← Chapters

တက်လှမ်းသူများ

Vol. 28 Ch. 275

တက်လှမ်းသူများ

Vol. 28 Ch. 275

အပ်၊ ဖဲချပ်၊ မြှားတိုများ ပစ်ခြင်းက သာမန် လှည့်ကွက်လေးများပင်။

သို့သော် လျို့ဝှက်ဂိုဏ်းများမှ မတော်တဆ ပေါက်ကြားလာသော ထိုသို့ အမှိုက်စလေးကပင် ထိုအချိန်က လူများကို မယုံနိုင်လောက်အောင် အံ့သြတုန်လှုပ်စေခဲ့လေသည်။ အမှန်တွင် ထိုဂိုဏ်းများသည် ထိုခေတ်ကတည်းက တပည့်များကို လျို့ဝှက်၍ စုဆောင်းနေခဲ့သည်မှာ ကြာခဲ့လေပြီ။

ထိုလှည့်ကွက်လေးများက ကံပါသောသူများကို သူတို့တံခါးဆီ လာခေါက်အောင် ချထားသော ငါးစာများသာ ဖြစ်၏။

အကယ်၍ ပါရမီ အသင့်အတင့် ရှိလျှင် ဂိုဏ်းထဲကို တပည့်အဖြစ် လက်ခံပြီးနောက် ကျင့်ကြံခိုင်းခြင်းမျိုးပင်။

ယခု စိတ်ဝိညာဉ်ချီစွမ်းအင်များ ပြန်လည်နိုးထလာပြီဖြစ်ရာ ထိုဂိုဏ်းများက နောက်ဆုံးတွင် ရုပ်လုံးပေါ်လာကြလေပြီ။

လွန်ခဲ့သော ဆယ်နှစ်ကတည်းက ဂိုဏ်းထဲဝင်ပြီး ကျင့်ကြံခွင့်ရခဲ့သော ကံကောင်းသူများက အခုလို ပြိုင်ဆိုင်မှု ပြင်းထန်သောခေတ်တွင် သူတို့၏ စွမ်းရည်များကို ပြသရန် အဆင်သင့် ဖြစ်နေကြပြီ ဖြစ်သည်။

ထိုသားရဲဖမ်းပြိုင်ပွဲဆိုသည်မှာ သူတို့အတွက်တော့ ပွဲဦးထွက် စင်မြင့်ကြီးတစ်ခုပင်။

ကျောက်ရင်၏ အသေးစိတ် ရှင်းပြချက်ကို ကြားပြီးနောက် ချန်ဟွိုက်အန်က အခြေအနေကို နားလည်သွားခဲ့သည်။

သို့သော် သူ မနာလိုမဖြစ်ပေ။

လျို့ဝှက်ဂိုဏ်းများ အစွမ်းထက်သည်မှာ မှန်ပေသည်။

ဆယ်နှစ်လုံးလုံး ကျင့်ကြံခွင့်ရခဲ့သော ကံကောင်းသူများ အသာစီးရနေသည်မှာလည်း မှန်ပေသည်။

သို့သော် သူသာ သူ၏ ယင်ယန်ဓားရိုး၊ နတ်ဘုရားလျှပ်စီးဝိညာဉ်အမြစ်၊ ဓားဝိညာဉ်အမြစ်နှင့် နဂါးဝိညာဉ်များကို ထုတ်ပြလိုက်လျှင်...

မည်သည့်အရာ ဖြစ်သွားမည်နည်း။

၎င်းတို့အပြင် သူ့နောက်တွင် ဓားကျောင်းတော် တစ်ခုလုံး ရှိနေသေးသည်။

အစက သူသည် သားရဲဖမ်းပြိုင်ပွဲကို စိတ်မဝင်စားပေ။ လျို့ဝှက်ဂိုဏ်းများကလည်း သူ့ကို စိတ်မလှုပ်ရှားစေပေ။ သူ၏ တစ်ခုတည်းသော စိတ်ဝင်စားမှုက အမွေအနှစ် လွှဲပြောင်း ပေးအပ်ခြင်းနှင့် နဂါးဝိညာဉ်၏ လမ်းညွှန်မှုပင်။ နဂါးဝိညာဉ် ပြည့်စုံရန်အတွက် သော့ချက်က အမှန်တကယ် ထိုက်ရှန်းတောင်တွင် ရှိနေလျှင် သူ သွားရပေမည်။

