← Chapters

မီးတိမ်

Vol. 28 Ch. 280

မီးတိမ်

Vol. 28 Ch. 280

တပည့်မလေးရဲ့ မျက်လုံးထဲကို ပိုးကောင်လေး တစ်ကောင် ဝင်သွားတယ်တဲ့။

အဲဒါဆိုရင်တော့ သေချာပေါက် မှုတ်ထုတ်ပေးရတော့မှာပေါ့။

ရွှေရောင်အနှစ်သာရအဆင့် ကျင့်ကြံသူတစ်ယောက်၏ မျက်လုံးထဲကို ဘယ်လိုပိုးကောင်မျိုး ဝင်နိုင်ကြောင်း ချန်ဟွိုက်အန် သေချာမစဉ်းစားမိပေ။ သူ ရှေ့သို့ နှစ်လှမ်းတိုးလိုက်ပြီးမှ ရုတ်တရက် တုံ့ဆိုင်းသွားသည်။ တစ်ခုခုကို ရိပ်မိသွားလို့မဟုတ်ဘဲ နေ့လယ်စာ ဘာစားခဲ့လဲ၊ ခံတွင်းနံ့ နံနေမလားဆိုသည်ကို စိုးရိမ်သွား၍ပင်။

တခြား ချီစွမ်းအင်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူများက အစာဖြတ်ခြင်းကို ဟန်ပြလောက် လုပ်နေကြပြီ ဖြစ်သည်။

အစားမစားရင် အညစ်အကြေး မစွန့်ရဘူးလေ။ အဲဒါက ခန္ဓာကိုယ်ကို သန့်စင်တဲ့ “အတုအယောင်” ခန္ဓာကိုယ်ဆီကို သွားတဲ့ ခြေလှမ်းတစ်လှမ်းပေါ့။

သို့သော် ချန်ဟွိုက်အန်က အစားအသောက်မရှိသော ဘဝကို လက်မခံနိုင်ပေ။

ကိုကာကိုလာနှင့်ကြက်ကြော် မရှိသောဘဝက သူ့ကို သတ်နေသည်နှင့် အတူတူပင်။

သူ နေ့လယ်စာကို ဝမ်တန်စားခဲ့ပြီး ညစာကို ပဲပြားနုလေးများ စားထားသည်။

ဘာမှတော့ မဖြစ်လောက်ပါဘူးလေ။

ချန်ဟွိုက်အန် နည်းနည်းလေး ထပ်တိုးလိုက်သည်။

လီချင်းရန်ကလည်း သူတို့ကြားမှ အကွာအဝေးကို အနည်းဆုံးဖြစ်အောင် တိတ်တဆိတ် ရှေ့ကို ခြေတစ်ဝက် တိုးလိုက်၏။

မိုရှုမိန် ပြောဖူးတယ်။ အခွင့်အရေးကို ကိုယ့်လက်ထဲအရောက် အမိအရ ဆုပ်ကိုင်တဲ့။

အခုအချိန်မှာ ဆရာက ဒီကမ္ဘာကြီးရဲ့ စွမ်းအားဖိနှိပ်မှုအောက်မှာ အားအနည်းဆုံး ဖြစ်နေတဲ့ အချိန်။ ဒါက သူ့နားကို ကပ်ဖို့ အကောင်းဆုံး အခွင့်အရေးပဲ။

ဆရာ ငါ့ကို ကြည့်တဲ့ အကြည့်ကို ကြည့်ရုံနဲ့ ငါ သိနိုင်တယ်။

ဆရာက အေးစက်ပြီး ဘာမှမသိတဲ့ ကျောက်တုံးကြီး မဟုတ်ဘူး။

သူကလည်း လှပတဲ့ မိန်းကလေးတစ်ယောက်ကို မြင်ရင် မှင်သက်သွားတတ်တာပဲ။

သူ့ရဲ့ မြင့်မားတဲ့ ကျင့်ကြံခြင်းအဆင့်က အဲဒီဆန္ဒတွေကို ဖိနှိပ်ထားလို့သာပေါ့။

အခုဆိုရင် ငါက ရွှေရောင်အနှစ်သာရအဆင့် ရောက်နေပြီ။ ဆရာကတော့ ချီသန့်စင်ခြင်း နဝမအဆင့်ပဲ ရှိသေးတယ်...

