← Chapters

ဆောင်းဦးရွက်ကြွေဓားချက်

Vol. 2 Ch. 16

ဆောင်းဦးရွက်ကြွေဓားချက်

Vol. 2 Ch. 16

ဖုန့်ရှင်းသည် သူ့နောက်မှ ခပ်လှမ်းလှမ်းတွင် သတိထား၍ လိုက်ပါလာသော မမျှော်လင့်ထားသည့် နောက်ယောင်ခံလိုက်သူများ ရှိနေသော်လည်း ရပ်တန့်မည့် အရိပ်အယောင်မပြဘဲ စိမ့်နွံ၏ အနောက်ဘက်သို့ ဆက်လက် ဦးတည်သွားနေသည်။

ဤသို့ဖြင့် လိုက်တမ်းပြေးတမ်း ကစားနေကြရာမှ နွယ်ပင်များ ရှင်းလင်းနေပြီး သစ်ပင်များမှာလည်း သူဖြတ်သန်းလာခဲ့သည့် လမ်းတစ်လျှောက်ရှိ အပင်များနှင့် ယှဉ်လျှင် ပိုမိုပါးလွှာသော ကွင်းပြင်ကျယ် အဝိုင်းလေး တစ်ခုသို့ ရောက်သောအခါ ရုတ်တရက် ရပ်တန့်လိုက်သည်။

“ဒီနေရာဆိုရင် အဆင်ပြေလောက်တယ်”

ဖုန့်ရှင်းသည် ဓားအိမ်ထဲတွင် ရှိနေဆဲဖြစ်သော ဓားကို ခါးကြားမှ ဖြုတ်ယူလိုက်ရင်း တိတ်တဆိတ် တွေးလိုက်သည်။သားရဲကောင်များမှာလည်း ဖုန်ရှင်းက လက်နက် ထုတ်လိုက်သည်ကို မြင်သောအခါ ရှေ့ဆက် မတိုးတော့ဘဲ ခပ်လှမ်းလှမ်းမှနေ၍ ဖုန့်ရှင်းကို သတိထား စောင့်ကြည့်နေကြသည်။

“အဆိပ်တိုက်စားဗျိုင်း၊သံလုံးပစ်ဖား၊သက်တံ့မြူဖားပြုတ်... ဒီကောင်ကတော့ စိတ်ဝင်စားစရာပဲ ‘အမိန့်တော်အဖွဲ့’ က အဂ္ဂိရတ်ပညာရှင်တွေ ရရင် သိပ်သဘောကျကြမှာ။ ဒီကောင်က ရွေ့လျားနေတဲ့ အဂ္ဂိရတ် ဆေးပစ္စည်း သိုလှောင်ရုံကြီးပဲ။ ဒီစိမ့်နွံက တကယ့်ကို အဂ္ဂိရတ်သုခဘုံပါလား။ ရေခဲနှုတ်သီး ဗျိုင်းလည်း ရှိနေတာပဲ၊ဒီကိုလာရတဲ့ ငါ့ခရီးစဉ်က အလကားမဖြစ်တော့ဘူးပဲ။

ယန်ချင်းရဲ့ ကြက်သွေးရောင် သစ်သီးဝိုင်နဲ့ဆို သိပ်လိုက်ဖက်မှာ။ ပုံရိပ်ယောင်ပုစဉ်း... သူ့ကို အရှင်ဖမ်းလို့ရရင် ကောင်းမယ်။ ‘အမိန့်တော်အဖွဲ့’ ရဲ့ သားရဲထိန်းသိမ်းရေးခန်းမအတွက် ကောင်းမွန်တဲ့ ဖြည့်စွက်မှု ဖြစ်နိုင်သလို အဲဒီလိုမှ မဟုတ်ရင်လည်း အယ်လီ့ကို ကျွေးလိုက်လို့ ရတာပဲ။

အမ်... ဒီနှစ်ကောင်က ဘာလို့ ဒီလောက် နီးနီးကပ်ကပ် ရှိနေကြတာလဲ။ ငါက သူတို့အတွက် ခပ်လှမ်းလှမ်း အကွာအဝေးလောက်မှာ အတူရှိနေချင်လောက်အောင်ကို သိပ်ပြီး ဆွဲဆောင်မှုရှိတဲ့ ဆုလာဘ်ကြီး ဖြစ်နေလို့ နေမှာ။လျှပ်စီးမြွေပွေးနဲ့ လျှပ်တပြက်မြွေဆိုး... သူတို့သွေးက အာနိသင်တစ်ရာ ဝိညာဉ်ဝိုင် အိုးအနည်းငယ် စိမ်ဖို့ လုံလောက်တယ်။

