လူပြက်က ငါကိုယ်တိုင် ဖြစ်နေတာလား
Vol. 28 Ch. 274
“အုပ်ချုပ်ရေးမှူး... ဒီတစ်ခေါက် ကျင်းပမယ့် သားရဲဖမ်းပြိုင်ပွဲ အကြောင်း အသေးစိတ် အချက်အလက်တွေ ကျွန်မ စုံစမ်းလာခဲ့ပြီးပါပြီ။ ထိုက်ရှန်းတောင်မှာ ကျင်းပမှာပါ...”
အစည်းအဝေးခန်းမထဲတွင် လင်းလင်လင်က တည်ကြည်သော မျက်နှာပေးဖြင့် မြေပုံတစ်ခုကို ဝှိုက်ဘုတ် အသေးလေးပေါ်တွင် ကပ်လိုက်ပြီး ညာဘက်လက်က တုတ်တံတစ်ချောင်းကို ကိုင်ထားသည်။
သူ့ကိုယ်သူ အုပ်ချုပ်ရေးမှူးလက်ထောက်ဟု ခေါ်ဝေါ်ထားပြီး အမှန်အတိုင်း ပြောရလျှင် ပုံစံကတော့ တော်တော်လေး ပီပြင်နေ၏။
ပြဿနာတစ်ခုသာ ရှိသည်။ သူက ဝှိုက်ဘုတ် တစ်ဝက်လောက်ပင် အရပ်မရှည်ပေ။
ထိုပြိုင်ပွဲက ချန်ဟွိုက်အန် တစ်ယောက်တည်းသာ ပါဝင်ယှဉ်ပြိုင်မည် ဖြစ်သော်လည်း တာဝန်မရှိသော C ပြည်နယ် မိစ္ဆာနှိမ်နင်းသူဗျူရိုမှ အဖွဲ့ဝင်တိုင်း ရောက်ရှိနေကြသည်။ တစ်ချက်ကတော့ နာမည်ကြီး အုပ်ချုပ်ရေးမှူးကို တစ်ချက်လောက် လှမ်းကြည့်ချင်၍ ဖြစ်ပြီး၊ နောက်တစ်ချက်ကတော့ လေ့လာသင်ယူပြီး ဗဟုသုတ တိုးပွားချင်၍ပင်။
ယခုအခါ C ပြည်နယ် မိစ္ဆာနှိမ်နင်းသူဗျူရိုသည် ယခင်ကလို အသက်မဲ့နေသော အဖွဲ့အစည်း မဟုတ်တော့။
ချန်ဟွိုက်အန်က အသက်ရှူကျင့်စဉ်ကို အပြည့်အဝ မျှဝေပေးခဲ့ပြီးကတည်းက နိုးထသူများ ဗျူရိုထဲကို တက်ကြွစွာ ဝင်ရောက်လာကြသည်။ အလောင်းဘုရင်တိကျန်းကို သတ်ခဲ့သော သူရဲကောင်းဟူသည့် ချန်ဟွိုက်အန်၏ ကျော်ကြားမှုကြောင့် လာရောက်ကြသူများမှာလည်း အများအပြားပင်။ လာကြည့်သောအခါတွင် ဗျူရိုကပေးသော ခံစားခွင့်များက မမျှော်လင့်ဘဲ ကောင်းမွန်နေကြောင်းကို တွေ့လိုက်ရသည်။
အသက်ရှူကျင့်စဉ်ကို အခမဲ့ သင်ကြားပေးရုံသာမက အရင်းအမြစ်များလည်း ပေါများလှ၏။
စျေးကွက်ထဲရှိ ဘုရားကျောင်းမှ ရေမန်းများ၊ ယင်ယန်ဆရာသခင်များ၏ အဆောင်များနှင့် ယှဉ်လျှင် မိစ္ဆာနှိမ်နင်းသူဗျူရို၏ အဆောင်များနှင့် ဓားဓာတ်လုံးများက အဆပေါင်းများစွာ ပိုပြီး အစွမ်းထက်ကြသည်။
တာဝန်များ ထမ်းဆောင်ပြီး အမှတ် စုဆောင်းရုံပင်။ ပိုက်ဆံအများကြီး သုံးစရာ မလိုပေ။
ဝါရင့်အဖွဲ့ဝင်များဆိုလျှင် တခြားဌာနခွဲများ သို့မဟုတ် အထက်တန်းလွှာ မိသားစုများပင် မရနိုင်သော ဒဏ္ဍာရီလာ အရိုးသန့်စင်ဆေးလုံးများကိုပါ ရနိုင်သည်ဟု သတင်းထွက်နေသည်။
