေအနေက အခုလောလောဆယ် အန္တရာယ်များပြီး အထိအခိုက်မခံဖြစ်နေလို့လေ။ ဒါပေမဲ့ကျွန်တော်တို့ ဒီမှာစောင့်နေတာပဲဖြစ်ဖြစ်၊ တခြားနေရာမှာပဲဖြစ်ဖြစ် လုပ်နိုင်တာ ဘာမှ မရှိဘူး။ ဝမ်ချန်က ပိုးအိမ်ထဲမှာ ကျွန်တော်တို့ အားလုံးနဲ့ လုံးဝ အဆက်အသွယ် ပြတ်နေတာပါ။

သူရင်ဆိုင်နေရတဲ့ တိုက်ပွဲမှာ သူကိုယ်သူပဲ အားကိုးရမှာ။ သူသောင်းကျန်းပြီး ပေါက်ကွဲသွားမှာကို ခင်ဗျားစိုးရိမ်နေတယ်ဆိုရင်တော့ အဲဒီလို ဖြစ်လာစရာအကြောင်းမရှိဘူး။ သူ့ရဲ့ စွမ်းအင်စီးဆင်းမှု၊ သွေးကြောတွေနဲ့ အတွင်းကလီစာတွေက ပိုးအိမ်ထဲမှာ စီးဆင်းနေတဲ့ အရည်တွေနဲ့ ကာကွယ်ထားပြီးသား။

သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ အခြေအနေနဲ့ ပတ်သက်ရင်တော့ ပိုးအိမ်ထဲမှာ ရှိနေသရွေ့ လုံးဝ လုံခြုံပါတယ်။ သူ ပိုးအိမ်ထဲကနေ ထွက်လာနိုင်တဲ့ နည်းလမ်းက ၂ ခုပဲ ရှိတယ်။ တစ်ခုက သူက ကျွန်တော့်ထက် ပိုစွမ်းအားကြီးပြီး အတင်းအဓမ္မ ဖောက်ထွက်လာနိုင်ရင်ပေါ့၊ နောက်တစ်ခုကတော့ ပုံမှန်နည်းလမ်းအတိုင်း သူ သတိပြန်ရလာရင်ပေါ့။

ဒီနည်းစနစ်က ကုသရေးနည်းစနစ် ဖြစ်ပြီး ထိန်းချုပ်မှု အစီအမံတချို့ ပါဝင်ပြီးသား။ အသုံးပြုသူက ခံယူသူထက် အဆပေါင်းများစွာ စွမ်းအားကြီးနေရင် အာနိသင် ပိုပြင်းထန်တယ်။ ဒီနည်းစနစ်ကို ဝိညာဉ်ပိုင်းဆိုင်ရာ တိုက်ခိုက်ခံရသူတွေကို ထိန်းသိမ်းဖို့ အသုံးပြုကြတာ။ သူ အသိစိတ်နည်းနည်း ပြန်ရလာတာနဲ့ ပိုးအိမ်က ကွဲသွားပြီး သူ လွတ်မြောက်လာမှာပါ။

ဒီနည်းစနစ်က သူ့ရဲ့ ပုံမှန် စွမ်းအင်စီးဆင်းမှုနဲ့ သွေးလည်ပတ်မှုအပါအဝင် အတွင်းပိုင်း လုပ်ဆောင်ချက် အားလုံးကို အာရုံခံနိုင်ဖို့ တည်ဆောက်ထားတာပါ။ လောလောဆယ် သူ့ခန္ဓာကိုယ်ထဲက အရာအားလုံးက ဒီနည်းစနစ်ရဲ့ အကူအညီနဲ့ လည်ပတ်နေတာ ဖြစ်ပြီး သူ ကိုယ်တိုင် သီးခြား လုပ်ဆောင်နိုင်ပြီ ဆိုတာနဲ့ ပိုးအိမ်က ပွင့်ထွက်သွားမှာပါ။