နောက်ဆုံးကတော့ ငါ့ရဲ့ ဝမ်းသာစရာ အကောင်းဆုံး ဧည့်သည်တော်ကြီး... အစိမ်းရောင်ပန်းပွင့်ဝက်သိုး။ သူက ဘာလို့ ပုန်းကွယ်ဖို့ ကြိုးစားနေတာလဲတောင် မသိဘူး။ ဒီနေရာကမျက်ကွယ်ဆို​ပေမဲ့ သူ့ပုံစံက ရွေ့လျားနေတဲ့ တောင်ကုန်းကြီးလိုပဲ အထင်းသားမြင်နေတာကို။

ဒါပေမဲ့ အဲဒီအရွယ်အစားက... ရှလွတ်... အသား ဘယ်နှစ်တန်လောက် ထွက်လောက်လဲ မသိဘူး။ ငါစားသောက်ဆိုင်တချို့နဲ့ ညှိပြီး အဲဒီအသားတချို့ ပေးရင် နာမည်ပျက်စာရင်းကနေ ပယ်ဖျက်ခိုင်းလို့ ရနိုင်လောက်တယ်။ အဲဒီကောင်စုတ်တွေ... ငါက အများကြီးစားတာလည်း မဟုတ်ဘဲနဲ့။ တစ်နေ့မှ အစားအစာ ကီလိုဂရမ် ရာဂဏန်းလောက်ပဲ စားတာကို။ သူတို့ရဲ့ စားဖိုမှူးလမ်းစဉ်က ဘယ်ရောက်သွားလဲ။

ငါ့လို တစ်နေ့တနေ့ သူတို့ချက်တာကို မရိုးနိုင်မအီနိုင်စားပေးတဲ့သူကို တွေ့ရင် စားဖိုမှူးတစ်ယောက်အနေနဲ့ ဝမ်းသာနေရမှာ။ ငါ့ရဲ့ စားသောက်ပုံကြောင့် သူတို့ထဲက တချို့ အတွင်းနတ်ဆိုး ဝင်ကုန်ပြီလို့ ငါ့ကို တိုင်ရဲတယ်။ တကယ်တမ်းက ပြောင်းပြန်ကြီး။ ငါအဲဒီ စား​သောက်ဆိုင်တွေကို သွားစားကတည်းက အဲဒီ စားဖိုမှူးတွေ ကျင့်ကြံခြင်း အဆင့်တက်တာ ပိုမြန်လာတာကို။ ငါ့ကို နာမည်ပျက်စာရင်းသွင်းပြီး အစားသရဲတို့၊ ငတ်ကြီးကျသန်ကောင်တို့ ခေါ်မယ့်အစား ဂုဏ်ထူးဆောင် ဧည့်သည်အဖြစ် သတ်မှတ်သင့်တာ။

အမ်... သူတို့အားလုံး အဆင်ပြေတဲ့ အကွာအဝေးတစ်ခုမှာ ရှိနေကြတာပဲ။ လျှပ်စီးမြွေပွေးက တော်တော် ကောက်ကျစ်တဲ့ကောင်ပဲ။ ကျန်တဲ့ကောင်တွေကို ဝိုင်းခိုင်းပြီး သူက နောက်မှာ နေနေတယ်။ သူတို့ နေရာယူထားပုံအရ သူတို့အချင်းချင်းလည်း သတိထားနေပုံရတယ်။ တစ်စိတ်တည်း တစ်ဝမ်းတည်း ပူးပေါင်းထားတဲ့ပုံတော့ မပေါက်ဘူး။