ခဏတဖြုတ်သာ နေမည်ဟု စိတ်ကူးခဲ့သော နိုးထသူများပင် ပြန်မထွက်သွားတော့ပေ။
အဖွဲ့ဝင်ဟောင်းများ ဆက်နေကြပြီး အသစ်များလည်း ထပ်မံ ဝင်ရောက်လာတာကြောင့် C ပြည်နယ် မိစ္ဆာနှိမ်နင်းသူဗျူရိုက တဖြည်းဖြည်း သန်မာလာခဲ့သည်။
ယခင်က မည်သူမှ မလုပ်ချင်သော တာဝန်များကို အခုတွင် လုလုပ်နေကြတာကြောင့် အထူးချွန်ဆုံး အဖွဲ့ဝင် အစီအစဉ်ကိုပါ ကျင့်သုံးလိုက်ရသည်။
သာမန် နိုးထသူများကို လက်မခံတော့ဘဲ ပါရမီရှင်များကိုသာ ရွေးချယ်တော့သည်။
အစောပိုင်း ဝင်ထားသော အဖွဲ့ဝင်များပင် တစ်လချင်း သတ်မှတ်ချက်များကို ပြည့်မီအောင် လုပ်ရသည်။ သုံးလဆက်တိုက် သတ်မှတ်ချက် မပြည့်မီလျှင် ဗျူရိုမှ ထွက်ရပေမည်။
ယခင်ကဆိုလျှင် နှင်ထုတ်ခံရမည်ကို မည်သူမှ ဂရုမစိုက်ကြ။
သို့သော် ယခုတော့ အားလုံးက သတ်မှတ်ချက် ပြည့်မီရန်၊ သတ်မှတ်ချက်ထက် ပိုလုပ်နိုင်ရန် အသည်းအသန် ကြိုးစားနေကြရသည်။ မည်သူမှ မပျင်းရဲကြတော့။
အကြောင်းမှာ C ပြည်နယ် မိစ္ဆာနှိမ်နင်းသူဗျူရို၏ အရင်းအမြစ်များက အလွန်ပင် ဆွဲဆောင်မှု ရှိလွန်းပြီး သူတို့ဆီတွင်သာ ရနိုင်ရာ မည်သူမှ စည်းကမ်းမဖောက်ရဲကြပေ။
ထို့ကြောင့် ယခု မြင်တွေ့နေရသော မြင်ကွင်းမှာ လူတစ်ရာကျော် အစည်းအဝေးခန်းမထဲ ပြည့်နှက်နေခြင်းပင်။
ချန်ဟွိုက်အန်က တည်တည်ငြိမ်ငြိမ် ထိုင်နေ၏။
သို့သော် ၎င်းမှာ စိတ်လှုပ်ရှားနေ၍ မဟုတ်ပေ။
အနောက်မှ ဆာလောင်နေသော မျက်လုံးပေါင်းများစွာက သူ့ကို စိုက်ကြည့်နေကြ၍ပင်။
ထိုမျက်လုံးများက ဌာနကို ဝင်ထားကြသော အမျိုးသမီး နိုးထသူများ၏ မျက်လုံးများပင်။
တက္ကသိုလ်ကျောင်းသူ၊ ရုံးဝန်ထမ်း၊ အင်တာနက် ဆယ်လီများနှင့် အိမ်ထောင်ရှင်မများပင် ပါဝင်သည်။
သူတို့က တကယ့်ကို ကြောက်စရာကောင်းလှ၏။
အလောင်းဘုရင် တိကျန်းကို ရင်ဆိုင်ရစဉ်က ထိုမျှလောက် ဖိအားမများခဲ့ပေ။
ဓာတ်လှေကားထဲမှ ထွက်လာကတည်းက ထိုဖန်ဂဲလ်အုပ်စုသည် သူ့ကို ဝိုင်းအုံပြီး သူတို့၏ အချစ်များနှင့် သတ်ပစ်တော့မလို လုပ်ခဲ့သည်ကို သူ မှတ်မိသေးသည်။
ကျောက်ရင်းနှင့် ရှန့်ရှောင်ယွမ်တို့က ကြောက်စရာကောင်းသော ဂုဏ်သတင်း ရှိနေ၍ ကံကောင်းသွားခဲ့သည်။
သူတို့ တစ်ခွန်းပြောလိုက်သည်နှင့် ထိုမိန်းကလေးများ ချက်ချင်း နောက်ဆုတ်သွားကြသည်။