ဒါက တိုက်စစ်ဖွင့်ဖို့ အကောင်းဆုံး အခွင့်အရေးပဲ...

ချန်ဟွိုက်အန်က အသက်ကို အောင့်ထားရင်း ငုံ့ကြည့်လိုက်သည်။ “ပိုးကောင်က ဘယ်မှာလဲ။ ဘာမှ မမြင်ရပါလား...”

သူ့အသံက တိုးနေသော်လည်း အနည်းငယ် တုန်ရီနေ၏။

လီချင်းရန်၏ မျက်နှာပေါ်က နူးညံ့သော အမွေးအမျှင်လေးများနှင့် သူ၏ အရည်လဲ့နေသော မျက်ဝန်းထဲမှ သူ၏ပုံရိပ်ကိုပင် မြင်နေရသည်။

“အဲဒါက... တကယ့်ကို ပိုးကောင်သေးသေးလေးပါ။ ဆရာ နည်းနည်းလောက် ထပ်တိုးပြီး ကြည့်ပေးပါလား။”

လီချင်းရန်က ချိုချိုသာသာလေး အကြံပြုလိုက်သည်။

ထပ်တိုးရမယ် ဟုတ်လား။

ချန်ဟွိုက်အန်၏ ရင်ဘတ်ထဲမှ နှလုံးခုန်သံမှာ ဒုန်းဒုန်းနှင့် မြန်လာတော့သည်။

ငါသာ ထပ်တိုးလိုက်ရင် ငါ့နှာခေါင်းက သူ့နဖူးနဲ့ ထိတော့မှာ။ အဲဒါက နည်းနည်းတော့ များမသွားဘူးလား...

ဒါပေမဲ့ ထားလိုက်ပါတော့လေ။

ဒါက လီချင်းရန်ရဲ့ တောင်းဆိုမှုပဲ...

ချန်ဟွိုက်အန်က ဖြည်းဖြည်းချင်း တိုးဝင်သွားသည်။ သူ၏ အသက်ရှူသံများမှာလည်း မမှန်တော့ပေ။

လီချင်းရန်က ရှက်သွေးဖြာနေသော ဆရာဖြစ်သူ၏ မျက်နှာကို စိုက်ကြည့်ရင်း အဝတ်စွန်းကို တင်းတင်းဆုပ်ကာ အကွာအဝေးကို စိတ်ထဲကနေ တွက်ချက်နေသည်။

ငါ ခြေဖျားလေး ထောက်လိုက်ရင် ဆရာနဲ့ အရပ်တူသွားမယ်။

အဲဒီအခါကျရင် ကျောက်ခဲတိုက်မိသလို ဟန်ဆောင်ပြီး ဟန်ချက်ပျက်သလိုမျိုး သူ့ဆီကို မှီချလိုက်မယ်။

ဒါကလည်း မိုရှုမိန် သင်ပေးထားတာပဲ။ အများကြီး စဉ်းစားမနေနဲ့။ ခန္ဓာကိုယ်ချင်း အရင် နီးကပ်အောင်ပဲလုပ်တဲ့။

ငါသာ သူ့ကို နမ်းနိုင်ခဲ့ရင်... အသာလေး ထိရုံတင် ဖြစ်ဖြစ်ပေါ့။ အဲဒါကို အကြောင်းပြပြီး နောက်ပိုင်းမှာ သူ့ကို ကပ်တွယ်လို့ ရပြီလေ။

“အခုထိ ပိုးကောင်ကို မမြင်ရသေးဘူး...”

ချန်ဟွိုက်အန်၏ နှာခေါင်းမှာ လီချင်းရန်၏ နဖူးနှင့် ဆံခြည်တစ်မျှင်သာ ကွာတော့သည်။

သူ၏ တောက်ပကြည်လင်သော မျက်ဝန်းများထဲ ပိုးကောင်က မည်သည့်နေရာတွင် သွားပုန်းနေနိုင်မည်နည်း။

ထို့အပြင် အတည်ပြောရလျှင် လီချင်းရန်က ရွှေရောင်အနှစ်သာရအဆင့် ကျင့်ကြံသူ ဖြစ်၏။ မည်သို့သော ပိုးကောင်မျိုးက ထိုမျက်လုံးထဲ ဝင်နိုင်မည်နည်း...