ဒီနေရာက ဘယ်လောက် အန္တရာယ်များလဲဆိုတာ ကြည့်ရင် ဒီလောက်က နားလည်ပေးလို့ ရပါတယ်။ ဒီအဆင့်ထိ အသက်ရှင်သန်လာဖို့ဆိုတာ ပါးနပ်မှုနဲ့ ခွန်အားက အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါခဲ့မှာပဲလေ။ သူတို့အားလုံးက အမြုတေဖွဲ့စည်းခြင်းအဆင့်တွေပဲ၊ တစ်ကောင်ကို တစ်ကောင် အောင်မြင်စွာ စားသောက်နိုင်ရင် ကျင့်ကြံခြင်း အဆင့်တက်ဖို့ အခွင့်အရေးများတယ်။

ကောင်းပြီလေ... သူတို့အချင်းချင်း မယုံသင်္ကာ ဖြစ်နေတာက ငါ့အတွက် အလုပ်ဖြစ်တယ်။ သူတို့ ပေါင်းတိုက်တာကို ရင်ဆိုင်ရတာထက် တစ်ကောင်ချင်းစီကို ရှင်းရတာ ဝန်သက်သာတာပေါ့။ ဒါပေမဲ့ ဒီအဆင့်ရှိတဲ့ ဝိညာဉ်သားရဲတွေ ဒီလောက် တိုတောင်းတဲ့အချိန်အတွင်း တစ်နေရာတည်း စုနေတာ ထူးဆန်းတယ်။ ပုံမှန်ဆို ဒီလို အစုလိုက်အပြုံလိုက် လှုပ်ရှားလေ့ရှိရင် မြစိမ်းရောင်စိမ့်နွံဂိုဏ်း အစီးခံရလောက်ပြီ... ။ အယ်လီ့ အော်သံကြောင့် ကျူးကျော်သူ ရောက်နေမှန်း သူတို့ သတိထားမိသွားတာ နေမှာ။ သောက်ကျိုးနည်း ငှက်စုတ်”

အမြုတေဖွဲ့စည်းခြင်းအဆင့် သားရဲများက ဖုန်ရှင်းကို ဝိုင်းရမလား တိုင်ပင်နေကြစဉ် ဖုန်ရှင်းက အောက်ဘက်ရှိ စိမ်းပုပ်ပုပ် ရေပြင်ပေါ်တွင် ပေါလောပေါ်နေသော သစ်ရွက်အချို့ကို ကောက်ယူလိုက်သည်။ သစ်ရွက်များ သူ့လက်နှင့် ထိလိုက်သည့် ခဏမှာပင် မူလ အစိမ်းရောင်မှ ဖန်သားကဲ့သို့ ကြည်လင်သော အဖြူရောင်အဖြစ်သို့ ပြောင်းလဲသွားကြသည်။

“ဒီလောက်ဆို လုံလောက်ပါပြီ” ဖုန်ရှင်းက ပြောလိုက်ပြီး ထိုဖန်သားကဲ့သို့ ဖြစ်နေသော သစ်ရွက်ဖြူများကို လေထဲသို့ ပစ်တင်လိုက်ကာ ဓားအိမ်ကဲ့သို့ပင် ဖြူဖွေးသန့်စင်နေသော သူ၏ဓားရှည်ကို ရုတ်တရက် ဆွဲထုတ်လိုက်သည်။

“ဆောင်းဦးရွက်ကြွေဓားသိုင်း”

ဖုန်ရှင်း တီးတိုးရွတ်လိုက်ပြီး ဓားကို နာရီလက်တံပြောင်းပြန် လားရာအတိုင်း ဖြည်းညှင်းစွာ ဝေ့ယမ်းလိုက်ရာ ပြန်ကျလာသော သစ်ရွက်တစ်ရွက်ချင်းစီ၏ မတူညီသော နေရာများကို ဓားဖျားဖြင့် ထိလိုက်သည်။ သစ်ရွက်များသည် ဓားနှင့် ထိတွေ့လိုက်သည်နှင့် ပါးလွှာသော အဖြူရောင် မြူလွှာတစ်ခု ဖုံးအုပ်သွားသည်။

နောက်ဆုံးသစ်ရွက်ကို မြူရောင်အရှိန်အဝါဖြင့် ဖုံးအုပ်လိုက်သည်နှင့် သစ်ရွက်အားလုံး လေထဲတွင် ရုတ်တရက် ရပ်တန့်သွားပြီးနောက် အဖြူရောင် အလင်းတန်းများ ကြွင်းကျန်ရစ်စေလျက် အရပ်မျက်နှာ အသီးသီးသို့ ပေါက်ကွဲထွက်သကဲ့သို့ ပြင်းထန်သော အရှိန်ဖြင့် ပျံထွက်သွားကြသည်။ ၎င်းတို့၏ အရှိန်မှာ အလယ်ဗဟိုချက်မှ ပေါက်ကွဲမှုတစ်ခုက တွန်းကန်လိုက်သည့်နှယ် ဖြစ်သည်။