ဝှိုက်ဘုတ်ပေါ်တွင်တော့ ထိုက်ရှန်းတောင်မြေပုံ ရှိနေသည်။ တောင်တစ်လုံးတည်း မဟုတ်ဘဲ ပတ်ဝန်းကျင် တောင်တန်းများ အားလုံးကလည်း ပါဝင်နေသောကြောင့် အကျယ်အဝန်းက အတော်ကြီးမားလှသည်။
ထိုက်ရှန်းတောင်က အခုတွင် မိစ္ဆာများနှင့် ဝိညာဉ်ဆိုးများ၏ နိဗ္ဗာန်ဘုံ ဖြစ်နေလေပြီ။
တကယ်တမ်း တောင်တန်းဒေသ အများစုကလည်း ထိုအတိုင်းပင်။
ထို့ကြောင့် သားရဲဖမ်းပြိုင်ပွဲကို ထိုနေရာတွင် ကျင်းပသည်က မဆန်းပေ။ ချန်ဟွိုက်အန် ပိုပြီး စိတ်ဝင်စားသည်မှာ နဂါးဝိညာဉ်၏ လမ်းညွှန်မှုသည်လည်း ထိုက်ရှန်းတောင်ကိုသာ ညွှန်ပြနေခြင်းကိုပင်။
ထိုက်ရှန်းတောင်မှာ ဘာတွေများ ပုန်းကွယ်နေတာလဲ။
ဒါတွေအားလုံးနဲ့များ ဆက်စပ်နေမလား။
“အုပ်ချုပ်ရေးမှူး... နားထောင်နေရဲ့လား။” လင်းလင်လင်က ဝှိုက်ဘုတ်ကို တုတ်တံဖြင့် ခေါက်လိုက်သည်။ ချန်ဟွိုက်အန် အတွေးလွန်နေသည်ကို သူ သတိထားမိလိုက်၍ပင်။
“နားထောင်နေပါတယ်။ ဆက်ပြောလေ။” ချန်ဟွိုက်အန် မျက်တောင်ခတ်လိုက်ပြီး အာရုံကို ပြန်သွင်းလိုက်သည်။
ယခုဆိုလျှင် လင်းလင်လင်က ထိုက်ရှန်းတောင် ဒေသအတွင်းမှာရှိတဲ့ တောင်ထိပ် ၁၀ခုထက် မကကို မှတ်သားထားပြီးလေပြီ။
“အုပ်ချုပ်ရေးမှူး... ဒီနေရာကတော့ ကျွန်မတို့ C ပြည်နယ် မိစ္ဆာနှိမ်နင်းသူဗျူရို အခြေစိုက်မယ့် တောင်ပါ။ ရှင်က ဒီနေရာကနေ စထွက်ရမယ်။” လင်းလင်လင်က တောင်တန်းအလယ်နားက တောင်ကုန်းလေးတစ်ခုကို ညွှန်ပြလိုက်သည်။ “အဲဒီမှာ မိစ္ဆာနှိမ်နင်းသူ တစ်ယောက်က အကူအညီပေးဖို့ စောင့်နေလိမ့်မယ်။”
“ကျွန်မ သွားမယ်...” တက္ကသိုလ်ကျောင်းသူပုံစံနဲ့ အမျိုးသမီး မိစ္ဆာနှိမ်နင်းသူ တစ်ယောက်က စိတ်လှုပ်ရှားစွာနဲ့ လက်မြှောက်လိုက်သည်။
သားရဲဖမ်းပြိုင်ပွဲက သုံးရက်ကြာမည်။ ၎င်းက အုပ်ချုပ်ရေးမှူးနှင့် သုံးရက်လုံးလုံး အတူရှိရန် အခွင့်အရေးပင်။
ထို့ပြင် အုပ်ချုပ်ရေးမှူးလို အစွမ်းထက်သူနောက်ကို လိုက်ရခြင်းက အခွင့်အလမ်းရော... ရင်ခုန်စရာရော ရနိုင်ပေသည်။
“ကျွန်မ... ကျွန်မလည်း သွားချင်တယ်...” အင်တာနက် ဆယ်လီ၏ မျက်နှာပေါက်မျိုးရှိသော နောက်ထပ် မိစ္ဆာနှိမ်နင်းသူတစ်ယောက်ကလည်း လက်မြှောက်လိုက်ပြန်သည်။
“ကျွန်မလည်း အုပ်ချုပ်ရေးမှူးကို ကူညီချင်တယ်...”