ည ၉နာရီတွင် သူတို့က လေယာဉ်ပေါ်မှ ဆင်းလိုက်ကြသည်။

ချန်ဟွိုက်အန်နှင့် လင်းလင်လင်တို့သည် ချင်းဖုန်းဂိုဏ်းက သတ်မှတ်ပေးထားသော အနားယူ စခန်းကို ရောက်လာခဲ့ကြ၏။

သူက တောင်ပေါ်မှ အင်မော်တယ်စံအိမ်ကြီးများလိုမျိုး ဖြစ်လိမ့်မည်ဟု ထင်ထားခဲ့သည်။

တကယ်တမ်းတော့ သူတို့က နိုက်ကလပ် ဝင်းကြီးတစ်ခုလုံးကို ငှားထားခြင်း ဖြစ်နေ၏။

အောက်ထပ်တွင် အစားအသောက်တန်း ရှိနေပြီး အပေါ်ထပ်တွင်တော့ ခြေထောက်နှိပ်ခြင်း၊ ကိုယ်လက်နှိပ်နယ်ခြင်း စသော ဝန်ဆောင်မှုများ အပြည့်ရှိနေသည်။

အပေါ်ထပ် အခန်းများတွင်တော့ သူဌေးကြီးများ၏ ရင်ခွင်ထဲတွင် ကာရာအိုကေ သီဆိုနေကြသော မိန်းကလေးများနှင့် ပြည့်နှက်နေပြီး အမိုးပေါ်ထပ်ကိုတော့ ဟိုတယ်အဖြစ် လုပ်ထား၏။

လမ်းတစ်ဖက်တွင်လည်း ဘားတန်းချည်း ပြည့်နေသည်။

စကားတစ်လုံးတည်းနှင့် ပြောရလျှင် “ကာမဂုဏ်ခံစားရာဘုံဗိမာန်”ပင်။

ထိုနေရာက လူအုပ်ကြားထဲ ချန်ဟွိုက်အန်က ရင်းနှီးသော မျက်နှာတချို့ကို မြင်လိုက်ရ၏။ အများစုက အထက်တန်းလွှာ မိသားစုများပင်။

ဥပမာ လင်းချန်နှင့်လင်းဟောက် မောင်နှမ နှစ်ယောက် ဖြစ်သည်။

လွန်ခဲ့သောတစ်ခေါက်က လင်းဟောက်သည် မိစ္ဆာနှိမ်နင်းသူဗျူရိုတွင် ပြဿနာရှာခဲ့သေးသည်။ ဝမ်ရှိုယီကိုလည်း လင်းမိသားစုထဲဝင်ရန် အတင်းဆွဲခေါ်ခဲ့၏။ ဝမ်ရှိုယီက ငြင်းလိုက်တော့ ထိုသခင်လေးက ထိုအတိုင်း လွှတ်ထားမည် မဟုတ်ဟု ချန်ဟွိုက်အန် ထင်ခဲ့သည်။

သို့သော် အံ့သြစရာကောင်းသည်မှာ ထိုနောက်ပိုင်း သူ ဘာပြဿနာမှ ထပ်မရှာတော့ခြင်းပင်။

လင်းချန်ကပဲ သူ့ကို တားထား၍လား မသိပေ။

အခုအချိန်တွင်တော့ လင်းဟောက်က မိတ်ကပ်အထူကြီး လိမ်းထားသော နိုက်ကလပ်မလေး တစ်ယောက်ကို မူးမူးရူးရူး ဖက်ထားရင်း ရှေးဟောင်းရိုးရာ ဝတ်စုံဝတ်ထားသော အမျိုးသား တစ်ယောက်ကို အသည်းအသန် စကားပြောနေ၏။