သားရဲများသည် သစ်ရွက်တစ်ရွက်ချင်းစီမှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ် သေမင်းအငွေ့အသက်ကို ခံစားမိလိုက်ကြပြီး ထိုသစ်ရွက်များက သူတို့တစ်ကောင်ချင်းစီ ရှိနေသည့် နေရာကို တိကျစွာ ချိန်ရွယ်ထားကြောင်း သိလိုက်ရသဖြင့် လျင်မြန်စွာ တုံ့ပြန်လိုက်ကြသည်။

အနီးဆုံးတွင် ရှိနေသော သံလုံးပစ်ဖားမှာ ပထမဆုံး ပစ်မှတ်ထားခံလိုက်ရသည်။ ထိုဖားသည် ၂ မီတာခန့် မြင့်ပြီးသတ္တုနက်ရောင် တောက်နေသည်။ သူက ဝင်ရောက်လာသော သစ်ရွက်ကို ရှောင်တိမ်းရန် အပေါ်သို့ ခုန်တက်လိုက်ပြီး လည်ချောင်းကို ဖောင်းပွစေကာ သူ့အသားအရေကဲ့သို့ မည်းနက်သော အပ်ပုံစံ ရေတိုင်တစ်ခုကို လျှပ်တပြက် မှုတ်ထုတ်လိုက်သည်။

၎င်းမှာ ဖား၏ မွေးရာပါ စွမ်းရည်ဖြစ်သည်။ ၎င်းပစ်ထုတ်လိုက်သော ရေတိုင်မှာ အစောပိုင်း အမြုတေဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူ၏ အသားအရေကို ဖောက်ထွင်းနိုင်လောက်အောင်၊ သို့မဟုတ် ကောင်းကင်အဆင့် နိမ့်ပါးသော သံချပ်ကာကို ဖောက်ထွင်းနိုင်လောက်အောင် မာကျောပြီး ထက်ရှသဖြင့် ၎င်းကို သံလုံးပစ်ဖားဟု ခေါ်ဆိုကြခြင်း ဖြစ်သည်။

သံလုံးပစ်ဖား၏ တိုက်ခိုက်မှုမှာ ဝင်ရောက်လာသော သစ်ရွက်ကို ထိမှန်သွားသော်လည်း သစ်ရွက်မှာ အရှိန်လျော့မသွားဘဲ ရေတိုင်ကို အလွယ်တကူ ဖြိုခွင်းလိုက်သည်။ သစ်ရွက်မှာ သံလုံးပစ်ဖားထံသို့ ချက်ချင်း ရောက်ရှိသွားပြီး နောက်ထပ် သံလုံးတစ်လုံး ပစ်ရန် ပြင်ဆင်နေသော ဖား၏ပါးစပ်ကို ဖောက်ထွင်းသွားသည်။

သစ်ရွက်မှ ပါလာသော အားကြောင့် ဖားမှာ နောက်သို့ လွင့်ပါသွားပြီး အနီးရှိ သစ်ပင်များနှင့် ရိုက်မိလေသည်။ သစ်ရွက်သည် တားဆီးမရသော အရှိန်အဟုန်ဖြင့် လမ်းတစ်လျှောက်ရှိ သစ်ပင်များကို ဖောက်ထွင်းသွားပြီး နောက်ဆုံးတွင် ပုံဆောင်ခဲ အပိုင်းအစများအဖြစ် ပျောက်ကွယ်သွားတော့သည်။

အခြား သားရဲများမှာ သံလုံးပစ်ဖား၏ လျင်မြန်သော သေဆုံးမှုကို သတိပြုမိချိန်မရလိုက်ဘဲ အခြားသော လျင်မြန်စွာ ပျံသန်းလာသည့် သစ်ရွက်များ၏ ဗုံးကြဲတိုက်ခိုက်ခြင်းကို ခံလိုက်ရသည်။