ဒါပေမဲ့ အဲ့ဒီလို မလုပ်နိုင်ရင်တော့ သူအဲဒီထဲမှာ ထာဝရ ပိတ်မိနေလိမ့်မယ်။ ကျွန်တော် အသက်ရှင်နေသရွေ့ ဒီနည်းစနစ်က ဆက်ရှိနေမှာပါ၊ ကျွန်တော့် စွမ်းအင်ကို ထည့်မပေးရင်တောင် တရားခွင်ထဲက စွမ်းအင်တွေနဲ့ ရပ်တည်နိုင်ပါတယ်။ အဲဒီ နည်းလမ်း ၂ ခုအပြင် တခြား ထွက်လို့ရတဲ့ နည်းလမ်းကတော့ ကျွန်တော် သူ့ကို လွှတ်ပေးလိုက်မှပဲ ရမယ်။

ခင်ဗျားဆန္ဒရှိရင် ကျွန်တော် လုပ်ပေးလို့ရပါတယ်။ ဒါပေမဲ့ ကျွန်တော်ကတော့ အဲဒီလို မလုပ်ဖို့ကို အကြံပေးချင်တယ်။ ပတ်ဝန်းကျင်က စွမ်းအင်တွေနဲ့ ထိတွေ့လိုက်တာနဲ့ သူအလွယ်တကူပဲ ခုနကလို ပြန်ပြီး သောင်းကျန်းလာလိမ့်မယ်" ယန်ချင်းက ဂိုဏ်းချုပ်ကို နှစ်သိမ့်ရန် ကြိုးစားရင်း ရှင်းပြလိုက်သည်။

ချန်ယွမ်၏ စိုးရိမ်မှုက အလုံးစုံ မပျောက်သွားသော်လည်း အနည်းငယ် စိတ်သက်သာသွားပုံရသည်။ သို့သော် သူ၏ စိုးရိမ်ပူပန်သော မျက်နှာထားက ချက်ချင်း ပြန်ပေါ်လာပြီး အခြား စိုးရိမ်စရာ အခြေအနေတစ်ခုကို တွေးတောလိုက်မိသည်။ သူက ယန်ချင်းကို ဂနာမငြိမ်သော အမူအရာဖြင့် ကြည့်လိုက်ပြီး စိတ်ထဲရှိနေသည်ကို မေးရန် ကြောက်ရွံ့နေပုံရသည်။

"ခင်ဗျား မေးချင်တာ မေးပါ ချန်ယွမ်။ ခင်ဗျားက ဒီမှာ ကျွန်တော့်ထက် စီနီယာကျပါတယ်၊ ဘာကို စိုးရိမ်နေတာလဲ။ ဂိုဏ်းချုပ်တစ်ယောက်အနေနဲ့ ဂိုဏ်းအကျိုးအတွက် မပြောရဲ ပြောရဲနဲ့ ပြောခဲ့ရတဲ့ အခြေအနေမျိုးတွေ ကြုံခဲ့ဖူးမှာပါ။ ကဲ... ပြောသာ ပြောပါ" ယန်ချင်းက ချန်ယွမ်ကို ဆက်ပြောရန် ညင်သာစွာ တိုက်တွန်းလိုက်သည်။

ချန်ယွမ်သည် မျက်နှာကို ရှုံ့မဲ့လိုက်ပြီး သက်ပြင်းချကာ သူ၏မေးခွန်းကြောင့် မကြာမှီသေဆုံးရတော့မည်ကို လက်ခံလိုက်သည့် ပုံစံမျိုးဖြင့် မေးလိုက်သည်။

"ကျွန်တော်တို့ မရှိတုန်း တစ်ယောက်ယောက်က သူ့ကို ခိုးသွားရင် ဘယ်လိုလုပ်မလဲ။ 'အမိန့်တော်အဖွဲ့' ကို လာတုန်းကရော၊ စင်္ကြံလမ်းမှာတုန်းကရော အပြင်က လူတွေအများကြီးက သူ့ကို လောဘဇောတိုက်နေတဲ့အကြည့်တွေနဲ့ ကြည့်နေကြတာ ကျွန်တော် မြင်ခဲ့တယ်။ အထူးသဖြင့် သူက ခုခံကာကွယ်နိုင်စွမ်း မရှိတဲ့ ခုလိုအခြေအနေမျိုးမှာ တစ်ယောက်ယောက်က ဒီထဲ ဝင်လာပြီး သူ့ကို ခိုးသွားနိုင်တယ်လေ" ချန်ယွမ်သည် ကြောက်စိတ်ဝင်ကာ နောက်ဆုတ်သွားမည် သို့မဟုတ် မေးခွန်းမဆုံးခင် သေသွားမည်ကို စိုးရိမ်သဖြင့် လျှာနဲ့သွား မထိအောင် မေးလိုက်သည်။

