← Chapters

အခန်း (၁၉၉-၂၀၀)

Vol. 10 Ch. 199-200

အခန်း (၁၉၉-၂၀၀)

Vol. 10 Ch. 199-200

အပိုင်း (၁၉၉) စစ်တပ်ရေဒီယိုအသံလွှင့်ချက်နှင့် အကာအကွယ်သင်္ကေတ နည်းပညာ

ဤယူဆချက်မှာ ဖြစ်နိုင်ခြေ အလွန်များပေသည်။

လောကကြီးရှိ စွမ်းအင်ကျောက်တုံးတိုင်း တူညီနေရမည်ဟူသော အကြောင်းပြချက် မရှိပေ။

အစွမ်းအမျိုးအစားများစွာ ရှိနေမှတော့ စွမ်းအင်ကျောက်တုံးများတွင်လည်း သေချာပေါက် အမျိုးအစား ကွဲပြားမှု ရှိရပေမည်။

ဤအနီရောင် စွမ်းအင်ကျောက်တုံးသည် ပေါက်ကွဲမြှား ပေါက်ကွဲစေရန်အတွက် အဓိကသော့ချက် ဖြစ်လောက်သည်။

သို့သော် ဤစွမ်းအင်ကျောက်တုံး အတွင်းမှ စွမ်းအင်ကို မည်သို့ ဆွဲထုတ်အသုံးပြုရမည်နည်း ဆိုသည်မှာ ခရာကျဆုံးသော အချက်ဖြစ်နေပြန်သည်။

လင်းယွမ်သည် မြှားတံပေါ်ရှိ စွမ်းအင်ကျောက်တုံး တစ်ဝိုက်ကို အကဲခတ်ကြည့်လိုက်ရာ မြှားတံပေါ်တွင် ထွင်းထုထားသော သေသပ်နူးညံ့သည့် သင်္ကေတတစ်ခုကို ရုတ်တရက် သတိပြုမိလိုက်သည်။

ထိုသင်္ကေတ၏ အဆုံးသတ်မျဉ်းသည် အနီရောင်မြှားခေါင်းနှင့် ချိတ်ဆက်ထားသည်။

အစမျဉ်းကြောင်းမှာမူ မြှားတံအတွင်းပိုင်းသို့ ထိုးဖောက်ဝင်ရောက်နေသည်။

လင်းယွမ် စိတ်ဝင်စားသွားပြီး မြှားမြီးပိုင်းကို လှမ်းကြည့်လိုက်မိသည်။

မြှားမြီးကို သစ်ရွက်ဖြင့် ပြုလုပ်ထားပြီး ပုံမှန်မြှားတံများကဲ့သို့ပင် တြိဂံပုံစံ ယှဉ်တွဲလျက် ရှိသည်။

လင်းယွမ်သည် မြှားတံအတွင်းပိုင်းကို အကဲခတ်ကြည့်လိုက်ရာ ဝါးပြွန်အတွင်း၌ တစ်စုံတစ်ခု ပိတ်ဆို့နေသည်ကို တွေ့လိုက်ရသည်။

သူ စိတ်ဝင်စားသွားကာ သံနန်းကြိုးတစ်ချောင်းကို ရှာယူပြီး အတွင်းရှိပစ္စည်းကို ထိုးဖောက်၍ အပြင်သို့ သွန်ချလိုက်လေသည်။

မြေကြီးခဲ အပိုင်းအစ အချို့ ကျလာပြီးနောက် ၎င်းနှင့်အတူ အနီရောင် အမှုန့်များပါ ကပ်ပါလာသည်။

လင်းယွမ်သည် မြေကြီးခဲများကို စစ်ဆေးကြည့်ရာ သာမန်ရွှံ့စေးမြေများ ဖြစ်ကြောင်း အတည်ပြုနိုင်လိုက်ပြီးနောက် အနီရောင် အမှုန့်များကို ဆက်လက် လေ့လာကြည့်လိုက်သည်။

ထိုအနီရောင် အမှုန့်များတွင် အားပျော့သော စွမ်းအင် လှိုင်းတက်ကြွမှုများ ရှိနေသည်။

ဒါသည် စွမ်းအင်ကျောက်တုံး အမှုန့်များ ဖြစ်ရမည်ဟု သူချက်ချင်း နားလည်လိုက်သည်။

လင်းယွမ်သည် မြှားတံပေါ်ရှိ သင်္ကေတ တည်နေရာနှင့် အနီရောင်အမှုန့် ပမာဏကို နှိုင်းယှဉ်ကြည့်လိုက်ရာ တစ်စုံတစ်ခုကို စဉ်းစားမိသွားပုံဖြင့်...

"အနီရောင် စွမ်းအင်ကျောက်မှုန့် ပမာဏက ဒီသင်္ကေတ ရေးထိုးထားတဲ့နေရာလောက်အထိပဲ ရှိတာ... ကျန်တဲ့နေရာတွေက ရွှံ့စေးမြေတွေနဲ့ ဖိသိပ်ဖြည့်ထားတာပဲ"

"ဒါက ဘာသဘောလဲ... သင်္ကေတနဲ့ အနီရောင် စွမ်းအင်ကျောက်မှုန့်တွေကို သေချာ ထိတွေ့စေချင်လို့လား"

လင်းယွမ် သေချာ နားမလည်သေးပေ။ သူသည် ပေါက်ကွဲမြှားကို ခေတ္တဘေးချကာ မှတ်စုစာအုပ်ဘက်သို့ အာရုံပြောင်းလိုက်သည်။

မှတ်စုစာအုပ်ကို ဖွင့်လိုက်သည်နှင့် ဟုန်ဖူ ရေးသားထားသော နှုတ်ခွန်းဆက်စာကို တွေ့လိုက်ရသည်။

"ဆရာလင်းယွမ် ကိုယ်တိုင်ဖတ်ရှုရန်... ယနေ့တွင် ဤကဲ့သို့သော နည်းလမ်းဖြင့် ဆရာလင်းနှင့် သိကျွမ်းခွင့် ရလိုက်သည်မှာ အမှန်တကယ်ပင် စိတ်မကောင်းစရာ ဖြစ်ရပါသည်။"

"သို့သော် ရှင်သန်ရပ်တည်ရာ နေရာသည် အကန့်အသတ်ရှိသဖြင့် ကျွန်ုပ်တို့မှာ မလွှဲမရှောင်သာ ဆောင်ရွက်ခဲ့ရခြင်း ဖြစ်ပါသည်။ ဤသည်ကို ဆရာလင်းအနေဖြင့် နားလည်ပေးနိုင်မည်ဟု မျှော်လင့်မိပါသည်"

"ပေါက်ကွဲသင်္ကေတ နည်းပညာသည် ကွမ်ဖူစစ်ဘက်မှ ထုတ်ဖော်ပြသခဲ့သော သင်္ကေတနည်းပညာကြီး (၃) ခုအနက် တစ်ခုဖြစ်ပြီး လက်ရှိတွင် ကျွန်ုပ်တို့ ဖုန်းဟွမ်ဘုရားကျောင်းစခန်း တစ်ခုတည်းကသာ ဤနည်းပညာကို အပြည့်အဝ ပိုင်ဆိုင်ထားခြင်း ဖြစ်ပါသည်"

ဤနေရာသို့ရောက်မှ ထူလုံတို့၏ စခန်းသည် ထို ဖုန်းဟွမ်ဘုရားကျောင်းကို အစွဲပြု၍ အမည်ပေးထားခြင်းဖြစ်ကြောင်း လင်းယွမ် သိလိုက်ရသည်။

"အောက်ပါတို့မှာ ဤသင်္ကေတနည်းပညာ၏ အဓိကသော့ချက် အချက်အလက်များ ဖြစ်ပါသည်"

"ပထမဆုံးအနေဖြင့် သင်္ကေတနည်းပညာတွင် ၎င်းသင်္ကေတ ရေးဆွဲနည်းကို တတ်မြောက်ထားရန် လိုအပ်ပါသည်"

"ဤသင်္ကေတမျိုးကို မီးဓာတ်သဘာဝရှိသော သန္ဓေပြောင်းသတ္တဝါများ၏ ခန္ဓာကိုယ်ပေါ်တွင်သာ တွေ့ရှိနိုင်ပြီး လက်ရှိတွင် ကျွန်ုပ်တို့လည်း တစ်မျိုးတည်းကိုသာ ရှာဖွေတွေ့ရှိထားပါသေးသည်။ ဤအချက်အတွက် ဆရာလင်း အနေဖြင့် သက်ဆိုင်ရာ သင်္ကေတကို ကိုယ်တိုင် ရှာဖွေရပါလိမ့်မည်။ ကျွန်ုပ်တို့ ဖုန်းဟွမ်ဘုရားကျောင်းစခန်း အနေဖြင့် ပံ့ပိုးပေးနိုင်မည် မဟုတ်ပါ"

"သင်္ကေတကို ရှာဖွေတွေ့ရှိပြီးနောက် ပုံတူကူးယူရေးဆွဲရာတွင် အောင်မြင်ပြီဆိုပါက သင်္ကေတ၏ အစွမ်းထက်မြက်မှုကို နှိုးဆွနိုင်ရန်အတွက် မီးဓာတ်သဘာဝရှိသော စွမ်းအင်ကျောက်တုံးကို လက်ခံပစ္စည်းအဖြစ် ရှာဖွေအသုံးပြုရမည် ဖြစ်ပါသည်"

"ဥပမာ တင်စားရလျှင် သင်္ကေတသည် ယမ်းကြိုးဖြစ်ပြီး စွမ်းအင်ကျောက်တုံးသည် လောင်စာဖြစ်သည်။ ပေါက်ကွဲမှု ပြင်းထန်ခြင်း ရှိမရှိသည် စွမ်းအင်ကျောက်တုံးတွင် ပါဝင်သော စွမ်းအင်ပမာဏအပေါ် လုံးလုံးလျားလျား မူတည်ပါသည်"

"အထက်ပါအချက်များမှာ သင်္ကေတနည်းပညာ၏ လျှို့ဝှက်ချက်များ ဖြစ်ပါသည်"

......

လင်းယွမ်သည် မှတ်စုစာအုပ်ပါ အကြောင်းအရာများကို ဖတ်ရှုပြီးနောက် မျက်နှာထား တင်းမာခက်ထန်သွားလေသည်။

စာလုံးရေ အများအပြား ရေးသားထားသော်လည်း အဓိကကျသည့် အနှစ်သာရကိုမူ ထိုခွေးမသားက လုံးဝ ထည့်သွင်းဖော်ပြထားခြင်း မရှိပေ။

ပထမဆုံး လိုအပ်ချက်ဖြစ်သည့် သင်္ကေတကို မီးဓာတ်သဘာဝရှိသော သန္ဓေပြောင်းသတ္တဝါများ၏ ခန္ဓာကိုယ်မှ ရှာဖွေရမည်ဆိုသော အချက်ဖြစ်သည်။

ဤလုပ်ငန်းစဉ်သည် လင်းယွမ် ယခင်က လိပ်ကြီးကိုသတ်၍ လိပ်ခွံပေါ်မှ သင်္ကေတကို ရယူခဲ့သည်နှင့် အတူတူပင် ဖြစ်သည်။

ထို့နောက် မီးဓာတ်သဘာဝရှိသော စွမ်းအင်ကျောက်တုံး။

လင်းယွမ် ထင်ထားသည့်အတိုင်းပင် စွမ်းအင်ကျောက်တုံးများ၌လည်း ဓာတ်သဘာဝ အမျိုးအစားများ ကွဲပြားနေသည်။

အနီရောင် စွမ်းအင်ကျောက်တုံးသည် မီးဓာတ်သဘာဝ ဖြစ်သည်။

လင်းယွမ်သည် မိမိလက်ထဲရှိ အဖြူရောင် စွမ်းအင်ကျောက်တုံးကို ငုံ့ကြည့်လိုက်မိသည်။ ဒါကရော ဘာဓာတ်သဘာဝ အမျိုးအစားလဲ။

သူ မျက်မှောင်ကြုတ်လိုက်မိသည်။ လောလောဆယ် ခွဲခြားရန် မလွယ်ကူသေးပေ။

အနီရောင် စွမ်းအင်ကျောက်တုံးသည် သင်္ကေတ ပေါက်ကွဲရန်အတွက် စွမ်းအင်အရင်းအမြစ်ကို ထောက်ပံ့ပေးသည်။

ဒါသည် သူကိုယ်တိုင် လိပ်ခွံကို နဖူးပေါ်ကပ်၍ မိမိ၏ စိတ်စွမ်းအင်ကို အရင်းအမြစ်အဖြစ်သုံးကာ လိပ်ခွံပေါ်ရှိ စိတ်စွမ်းအင် အကာအကွယ်သင်္ကေတကို မောင်းနှင်သည်နှင့် ဆင်တူသည်။

သဘောတရားချင်း အတူတူပင်။

ကွာခြားချက်မှာ စွမ်းအင်ကျောက်တုံးမှ စွမ်းအင်ထောက်ပံ့ပေးပါက သာမန်လူများပင်လျှင် ဤပေါက်ကွဲမြှားကို အသုံးပြုနိုင်ခြင်း ဖြစ်သည်။

အစွမ်းပိုင်ရှင် ဖြစ်ရန် မလိုအပ်ပေ။

သို့သော် ဟုန်ဖူဆိုသော အကောင်ဟောင်းကြီးက မီးဓာတ်သဘာဝ စွမ်းအင်ကျောက်တုံးကို မည်သည့်နေရာမှ ရရှိနိုင်ကြောင်း လုံးဝ ထည့်မရေးထားပေ။

"နေဦး... သတ္တုတွင်းနယ်မြေ..."