အဆိပ်တိုက်စားဗျိုင်းဆီသို့ သစ်ရွက် ၃ ရွက် ဦးတည်လာသည်။ ထိုဗျိုင်းသည် တိမ်မြိုစွန်ထက် အရပ်အနည်းငယ် ပုသည်။ သို့သော် ရှိနေသော သားရဲအများစုထက်တော့ ပိုကြီးသည်။ သာမန် ဗျိုင်းများနှင့် မတူဘဲ ဤဗျိုင်းမှာ အစိမ်းရင့်ရောင်နှင့် အနက်ရောင် ရောစပ်ထားပြီး လည်ပင်းရင်းတွင် ဖောင်းပွနေသော အကျိတ်တစ်ခု ပါရှိသည်။

သူက သူ့ဆီသို့ ဦးတည်လာသော သစ်ရွက် ၃ ရွက်ကို ပစ်မှတ်ထား၍ အစိမ်းပုတ်ရောင် အရည်လှိုင်းကြီး တစ်ခုကို မှုတ်ထုတ်လိုက်သည်။ ထိုလှိုင်းသည် သစ်ပင်များ အပါအဝင် လမ်းတစ်လျှောက်ရှိ အရာအားလုံးကို အရည်ပျော်သွားစေပြီး မကြာမီ သစ်ရွက် ၃ ရွက်ကို လွှမ်းခြုံသွားသည်။ သို့သော် စိမ်းနက်ရောင် လှိုင်းသည် သစ်ရွက်များနှင့် ထိတွေ့သည်နှင့် အစိုင်အခဲအဖြစ် ခဲသွားသည်။

ကျန်ရှိနေသော သစ်ရွက် ၂ ရွက်က ထိုအစိမ်းပုတ်ရောင် ရေခဲတုံးကို ဖောက်ထွင်းပြီး ဗျိုင်း၏ တောင်ပံနှစ်ဖက်ကို ထိမှန်ကာ သစ်ပင်တစ်ပင်တွင် သွားရောက် ကပ်လိုက်သည်။ သစ်ရွက်များ၏ အရှိန်ကြောင့် ဗျိုင်း၏ ခန္ဓာကိုယ်မှာ တစ်ဝက်ခန့်နီးပါး စုတ်ပြဲသွားသည်။

ရေခဲနှုတ်သီးဗျိုင်းသည်လည်း ပစ်မှတ်ထားခြင်း ခံလိုက်ရသော်လည်း အဆိပ်တိုက်စားဗျိုင်းလို မဟုတ်ဘဲ ကျန်သစ်ရွက်များထက် အနည်းငယ် သေးငယ်ပြီး ပိုမိုထူထဲသော မြူရောင်အရှိန်အဝါ ဖုံးလွှမ်းထားသည့် သစ်ရွက်တစ်ရွက်တည်း၏ ပစ်မှတ်ထားခြင်းကို ခံလိုက်ရသည်။

ထိုဗျိုင်းသည် သူ့နာမည်နှင့် လိုက်ဖက်အောင်ပင် ပုံဆောင်ခဲကဲ့သို့ ဖြူဖွေးသော နှုတ်သီးရှိသည်။ ထိုနှုတ်သီးမှ သစ်ရွက်ပေါ်တွင် ရှိနေသော မြူများနှင့် ဆင်တူသော်လည်း ပိုမိုကျယ်ပြန့်သော မြူများကို ထုတ်လွှတ်လိုက်သည်။ သူက စူးရှစွာ အော်မြည်လိုက်ပြီး ထိုအသံနှင့်အတူ အဖြူရောင် မြူများကို ထုတ်လွှတ်လိုက်သည်။

ထိုမြူများသည် မြေပြင်အပါအဝင် လမ်းတစ်လျှောက်ရှိ အရာအားလုံးကို အေးခဲသွားစေသည်။ သူက သစ်ရွက်ကို အေးခဲစေရန် ကြိုးစားခြင်း ဖြစ်သည်။ မြူများသည် မကြာမီ သစ်ရွက်ဆီသို့ ရောက်ရှိသွားသော်လည်း ရေခဲနှုတ်သီးဗျိုင်း မျှော်လင့်ထားသလို ဖြစ်မလာခဲ့ပေ။