လင်းဟောက်က ထိုလူကို တော်တော်လေး ဖော်လံဖားနေသည်မှာ သိသာလှသည်။

လင်းချန်က သူ့နောက်တွင် အရပ်ရှည်ရှည်၊ လှလှပပနှင့် ရပ်နေသည်။ သူ့မျက်နှာက အေးစက်နေပြီး မျက်ခုံးများ တွန့်နေသည်မှာ သူ့မောင်၏ အောက်ကျနောက်ကျနိုင်မှုကို ရွံရှာနေခြင်းဖြစ်ကြောင်း ထင်ရှားသော်လည်း ဘာမှ မပြောနိုင်ပေ။ သူက ချန်ဟွိုက်အန်နှင့် လင်းလင်လင်ကို မြင်လိုက်သောအခါ မျက်လုံးများ ချက်ချင်း တောက်ပသွားတော့သည်။

“အုပ်ချုပ်ရေးမှူးချန်...” သူက အပြေးလေး ရောက်လာပြီး သန်မာသောသူ တစ်ယောက်ကို ရိုသေသော အမူအရာလေးဖြင့် ပြောသည်။ “အုပ်ချုပ်ရေးမှူးချန်၊ ကျွန်မကို မှတ်မိသေးလား။”

ပထမဆုံး ဆုံခဲ့စဉ်ကနှင့်ယှဉ်လျှင် ထိုမိန်းကလေး၏အမူအရာက လုံးဝ ပြောင်းလဲသွားလေပြီ။

လင်းချန်က အရမ်းလှသည်ကို မြင်သော် လင်းလင်လင်က ချက်ချင်းပင် ချန်ဟွိုက်အန်၏ အရှေ့တွင် ပိတ်ရပ်လိုက်သည်။

ဒီတစ်ခေါက် ငါ လိုက်လာခဲ့တာ တကယ် မှန်သွားပြီ။

ကြည့်စမ်း ဒီနေရာကြီးက မြှူဆွယ်မှုတွေနဲ့ ပြည့်နေတာ...

အုပ်ချုပ်ရေးမှူးသာ ကောက်ကျစ်တဲ့ မိန်းမတွေရဲ့ လှည့်ကွက်ထဲ ပါသွားပြီး နိုက်ကလပ်မတွေ အတွက် အဖိုးတန်အရင်းအမြစ်တွေနဲ့ စွမ်းအင်တွေကို ဖြုန်းတီးပစ်လိုက်ရင် ဘယ်လိုလုပ်မလဲ။ ဒါဆို အမွေအနှစ်လုပွဲတွေမှာ ဂိုဏ်းတွေက မိစ္ဆာမအိုကြီးတွေကို ဘယ်လိုလုပ်ပြီးတော့ ရင်ဆိုင်နိုင်တော့မှာလဲ။

စွမ်းအင်မရှိရင် အရင်းအမြစ်တွေလည်း ရှိမှာ မဟုတ်ဘူး။

ဒါဆို C ပြည်နယ် မိစ္ဆာနှိမ်နင်းသူဗျူရိုရဲ့ တောက်ပတဲ့ အနာဂတ်ကြီး ပျက်စီးသွားမှာပေါ့...

ငါ ဒါကို အဖြစ်မခံနိုင်ဘူး။

အုပ်ချုပ်ရေးမှူးရဲ့ဓားကို ငါ့ရဲ့ အသက်နဲ့လဲပြီး ကာကွယ်သွားမယ်...

“မှတ်မိတာပေါ့...” ချန်ဟွိုက်အန်က ကြင်နာစွာ ပြုံးပြလိုက်သည်။ “ပြီးတော့ ငါ မင်းကို ပါးတစ်ချက် ရိုက်ဖို့ အကြွေးကျန်သေးတယ်လေ။ အခုပဲ ပြန်ပေးရမလား။”

လင်းချန်၏ အပြုံးက တောင့်ခဲသွား၏။

သူက ဖော်ရွေသော မျက်နှာလေးပြလျှင် အေးစက်မှုများ အရည်ပျော်သွားလိမ့်မည်ဟု ထင်ထားခဲ့သည်၊

တကယ်တမ်းတော့ ဒီလူက တကယ့်ကို အငြိုးကြီးတဲ့သူလား။

ဘယ်သူကများ ဒီလို ကိစ္စအသေးအမွှားလေးကို ဒီလောက်အထိ မှတ်ထားမှာလဲ...