လင်းယွမ် ရုတ်တရက် သတိရလိုက်သည်။ ကျိဖုန်း စကားမှားပြီး ပြောထွက်လာခဲ့ဖူးသော ဝေါဟာရတစ်ခု ဖြစ်သည်။

ဒီသတ္တုတွင်းနယ်မြေ ဆိုတာကများ မီးဓာတ်သဘာဝ စွမ်းအင်ကျောက်တုံးတွေ ရှိတဲ့နေရာလား။

လင်းယွမ်၏ မျက်လုံးများ အရောင်တောက်လာသည်။ ဤကိစ္စတွင် ကြီးမားသော လျှို့ဝှက်ချက်တစ်ခု ရှိနေနိုင်သည်ဟု သူ ခံစားလိုက်ရသည်။

"ကြည့်ရတာ ထိုက်ယန်တောင် ပတ်ဝန်းကျင်ဒေသကို စူးစမ်းရှာဖွေဖို့ကိစ္စကိုလည်း အစီအစဉ်ထဲ ထည့်ထားရတော့မယ်"

"အင်း... အရေးအကြီးဆုံးကတော့ ဂူစခန်းကို အရင်ဆုံး အပြီးသတ်ရမယ်... ပြီးရင်တော့ အကာအကွယ်လုပ်ငန်းစဉ်တွေ လုပ်ရမယ်"

လင်းယွမ် ကောင်းကောင်း နားလည်ထားသည်။ ရှင်သန်နေထိုင်စရာ နေရာထိုင်ခင်း ရှိမှသာ ဖြည်းဖြည်းချင်း ဖွံ့ဖြိုးတိုးတက်လာပြီး အပြင်သို့ ထွက်ကာ စူးစမ်းရှာဖွေနိုင်မည် ဖြစ်သည်။

"အစ်ကိုလင်း... အစ်ကိုလင်း..."

ထိုစဉ် အောက်ထပ်မှ လှမ်းခေါ်သံတစ်ခု ထွက်ပေါ်လာသည်။ နားထောင်ရသည်မှာ တုံယန်၏ အသံဖြစ်ပုံရသည်။

လင်းယွမ်သည် ချက်ချင်းပင် ဂူထဲမှ ထွက်လာပြီး ဗီရိုထဲမှတဆင့် အပြင်သို့ ထွက်လိုက်ရာ တုံယန်နှင့် တုံကျဲတို့ တက်လာသည်ကို တွေ့လိုက်ရသည်။

သူတို့နှင့်အတူ ကျောက်ခိုင်၊ တင်းယန်၊ ရန်ရှန်းမင် စသည့် လူအုပ်ကြီးလည်း ပါလာကြသည်။

လင်းယွမ် အံ့ဩသွားပြီး "ဘာဖြစ်ကြတာလဲ" ဟု မေးလိုက်သည်။

တုံကျဲက စိတ်လှုပ်ရှားစွာဖြင့် "ရေဒီယို... ရေဒီယို ရပြီဗျ... ကွမ်ဖူစစ်တပ်စခန်းက လွှင့်တာတဲ့" ဟု အော်ပြောလိုက်သည်။

သူသည် ရေဒီယိုအသံကို ချဲ့လိုက်ပြီး လင်းယွမ်ထံ ကမ်းပေးလိုက်သည်။

လင်းယွမ် ရေဒီယိုကို အမြန်လှမ်းယူလိုက်ရာ အတွင်းမှ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး စကားပြောနေသံကို ကြားလိုက်ရသည်။

လင်းယွမ် လက်ပတ်နာရီကို တစ်ချက် ကြည့်လိုက်သည်။ ည ၇ နာရီကျော်နေပြီ ဖြစ်သည်။

ရေဒီယို ပုံမှန်အသံလွှင့်ချိန်မှာ ဤအချိန်လောက် ဖြစ်ပုံရသည်။

"သောတရှင်များရှင်... ဒီနေ့မှာတော့ အကာအကွယ်သင်္ကေတ ပြုလုပ်ပုံအဆင့်ဆင့်ကို ရှင်းပြပေးဖို့အတွက် ဒေါက်တာဖန်ရှင်းကို ဖိတ်ခေါ်ထားပါတယ်"

"သင် ဘယ်နေရာမှာပဲ ရောက်နေပါစေ... မျှော်လင့်ချက်လေး တစ်စွန်းတစ်စ ရှိနေသရွေ့ ကျေးဇူးပြုပြီး ဆက်လက် ကြံ့ကြံ့ခံပေးကြပါ... လူသားတွေဟာ ဒီဆင့်ကဲပြောင်းလဲခြင်း လမ်းကြောင်းကြီးထဲကနေ အသက်ရှင်လွတ်မြောက်နိုင်မယ့် လမ်းစကို အဆုံးသတ်မှာ ရှာတွေ့နိုင်မှာပါ"

"သောတရှင်များ အားလုံးပဲ မင်္ဂလာပါခင်ဗျာ... ကျွန်တော်ကတော့ ဖန်းရှင်း ပါ... အားလုံးနဲ့ ထပ်မံဆုံတွေ့ရလို့ ဝမ်းသာပါတယ်... အဲ... အသံနဲ့ ဆုံတွေ့တာကိုလည်း ဆုံတွေ့တယ်လို့ပဲ သတ်မှတ်ရမှာပေါ့နော်... ဟားဟား"

ဒေါက်တာဖန်း၏ အသံမှာ အသက် ၅၀ ကျော် အရွယ်ခန့်ရှိပြီး ယဉ်ကျေးသိမ်မွေ့သော ပညာရှင်လေသံ ပေါက်လေသည်။

အမျိုးသမီးအစီအစဉ်မှူး၏ အသံမှာမူ ပြတ်သားပြီး ထက်မြက်သည့် ပုံစံရှိကာ စစ်ဘက်ဆိုင်ရာ ဝန်ထမ်းတစ်ဦး၏ လက္ခဏာနှင့် ကိုက်ညီနေသည်။

အစီအစဉ်မှူးမှ လိုရင်းကို တန်းမေးလိုက်သည်ကို ကြားလိုက်ရသည်။

"ဒေါက်တာဖန်းရေ... ဒီအကာအကွယ်သင်္ကေတကို ဘယ်လို စတင်တွေ့ရှိခဲ့လဲ ဆိုတာ အားလုံးသိအောင် အသေးစိတ် ရှင်းပြပေးလို့ ရမလားရှင်"

ဒေါက်တာဖန်း ။ ။ "အကာအကွယ်သင်္ကေတကို တွေ့ရှိခဲ့ပုံက အရင်တုန်းက ကျွန်တော်တို့ တွေ့ရှိခဲ့တဲ့ ပေါက်ကွဲသင်္ကေတတို့ မီးလျှံသင်္ကေတတို့နဲ့ သိပ်မတူပါဘူး... ဒါက မြေဓာတ်သဘာဝရှိတဲ့ စွမ်းအင်သင်္ကေတ တစ်မျိုးပါ"

"စွမ်းအင်သင်္ကေတတွေ ရှိတယ်ဆိုတာကို ပထမဆုံး စတင်တွေ့ရှိခဲ့ချိန်ကစပြီး စစ်ဘက်ဌာနချုပ်ကနေ အထူးလုပ်ငန်းတပ်ဖွဲ့တွေ စေလွှတ်ပြီးတော့ သန္ဓေပြောင်းသတ္တဝါ အမျိုးမျိုးကို အမဲလိုက်ဖို့၊ စွမ်းအင်သင်္ကေတတွေ ရှာဖွေဖို့ တာဝန်ပေးခဲ့ပါတယ်"

"လက်ရှိ တွေ့ရှိချက်တွေအရဆိုရင်... သန္ဓေပြောင်းဖို့ မအောင်မြင်ခဲ့တဲ့ လူသားသန္ဓေပြောင်း သတ္တဝါတွေရဲ့ ခန္ဓာကိုယ်ထဲမှာ... စွမ်းအင်သင်္ကေတတွေ ပါဝင်နိုင်ခြေ အများဆုံးပါပဲ"

"ပြီးတော့ ဒီလို လူသားပုံစံ သန္ဓေပြောင်းသတ္တဝါတွေဆီက ရတဲ့ သင်္ကေတတွေက... ကုဒ်ဖော်ရ အလွယ်ဆုံးနဲ့ ကျွန်တော်တို့ နားလည်သဘောပေါက်ဖို့ အလွယ်ကူဆုံး ဖြစ်ပါတယ်"

"အခုပြောမယ့် အကာအကွယ်သင်္ကေတ ဆိုတာကလည်း ကျွန်တော်တို့ သန္ဓေပြောင်းဖို့ မအောင်မြင်ခဲ့တဲ့ မြေဓာတ်သဘာဝ သန္ဓေပြောင်းလူသားတစ်ယောက်ရဲ့ အလောင်းကို ခွဲစိတ်စစ်ဆေးရာကနေ ရရှိခဲ့တာပါ"

"သူ့ရဲ့ အာနိသင်ကတော့ ရုပ်ဝတ္ထုပစ္စည်းတွေရဲ့ ခံနိုင်ရည်စွမ်းအားကို အဆမတန် မြှင့်တင်ပေးနိုင်တာ ဖြစ်ပါတယ်"

"အဲဒီ သန္ဓေပြောင်းလူသား စပြီး မိစ္ဆာကောင် ဖြစ်သွားတုန်းက သူ့ခန္ဓာကိုယ်မှာ အရမ်းပြင်းထန်တဲ့ အကာအကွယ်စွမ်းရည်တွေ ပေါ်လာတယ်။ စက်သေနတ်တွေနဲ့ ပစ်တာ၊ သံချပ်ကာဖောက် ကျည်ဆန်တွေနဲ့ ပစ်တာတောင် သူ့ရဲ့ အရေပြားကို မဖောက်နိုင်ခဲ့ဘူး"

"နောက်ဆုံးတော့ စွမ်းအားကြီးတဲ့ အစွမ်းပိုင်ရှင် တော်တော်များများ ပူးပေါင်းတိုက်ခိုက်မှပဲ သူ့ကို နိုင်လိုက်တာပါ"

အစီအစဉ်မှူး ။ ။ "ဒါဆိုရင် ဒီအကာအကွယ်သင်္ကေတက ဘာတွေသုံးလို့ရလဲ... ဘယ်နေရာတွေမှာ အသုံးဝင်လဲရှင့်"

ဒေါက်တာဖန်း ။ ။ "အရိုးရှင်းဆုံး အသုံးပြုပုံကတော့ အကာအကွယ်သင်္ကေတကို ခိုလှုံရာစခန်းတွေရဲ့ ပတ်ဝန်းကျင်မှာ တပ်ဆင်ထားလို့ ရပါတယ်... ခိုလှုံရာစခန်းက ပြင်ပတိုက်ခိုက်မှုတွေနဲ့ ကြုံလာရတဲ့အခါ အကာအကွယ်သင်္ကေတက အလိုအလျောက် ပွင့်လာပြီး ခိုလှုံရာစခန်းရဲ့ ခံတပ်တွေကို ချက်ချင်း ပိုမိုခိုင်မာစေမှာပါ... စခန်းရဲ့ လုံခြုံရေးအဆင့်အတန်းကို အများကြီး မြှင့်တင်ပေးနိုင်ပါတယ်"

"နောက်ပြီးတော့ တစ်ကိုယ်ရေ အန္တရာယ်ကြုံလာတဲ့အခါမှာလည်း အကာအကွယ်သင်္ကေတက အစွမ်းပြပါတယ်... ကိုယ့်ရဲ့ ဘေးပတ်လည်မှာ အကာအကွယ်ဒိုင်းတစ်ခု ဖန်တီးပေးပြီး ရန်သူရဲ့ တိုက်ခိုက်မှုတွေကို ဟန့်တားပေးနိုင်ပါတယ်"

"ဒါ့အပြင် အကာအကွယ်သင်္ကေတကို ပေါက်ကွဲသင်္ကေတလိုမျိုး လက်နက်တွေပေါ်မှာ တပ်ဆင်အသုံးပြုလို့လည်း ရပါသေးတယ်... လက်နက်တွေရဲ့ မာကျောမှုကို အဆမတန် တိုးလာစေတာပေါ့"

"ဒါပေမဲ့ ဒီလိုလက်နက်မျိုးကတော့ အင်အားသုံးပြီး ဖိတိုက်ရတဲ့ လက်နက်ကြီးမျိုးတွေမှာ သုံးတာ အကောင်းဆုံးပါပဲ"

အစီအစဉ်မှူး ။ ။ "ဒေါက်တာဖန်းကို မေးချင်တာက အကာအကွယ်သင်္ကေတကို ဘယ်လိုရေးဆွဲရမလဲ... ဘယ်မှာ ရှာဖွေရမလဲ... ပြီးတော့ မြေဓာတ်သဘာဝ စွမ်းအင်ကျောက်တုံးတွေကိုရော ဘယ်ကနေ တူးဖော်ရမလဲ ဆိုတာပါရှင့်"