“ကျွန်မကိုလည်း ထည့်ပါ။ ကျွန်မက ကုသသူပါ။ အုပ်ချုပ်ရေးမှူးကို ကုသပေးနိုင်တယ်...”
“ကုသသူ ဟုတ်လား။ အဲဒါက ဘာဖြစ်လဲ။ ငါက အပျို၊ နင်ကကော ဟုတ်လို့လား။”
“ဘာဖြစ်လဲ။ ငါက အတွေ့အကြုံရှိတယ်၊ အဝတ်အစားတွေတောင် ယူလာသေးတယ်...”
အစည်းအဝေးခန်းမထဲမှ စကားဝိုင်းက ချက်ချင်းပင် ထိန်းမရအောင် ဖြစ်သွားတော့သည်။
ကျောက်ရင်းနှင့် ရှန့်ရှောင်ယွမ်တို့၏ မျက်နှာများကတော့ မည်းမှောင်သွားလေပြီ။
“ပါးစပ်ပိတ်ထားကြ...” လင်းလင်လင်က ဟိန်းဟောက်လိုက်သည်။
ကိုယ်လုံးက သေးသေးလေး ဖြစ်သော်လည်း အသံကတော့ ဒိုင်နိုဆောကြီး ဟိန်းသံလိုပင်။
တစ်ခန်းလုံး ချက်ချင်း တိတ်ကျသွား၏။
“အုပ်ချုပ်ရေးမှူးကို ကူညီဖို့ တာဝန်ပေးမယ့်သူကို ရွေးပြီးသားပဲ။”
သူတို့၏ သနားစရာကောင်းသော မျှော်လင့်ချက် မျက်ဝန်းများကို ကြည့်ရင်း...
လင်းလင်လင်က သူ့ကိုယ်သူ လက်ညှိုးထုးိပြလိုက်သည်။ “ဟုတ်တယ်။ အဲဒါ ကျွန်မပဲ။”
အမျိုးသမီး မိစ္ဆာနှိမ်နင်းသူများ - “...”
“အုပ်ချုပ်ရေးမှူးက ကျွန်မတို့ C ပြည်နယ်ဌာနရဲ့ အဖိုးတန်အရင်းအမြစ်ပဲ။ သူ ညစ်ညမ်း မသွားစေဖို့အတွက် အသင့်တော်ဆုံးကတော့ ကျွန်မလို ကလေးပဲ ရှိတယ်။” လင်းလင်လင်က လူအုပ်ကို မျက်နှာသေလေးနှင့် ဝေ့ကြည့်လိုက်သည်။ “ဘာကန့်ကွက်စရာ ရှိသေးလဲ။”
ဘယ်သူမှ မတုံ့ပြန်နိုင်ခင်မှာပင် သူက စားပွဲကို ရိုက်လိုက်သည်။
“ကန့်ကွက်တဲ့သူ ရှိရင်တော့ ကြက်သားနဲ့ ရိုက်ခံရမယ်...”