ချန်ယွမ် ဒီမေးခွန်းကို မေးလိုက်စဉ်မှာ ထပ်မံ လက်တုံ့ပြန်ခံရမည်ကို စိုးရိမ်သဖြင့် ထုတ်မပြောရဲသည့် အရာတစ်ခု ရှိနေသည်။ သူ ခန္ဓာကိုယ် နှစ်ပိုင်းပြတ်သွားမည်ကို လက်ခံထားပြီး ဖြစ်သော်လည်း တစ်ဖက်လူကို ဒေါသထွက်စေမည့် အသေးစိတ်အချက်အလက်များကို ထပ်ထည့်ပြီး သူ့သေဆုံးမှုက နာကျင်စရာကောင်းပြီး ရက်စက်ကြမ်းကြုတ်သည့် ပုံစံမျိုး ဖြစ်လာအောင် စွန့်စားစရာ အကြောင်းမရှိပေ။

ရင်ထဲတွင်အသေအချာ သိမ်းဆည်းထားပြီး ဒီမေးခွန်း မေးရခြင်း၏ တကယ့်အကြောင်းရင်း အမှန်မှာ လောဘဇောတိုက်နေသည့် မျက်လုံးများထဲတွင် သူ သံသယအဖြစ်ဆုံးလူက သူတို့၏ စစ်ဆေးမေးမြန်းသူ ဖုန့်ရှင်း ဖြစ်နေခြင်းပင်။

ဖုန်ရှင်းက မြစိမ်းသစ်ရွက်နွား ကို မြင်လိုက်ကတည်းက တစ်ခုခု လွဲနေသည်ဟု ချန်ယွမ် ခံစားမိခဲ့သည်။ အစတွင် ဘာမှန်း မသေချာခဲ့သော် နောက်ပိုင်းတွင် ကောင်းစွာ ဖုံးကွယ်ထားသော လောဘစိတ်မှန်း အတည်ပြုနိုင်ခဲ့သည်။

သို့သော် ဒီလောဘစိတ်က ဝမ်ချန်ကို ကျင့်ကြံခြင်း အရင်းအမြစ်တစ်ခုအဖြစ် ကြည့်နေကြသည့် တခြားကျင့်ကြံသူများနှင့် မတူပေ။ ဖု့န်ရှင်း၏လောဘစိတ်မှာ သားကောင်ကို ကြည့်သည့် မုဆိုးတစ်ယောက်၏အကြည့်မျိုးပင်။ ဝမ်ချန်မှာ ထိုသူ့အတွက် အစာတစ်နပ်ထက် မပိုသလို ဖြစ်နေသည်။

"စစ်ဆေးမေးမြန်းသူ တစ်ယောက်အနေနဲ့ ဖု့န်ရှင်းက သူတို့ မရှိတုန်း တရားခွင်ထဲကို လွတ်လွတ်လပ်လပ် ဝင်လို့ရနေတယ်လေ။ သူတို့ အစားစားနေတုန်း ပြန်လာပြီး လူလစ်တုန်း တရားခွင်ထဲမှာ တစ်ယောက်တည်း စားသောက်ပစ်လိုက်ရင် ဘယ်လိုလုပ်မလဲ" ချန်ယွမ် ထပ်ခါထပ်ခါ တွေးပူနေမိသည်။

ဖုန့်ရှင်းသည်အလုပ်ထက် အစားအသောက်ကို ဦးစားပေးမယ့် လူစားမျိုးလို့ ချန်ယွမ် တပ်အပ် ခံစားနေရသည်။ ဘယ်လောက်ပဲ ရူးကြောင်ကြောင်နိုင်ပါစေ ဒီခံစားချက်ကို သူ ဖျောက်ဖျက်၍ မရပေ။