ဒေါက်တာဖန်း ။ ။ "အကာအကွယ်သင်္ကေတ ရေးဆွဲဖို့ လိုအပ်ချက်ကတော့ တခြားသင်္ကေတတွေနဲ့ ဆင်တူပါတယ်... ပထမဆုံးအနေနဲ့ လူတစ်ယောက်ရဲ့ စိတ်စွမ်းအင် လိုအပ်ချက်က အရမ်း မြင့်မားပါတယ်... လောလောဆယ် ကျွန်တော်တို့ရဲ့ တွက်ချက်မှုအရဆိုရင် အကာအကွယ်သင်္ကေတ ရေးဆွဲဖို့အတွက် အနည်းဆုံး စိတ်စွမ်းအင် ၂၅ မှတ် အထက် ရှိဖို့ လိုအပ်ပါတယ်"

အစီအစဉ်မှူး ။ ။ "နေပါဦး ဒေါက်တာဖန်း... ကိုယ့်ရဲ့ စိတ်စွမ်းအင်က ရေးဆွဲဖို့ လိုအပ်ချက်ဖြစ်တဲ့ ၂၅ မှတ် ပြည့်မပြည့် ဘယ်လို သိနိုင်မလဲရှင့်"

ဒေါက်တာဖန်း ။ ။ "ဒါက ရိုးရှင်းပါတယ်။ အရင်တုန်းက တခြားသင်္ကေတတွေအကြောင်း ရှင်းပြတုန်းကလည်း ပြောပြခဲ့ဖူးပါတယ်... ကိုယ့်ရဲ့ စိတ်စွမ်းအင် လွှမ်းခြုံနိုင်မှုဧရိယာက ၈၂ ပေ ကျော်ပြီဆိုရင် ကိုယ့်ရဲ့ စိတ်စွမ်းအင်က ၂၅ မှတ် ရောက်နေပြီလို့ ဆိုလိုတာပါပဲ"

"ယေဘုယျအားဖြင့် ပြောရရင်... စိတ်စွမ်းအင် ဂုဏ်သတ္တိ အနိမ့်အမြင့်က စိတ်စွမ်းအင် လွှမ်းခြုံနိုင်မှု ဧရိယာနဲ့ တိုက်ရိုက်အချိုးကျပါတယ်"

"ကျွန်တော်တို့ စမ်းသပ်ထားတဲ့ အချက်အလက်တွေအရ... စိတ်စွမ်းအင် ၁ မှတ်တိုးတိုင်း လွှမ်းခြုံနိုင်မှုဧရိယာက ၃.၃ ပေ ဝန်းကျင်လောက် တိုးလာပါလိမ့်မယ်"

အစီအစဉ်မှူး ။ ။ "နားလည်ပါပြီ... ဒါဆို စိတ်စွမ်းအင် ၂၅ မှတ် ရှိရမယ်ဆိုတဲ့ အဓိက လိုအပ်ချက်အပြင်... တခြား လိုအပ်ချက်တွေ ရှိသေးလားရှင့်"

ဒေါက်တာဖန်း ။ ။ "ဒါပေါ့... စိတ်စွမ်းအင် ၂၅ မှတ် ပြည့်မီပြီရင် သင်္ကေတကို တိတိကျကျ ရေးဆွဲနိုင်ဖို့ လိုအပ်ပါသေးတယ်... ကိုယ်ရထားတဲ့ အကာအကွယ်သင်္ကေတပုံစံအတိုင်း တစ်ထပ်တည်းတူအောင် ရေးဆွဲနိုင်မှ အာနိသင်ပြမှာပါ"

"မျဉ်းတစ်ကြောင်း မှားယွင်းသွားတာမျိုး... နည်းနည်းလေး တုန်သွားတာမျိုးတောင် လက်မခံပါဘူး"

"နောက်တစ်ချက်ကတော့ တခြားသင်္ကေတတွေလိုပါပဲ... ဘယ်သင်္ကေတမျိုးမဆို လက်ခံပစ္စည်းတစ်ခု လိုအပ်ပါတယ်... စွမ်းအင်ထောက်ပံ့ပေးမယ့် အရာပေါ့... အဲဒါကတော့ စွမ်းအင်ကျောက်တုံးပါပဲ"

"အကာအကွယ်သင်္ကေတအတွက် လက်ခံပစ္စည်း စွမ်းအင်ကျောက်တုံးကတော့ မြေဓာတ်သဘာဝ စွမ်းအင်ကျောက်တုံးကို သုံးတာ အကောင်းဆုံးပါပဲ... ဒုတိယ အကောင်းဆုံးကတော့ ဓာတ်သဘာဝမဲ့ စွမ်းအင်ကျောက်တုံးပါ... တခြား ဓာတ်သဘာဝ ကျောက်တုံးတွေပေါ်မှာလည်း ရေးဆွဲလို့ ရနိုင်ပေမယ့် အာနိသင် သိပ်မကောင်းသလို လုံးဝ တည်ငြိမ်မှု မရှိပါဘူး... တချို့ ဓာတ်မတည့်တဲ့ ဓာတ်သဘာဝ ကျောက်တုံးတွေဆိုရင် ရေးဆွဲနေရင်းနဲ့ ပေါက်ကွဲတာမျိုးတွေတောင် ဖြစ်တတ်ပါတယ်"

"ဒါကြောင့် တခြားကျောက်တုံးတွေကို သွားမစမ်းသပ်ဖို့ အကြံပြုချင်ပါတယ်... မြေဓာတ်သဘာဝ ဒါမှမဟုတ် ဓာတ်သဘာဝမဲ့ စွမ်းအင်ကျောက်တုံး နှစ်မျိုးကိုပဲ အသုံးပြုတာ အကောင်းဆုံးပါ"

ဤအချက်ကို ကြားလိုက်ရသည့်အခါ လင်းယွမ်၏ ရင်ထဲတွင် လှုပ်ရှားသွားသည်။

မြေဓာတ်သဘာဝ စွမ်းအင်ကျောက်တုံးက ဘယ်လိုပုံစံလဲ။ ဓာတ်သဘာဝမဲ့ စွမ်းအင်ကျောက်တုံးကရော ဘယ်လိုပုံစံလဲ။

ထိုအချိန်တွင် ရေဒီယိုထဲမှ အစီအစဉ်မှူး၏ အသံ ထွက်ပေါ်လာသည်။

"ဒီနေရာမှာ စွမ်းအင်ကျောက်တုံးတွေရဲ့ ဓာတ်သဘာဝ လက္ခဏာရပ်တွေကို ထပ်ပြီး ဗဟုသုတ ဝေမျှပေးချင်ပါတယ်ရှင်"

"ယေဘုယျအားဖြင့် စွမ်းအင်ကျောက်တုံးတွေရဲ့ မတူညီတဲ့အရောင်တွေက မတူညီတဲ့ ဓာတ်သဘာဝ လက္ခဏာရပ်တွေကို ကိုယ်စားပြုပါတယ်"

"လက်ရှိ ရှာဖွေတွေ့ရှိထားတဲ့ ဓာတ်သဘာဝ အမျိုးအစားတွေကတော့ ရွှေ၊ သစ်၊ ရေ၊ မီး၊ မြေ (၅) မျိုးဖြစ်ပြီး သူတို့ရဲ့ အရောင်တွေက ရွှေရောင်၊ အစိမ်းရောင်၊ အပြာရောင်၊ အနီရောင်နဲ့ အဝါရောင်တို့ အသီးသီး ဖြစ်ကြပါတယ်"

"ဓာတ်သဘာဝမဲ့ စွမ်းအင်ကျောက်တုံးတွေကတော့ အဖြူရောင် သက်သက် ဖြစ်ပါတယ်... လောလောဆယ် အတွေ့ရအများဆုံးကလည်း ဓာတ်သဘာဝမဲ့ စွမ်းအင်ကျောက်တုံးတွေပါပဲ"

"ဟုတ်တယ်မလား ဒေါက်တာဖန်း"

ဒေါက်တာဖန်းက ရယ်မောလိုက်ပြီး ။ ။ "အရင်တုန်းက လေ့လာတွေ့ရှိချက်တွေအရဆိုရင် စွမ်းအင်ကျောက်တုံး အမျိုးအစားတွေက အများကြီး ရှိနိုင်ပါတယ်... ရွှေ၊ သစ်၊ ရေ၊ မီး၊ မြေ ဆိုတာက အတွေ့ရများတဲ့ အရာတွေပါ... ဒါပေမဲ့ မကြာသေးခင်က ကျွန်တော်တို့ တွေ့ရှိချက်အသစ်တွေ ရှိလာပါတယ်"

"စွမ်းအင်တွေရဲ့ မူလအစကို မသိရသေးပေမယ့် ဒီစွမ်းအင်တွေက လူသားတွေကို အစွမ်းအမျိုးမျိုး ရလာအောင် လှုံ့ဆော်ပေးနိုင်တာကို ကြည့်ခြင်းအားဖြင့် သတ္တုတွင်း ကျောက်တွေထဲမှာလည်း အလားတူ ရှိနေနိုင်ပါတယ်... ဆိုလိုတာက လူသားတွေမှာ အစွမ်းဘယ်နှမျိုး ရှိသလဲ၊ သီအိုရီအရဆိုရင် အဲဒီအစွမ်းနဲ့ ကိုက်ညီတဲ့ စွမ်းအင်ကျောက်တုံးတွေလည်း ရှိနေမှာပါပဲ"

"ဓာတ်သဘာဝမဲ့ စွမ်းအင်ကျောက်တုံးတွေက နေရာအနှံ့အပြားမှာ ရှိတတ်ကြပါတယ်... သူတို့က သီးခြားစွမ်းအင်တွေကို လုံလောက်အောင် မစုပ်ယူနိုင်ခဲ့လို့ သီးခြား ဓာတ်သဘာဝ စွမ်းအင်ကျောက်တုံးတွေ ဖြစ်မလာကြတာပါ"

"သီအိုရီအရ ပြောရရင်... ခင်ဗျားတို့အနေနဲ့ ဓာတ်သဘာဝမဲ့ စွမ်းအင်ကျောက်တုံး (အဖြူရောင်) တွေကို အမြောက်အမြား တွေ့ရှိပြီဆိုရင် အဲဒီနေရာမှာ စွမ်းအင်တွေ သိပ်သည်းနေတယ်လို့ ဆိုလိုတာပါ... စွမ်းအင်ကျောက်တုံး သတ္တုကြော ရှိနေနိုင်ပါတယ်... သတ္တုကြောရဲ့ အတွင်းပိုင်း နက်ရှိုင်းတဲ့ နေရာတွေမှာတော့ ထူးခြားတဲ့ ဓာတ်သဘာဝ စွမ်းအင်ကျောက်တုံးတွေ ရှိနေလောက်ပါတယ်"

"မတူညီတဲ့ အစွမ်းတွေကို အခြေခံပြီး ကျွန်တော်တို့ ခန့်မှန်းရတာကတော့... သဘာဝတရားကြီးထဲမှာ ရွှေ၊ သစ်၊ ရေ၊ မီး၊ မြေ စွမ်းအင်ကျောက်တုံးတွေအပြင် လေ၊ မိုးကြိုး၊ အလင်း၊ အမှောင် စတဲ့ စွမ်းအင်ကျောက်တုံးတွေလည်း ရှိနေနိုင်ပါတယ်"

"ဒါပေမဲ့ ဒါတွေက ခန့်မှန်းချက် သက်သက်ပါပဲ... လောလောဆယ်တော့ ကျွန်တော်တို့ သက်သေမပြနိုင်သေးပါဘူး"

အမျိုးသမီးအစီအစဉ်မှူးမှာ စိတ်ဝင်တစား နားထောင်နေသဖြင့် စကားပြန်ဆက်ရန်ပင် မေ့လျော့နေလေသည်။

ဘေးနားမှ ချောင်းဟန့်သံ ကြားလိုက်ရမှ သတိပြန်ဝင်လာပြီး ။ ။ "ဪ... အဲဒီလိုကိုး... ဒါဆိုရင် ဒေါက်တာဖန်းကို မေးချင်တာက အကာအကွယ်သင်္ကေတကို ဘယ်ကနေ ရနိုင်မလဲ ဆိုတာပါပဲ"

ဒေါက်တာဖန်း ။ ။ "လက်ရှိ ကျွန်တော်တို့ ရှာတွေ့ထားတဲ့ အကာအကွယ်သင်္ကေတ ကတော့... သန္ဓေပြောင်းလူသား မိစ္ဆာကောင်ရဲ့ ခန္ဓာကိုယ်ထဲကနေ တွေ့ခဲ့တာပါ... ဒါပေမဲ့ မကြာသေးခင်က ကျွန်တော်တို့ ရှာဖွေမှုတွေအရ... မြေဓာတ်သဘာဝရှိတဲ့ တခြား သန္ဓေပြောင်းသတ္တဝါတွေရဲ့ ခန္ဓာကိုယ်ထဲမှာလည်း အလားတူ သင်္ကေတတွေ ရှိနေနိုင်ပါတယ်"

"ပြည်သူတွေအနေနဲ့ အဲဒီလို အကောင်မျိုးတွေနဲ့ ကြုံလာရင် အမဲလိုက်ပြီး ရှာဖွေကြည့်လို့ ရနိုင်ပါတယ်"

"ဒီလိုသင်္ကေတမျိုးတွေက အသုံးဝင်ပုံ အများကြီး ရှိပါတယ်... ရှာတွေ့ခဲ့မယ်ဆိုရင် သေချာ ဂရုတစိုက် သိမ်းဆည်းထားကြပါ... နောင်ကျရင် အရမ်း တန်ဖိုးရှိလာမှာပါ"

ဒေါက်တာဖန်းက စေတနာဖြင့် သတိပေးလိုက်ခြင်း ဖြစ်သည်။

လင်းယွမ်သည် ဤသင်္ကေတများ၏ တန်ဖိုးကို ချက်ချင်း သဘောပေါက်လိုက်သည်။

ဒါသည် တိုင်းရင်းဆေး ဆေးနည်းတိုများနှင့် တူသည်။ ဆေးနည်းမရှိလျှင် ဆေးဖော်စပ်၍ မရနိုင်။

သင်္ကေတ မရှိလျှင်လည်း စွမ်းအင်ကျောက်တုံးပေါ်၌ သင်္ကေတ ရေးဆွဲနိုင်မည် မဟုတ်ပေ။

"မျှဝေပေးခဲ့တဲ့ ဒေါက်တာဖန်းနဲ့ ကွမ်ဖူစစ်ဘက်ဆိုင်ရာ သုတေသနအဖွဲ့သားများ အားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်ရှင်... ဒီကနေ့ အသံလွှင့်အစီအစဉ်ကတော့ ဒီလောက်ပါပဲ... ဆက်လက်ပြီးတော့ ပြီးခဲ့တဲ့ အပတ်တွေက ထုတ်လွှင့်ခဲ့တဲ့ တခြား သင်္ကေတနည်းပညာတွေရဲ့ အဓိကအချက်တွေကို ပြန်လည် တင်ဆက်ပေးသွားမှာပါ"

"ဒါ့အပြင် သုတေသနပညာရှင်တွေ တွေ့ရှိထားတဲ့ အမှားများတတ်တဲ့ အချက်တွေကိုလည်း အလေးပေး ရှင်းပြပေးသွားမှာ ဖြစ်လို့ သောတရှင်တွေ အခက်အခဲ မဖြစ်ရအောင် ဆက်လက် နားဆင်ပေးကြပါဦးရှင်"

"ဘယ်မှမသွားကြပါနဲ့ဦး... သီချင်းတစ်ပုဒ် လာပြီးရင် ကျွန်မတို့ ပြန်လာခဲ့ပါမယ်"

......