အသိတရားက သူ့ဆီ ဝင်လာခဲ့လေပြီ။

ထိုအချိန်မှာပင် ခဏတာ တွန့်ဆုတ်ပြီးနောက် လီချင်းရန်က နောက်ဆုံး ခြေဖျားထောက်ကာ ရှေ့တိုးလိုက်တော့သည်။

“အား...”

သူက ခြေခေါက်သွားသလို ဟန်ဆောင်ပြီး ချန်ဟွိုက်အန်ဆီကို လဲကျလိုက်သည်။

သူတို့နှစ်ယောက် ချက်ချင်း တိုက်မိတော့မည့် အခြေအနေပင်။

သို့သော်...

လီချင်းရန်က သူ့ကို ဖောက်ထွက်သွား၏။

ချန်ဟွိုက်အန် - “...”

လီချင်းရန် - “...”

ချန်ဟွိုက်အန်မှာ လုံးဝ မလှုပ်မယှက် ရပ်နေမိသည်။

လီချင်းရန်ကတော့ သူ့ရဲ့ ပုံရိပ်ယောင်ထဲကို သုံးပုံတစ်ပုံ ဖောက်ဝင်လျက်သား လဲကျနေသည့် အနေအထားမှာ တောင့်ခဲသွားတော့သည်။

သူတို့ပတ်ပတ်လည်မှ ပိုးကောင်များ၏ အသံများပင် တိတ်ဆိတ်သွားသယောင်။

လေထုက ကြောက်စရာကောင်းလောက်အောင် ငြိမ်သက်သွား၏။

“ဟို... လီချင်းရန်...”

ချန်ဟွိုက်အန်က တိတ်ဆိတ်မှုကို အရင်ဆုံး ဖြိုခွင်းလိုက်သည်။

“ငါ ပြောချင်တာက သိတယ်မလား။ ဒါက ဒီလောကထဲကို ဆင်းသက်လာတဲ့ ပုံရိပ်ယောင် တစ်ခုပဲ။ အဲဒါကြောင့် ပိုးကောင်က မင်းမျက်လုံးထဲ တကယ် ဝင်လို့မရဘူး။ အဲဒီတော့... အဲဒီပိုးမွှားက မင်းရဲ့ မူလခန္ဓာကိုယ်ထဲမှာများလား။”

“ဆရာ... ကျေး... ကျေးဇူးပြုပြီး အခု ဘာမှ မပြောပါနဲ့တော့...”

လီချင်းရန်က ခေါင်းငုံ့လိုက်သည်။ သူ၏ မျက်နှာမှာ ရဲရဲနီနေပြီး နားရွက်ဖျားလေးများပင် နီရဲတက်လာ၏။

သူ၏မျက်လုံးများမှာ ဟိုဒီ ဝေ့ဝဲနေပြီး မြေကြီးထဲမှာ အပေါက်တစ်ခုခုရှိလျှင် ဝင်ပုန်းလိုက် ချင်တော့သည်။

“ကောင်းပြီလေ။ ကောင်းပြီ။ ဘာမှ မပြောတော့ဘူး။”

ချန်ဟွိုက်အန်က နှာခေါင်းကို ကုတ်ရင်း လိမ္မာပါးနပ်စွာ ပါးစပ်ပိတ်လိုက်သည်။

သူ၏ ဒန်ထျန်ထဲတွင်တော့ နဂါးဝိညာဉ်က တောက်ပစွာ လင်းလက်နေ၏။

တောနက်ထဲမှ ခေါ်သံတစ်ခုကို သူ ထပ်မံ၍ ခံစားလိုက်ရပြန်သည်။ အခုတစ်ခေါက်က အရင်ကထက် ပိုအရေးကြီးနေသလိုပင်။

တစ်ယောက်ယောက်က အကူအညီတောင်းပြီး အော်ဟစ်နေသလိုမျိုးပင်။

သို့သော် ထိုက်ရှန်းတောင်ကို စရောက်ခဲ့စဉ်ကနှင့်ယှဉ်လျှင် အခု ခေါ်သံလာသော နေရာက သိပ်မပြတ်သားတော့ပေ။

နေရာတိုင်းကနေ လာနေသလိုပဲ။ ဘယ်ဘက်ကို သွားသွား ခေါင်းမရှိတဲ့ ကြက်တစ်ကောင်လို ပတ်ချာလည်နေရသလိုမျိုး။

ငါ့ကို ပိုပြီး ပြတ်သားတဲ့ အရိပ်အမြွက်တစ်ခုလောက် မပေးနိုင်ကြဘူးလား။

“ဝေါင်း...”