“အင်မော်တယ်ဆရာကြီး... အဲဒါ သူပဲ...”

လင်းချန်၏ အနောက်ဘက်မှ အသံတစ်ခု ထွက်လာသည်။

ချန်ဟွိုက်အန် ခေါင်းကို နည်းနည်း စောင်းကြည့်လိုက်၏။

လင်းဟောက်နှင့် ထိုရှေးဟောင်းဝတ်စုံဝတ်ထားသောလူက သူတို့ဘက်ကို ကြည့်နေကြသည်။

အစပိုင်းတွင် သူက လင်းဟောက်နှင့် ထိုလူကို စိတ်မဝင်စားပေ။

သို့သော် ယခု သူ အာရုံစိုက်ကြည့်လိုက်သော်...

သူတို့၏ ဘေးနားတွင်ရှိသော အရှိန်အဝါများကို ဝိုးတဝါး မြင်နေရသည်။

၎င်းမှာ သူ၏ မကြာသေးခင်က ကျင့်ကြံမှု တိုးတက်လာ၍ ရလာသော စွမ်းရည်အသစ် တစ်ခု ဖြစ်သည်။

၎င်းကို နဂါးပလ္လင်ဒန်တျန်က ရတာလား၊ ယင်ယန်ဓားရိုးက ရတာလား ဆိုသည်ကိုတော့ သူ မသေချာပေ။

၎င်းက ဗေဒင်ဆရာများ ချီစွမ်းအင်ကို ကြည့်သော စွမ်းရည်နှင့် ဆင်တူ၏။

သို့သော် ၎င်းက အတု မဟုတ်ပေ။

ဥပမာအားဖြင့် ခုနက သုညသုံးလုံးဆိုလျှင် သူ၏ မျက်နှာက နီရဲတောက်ပနေ၏။

အထူးသဖြင့် သူပေးထားသော ကျင့်စဉ်နှစ်ခုကို ကျင့်ပြီးနောက်တွင် သူ၏ ခေါင်းပေါ်တွင် ခရမ်းရောင်ချီစွမ်းအင်များ ဝဲနေသည်။ အနီရောင်နှင့်ခရမ်းရောင်။ ၎င်းက ကံကောင်းခြင်း လက္ခဏာပင်။

လင်းဟောက်ကို ကြည့်လိုက်သော်...

သူ့တစ်ကိုယ်လုံးက အမည်းရောင်ချီများ ဖုံးလွှမ်းနေပြီး သူ၏ မျက်ခုံးနှစ်ခုကြားက မှောင်မည်း ပြောင်လက်နေသည်။ သေမင်းနှင့် မဝေးတော့သည့် ပုံမျိုးပင်။

ထို့နောက် ချန်ဟွိုက်အန်က ရှေးဟောင်းဝတ်စုံနှင့်လူဘက်ကို လှည့်ကြည့်လိုက်သည်။

သူ့တွင်လည်း ဝိုးတဝါး နီမြန်းပြီး ခရမ်းရောင်သန်းနေသောအလင်း ရှိနေသော်လည်း သုညသုံးလုံးထက် အများကြီး အားနည်းနေ၏။

ထို့ပြင် ထိုအနီနှင့်ခရမ်းအလင်းကို မီးခိုးရောင်ချီ တစ်လွှာက ဖုံးအုပ်ထားသည်။

ဖုန်များ ပေကျံနေသော လတ်ဆတ်သည့် သစ်သီးတစ်လုံးလိုပင်။

ထိုမီးခိုးရောင်ချီက မည်သည့်အရာဖြစ်ကြောင်း ချန်ဟွိုက်အန် မသိပေ။

သို့သော် သူ၏ဆဌမအာရုံကတော့ ၎င်းမှာ လုံးဝ မကောင်းတဲ့အရာဟု ပြောနေသည်။

“မင်းက အဲဒီမောက်မာတဲ့ လူမိုက်လား။”