ရေဒီယိုထဲမှ သာယာနာပျော်ဖွယ် တေးဂီတသံ ထွက်ပေါ်လာသည်။

လင်းယွမ်၏ ဝါးအိမ်လေးထဲတွင် ရှိနေကြသူအားလုံး ခေါင်းမော့လာကြပြီး မျက်နှာများတွင် စိတ်လှုပ်ရှား ဝမ်းသာသည့် အရိပ်အယောင်များ ယှက်သန်းနေကြသည်။

"အစ်ကိုလင်း... တကယ် စစ်တပ်ကပဲ... ကွမ်ဖူဘက်မှာ ဒီရေလွှမ်းမိုးမှုနဲ့ သန္ဓေပြောင်းကောင်တွေကို သုတေသနလုပ်နေတဲ့ စစ်တပ် တကယ်ရှိနေတာပဲ"

"ကောင်းလိုက်တာဗျာ... တကယ် ကောင်းလိုက်တာ... ငါတို့ လူသားတွေ မျှော်လင့်ချက် မကုန်သေးဘူး... စစ်တပ်ရဲ့ အဓိကအင်အားစုတွေ ကျန်နေသေးတယ်"

"သင်္ကေတနည်းပညာ... ဪ ဒါကို သင်္ကေတနည်းပညာလို့ ခေါ်တာကိုး"

"စွမ်းအင်ကျောက်တုံး... စွမ်းအင်ကျောက်တုံးတွေက ဒီလောက် အရေးကြီးမယ်လို့ မထင်ထားမိဘူး... အရင်တုန်းက ငါတို့ တိုက်ပေါ်မှာ တွေ့ခဲ့တဲ့ ကျောက်တုံးတွေက အဖြူရောင်တွေချည်းပဲ... အဲဒါတွေက ဓာတ်သဘာဝမဲ့ စွမ်းအင်ကျောက်တုံးတွေ ဆိုတဲ့သဘောလား"

"ရေဒီယိုထဲက ပြောတဲ့အတိုင်းဆိုရင် ငါတို့ စွမ်းအင်ကျောက်တုံးတွေ အများကြီး တွေ့ခဲ့ရတာက... ငါတို့တိုက်အောက်မှာ စွမ်းအင်ကျောက်တုံး သတ္တုကြော ရှိနေလို့များလား"

......

လူတိုင်း တရုန်းရုန်းဖြင့် မိမိတို့ စိတ်ဝင်စားရာ အကြောင်းအရာများကို ပြောဆိုနေကြသည်။

ထိုအထဲတွင် ရန်ရှန်းမင်၊ ရှီဟိုင်ကျူး တို့အဖွဲ့က စွမ်းအင်ကျောက်တုံးကိစ္စကို အာရုံစိုက်မိကြသည်။

အစောပိုင်းတုန်းက သူတို့တိုက်ပေါ်၌ စွမ်းအင်ကျောက်တုံးများ စတင်တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ကျောက်ခိုင်တို့အဖွဲ့ကမူ စစ်တပ်ရှိနေသေးသည်၊ လူသားမျိုးနွယ်၏ အဓိကအင်အားစု ရှိနေသေးသည် ဆိုသော အချက်ကို ပို၍ စိတ်ဝင်စားကြသည်။

ဒါသည် လူသားများအတွက် မျှော်လင့်ချက် ရှိနေသေးသည်ဟု ဆိုလိုခြင်းဖြစ်သည်။

လူတိုင်း စိတ်လှုပ်ရှားစွာဖြင့် ဆွေးနွေးငြင်းခုံနေကြသည်။

ရေလွှမ်းမိုးမှု ဖြစ်ပွားပြီးနောက်ပိုင်း ဒါသည် ပထမဆုံးအကြိမ် တရားဝင်သတင်း ရရှိခြင်း ဖြစ်သည်။

အစိုးရသည် ပြည်သူများကို စွန့်ပစ်မထားပေ။ သူတို့ သုတေသန လုပ်နေကြသည်။ ရေဒီယို အသံလွှင့်ခြင်းမှတဆင့် သုတေသန ရလဒ်များကို ဖြန့်ဝေပေးပြီး ပြည်သူများ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်စွမ်း ရှိလာစေရန် ကူညီပေးနေသည်။

လင်းယွမ်ကမူ သိပ်ပြီး စိတ်လှုပ်ရှားမနေပေ။ သူသည် ဒေါက်တာဖန်း ပြောသွားသော စကားများကိုသာ တွေးတောဆင်ခြင်နေသည်။

သင်္ကေတ၊ စွမ်းအင်ကျောက်တုံး၊ ဓာတ်သဘာဝ...

စစ်တပ်ရဲ့ သုတေသနက ဒီလောက်အထိ နက်ရှိုင်းနေပြီလား။

"မြေဓာတ်သဘာဝ သန္ဓေပြောင်း သတ္တဝါ... ခိုလှုံရာစခန်းကို ခိုင်ခံ့စေမယ့် အကာအကွယ်သင်္ကေတ..."

သူသည် ယခုလက်ရှိ ဝါးအိမ်နှင့် ဝါးအိမ်နောက်ဘက်ရှိ ဆက်စပ်နေသော ဂူအောင်းခိုလှုံရာကို ကြည့်လိုက်သည်။

"ဒီအကာအကွယ်သင်္ကေတကို သုံးပြီး ခိုလှုံရာစခန်းကို ခိုင်ခံ့အောင်လုပ်တာ တကယ်ကို ကောင်းမွန်တဲ့ စိတ်ကူးပဲ"

"ဒါပေမဲ့ မြေဓာတ်သဘာဝ အကာအကွယ်သင်္ကေတနဲ့ မြေဓာတ်သဘာဝ စွမ်းအင်ကျောက်တုံး ရဖို့ကျတော့ သိပ်မလွယ်ဘူး"

ဒီလိုကိစ္စမျိုးက ကံတရားအပေါ် အများကြီး မူတည်သည်။ ထိုက်ယန်တောင် ပတ်ဝန်းကျင်မှာ မြေဓာတ်သဘာဝ စွမ်းအင်ကျောက်တုံး ရှိမရှိ ဘယ်သူသိနိုင်မလဲ။

ထိုက်ယန်တောင် တောအုပ်ထဲမှာရော မြေဓာတ်သဘာဝ သန္ဓေပြောင်းသတ္တဝါ ရှိပါ့မလား။

သန္ဓေပြောင်းသတ္တဝါ ရှိရင်တောင်မှ သူတို့ခန္ဓာကိုယ်ထဲမှာ သင်္ကေတ ပါလာလိမ့်မယ်လို့ ရာနှုန်းပြည့် အာမခံနိုင်တာမှ မဟုတ်တာ။

လင်းယွမ် ရုတ်တရက် စိတ်ကူးတစ်ခု ရသွားသည်။ "နေဦး... ငါက အစိုးရပြောတဲ့ နည်းလမ်းတွေအတိုင်း လိုက်ရှာနေစရာမှ မလိုတာ... ငါ့ရဲ့ စနစ် ကံစမ်းမဲနှိုက်တာကနေရော မရနိုင်ဘူးလား"

ထိုသို့ တွေးမိလိုက်သည်နှင့် သူ့ရင်ထဲတွင် ဆန္ဒစောလာပြီး ချက်ချင်း စမ်းသပ်ကြည့်ချင်စိတ် ပေါက်သွားသည်။

သို့သော် လက်ရှိတွင် လူတွေရှုပ်နေသဖြင့် အဆင်မပြေသေးပေ။

လင်းယွမ်သည် လူအုပ်ကြီးကို လှမ်းပြောလိုက်သည်။ "ခုနက ရေဒီယို အချိန်ကို ငါကြည့်လိုက်တာ ည ၇ နာရီမှာ လွှင့်တာဖြစ်မယ်... မင်းတို့လက်ထဲမှာ ရေဒီယိုတွေ ရှိကြလား"

တုံကျဲက လက်မြှောက်ပြီး ချက်ချင်း ဖြေသည်။ "ညတိုင်း ၇ နာရီ လွှင့်တာပါ... မနေ့က ကျွန်းပေါ်တက်နေရလို့ နားထောင်ချိန် မရလိုက်ဘူး... ဒီနေ့တော့ တစ်နေ့လုံး စောင့်နေတာ... ကျန်တဲ့အချိန်တွေ သီချင်းဖွင့်ထားပြီး ၇ နာရီထိုးမှ သတင်းလာတာ"

"ပြီးတော့ ရေဒီယိုထဲက ပြောပုံအရဆိုရင် ၇ နာရီကျော်ရင် အရင်ရက်တွေက လွှင့်ခဲ့တဲ့ အကြောင်းအရာတွေကို ပြန်ပြောပြပြီး သင်္ကေတလုပ်နည်းတွေကို ရှင်းပြဦးမှာတဲ့"

ရန်ဆန်းမင်က "ကျွန်တော့်မှာ ရေဒီယို မရှိဘူးဗျ... ဖုန်းတော့ ရှိတယ်... ဒါပေမဲ့ အားကုန်နေပြီ"

ကျောက်ခိုင်ကလည်း ဝင်ပြောသည်။ "ကျွန်တော့်မှာလည်း ရေဒီယို မရှိဘူး... ဖုန်းထဲမှာ ဟိမဝန္တာဆော့ဖ်ဝဲ တော့ ရှိတယ်... ရှာလို့ရမလား မသိဘူး"

တင်းယန်က "အခုနောက်ပိုင်း စမတ်ဖုန်းတွေမှာ တချို့က ရေဒီယို ပါတယ်... တချို့ကျတော့ ဖြုတ်လိုက်ပြီ"

လင်းယွမ် ခေါင်းညိတ်လိုက်ပြီး "မင်းတို့ ပြန်ရှာကြည့်ကြ... ဖုန်းထဲမှာ ရေဒီယိုပါရင် ဖုန်းနဲ့ပဲ ရှာနားထောင်... ခုနက စစ်တပ်က ထုတ်ပြန်တဲ့ အချက်အလက်တွေက ဘယ်လောက်တန်ဖိုးရှိလဲ မင်းတို့ ကြားတဲ့အတိုင်းပဲ"

"စခန်းအသေးလေးတွေအတွက်ဆိုရင် ဒါက အသက်ကယ်ဆေး ဖြစ်နိုင်တယ်"

"ဖုန်းအားကုန်နေတဲ့လူတွေ တုံကျဲဆီသွားပြီး အားသွင်းခိုင်းကြ... အလကား မခိုင်းနဲ့နော်... ပစ္စည်းတစ်ခုခုနဲ့ လဲလှယ်ကြ... သူ အသက်ငယ်ပေမယ့် ဒါက သူ့အစွမ်းနဲ့ သူရှာတာပဲ"

အားလုံးက ခေါင်းတစ်ညိတ်ညိတ်ဖြင့် သဘောတူကြပြီး တုံကျဲကို ကြည့်သည့် အကြည့်များမှာ ဖော်ရွေနွေးထွေးသွားကြသည်။

တုံကျဲ၏ မျက်နှာလေးမှာ စိတ်လှုပ်ရှားလွန်းသဖြင့် ရဲတက်နေလေသည်။ သူ မနေနိုင်မထိုင်နိုင် ပြောရှာတော့သည်။ "ကျေးဇူးတင်ပါတယ် အစ်ကိုကြီးလင်း... ကျေးဇူးတင်ပါတယ်ဗျာ... အားလုံးပဲ လိုအပ်ရင် ကျွန်တော့်ဆီ လာခဲ့ကြပါ... ကျွန်တော် အားသေချာ အားသွင်းပေးပါ့မယ်"

ဤသည်မှာ သူ့အနေဖြင့် ကိုယ်ပိုင်အစွမ်းကို အသုံးပြုပြီး ပထမဆုံးအကြိမ် ပစ္စည်းရှာဖွေနိုင်ခြင်း ဖြစ်သည်။

အရင်တုန်းက ကုဖုန်းတို့၊ သူ့အစ်မ တုံယန်တို့ အစွမ်းထုတ်ပြီး လူတွေကို ကူညီပေးနေတာကို ကြည့်ပြီး သူ အားကျခဲ့ရသည်။

သူ့ရဲ့ အားသွင်းပေးနိုင်တဲ့ အစွမ်းကို သူ မကျေနပ်ခဲ့ပေ။ တိုက်ခိုက်လို့လည်း မရ၊ ကူညီပေးဖို့လည်း မကောင်း၊ တကယ့်ကို အသုံးမဝင်တဲ့ အစွမ်းလို့ ထင်ခဲ့မိသည်။

ဒါပေမဲ့ အခုတော့ အဆင်ပြေသွားပြီ။ သူ့အစွမ်းကလည်း အထောက်အကူ ပြုနိုင်ပြီ။ လူတွေကို အားသွင်းပေးပြီး ပစ္စည်းတွေ ရှာနိုင်ပြီ။

နောက်ဆို သူ တုံကျဲတစ်ယောက် အမဖြစ်သူကို မှီခိုပြီး အသက်ရှင်စရာ မလိုတော့။ အစ်မကို ဝန်ထုပ်ဝန်ပိုး မဖြစ်စေတော့ဘဲ ကိုယ်တိုင် ပစ္စည်းရှာပြီး အမကို ပြန်ကျွေးနိုင်တော့မည် ဖြစ်သည်။

ဆက်ရန်...