ရုတ်တရက် ကျယ်လောင်လှသော ဟိန်းသံကြီးတစ်ခု အနီးအနားမှာတင် ပေါက်ကွဲ၍ ထွက်လာသည်။

ခြင်္သေ့တစ်ကောင်၏ ဟိန်းသံကို အဆပေါင်း တစ်ထောင်လောက် ချဲ့ထားသလို၊ ဒေါသများနှင့် သတ်ဖြတ်လိုစိတ်များ အပြည့်ပါနေသည်။

ချန်ဟွိုက်အန် မော့ကြည့်လိုက်သောအခါ မီးတိမ်တစ်ခုက သူတို့ဆီကို အရှိန်အဟုန်နှင့် ပြေးလာနေပြီး ကောင်းကင်တစ်ဝက်ကို ချက်ချင်း နီရဲသွားစေသည်ကို တွေ့လိုက်ရ၏။

“အဲဒီသတ္တဝါကို အလွတ်မပေးကြနဲ့...” ကျင့်ကြံသူတစ်ယောက်က အော်ပြောလိုက်သည်။

“သားရဲကောင်... အခုချက်ချင်း ရပ်လိုက်စမ်း...”

လူအချို့က ကောင်းကင်တွင် ပျံသန်းရင်း မီးတိမ်နောက်ကို လိုက်နေကြသည်။

မီးတိမ်အောက်မှ တောအုပ်ထဲမှာလည်း လူအတော်များများ လှုပ်ရှားနေကြ၏။

ကောင်းကင်တွင် ပျံနေသူများက အခြေခံတည်အုတ်မြစ်အဆင့် ကျင့်ကြံသူများ၊ သို့မဟုတ် သူတို့ဘာသာသူတို့ တက်လှမ်းသူများဟု ခေါ်ကြသူများပင်။

မြေပြင်တွင် ပြေးနေသူများက ချီသန့်စင်ခြင်းအဆင့် ကျင့်ကြံသူများပင်။ မီးတိမ်နောက်ကို လူအယောက် ဒါဇင်နှင့်ချီပြီး လိုက်နေကြလေသည်။

မီးတိမ်က ကောင်းကင်တွင် ဝဲပျံနေ၏။

အစက အနောက်ဘက်ကို သွားနေသော်လည်း ရုတ်တရက် အရှေ့ဘက်ကို ကွေ့ချလိုက်သည်။ ချန်ဟွိုက်အန်နှင့် လီချင်းရန်တို့ ရှိရာဆီသို့ တည့်တည့်မတ်မတ်ပင်။

“အား... သွားပြီ...”

မီးတိမ် သူတို့ဆီ ပြေးလာတာကို မြင်လိုက်ရသော် ချန်ဟွိုက်အန် အန္တရာယ်အငွေ့အသက်ကို အကြီးအကျယ် ခံစားလိုက်ရ၏။

ထိုသတ္တဝါက ဒဏ်ရာရထားသော်လည်ညး သူထုတ်လွှတ်နေသော အရှိန်အဝါက အခုအချိန် ချန်ဟွိုက်အန် လုံးဝရင်မဆိုင်နိုင်သော အရာမျိုးပင်။

“ဆရာ... ကျွန်မနောက်မှာ နေပါ။”

လီချင်းရန်က ချန်ဟွိုက်အန်၏ ရှေ့သို့ တက်ရပ်လိုက်သည်။ သူ၏ စုရွှမ်ဓားမှာ ဓားအိမ်ထဲက ထွက်လာခဲ့ပြီဖြစ်ပြီး သူ၏မျက်ဝန်းများမှာ စူးရှထက်မြက်နေ၏။

သူ၏ တကိုယ်လုံးတွင် ဓားအရှိန်အဝါနှင့် သတ်ဖြတ်ခြင်းအငွေ့အသက်များက လွှမ်းခြုံနေပြီး ပြင်းထန်လှသည်။