ရှေးဟောင်းဝတ်စုံနှင့်လူက ချန်ဟွိုက်အန်ဆီကို လမ်းလျှောက်လာ၏။

သူ၏အကြည့်က အေးစက်နေပြီး တခြားသူများထက် ဆယ်နှစ်စောပြီး ကျင့်ကြံခဲ့သော လောကကြီးကို အထင်သေးနေသည့် ပါရမီရှင် တစ်ဦး၏ အထီးကျန်မှုများ ပါဝင်နေသည်။

ပြဿနာတစ်ခုသာ ရှိသည်။ သူက အရပ် ၁.၇မီတာ (၅ပေ ၇လက်မ)ပင် မပြည့်ပေ။

သူ့မျက်လုံးများ မည်မျှပင် အေးစက်နေပါစေ ချန်ဟွိုက်အန်ကိုတော့ မော့ကြည့်နေရ၏။

“မောက်မာတယ်။ ငါလား...”

ချန်ဟွိုက်အန်က သူ့ကိုယ်သူ လက်ညှိုးပြန်ထိုးလိုက်သည်။

ဘာကို မောက်မာနေလို့လဲ။

ဟိုတုန်းက လင်းဟောက်ကို ငြင်းခဲ့တာ ဝမ်ရှိုယီလေ၊ ငါမှ မဟုတ်တာ။

“အော်... သိပြီ။ စိတ်ဝင်စားစရာပဲ၊ စိတ်ဝင်စားစရာပဲ။” ထိုလူက နှုတ်ခမ်းကို မဲ့လိုက်ပြီး မိစ္ဆာဆန်ဆန် ပြုံးလိုက်တယ်။ “ဒါဆို မင်းကလည်း တက်လှမ်းသူ တစ်ယောက်ပေါ့။ ငါက ချင်းဖုန်းဂိုဏ်းရဲ့ တိုက်ရိုက်တပည့် လီကျိုက်ထျန်။ ငါလည်း တက်လှမ်းသူ တစ်ယောက်ပဲ။”

“တက်လှမ်းသူ ဟုတ်လား။”

ချန်ဟွိုက်အန်၏နှုတ်ခမ်း တွန့်သွားသည်။

အဲဒါက ဘာကြီးလဲ။

သူက ထိုလူ၏ ကျင့်ကြံခြင်းအဆင့်ကို သေချာ ခံစားကြည့်လိုက်၏။

အင်း... ဆယ်နှစ်စောပြီး ကျင့်ကြံတာက တကယ်ပဲ ကွာခြားချက် ရှိတာပဲ။

အခြေခံအုတ်မြစ်အဆင့် ရောက်နေပြီ။ မဆိုးပါဘူး။

ဒါပေမဲ့ တကယ့်အင်မော်တယ်အဖြစ် တက်လှမ်းဖို့ကတော့ အလှမ်းဝေးပါသေးတယ်။

“ငြင်းမနေပါနဲ့တော့။ ဆယ်နှစ်ဆိုတဲ့ အချိန်ကာလက ကျော်လွန်သွားပြီ။ ငါတို့ရဲ့ သရုပ်မှန်ကို ဖုံးကွယ်ထားဖို့ မလိုတော့ဘူး။” လီကျိုက်ထျန်က လက်နှစ်ဖက် နောက်ပစ်ပြီး ကောင်းကင်က လမင်းကြီးကို မော့ကြည့်ကာ အေးစက်ပြတ်သားသော အသံနှင့် ပြောလိုက်သည်။