အပိုင်း(၂၀၀) ဂူစခန်း တည်ဆောက်ပြီးစီးခြင်း

"အစွမ်းရစေတဲ့ ကျောက်တုံးနဲ့ ပတ်သက်ရင်လည်း လူတိုင်း သတိထားပြီး စောင့်ကြည့်ပေးကြပါ"

"လောလောဆယ် ငါတို့ရဲ့ အဓိကတာဝန်က စခန်းကို ကောင်းကောင်းမွန်မွန် တည်ဆောက်ဖို့ပဲ... အားလုံး တည်ငြိမ်သွားတဲ့အချိန်ကျမှ ပတ်ဝန်းကျင်ကို စူးစမ်းလေ့လာဖို့ လူစုပြီး စီစဉ်ပေးမယ်"

"အဲဒီအချိန်ကျရင် ဖုန်းဟွမ်ဘုရားကျောင်းစခန်းက ပြောနေတဲ့ သတ္တုတွင်းဧရိယာ ဆိုတာကိုပါ စုံစမ်းလို့ ရကောင်းရနိုင်တယ်"

"နောက်ပြီး ရေဒီယိုအသံလွှင့်ချက်ထဲမှာ ပါတဲ့ မြေဓာတ် သန္ဓေပြောင်းသတ္တဝါအကြောင်းကိုလည်း သတိထားကြပါ... သတင်းတစ်ခုခုရတာနဲ့ ချက်ချင်း အသိပေးကြပေါ့"

"ရလာတဲ့ သင်္ကေတတွေကို မျှဝေသုံးစွဲကြမယ်... ဒါမှမဟုတ် ပစ္စည်းဥစ္စာတွေနဲ့ လဲလှယ်ပြီး ဝယ်ယူလို့လည်း ရတယ်"

လင်းယွမ်က သူ၏ အစီအစဉ်များကို ပြောပြလိုက်ရာ လူတိုင်းက ခေါင်းညိတ်ထောက်ခံကြပြီး အများစု၏ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုများ ပေါ်လွင်နေသည်။

အထူးသဖြင့် ရှီဟိုင်ကျူး ဖြစ်သည်။ သူက စိတ်မထိန်းနိုင်စွာဖြင့် မေးလိုက်လေသည်။

"ဒါဆို ကျွန်တော် နိုးလာတဲ့ အစွမ်းက မြေဓာတ်အစွမ်းလို့ ပြောချင်တာလား... ကျွန်တော့်ရဲ့ ကျောက်သားပြောင်းလဲခြင်း အစွမ်းက မြေကြီးရောင် အလင်းတန်း ထွက်နေတာလေ"

လင်းယွမ်က ပြုံး၍ ပြန်ဖြေလိုက်သည်။

"ဖြစ်နိုင်ချေ များတယ်... မင်းရဲ့ အစွမ်းက ရေဒီယိုထဲမှာ ပြောထားတဲ့ သင်္ကေတကျောက်စာတွေနဲ့သာ ပေါင်းစပ်လိုက်ရင် ခံစစ်စွမ်းရည် အဆင့်တစ်ဆင့် ပိုမြင့်သွားလောက်တယ်"

ရှီဟိုင်ကျူးမှာ ဝမ်းသာအားရ ဖြစ်သွားပြီး ပြောလိုက်သည်။

"မနက်ဖြန် ငါကျွန်တော် လိုဏ်ဂူတူးပြီးတာနဲ့ အနီးအနားက ဝါးတောဘက်ကို သွားပတ်ကြည့်ဦးမယ်"

လူအများက ရေဒီယိုအသံလွှင့်ချက်ထဲမှ အကြောင်းအရာများကို ဆက်လက် ဆွေးနွေးနေကြသည်။ ခဏအကြာတွင် သီချင်းသံ ဆုံးသွားပြီး တရားဝင် သတင်းကြေညာချက် စတင်လာလေသည်။

အမျိုးသမီးကြေညာသူ ပြောခဲ့သည့်အတိုင်းပင် ယခုတစ်ခေါက် ထုတ်လွှင့်မှုသည် ယခင်က သင်္ကေတနည်းပညာဆိုင်ရာ အသိပညာပေးများနှင့် သတင်းများသာ ဖြစ်သည်။

လင်းယွမ်သည် ကြေညာသူ၏ ပြောစကားများကို နားထောင်ပြီးနောက် မျက်နှာထား တင်းမာလာသည်။

"အစ်ကိုလင်း... ဘာဖြစ်လို့လဲ"

ကျောက်ခိုင်က လင်းယွမ်၏ မျက်နှာထား မကောင်းသည်ကို သတိပြုမိသဖြင့် မနေနိုင်ဘဲ မေးလိုက်သည်။ လင်းယွမ်က ဟုန်ဖူထံမှ ရထားသော မှတ်စုစာအုပ်ကို ထုတ်ကာ သူတို့အား ကမ်းပေးလိုက်သည်။

"တောက်... ဒီ ဟုန် ဆိုတဲ့ကောင်က ဘာလို့ ပေါက်ကွဲသင်္ကေတ နည်းပညာကို ဒီလောက် လွယ်လွယ်ကူကူ ပေးလိုက်တာလဲလို့ ငါ စဉ်းစားနေတာ"

"တကယ်တော့ ရေဒီယိုကနေ နေ့တိုင်း အရင်က သင်္ကေတနည်းပညာဟောင်းတွေကို ရှင်းပြနေတာကိုး... ပြီးတော့ ဒီနည်းပညာရဲ့ အဓိကသော့ချက်က သင်္ကေတရယူနည်းနဲ့ မီးဓာတ်အစွမ်း ကျောက်တုံး ရှာဖွေနည်းမှာ ရှိနေတာ"

"အဲဒီ အချက်နှစ်ချက်ကို ဟုန် ဆိုတဲ့ကောင်က နည်းနည်းလေးမှ မဟဘူး"

လူအများက မှတ်စုကို ဖတ်ပြီးနောက် ချက်ချင်းပင် ဒေါသထွက်သွားကြသည်။

"အစ်ကိုလင်း... ဒီမြေခွေးအိုကြီးက တော်တော် ကောက်ကျစ်တာပဲ"

"ဒါက ဘာမှ မပြောပြတာနဲ့ အတူတူပဲလေ"

"ဒီလိုမှန်းသိရင် ဟိုတစ်နေ့ညက ဖုန်းဟွမ်ဘုရားကျောင်းကို အပြတ်ချေမှုန်းခဲ့ပါတယ်"

လူတိုင်းက ဒေါသတကြီးဖြင့် ကြိမ်းဝါးနေကြသော်လည်း သူတို့ အလိမ်ခံလိုက်ရမှန်း သိသာနေသည်။ သို့သော် လင်းယွမ်ကမူ မနေ့ညက တိုက်ပွဲတွင် သူတို့ဘက်က အသာစီးမရခဲ့မှန်း သိသည်။

တစ်ဖက်လူက အင်အားများသဖြင့် တကယ်တမ်း အပြတ်တိုက်ခိုက်လျှင် မိမိတို့ဘက်မှ သေဆုံးထိခိုက်မှု များပြားမည်မှာ သေချာသည်။ အထူးသဖြင့် တစ်ဖက်လူက ပေါက်ကွဲသင်္ကေတ ကျောက်တုံးကို ပိုင်ဆိုင်ထားသဖြင့် ဗုံးသဖွယ် အသုံးပြုလာပါက အစွမ်းရှိသူများ အသက်ရှင်နိုင်သော်လည်း သာမန်လူများအတွက်မူ လွတ်မြောက်ရန် ခက်ခဲပေလိမ့်မည်။

"ဒီအကြွေးကို... နောက်ကျရင် ပြန်ဆပ်ခိုင်းရမယ်"

လင်းယွမ်က အေးစက်စွာ ရယ်မောလိုက်ပြီး ရေဒီယိုကို ဆက်နားထောင်လိုက်သည်။

အသံလွှင့်ချက် အဆုံးတွင် အမျိုးသမီးကြေညာသူ၏ အသံက ပြတ်သားမာန်ပါစွာ ထွက်ပေါ်လာသည်။

"ဒါကတော့ ဒီနေ့ရဲ့ ထုတ်လွှင့်မှု အစီအစဉ်ပဲ ဖြစ်ပါတယ်... နားဆင်သူ မိဘပြည်သူများကို ထပ်မံ သတိပေးလိုတာကတော့"

"ကမ္ဘာပျက် ရေဘေးကြီး ရှေ့မှောက်မှာ လူသားတွေ စည်းလုံးညီညွတ်မှသာ အခက်အခဲတွေကို ကျော်လွှားပြီး အသက်ရှင်သန်နိုင်မှာပါ"

"အချင်းချင်း ဒုက္ခပေးနေတာက ကိုယ့်သေတွင်း ကိုယ်တူးတာနဲ့ အတူတူပါပဲ... ကျွန်မတို့ရဲ့ အကြီးမားဆုံး ရန်သူက သန္ဓေပြောင်းသတ္တဝါတွေနဲ့ မိုးထိအောင် မြင့်တက်နေတဲ့ ရေကြီးရေလျှံမှုတွေပါ"

"ကွမ်ဖူ စစ်စခန်းမှာ လာရောက် ခိုလှုံကြဖို့ ထပ်မံ ဖိတ်ခေါ်ပါတယ်... ကျွန်မတို့ဆီမှာ နေရာလွတ်တွေ အလုံအလောက် ရှိပါတယ်... အစားအသောက်တွေလည်း ပြည့်စုံပါတယ်... အားလုံးကို ကြိုဆိုပါတယ်ရှင်"

"အသံလွှင့်ဌာန ၉၂.၈ ကို ဖမ်းယူနားဆင်ကြပါ... နောက်မှ ပြန်တွေ့ကြမယ်နော်"

သာယာငြိမ့်ညောင်းသော သီချင်းသံလေး ထွက်ပေါ်လာသည်နှင့်အမျှ အသံလွှင့်အစီအစဉ် ပြီးဆုံးသွားလေသည်။ လင်းယွမ်နှင့် လူအများမှာ နေရာ၌ပင် ထိုင်လျက် အတွေးကိုယ်စီနှင့် ငေးငိုင်နေကြသည်။

စစ်တပ်အခြေစိုက်စခန်းက ဘယ်လိုပုံစံမျိုး ဖြစ်မလဲဟု တွေးနေကြသည်။ ရေဘေးဒဏ်ကို ခံနိုင်ရည်ရှိသည့် အခြေအနေမျိုး သူတို့ဆီမှာ ရှိနေပြီလား။

ဒီလောက်များပြားလှတဲ့ ရေတွေကို သူတို့ ဘယ်လို တားဆီးထားကြသလဲ။ မြေအောက်ခံတပ်လား။ ရေတွေ ဝင်မလာဘူးလား။

အတော်ကြာမှ လင်းယွမ်က စကားစလိုက်သည်။

"ကဲ... ဒီနေ့တော့ ဒီလောက်ပါပဲ... အားလုံး လူစုခွဲကြတာပေါ့... စစ်တပ်သတင်းကိုတော့ လောလောဆယ် အပြင်မပြန့်စေနဲ့ဦး"

အားလုံးက လင်းယွမ်ကို ဝိုင်းကြည့်လိုက်ကြသည်။ လင်းယွမ်က လေးနက်သော အသံဖြင့် ဆက်ပြောသည်။

"ဒီသတင်းက သာမန်လူတွေအတွက် မျှော်လင့်ချက် ဖြစ်သလို မငြိမ်မသက်မှုတွေရဲ့ အစလည်း ဖြစ်လာနိုင်တယ်... အရင်တုန်းက သယ်ယူပို့ဆောင်ရေး လေယာဉ် ပျံသန်းသွားတုန်းက ဖြစ်ပျက်ခဲ့တာတွေကို ပြန်စဉ်းစားကြည့်"