ထိုအချိန် သူက ဆရာ့ရှေ့တွင် ရှက်နေသော တပည့်မလေး မဟုတ်တော့ပေ။ သေသေချာချာ သွေးထားသော ဓားတစ်လက် ဖြစ်သွားလေပြီ။

[ ဆရာကြီး...ကယ်ပါဦး... ]

အားနည်းလှသော အသံတစ်ခုက ချန်ဟွိုက်အန်၏ စိတ်ထဲတွင် ပဲ့တင်ထပ်သွားသည်။

သူ၏အကြည့်က မီးတိမ်ပေါ်ကို ရောက်သွားသည်။ ထိုအသံက ဘယ်ကလာလဲဆိုသည်ကို သူ ချက်ချင်း သိလိုက်လေပြီ။

“ချင်းရန်... အဲဒီမီးတိမ်ကို အထဲပေးဝင်လိုက်။”

“ဟုတ်ကဲ့ပါ ဆရာ...”

လီချင်းရန်က တစ်စက္ကန့်မျှပင် တွန့်ဆုတ်မနေခဲ့ပေ။

မီးတိမ်ထဲတွင် မိစ္ဆာစွမ်းအင် အများအပြား ပါနေသော်လည်း သူနှင့် သူ့ဆရာအပေါ်တွင်တော့ သတ်ဖြတ်လိုစိတ် အစအနမျှ မရှိပေ။

ထိုသတ္တဝါက ချန်ဟွိုက်အန်ကို မှတ်မိ၍ တမင်သက်သက် သူရှိရာကို ပြေးလာခဲ့သည်မှာ ထင်ရှားလှသည်။

မီးတိမ်က ချန်ဟွိုက်အန်ရှေ့တွင် ရပ်တန့်သွားပြီးနောက် လျင်မြန်စွာ ကျုံ့ဝင်သွားကာ အနီရောင် ကြယ်ပွင့်လေးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ချန်ဟွိုက်အန်၏ ဒန်ထျန်ထဲသို့ တိုးဝင်သွားတော့သည်။

လိုက်လံဖမ်းဆီးနေသော ကျင့်ကြံသူများလည်း အခင်းဖြစ်ပွားရာနေရာသို့ အမြန် ရောက်လာကြသည်။

သူတို့က မီးတိမ်မှာ ချန်ဟွိုက်အန်ထဲ ပျောက်ကွယ်သွားသည်ကို မမြင်လိုက်ကြပေ။

သူတို့ သိသည်မှာ ထိုနေရာကိုရောက်သည်နှင့် မီးတိမ် ပျောက်သွားပြီ ဆိုသည်ပင်။

“ဟေ့... မင်းတို့ နှစ်ယောက်။ ဒီနားကနေ ဇာမဏီမီးတိမ်မြွေ ဖြတ်သွားတာ မြင်လိုက်လား။”

ခေါင်းဆောင်ဖြစ်သူက ဟောက်လိုက်သည်။

သူက ခေတ်ဟောင်းနှင့်ခေတ်သစ် ရောထားသော ဝတ်စုံတိုကို ဝတ်ထားသည်။ ရှေးဟောင်း ဝတ်စုံနှင့် အားကစားဖိနပ် တွဲစီးထားသလိုမျိုးပင်။

သေချာပေါက် လျို့ဝှက်ဂိုဏ်းကလူပင်။

ချန်ဟွိုက်အန်က ခေါင်းခါလိုက်သည်။ “ဇာမဏီမြွေဆိုတာ ဘာလဲ မသိဘူး။ မီးတိမ် တစ်ခုတော့ ခေါင်းပေါ်ကနေ ဖြတ်ပျံသွားပြီး တောင်တစ်ဖက်ခြမ်းမှာ ပျောက်သွားတာပဲ မြင်လိုက်တယ်။”

“တကယ်လား။”

ထိုလူက သံသယရှိသလို မျက်မှောင်ကြုတ်ကြည့်ရင်း လီချင်းရန်ပေါ်ကို အကြည့် ရောက်သွားသည်။

သူ့မျက်လုံးများက အံ့ဩသွားပြီး တောက်ပလာ၏။

တကယ့်ကို မိန်းမလှလေးပဲ...