“ဒါပေမဲ့ တက်လှမ်းသူ ဖြစ်နေရင်တောင် မောက်မာလို့ မရဘူး။ မဟုတ်ရင် ကောင်းကင်က မင်းကို အပြစ်ပေးလိမ့်မယ်။ “ခေါင်းအထက် ၃ပေမှာ နတ်ဘုရားတွေ ရှိတယ်”ဆိုတဲ့ အတိုင်းပဲ။ ကိုယ့်ကိုယ်ကိုယ် ထိန်းထိန်းသိမ်းသိမ်းနေတာ ပိုကောင်းလိမ့်မယ်။”

ထိုသို့ပြောပြီးနောက် သူက ကျင့်ကြံရေးပညာရှင် အရှိန်အဝါ အပြည့်နှင့် လှည့်ထွက် သွားတော့သည်။

“အင်မော်တယ်ဆရာကြီးလီ... ဒါပဲလား။”

“အနည်းဆုံးတော့ တစ်ခုခု...”

လီကျိုက်ထျန်က စကားနှစ်ခွန်းလောက် ပြောပြီးနောက် ထွက်သွားသည်ကို လင်းဟောက်က မကျေနပ်ပေ။

သူ့စိတ်ထဲတွင်တော့ လီဇိုက်ထျန်၏ အစွမ်းနှင့်ဆိုလျှင် ချန်ဟွိုက်အန်ကို ပါးရိုက်ပြီး မြေကြီးထဲ မြှုပ်ပစ်လိုက်ရမည် ဖြစ်သည်

“ဘာလဲ။ မင်းလို သာမန်လူတစ်ယောက်က ငါ့ကို ဘာလုပ်ရမယ်လို့ အမိန့်ပေးနေတာလား။” လီကျိုက်ထျန်က မျက်လုံးကို မှေးလိုက်ပြီး လင်းဟောက်ကို ပါးတစ်ချက် ရိုက်လွှတ်လိုက်သည်။ “ထွက်သွား...”

ပတ်ဝန်းကျင်ရှိ လူများဆီမှ ရယ်သံများ ထွက်လာတော့သည်။

ချန်ဟွိုက်အန်က ပတ်ဝန်းကျင်ကို လှည့်ကြည့်လိုက်ရာ လီကျိုက်ထျန်လို ဝတ်ဆင်ထားသော လူအများအပြားကို သတိထားမိလိုက်၏။

သူတို့၏ အရှိန်အဝါများက အထက်တန်းလွှာမိသားစုမှ တပည့်များနှင့် မိစ္ဆာနှိမ်းနင်သူများနှင့် လုံးဝ မတူပေ။

အထင်သေးခြင်းမျိုးတော့ မဟုတ်သော်လည်း သာမန်လူများနှင့် လုံးဝ ကွဲပြားနေသည်။

တစ်ချိန်တည်းမှာပင် သူက နောက်ထပ် အရာတစ်ခုကို သတိထားမိလိုက်၏။

သူတို့ အားလုံးတွင်လည်း အနီရောင်နဲ့ ခရမ်းရောင်ချီများကို ဖုံးအုပ်ထားသော ထိုမီးခိုးရောင်ချီ တစ်လွှာ ရှိနေကြခြင်းပင်။

“ဒီလူတွေ အားလုံးက တက်လှမ်းသူတွေလား။ တစ်ခုခုတော့ မှားနေသလိုပဲ...” သူက သူ၏ ဂိမ်းစွမ်းရည်များကို အမှန်တကယ် လွမ်းမိသွားသည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့် အခြေခံ အချက်အလက်များကို သိနိုင်သော စွမ်းရည်မျိုးပင်။

နှမြောစရာကောင်းသည်မှာ ၎င်းက လက်တွေ့ကမ္ဘာမှာ အလုပ်မလုပ်ပေ။

မဟုတ်လျှင် အခုလို ဘာမှမသိဘဲ ဖြစ်နေမည်မဟုတ်။

ပတ်ဝန်းကျင်မှ အမျိုးမျိုးသော ကျင့်ကြံသူများကို ကြည့်ရင်း....

ချန်ဟွိုက်အန် မျက်လုံးများကို မှေးလိုက်သည်။ “တက်လှမ်းသူတွေလား။ စိတ်ဝင်စားစရာပဲ...”

...

All Chapters