ကျောက်ခိုင်နှင့် တင်းယန်တို့သည် လေယာဉ်ပျံသန်းမှုကြောင့် ဖြစ်ပေါ်ခဲ့သော ဆိုးကျိုးများကို ချက်ချင်း ပြန်လည်အမှတ်ရသွားကြသည်။

လင်းယွမ်က ဆက်ပြောသည်။

"အခု သူတို့တွေ စိတ်ငြိမ်ငြိမ်နဲ့ အလုပ်လုပ်ပြီး အသက်ရှင်ဖို့ ကြိုးစားနေကြတာ... စစ်တပ်သတင်းသာ ပေါက်ကြားသွားရင် စိတ်ဓာတ်တွေ ယိမ်းယိုင်ကုန်လိမ့်မယ်"

"အခုမှ ငါတို့ အခြေအနေ နည်းနည်း တည်ငြိမ်ခါစ ရှိသေးတာ... မလိုအပ်ဘဲ ပြဿနာအပိုတွေ မဖြစ်စေချင်ဘူး"

"အရာအားလုံး တည်ငြိမ်သွားတဲ့ အဆင့်ရောက်မှ စစ်တပ်သတင်းကို ထုတ်ပြန်ကြတာပေါ့"

ရန်ဆန်းမင်နှင့် အခြားသူများက ခေါင်းညိတ်ကာ လင်းယွမ်၏ အကြံပြုချက်ကို သဘောတူလိုက်ကြသည်။ သာမန်လူများအတွက် အရာရာကို သိထားခြင်းက ကောင်းကျိုးမပေးနိုင်ပေ။ အားလုံး ခဏတာ စကားစမြည်ပြောပြီးနောက် လူစုခွဲလိုက်ကြသည်။

လင်းယွမ် လိုဏ်ဂူထဲသို့ ပြန်ရောက်သောအခါ ရန်မေက စိတ်လှုပ်ရှားနေသော မျက်နှာဖြင့် သူ့ကို ဖက်တွယ်လိုက်သည်။

"ကွမ်ဖူဘက်က စစ်စခန်း ဘယ်နားမှာရှိလဲဆိုတာ အမ သိတယ်... အရင်တုန်းက အမ နယ်ဘက် အလည်သွားတုန်းက အဲဒီနားကို ခဏခဏ ဖြတ်သွားဖူးတယ်"

"သူတို့ ရှိနေသေးတယ် ဆိုတာ မယုံနိုင်စရာပဲ... သင်္ကေတနည်းပညာတွေတောင် တီထွင်နိုင်နေပြီ... မောင်လေး... ကွမ်ဖူဘက်က လူတွေ အများကြီး အသက်ရှင်မယ် ထင်လား... သူတို့တွေ စစ်စခန်းထဲ ဝင်သွားကြပြီလား မသိဘူး"

လင်းယွမ်က ခေါင်းခါလိုက်သည်။

"ဒါတော့ မသိဘူး... ဒါပေမဲ့ စစ်စခန်းက ကွမ်ဖူခရိုင်မှာ ရှိတာဆိုတော့ အဲဒီဘက်က အခြေအနေက ကျွန်တော်တို့ဆီကထက် ပိုကောင်းမှာ သေချာတယ်"

"အနည်းဆုံးတော့ သူတို့က စစ်တပ်ရေဒီယိုလိုင်းကို ဖမ်းမိပြီး အစိုးရအဖွဲ့အစည်းတွေ ရှိနေသေးတယ်ဆိုတာ သိကြမှာပဲ"

"အသက်ရှင်ကျန်ရစ်သူ အချင်းချင်းလည်း စည်းကမ်းဘောင်တစ်ခု ရှိလောက်တယ်... လျှိုအားလုံတို့ လူစုလိုမျိုးတော့ ရက်ရက်စက်စက် လုပ်ကြမယ် မထင်ဘူး"

အစိုးရ ရှိနေခြင်းသည် စနစ်နှင့် စည်းကမ်း ရှိနေခြင်း၏ ပြယုဂ်ဖြစ်သည်။

ယခင်က မိန်တုဥယျာဉ်နှင့် အခြားနေရာများတွင် ရေဒီယိုလိုင်း မမိသလို အထက်လူကြီးများ၏ ကယ်ဆယ်ရေးကိုလည်း မတွေ့ခဲ့ရပေ။ လူတိုင်းက ပြင်ပကမ္ဘာမှ ကယ်ဆယ်ရေးအပေါ် ယုံကြည်မှု ပျောက်ဆုံးကုန်သဖြင့် စည်းကမ်းမဲ့ကာ ကိုယ်ကျင့်တရားများ ပျက်စီးကုန်ခြင်း ဖြစ်သည်။

စားစရာ တစ်လုပ်စာအတွက် အိမ်နီးချင်း အချင်းချင်း ရက်ရက်စက်စက် တိုက်ခိုက်ရဲကြသည်။ အကယ်၍ အထက်လူကြီးများ၏ သတင်းအစအနလေး တစ်ခုလောက်သာ ကြားလိုက်ရလျှင် သူတို့ စိတ်ထဲတွင် ကြောက်ရွံ့မှုတစ်ခု ဖြစ်ပေါ်လာပြီး မိုက်ရိုင်းသော အပြုအမူများကို ထိန်းသိမ်းကြလိမ့်မည်။

ပြည်သူများသည် အသက်ရှင်ရပ်တည်ရန် လမ်းစ မပျောက်သရွေ့ ပုန်ကန်ကြမည် မဟုတ်ပေ။ လမ်းစပျောက်သွားလျှင်တောင်မှ တော်တော်များများက ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားတတ်ကြသည်။

လင်းယွမ်က ပြောလိုက်သည်။

"စစ်တပ်က ထုတ်ပြောလိုက်တဲ့ သင်္ကေတနည်းပညာက သာမန်လူတွေအတွက်လည်း အသုံးဝင်တယ်... သာမန်လူတွေကို သေနတ်တစ်လက် ပေးလိုက်တာနဲ့ တူတူပဲ... အပြင်က သန္ဓေပြောင်း သတ္တဝါတွေကို ရင်ဆိုင်နိုင်သွားပြီ"

"တစ်ခုပဲ ရှိတာက သင်္ကေတကျောက်စာ လုပ်ဖို့အတွက် မြင့်မားတဲ့ စိတ်စွမ်းအင် လိုအပ်တယ်... ဒါက သာမန်လူတွေမှာ မရှိတဲ့ စွမ်းရည်ပဲ"

"တစ်နည်းအားဖြင့် ပြောရရင် သာမန်လူတွေက သင်္ကေတလက်နက်ကို သုံးလို့ရပေမဲ့ ထုတ်လုပ်နိုင်စွမ်းတော့ မရှိဘူး"

လင်းယွမ်၏ စကားကြောင့် ရန်မေက ခေါင်းညိတ်လိုက်သည်။ သူမလည်း ထိုအချက်ကို သဘောပေါက်သည်။

"အင်း... အမရဲ့ စိတ်စွမ်းအင်က သတ်မှတ်ချက် ၂၅ မှတ် ပြည့်မပြည့် မသိဘူး"

"အမမေရဲ့ စိတ်စွမ်းအင်က ခန္ဓာကိုယ်အပြင်ဘက်ကို ထုတ်လွှတ်လို့ ရပြီလား" ဟု လင်းယွမ်က မေးလိုက်သည်။

ရန်မေက ခေါင်းခါလိုက်သည်။

"မရသေးဘူး... အမ ထိန်းချုပ်နိုင်တဲ့ ရေခဲစက်ဝန်းက ၁၆ ပေ၊ ပေ ၂၀ လောက်ပဲ ရှိသေးတာ"

လင်းယွမ်က သူ့ကို စမ်းသပ်ပြရန် ပြောလိုက်သည်။ ရန်မေက ခေါင်းညိတ်ပြီး နံရံပေါ်သို့ လက်တင်လိုက်သည်။

ရုတ်တရက် နံရံပေါ်တွင် ရေခဲလွှာများ လျင်မြန်စွာ ဖြစ်ပေါ်လာပြီး ပျံ့နှံ့သွားသည်။ ၁၆ ပေခန့် အရောက်တွင် ရန်မေ ဆက်လက်မလုပ်ဆောင်နိုင်တော့ပေ။

"အမရဲ့ စိတ်စွမ်းအင်က ၅ မှတ်လောက်ပဲ ရှိတာလား"

လင်းယွမ်က ခေါင်းညိတ်လိုက်သည်။

"အဲဒီလောက်ပဲ နေမှာ... မဆိုးပါဘူး... အခုမှ စနိုးထတာကို စိတ်စွမ်းအင် ၅ မှတ် ရှိတာ တော်တော် မိုက်နေပြီ"

"ကျောက်ခိုင် အစွမ်းစရတုန်းကဆို ၁၀ ပေလောက်ပဲ ရှိတာ"

"အခု သူ ရေခဲဖုံးလွှမ်းနိုင်တဲ့ အကွာအဝေးက ၄၅ ပေလောက် ရှိသွားပြီ... တိုးတက်မှုနှုန်း မနည်းဘူး"

"ဒါက သူ့ရဲ့ သန္ဓေပြောင်းလဲမှု အဆင့် မြင့်လာတာနဲ့ဆိုင်တယ်... အမမေလည်း ဒီအစွမ်းကို မကြာခဏ သုံးပေးရင် အလိုလို တိုးတက်လာမှာပါ"

ရန်မေက ခေါင်းညိတ်ကာ မေးလိုက်သည်။

"မောင်လေး... အမရဲ့ အစွမ်းနဲ့ သူ့အစွမ်းက တူတူပဲလားဟင်"

"ဘာဖြစ်လို့ အမက ရေခဲတွေနဲ့ ပိတ်လှောင်ထားတဲ့ နေရာကို ခဏခဏ အိပ်မက်မက်နေရတာလဲ"

လင်းယွမ်က မေးစေ့ကို ပွတ်သပ်ရင်း စဉ်းစားလိုက်သည်။

"အပြင်ပန်း ကြည့်ရတာတော့ အမတို့နှစ်ယောက်ရဲ့ အစွမ်းက တော်တော်လေး ဆင်တူတယ်... သေချာတော့ ထပ်လေ့လာကြည့်ရဦးမယ်"

"ဒီလိုလုပ်... အမမေ ကျွန်တော့်ကို ရေခဲအစွမ်းနဲ့ တစ်ချက်လောက် တိုက်ခိုက်ကြည့်"

"ဟယ်... မလုပ်ပါဘူး... မောင်လေး ထိခိုက်သွားရင် ဘယ်လိုလုပ်မလဲ"

လင်းယွမ်က ရယ်မောလိုက်သည်။

"အမမေက ကျွန်တော့်ကို ထိခိုက်အောင် လုပ်နိုင်ရင် ကျွန်တော်က ဒီလောကထဲ ဘယ်လိုလုပ် ဆက်ကျင်လည်တော့မလဲ"

ရန်မေက ရယ်မောလိုက်သည်။

"ကဲ... ပြီးရောလေ... မောင်လေး ပြောတာနော်"

လင်းယွမ်က ခြေတစ်လှမ်း ဆုတ်လိုက်ပြီး ပြောလိုက်သည်။

"လာ... စမ်းကြည့်"

ရန်မေက ခေါင်းညိတ်ပြီး လက်နှစ်ဖက်ဖြင့် လင်းယွမ်ထံသို့ တွန်းထုတ်လိုက်သည်။

ချက်ချင်းဆိုသလို အေးစက်သော အငွေ့အသက်များက လင်းယွမ်ထံသို့ လျင်မြန်စွာ ဝင်ရောက်လာသည်။

ထိုအအေးဓာတ်သည် ကျောက်ခိုင်၏ ရေခဲမြူနှင်း ပုံစံနှင့် မတူပေ။ မျက်စိဖြင့် မမြင်နိုင်သော အေးစက်သည့် လေစီးကြောင်းတစ်ခု ဝင်ရောက်လာခြင်း ဖြစ်သည်။

အပူချိန် လွန်စွာ ကျဆင်းသွားပြီးနောက်မှ လေထုက ခဲသွားပြီး လေထဲရှိ ရေငွေ့များက အေးခဲကာ ရေခဲစိုင်များ ဖြစ်ပေါ်လာသည်။

လင်းယွမ်က လက်ပြန်မပါဘဲ စိတ်စွမ်းအင်ကို ထုတ်လွှတ်ကာ ထိုအအေးဓာတ်ကို တားဆီးရန် စိတ်စွမ်းအင် အကာအကွယ်တစ်ခု ပြုလုပ်လိုက်သည်။

သို့သော် စိတ်စွမ်းအင်နှင့် အအေးဓာတ် ထိတွေ့လိုက်သည်နှင့် သူ့မျက်နှာအမူအရာ ရုတ်တရက် ပြောင်းလဲသွားသည်။

ထိုးဖောက်ဝင်ရောက်လာသော အအေးဓာတ်သည် သူ၏ စိတ်စွမ်းအင်မှတစ်ဆင့် ဦးနှောက်ထဲသို့ တိုးဝင်လာသည်ကို ခံစားလိုက်ရသည်။

လင်းယွမ် လန့်ဖျပ်သွားပြီး စိတ်စွမ်းအင်ကို အလျင်အမြန် ဖြတ်တောက်လိုက်ရသည်။

တစ်ချိန်တည်းမှာပင် နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်ရာ အအေးဓာတ် ပျောက်ကွယ်သွားပြီး လင်းယွမ်၏ ခန္ဓာကိုယ်ကို လွှမ်းခြုံသွားတော့သည်။