“အဟမ်း သုညသုံးလုံး၊ အာရုံစိုက်စမ်းပါ။” ကျောက်ရင်းက သက်ပြင်းချရင်း ပြောလိုက်သည်။
“အင်း...” လင်းလင်လင်က ခေါင်းညိတ်ပြီး ဆက်ပြောသည်။ “ဒီတစ်ခါ သားရဲဖမ်းပြိုင်ပွဲကို ဦးဆောင်ကျင်းပတာက ခွန်းလွန်အင်မော်တယ်နန်းတော်ရဲ့ လက်အောက်ခံ ချင်းဖုန်းဂိုဏ်းပဲ။ သူတို့ရဲ့ စုံစမ်းချက်အရ ထိုက်ရှန်းတောင်ထဲမှာ အရမ်းကို သန်မာတဲ့ မိစ္ဆာတစ်ကောင် ရှိနေတယ်။ သူ့ရဲ့ အစွမ်းက ဘုရင်အဆင့်တောင် ရှိနေနိုင်တယ်...”
“ပြီးတော့ ဆရာသခင်အဆင့်၊ စစ်သည်အဆင့်၊ ဗိုလ်ချုပ်အဆင့် မိစ္ဆာတွေနဲ့ ဝိညာဉ်ဆိုးတွေ အများကြီးလည်း ရှိနေတယ်။ ဆရာသခင်အဆင့် တစ်ကောင်ကို သတ်ရင် ၁မှတ်၊ စစ်သည်အဆင့်ဆိုရင် ၁၀ မှတ်၊ ဗိုလ်ချုပ်အဆင့်ဆိုရင် ၁၀၀ မှတ် စသဖြင့် ရလိမ့်မယ်။ သုံးရက် ကြာပြီးရင် ချင်းဖုန်းဂိုဏ်းက လူကြီးတစ်ယောက် ထိုက်ရှန်းတောင်ထိပ်ကို ဆင်းသက်လာပြီး အဆင့်သတ်မှတ်ချက်တွေအရ ဆုတွေ ပေးအပ်လိမ့်မယ်။”
လင်းလင်လင်က ချန်ဟွိုက်အန်ကို တည့်တည့်ကြည့်လိုက်၏။ “အုပ်ချုပ်ရေးမှူး၊ ဘာမေးစရာ ရှိသေးလဲ။”
“အင်း...” ချန်ဟွိုက်အန် မျက်ခုံးတွေကို တွန့်လိုက်သည်။ “ထိုက်ရှန်းတောင်က မိစ္ဆာတွေက ဒီလောက်တောင် သန်မာပြီး အများကြီး ဖြစ်နေတာ၊ အထက်တန်းလွှာ မိသားစုတွေနဲ့ မိစ္ဆာနှိမ်နင်းသူတွေ ဝင်သွားတာက ကိုယ့်ကိုယ်ကိုယ် သတ်သေတာနဲ့ မတူဘူးလား။”
“သြော်... ဟုတ်သားပဲ။ အထက်တန်းလွှာ မိသားစုတွေနဲ့ ကျွန်မတို့ဌာန လူတွေက အပိုလူတွေ သက်သက်ပါပဲ။ အင်ပီစီတွေပေါ့...” လင်းလင်လင်က ထိုအရာကို သာမန်ကိစ္စ တစ်ခုလိုသာ ပြောလိုက်သည်။
“အမ်...”