ယန်ချင်းက ဂိုဏ်းချုပ် မေးရသည့် အကြောင်းရင်းအမှန်ကို ထိုးထွင်းသိမြင်နေသကဲ့သို့ နူးညံ့စွာ ပြုံးလိုက်သည်။ ထိုအပြုံးကြောင့် သနားစရာ ဂိုဏ်းချုပ်မှာ တံတွေးတစ်ချက် မျိုချရင်း နောက်သို့ ခြေတစ်လှမ်း ဆုတ်မိသွားသည်။

"အဲ့ဒီအတွက်ကြောင့်ဆိုရင် ခင်ဗျားစိုးရိမ်စရာ မလိုပါဘူး။ ဝမ်ချန်က ဒီအခန်းထဲမှာ ရှိနေသရွေ့ ကျွန်တောရဲ့စောင့်ရှောက်မှုအောက်မှာ ရှိနေတာပါ။ ဒါ့အပြင် ဒီအခန်းထဲမှာ ဖြစ်ပျက်သမျှကို အချိန်ပြည့် မှတ်တမ်းတင်နေတဲ့ အစီအရင်တွေ အများကြီး ရှိပါတယ်" ယန်ချင်းက စကားအဆုံးတွင် ညည်းတွားလိုက်သည်။

အဲဒီ အစီအရင်တွေက သူ့အတွက်တော့ ကပ်ဘေးများပင်။ သူ အလုပ်ခိုနေတာတွေ၊ ကြံစည်နေတာတွေ အမိခံရတဲ့ အကြိမ်ရေ အများစုက အဲဒီသောက်ကျိုးနည်း အစီအရင်တွေကြောင့်ပင်။

အထူးသဖြင့် အစောပိုင်းနှစ်တွေတုန်းက အဲဒီအရာတွေ ရှိမှန်းတောင်မသိခဲ့ပေ။ သိပြီးနောက်ပိုင်းမှာလည်း ဖျက်ဆီးဖို့ ကြိုးစားခဲ့ဖူးပေမဲ့ သူ့စွမ်းရည်နဲ့ အင်အားကို အထင်ကြီးမိမှန်း သိလိုက်ရသည်။ သူဟာ အဆိုးဝါးဆုံး အိပ်မက်ဆိုးတွေကို ပြန်လည် ခံစားရစေတဲ့ ထင်ယောင်ထင်မှား အစီအရင်ထဲတွင်ပိတ်မိသွားခဲ့ဖူးသည်။ အဲဒီနေ့က အဖြစ်အပျက်ကို တွေးမိတိုင်း အခုထိ ကြက်သီးထနေဆဲပင်။

ယန်ချင်းသည် တရားခွင်၏ မျက်နှာကြက်ကို ကာလကြာရှည် ရန်သူတော်ကြီးကို ကြည့်သကဲ့သို့ နာနာကြည်းကြည်း မကြည့်ဘဲ မနေနိုင်တော့ပေ။

"မော့ယွင်ရု... သွားကြစို့။ ယီကျဲ... ဂိုဏ်းချုပ်ကို တခြား ဝင်ပေါက်ကနေ ခေါ်သွားလိုက်။ ငါတို့ တရားရုံး ဝင်ပေါက်မှာ ဆုံပြီး 'ရနံ့တစ်ထောင် စားသောက်ဆိုင်' ကို သွားကြမယ်" ယန်ချင်းက သူ ဝင်လာခဲ့သည့် ဝင်ပေါက်ဘက်သို့ ဦးတည်သွားလိုက်ပြီး မော့ယွင်ရုက သူ့နောက်မှ လိုက်ပါသွားသည်။

ယီကျဲက ခေါင်းညိတ်ပြလိုက်ပြီး ပုံမှန် ဝင်ပေါက်မှတစ်ဆင့် ဂိုဏ်းချုပ်ချန်ယွမ်နှင့်အတူ ထွက်ခွာသွားသည်။

........................….