လင်းယွမ် အံ့အားသင့်သွားပြီး ခဏမျှ စဉ်းစားကာ ထိုအအေးဓာတ်ကို လက်ဖြင့် လှမ်းထိလိုက်သည်။

ချက်ချင်းပင် သူ၏ လက်မောင်းတစ်ခုလုံး ရေခဲထု ထူထူ ဖုံးလွှမ်းသွားပြီး သွေးကြောများ ကျုံ့ကာ သွေးလှည့်ပတ်မှု ရပ်တန့်သွားသည်။

လင်းယွမ်က လက်သီးဆုပ်ကာ သွေးလည်ပတ်မှုကို အရှိန်မြှင့်လိုက်မှသာ ရေခဲထု၏ ချုပ်နှောင်မှုမှ လွတ်မြောက်သွားသည်။

ခန္ဓာကိုယ်အတွင်း သွေးများ ပြန်လည် စီးဆင်းလာသည်။ သို့သော် အအေးဓာတ် တစ်ခုကမူ သူ့သွေးကြောများမှတစ်ဆင့် ဦးနှောက်ဆီသို့ တိုးဝင်နေဆဲပင်။

လင်းယွမ် ရင်တဒိန်းဒိန်း ခုန်သွားပြီး ချက်ချင်း အော်ပြောလိုက်သည်။

"ရပြီ"

သူက ခန္ဓာကိုယ်တွင်း သွေးလည်ပတ်မှုကို အရှိန်မြှင့်ကာ အအေးဓာတ်ကို ချေဖျက်လိုက်ရင်း ရန်မေကို အံ့သြစွာ ကြည့်လိုက်သည်။

ရန်မေက သူ့ပုံစံကို ကြည့်ပြီး စိုးရိမ်တကြီး မေးလိုက်သည်။

"ဘာဖြစ်လို့လဲ မောင်လေး... အဆင်ပြေရဲ့လား... အမ မှားပြီး လက်လွန်သွားတာတော့ မဟုတ်ပါဘူးနော်"

လင်းယွမ်က ခေါင်းခါလိုက်သည်။

"အမမေရဲ့ အအေးဓာတ်က ကျောက်ခိုင်ရဲ့ အအေးဓာတ်နဲ့ လုံးဝ မတူဘူး"

"ဟယ်... ဟုတ်လား"

ရန်မေက နားမလည်နိုင်စွာဖြင့် ကြမ်းပြင်ပေါ်က ရေခဲစိုင်များကို ကြည့်လိုက်၊ လင်းယွမ်ကို ကြည့်လိုက် လုပ်နေသည်။ ဘာကွာခြားမှန်း သူမ မသိပေ။

လင်းယွမ်က လေးနက်စွာ ပြောလိုက်သည်။

"ကျောက်ခိုင်ရဲ့ ရေခဲအစွမ်းက ရုပ်ဝတ္ထုပစ္စည်းတွေကို ခဲသွားအောင် လုပ်တာ... ဒါပေမဲ့ အမမေရဲ့ အအေးဓာတ်က စိတ်စွမ်းအင်ကိုပါ ခဲသွားအောင် လုပ်နိုင်စွမ်း ရှိနေတယ်"

"မဟုတ်ဘူး... အမမေရဲ့ အစွမ်းက စိတ်စွမ်းအင်ကို အဓိကထားပြီး တိုက်ခိုက်တာ"

လင်းယွမ်က စောစောက ခံစားချက်ကို ပြန်စဉ်းစားကြည့်သည်။ ရန်မေ၏ ရေခဲအစွမ်းက ရုပ်ဝတ္ထုပစ္စည်းများကို ခဲစေရာတွင် သိပ်မထိရောက်သော်လည်း စိတ်စွမ်းအင်ကို ခဲစေရာတွင်မူ အလွန် ထိရောက်သည်။

သွေးလည်ပတ်မှုကို အနည်းငယ် မြှင့်လိုက်ရုံဖြင့် ရုပ်ဝတ္ထု ရေခဲဖွဲ့စည်းမှုကို ဖောက်ထွက်နိုင်ခဲ့သည်။

သို့သော် စိတ်စွမ်းအင်နှင့် ထိတွေ့လိုက်သည့် ခဏတွင်မူ လျင်မြန်စွာ ခဲသွားခဲ့သည်။ တော်သေးသည်က သူ အချိန်မီ ရှောင်ရှားနိုင်ခဲ့၍ ဖြစ်သည်။ သို့မဟုတ်ပါက အထိနာသွားနိုင်သည်။

လင်းယွမ်၏ စကားကို ကြားသောအခါ ရန်မေက အံ့သြတကြီး ဖြစ်သွားသည်။

"ဟင်... ဘယ်လိုလုပ် အဲလိုဖြစ်ရတာလဲ"

လင်းယွမ်က ခေါင်းခါလိုက်သည်။

"အစွမ်းနိုးထတယ် ဆိုတာ ဘယ်သူမှ ကြိုတွက်လို့ရတဲ့ ကိစ္စမှ မဟုတ်တာ... အစွမ်းတူရင်တောင်မှ တစ်ယောက်နဲ့တစ်ယောက် အားသာချက်ချင်း မတူကြဘူး"

"မတူတာကမှ ပုံမှန်ဖြစ်တာ... အမရဲ့ အစွမ်းက စိတ်စွမ်းအင်ကို ခဲသွားစေတဲ့ဘက်ကို ပိုရောက်တယ်"

"ဒါပေမဲ့ ရိုးရိုး ရုပ်ဝတ္ထုပစ္စည်းတွေကို ခဲစေတာလည်း လုပ်နိုင်တာပဲ... အကျိုးအာနိသင်က ကျောက်ခိုင်နဲ့ ယှဉ်ရင် သိပ်မကွာပါဘူး"

ထိုသို့ပြောရင်း လင်းယွမ် ရုတ်တရက် ရယ်မောလိုက်သည်။

"ကျောက်ခိုင်ကို ခေါ်ပြီး ရေခဲရေတွေ လုပ်ခိုင်းလိုက်၊ လိုဏ်ဂူတူးလိုက် လုပ်နေတာ ကျွန်တော့်မှာ အလကား အပင်ပန်းခံနေတာပဲ... အမလည်း ရေခဲလုပ်တတ်မှန်း သိရင် ဘာကိစ္စ ဒီလောက် ပင်ပန်းခံနေတော့မှာလဲ"

"မနက်ဖြန် ကျွန်တော်တို့ လင်မယားနှစ်ယောက် ကြိုးစားပြီး အိပ်ခန်းလေးခန်း ဧည့်ခန်းနှစ်ခန်း ပါတဲ့ လိုဏ်ဂူ ထပ်တူးကြမယ်"

ရန်မေသည် သူမ၏ အစွမ်း မတူကွဲပြားနေခြင်းအပေါ် တွေဝေနေစဉ် "လင်မယား" ဆိုသည့် အသုံးအနှုန်းကို ကြားလိုက်ရသဖြင့် မျက်နှာလေး ရဲခနဲဖြစ်သွားပြီး ရင်ထဲ ကြည်နူးသွားသည်။

သူမက ဝမ်းသာအားရ လင်းယွမ် ရင်ခွင်ထဲ တိုးဝင်လိုက်ပြီး ပြောလိုက်သည်။

"ကောင်းပြီလေ... မနက်ဖြန် အမ ဘယ်မှမသွားဘူး... အိမ်မှာပဲ လိုဏ်ဂူတူးကြတာပေါ့"

လင်းယွမ်က ဟီးခနဲ ရယ်လိုက်ပြီး ပြောသည်။

"အခုတော့ အမမေရဲ့ ကိုယ်ပေါ်က ဂူပေါက်လေးကို အရင် တူးချင်နေပြီ"

ပျော်ရွှင်နေသော ရန်မေ၏ မျက်နှာလေးမှာ ရှက်သွေးဖြာကာ နီရဲသွားပြီး ထိတ်လန့်တကြား နောက်ဆုတ်လိုက်သည်။

"မောင်လေး... နားပါဦး... ဒီနေ့ အမ တော်တော် ပင်ပန်းနေပြီ"

သို့သော် လင်းယွမ်က သူမကို ပွေ့ချီလိုက်ပြီး ချော့မြှူလိုက်သည်။

"အမမေရယ်... နွားသာ ပင်ပန်းပြီး သေသွားမယ်... လယ်ကတော့ ဘယ်တော့မှ ထွန်လို့ ပျက်စီးသွားတယ် ဆိုတာ မရှိပါဘူး... ကျွန်တော်တောင် မပင်ပန်းဘူး မအော်သေးဘူးလေ"

"အို... မလုပ်နဲ့... မလုပ်နဲ့... အမကို အောက်ချပေးဦး"

အော်ဟစ် ငြင်းဆန်နေရင်းပင် နှစ်ယောက်သား အိပ်ခန်းထဲသို့ ရောက်ရှိသွားကြသည်။

စစ်ပွဲကြီး တစ်ပွဲ ဆင်နွှဲပြီးနောက် ရန်မေခမျာ မောပန်းလွန်းသဖြင့် သတိလစ်မတတ် ဖြစ်နေရှာသည်။

သူမ လုံးဝ သည်းမခံနိုင်တော့သည့်အဆုံး ဉာဏ်နီဉာဏ်နက် တစ်ခု ထွက်ပေါ်လာပြီး ကိုယ့်အစွမ်းကို ကိုယ်တိုင် အသက်သွင်းလိုက်သည်။

ထိုခဏ၌ပင် သူမ၏ ဆံနွယ်များသည် လျင်မြန်စွာ ဖြူဖွေးသွားသည်။

လင်းယွမ်က ထိုမြင်ကွင်းကို မြင်လိုက်ရသဖြင့် ကြောင်အသွားသည်။

"အမမေ... ဘာလုပ်တာလဲ"

ရန်မေက ချွေးသီးချွေးပေါက်များ ကျရင်း ပြောလိုက်သည်။

"အမ... အမ တကယ် အားမရှိတော့လို့ပါ... သူ့ကိုပဲ လွှတ်ပေးလိုက်တော့မယ်"

စကားဆုံးသည်နှင့် သူမ မျက်နှာပေါ်မှ မောပန်းနွမ်းနယ်မှုများ ပျောက်ကွယ်သွားသည်။

နူးညံ့သိမ်မွေ့သော အရိပ်အယောင်များ ပျောက်ဆုံးသွားပြီး အေးစက်တည်ငြိမ်သော အမူအရာတစ်ခု အစားထိုး ဝင်ရောက်လာသည်။

ရေခဲနတ်ဘုရားမ ပေါ်လာပြီ ဖြစ်သည်။

သို့သော် သူမသည် အခြေအနေကို သေချာ နားမလည်သေးခင်မှာပင် လက်ရှိ ခံစားနေရသော အနေအထားကို သတိပြုမိသွားသည်။

ချက်ချင်းပင် ထိုအေးစက်သော မျက်နှာထားပေါ်၌ ထိတ်လန့်မှုများ ပေါ်ပေါက်လာသည်။

"နင်... နင် ဘာလုပ်နေတာလဲ... မြန်မြန် ထွက်သွားစမ်း... ငါ့ကိုယ်ပေါ်က ဖယ်"

လင်းယွမ်ကမူ ချက်ချင်း စိတ်ဓာတ် တက်ကြွလာသည်။

အမမေရဲ့ အစွမ်းက တကယ် မိုက်တာပဲ။

ခန္ဓာကိုယ်တစ်ခုတည်းနဲ့ အရသာနှစ်မျိုး ခံစားရတာပေါ့။

ဒီလောက် ပြည့်စုံတဲ့ မိန်းမမျိုး ဘယ်မှာ သွားရှာရမလဲ။

"နင်... ရိုင်းစိုင်းလိုက်တာ... ယုတ်မာတဲ့... လူပါးဝတဲ့ကောင်... ထွက်သွား... ထွက်သွားစမ်း"

"ငါ... ငါက... ကြီးမြတ်လှတဲ့ ရေခဲဘုရင်မ... အား"

မာန်တက်နေသော ရန်မေ၏ နှုတ်မှ မာနကြီးစွာ ကြိမ်းမောင်းနေဆဲ ဖြစ်သည်။

သို့သော် သူမ၏ ခန္ဓာကိုယ်ကိုမူ လုံးဝ ထိန်းချုပ်၍ မရတော့ပေ။

စူးရှစွာ အော်ဟစ်လိုက်ပြီးနောက် သူမ၏ ဆံပင်များ အမည်းရောင်သို့ လျင်မြန်စွာ ပြန်ပြောင်းသွားသည်။

ထို ရေခဲနတ်ဘုရားမ ဆိုသူမှာ လင်းယွမ်၏ နှိပ်စက်မှုကို ကြောက်လန့်ပြီး ရန်မေ၏ စိတ်အာရုံ နက်ရှိုင်းရာသို့ ပြန်လည် ဝင်ရောက် ပုန်းအောင်းသွားတော့သည်။

ရန်မေ သတိပြန်ဝင်လာပြီး ခန္ဓာကိုယ်၏ တုန်ခါမှုများကို ခံစားလိုက်ရကာ စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

"ဟယ်... သိပ်မပင်ပန်းတော့သလိုပဲ"