“ဘာလို့လဲဆိုတော့ ဒီပြိုင်ပွဲရဲ့ တကယ့်ဇာတ်လိုက်တွေက လျို့ဝှက်ဂိုဏ်း တပည့်တွေလေ။ အထက်တန်းလွှာ မိသားစုတွေ ဒါမှမဟုတ် ကျွန်မတို့ဌာန လူတွေ အဆင့်ထဲ ပါသွားရင်တောင် အဲဒါက တော်တော်လေး အံ့သြစရာ ကောင်းနေပြီ။”
“လျို့ဝှက်ဂိုဏ်း... တပည့်တွေ ဟုတ်လား...” ချန်ဟွိုက်အန် ဆွံ့အသွားသည်။
သူက အကျဉ်းခန်း နံပါတ်(၀)ထဲ အကြာကြီး နေမိပြီး ဂိမ်းထဲမှာပင် အာရုံရောက်နေခဲ့သည်မှာ သိသာလှပေသည်။
လက်တွေ့ကမ္ဘာကို ခဏလောက် လျစ်လျူရှုလိုက်မိသည်နှင့် နားမလည်နိုင်သော တိုးတက်မှု အများအပြား ဖြစ်သွားလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
“အုပ်ချုပ်ရေးမှူး... ၂၀၂၄၊ ၂၀၂၅ဝန်းကျင်ကစခဲ့တဲ့ ရှေးသိုင်းပညာခေတ်ကို မှတ်မိသေးလား။”
ချန်ဟွိုက်အန် သတင်းများနှင့် အဆက်ပြတ်နေတာကို သိသောကြောင့် ကျောက်ရင်းက စိတ်ရှည်လက်ရှည် ရှင်းပြလိုက်သည်။ “အဲဒီတုန်းက လူတွေက အပ်နဲ့ အချိုရည်ဘူးတွေကို ထိုးဖောက်တာ၊ ဖဲချပ်တွေနဲ့ ဖရဲသီးတွေကို လှီးတာ၊ ဓားမြှောင် ပစ်ပြီး နဂါးကျောရိုးတွေကို ဖြတ်တာတွေ လုပ်ပြကြတယ်လေ...”
“ကျွန်မတို့ အများစုကတော့ အဲဒါတွေက ဗီဒီယို တည်းဖြတ်ထားတာ ဒါမှမဟုတ် ပစ္စည်းက အတုတွေ (သံနဲ့လုပ်ထားတဲ့ ဖဲချပ်တွေ) လို့ပဲ ထင်ခဲ့ကြတာ။ ဒါပေမဲ့ အဲဒါတွေ အကုန်လုံးက အစစ်တွေ။”
“အဲဒီအချိန်ကတည်းက လျို့ဝှက်ဂိုဏ်းတွေက ကျွန်မတို့ နေ့စဉ်ဘဝထဲကို စိမ့်ဝင်နေခဲ့ပြီးသား။ ဗီဒီယိုအတိုလေးတွေပေါ်မှာတောင် သူတို့ကိုယ်သူတို့ ကြော်ငြာခဲ့ကြတာ။ ကျွန်မတို့ကတော့ အဲဒါကို ဖျော်ဖြေရေးတစ်ခုလို့ပဲ ထင်ခဲ့ကြတာ။”
ချန်ဟွိုက်အန် ကြောင်အမ်းသွားပြီး သူ့မျက်နှာက “ငါ့ကို လာနောက်နေတာလား” ဟူ၍ အော်ပြောနေသလိုပင်။
ထိုစဉ်က သူသည်ပင် ထိုနဂါးကျောရိုးဖြတ်ပြခြင်း၊ လျှပ်စီးငါးချက် တွဲရိုက်ခြင်း စသည်တို့ကို ရယ်မောခဲ့သေးသည်။
အဲဒါတွေက လူပြက်တွေ လုပ်တာ မဟုတ်ဘူးလား။
မြှားတိုတွေ၊ ဖဲချပ်တွေ၊ အပ်တွေနဲ့ မှန်တွေကို ခွဲပြတာလား။
ကြည့်လိုက်တာနဲ့ အတုမှန်း သိသာနေတာပဲ...
ကျောက်တုံးတွေကို ဥနဲ့ ရိုက်ခွဲတာလား။ တော်စမ်းပါ။
တကယ်လို့ အစစ် ဖြစ်ခဲ့ရင်တောင် ဖဲချပ်တွေက ပြဿနာရှိနေတာ ဖြစ်မှာပေါ့...
သူက ထိုကဲ့သို့ပင် ခိုင်ခိုင်မာမာ ယုံကြည်ထားခဲ့သည်။
သို့သော် ယခု ဆယ်နှစ်ကြာပြီးနောက် ထိုယုံကြည်ချက်က သူ့မျက်နှာကို ပြန်ရိုက်လိုက်ပြီ ဖြစ်သည်။
လူပြက်က... ငါကိုယ်တိုင် ဖြစ်နေတာလား။
...