မြူများသည် သစ်ရွက်နှင့် လက်မအနည်းငယ် အကွာသို့ ရောက်သည်နှင့် လုံးဝ ပျောက်ကွယ်သွားပြီး သစ်ရွက်မှာ အပြာရောင် သန်းလာသည်။ ဗျိုင်းက ခေါင်းမာစွာဖြင့် ပိုမိုကြီးမားသော မြူလှိုင်းကို မှုတ်ထုတ်လိုက်သော်လည်း ထိုနည်းအတိုင်းပင် ဖြစ်ပျက်သွားပြီး ယခုတစ်ကြိမ်တွင် သစ်ရွက်မှာ ယခင်ကထက် ပို၍ ပြာလဲ့လာသည်။

ဗျိုင်းသည် သစ်ရွက်ထံမှ ခံစားရသော အန္တရာယ် အဆင့်မှာ ပိုမိုမြင့်တက်လာသည်ကို အာရုံခံမိလိုက်သည်။ သူအလျင်အမြန် လှည့်ပြီး ပျံသန်းပြေးလွှားရန် ကြိုးစားလိုက်ရာ ယခုအခါ အပြာရောင် ဖြစ်နေသော သစ်ရွက်မှာ သူ့အောက် လက်မအနည်းငယ် အကွာသို့ ရောက်ရှိသွားသည်။

ဗျိုင်းက လွတ်မြောက်သွားပြီဟု ထင်မှတ်ကာ မဲ့ပြုံးပြုံးလိုက်သော်လည်း မျက်စိကျိန်းမတတ် လင်းလက်သော အဖြူရောင် အလင်းတန်းတစ်ခုက အပြာရောင်သစ်ရွက်ကို ရိုက်ခတ်လိုက်ရာ သစ်ရွက်မှာ အလင်းရောင်တောက်နေသော အပြာရောင် အမှုန်အမွှားလေးများအဖြစ် ကွဲကြေသွားပြီး နေရာအနှံ့၊ အထူးသဖြင့် ဗျိုင်း၏ ပတ်ဝန်းကျင်သို့ ပြန့်ကျဲသွားသည်။

ဗျိုင်း၏ မျက်လုံးများမှာ အသက်အန္တရာယ် ကျရောက်လာသည်ကို သိလိုက်ရသဖြင့် ကြောက်ရွံ့မှုကြောင့် ပြူးကျယ်သွားသည်။ သူသည် ထွက်ပြေးသည့် အရှိန်ကို မြှင့်တင်ရန် သွေးအဆီအနှစ်ကို လောင်ကျွမ်းစေခဲ့သော်လည်း နောက်ကျသွားပြီ ဖြစ်သည်။ သူ့ခန္ဓာကိုယ် အတွင်းနှင့် အပြင်ရှိ အရာအားလုံး အေးခဲသွားသည်။

စွမ်းအင် လည်ပတ်မှု၊ သွေးနှင့် အတွေးများပါမကျန် လုံးဝ အေးခဲသွားသည်။ သူ မလှုပ်ရှားနိုင်တော့ပေ။ ဗျိုင်း၏ ပတ်လည် ၁ ကီလိုမီတာ အတွင်းရှိ အရာအားလုံးမှာ ကြီးမားသော ရေခဲတုံးကြီး တစ်ခုအတွင်း ပိတ်မိသွားပြီး ရေခဲနှုတ်သီးဗျိုင်းမှာ ထိုရေခဲတုံးကြီး၏ အလယ်ဗဟိုတွင် ရှိနေသည်။

“ဟဲဟဲ... ငါ့ရှေ့မှာ ရေခဲနဲ့ လာကစားရတယ်လို့... နုံအလိုက်တာ” ဖုန့်ရှင်းက ဓားကို ပြန်သိမ်းရင်း ပြောလိုက်သည်။

ယခုအခါ လျှပ်စီးမြွေပွေး၊ လျှပ်တပြက်မြွေဆိုး၊ ပုံရိပ်ယောင်ပုစဉ်း၊ လူကြိုက်များလှသော သက်တံ့ရောင်မြူဖားပြုတ်နှင့်အစိမ်းရောင်ပန်းပွင့်ဝက်သိုးတို့သာ ကျန်ရှိတော့သည်။ သို့သော် သူတို့အတွက်လည်း ရင်ဆိုင်ရမည့် သစ်ရွက်များ ရှိနေသေးသည်။

All Chapters