လင်းယွမ်လည်း အံ့သြသွားပြီး ပြောလိုက်သည်။

"အမမေ... အမမှာ ဒီလို လှည့်ကွက် ရှိသေးတာကိုး"

"ကောင်းလိုက်တာ... အမအစား အလုပ်လုပ်ပေးမယ့် အကူတစ်ယောက် ရှာထားတာပဲ"

ရန်မေက ဟားတိုက် ရယ်မောလိုက်ပြီး သူ့ကိုယ်ပေါ်သို့ ပြန်လည် တက်ခွလိုက်ကာ အော်ပြောလိုက်သည်။

"ဘယ်လိုလဲ... ကြောက်သွားပြီလား"

သူမသည် အမြင့်ဆုံးသော တိုက်ခိုက်မှုကို ရှောင်တိမ်းနိုင်ခဲ့ပြီး စိတ်စွမ်းအင် အနည်းငယ် ပြန်လည် ပြည့်ဝလာသဖြင့် ကိုယ့်ကိုယ်ကိုယ် ပြန်ယုံကြည်မှု ရှိလာခြင်း ဖြစ်သည်။

လင်းယွမ်က ရယ်မောလိုက်သည်။

"ကြောက်တယ် ဟုတ်လား... ကျွန်တော့်ရဲ့ အစစ်အမှန် စွမ်းရည်ကို ပြရသေးတာပေါ့"

"ဟယ်... နင်... နင် ဘယ်လိုဖြစ်ပြီး ထပ်လာပြန်တာလဲ"

သန်းခေါင်ယံ အချိန်ရောက်မှသာ လင်းယွမ်နှင့် ရန်မေတို့၏ ကစားပွဲ ပြီးဆုံးသွားလေသည်။

ဒီတစ်ခေါက်တော့ လင်းယွမ်တစ်ယောက် အောင်ပွဲခံနိုင်ခဲ့ပြီ ဖြစ်သည်။

ရန်မေခမျာမှာတော့ တကယ်ကို အသက်ရှူဖို့တောင် အနိုင်နိုင် ဖြစ်နေရှာသည်။

ကြားထဲတွင် သူမ ခံနိုင်ရည် မရှိတော့သည့်အခါ အစွမ်းကို အသုံးပြုပြီး ရေခဲနတ်ဘုရားမကို ဆွဲထုတ်လိုက်သည်။

ရေခဲနတ်ဘုရားမက ပိုဆိုးသည်။ ထွက်လာသည်နှင့် အမြင့်ဆုံး အထွတ်အထိပ် အပိုင်းကို တန်းရောက်နေသဖြင့် လုံးဝ ခံနိုင်ရည် မရှိတော့ပေ။

နှစ်ကြိမ်သုံးကြိမ်လောက် ဖြစ်ပြီးနောက် ရန်မေ ဘယ်လိုပင် ခေါ်ခေါ် ရေခဲနတ်ဘုရားမ ထွက်မလာတော့ပေ။

ထိုညတွင် ရန်မေသည် ထူးဆန်းသော အိပ်မက်ကို ထပ်မမက်တော့သည်ကို ဝမ်းသာအားရ တွေ့ရှိလိုက်ရသည်။

နောက်တစ်နေ့တွင် ထိုအကြောင်းကို လင်းယွမ်အား ပြောပြရာ လင်းယွမ်က နောင်တွင် ဤနည်းလမ်းကို မကြာခဏ အသုံးပြုရမည်ဟု ဆုံးဖြတ်လိုက်သည်။

ရန်မေက ဟန်ဆောင် ငြင်းဆန်သလို လုပ်သော်လည်း ရင်ထဲတွင်မူ ကျေနပ်နေသည်။

သို့သော် နောက်တစ်နေ့တွင် သူမ စိတ်မပင်ပန်းသော်လည်း လူကတော့ တကယ်ကို မလှုပ်နိုင်တော့ပေ။

မနေ့ညက တစ်ညလုံး လှုပ်ရှားထားသဖြင့် မတ်တပ်ပင် မရပ်နိုင်တော့။

လင်းယွမ်ကတော့ လန်းဆန်းတက်ကြွနေပြီး တစ်နေ့လုံး အိမ်တွင် သူမကို အဖော်ပြုပေးရင်း လိုဏ်ဂူ ဆက်တူးလေသည်။

အပူအအေး နိယာမကို အသုံးပြုပြီး မကြာခင်မှာပင် နောက်ထပ် အိပ်ခန်း ၃ ခန်းနှင့် ဧည့်ခန်း ၁ ခန်းကို တူးဖော်နိုင်ခဲ့သည်။

အကျယ်အဝန်း သိပ်မကြီးသော်လည်း ခုတင်နှင့် ဗီရို ထည့်ရန် လုံလောက်သည်။

လင်းယွမ်က ဧည့်ခန်းကို အနည်းငယ် ပိုကျယ်အောင် တူးထားသည်။ စုဝေးစားသောက်ရန် အဆင်ပြေစေရန် ဖြစ်သည်။

တူးဖော်ရသည်မှာ လွယ်ကူသော်လည်း သန့်ရှင်းရေးလုပ် ပြင်ဆင်ရသည်မှာ လက်ဝင်သည်။ မြေညှိခြင်း၊ ကြမ်းခင်းခြင်းများ လုပ်ရဦးမည်။

တော်သေးသည်က သူ့တွင် စိတ်စွမ်းအင် ရှိနေသဖြင့် ထောင့်ချိုးနေရာများကို လွယ်ကူစွာ ရှင်းလင်းနိုင်သည်။

ညနေပိုင်း ရောက်သောအခါ ရန်မေ နေပြန်ကောင်းလာပြီး သန့်ရှင်းရေး ဝင်လုပ်ပေးသည်။

"ဘာလို့ အိပ်ခန်း ၃ ခန်း ထပ်တူးတာလဲ... တုံယန်ကိုပါ ဒီမှာ လာနေခိုင်းမလို့လား" ရန်မေက မနေနိုင်ဘဲ မေးလိုက်သည်။

လင်းယွမ်က ကြောင်တောင်တောင် ဖြစ်သွားသည်။

"အမကလည်း ဘယ်တွေ လျှောက်တွေးနေတာလဲ... စာကြည့်ခန်း လုပ်မလို့ပါ... သင်္ကေတ နည်းပညာတွေ လေ့လာလို့ ရအောင်လို့"

ရန်မေက မယုံသလို ကြည့်လိုက်သည်။

"တကယ်လား... အမ ပြောမယ်နော်... တုံယန်က အသက် ၂၀ တောင် မပြည့်သေးဘူး... မောင်လေး သတိထားဦး... သူက ငယ်သေးတော့ ဘာကို တကယ်ကြိုက်မှန်း မသိသေးဘူး... နောက်မှ နောင်တရနေရင် ဒုက္ခရောက်မယ်"

"ဆုန့်ဝမ်နဲ့ တင်းယန် ဆိုရင်တော့ သူတို့က လူကြီးတွေဆိုတော့ ရင့်ကျက်တယ်... လာနေရင် ပြဿနာ မရှိပါဘူး"

လင်းယွမ် ရယ်ရခက် ငိုရခက် ဖြစ်သွားသည်။

"ကြည့်ပါဦး... ဘာတွေ လျှောက်တွေးနေတာလဲ... ဧည့်သည်လာရင် တည်းလို့ရအောင် ဧည့်ခန်း ၂ ခန်း ချန်ထားတာပါဆို"

"ဟွန့်... ယုံလိုက်မယ် ရှိစေ" ရန်မေက မျက်စောင်းထိုးရင်း ပြောလိုက်သည်။

နှစ်ယောက်သား နောက်ပြောင် ကျီစယ်ရင်း အချိန်ကုန်မှန်း မသိ ကုန်ဆုံးသွားသည်။

မျက်စိတစ်မှိတ်အတွင်း နှစ်ရက် ကုန်ဆုံးသွားပြီး လင်းယွမ်၏ ဂူစခန်း လုံးဝ ပြီးစီးသွားလေပြီ။

အိပ်ခန်း ၄ ခန်း၊ ဧည့်ခန်း ၂ ခန်း ပါဝင်ပြီး ပြတင်းပေါက်များ ဖောက်ကာ ရေဆင်းပိုက်များပါ တပ်ဆင်ထားသည်။

အခန်းတွင်း အပြင်အဆင်လည်း ပြီးစီးသွားပြီ ဖြစ်သည်။ ကြမ်းပြင်တွင် သစ်သားကြမ်းခင်းများ ခင်းထားပြီး နံရံတွင် ကပ်ခွာများ ကပ်ထားသည်။

ပရိဘောဂ အစုံအလင်ကို လင်းယွမ်က ပစ္စည်းသိုလှောင်ခန်းထဲမှ ထုတ်ယူ ထည့်သွင်းထားသည်။

မီးဖိုချောင်ကို နှစ်နေရာ ခွဲထားသည်။ တစ်ခုက လိုဏ်ဂူထဲတွင် ဖြစ်ပြီး တစ်ခုက ဝါးအိမ်ထဲတွင် ဖြစ်သည်။

လိုဏ်ဂူထဲရှိ မီးဖိုချောင်ကို အပြင်ဘက် နံရံနှင့် ကပ်လျက် တည်ဆောက်ထားပြီး ဆီခိုးငွေ့များ ထွက်နိုင်ရန် ပြတင်းပေါက် ဖောက်ထားသည်။

သို့သော် ဤနေရာတွင် မီးမသုံးနိုင်သလောက် ဖြစ်သည်။ ဆီခိုးနံ့ စွဲမည် စိုးသောကြောင့် ဖြစ်သည်။

ဝါးအိမ်ထဲတွင်မူ နေရာကျယ်သဖြင့် ထမင်းဟင်း ကောင်းကောင်း ချက်ပြုတ်နိုင်သည်။

နောက်ဆုံးအနေဖြင့် လိုဏ်ဂူဝ တံခါးပေါက်တွင် မူလက ပိတ်ထားသော ဗီရိုကြီးကို ဖယ်ရှားလိုက်ပြီး တောင်ပေါ်မှ ကျောက်တုံးကြီး တစ်တုံးကို တူးဖော်ကာ ဝင်ရိုးတပ်ဆင်၍ တံခါးအဖြစ် ပြုလုပ်လိုက်သည်။ ကျောက်တံခါးကြီးက ထူထဲ လေးလံသော်လည်း ဝင်ရိုးကြောင့် အားစိုက်ထုတ်စရာ မလိုဘဲ ပိတ်နိုင် ဖွင့်နိုင်သည်။

အတွင်းမှ ပိတ်ထားလိုက်လျှင် အပြင်ဘက်မှ သတ္တဝါများ ဝင်ရောက်ရန် လုံးဝ မဖြစ်နိုင်ပေ။

ပြည့်စုံ ကောင်းမွန်သော ဂူစခန်းကြီး တစ်ခု အောင်မြင်စွာ ပြီးစီးသွားပြီ ဖြစ်သည်။

လင်းယွမ်၏ စခန်း ပြီးစီးသွားချိန်တွင် အခြားအိမ်များ၏ စခန်းများလည်း အတော်များများ ပြီးစီးနေကြပြီ ဖြစ်သည်။

တချို့ နှေးကွေးသူများ ရှိသော်လည်း နေရာအကျယ်အဝန်းလောက်တော့ တူးဖော်ပြီးစီးနေကြပြီ ဖြစ်သည်။ အတွင်းပိုင်း ပြင်ဆင်မှု မလုပ်ရသေးသည်သာ ရှိသည်။

အတွင်းပိုင်း အပြင်အဆင် ပြီးစီးသည့်နေ့တွင် လင်းယွမ်က နေကြာပန်းကို ဂူထဲသို့ ရွှေ့ပြောင်းလိုက်သည်။

သန္ဓေပြောင်း နေကြာပန်းမှ ထွက်ပေါ်လာသော နွေးထွေးသည့် နေရောင်ခြည်သည် ဧည့်ခန်းတစ်ခုလုံးကို လင်းထိန်သွားစေပြီး အခန်းထဲတွင် နေရောင်ခြည်ရနံ့များ သင်းပျံ့နေကာ နွေဦးရာသီ၏ နေရောင်အောက် ရောက်နေသကဲ့သို့ ခံစားလိုက်ရသည်။

ရန်မေက ထိုနေကြာပန်းကို အလွန် သဘောကျသဖြင့် ဧည့်ခန်းထဲတွင် ပန်းခင်းလေး တစ်ခု လုပ်ကာ အိုးထဲမှ နေကြာပန်းကို ပြောင်းရွှေ့ စိုက်ပျိုးလိုက်သည်။

လိုဏ်ဂူပြီးစီးသွားသဖြင့် လင်းယွမ်က တင်းယန်၊ ဆုန့်ဝမ်၊ တုံယန် စသည့် မိတ်ဟောင်းဆွေဟောင်းများကို ဖိတ်ခေါ်ကာ ညစာ ကျွေးမွေးရန် စီစဉ်လိုက်သည်။

လိုဏ်ဂူထဲသို့ ဝင်လိုက်သည်နှင့် လူတိုင်းက ခမ်းနားထည်ဝါသော လိုဏ်ဂူကို မြင်ပြီး ပါးစပ်အဟောင်းသား ဖြစ်သွားကြလေသည်။

ဆက်ရန်...

နောက်တစ်အုပ်မှာ လင်းယွမ်တို့ကျန်တဲ့အဖွဲ့အစည်းတွေနဲ့ ဘယ်လိုရင်ဆိုင်ကြမလဲဆိုတာ ဆက်အားပေးကြဦးနော်

All Chapters