ဂိုဏ်းတွေထဲမှာ ဆယ်နှစ်လောက် ကျင့်ကြံနေခဲ့တဲ့ နာမည်ကြီး အလှပဂေးတွေထက်တောင် အများကြီး ပိုလှသေးတယ်။

ခြားနားချက်ကတော့ လူလုပ်ကျောက်စိမ်းနဲ့ သဘာဝအတိုင်း ထွင်းထုထားတဲ့ လက်ရာမွန် တစ်ခုလိုပဲ။

“မင်းတို့က ဘယ်ဂိုဏ်းက တက်လှမ်းသူတွေလဲ။”

သူက မောက်မာစွာဖြင့် မေးစေ့ကို မော့လိုက်သည်။ “ငါက ကျန့်ယီဂိုဏ်းရဲ့ တိုက်ရိုက်တပည့် လော့ယွန်းပဲ။ ငါတို့က ဘုရင်အဆင့် သားရဲတစ်ကောင်ကို လိုက်နေတာ။ မင်းတို့နှစ်ယောက် ငါတို့နဲ့ ပူးပေါင်းမလား။ ဒါဆိုရင် ပိုပြီးတော့ ဘေးကင်းမယ်။ ပြီးတော့ ရမှတ်တွေကိုလည်း ခွဲရမှာပေါ့။”

လျို့ဝှက်ဂိုဏ်းတစ်ခုချင်းစီမှ သားရဲဖမ်းပြိုင်ပွဲကို လူဘယ်နှစ်ယောက် စေလွှတ်နိုင်သလဲ ဆိုသည်မှာ ဂိုဏ်း၏အင်အားပေါ်တွင် မူတည်သည်။

သူတို့နှစ်ယောက်တည်း ရှိနေသည်ကို မြင်သော် လော့ယွန်းက သူတို့ကို ဂိုဏ်းငယ်လေး တစ်ခုက လူများဟု ထင်ပြီး အနိုင်ကျင့်၍ ရလိမ့်မည်ဟု ယူဆလိုက်ခြင်းပင်။

“ဟဲဟဲ၊ ရပါတယ်။ ကျေးဇူးပါပဲ။ ကျွန်တော်တို့က တစ်ယောက်တည်းပဲ အလုပ်လုပ်ရတာ ကျင့်နေလို့။ ခင်ဗျားတို့ကို ဒုက္ခမပေးချင်ပါဘူး။”

ချန်ဟွိုက်အန်က ယဉ်ကျေးစွာ လက်ယှက်ကာ နှုတ်ဆက်လိုက်သည်။

သူက ထိုမီးတိမ်အကြောင်းကို လေ့လာရန် လိုအပ်နေသည်ဖြစ်ရာ ထိုလူများနှင့် ရောနေသည်က အချိန်ဖြုန်းခြင်းသာ ဖြစ်ပေလိမ့်မည်။

လော့ယွန်း၏မျက်နှာ ပျက်သွားသည်။ “ဘာလဲ။ မင်းက ငါတို့ ကျန့်ယီဂိုဏ်းကို အထင်သေး နေတာလား။”

သူ့စကား မဆုံးခင်မှာပင် အနောက်မှ ကျန့်ယီဂိုဏ်းသားများ အားလုံးသည် ရန်လိုသော မျက်နှာပေးများနှင့် တစ်ခုခုလုပ်ရန် အဆင်သင့် ဖြစ်နေကြလေပြီ။

ချန်ဟွိုက်အန် ခေတ္တရပ်လိုက်သည်။ သူ၏ ယဉ်ကျေးသော အပြုံးများ ပျောက်ကွယ်သွားပြီး အဘိုးကြီးတစ်ယောက်လို ကြင်နာတတ်တဲ့ အပြုံးမျိုးက နေရာယူလာ၏။

“ကောင်းပြီလေ။ ဒါဆိုရင် ငါက ခင်ဗျားတို့ကို အထင်ကြီး ပေးရတာပေါ့။”

ကောင်းကောင်းပြောလို့ မရရင်တော့ အဆိုးနဲ့ ရင်ဆိုင်ရတော့မှာပေါ့။

ချန်ဟွိုက်အန်၏ မျက်နှာမှာ အေးစက်သွား၏။

သူ့နှုတ်ခမ်းမှ စကားလုံးတစ်လုံးက ဓားတစ်လက်လို ထွက်ပေါ်လာသည်။

“သတ်...”

...

All Chapters