ထိုအချိန်တွင် တောင်ဘက်တိုက်ကြီး၏ အနောက်တောင်ဘက် အပိုင်းတွင်

ငှက်ဖြူကြီးတစ်ကောင်သည် အလွန်မြန်သော နှုန်းဖြင့် ပျံသန်းနေပြီး ၎င်းဖြတ်သန်းသွားတိုင်း တစ်မိုင်ပတ်လည်အတွင်းရှိ တိမ်တိုက်များမှာ လုံးဝ ပျောက်ကွယ်သွားကြသည်။ ထိုငှက်ကြီးသည် စွန်တစ်ကောင်နှင့် တူသော်လည်း အရွယ်အစားမှာမူ အလွန်ကြီးမားလှပြီး အလျား မီတာ ၅၀ ခန့်ရှိကာ တောင်ပံတစ်ဖက်စီမှာ ထိုထက် နှစ်ဆခန့် ရှည်လျားသည်။

​

၎င်းသည် လုံးဝ ဖြူဖွေးနေပြီး မျက်လုံးများမှာ အနီရောင် ဖြစ်သည်။ ရွှေရောင် ခြေသည်းများတွင် ရွှေလင်းယုန်သင်္ကေတ ပါရှိသော လက်ကောက်တစ်ခု ပတ်ထားပြီး ရင်ဘတ်တွင် တိမ်တိုက်ပုံစံ အကွက်များ ရှိသည်။

ဤအချိန်တွင် ၎င်း၏ ကျောပေါ်မှ အသံတစ်သံ ထွက်ပေါ်လာသည်။

"ငါအချိန်မီ ရောက်နိုင်မယ့်ပုံပဲ။ မြူတွေ မြင်နေရပြီဆိုတော့ စိမ့်နွံတောရဲ့ တစ်စိတ်တစ်ပိုင်းကို ရောက်နေပြီ။ ကောင်းတယ် အယ်လီ... ငါတို့ ပြန်ရောက်ရင် အမြုတေဖွဲ့စည်းခြင်းအဆင့် ငါးတချို့ ရှာကျွေးမယ်နော်" ထိုအသံတွင် စိတ်သက်သာရာရသွားသည့် လေသံတချို့ပါဝင်နေသည်။

စွန်ကြီးက ဝမ်းသာအားရ မျက်လုံးများ မှေးစင်းကာ စူးရှစွာ အော်မြည်လိုက်သည်။ ထိုအော်မြည်သံကြောင့် မျက်စိဖြင့်ပင် မြင်နိုင်သော လှိုင်းများ ထွက်ပေါ်လာပြီး ရှေ့မှ တိမ်တိုက်များကို ရှင်းလင်းသွားစေကာ ပတ်ဝန်းကျင်မှ ငှက်များကို လန့်ပြေးစေပြီး အနီးနားရှိ မြစ်ထဲမှ ငါးများကို ရေနက်ပိုင်းသို့ ထွက်ပြေးသွားစေသည်။

"အယ်လီ….မင်းဘာလို့ ဒီလောက် အကျယ်ကြီး အော်နေတာလဲ။ နန်းတော်အဆင့် သားရဲတွေ၊ ဒါမှမဟုတ် မင်းကို မျက်စိကျနေတဲ့ ကျင့်ကြံသူတွေကို ဆွဲဆောင်ချင်နေတာလား။ ဒီစိမ့်နွံဒေသမှာ မှတ်တမ်းတင်ထားတဲ့ အဆင့် ၃ ဂိုဏ်းတွေ မရှိပေမဲ့ ဒီနေရာက အန္တရာယ်များလွန်းလို့ ထွက်ပြေးတိမ်းရှောင်လာတဲ့ အဆင့်မြင့်ကျင့်ကြံသူတွေ ဒီနေရာကို ပုန်းအောင်းစရာအဖြစ် သုံးထားရင်တောင် အံ့သြစရာမရှိဘူးနော်" ထိုအသံက အလျင်အမြန်ပင် သတိပေးလိုက်သည်။

All Chapters